← Chapters

ကောင်းမှုအမှတ် တစ်သန်းခွဲ....

Vol. 21 Ch. 326

ကောင်းမှုအမှတ် တစ်သန်းခွဲ....

Vol. 21 Ch. 326

ချီခွန်ပင်မကြယ်။

လင်းယွမ်က ထိုင်နေပြီး သူ၏ စိတ်ဝိညာဉ်အတွင်းမှ နတ်ဆိုးကျောက်စိမ်းအမှတ်အသားကို လေ့လာနေသည်။

" ဒီနတ်ဆိုးကျောက်စိမ်းအမှတ်အသားက အဲ့ဒီဆန်းကြယ်တဲ့နေရာနဲ့ ဆက်သွယ်ပေးထားတယ်။ " လင်းယွမ်က နတ်ဆိုးကျောက်စိမ်းအမှတ်အသားမှတစ်ဆင့် ကျယ်ပြောသော လျို့ဝှက်ဆန်းကြယ်သည့် နေရာတစ်ခုကို ခံစားမိနေသည်။

ထိုဆန်းကြယ်သောနေရာက လုံးဝ ပိတ်ဆို့ထားသည်။ ၎င်း၏ တည်ရှိမှုကို ခံစားမိရုံဖြင့် ဝင်ရောက်၍ မရနိုင်ပေ။ ကြီးမြတ်သူတစ်ယောက်ပင် သော့ဖြစ်သော နတ်ဆိုးကျောက်စိမ်းအမှတ်အသားမရှိလျှင် ဝင်ရောက်နိုင်မည်မဟုတ်ပေ။

" တကယ်တော့ လက်ရှိလူသားမျိုးနွယ်ရဲ့ ဆင့်ကဲပြောင်းလဲသူတွေက အဲ့ဒီခန္ဓာကိုယ်အစိတ်အပိုင်းက ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်တွေကို လေ့လာဆင်ခြင်နေတာက မှားယွင်းတဲ့ ချဉ်းကပ်မှုတော့မဟုတ်ဘူး။ " လင်းယွမ်က တွေးလိုက်၏။

နတ်ဆိုးကျောက်စိမ်းအမှတ်အသားကို စုစည်းရန် နည်းလမ်းနှစ်ခုထဲမှ တစ်ခုကို အသုံးပြုရန် လိုအပ်သည်။ တစ်နည်းမှာ လင်းယွမ်ကဲ့သို့ ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ် ၃၃၃၃ခုကို နားလည်ရန် ဖြစ်သည်။

နောက်တစ်နည်းမှာ ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်တစ်ခုကို ပြည့်စုံအောင် ပြုပြင်ပြီး အဆုံးထိ ကျင့်ကြံခြင်းဖြင့် နတ်ဆိုးကျောက်စိမ်းအမှတ်အသားကို စုစည်းနိုင်လေသည်။

လက်ရှိ လူသားမျိုးနွယ်၏ ဆင့်ကဲပြောင်းလဲသူများက ဒုတိယနည်းလမ်းကို ကြိုးစားနေကြသည်။ သို့သော် ယခုအချိန်ထိ ဆင့်ကဲပြောင်းလဲသူတစ်ယောက်မှ အောင်မြင်နိုင်ခြင်းမရှိဘဲ အားလုံးက ကျရှုံးနေခဲ့ကြသည်။

ပထမနည်းလမ်းကိုမူ ကောင်းကင်ကိုဆန့်ကျင်သော နားလည်နိုင်စွမ်းရှိသည့် လင်းယွမ်က အောင်မြင်ခဲ့သည်။ ၎င်းက လူသားမဟာမိတ်မှ ဆင့်ကဲပြောင်းလဲသူများအတွက် လုပ်ဆောင်ရန် ခက်ခဲသော အောင်မြင်မှုတစ်ခု ဖြစ်သည်။

" ငါ ဉာဏ်ပညာနတ်ဘုရားကို အသိပေးသင့်တယ်။ ဒါက အနည်းဆုံးတော့ နောက်ထပ် လမ်းကြောင်းတစ်ခုပဲ။ " လင်းယွမ်က စဉ်းစားပြီး ဆုံးဖြတ်လိုက်သည်။

နတ်ဘုရားသုံးပါးချမှတ်ထားသော စည်းမျဉ်းများအရ လူသားမျိုးနွယ်ကို အကျိုးပြုသူတိုင်းက ကောင်းမှုအမှတ်များ ရရှိနိုင်လေသည်။ လုသားမျိုးနွယ်မဟာမိတ်က အကျိုးပြုသော မည်သည့်ဆင့်ကဲပြောင်းလဲသူကိုမဆို စိတ်ပျက်စေမည်မဟုတ်ပေ။

" ဉာဏ်ပညာနတ်ဘုရား " လင်းယွမ်က ဉာဏ်ပညာနတ်ဘုရားနှင့် တိုက်ရိုက်ဆက်သွယ်လိုက်သည်။

" လေးစားရပါသော အဆင့်ခုနှစ်နိုင်ငံသား လင်းယွမ် ဘာများကူညီပေးရမလဲ။ " ဉာဏ်ပညာနတ်ဘုရား၏ တည်ငြိမ်သောအသံက ထွက်ပေါ်လာသည်။

" မျိုးနွယ်ခြားစစ်မြေပြင်ကြီးက ရရှိခဲ့တဲ့ ခန္ဓာကိုယ်နဲ့ ပက်သက်ပြီး ကျွန်တော်မှာ တသ်ပြစရာရှိတယ်။ " လင်းယွမ်က ပြောလိုက်သည်။

ထိုစကားများကြားသောအခါ ဉာဏ်ပညာနတ်ဘုရားက ခနတိတ်ဆိတ်သွား၏။ သူမက လင်းယွမ် ထိုကိစ္စကို ပြောလိမ့်မည်ဟု မျှော်လင့်ခဲ့ပုံမရပေ။ ၎င်းက ကမ္ဘာအပြင်ဘက်မှ ကြီး​မြတ်သူတစ်ယောက်၏ ခန္ဓာကိုယ်နှင့် ပက်သက်သော အချက်အလက်များ ဖြစ်သည်။

" အဆင့်ခုနှစ်နိုင်ငံသား လင်းယွမ် ဆက်ပြောပါ။ " ဉာဏ်ပညာနတ်ဘုရားက ပြန်ဖြေလိုက်သည်။

လင်းယွမ်က ဉာဏ်ပညာနတ်ဘုရား၏ အသံမှ လေးနက်မှုကို ခံစားမိပြီး ဤအချိန်တွင် ဉာဏ်ပညာနတ်ဘုရား၏ ပင်မစိတ်အသိ ဆင်းသက်လာသည်ဟုပင် ထင်ရသည်။

" အသေးစိတ်ကိုတော့ ကျွန်တော် မသိပါဘူး။ အဲ့ဒီခန္ဓာကိုယ်က လျို့ဝှက်ချက်တွေကို သိဖို့ နည်းလမ်းနှစ်ခုရှိပါတယ်။ တစ်ခုက ကိုယ်နားလည်ထားတဲ့ ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်ကို အဆုံးထိကျင့်ကြံဖို့ပါပဲ။ "

" နောက်တစ်ခုက ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ် တစ်ခုမှကို မကျင့်ကြံဘဲ အဲ့ဒီခန္ဓာကိုယ်က ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ် ၃၃၃၃ခုကို နားလည်ဖို့ပါပဲ။ "

လင်းယွမ်က နတ်ဆိုးကျောက်စိမ်းအမှတ်အသားနှင့် နတ်ဆိုးကျောက်စိမ်းမျှော်စင်အကြောင်းကို ဖုံးကွယ်ထားခဲ့သည်။ နတ်ဆိုးကျောက်စိမ်းမျှော်စင်က မည်သည့်အင်အားစုမှန်းမသိဘဲ လင်းယွမ်က ၎င်းကို မထုတ်ဖော်ခြင်းမှာ အကောင်းဆုံးဖြစ်သည်။

မည်သို့ပင်ဆိုစေ သူက နည်းလမ်းများအကြောင်းပြောပြခဲ့ပြီဖြစ်သောကြောင့် သူ၏တာဝန်ကို ကျေပွန်သည်ဟု ခံစားရလေသည်။

" အဆင့်ခုနှစ်နိုင်ငံသား လင်းယွမ် ခနစောင့်ပါဦး။ " ဉာဏ်ပညာနတ်ဘုရားက တိတ်ဆိတ်သွား၏။

ဉာဏ်ပညာနတ်ဘုရားက သူမျှဝေခဲ့သော အချက်အလက်များ၏ စစ်မှန်မှုကို စစ်ဆေးနေကြောင်း လင်းယွမ်က နားလည်လေသည်။

နတ်ဘုရားသုံးပါးက အရူးများမဟုတ်ပေ။ သူတို့က အတည်ပြုချက်မရှိဘဲ လင်းယွမ်၏ စကားကို ယုံကြည်မည်မဟုတ်ပေ။

" ဒီအချက်အလက်တွေက ကောင်းမှုအမှတ် ဘယ်လောက်ရမလဲ မသိဘူး။ " လင်းယွမ်က မျှော်လင့်ချက်များနှင့် ရေရွတ်လိုက်သည်။

သူက ယခု အဆင့်ရှစ်နိုင်ငံသားအဖြစ် မြှင့်တင်လိုနေပြီဖြစ်သည်။ အန်းနန်ကြယ်မဟာမိတ်တစ်ခုလုံးတွင် အဆင့်ရှစ်နိုင်ငံသားတစ်ယောက်သာ ရှိပြီး သူက ကြယ်မဟာမိတ်၏ ကောင်စီဥက္ကဋ္ဌဖြစ်၏။ အဆင့်ရှစ်နိုင်ငံသားတစ်ယောက်နှင့် ရင်ဆိုင်ရာတွင် ချီခွန်ကြယ်သခင် သို့မဟုတ် ရွှေနဂါးကြယ်သခင်ကဲ့သို့ အဋ္ဌမအလွှာများပင် လေးစားမှုကို ပြရလေသည်။

သို့သော် အဆင့်ခုနှစ်မှ အဆင့်ရှစ်နိုင်ငံသားအဖြစ်သို့ မြှင့်တင်ရန် အလွန်ခက်ခဲပြီး ချီခွန်ကြယ်သခင်ပင် မရေတွက်နိုင်သော မျိုးနွယ်ခြားများကို သတ်ဖြတ်ခဲ့သော်လည်း အဆင့်ရှစ်နိုင်ငံသားအဖြစ် တိုးမြှင့်ရန် ကောင်းမှုအမှတ် မလုံလောက်သေးပေ။

ပြည့်စုံသော အဋ္ဌမအလွှာ ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်ကို ဖန်တီးခဲ့သော ဆင့်ကဲပြောင်းလဲခြင်းပညာရှင်တိုင်းက အဆင့်ရှစ်နိုင်ငံသားများ မဟုတ်ကြပေ။

လင်းယွမ်က သူပြောပြခဲ့သော အချက်အလက်များမှာ အဆင့်ရှစ်နိုင်ငံသားအဖြစ် တိုးမြှင့်ရန် လုံလောက်သော ကောင်းမှုအမှတ်များ မရနိုင်မည်ကို သိနေသည်။ သို့သော် အနည်းဆုံး အနာဂတ်တွင် အဆင့်ရှစ်နိုင်ငံသားအဖြစ် တိုးမြှင့်ရန် ခက်ခဲမှုကို လျှော့ချပေးနိုင်လေသည်။

တစ်နာရီကြာသောအခါ ဉာဏ်ပညာနတ်ဘုရား၏ အသံက ထွက်ပေါ်လာသည်။

" လေးစားရသော အဆင့်ခုနှစ်နိုင်ငံသား လင်းယွမ်က သင်ပေးပို့သော အချက်အလက်များက ကောင်းမှုအမှတ် ၁.၅သန်း တန်ဖိုးရှိပါတယ်။ ယခု လက်ခံမှာလား။ "

" ကောင်းမှုအမှတ် တစ်သန်းခွဲ..." လင်းယွမ်က ပြုံးလိုက်သည်။

သူက သိုင်းတာအို၏ သတ္တမအလွှာကို တင်ခဲ့စဉ်က ကောင်းမှုအမှတ် ၃သန်း ရရှိခဲ့ပြီး ယခု သာမန်သတင်းအချက်အလက်များ ပေးရုံနှင့် သတ္တမအလွှာ တန်ဖိုး၏ တစ်ဝက်ကို ရရှိခဲ့လေသည်။

" အခုထုတ်မယ် " လင်းယွမ်က ကျေနပ်သွား၏။

သူပေးခဲ့သော အချက်အလက်များက လူသားမျိုးနွယ် ဆင့်ကဲပြောင်းလဲသူများ ထိုခန္ဓာကိုယ်ကို လေ့လာရာတွင် နည်းလမ်းတစ်ခု ရှိသွားပြီဖြစ်သည်။ သို့သော် နည်းလမ်းရှိရုံသာဖြစ်ပြီး ၎င်းကို ဘယ်သူက အောင်မြင်နိုင်မှာလဲ။

ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ် ၃၃၃၃ခုကို နားလည်ရန် တွေးကြည့်ရုံမျှဖြင့် ခေါင်းမူးသွားပေလိမ့်မည်။ ဆင့်ကဲပြောင်းလဲသူအားလုံးအတွက် ထိုနည်းလမ်းက ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်တစ်ခုကို တိုက်ရိုက်ကျင့်ကြံခြင်းထက် ပိုမိုခက်ခဲပေလိမ့်မည်။

ထို့ကြောင့် ဉာဏ်ပညာနတ်ဘုရားက ထိုအချက်အလက်များကို ကောင်းမှုအမှတ် တစ်သန်းခွဲအဖြစ် သတ်မှတ်ခဲ့ခြင်းက လင်းယွမ် မျှော်လင့်ထားသည်ထက် ကျော်လွန်သွားခဲ့သည်။

ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်များက နဝမအလွှာ သို့မဟုတ် ပိုမြင့်သော အဆင့်များသို့ ရောက်နိုင်လျှင် ၎င်း၏ တန်ဖိုးက မြင့်မားပေလိမ့်မည်။ သို့သော် ၎င်း၏ ရှေ့တွင် ကျင့်ကြံရန် မဖြစ်နိုင်ဟူသော စကားသာ ထည့်သွင်းခဲ့လျှင် ၎င်း၏ တန်ဖိုးက သိသိသာသာ ကျဆင်းသွားပေလိမ့်မည်။

လက်ရှိအချိန်တွင် ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ် ၃၃၃၃ခုကို နားလည်သည့်သူ တစ်ယောက်မှ မရှိသေးပေ။ အနာဂတ်တွင် အောင်မြင်ခဲ့လျှင်တောင် ၎င်းက နောက်ပိုင်းဖြစ်မည့် ကိစ္စဖြစ်လေသည်။

လင်းယွမ်က သဘောတူလိုက်သည်နှင့် ကောင်းမှုအမှတ် တစ်သန်းခွဲက သူ၏ အကောင့်ထဲသို့ ရောက်လာသည်။

" ဒါပေမယ့် ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်တစ်ခုကို ကျင့်ကြံတာနဲ့ ပြည့်စုံအောင်လုပ်တာဆိုရင် ကြီးမြတ်သူတစ်ယောက်က လုပ်နိုင်တယ်။ စဉ်းစားကြည့်ရင် သူတို့က နတ်ဆိုးကျောက်စိမ်းအမှတ်အသားကို စုစည်းပြီးသား ဖြစ်သင့်တယ်။ ငါပြောခဲ့တဲ့ နည်းလမ်းကိုလည်း သိပြီးသား ဖြစ်လိမ့်မယ်။ " လင်းယွမ်က ရုတ်တရက် တွေးလိုက်မိသည်။

" ကြီးမြတ်သူတွေအတွက် နတ်ဆိုးကျောက်စိမ်းအမှတ်အသားကို စုစည်းဖို့က ငါတို့နဲ့ မတူဘူးလား။ " လင်းယွမ်က ခန့်မှန်းလိုက်သည်။

ကြီးမြတ်သူများ၏ အဆင့်အတန်းကို ထည့်တွက်လျှင် ချို့ယွင်းနေသော ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်တစ်ခုကို ပြည့်စုံအောင်ပြုပြင်ခြင်းက ခက်ခဲသော အလုပ်တစ်ခုမဟုတ်ပေ။

နတ်ဆိုးကျောက်စိမ်းမျှော်စင်၏ ခက်ခဲမှုကို အခြေခံ၍ ကြီးမြတ်သူများအတွက် စမ်းသပ်မှုမှာ ပို၍ မြင့်ပေးလိမ့်မည်။ သို့မဟုတ် သူတို့အတွက် နတ်ဆိုးကျောက်စိမ်းမျှော်စင်တွင် သာမန်အဖွဲ့ဝင်ဟူ၍ မရှိပေ။

ရက်အချို့ကြာပြီးသောအခါ လင်းယွမ်က လူသားမျိုးနွယ်ပိုင်နက်၏ ကြယ်စကြာဝဠာမြေပုံကို ဖွင့်လိုက်သည်။

" အကိုကြီးရွေးချယ်ခဲ့တဲ့ ကြယ်နယ်မြေက လူသားမျိုးနွယ်ပိုင်နက်ရဲ့ အရှေ့တောင်ဘက် အစွန်းမှာ ရှိပြီး အခြားအင်အားကြီးမျိုးနွယ်တွေ ရှိနေတယ်။ "

လင်းယွမ်က သူ၏ အကိုကြီး မည်သည့်ကြယ်နယ်မြေအား ဦးဆောင်မည်ကို သိထားပြီးဖြစ်သည်။ လူသားမျိုးနွယ်၏ ကြယ်နယ်မြေအသစ်များက အလွန်တိုးတက်ပြီး ခံတပ်တစ်ခုကဲ့သို့ ဖြစ်နေသော ချီခွန်ကြယ်နယ်မြေနှင့် မတူပေ။

နယ်မြေ၏ အစွန်ပိုင်းရှိ ကြယ်နယ်မြေများက အသစ်တိုးတက်လာပြီး မျိုးနွယ်ခြားများနှင့် နယ်နိမိတ်ချင်း ထိစပ်နေသည့်အပြင် နယ်မြေအတွင်းလည်း လုံးဝ ရှင်းလင်းခြင်းမရှိသော နေရာများလည်း ရှိသည်။ ဥပမာ အထူးသက်ရှိများ သို့မဟုတ် စကြာဝဠာလျို့ဝှက်နယ်မြေများ စသည်တို့ ဖြစ်သည်။

ထိုအရာအားလုံးက ကြယ်သခင်များ ကိုင်တွယ်မည့်အချိန်ကို စောင့်ဆိုင်းနေကြသည်။

အသစ်တက်လှမ်းလာသော အဋ္ဌမအလွှာ ဆင့်ကဲပြောင်းလဲသူများက ကြယ်နယ်မြေတစ်ခုကို နှစ်ပေါင်းငါးရာဦးဆောင်ရန် လိုအပ်လေသည်။ ၎င်းက အပန်းဖြေရန် မဟုတ်ဘဲ လူသားမျိုးနွယ်အတွက် တိုက်ပွဲဝင်ရန် ဖြစ်သည်။

All Chapters