← Chapters

ကြယ်ခုနှစ်လုံးလှိုဏ်ဂူကမ္ဘာ ထပ်မံဖွင့်လှစ်ခြင်း...

Vol. 21 Ch. 322

ကြယ်ခုနှစ်လုံးလှိုဏ်ဂူကမ္ဘာ ထပ်မံဖွင့်လှစ်ခြင်း...

Vol. 21 Ch. 322

လင်းယွမ်က မြင့်မားသော အဆင့်အတန်းရှိသော်လည်း သူ၏ မိသားစုနှင့် အလွန်ရင်းနှီးသော ဆက်ဆံရေးရှိလေသည်။ သူ၏ အော်ရာကိုလည်း ဖိနှိပ်ထားပြီး VR ကမ္ဘာတွင် ဖြစ်သောကြောင့် သူတို့က မသက်မသာခံစားရမည် မဟုတ်ပေ။

" ဘယ်လိုကြယ်ပြိုင်ပွဲလဲ။ တတိယအလွှာ ဆင့်ကဲပြောင်းလဲသူတွေက မရှိသလောက်ပဲ။ ရှောင်ယွမ်ဝင်ပြိုင်ခဲ့တဲ့ ပြိုင်ပွဲနဲ့ယှဉ်ရင် အများကြီး နိမ့်ကျတယ်။ " လင်းချောင်ချန်းက လင်းယွမ်ကို ညည်းညူလိုက်သည်။

" ဟားဟား အဖေ အဲ့အကြောင်း မသိသေးဘူးလား။ သမီးတို့ ကန်လန်ကြယ်က ပါရမီရှင် ဆင့်ကဲပြောင်းလဲသူတွေက အနီးနားက ကြယ်စနစ်မှာ လုပ်တဲ့ ပြိုင်ပွဲကို ဝင်ပြိုင်ကြတာပဲ။ ဒီတစ်ခါ ချီခွန်ကြယ်သခင်ရဲ့ အာရုံစိုက်မှုက အဲ့ဒီမှာ ရှိနေလို့ပဲ။ " လင်းယိက ပြောလိုက်သည်။

သူမက ပထမအလွှာ ဆင့်ကဲပြောင်းလဲသူတစ်​​ယောက်သာ ဖြစ်သော်လည်း ရှစ်စန်းတောင်ထိပ်သခင်၏ ညီမဖြစ်သောကြောင့် အချို့လျို့ဝှက်ချက်များကို သိနေလေသည်။

" ကြယ်ပြိုင်ပွဲ..." လင်းယွမ်က အနည်းငယ် အံ့ဩသွား၏။

" ကျွန်မတို့ ရှောင်ယွမ်က အရင်ကြယ်ပြိုင်ပွဲရဲ့ ချန်ပီယံဖြစ်ခဲ့တာလေ...." လုချုံးက ပြုံး၍ ပြောလိုက်သည်။

" ကြယ်ပြိုင်ပွဲရဲ့ ချန်ပီယံ..." လင်းယွမ်က အတွေးများက လှုပ်ရှားသွားသည်။ သူက ယခင်ဝင်ပြိုင်ခဲ့သော ကြယ်ပြိုင်ပွဲမှ ပြိုင်ဘက်များကို မှတ်မိနေဆဲ ဖြစ်၏။

ထိုစဉ်က သူသည် တတိယ သို့မဟုတ် စတုတ္ထအလွှာတွင် ရှိခဲ့ပြီး ပြိုင်ဘက်များ၏ ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်များကို လေ့လာရန် ပြိုင်ပွဲကိုပင် အချိန်ဆွဲပြီး တိုက်ခိုက်ခဲ့လေသည်။

ယခု သူက သတ္တမအလွှာ အထွတ်အထိပ်သို့ ရောက်နေပြီး အဋ္ဌမအလွှာသို့ ရောက်ရန် ခြေလှမ်းတစ်ဝက်သာ လိုတော့လေသည်။ တိုက်ခိုက်ရေးစွမ်းအားအရဆိုလျှင် အဋ္ဌမအလွှာ အများစုကို အနိုင်ယူနိုင်ပြီဖြစ်သည်။

သူ၏ နိုင်ငံသားအဆင့်ကလည်း အဆင့်ခုနှစ်အထိ ရောက်နေပြီး အန်းနန်ကြယ်မဟာမိတ်တွင် ကောင်စီဝင်တစ်ယောက်အဖြစ် ရပ်တည်၍ ကြယ်သခင်များပင် သူ့ကို လေးစားစွာ ဆက်ဆံကြလေသည်။

" ဒီတော့ ဆယ့်ငါးနှစ်တောင်ရှိသွားပြီပဲ။ " လင်းယွမ်က တွေးလိုက်သည်။

ထိုဆယ့်ငါးနှစ်က မူလကမ္ဘာတွင် ဖြစ်ပြီး သူ၏ မိဘများနှင့်ညီမတို့ ဖြတ်သန်းခဲ့ရသော အချိန်ကာလဖြစ်၏။ လင်းယွမ်အတွက်မူ ကမ္ဘာများကြား ဆင်းသက်သော အချိန်များကို ထည့်တွက်လျှင် နှစ်တစ်ထောင်ပင် ရှိသွားလောက်ပြီဖြစ်သည်။

" ငါ့ရဲ့ လက်ရှိအဆင့်အတန်းအရ ဆရာက စမ်းသပ်ကမ္ဘာကို ဖွင့်တဲ့အခါ စီနီယာအကိုတွေနဲ့အတူ စိန်ခေါ်သူတွေကို ကြည့်ရတော့မယ်။ ဒါပေမယ့် တစ်ချိန်က ငါလည်း စိန်ခေါ်သူတွေထဲက တစ်ယောက်ဖြစ်ခဲ့တယ်။ " လင်းယွမ်က လေးနက်စွာ တွေးလိုက်သည်။

ဆယ်ငါးနှစ်ကုန်လွန်ပြီးနောက် လင်းယွမ်က စိန်ခေါ်သူအဖြစ်မှ အကဲဖြတ်သူအဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။

မိသားစုနှင့် စကားစမြည်ပြောပြီးနောက် လင်းယွမ်က VR ကမ္ဘာမှ ထွက်ပြီး လက်တွေ့ကမ္ဘာသို့ ပြန်လာခဲ့သည်။

" ယွမ်ရှန်းကျင်း..." စိတ်ထဲမှ တွေသလိုက်သည်နှင့် လက်သီးဆုပ်အရွယ် ခေါင်းလောင်းသဏ္ဍန်ပစ္စည်းတစ်ခုက လင်းယွမ်၏ ရှေ့တွင် ပေါ်လာသည်။

ထိုခေါင်းလောင်းသဏ္ဍန် လက်နက်က မူလရွှေ ယွမ်ရှန်းကျင်းဖြစ်ပြီး ထျန်းချင်းကမ္ဘာတွင် ရာစုနှစ်အချို့ ပျိုးထောင်ပြီးနောက် ပုံသဏ္ဍန် အကြမ်းဖျင်း ထွက်ပေါ်လာခဲ့သည်။

လင်းယွမ်က ယွမ်ရှန်းကျင်းကို မူလကမ္ဘာတွင် ဆက်လက်ပျိုးထောင်ခဲ့ရာ ယခုအခါ အပြည့်အဝ ပုံဖော်ပြီးသွားပြီး လက်နက်အဖြစ် အသုံးပြုရန် အသင့်ဖြစ်နေပြီဖြစ်သည်။

" ရုပ်ခန္ဓာနဲ့ စိတ်ဝိညာဉ်ကို ကာကွယ်ပေးတယ်။ "

လင်းယွမ်က ယွမ်ရှန်းကျင်းအတွက် လိုအပ်ချက်မှာ ကာကွယ်ခြင်း အဆုံးစွန်သော ကာကွယ်ခြင်းပင်ဖြစ်၏။

ဝုန်း...

ခေါင်းလောင်းလက်နက်က လျင်မြန်စွာ မြင့်တက်လာပြီး လင်းယွမ်၏ ခေါင်းပေါ်တွင် နေရာယူ၍ အလင်းလွှာများက အောက်သို့ ဆင်းသက်လာပြီး လင်းယွမ်ကို ဖုံးလွှမ်းသွားသည်။

" မဆိုးဘူး။ လုံးဝ မဆိုးဘူး။ " ၎င်းကို မြင်သောအခါ လင်းယွမ်က ခေါင်းငြိမ့်လိုက်သည်။

လက်ရှိ ခေါင်းလောင်းသဏ္ဍန် လက်နက်၏ ကာကွယ်မှုကို အဋ္ဌမအလွှာ ဆင့်ကဲပြောင်းလဲသူအများစုက ထိုးဖောက်နိုင်မည်မဟုတ်ပေ။ ၎င်းကို အဋ္ဌမအလွှာ အထွတ်အထိပ်များ သို့မဟုတ် သူ၏ ဆရာ ချီခွန်ကြယ်သခင်ကဲ့သို့ တည်ရှိမှုများသာ ထိုးဖောက်နိုင်ပေလိမ့်မည်။

လင်းယွမ်က ခေါင်းလောင်းသဏ္ဍန်လက်နက်ကို စစ်ဆေးနေစဉ် ချီခွန်ကြယ်သခင်က လင်းယွမ်ကို ဆင့်ခေါ်လာသည်။

" ဆရာက ငါ့ကို ရှာနေတာလား။ လင်းယွမ်က မတ်တပ်ရပ်ပြီး အနီရောင်ခန်းမသို့ လျင်မြန်စွာ သွားလိုက်သည်။

" ဆရာ " လင်းယွမ်က ချီခွန်ကြယ်သခင်ကို အရိုအသေပေးလိုက်သည်။

" ဒီမှာ မင်းပြင်ခိုင်တဲ့ စိတ်ဝိညာဉ်ကာကွယ်ရေးရတနာပဲ။ ငါမိတ်ဆွေတစ်ယောက်ကို ပြင်ခိုင်းပြီးပြီ။ " ချီခွန်ကြယ်သခင်က သူ၏ ညာလက်ကို ဝှေ့ရမ်းလိုက်သောအခါ ရေစက်လေးတစ်စက်က လင်းယွမ်ရှေ့သို့ ပျံသန်းလာသည်။

" ပြီးသွားပြီလား။ " လင်းယွမ်က ဝမ်းသာသွားသည်။

၎င်းက အဋ္ဌမအလွှာ ဆင့်ကဲပြောင်းလဲသူ အိုရင်ဆီမှ ရရှိခဲ့သော အဋ္ဌမအလွှာ စိတ်ဝိညာဉ်ကာကွယ်ရေးရတနာဖြစ်ပြီး အဋ္ဌမအလွှာတစ်ယောက်၏ စိတ်ဝိညာဉ်တိုက်ခိုက်မှုကို ခံရပြီး ပြင်းထန်စွာ ပျက်စီးသွားခဲ့သည်။

သို့သော် မည်သို့ပင်ဖြစ်စေ ၎င်းက အဋ္ဌမအလွှာ စိတ်ဝိညာဉ်ကာကွယ်ရေးရတနာဖြစ်ပြီး လင်းယွမ်က စွန့်လွှတ်မည်မဟုတ်ပေ။ လွန်ခဲ့သော နှစ်အနည်းငယ်က ၎င်းကို ပြုပြင်ရန် သူက ချီခွန်ကြယ်သခင်ကို အကူအညီ တောင်းခဲ့လေသည်။

" ဆရာ ဘယ်လောက်တောင်ကုန်သွားလဲ။ " လင်းယွမ်က ရေစက်ကို ယူ၍ ခနစဉ်းဆေးပြီးနောက် ချီခွန်ကြယ်သခင်ကို မေးလိုက်သည်။

အဋ္ဌမအလွှာ စိတ်ဝိညာဉ်ကာကွယ်ရေးရတနာကို ပြုပြင်ခြင်းက လွယ်ကူသော အလုပ်တစ်ခုမဟုတ်ဘဲ ကုန်ကျစရိတ်က နည်းမည်မဟုတ်ပေ။ မဟုတ်လျှင် လင်းယွမ်က ချီခွန်ကြယ်သခင်ကို အကူအညီတောင်းရန် မလိုဘဲ သူ့ဟာသူ လုပ်နိုင်လေသည်။

" စိတ်မပူနဲ့။ ဒီလောက်ကတော့ အသေးအဖွဲလေးပါ။ " ချီခွန်ကြယ်သခင်က သာမန်အတိုင်းပြောလိုက်သည်။

" မင်းစိတ်ဝင်စားရင် ဒီတစ်ခါ ကြယ်ခုနှစ်လုံးလှိုဏ်ဂူကမ္ဘာဖွင့်ရင် တပည့်အချို့ ခေါ်သွားနိုင်တယ်။ " ချီခွန်ကြယ်သခင်က ပြောလိုက်သည်။

" ကြယ်ခုနှစ်လုံးလှိုဏ်ဂူ ကမ္ဘာ.... ပြိုင်ပွဲမှာ ပါရမီရှင်တွေ တော်တော်ထွက်ပေါ်လာတဲ့ပုံပဲ။ "

ပြိုင်ပွဲတိုင်းတွင် ချီခွန်ကြယ်သခင်က ကြယ်စနစ်တစ်ခုကို ရွေးချယ်ပြီး ဂြိုလ်တစ်ခုစီမှ ထိပ်ဆုံးဆယ်ယောက်ကို ရွေးချယ်ပြီး ချီခွန်မျိုးနွယ်သို့ ဝင်ရောက်နိုင်ခြင်း ရှိမရှိကို စမ်းသပ်လေသည်။

သို့သော် စမ်းသပ်ကမ္ဘာများစွာ ရှိလေသည်။ ထို့အပြင် ကြယ်ခုနှစ်လုံးလှိုဏ်ဂူစမ်းသပ်မှုက ပြိုင်ပွဲပြီးတိုင်း ဖွင့်လှစ်ခြင်းမဟုတ်ပေ။ ပါရမီရှင် အရေအတွက် သို့မဟုတ် အဆင့်အတန်းက အဆင့်တစ်ခုရောက်မှသာ ချီခွန်ကြယ်သခင်က ဖွင့်ပေးခြင်းဖြစ်သည်။

" မှန်တယ်။ အလားအလာရှိတဲ့ လူငယ်တချို့တော့ ရှိတယ်။ " ချီခွန်ကြယ်သခင်က ခေါင်းညိမ့်လိုက်သည်။

သူ့အတွက် လင်းယွမ်ကဲ့သို့ ရွှမ်ဟွမ်ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်ကို တိုက်ရိုက်နားလည်နိုင်သူများမှ လွဲ၍ အသန်မာဆုံး ပါရမီရှင်များပင်လျှင် လုံလောက်ရုံသာဖြစ်သည်။ မဟုတ်လျှင် သူကိုယ်တိုင် တပည့်လက်ခံရန် စဉ်းစားခြင်းမရှိပေ။

" အချိန်ကျရင် ကျွန်တော်ကြည့်လိုက်ပါမယ်။ " လင်းယွမ်က ပြန်ဖြေလိုက်၏။ သူက သင့်တော်သော ဆင့်ကဲပြောင်းလဲသူများတွေ့လျှင် ရှစ်စန်းတောင်ထိပ်သို့ ခေါ်ယူရန် ဝန်လေးနေမည်မဟုတ်ပေ။

အစပိုင်းတွင် လင်းယွမ်က သာမန်တပည့်များကိုသာ လက်ခံမည်ဖြစ်သည်။ သူတို့၏ အရည်အချင်းများကို ကြည့်ပြီး ပင်မတပည့်နှင့် နောက်ဆုံး တိုက်ရိုက်တပည့်အဖြစ် လက်ခံပေလိမ့်မည်။

မျက်စိတစ်မှိတ်အတွင်း လဝက်ကြာသွားခဲ့သည်။

တစ်ရက်တွင် ချီခွန်ကြယ်သခင်က VR ကမ္ဘာတွင် ကြယ်ခုနှစ်လုံးလှိုဏ်ဂူကမ္ဘာကို ဖွင့်လှစ်ခဲ့သည်။ ဆင့်ကဲပြောင်းလဲသူတစ်သန်းကျော်က စမ်းသပ်ကမ္ဘာထဲသို့ ဝင်ရောက်ပြီး စမ်းသပ်မှုများကို ဖြတ်ကျော်နိုင်ရန် ကြိုးစားကြသည်။

ကြယ်ခုနှစ်လုံးလှိုဏ်ဂူကမ္ဘာ၏ ဆန်းကြယ်သောနေရာတစ်ခုတွင် ပုံရိပ်ဆယ့်နှစ်ခုက မတ်တပ်ရပ်နေပြီး အောက်မှ စမ်းသပ်မှုခံယူနေသော ဆင့်ကဲပြောင်းလဲသူများကို သာမန်အတိုင်း စောင့်ကြည့်နေသည်။

ထိုအချိန်တွင် လင်းယွမ်က ပေါ်လာသည်။

" ညီငယ်လေး မင်းရောက်လာပြီလား။ "

" ဟားဟား ညီငယ်လေး မင်းသဘောကျတဲ့လူရှိရင် ပြောသာပြော..."

" ဟုတ်တယ်။ ဒါပေမယ့် အကိုကြီးအတွက်လည်း နည်းနည်း ချန်ထားပေးလိုက်ဦး။ သူက အခြားကြယ်နယ်မြေကို သွားရမှာဆိုတော့ သူလက်အောက်မှာ လူအချို့တော့ လိုအပ်တယ်။ "

အားလုံးက လင်းယွမ်ကို စိတ်အားထက်သန်စွာ နှုတ်ဆက်လိုက်ကြသည်။ လင်းယွမ်က တစ်ဦးချင်းကို ပြန်လည်နှုတ်ဆက်လိုက်သည်။ သူတို့အားလုံးက သဘောထားကွဲလွဲခြင်းမရှိဘဲ ကောင်းမွန်သော ဆက်ဆံရေးရှိပြီး ၎င်းက ချီခွန်ကြယ်သခင်၏ စိတ်နေသဘောထားနှင့်လည်း သက်ဆိုင်လေသည်။

" ဆင့်ကဲပြောင်းလဲသူ တစ်သန်းခွဲကျော်..." လင်းယွမ်က သူ၏ နေရာသို့ ရောက်လာပြီး အောက်မှ ပထမကြယ်ဂူနှင့် ဒုတိယကြယ်ဂူတို့ကို ကြည့်လိုက်သည်။

ဤတစ်ကြိမ် ကြယ်ခုနှစ်လုံးလှိုဏ်ဂူစမ်းသပ်မှုတွင် ပါဝင်သော ဆင့်ကဲပြောင်းလဲသူအရေအတွက်က သူဝင်ပြိုင်ခဲ့စဉ်ကထက် ငါးသိန်းကျော် ပိုများလေသည်။

" အရင် ကြယ်ခုနှစ်လုံးလှိုဏ်ဂူစမ်းသပ်မှုမှာ ငါက အဲ့ဒီတစ်သန်းထဲက တစ်ယောက်ဖြစ်ခဲ့တယ်။ " လင်းယွမ်က အောက်သို့ ငုံ့ကြည့်ရင်း ပြောလိုက်သည်။

ဤတစ်ကြိမ် ကြယ်ခုနှစ်လုံးလှိုဏ်ဂူစမ်းသပ်မှုတွင် ပါရမီရှင်များစွာ ထွက်ပေါ်လာခဲ့သည်။ အနီရောင်သင်္ကေတပိုင်ရှင် ၁၃ယောက် ရှိပြီး ရွှေရောင်သင်္ကေတပိုင်ရှင် တစ်ထောင်နီးပါး ရှိလေသည်။

အနီရောင်သင်္ကေတနှင့် ရွှေရောင်သင်္ကေတများက ချီခွန်ကြယ်သခင် အသိအမှတ်ပြုထားသူများ ဖြစ်ကြပြီး သူတို့၏ စွမ်းရည်အပြည့်အဝကို ကိုယ်စားပြုနိုင်ခြင်းမရှိသော်လည်း သူတို့၏ ပါရမီနှင့် အရည်အချင်းများက ထိပ်ဆုံးတွင် ရှိနေသည်မှာ သေချာလေသည်။

လင်းယွမ်နှင့် အခြားတပည့်များ၏ စောင့်ကြည့်မှုအောက်တွင် ဆင့်ကဲပြောင်းလဲသူများက စိတ်အားထက်သန်စွာဖြင့် ကြယ်ဂူစမ်းသပ်မှုများကို ဖြတ်ကျော်နေကြသည်။

" အဲ့ဒီအနီရောင်သင်္ကေတပိုင်ရှင်က မီးစနစ် အထူးသွေးမျိုးဆက်ကို နိုးထလာတာ ဖြစ်ရမယ်။ သူ့ရဲ့ စွမ်းရည်ကလည်း မဆိုးဘူး။ ဘယ်သူသူ့ကို လိုချင်လဲ။ "

" မင်းသူ့ကို ယူလိုရတယ်။ "

" ငါက မီးနိယာမကို မကျွမ်းကျင်ဘူး။ "

" အထူးသွေးမျိုးဆက် အဲ့ဒါက အဆင့်မြင့် မီးစနစ် သွေးမျိုးဆက်တွေထဲက တစ်ခုဖြစ်လိမ့်မယ်။ "

တပည့်များက တစ်ယောက်ပြီးတစ်ယောက် ပြောဆိုလိုက်ကြသည်။

All Chapters