လမ်းညွှန်မှုပေးခြင်း....
Vol. 21 Ch. 325
နေ့တစ်ဝက်ကြာပြီးသောအခါ ဖန်ယုက ပထမတောင်ထိပ်ကို ဝင်ရောက်ခဲ့သော အခြားသူများနှင့်အတူ မဟာတောင်ထိပ်သခင်နှင့် တွေ့ဆုံခဲ့သည်။
" တောင်ထိပ်သခင်ကို အရိုအသေပေးပါတယ်။ " ဆင့်ကဲပြောင်းလဲသူ ဆယ်ယောက်ကျော်က မဟာတောင်ထိပ်သခင်ကို ဂါရဝပြုလိုက်ကြသည်။
" ထပါ။ " မဟာတောင်ထိပ်သခင်က သာမန်အတိုင်း ပြောလိုက်သည်။
ထိုဆင့်ကဲပြောင်းလဲသူများထဲတွင် အနီရောင်သင်္ကေတပိုင်ရှင်တစ်ယောက်သာ သူ၏ အာရုံကို ဖမ်းစားနိုင်ပြီး ရွှေရောင်သင်္ကေတပိုင်ရှင်များက ပထမတောင်ထိပ်ကို ဝင်နိုင်ရုံသာရှိသည်။ ရွှေရောင်သင်္ကေတပိုင်ရှင်များက သူတို့၏ ဂြိုလ်များတွင် ပါရမီရှင်များဖြစ်ကြသော်လည်း ဤနေရာတွင်တော့ သာမန်သာဖြစ်၏။
" မဟာတောင်ထိပ်သခင်.... " ဖန်ယုက မဟာတောင်ထိပ်သခင်ကို ခိုးကြည့်လိုက်သည်။
" ရှစ်စန်းတောင်ထိပ်သခင်ကို စွန့်လွှတ်ပြီး မဟာတောင်ထိပ်သခင်ကို ရွေးချယ်ခဲ့တာဆိုတော့ ငါ့ကို မတူညီတဲ့ ဆက်ဆံမှုမျိုးများ ပေးမလားမသိဘူး။ " ဖန်ယုက စိတ်ထဲမှ မျှော်လင့်လိုက်သည်။
သို့သော် ဖန်ယုက စိတ်ပျက်ရုံသာရှိသည်။ မဟာတောင်ထိပ်သခင်က သူ့ကို တစ်ချက်မှမကြည့်ဘဲ ညွှန်ကြားချက်များကို ပြောပြီး အားလုံးကို ပြန်လွှတ်လိုက်သည်။
" အလေးပေးဆက်ဆံတာမရှိဘူးလား။ " ဖန်ယုက စိတ်ပျက်လက်ပျက်ဖြစ်သွား၏။
" ဘာပဲဖြစ်ဖြစ် မဟာတောင်ထိပ်သခင်က အဋ္ဌမအလွှာဆိုတော့ ရှစ်စန်းတောင်ထိပ်သခင်ကို ရွေးချယ်တာထက် ပိုကောင်းလောက်ပါတယ်။ "
ရှစ်စန်းတောင်ထိပ် VR ကမ္ဘာ။
မိုလီနှင့် ဝူလန်တို့က ခန်းမထဲသို့ ဝင်လာပြီး လင်းယွမ်ကို မြင်သောအခါ အရိုအသေပေးလိုက်ပြသည်။ " တောင်ထိပ်သခင်ကို အရိုအသေပေးပါတယ်။ "
လင်းယွမ်က အထက်တွင် ထိုင်ပြီး ဆင့်ကဲပြောင်းလဲသူနှစ်ယောက်ကို ကြည့်လိုက်သည်။ တစ်ယောက်က ၈၇နှစ်၊ နောက်တစ်ယောက်က ၆၉နှစ်။
ပြိုင်ပွဲတွင် ဆင့်ကဲပြောင်းလဲသူများက အသက်တစ်ရာအောက်ဖြစ်ပြီး အများစုက ၉၈၊ ၉၉ များဖြစ်ကြသည်။
လင်းယွမ်က ထိုနှစ်ယောက်ထက် ငယ်သော်လည်း ကမ္ဘာများကြားသွားခဲ့ခြင်းကို ထည့်တွက်လျှင် များစွာ ကြီးလေသည်။
" ရှစ်စန်းတောင်ထိပ်မှာ လူသိပ်မရှိဘူး။ ငါက မင်းတို့ကို ရွေးချယ်ခဲ့တာဆိုတော့ အခုကစပြီး မင်းတို့က ရှစ်စန်းတောင်ထိပ်ရဲ့ လူတွေပဲ။ " လင်းယွမ်က သူတို့ကို ကြည့်ပြီး ပြောလိုက်သည်။
" ဟုတ်ကဲ့ " မိုလီနှင့် ဝူလန်တို့က လျင်မြန်စွာ ပြောလိုက်သည်။
အထူးသဖြင့် ဝူလန်က ငွေရောင်သင်္ကေတပိုင်ရှင်အနေဖြင့် တိုက်ရိုက်ရွေးချယ်ခံရမည်ဟု မမျှော်လင့်ခဲ့ပေ။
" မင်းတို့က အခုမှ ရှစ်စန်းတောင်ထိပ်ကို ဝင်လာတာဆိုတာ မင်းတို့ကို လမ်းညွှန်မှုနည်းနည်းပေးမယ်။ "
လင်းယွမ်က မိုလီကို ကြည့်ပြီး ပြောလိုက်သည်။ " မိုလီ မင်းက တိုက်ခိုက်ရေးစိတ်နှလုံးကို စုစည်းနိုင်ခဲ့တာဆိုတော့ တိုက်ခိုက်ရေးမှာ ပါရမီရှိတယ်။ မခုခံနဲ့..."
" ကောင်းပါပြီ။ " ၎င်းကို ကြားသောအခါ မိုလီက သူ၏ ကာကွယ်မှုအားလုံးကို လျှော့ချလိုက်သည်။
လင်းယွမ်၏ စိတ်အသိက မိုလီ၏ ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်သွားသည်။ မိုလီ၏ ခန္ဓာကိုယ်က အစစ်အမှန်မဟုတ်သော်လည်း VR ကမ္ဘာက အပြည့်အဝပုံတူကူးယူမှုကြောင့် အစစ်အမှန် ခန္ဓာကိုယ်နှင့် ကွဲပြားခြင်းမရှိပေ။
လင်းယွမ်က မိုလီ၏ ရုပ်ခန္ဓာနှင့် စိတ်ဝိညာဉ်ကို ဂရုတစိုက် လေ့လာလိုက်သည်။
[ သင်က ကောင်းကင်ကိုဆန့်ကျင်သော နားလည်နိုင်စွမ်းဖြင့် အမည်မသိရုပ်ခန္ဓာကို လေ့လာပြီး သက်ဆိုင်ရာ ဆင့်ကဲပြောင်းလဲခြင်းလျို့ဝှက်နည်းစနစ်ကို နားလည်သွားပါပြီ။ ]
အသက်ဆယ်ကြိမ်ရှူစာအတွင်း လင်းယွမ်က မိုလီအတွက် သင့်တော်သော လျို့ဝှက်နည်းစနစ်ကို ဖန်တီးနိုင်ခဲ့သည်။ ၎င်းက အခြားဆင့်ကဲပြောင်းလဲသူများအတွက် မထူးခြားသော်လည်း မိုလီအတွက်မူ လက်ရှိနှင့် အနာဂတ်အဆင့်များအတွက် လမ်းညွှန်မှုပေးနိုင်လေသည်။ ၎င်းက မိုလီလျှောက်နေသောလမ်းကို ပြင်ဆင်ပေးပြီး အနာဂတ်တွင် ပို၍ ဝေးဝေးသွားနိုင်ရန် ပြုလုပ်ပေးနိုင်လေသည်။
လင်းယွမ်က သူ၏ စိတ်အသိကို ရုတ်သိမ်းပြီး မိုလီကို ကြည့်လိုက်သည်။
" တောင်ထိပ်သခင်..." မိုလီက မျက်လုံးများဖွင့်ပြီး စိုးရိမ်သွားမိသည်။
" ငါမှာ မင်းနဲ့ အရမ်းသင့်တော်တဲ့ လျို့ဝှက်နည်းစနစ်တစ်ခုရှိတယ်။ "
လင်းယွမ်၏ အတွေးများက လှုပ်ရှားသွားပြီး ယခုမှ နားလည်ထားသော လျို့ဝှက်နည်းစနစ်ကို မိုလီ၏ စိတ်အသိထဲသို့ ပို့လွှတ်ပေးလိုက်သည်။ ထိုလျို့ဝှက်နည်းစနစ်ကို နားလည်ရန် လင်းယွမ်က များစွာ အားထုတ်လိုက်ရခြင်းမရှိပေ။
ထို့အပြင် လင်းယွမ်က သတ္တမအလွှာ အထွတ်အထိပ်ဖြစ်ပြီး မိုလီက စတုတ္ထအလွှာသာ ဖြစ်သောကြောင့် လမ်းညွှန်ပေးခြင်းက လွယ်ကူသော အလုပ်တစ်ခုဟု ပြောလျှင် ချဲ့ကားရာမရောက်ပေ။
" ဒီလျို့ဝှက်နည်းစနစ်က..." မိုလီက သူ၏ စိတ်ထဲသို့ ဝင်ရောက်လာသော ဆင့်ကဲပြောင်းလဲခြင်းလျို့ဝှက်နည်းစနစ်ကို ခနကြည့်ပြီး ချက်ချင်း တုန်လှုပ်သွားသည်။
ထိုလျို့ဝှက်နည်းစနစ်က သူနှင့် အလွန်လိုက်ဖက်ပြီး မသိလျှင် သူ့အတွက် ဖန်တီးထားသည့်အတိုင်းပင် ဖြစ်၏။
ဆင့်ကဲပြောင်းလဲခြင်းလျို့ဝှက်နည်းစနစ်များက ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်များကဲ့သို့ ဆင့်ကဲပြောင်းလဲသူများအပေါ် အရေးပါသော သက်ရောက်မှုမရှိသော်လည်း မိမိနှင့် သင့်တော်သော လျို့ဝှက်နည်းစနစ်ကို ရွေးချယ်ခြင်းဖြင့် ရလဒ်က နှစ်ဆဖြစ်နိုင်လေသည်။
သို့သော် လျို့ဝှက်နည်းစနစ်များစွာရှိရာ သင့်တော်သော လျို့ဝှက်နည်းစနစ်ကို မည်သို့ရွေးချယ်ရမည်ဟူသည်က ကြီးမားသော စိန်ခေါ်မှုတစ်ရပ်ဖြစ်လေသည်။
ဆင့်ကဲပြောင်းလဲသူ တစ်ဦးချင်း၏ အခြေအနေ၊ အတွေ့အကြုံနှင့် ခန္ဓာကိုယ်တည်ဆောက်ပုံများက များစွာကွဲပြားလေသည်။ ချီခွန်ကြယ်သခင်ကဲ့သို့ အဋ္ဌမအလွှာ အဆုံးစွန်သော တည်ရှိမှုများပင် ထို့အတူ ဖြစ်သည်။
တပည့်တစ်ယောက်အတွက် သင့်တော်သော လျို့ဝှက်နည်းစနစ်ကို ရွေးချယ်ပေးရန်လည်း အချိန်ယူလေ့လာရန် လိုအပ်သည်။ ထို့အပြင် ရွေးချယ်လိုက်သည့် ဆင့်ကဲပြောင်းလဲခြင်းလျို့ဝှက်နည်းစနစ်ကလည်း မိမိနှင့်အပြည့်အဝ ကိုက်ညီမည် မဟုတ်ပေ။ လူတစ်ယောက်နှင့် အပြည့်အဝ ကိုက်ညီသော လျို့ဝှက်နည်းစနစ်ကို ရှာဖွေရန် ကံကောင်းမှုကို လိုအပ်လေသည်။
သို့သော် ယခု မိုလီက ရှစ်စန်းတောင်ထိပ်သခင် လွှဲပြောင်းပေးသော လျို့ဝှက်နည်းစနစ်မှာ သူနှင့် အပြည့်အဝ ကိုက်ညီနေသည်ဟု ခံစားရလေသည်။ ၎င်းက သူ့ကို ယုံကြည်ရန် ခက်ခဲစေလေသည်။
" မှားတယ် မှားတယ် အပြင်လောကက ရှစ်စန်းတောင်ထိပ်သခင်ကို ပါရမီနဲ့ စွမ်းရည်မှာ ထူးခြားတယ်လို့ပဲ မြင်နေကြတာ။ ဒါပေမယ့် အခုတော့ ဆရာက တပည့်တွေကို သင်ကြားတဲ့ နည်းလမ်းကလည်း...." မိုလီက စိတ်လှုပ်ရှားမှုကို မည်သို့ဖော်ပြရမည်ကိုပင် မသိတော့ပေ။
သူ့ကို ခနလေ့လာရုံနှင့် တောင်ထိပ်သခင်က သင့်တော်သော လျို့ဝှက်နည်းစနစ်တစ်ခုကို ရွေးချယ်ပေးခဲ့သည်။ ၎င်းက မယုံကြည်နိုင်စရာကောင်းသော နည်းလမ်းပင်ဖြစ်သည်။
မိုလီမသိသည်မှာ ထိုလျို့ဝှက်နည်းစနစ်ကို လင်းယွမ်က ရွေးချယ်ခဲ့ခြင်းမဟုတ်ဘဲ သူ၏ ရုပ်ခန္ဓာနှင့် စိတ်ဝိညာဉ်ကို လေ့လာပြီး နားလည်ခဲ့ခြင်းဖြစ်သည်။
" အဲ့ဒီလျို့ဝှက်နည်းစနစ်က ရှစ်စန်းတောင်ထိပ်ရဲ့ လျို့ဝှက်ချက်ပဲ မပေါက်ကြားစေနဲ့။ " လင်းယွမ်က မိုလီစိတ်လှုပ်ရှားနေသည်ကို သတိထားမိပြီး ပြောလိုက်သည်။
" ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ် ဆရာ။ " မိုလီက ချက်ချင်း သတိဝင်လာပြီး ဒူးထောက်၍ ဦးညွှတ်လိုက်သည်။
ဆရာတစ်ယောက်က တပည့်တစ်ယောက်ကိုသင်ကြားရာတွင် အရေးကြီးဆုံးမှာ လမ်းညွှန်မှုဖြစ်သည်။ လင်းယွမ်က မိုလီနှင့် အပြည့်အဝ ကိုက်ညီသော လျို့ဝှက်နည်းစနစ်တစ်ခုကို ရွေးချယ်ပေးခြင်းက ပြန်လည်မွေးဖွားလာခြင်းနှင့် တူညီလေသည်။
မိုလီက လင်းယွမ်၏ ကျေးဇူးကို ဘယ်လိုလုပ်မသိဘဲနေမှာလဲ။
" အင်း..." လင်းယွမ်က ခေါင်းညိမ့်လိုက်ပြီး သူ၏ အကြည့်က ဝူလန်ပေါ်သို့ ကျရောက်သွားသည်။
" တောင်ထိပ်သခင် " ဝူလန်က စိုးရိမ်စွာဖြင့် ပြောလိုက်သည်။
မိုလီ၏ အလွန်စိတ်လှုပ်ရှားနေသော အမူအရာကို မြင်သောအခါ သူမက စိတ်ရှုပ်သွားခဲ့သည်။ သူမက သာမန် ငွေရောင်သင်္ကေတပိုင်ရှင်တစ်ယောက်သာ ဖြစ်ပြီး အနီရောင်သင်္ကေတပိုင်ရှင်ကို မြင်ရသောအခါ ဖိအားကို ခံစားရလေသည်။
" မင်းက သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်ကို ကျင့်ကြံတာလား။ " လင်းယွမ်က ဝူလန်ကို ကြည့်ပြီး မေးလိုက်သည်။
ကြယ်ခုနှစ်လုံးလှိုဏ်ဂူတွင် ဝူလန်၏ စမ်းသပ်မှုများကို ကြည့်ပြီးနောက် လင်းယွမ်က သူမကျင့်ကြံသည့် လမ်းစဉ်ကို သိခဲ့သည်။ သို့သော် ဝူလန် နောက်ဆုံးရွေးချယ်ခဲ့သော နိယာမက ထိုက်ယင်နှင့် ထိုက်ယန်မဟုတ်ဘဲ အခြေခံဒြပ်စင်ငါးမျိုးမှ ရေနိယာမဖြစ်၏။
" ဟုတ်ကဲ့ " ဝူလန်က ချက်ချင်းပြန်ဖြေလိုက်သည်။
သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်က ချီခွန်ကြယ်နယ်မြေတွင် အလွန်ကျော်ကြားသော်လည်း မကြာသေးမီက ထွက်ပေါ်လာသောကြောင့် အဆင့်မြင့် ဆင့်ကဲပြောင်းလဲသူများ မရှိသေးပေ။
" ရေက အရာအားလုံးကို အားဖြည့်ပေးတယ်။ မင်းရဲ့ လမ်းစဉ်က ရေနိယာမအပေါ်အခြေခံပြီး သတ္တု၊ သစ်သား၊ မီးနဲ့ မြေ စတဲ့ အခြားဒြပ်စင်လေးမျိုးကိုလည်း နားလည်သင့်တယ်။ " လင်းယွမ်က ခနစဉ်းစားလိုက်သည်။
သိုင်းတာအို၏ ဖန်တီးသူအနေဖြင့် မည်သည့်ဆင့်ကဲပြောင်းလဲသူမှ သူ့လောက်နားလည်နိုင်မည်မဟုတ်ပေ။ သူက ဝူလန်ကို တစ်ချက်ကြည့်လိုက်ရုံနှင့် သူမ၏ အနာဂတ်ကျင့်ကြံခြင်းလမ်းကြောင်းကို သတ်မှတ်ပေးခဲ့သည်။
လင်းယွမ်က သူ၏ ညာလက်ကို ညွှန်ပြီး လျို့ဝှက်နည်းစနစ်တစ်ခုကို ဝူလန်၏ စိတ်အသိထဲသို့ ပို့လွှတ်ပေးလိုက်သည်။
အကယ်၍ ဝူလန်က ဆဋ္ဌမအလွှာတွင် သတ္တု၊ သစ်သား၊ မီး၊ ရေနှင်မြေဟူသော ဒြပ်စင်ငါးမျိုးကို နားလည်ပြီး လေဟာနယ်နိယာမ၏ အခြေခံ လေဟာနယ်ပုံစံများကို နားလည်ခဲ့လျှင် သူမက ဆဋ္ဌမအလွှာ အထွတ်အထိပ်တွင် ဒြပ်စင်ငါးမျိုးကမ္ဘာငယ်ကို ဖန်တီးနိုင်ပေလိမ့်မည်။ သို့သော် ဝူလန်၏ ပါရမီနှင့် စွမ်းရည်အရ ထိုအဆင့်ကို အောင်မြင်ရန် ခက်ခဲပေလိမ့်မည်။
ဆဋ္ဌမအလွှာတွင် မဟုတ်ဘဲ သတ္တမအလွှာတွင် ဒြပ်စင်ငါးမျိုးနှင့် လေဟာနယ်နိယာမတို့ကို ပေါင်းစည်းပြီး အတွင်းကမ္ဘာကို ဖွင့်လှစ်နိုင်ပေလိမ့်မည်။
" ဒါက..." ဝူလန်က မျက်လုံးများ ပြူးသွား၏။ လင်းယွမ်ပို့ပေးသော ဆင့်ကဲပြောင်းလဲခြင်းလျို့ဝှက်နည်းစနစ်က ဆင့်ကဲပြောင်းလဲခြင်း၏ အနှစ်သာရများ ပါဝင်နေသကဲ့သို့ ကြည်လင်ပြတ်သားလှသည်။
ယခုအချိန်တွင် ဝူလန်က အနီရောင်သင်္ကေတပိုင်ရှင် မိုလီ၏ အလွန်စိတ်လှုပ်ရှားသွားသည့် အကြောင်းရင်းကို နားလည်သွားသည်။ ၎င်းက မိမိ၏ အနာဂတ်လမ်းကြောင်းကို မြင်တွေ့လိုက်ရသည့် စိတ်လှုပ်ရှားမှုပင်ဖြစ်သည်။
" လမ်းညွှန်မှုအတွက် ကျေးဇူးတင်ပါတယ် တောင်ထိပ်သခင်။ " ဝူလန်က တုံ့ဆိုင်းခြင်းမရှိဘဲ ဒူးထောက်ပြီး ဦးညွှတ်လိုက်သည်။
" ကောင်းပြီ။ မင်းတို့ ကောင်းကောင်းကျင့်ကြံကြ။ " လင်းယွမ်က သူ၏ လက်ကို ဝှေ့ရမ်းပြီး သူတို့ကို ထွက်သွားရန် ပြောလိုက်သည်။
မိုလီနှင့် ဝူလန်တို့ ထွက်သွားမှ လင်းယွမ်က သူ၏ အကြည့်ကို ရုတ်သိမ်းလိုက်သည်။
" မင်းတို့နှစ်ယောက် ငါ့ကို စိတ်မပျက်စေဖို့ မျှော်လင့်ပါတယ်။ " လင်းယွမ်က တွေးလိုက်၏။