← Chapters

နတ်ဆိုးကျောက်စိမ်းမျှော်စင်...

Vol. 21 Ch. 321

နတ်ဆိုးကျောက်စိမ်းမျှော်စင်...

Vol. 21 Ch. 321

အချိန်များက မသိမသာ ကုန်လွန်လာပြီး လင်းယွမ်က နောက်ထပ် ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်တစ်ခုကို နားလည်သွားခဲ့သည်။

လင်းယွမ်က ယခင်နားလည်ထားသော ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်များနှင့် ပေါင်းလျှင် ယခု သူက ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ် ၃၃၃၃ခုကို နားလည်သွားခဲ့သည်။

" ခွဲခြမ်းစိတ်ဖြာမယ်။ " လင်းယွမ်က ပြုံးလိုက်သည်။

သို့သော် လင်းယွမ်က ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်အသစ်ကို ခွဲခြမ်းစိတ်ဖြာခြင်းမပြုမီ.....

ဝုန်း....

လင်းယွမ်၏ မှတ်ဉာဏ်အတွင်း ယခင် သူနားလည်ထားသော ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ် ၃၃၃၂ ခုနှင့် ယခု ၃၃၃၃ခုမြောက် ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်တို့က မမျှော်လင့်ဘဲ ပြောင်းလဲမှုတစ်ခု ဖြစ်ပေါ်လာခဲ့သည်။

ထိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ် ၃၃၃၃ခုတို့က ကိုးထပ်ရှိသော အနက်ရောင်မျှော်စင်တစ်ခုအဖြစ် ဖွဲ့စည်းသွားပြီး လင်းယွမ်၏ စိတ်ဝိညာဉ်နှင့် ပေါင်းစပ်သွားသည်။

" ဟမ် " လင်းယွမ်က စိတ်ထဲမှ ထိတ်လန့်သွား၏။

ထိုခနတွင် စိတ်ဝိညာဉ်ဖိအားမှ တီးတိုးသံများက ရုတ်တရက် ကြည်လင်လာသည်။

" ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ် ၃၃၃၃ခုကို နားလည်ပြီး နတ်ဆိုးကျောက်စိမ်းအမှတ်အသားကို ဖြစ်ပေါ်စေခဲ့လို့ နတ်ဆိုးကျောက်စိမ်းမျှော်စင်ရဲ့ သာမန်အဖွဲ့ဝင်တစ်ဦး ဖြစ်သွားပြီ။ "

" နတ်ဆိုးကျောက်စိမ်းမျှော်စင်ရဲ့ သာမန်အဖွဲ့ဝင်...."

" နတ်ဆိုးကျောက်စိမ်းမျှော်စင်..." လင်းယွမ်က တုန်လှုပ်သွား၏။ သူက ဘုမသိဘမသိနှင့် နတ်ဆိုးကျောက်စိမ်းမျှော်စင်ထဲသို့ ဝင်ရောက်သွားခဲ့မိသည်။

သူက ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ် ၃၃၃၃ခုကို နားလည်ရုံသာဖြစ်ပြီး ကျင့်ကြံခြင်းမရှိပေ။ တစ်ဖက်က သူနားလည်သွားသည်ကို ဘယ်လိုလုပ်သိနိုင်တာလဲ။

" နတ်ဆိုးကျောက်စိမ်းမျှော်စင်.... " လင်းယွမ်၏ အတွေးများက လှုပ်ရှားသွားသည်။

သူ၏ လက်ရှိအဆင့်နှင့် မူလကမ္ဘာမှ စွမ်းအားကြီးမျိုးနွယ်များနှင့် အင်အားစုများကို ရင်းနှီးလေသည်။ သူက အတိအကျမသိခဲ့လျှင်တောင် ကြားဖူးနားဝရှိနိုင်လေသည်။ သို့သော် ယနေ့အထိ သူက နတ်ဆိုးကျောက်စိမ်းမျှော်စင်ကို တစ်ခါမှမကြားဖူးခဲ့ပေ။

" အဲ့ဒါက ခန္ဓာကိုယ်အစိတ်အပိုင်းပိုင်ရှင်ရဲ့ မူလကမ္ဘာရဲ့အပြင်ဘက်က အင်အားစုတစ်ခုလား။ " လင်းယွမ်က တိတ်ဆိတ်စွာ စဉ်းစားနေသည်။

နတ်ဆိုးကျောက်စိမ်းမျှော်စင်၏ သာမန်အဖွဲ့ဝင်ဖြစ်ရန်အတွက် ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ် ၃၃၃၃ခုကို နားလည်ရန် လိုအပ်လေသည်။

" ဒီလိုနည်းလမ်းမျိုး..." လင်းယွမ်က စိတ်ထဲမှ ချီးကျူးမိသွားသည်။

ကြီးမြတ်သူများ အချင်းချင်း တိုက်ခိုက်လုယူခဲ့သော ထိုခန္ဓာကိုယ်၏ အကြီးမားဆုံး အခွင့်အလမ်းက ကြီးမြတ်ခြင်း ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်ဟု ထင်ခဲ့သည်။ သို့သော် ယခု နတ်ဆိုးကျောက်စိမ်းမျှော်စင်၏ အဖွဲ့ဝင် ဖြစ်လာခြင်းကသာ အကြီးမားဆုံး အကျိုးအမြတ်ဖြစ်ပုံရသည်။

" နတ်ဆိုးကျောက်စိမ်းမျှော်စင်.... နာမည်မှာ ဘာလို့နတ်ဆိုးဆိုတဲ့ စကားလုံးပါနေတာလဲ။ "

တီးတိုးသံများက သူသိသော ဘာသာစကားတစ်ခုမဟုတ်သော်လည်း အကြောင်းပြချက်မရှိဘဲ သူက အဓိပ္ပါယ်ကို နားလည်နေသည်။ ထို့အပြင် နတ်ဆိုးကျောက်စိမ်းမျှော်စင်ဟူသော နာမည်က ကောင်းသော စွမ်းအားတစ်ခုကို ကိုယ်စားပြုပုံမရပေ။

ထို့အပြင် ကြီးမြတ်သူ၏ အလောင်းက ထာဝရလေဟာနယ်အက်ကြောင်းမှ ထွက်ပေါ်လာခဲ့သည်။ မေးခွန်းများက လင်းယွမ်၏ စိတ်ထဲတွင် ပေါ်လာသည်။

" နတ်ဆိုးကျောက်စိမ်းအမှတ်အသား....." လင်းယွမ်က သူ၏ စိတ်ဝိညာဉ်ကို ဂရုတစိုက် လေ့လာလိုက်သည်။

ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ် ၃၃၃၃ခုကို နားလည်ပြီးနောက် ၎င်းတို့က ထူးဆန်းသော ပြောင်းလဲမှုဖြစ်ပေါ်ခဲ့ပြီး နတ်ဆိုးကျောက်စိမ်းအမှတ်အသားအဖြစ် ပေါင်းစည်း၍ လင်းယွမ်ကို နတ်ဆိုးကျောက်စိမ်းမျှော်စင်၏ သာမန်အဖွဲ့ဝင်တစ်ဦးအဖြစ် အလိုအလျောက် ဖြစ်စေခဲ့သည်။ ထို့ကြောင့် နတ်ဆိုးကျောက်စိမ်းအမှတ်အသားက အဓိကသော့ချက်ဖြစ်သည်။

လင်းယွမ် မှတ်မိသည်မှာ ထိုအမှတ်အသားက သူ၏ စိတ်ဝိညာဉ်နှင့် ပေါင်းစည်းသွားခဲ့သည်။

" တွေ့ပြီ..." လင်းယွမ်က သူ၏ စိတ်ဝိညာဉ် အနက်ရှိုင်းဆုံးနေရာ၌ ကိုးထပ်ရှိသော အနက်ရောင်မျှော်စင်အမှတ်အသားတစ်ခုကို တွေ့လိုက်ရသည်။

" ဟမ် " လင်းယွမ်၏ စိတ်အသိက ထိုအမှတ်အသားနှင့် ပေါင်းစည်းသွားပြီး ချက်ချင်း များပြားသော အချက်အလက်များကို ရရှိခဲ့သည်။

" ဒီလိုကိုး..." လင်းယွမ်က နက်နက်နဲနဲ စဉ်းစားနေပုံရသည်။

နတ်ဆိုးကျောက်စိမ်းမျှော်စင်၏ အဖွဲ့ဝင်ဖြစ်လာရန် နည်းလမ်းနှစ်ခုရှိ၏။

ပထမနည်းလမ်းမှာ နားလည်ထားသော ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်များထဲမှ မည်သည့်တစ်ခုကိုမဆို ကျင့်ကြံခြင်းဖြစ်သည်။ ထိုခန္ဓာကိုယ်အစိတ်အပိုင်းတွင် ပါဝင်သော ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်များက ကြီးမားသော ချို့ယွင်းချက်များနှင့် လျို့ဝှက်အန္တရာယ်များ ရှိနေသည်။

၎င်းကို ကျင့်ကြံပြီး ချို့ယွင်းချက်များကို ပြုပြင်ခြင်း၊ မရေတွက်နိုင်သော အခက်အခဲများကို ကျော်လွှာခြင်းဖြင့် နတ်ဆိုးကျောက်စိမ်းမျှော်စင်၏ သာမန်အဖွဲ့ဝင်တစ်ဦး ဖြစ်လာနိုင်သည်။

ဒုတိယနည်းလမ်းမှာ လင်းယွမ်ကဲ့သို့ မကျင့်ကြံဘဲ ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ် ၃၃၃၃ခုကို နားလည်ပြီး နတ်ဆိုးကျောက်စိမ်းအမှတ်အသားအဖြစ် ပေါင်းစည်းကာ နတ်ဆိုးကျောက်စိမ်းမျှော်စင်၏ အဖွဲ့ဝင်ဖြစ်လာခြင်း ဖြစ်သည်။

ထိုနည်းလမ်းနှစ်ခုက စမ်းသပ်မှုနှစ်ခုလည်း ဖြစ်သည်။

ပထမစမ်းသပ်မှုက ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်ကို ပြုပြင်ပြီး အခက်အခဲများစွာကို ဖြတ်ကျော်၍ ပန်းတိုင်သို့ သွားနိုင်ခြင်းကို စမ်းသပ်ခြင်းဖြစ်သည်။

ဒုတိယစမ်းသပ်မှာက ဆင့်ကဲပြောင်းလဲသူ၏ နားလည်နိုင်စွမ်းနှင့် စိတ်စွမ်းအားကို စမ်းသပ်ခြင်းဖြစ်သည်။ ကျင့်ကြံခြင်းမပြုဘဲ ခန္ဓာကိုယ်အစိတ်အပိုင်းကို ဆက်လက်လေ့လာလျှင် စိတ်စွမ်းအားအပေါ် ဖိအားများ ဆက်တိုက်ခံစားရမည်ဖြစ်သည်။

နှစ်တစ်သိန်းမကျော်မီ ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ် ၃၃၃၃ခုလုံးကို နားလည်နိုင်ခဲ့လျှင် ထိုလူ၏ နားလည်နိုင်စွမ်းက အလွန်ကြောက်စရာကောင်းသည်ဟု ပြောနိုင်လေသည်။

နတ်ဆိုးကျောက်စိမ်းမျှော်စင်က ထိုကဲ့သို့ ဆင့်ကဲပြောင်းလဲသူများဝင်ရောက်လာခြင်းကို ကြိုဆိုပေလိမ့်မည်။

" ဒီခန္ဓာကိုယ်ပိုင်ရှင်က နတ်ဆိုးကျောက်စိမ်းမျှော်စင်ရဲ့ ကြီးမြတ်သူတစ်ယောက်ဖြစ်ရမယ်။ "

" သူက ဘာလိုကျဆုံးခဲ့တာလဲ။ သူရဲ့ ခန္ဓာကိုယ်က ဘာလို့ ချို့ယွင်းနေတဲ့ ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်အများကြီးကို သယ်ဆောင်ထားတာလဲ။ "

" သယ်ဆောင်ထားတယ်ဆိုတာထက် အဲ့ဒီကြီးမြတ်သူက ဒါတွေကို ကျင့်ကြံခဲ့တာဖြစ်နိုင်တယ်။ အဲ့ဒါကြောင့် ငါတို့က နားလည်နိုင်တာပဲ..."

လင်းယွမ်က စိတ်ထဲမှ တွက်ချက်လိုက်သည်။

" ပြီးတော့ ဒီနတ်ဆိုးကျောက်စိမ်းအမှတ်အသား...." ထိုအမှတ်အသား၏ အကူအညီနှင့် လင်းယွမ်က ဆန်းကြယ်သော နေရာတစ်ခုကို ခံစားမိခဲ့သည်။

ထိုဆန်းကျယ်သော နေရာက မူလကမ္ဘာတွင် မဟုတ်ဘဲ ထိုနတ်ဆိုးကျောက်စိမ်းအမှတ်အသားက သော့တစ်ချောင်းကဲ့သို့ လင်းယွမ်သာ ဆန္ဒရှိသလို ဝင်နိုင်လေသည်။

တစ်ချိန်တည်းတွင် လင်းယွမ်က သတိပေးချက်တစ်ခုကိုလည်း ရရှိခဲ့၏။

" အဋ္ဌမအလွှာ အကန့်အသတ်ကို မရောက်မချင်း နတ်ဆိုးကျောက်စိမ်းနေရာကို မသွားပါနဲ့..."

" နတ်ဆိုးကျောက်စိမ်းနေရာ... ဝင်ဖို့အတွက် အဋ္ဌမအလွှာ အကန့်အသတ်ထိ ရောက်နေရမှာလား။ " လင်းယွမ်က တွေးလိုက်သည်။

သူ၏ အတ့်င်းကမ္ဘာက မိုင်တစ်သိန်းကျော် ကျယ်ဝန်းပြီး အဋ္ဌမအလွှာ ဆင့်ကဲပြောင်းလဲသူတစ်ဦးထက် မနိမ့်ကျသည်ဟု ပြောနိုင်သော်လည်း နတ်ဆိုးကျောက်စိမ်းနေရာက ဘာကိုစမ်းသပ်တာလဲ။ အတွင်းကမ္ဘာကို စမ်းသပ်တာမဟုတ်ရင် ဘယ်လိုလုပ်မလဲ။

ထို့ကြောင့် လင်းယွမ်က နတ်ဆိုးကျောက်စိမ်းနေရာကို အလွန်စူးစမ်းချင်သော်လည်း အဋ္ဌမအလွှာ အကန့်အသတ်သို့ ရောက်သည်အထိ စောင့်ရန် ဆုံးဖြတ်လိုက်သည်။ သူ၏ ကျင့်ကြံခြင်းအရှိန်ကို ကြည့်လျှင် အဋ္ဌမအလွှာ အကန့်အသတ်သို့ ရောက်ရန် ကြာမည်မဟုတ်ပေ။

" နတ်ဆိုးကျောက်စိမ်းအမှတ်အသားကို ပေါင်းစည်းလိုက်တာ အခြားသူတွေ သတိမထားမိဘူးလား။ " လင်းယွမ်က မျက်လုံးများ ဖွင့်ပြီး ပတ်ဝန်းကျင်ကို ကြည့်လိုက်သောအခါ ဆင့်ကဲပြောင်းလဲသူများက ခန္ဓာကိုယ်အစိတ်အပိုင်းအား နားလည်ရန် ကြိုးစားနေကြဆဲ ဖြစ်သည်ကို တွေ့လိုက်ရသည်။

အချိန်တိုင်း ဆင့်ကဲပြောင်းလဲသူအချို့၏ ခန္ဓာကိုယ်များက ပြိုကွဲနေပြီး နောက်ထပ်လူများက အစားထိုးဝင်နေကြသည်။

" ငါဆက်ပြီးနားလည်နိုင်သေးလား။ " လင်းယွမ်က ခန္ဓာကိုယ်အစိတ်အပိုင်းကုိ ကြည့်လိုက်ရာ ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်များကို နားလည်နိုင်ဆဲ ဖြစ်သည်ကို တွေ့လိုက်ရသည်။

" ငါ့ရဲ့ နားလည်နိုင်စွမ်းနဲ့ စိတ်စွမ်းအားက အတိုင်းအတာတစ်ခုထိ တိုးလာတယ်လို့ ခံစားရတယ်။ အဲ့ဒါ နတ်ဆိုးကျောက်စိမ်းအမှတ်အသားကြောင့်လား။ " လင်းယွမ်က တွေးလိုက်သည်။

နတ်ဆိုးကျောက်စိမ်းအမှတ်အသားက သော့တစ်ခုအဖြစ် အသုံးပြုနိုင်ရုံသာမက သူ၏ စိတ်ဝိညာဉ် သို့မဟုတ် စိတ်စွမ်းအားကို ပို၍ တည်ငြိမ်စေခဲ့သည်။ ၎င်းက အဋ္ဌမအလွှာ စိတ်ဝိညာဉ်ကာကွယ်ရေးရတနာကို ပိုင်ဆိုင်ထားသည်နှင့် တူညီလုနီးပါးပင် ဖြစ်၏။

" ဒါက မယုံကြည်နိုင်စရာကောင်းလွန်းတယ်။ " လင်းယွမ်က သူ၏ ခေါင်းကို အနည်းငယ် ခါလိုက်သည်။

ရိုးရိုးအမှတ်အသားလေးတစ်ခုက အဋ္ဌမအလွှာ စိတ်ဝိညာဉ်ကာကွယ်ရေးရတနာ၏ သက်ရောက်မှုကို ပေးနိုင်တာလား။ နတ်ဆိုးကျောက်စိမ်းမျှော်စင်၏ နောက်ခံက စိတ်ကူးနိုင်သည်ထက်ပင် ကျော်လွန်နေပေလိမ့်မည်။

ကန်လန်ကြယ် VR ကမ္ဘာတွင် လင်းယွမ်၏ ပုံရိပ်ပေါ်လာပြီး သူ၏ မိဘများနှင့် ညီမကို ကြည့်လိုက်သည်။

" အကို " လင်းယိက ပြောလိုက်သည်။ " မတွေ့ရတာ အရမ်းကြာနေပြီ။ အဖေနဲအမေက အကိုအကြောင်းပဲ အမြဲတမ်းပြောနေတာ။ "

လင်းယွမ်က သူ၏ မိဘများကို ကြည့်ပြီး တောင်းပန်သည့် လေသံနှင့် ပြောလိုက်သည်။ " အဖေနဲ့ အမေ ကျွန်တော် အရင်က အလုပ်အရမ်းများနေလို့ပါ။ "

လင်းယွမ်က အချိန်အများစုကို ခန္ဓာကိုယ်အစိတ်အပိုင်းအား လေ့လာရာတွင် ကုန်ဆုံးခဲ့ပြီး သူ၏ မိသားစုနှင့် မတွေ့ရသည်မှာ တစ်နှစ် သို့မဟုတ် နှစ်နှစ်နီးပါး ​ရှိပြီဖြစ်သည်။

" ရပါတယ် ရှောင်ယွမ်ရယ်။ အခု သားက ချီခွန်ကြယ်နယ်မြေရဲ့ ရှစ်စန်းတောင်ထိပ်သခင်ဖြစ်နေပြီလေ။ အလုပ်များတာ ပုံမှန်ပါပဲ။ " မိခင် လုချုံးက ခေါင်းခါပြီး ပြောလိုက်သည်။

သူမက လင်းယွမ်ကို တွေ့ချင်ရုံသာ ဖြစ်ပြီး သူ၏ ကိစ္စများကို မနှောင့်နှေးစေလိုပေ။

ထို့နောက် မိသားစုလေးယောက်က စကားစမြည်ပြောလိုက်ကြသည်။

All Chapters