← Chapters

စိတ်နှလုံးနတ်ဆိုးကပ်ဘေးကို ဖြတ်ကျော်ခြင်း....

Vol. 21 Ch. 329

စိတ်နှလုံးနတ်ဆိုးကပ်ဘေးကို ဖြတ်ကျော်ခြင်း....

Vol. 21 Ch. 329

လင်းယွမ်အတွက် ဤကမ္ဘာတွင် စိတ်နှလုံးနတ်ဆိုးကို ရင်ဆိုင်ခြင်းက အခ​က်အခဲကို လျှော့ချခြင်းနှင့် တူညီလေသည်။

" စိတ်နှလုံးနတ်ဆိုးကို ရင်ဆိုင်တာက ရုပ်ခန္ဓာ၊ စိတ်ဝိညာဉ်တို့နဲ့ မသက်ဆိုင်ဘူး။ သူ့ရဲ့ ပစ်မှတ်က စိတ်စွမ်းအားပဲ။ "

" နယ်ပယ်လုံလောက်ရင် ဘယ်အချိန်ပဲဖြစ်ဖြစ် စိတ်နှလုံးနတ်ဆိုးကို ဆင်းသက်လာစေနိုင်တယ်။ ရုပ်ခန္ဓာနဲ့ စိတ်ဝိညာဉ်က သတ္တမအလွှာ အထွတ်အထိပ်ကို ရောက်ဖို့ မလိုဘူး။ " လင်းယွမ်က စဉ်းစားလိုက်သည်။

အဋ္ဌမအလွှာသို့ တက်လှမ်းရန် လူတစ်ယောက်၏ ရုပ်ခန္ဓာနှင့် စိတ်ဝိညာဉ်က ပြည့်စုံခြင်း ကန့်သတ်ချက်သို့ ရောက်ရန် လိုအပ်လေသည်။ သို့သော် စိတ်နှလုံးနတ်ဆိုးကို ရင်ဆိုင်ရာတွင် ထိုသို့သော လိုအပ်ချက်များ မရှိပေ။ လင်းယွမ်က ယခုပင်လျှင် စိတ်နှလုံးနတ်ဆိုးကို ဆင်းသက်လာစေနိုင်သည်။

" ဒီမှာ နေတာက နှစ်သုံးဆယ်ဆိုတော့ သိပ်မများပေမယ့် အလျင်လိုစရာမလိုပါဘူး။ "

လင်းယွမ်က ပတ်ဝန်းကျင်က်ု စစ်ဆေးကြည့်လိုက်သည်။ သူ၏ လက်ရှိအခြေအနေက သိပ်မကောင်းပေ။ စိတ်နှလုံးနတ်ဆိုးကပ်ဘေးကို ဖြတ်ကျော်နေစဉ် ပြင်ပမှ တစ်စုံတစ်ယောက်က နှောက်ယှက်ခဲ့လျှင် ပြဿနာရှိနိုင်လေသည်။

" ဟမ် အဘိုးကြီး ဘာလို့ရပ်နေတာလဲ။ "

" ခင်ဗျားက တကယ်ထွက်ပြေးနိုင်မယ်ထင်နေတာလား။ ဘယ်ကိုများ ထွက်ပြေးချင်နေတာလဲ။ "

လင်းယွမ်က သူ၏ သွေးနှင့်ချီကို ချိန်ညှိပြီး မတ်တပ်ရပ်လိုက်ချိန်တွင် လက်နက်များနှင့် လူနှစ်ယောက်က သူ့ကို ကြည့်လိုက်ကြသည်။

" ထွက်သွားစမ်း " လင်းယွမ်က ထိုလူနှစ်ယောက်ကို တစ်ချက်ကြည့်လိုက်သည်။

လင်းယွမ်က ယခုမှနိုးထလာခြင်းဖြစ်ပြီး မည်သည့်စွမ်းအားကိုမှ အသုံးပြုနိုင်ခြင်းမရှိဘဲ စိတ်စွမ်းအားနှင့်ပက်သက်သော နည်းလမ်းများကိုသာ အသုံးပြုနိုင်လေသည်။

သန်မာသော လူနှစ်ယောက်က လင်းယွမ် တစ်ချက်ကြည့်လိုက်သည်နှင့် ကမ္ဘာကြီးပြိုလဲသွားသကဲ့သို့ ခံစားလိုက်ရပြီး သူတို့၏ စိတ်ဝိညာဉ်များက ကြေမွသွားသကဲ့သို့ စိတ်စွမ်းအားများ ပြိုကွဲသွားပြီး မြေပြင်တွင် လဲကျကာ ထိန်းချုပ်နိုင်စွမ်းမရှိဘဲ တုန်ယင်နေကြသည်။ သူတို့၏ ခန္ဓာကိုယ်များက အသက်ရှိနေသော်လည်း စိတ်ဝိညာဉ်များက ပြိုကွဲသွားခဲ့သည်။

၎င်းက သန်မာသော စိတ်စွမ်းအား၏ အားသာချက်ဖြစ်၏။ တစ်ချက်ကြည့်ရုံနှင့် ပြိုင်ဘက်ကို ချေမှုန်းနိုင်လေသည်။

နောက်ထပ်အကြောင်းရင်းမှာ ထိုလူနှစ်ယောက်က အလွန်အားနည်းသောကြောင့် ဖြစ်သည်။ သူတို့က ဆဋ္ဌမအလွှာ သို့မဟုတ် သတ္တမအလွှာ ဆင့်ကဲပြောင်းလဲသူများဖြစ်လျှင် သူတို့၏ စိတ်စွမ်းအားက လင်းယွမ်ထက် များစွာ နိမ့်ကျလျှင်တောင် ရုပ်ခန္ဓာနှင့် စိတ်ဝိညာဉ် ကာကွယ်မှုကြောင့် ယခုလောက် အားနည်းမည်မဟုတ်ပေ။

" သွားမယ်။ " လင်းယွမ်က သာမန်အတိုင်း လမ်းလျှောက်ထွက်သွားသည်။

လမ်းတစ်လျှောက်တွင် အချို့လူများက သူ့ကို တားဆီးကြသော်လည်း လင်းယွမ်၏ အကြည့်အားတွင် အားလုံး ပြိုလဲသွားကြသည်။ သူ၏ လက်ရှိစိတ်စွမ်းအားဖြင့် သူတို့ကဲ့သို့ လူများ ရာပေါင်းများစွာ ဝန်းရံထားလျှင်တောင် ထွက်သွားနိုင်မည်ဖြစ်သည်။ ယခုတောင် သူ၏ ရုပ်ခန္ဓာက အားနည်းနေဆဲ ဖြစ်ပြီး စိတ်စွမ်းအားကို ထုတ်ဖော်ရာတ်ခင် ကန့်သတ်ချက်များ ရှိနေဆဲ ဖြစ်သည်။

အချိန်များက တရွေ့ရွေ့ ကုန်ဆုံးလာပြီး မျက်စိတစ်မှိတ်အတွင်း ဆယ်နှစ်တာ ကြာသွားခဲ့သည်။

ထိုဆယ်နှစ်အတွင်း လင်းယွမ်က စိတ်နှလုံးနတ်ဆိုးကပ်ဘေးကို မဖြတ်ကျော်သေးဘဲ ကမ္ဘာအနှံ့ ခရီးသွားပြီး သက်ရှိများကို လေ့လာခဲ့သည်။

လင်းယွမ်ဆင်းသက်ပြီး လေးနှစ်အကြာတွင် မဟာယန်မင်းဆက်က ပုန်ကန်သူစစ်တပ်များ၏ သိမ်းပိုက်ခြင်းကို ခံခဲ့ရပြီး လုံးဝပြိုလဲသွားခဲ့သည်။ ထိုအချိန်တွင် ကမ္ဘာကြီးက ရှုပ်ထွေးနေပြီး စစ်ဘုရင်များက အလှည့်ကျအုပ်စိုးခဲ့ကြသည်။

နောက်ဆုံးတွင် စစ်ဘုရင်တစ်ဦးက မဟာချူအလံကို ဝှေ့ရမ်းပြီး တောင်ဘက်မှ မြောက်ဘက်သို့ စစ်ပွဲများ ဆင်နွှဲလာခဲ့သည်။ ခြောက်နှစ်အကြာတွင် သူက မငြိမ်မသက်မှုများကို အဆုံးသတ်ပြီး မဟာချူအင်ပါယာကို တည်ထောင်ခဲ့သည်။

ချိုင့်ဝှမ်းတစ်ခုတွင် သက်လတ်ပိုင်းလူတစ်ယောက်က အပြင်ဘက်တွင် ရိုသေစွာရပ်ပြီး တစ်စုံတစ်ခုကို စောင့်ဆိုင်းနေသည်။ အခြားလူတစ်ယောက် ရှိနေလျှင် ထိုသက်လတ်ပိုင်းလူက မဟာချူအင်ပါယာ၏ တည်ထောင်သူ ဧကရာဇ်ဖြစ်ကြောင်း သိပေလိမ့်မည်။

သို့သော် ယခုအခါ အင်ပါယာ၏ တည်ထောင်သူက ချိုင့်ဝှမ်းအပြင်ဘက်တွင် ရိုကျိုးစွာဖြင့် ရပ်နေခဲ့သည်။

ထို့နောက် ကောင်လေးတစ်ယောက်က ချိုင့်ဝှမ်းထဲမှ ထွက်လာသည်။

" အင်မော်တယ်သခင်က ငါ့ကို တွေ့ဖို့ ဆန္ဒရှိလား။ " သက်လက်ပိုင်းလူကြီးက ကောင်လေးကို မြင်သည်နှင့် ချက်ချင်း မေးလိုက်သည်။

" မင်းထွက်သွားလို့ရပြီ။ "

" ဆရာက မင်းတို့နှစ်ယောက်ကြားမှာ ထင်ရှားတဲ့ ကြင်နာမှုမရှိဘူးလို့ပြောတယ်။ အဲ့ဒါကို စိတ်ထဲမထားသင့်ဘူး။ " ကောင်လေးက လေးနက်စွာ ပြောလိုက်သည်။

" ထင်ရှားတဲ့ ကြင်နာမှုမရှိဘူး။ " သက်လတ်ပိုင်းလူကြီးက ညိုးငယ်သွားပြီး အတွေးထဲနစ်မြှုပ်သွားသည်။

အင်မော်တယ်သခင်၏ ကြားဝင်ဆောင်ရွက်ခြင်းမရှိခဲ့လျှင် သူက လွန်ခဲ့သော နှစ်များကတည်းက ပုန်ကန်သူစစ်တပ်များ၏ လက်ထဲတွင် သေဆုံးခဲ့မည်ဖြစ်ပြီး အင်ပါယာကို တည်ထောင်နိုင်မည်မဟုတ်ပေ။

သူက အင်မော်တယ်သခင်နောက်သို့ နှစ်အနည်းငယ်သာ လိုက်ခဲ့သော်လည်း အင်မော်တယ်သခင်က စစ်မှန်သော အင်မော်တယ်တစ်ပါးဖြစိသည်ကို သိခဲ့လေသည်။ မဟာဧကရာဇ်ရာထူးပင်လျှင် အင်မော်တယ်သခင်၏ မျက်လုံးထဲတွင် သာမန်သာ ဖြစ်လေသည်။

" ကောင်းပါပြီ။ " သက်လတ်ပိုင်းလူကြီးက သက်ပြင်းချလိုက်သည်။ " အင်မော်တယ်သခင်ကို ပြောပေးပါ။ မဟာချူက အင်မော်တယ်သခင်ရဲ့ ရုပ်တုကို နေတိုင်းပူဇော်ပါမယ်လို့ အာမခံပါတယ်။ "

ချိုင့်ဝှမ်းအတွင်း၌ လင်းယွမ်က ထွက်ခွာသွားသော သက်လတ်ပိုင်းလူကြီးကို တစ်ချက်ကြည့်လိုက်သော်လည်း သူက သိပ်ဂရုမစိုက်ပေ။ သူက ဤကမ္ဘာမှ မဟုတ်ပေ။ သူ၏ လုပ်ဆောင်မှုတိုင်းက သာမန်အတိုင်းသာ လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။

မဟာယန်ပျက်စီးပြီး ကမ္ဘာကြီးရှုပ်ထွေးလာသောအခါ လင်းယွမ်က စိတ်ပျက်သွားခဲ့သည်။ ထို့ကြောင့် သူက ကမ္ဘာကြီး တည်ငြိမ်စေရန် ဧကရာဇ်တစ်ပါးကို ပျိုးထောင်ခဲ့ပြီး ဘေးမှ ရပ်ကြည့်နေခဲ့သည်။

" ငါ့ရဲ့ စိတ်စွမ်းအားညွှန်းကိန်းက ၁၂၀၀၀ ကျော်လောက် ရှိလောက်ပြီမဟုတ်လား။ "

လင်းယွမ်က တွေးလိုက်၏။ လွန်ခဲ့သော ဆယ်နှစ်တာကာလအတွင်း သူက ကမ္ဘာအနှံ့ ခရီးသွားကာ သက်ရှိများကို လေ့လာပြီး သူ၏ စိတ်စွမ်းအားကို မြှင့်ဆင်ခဲ့သည်။

" ဒီမှာတော် နတ်ဆိုးကျောက်စိမ်းနေရာကို မခံစားရဘူးပဲ။ " လင်းယွမ်၏ စိတ်ထဲတွက် အတွေးတစ်ခု ဝင်လာသည်။

မူလကမ္ဘာတွင် နတ်ဆိုးကျောက်စိမ်းအမှတ်အသား ပေါ်လာသည်နှင့် လင်းယွမ်က ကျယ်ပြောသော နတ်ဆိုးကျောက်စိမ်းနေရာကို ခံစားမိခဲ့သည်။ သို့သော် ဤနေရာတွင် သူက ၎င်းကို မခံစားမိပေ။

ထို့ကြောင့် နတ်ဆိုးကျောက်စိမ်းမျှော်စင်က အနန္တကမ္ဘာများ၏ ဂိတ်တံခါးထက် များစွာနိမ့်ကျသည်ကို သိနိုင်လေသည်။ ဂိတ်တံခါးကို သာမန်အတိုင်း ဖြတ်သန်းခြင်းကပက် နတ်ဆိုးကျောက်စိမ်းမျှော်စင်၏ အာရုံခံနိုင်စွမ်းထက် ကျော်လွန်နေပြီဖြစ်သည်။

နောက်ထပ်ဆယ့်ငါးနှစ်ကြာပြီးနောက် မဟာချူအင်ပါယာက သာယာဝပြောသော ကာလသို့ ရောက်လာပြီး လူဦးရေလည်း သိသိသာသာ တိုးလာခဲ့သည်။ မဟာချူဧကရာဇ်ကို ပြည်သူအားလုံးက သဘောကျကြလေသည်။

မဟာချူ၏ တည်ထောင်သူ ဧကရာဇ်က သူ၏ လုပ်ဆောင်မှုအားလုံးက အင်မော်တယ်သခင်၏ လမ်းညွှန်မှုများ ဖြစ်သည်ဟု ပွင့်ပွင့်လင်းလင်း ပြောကြားခဲ့သည်။

အင်မော်တယ်သခင်မရှိလျှင် သူလည်းမရှိ မဟာချူအင်ပါယာလည်း မရှိနိုင်ပေ။ ထို့ကြောင့် အင်ပါယာတစ်ခုလုံးက အင်မော်တယ်သခင်၏ ရုပ်တုကို နေ့ရောညပါ ကိုးကွယ်ကြသည်။

တောင်ထိပ်တစ်ခုပေါ်တွင် လင်းယွမ်က ခြေချိတ်ထိုင်နေသည်။

" ကံမကောင်းတာက ဒီကမ္ဘာက အရမ်းအားနည်းတယ်။ သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်ကို ဖြန့်ကျက်ဖို့တောင် မလိုအပ်ဘူး။ " လင်းယွမ်က တွေးလိုက်သည်။

လင်းယွမ်က သိုင်းတာအိုဆင့်ကဲပြောင်လဲခြင်းလမ်းစဉ်ကို ဖြန့်ကျက်ခဲ့လျှင်တောင် ဤကမ္ဘာမှ လူများက ရှန်ထျန်းအဆင့်ထိသာ ကျင့်ကြံနိုင်ကြပေလိမ့်မည်။ သူတို့က သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်၏ အနှစ်သာရကိုပင် ထိတွေ့နိုင်ခြင်းမရှိပေ။ ထို့ကြောင့် လင််းယွမ်ကလည်း မည်သည့်အကျိုးကျေးဇူးမှ ရမည်မဟုတ်ပေ။

သို့သော် လင်းယွမ်က လုံးဝလက်လျှော့လိုက်ခြင်းတော့ မရှိပေ။ ဆယ့်ငါးနှစ်တာကာလအတွင်း သူက ကမ္ဘာအနှံ့လှည့်လည်သွားလာခဲ့ပြီး သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်ကို ထူးခြားသော သတ္တုများပေါ်တွင် ရေးထွင်းပြီး ကမ္ဘာအနှံ့အပြားသို့ ဖြန့်ဝေခဲ့သည်။

တစ်နေ့ ဤကမ္ဘာက ဖိနှိပ်မှုမှ လွတ်မြောက်ခဲ့လျှင် သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်လည်း ထွက်ပေါ်လာပေလိမ့်မည်။

" စိတ်နှလုံးနတ်ဆိုးကပ်ဘေးကို ဖြတ်ကျော်ဖို့ အချိန်ကျပြီ။ " လင်းယွမ်က ဆုံးဖြတ်ချက်ချလိုက်သည်။

သူ၏နေထိုင်ချိန်က ငါးနှစ်ကျန်သေးသော်လည်း စိတ်စွမ်းအားက အကန့်အသတ်သို့ ရောက်နေပြီး ဆက်လက်လေ့ကျင့်လည်း အကျိုးမထူးတော့ပေ။

လင်းယွမ်က အတွေးတစ်ချက်နှင့် စိတ်နှလုံးနတ်ဆိုးကို ဆင့်ခေါ်လိုက်ပြီး စိတ်နှလုံးနတ်ဆိုးကပ်ဘေးက ဆင်းသက်လာသည်။

အနည်းငယ် မူးဝေသွားပြီးနောက် လင်းယွမ်က မျက်လုံးများ ဖွင့်လိုက်သည်။ သူက အခန်းတစ်ခန်းထဲတွင် ရှိနေသည်ကို တွေ့လိုက်ရသည်။

" ဒါက ဘယ်နေရာလဲ။ "

လင်းယွမ်က ပတ်ဝန်းကျင်ကို မလေ့လာနိုင်မီ သူ၏ မိခင် လုချုံးက အခန်းထဲသို့ ဝင်လာသည်။ " ရှောင်ယွမ် သားဦးလေးကို အမေ မေးပြီးပြီ။ မဖြစ်မနေ စစ်မှုထမ်းစာရင်းထဲကနေ ဖယ်ရှားပေးနိုင်တယ်လို့ ပြောတယ်။ "

လုချုံးက ပျော်ရွှင်စွာ ပြောလိုက်သည်။

All Chapters