ဆင်းသက်မှုစတင်ခြင်း....
Vol. 21 Ch. 328
တစ်ရက် နှစ်ရက်။ တစ်လ နှစ်လ။ မျက်စိတစ်မှိတ်အတွင်း တစ်နှစ် ကုန်ဆုံးသွားခဲ့သည်။
အဆုံးမရှိသော စိတ်ဝိညာဉ်ဖိအားအောက်တွင် လင်းယွမ်၏ စိတ်စွမ်းအားက ကန့်သတ်ချက်သို့ ရောက်သွားပုံရပြီး အပြင်ဘက်နေရာများမှ စတင်ပြိုကွဲလာသည်။
" ဆက်လုပ်ထား ဆက်လုပ်ထား..." လင်းယွမ်က ဆက်လက်ကြိုးစားနေဆဲ ဖြစ်သည်။
အချိန်မည်မျှကုန်လွန်သွားသည်ကို မသိဘဲ ချုပ်နှောင်မှုများကို လွတ်မြောက်သွားသကဲ့သို့ လင်းယွမ်၏ စိတ်စွမ်းအားက စတင်ပြောင်းလဲလာသည်။ ယခင် စိတ်ကူးသက်သက်ဖြစ်ခဲ့သော အရာက ယခု ထိတွေ့နိုင်သကဲ့သို့ နက်ရှိုင်းသော အလင်းကို ထုတ်လွှတ်နေသည်။
" ဟူး..." လင်းယွမ်က ညင်သာစွာ သက်ပြင်းချလိုက်သည်။
သူက မထိန်းနိုင်လုနီးပါးဖြစ်ခဲ့သော်လည်း နောက်ဆုံးတွင် လက်မလျှော့ခဲ့ပေ။
" ငါ့ရဲ့ လက်ရှိ စိတ်စွမ်းအားက..." လင်းယွမ်က သူ၏ စိတ်စွမ်းအားက စိတ်ကူးမှ လက်တွေ့သို့ ပြောင်းလဲခဲ့သည်ကို တွေ့လိုက်ရသည်။
" ငါ့ရဲ့ စိတ်စွမ်းအားညွှန်းကိန်းက ဘယ်လောက်ရှိလဲ ကြည့်ရအောင်။ " လင်းယွမ်က လက်တွေ့ကမ္ဘာသို့ ပြန်လာပြီး အနားယူလိုက်သည်။ ခနကြာသောအခါ သူ၏ ကိုယ်ပိုင်နေရာသို့ ဝင်ရောက်သွားသည်။
" ဉာဏ်ပညာနတ်ဘုရား ငါ့ရဲ့ စိတ်စွမ်းအားညွှန်းကိန်းကို တိုင်းတာချင်ပါတယ်။ " လင်းယွမ်က ဉာဏ်ပညာနတ်ဘုရားနှင့် တိုက်ရိုက်ဆက်သွယ်လိုက်သည်။
" လေးစားရပါသော အဆင့်ခုနှစ်နိုင်ငံသား လင်းယွမ် သင့်ရဲ့ စိတ်စွမ်းအားနဲ့ ပတ်ဝန်းကျင်ကို တိုက်ခိုက်ပေးပါ။ " ဉာဏ်ပညာနတ်ဘုရား၏ အသံက ထွက်ပေါ်လာသည်။
လင်းယွမ်က သူ၏ စိတ်စွမ်းအားဖြင့် ပတ်ဝမ်းကျင်ကို တိုက်ခိုက်လိုက်သည်။ ခနကြာသောအခါ ဉာဏ်ပညာနတ်ဘုရား၏ တည်ငြိမ်သော အသံက ထွက်ပေါ်လာသည်။
" လေးစားရပါသော အဆင့်ခုနှစ်နိုင်ငံသား လင်းယွမ် သင့်ရဲ့ စိတ်စွမ်းအားညွှန်းကိန်းက ခန့်မှန်းချေအားဖြင့် ၁၁၂၀၀ ရှိပါတယ်။ "
" အဲ့လောက်တောင် တိုးလာတာလား။ " လင်းယွမ်၏ စိတ်ထဲတွင် ပျော်ရွှင်မှုများ ပြည့်နှက်သွားသည်။
စိတ်စွမ်းအားညွှန်းကိန်းတစ်သောင်းက စိတ်နှလုံးနတ်ဆိုးကပ်ဘေးကို အောင်မြင်စွာ ဖြတ်ကျော်နိုင်ခြင်းကို ဆုံးဖြတ်ပေးသည့် အကန့်အသတ်ဖြစ်သည်။ ထို့အတူ စိတ်စွမ်းအားညွှန်းကိန်းတစ်သောင်းသို့ ရောက်သွားလျှင် ၎င်းကို ဆက်လက်မြှင့်တင်ရန် ပို၍ ခက်ခဲသွားပြီဖြစ်သည်။
လင်းယွမ်က စိတ်စွမ်းအားညွှန်းကိန်း တစ်သောင်းတစ်ထောင်ကျော် ရှိခြင်းမှာ မယုံနိုင်စရာပင် ဖြစ်သည်။ သတ္တမအလွှာဖြင့် စိတ်စွမ်းအားညွှန်းကိန်းကို ထိုအဆင့်ထိ မြှင့်တင်နိုင်ခြင်းမှာ လူသားမျိုးနွယ်တွင်ပင် ရှားပါးလှသည်။
" စိတ်စွမ်းအားညွှန်းကိန်းတစ်သောင်းကျော်..." လင်းယွမ်က သူ၏ အတွေးများကို စုစည်းလိုက်သည်။
" အဋ္ဌမအလွှာကို တက်လှမ်းဖို့ အားလုံးအဆင်သင့်ဖြစ်ပြီ။ "
စိတ်စွမ်းအားညွှန်းကိန်း တစ်သောင်းကျော်ပြီးဖြစ်သောကြောင့် စိတ်နှလုံးနတ်ဆိုးကပ်ဘေးကို ဖြတ်ကျော်ရန် အခက်အခဲမရှိနိုင်ပေ။ သို့သော် လင်းယွမ်က ဘေးကင်းစေရန်အတွက် ကမ္ဘာတစ်ခုကို ဆင်းသက်ပြီးမှ စိတ်နှလုံးနတ်ဆိုးကပ်ဘေးကို ဖြတ်ကျော်ရန် စီစဉ်ထားသည်။
ကြယ်ပင်လယ်ခေတ်၏ နှစ်ပေါင်းနှစ်သန်းကျော်အတွင်း လူသားမျိုးနွယ်၏ ဆင့်ကဲပြောင်းလဲခြင်း ပညာရှင်များက စိတ်နှလုံးနတ်ဆိုးကပ်ဘေးနှင့် ပက်သက်၍ သုတေသနများ ပြုလုပ်ခဲ့ကြသည်။
အချို့ပညာရှင်များက အဋ္ဌမအလွှာသို့ တက်လှမ်းရာတွင် ရင်ဆိုင်ရာသော စိတ်နှလုံးနတ်ဆိုးက ပြင်ပကမ္ဘာမှ လာခြင်းဖြစ်ပြီး မရေတွက်နိုင်သော သက်ရှိများ၏ ဆန့်ကျင်ဘက် စိတ်ခံစားမှုများ စုပေါင်းထားခြင်းဖြစ်သည်ဟု ယုံကြည်ကြသည်။
အချို့ပညာရှင်များကလည်း စိတ်နှလုံးနတ်ဆိုးက ဆင့်ကဲပြောင်းလဲသူ ကိုယ်တိုင်၏ စွဲလမ်းမှုများမှ လာသည်ဟု ယုံကြည်ကြသည်။
တကယ်တမ်း အတိအကျဘာလဲဆိုသည်မှာ ယနေ့အထိ သေချာမှုမရှိသေးပေ။
လင်းယွမ်က ပထမအခြေအနေကို တွေးပြီး ကမ္ဘာဆင်းသက်ချိန်တွင် စိတ်နှလုံးနတ်ဆိုးကပ်ဘေးကို ဖြတ်ကျော်ရန် ရွေးချယ်ခဲ့သည်။
စိတ်နှလုံးနတ်ဆိုးက ပြင်ပမှ လာခြင်းဖြစ်လျှင် လင်းယွမ်က တစ်ခုခုမှားယွင်းနေသည်ဟု ခံစားမိလျှင် သူက စိတ်နှလုံးနတ်ဆိုးကပ်ဘေးကို မဖြတ်ကျော်နိုင်ဘူးဟု ခံစားမိလျှင် အနန္တကမ္ဘာများ၏ ဂိတ်တံခါးကို အသုံးပြုပြီး မူလကမ္ဘာသို့ ပြန်လာနိုင်လေသည်။
စိတ်နှလုံးနတ်ဆိုးက အားကောင်းလျှင်တောင် ကမ္ဘာများစွာကို ဖြတ်ပြီး မူလကမ္ဘာသို့ လိုက်လာရန် မဖြစ်နိုင်ပေ။
လက်ရှိ လင်းယွမ်၏ စိတ်စွမ်းအားညွှန်းကိန်း တစ်သောင်းကျော်နှင့်ဆိုလျှင် ထိုအခြေအနေမျိုး ဖြစ်မလာနိုင်ပေ။ သို့သော် အရေးပေါ်အခြေအနေအတွက် ပြင်ဆင်ထားရန် လိုအပ်လေသည်။
" စမယ်။ " လင်းယွမ်၏ စိတ်အသိက သူ၏ စိတ်ထဲမှ အနက်ရှိုင်းဆုံးသို့ ဝင်ရောက်သွားပြီး ခမ်းနားကြီးကျယ်သော အနန္တကမ္ဘာများ၏ ဂိတ်တံခါးကို ကြည့်လိုက်သည်။
" ကမ္ဘာဖျက်ဆီးခြင်းမူလစွမ်းအားက ခုနှစ်မျှင်တောင်ရှိနေပြီ။ " လင်းယွမ်က သူစုဆောင်းထားသော ကမ္ဘာဖျက်ဆီးခြင်းမူလစွမ်းအားကို စစ်ဆေးလိုက်သည်။
ယင်စိတ်ဝိညာဉ်က မျိုးနွယ်ခြားများ၏ စစ်မြေပြင်ရှိ ထာဝရလေဟာနယ်အက်ကြောင်းများကို အဆက်မပြတ် သွားနေခဲ့သောကြောင့် ကမ္ဘာဖျက်ဆီးခြင်းမူလစွမ်းအား တစ်မျှင်ကို စုဆောင်းရန် ရက်ပေါင်း ၂၉၀ သာ ကြာတော့လေသည်။
" ကမ္ဘာဖျက်ဆီးခြင်းမူလစွမ်းအား တစ်မျှင်ကို သုံးတာက ဆုံးရှုံးမှုလို့ မခံစားရတော့ဘူး။ " လင်းယွမ်က တွေးလိုက်သည်။ ဤဆင်းသက်ခြင်း၏ အဓိကပန်းတိုင်မှာ စိတ်နှလုံးနတ်ဆိုး ကပ်ဘေးကို ဖြတ်ကျော်ရန် ဖြစ်သည်။
သူ၏ ကျင့်ကြံခြင်းကို ဆက်လက်လုပ်ဆောင်ခြင်း၊ နိယာမများကို လေ့လာဆင်ခြင်ခြင်း၊ သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်ကို ပြည့်စုံအောင်လုပ်ခြင်းတို့အား ဆိုင်းငံ့ထားနိုင်လေသည်။
" ဆင်းသက်မယ်။ " လင်းယွမ်က ကမ္ဘာဖျက်ဆီးခြင်းမူလစွမ်းအားကို အသုံးပြုပြီး သူ၏ စိတ်အသိက အနန္တကမ္ဘာများ၏ ဂိတ်တံခါးထဲသို့ ဝင်ရောက်သွားသည်။
" ဒီအဘိုးကြီးက တစ်ကိုယ်လုံးပေါင်းရင်တောင် အသားက သိပ်မရှိဘူး။ "
" ဘာမှမရှိတာထက်တော့ ပိုကောင်းပါသေးတယ်။ အနည်းဆုံး ငါတို့ ဟင်းချိုလေးတော့ လုပ်သောက်လို့ရတာပေါ့။ "
" ဟူး ဒီနေ့တွေ့လိုက်တဲ့ ကောင်မလေးက တော်တော်လှတာပဲ။ ချစ်စရာလေး...."
" ဘာလှတာလဲ။ ဒီလိုအချိန်မှာ ချစ်စရာကောင်းတာတွေက ဆန်တစ်ပေါင်လောက်တောင် တန်ဖိုးမရှိဘူး။ "
လင်းယွမ်က အသံအချို့ကို ကြားနေရသည်။ သူက ဘာသာစကားကို နားမလည်သော်လည်း အဓိပ္ပါယ်ကိုတော့ သိနေသည်။
သူ၏ စိတ်အသိက ယခုမှ နိုးထလာသောကြောင့် အသားကျခြင်းမရှိသေးဘဲ အပြင်မှ စကားသံများကို နားထောင်နေရုံသာ တတ်နိုင်လေသည်။
အသက်ဆယ်ကြိမ်ကျော်ရှူပြီးနောက် လင်းယွမ်၏ စိတ်အသိက တည်ငြိမ်သွားသည်။
" မဟာယန်အင်ပါယာ။ မင်းဆက်ရဲ့ အဆုံးသတ်။ ပြည်သူတွေ ဒုက္ခရောက်နေတယ်။ " လင်းယွမ်က မူလခန္ဓာကိုယ်မှ မှတ်ဉာဏ်များကို လျင်မြန်စွာ ရရှိပြီး သူ၏ အခြေအနေများကို နားလည်သွားသည်။
ဤကမ္ဘာက အဆင့် သိပ်မမြင့်ပေ။ မူလခန္ဓာကိုယ်၏ မှတ်ဉာဏ်များအရ ရာချီသော လူများကို တိုက်ခိုက်နိုင်သည့် အင်အားကြီးသူများပင် အလွန်ရှားလေသည်။
မဟာယန်အင်ပါယာက ကမ္ဘာကို နှစ်ပေါင်းငါးရာနီးပါး အုပ်စိုးခဲ့ပြီး ယခု လုံးဝပျက်စီးယိုယွင်းနေပြီဖြစ်သည်။ စစ်တပ်များ၏ ပုန်ကန်ထကြွမှုကြောင့် အင်ပါယာတစ်ခုလုံး ပြိုလဲလုနီးပါး ဖြစ်နေ၏။
ထိုအခြေအနေမျိုးတွင် သယမန်ပြည်သူများက ရှင်သန်နိုင်စွမ်းမရှိတော့ဘဲ တရားရုံး၏ အခွန်များကြောင့် ငတ်မွတ်ဘေးကို ကြုံတွေ့ရပြီး လူတစ်ယောက်နှင့်တစ်ယောက် စားသောက်ကြသည်အထိ ဖြစ်လာခဲ့သည်။
ယခု လင်းယွမ်ပင် အသားအဖြစ် သတ်မှတ်ခံရပြီး အသားနည်းလွန်းသောကြောင့် ပစ်တင်ခံနေရသည်။
" အခု ငါ့ရဲ့ ခန္ဓာကိုယ်က..." လင်းယွမ်က သူ၏ ခန္ဓာကိုယ်ကို ခံစားမိပြီး မျက်မှောင်ကြုတ်သွား၏။
ပထမဆုံး သတိပြုမိသည်မှာ သူ၏ အသက်အရွယ်ဖြစ်၏။ မူလခန္ဓာကိုယ်က အသက်ခြောက်ဆယ်ကျော်ပြီဖြစ်ပြီး အငတ်ဘေးနှင့် ကြုံတွေ့ရသောကြောင့် ခန္ဓာကိုယ်၏ လုပ်ဆောင်ချက်များက ကျငဆင်းနေခဲ့သည်။ ယခုအချိန်တွင် မတ်တပ်ရပ်ရန်ပင် အနည်းငယ် ခက်ခဲနေသည်။
မှတ်ဉာဏ်များအရ မူလခန္ဓာကိုယ်က ပိုင်ဆိုင်မှုအနည်းငယ်ရှိပြီး စစ်ဘုရင်များ၏ တိုက်ခိုက်မှုကြောင့် အိမ်အကူများနှင့်အတူ ထွက်ပြေးခဲ့ရသည်။ သို့သော် ထွက်ပြေးပြီး မကြာမီ ဒုက္ခသည်အုပ်စုတစ်စုနှင့် ကြုံတွေ့ခဲ့ရပြီး တန်ဖိုးရှိသော ပစ္စည်းများ လုယက်ခံရသည့်အပြင် သူကလည်း မနည်းလွတ်အောင် ပြေးလာရသည်။
လင်းယွမ်က ခန အနားယူပြီး သူ၏ အစွမ်းထက်သော စိတ်စွမ်းအားကို အသုံးပြု၍ သွေးစီးဆင်းမှုကို လှုံ့ဆော်၍ အနည်းငယ် ပြန်လည်ကောင်းမွန်လာခဲ့သည်။
" ဒီကမ္ဘာက..."
လင်းယွမ်က ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်လိုက်သည်။ သူ၏ စိတ်အသိ နိုးထလာချိန်တွင် သူက ပတ်ဝန်းကျင်မှ သဘာဝ၏ စိတ်ဝိညာဉ်စွမ်းအား သို့မဟုတ် မူလချီကို မခံစားမိခဲ့ပေ။
" ပျက်သုဉ်းခြင်းခေတ်လား။ " လင်းယွမ်က စိတ်ထဲမှ ခန့်မှန်းလိုက်သည်။
အမည် - ချန် (လင်းယွမ်)။
အဆင့်အတန်း - အနန္တကမ္ဘာများ၏ ဂိတ်တံခါး အရှင်သခင်။
စွမ်းရည် - ကောင်းကင်ကိုဆန့်ကျင်သော နလည်နိုင်စွမ်း။
နတ်စွမ်းရည် - သွေးပြန်လည်မွေးဖွားခြင်း။
လက်ရှိအခြေအနေ - စိတ်အသိဆင်းသက်ခြင်း။
နေထိုင်ချိန် - နှစ်သုံးဆယ်။
" နေထိုင်ချိန်က နှစ်သုံးဆယ်ပဲလား။ "
" ဒါဆို နေထိုင်ချိန်က ငါ့ရဲ့ အဆင့်အပေါ် မူတည်တာမဟုတ်ပဲ ကမ္ဘာအဆင့်ပေါ် မူတည်နေတာလား။ " လင်းယွမ်က တွေးမိသွား၏။
ယခင် ဆင်းသက်မှု ခြောက်တွင် သူ၏ နေထိုင်ချိန်က တစ်ကြိမ်ထက် တစ်ကြိမ် ပို၍ ကြာမြင့်လာသောကြောင့် ၎င်းက သူ၏ အဆင့်ပေါ်တွင် မူတည်သည်ဟုယုံကြည်ခဲ့သည်။
သို့သော် ယခု သူ ဆင်းသက်သော ကမ္ဘာ၏ အဆင့်ပေါ်တွင် မူတည်နေပုံရလေသည်။ ယခုကမ္ဘာက အနိမ့်ဆုံး သိုင်းပညာကမ္ဘာ သို့မဟုတ် သိုင်းပညာမရှိသော ကမ္ဘာသာ ဖြစ်နိုင်ပြီး သူ ပထမဆုံး ဆင်းသက်ခဲ့သော ကမ္ဘာထက်ပင် ပိုမိုအားနည်းဖွယ်ရှိသည်။
" ကမ္ဘာဖျက်ဆီးခြင်းမူလစွမ်းအား တစ်မျှင်ကို အသုံးပြုပြီး ဆင်းသက်တာက တကယ်ကျပန်းပဲ။ အရင်ခြောက်ကြိမ်တုန်းက ငါကံကောင်းခဲ့လို့ ငါ ဆင်းသက်တဲ့ ကမ္ဘာတိုင်းက ငါ့ရဲ့ တိုးတက်မှုအတွက် အထောက်အကူဖြစ်ခဲ့တာ။ ဒါပေမယ့် ဒီတစ်ခါတော့ အရင်လို ကံမကောင်းနိုင်တော့ဘူး။ " လင်းယွမ်က တိတ်ဆိတ်စွာ စဉ်းစားလိုက်သည်။
ဤကမ္ဘာက သူ၏ မူလရည်ရွယ်ချက်များကို သက်ရောက်မှုမရှိပေ။ အမှန်တွင် သူဆင်းသက်သော ကမ္ဘာက ပို၍ အားနည်းလျှင် လင်းယွမ်က ပို၍ ဝမ်းသာသင့်ပေသည်။
စိတ်နှလုံးနတ်ဆိုးက မရေတွက်နိုင်သော သက်ရှိများ၏ ဆန့်ကျင်ဘက် စိတ်ခံစားမှုမှ ထွက်ပေါ်လာခြင်းဖြစ်လျှင် မူလကမ္ဘာမှ မရေတွက်နိုင်သော သက်ရှိများ၏ ဆန့်ကျင်ဘက် စိတ်ခံစားမှုများမှ စုစည်းထားသော စိတ်နှလုံးနတ်ဆိုးထက် ဤအဆင့်နိမ့်ကမ္ဘာမှ စိတ်နှလုံးနတ်ဆိုးက များစွာ အားနည်းပေလိမ့်မည်။