← Chapters

တပည့်များ ရွေးချယ်ခြင်း....

Vol. 21 Ch. 323

တပည့်များ ရွေးချယ်ခြင်း....

Vol. 21 Ch. 323

လင်းယွမ်ကလည်း ထိုအနီရောင်သင်္ကေတပိုင်ရှင်ကို ကြည့်​နေသည်။

" တကယ်မဆိုးဘူး။ " လင်းယွမ်က ခေါင်းညိမ့်လိုက်သည်။

လင်းယွမ်က မည်သည့်သွေးမျိုးဆက်မှ မရှိသော်လည်း အဆင့်မြင့်သွေးမျိုးဆက်များက ကျင့်ကြံရာတွင် အမှန်တကယ် အထောက်အကူဖြစ်သည်ကို ဝန်ခံရပေလိမ့်မည်။ အထူးသဖြင့် အစောပိုင်းအဆင့်များတွင် အထူးသွေးမျိုးဆက်ပိုင်ရှင်များက မိမိထက် အဆင့်မြင့်သူကိုပင် အနိုင်ယူနိုင်လေသည်။

" အကိုသုံးက သူ့ကို လိုချင်တော့ ကျွန်တော် မလုတော့ပါဘူး။ "

လင်းယွမ်က ချီခွန်ကြယ်သခင်၏ စကားအရ ဆင့်ကဲပြောင်းလဲသူအချို့ကို လက်ခံရန် စီစဉ်ထားခြင်းဖြစ်သည်။ သို့သော် ဆင့်ကဲပြောင်းလဲသူတစ်ယောက်အတွက် သူ၏ အကိုများနှင့် ယှဉ်ပြိုင်ရန် မလိုအပ်ပေ။

" ဒီတစ်ခါ ကြယ်ခုနှစ်လုံးလှိုဏ်ဂူကမ္ဘာမှာ ဘယ်သူက နောက်ဆုံးစမ်းသပ်မှုကို ဖြတ်ကျော်နိုင်မလဲဆိုတာ သိချင်မိတယ်။ " အကိုနှစ်က ပြောလိုက်သည်။

နောက်ဆုံးစမ်းသပ်မှုဆိုသည်မှာ ရွှမ်ဟွမ်ဆင့်ကဲပြောင်းလဲခြသ်းလမ်းစဉ်ကို အနည်းငယ် ဖမ်းဆုပ်မိခြင်းဖြစ်သည်။

လင်းယွမ်က ၎င်းကို အောင်မြင်ချိန်တွင် ချီခွန်ကြယ်သခင်က တံခါးပိတ်ကျင့်ကြံခြင်းမှ ထွက်လာပြီး လင်းယွမ်ကို ၁၃ယောက်မြောက် တပည့်အဖြစ် လက်ခံခဲ့သည်။

ယင်းမတိုင်မီ ချီခွန်ကြယ်သခင်က နှစ်ပေါင်းတစ်သောင်းကြာအောင် တပည့်လက်မခံခဲ့ပေ။ အနီရောင်သင်္ကေတပိုင်ရှင်များပင် ချီခွန်ကြယ်သခင်၏ မျက်လုံးထဲသို့ မဝင်နိုင်ခဲ့ပေ။ အနီရောင်သင်္ကေတပိုင်ရှင်များ၏ ပါရမီဖြင့် ဆဋ္ဌမအလွှာသို့ ရောက်ရန် ပြဿနာမရှိသော်လည်း ချီခွန်ကြယ်သခင်က ဆဋ္ဌမအလွှာရောက်မှ စတင်သင်ကြားပေးခြင်းဖြစ်သည်။

" နောက်ဆုံးစမ်းသပ်မှု.... "

" ငါတို့ချီခွန်မျိုးနွယ်မှာ နှစ်ပေါင်းတစ်သောင်းအတွင်း ညီငယ်လေးတစ်ယောက်ပဲ ထွက်ပေါ်လာခဲ့တာ။ "

" အခုနောက်တစ်ယောက် ထွက်ပေါ်လာဖို့က ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။ "

" မှန်တယ်။ အဲ့ဒီလူတွေက ညီငယ်လေးနဲ့ ဘယ်လိုလုပ်ယှဉ်နိုင်မှာလဲ။ "

တပည့်ဆယ့်နှစ်ယောက်က စကားများ ပြောဆိုနေကြသည်။ အသက်တစ်ရာအောက် သတ္တမအလွှာ ဆင့်ကဲပြောင်းလဲသူများက အလွန်ရှားပြီး ချီခွန်ကြယ်နယ်မြေမပြောနှင့် အန်းနန်ကြယ်မဟာမိတ်တွင်ပင် အနည်းငယ်သာ ရှိ၏။

ချီခွန်ကြယ်နယ်မြေမှ ဆက်တိုက်နှစ်ယောက်ထွက်ပေါ်လာရန် ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။

လင်းယွမ်က သူ၏ စီနီယာအကိုများ စကားပြောနေသည်ကို နားထောင်နေပြီး တစ်ခါတစ်ရံ ဝင်ပြောလေသည်။

" အကိုကြီး အပြင်ဘက်ကြယ်နယ်မြေမှာ တာဝန်ထမ်းဆောင်ဖို့ ဘယ်တော့သွားမယ်လို့စီစဉ်ထားလဲ။ " စတုတ္ထ တပည့် ဇူကောက မေးလိုက်သည်။

စီနီယာအကိုကြီးက အဋ္ဌမအလွှာသို့ ရောက်သွားပြီဖြစ်သောကြောင့် လူသားမျိုးနွယ်၏ တာဝန်များကို ထမ်းဆောင်ရမည်ဖြစ်ပြီ ကြယ်နယ်မြေတစ်ခုကို နှစ်ပေါင်းငါးရာ အုပမချုပ်ရမည်ဖြစ်သည်။

ထိုကြယ်နယ်မြေက လူသားမျိုးနွယ်၏ ပိုင်နက်ထဲမှ ကြယ်နယ်မြေမဟုတ်ဘဲ မကြာသေးမီက သိမ်းပိုက်ထားသော နယ်ခြားကြယ်နယ်မြေများဖြစ်သည်။

ထိုနယ်မြေများတွင် အဓိကရန်သူများကို လူသားမျိုးနွယ်၏ အင်အားကြီးသူများက နှိမ်နင်းထားသော်လည်း အချို့မျိုးနွယ်များတော့ ရှိနေဆဲ ဖြစ်သည်။ ထိုမျိုးနွယ်များကို လူသားမျိုးနွယ်နှင့် ပေါင်းစည်းမလား သို့မဟုတ် ဆက်လက်နှိမ်နင်းမလားဆိုသည်မှာ ကြယ်သခင်၏ ဆုံးဖြတ်ချက်အပေါ်တွင် မူတည်လေသည်။

ကြယ်သခင်များ၏ အုပ်ချုပ်မှုပုံစံများက ကဲပြားလေသည်။ အချို့ကြယ်သခင်များက မျိုးနွယ်ခြားများနှင့် အတူယှဉ်တွဲနေထိုင်ရန် ဆန္ဒရှိကြသော်လည်း အချို့က မျိုးနွယ်ခြားများကို မုန်းတီးကြလေသည်။

" ကြယ်ခုနှစ်လုံးလှိုဏ်ဂူစမ်းသပ်မှုပြီးရင် ငါ ထွက်ခွာတော့မယ်။ " စီနီယာအကိုကြီးက ပြောလိုက်သည်။

လူသားမျိုးနွယ်ပိုင်နက်၏ အစွန်ပိုင်းက အန္တရာယ်မကင်းသော်လည်း အဋ္ဌမအလွှာ ဆင့်ကဲပြောင်းလဲသူတစ်ယောက်က လွယ်ကူသော သားကောင်တော့မဟုတ်ပေ။

အဋ္ဌမအလွှာတစ်ယောက်ကို လုံးဝ သတ်ဖြတ်ရန်လား။ အဋ္ဌမအလွှာ အများစုက ကိုယ်ပွားများ ရှိကြလေသည်။

နယ်စပ်ကြယ်နယ်မြေများတွင် တာဝန်ထမ်းဆောင်သော အဋ္ဌမအလွှာ ဆင့်ကဲပြောင်းလဲသူများက နှစ် ၅၀၀ အတွင်း မျိုးနွယ်ခြားများ၏ လက်ထဲတွင် သေဆုံးခဲ့လျှင် ကြီးမြတ်သူများက ပြန်လည်အသက်သွင်းပေးရန် ကတိပြုထားကြသည်။

လွန်ခဲ့သော နှစ်ထောင်ပေါင်းများစွာက ချီခွန်ကြယ်သခင်၏ ကြယ်နယ်မြေကလည်း နယ်စပ်ကြယ်နယ်မြေတစ်ခု ဖြစ်ခဲ့လေသည်။နှစ်ပေါင်းများစွာ နယ်မြေများတိုးချဲ့လာပြီးနောက် ချီခွန်ကြယ်နယ်မြေက ယခု လူသားမျိုးနွယ်ပိုင်နက်၏ အလယ်တွင် ရှိနေပြီဖြစ်သည်။

ဆင့်ကဲပြောင်းလဲသူများက သတ္တမကြယ်ဂူသို့ ဝင်ရောက်လာကြပြီး ရုပ်တုတစ်ရာကို နားလည်ရန် ကြိုးစားကြလေသည်။ စမ်းသပ်မှုတလျှောက် စောင့်ကြည့်ပြီးနောက် လင်းယွမ်နှင့် အခြားသူများက ဆင့်ကဲပြောင်းလဲသူများကြား အကြမ်းဖျင်းရွေးချယ်ပြီးသွားပြီဖြစ်သည်။

သူတို့က အနီရောင်သင်္ကေတပိုင်ရှင်များကို ရွေးချယ်မှသာ ပြောပြကြလေသည်။ ယခု အနီရောင်သင်္ကေတပိုင်ရှင်များက ဆယ့်သုံးယောက်ရှိပြီး တောင်ထိပ်သခင်ဆယ့်သုံးယောက်နှင့် ကိုက်ညီနေသည်။ ရွှေရောင်သင်္ကေတနှင့် ငွေရောင်သင်္ကေတပိုင်ရှင်များက အလွန်များသောကြောင့် သာမန်အတိုင်းသာ ရွေးချယ်ကြလေသည်။

အကယ်၍ တောင်ထိပ်သခင်နှစ်ယောက်က ရွှေရောင်သင်္ကေတပိုင်ရှင်တစ်ယောက်ကို ရွေးချယ်မိလျှင် သူတို့က ထိုဆင့်ကဲပြောင်းလဲသူအား ရွေးချယ်စေလေသည်။ ထူးခြားသော ရွှေရောင်သင်္ကေတပိုင်ရှင်တစ်ယောက်ကို တွေ့လျှင်​တော့ ကြိုတင်ပြောပြထားရန် လိုအပ်လေသည်။

" ညီငယ်လေး ရွေးပြီးပြီလား။ " ဒုတိယအကိုက လင်းယွမ်ကို သိချင်စိတ်နှင့် မေးလိုက်သည်။

" ကျွန်တော်ရွေးချယ်ပြီးပြီ။ ဒီတစ်ခါ ကျွန်တော် သုံးယောက်ရွေးထားတယ်။ " လင်းယွမ်က ခေါင်းညိမ့်လိုက်သည်။

စမ်းသပ်မှုတွင် ပါဝင်သူအားလုံးကို တောင်ထိပ်သခင်များက ရွေးချယ်မည်မဟုတ်ပေ။ သို့သော် သူတို့က ချီခွန်မျိုးနွယ်သို့ ဝင်ရောက်ပြီး အဆင့်ဆင့်ကြိုးစားကာ တောင်ထိပ်သခင်များဆီသို့ ဝင်ရောက်နိုင်ကြလေသည်။

" ဘယ်သုံးယောက်လဲ။ " စီနီယာအကိုများက စိတ်ဝင်စားသွားကြသည်။

ထူးခြားသော ပါရမီနှင့် သူတို့၏ ညီငယ်လေးက ဘယ်သုံးယောက်အား ရွေးချယ်ခဲ့သည်ကို သူတို့က သိလိုကြသည်။

" မိုလီ၊ ဖန်ယု၊ ဝူလန်...." လင်းယွမ်က တိုက်ရိုက်ပြောလိုက်သည်။

မိုလီက အနီရောင်သင်္ကေတပိုင်ရှင် ၁၃ ယောက်ထဲမှ တစ်ယောက်ဖြစ်၏။ သူ့ကို ရွေးချယ်ရာတွင် လင်းယွမ်က သူ၏ စီနီယာအကိုများနှင့် တိုင်ပင်ခဲ့လေသည်။

အနီရောင်သင်္ကေတပိုင်ရှင်အနေဖြင့် မိုလီ၏ ပါရမီက ထူးခြားပြီး စတုတ္ထအလွှာနှင့် တိုက်ခိုက်ရေးစိတ်နှလုံးကို ထုတ်ဖော်နိုင်လေသည်။ သူ၏ တိုက်ခိုက်ရေးစွမ်းအားက အဆင့်တူများထက် သာလွန်ပြီး အနီရောင်သင်္ကေတပိုင်ရှင် ၁၃ယောက်အတွင်း ထိပ်ဆုံးသုံးယောက်ထဲတွင် ပါဝင်လေသည်။

တိုက်ခိုက်ရေးစိတ်နှလုံးက အဆင့်အတန်းတစ်ခုကို ကိုယ်စားပြု၍ တိုက်ခိုက်ရာတွင် ထူးချွန်ပြီး သတ်ဖြတ်ခြင်းနှင့် သက်ဆိုင်သော နိယာမများတွင် မွေးရာပါ နီးစပ်မှုရှိလေသည်။

ဖန်းယုနှင့် ဝူလန်တို့က ရွှေရောင်နှင့် ငွေရောင်သင်္ကေတပိုင်ရှင်များဖြစ်ပြီး လင်းယွမ်၏ အာရုံကို ဆွဲဆောင်နိုင်သောကြောင့် သာမန်အတိုင်း ရွေးချယ်ခဲ့ခြင်း ဖြစ်သည်။

ဖန်ယုက လေနိယာမကို နားလည်ထားပြီး ၎င်းကို ကျွမ်းကျင်လုနီးပါး ဖြစ်နေသည်။ ဝူလန်က ငွေရောင်သင်္ကေတပိုင်ရှင်တစ်ယောက်ဖြစ်၏။ လင်းယွမ်က သူမကို ရွေးချယ်ခဲ့သည့်အကြောင်းရင်းမှာ သူမက သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်ကို ကျင့်ကြံသောကြောင့်သာ ဖြစ်သည်။

သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်က ချီခွန်ကြယ်နယ်မြေတွင် အလွန်နာမည်ကြီးသော်လည်း ၎င်းက မကြာသေးမီကမှ ထွက်ပေါ်လာခဲ့ခြင်းဖြစ်သည်။ တတိယအလွှာ သိုင်းတာအိုဆင့်ကဲပြောင်းလဲသူများ ရှိသော်လည်း အများစုက အသက်တစ်ရာကျော်ပြီဖြစ်သည်။ အသက်တစ်ရာမကျော်လျှင်တောင် သူတို့က ချီခွန်ကြယ်နယ်မြေ၏ ပြိုင်ပွဲများတွင် ဝင်မပြိုင်ကြပေ။

ထို့ကြောင့် ကြယ်ခုနှစ်လုံးလှိုဏ်ဂူစမ်းသပ်မှုတွင် တတိယအလွှာ သိုင်းတာအိုဆင့်ကဲပြောင်းလဲသူတစ်ယောက်ကို တွေ့​မြင်ရခြင်းမှာ ရှားပါးသောကြောင့် လင်းယွမ်က ရွေးချယ်ခဲ့ခြင်း ဖြစ်သည်။

" ညီငယ်လေးရဲ့ ရွေးချယ်မှုက စနစ်ကျတာပဲ။ " တောင်ထိပ်သခင်များက အချင်းချင်းကြည့်ပြီး ပြုံးလိုက်ကြသည်။

အနီရောင်သင်္ကေတပိုင်ရှင်တစ်ဦး၊ ရွှေရောင်သင်္ကေတပိုင်ရှင်တစ်ဦး၊ ငွေရောင်သင်္ကေတပိုင်ရှင်တစ်ဦး။

" ကျွန်တော်က ကျပန်းရွေးချယ်ခဲ့တာပါ။ " လင်းယွမ်က ပြောလိုက်သည်။

အနီရောင်သင်္ကေတပိုင်ရှင်မှလွဲ၍ ကျန်နှစ်ဦးကို အမှန်တကယ် ကျပန်းရွေးချယ်ခဲ့ခြင်း ဖြစ်သည်။

" မင်းရွေးလိုက်တဲ့ ရွှေရောင်သင်္ကေတပိုင်ရှင်က အကိုကြီးရွေးထားတာနဲ့ တူနေတယ်ထင်တယ်။ " ဒုတိယအကိုက တစ်စုံတစ်ခုကို တွေးမိပြီး ပြောလိုက်သည်။

" တူနေတယ်။ "

စီနီယာအကိုကြီးကလည်း အံ့ဩသွား၏။ " ဖန်ယုလား။ ဒါဆို သူ့ကို ညီငယ်လေးပဲ ယူလိုက်တော့..."

၎င်းက ရွှေရောင်သင်္ကေတပိုင်ရှင်လေးတစ်ယောက်သာဖြစ်၏။ အနီရောင်သင်္ကေတပိုင်ရှင်ဖြစ်လျှင်တောင် သူ၏ ညီငယ်လေးလိုချင်လျှင် စီနီယာအကိုကြီးက လက်လွှတ်ပေးမည်ဖြစ်သည်။

" အဲ့လိုလုပ်ဖို့မလိုပါဘူး။ " လင်းယွမ်က လျင်မြန်စွာ ပြောလိုက်သည်။

" ကောင်းပြီ။ ဖန်ယုကိုယ်တိုင် ရွေးချယ်ခိုင်းလိုက်တာပေါ့။ " စီနီယာအကိုကြီးက ကန့်ကွက်ခြင်းမရှိဘဲ ပြန်ပြောလိုက်သည်။

ကြယ်ခုနှစ်လုံးလှိုဏ်ဂူစမ်းသပ်မှုအား ဖြတ်ကျော်နိုင်သော ဆင့်ကဲပြောင်းလဲသူများကို ရင်ပြင်တစ်ခုသို့ ရွေ့ပြောင်းလိုက်သည်။

နောက်ဆုံးတွင် ကြယ်ခုနှစ်လုံးလှိုဏ်ဂူစမ်းသပ်မှုက ပြီးဆုံးသွားပြီး ဆင့်ကဲပြောင်းလဲသူ ထောင်ဂဏန်းအရေအတွက်က ရင်ပြင်တွင် ရပ်နေကြသည်။

အစတွင် တစ်သန်းခွဲကျော်မှ ယခု ထောင်ဂဏန်းသာ ရှိသောကြောင့် အောင်မြင်မှုနှုန်းက တစ်ထောင်ပုံတစ်ပုံသာ ရှိလေသည်။

ရင်ပြင်တွင် ရပ်နေသော ဆင့်ကဲပြောင်းလဲသူများက စိတ်လှုပ်ရှားနေကြသည်။ အကြောင်းမှာ လာမည့်အချိန်က သူတို့၏ ကံကြမ္မာကို ဆုံးဖြတ်ပေးမည့်အချိန်ပင်ဖြစ်သည်။

ကြယ်ခုနှစ်လုံးလှိုဏ်ဂူကို ဝင်ရောက်သူတိုင်းက တောင်ထိပ်သခင် ၁၃ ယောက်၏ စောင့်ကြည့်မှုအောက်တွင် ရှိနေသည်။ သူတို့၏ စွမ်းဆောင်ရည်အပေါ်မူတည်ပြီး တောင်ထိပ်သခင်များက သူတို့၏ လက်အောက်သို့ ခေါ်ယူမည်ဖြစ်သည်။

တောင်ထိပ်သခင်၏ လက်အောက်သို့ တိုက်ရိုက်ဝင်ရောက်နိုင်ခြင်းက အခက်အခဲများကို ကျော်လွှာပြီး ချီခွန်မျိုးနွယ်တွင် အရေးပါသော နေရာတစ်ခုကို ရရှိမည်ဖြစ်သည်။

All Chapters