← Chapters

အခန်း (၇၈၁)

Vol. 57 Ch. 781

အခန်း (၇၈၁)

Vol. 57 Ch. 781

မြင့်မြတ်တဲ့အနှစ်သာရပါတဲ့ချိပ်တံဆိပ်က အတွေးနဲ့တင် ဥပဒေဿတွေကို ဖန်တီးနိုင်တယ်

စုမင်က မျက်ခုံးလှုပ်သွားလေသည်။ သူက နေ၊ လ နှင့်ကြယ်တစ်ပွင့်ပုံရိပ်ယောင်စွမ်းရည်ကို လူနှစ်ဦးအပေါ်တွင် အသက်သွင်းခဲ့သည်။ တစ်ယောက်က ထျန်းလင်းဖြစ်ပြီးနောက်တယောက်ကတော့ ကျင့်နန်ကျစ်ပင်ဖြစ်၏။

ဤလူနှစ်ဦးက ပုံ‌ရိပ်ယောင်စွမ်းရည်ထဲတွင် ပိတ်မိနေစဉ် တူညီစွာတုံ့ပြန်ခဲ့ကြသည်။ သူတို့၏အဖိုးတန်ဆုံးမှတ်ဉာဏ်...ထိုအရာက သူတို့ မမှတ်မိချင်ဆုံးမှတ်ဉာဏ်ဟုပြောလျှင် ပို၍မှန်လိမ့်မည်။စုမင်၏စွမ်းရည်က သူတို့၏ထိုမှတ်ဉာဏ်ကို တူးဆွပြီး သူတို့၏ပြင်းစွာသောနာကျင်မှုကို ထပ်မံသတိရစေလေသည်။

သူတို့က ထိုစွမ်းရည်ထဲတွင် နစ်မြုပ်နေစဉ် သူတို့၏ခုခံနိုင်စွမ်းက နည်းပါးသွား၏။ သူတို့၏စိတ်ကိုတိုက်ခိုက်သူက သူတို့ကိုယ်တိုင်ပင်ဖြစ်သည်။

စုမင်က ထိုစွမ်းရည်ဖြင့် သူတို့ကိုလှည့်ဖြားကာ သူတို့၏မှတ်ဉာဏ်ထဲရှိ အရာအားလုံးကို မြင်နိုင်သည်။ သူကိုယ်တိုင် မျက်မြင်ကြုံတွေ့နေရသလိုမျိုးကဲ့သို့ ခံစားရလေ၏။ ကျင့်နန်ကျစ်က သူ့အစ်ကို၏အလောင်းကို ကိုက်စားနေသည်ကို မြင်လိုက်ရသောအခါ စုမင်၏ နှလုံးသားများ တုန်လှုပ်သွားသည်။

“ခန္ဓာကိုယ်ကရတဲ့ဒါဏ်ရာတွေကို ဆေးဖက်ဝင်အမြုတေသုံးပြီးကုသလို့ရတယ်..ဒါပေမဲ့ ငါတို့နှလုံးသားထဲကဒါဏ်ရာတွေက စိတ်ဒါဏ်ရာတွေပဲ..သူတို့ကို ကုသဖို့ တစ်ခုတည်းသောနည်းလမ်းက အချိန်ရဲ့တိုက်စားမှုပဲ...”

‘ငါ့ရဲ့ ကြယ်၊ နေ၊ လ ရဲ့ ပုံရိပ်ယောင်စွမ်းရည်က လူတစ်ယောက်ရဲ့ခန္ဓာကိုယ်ကို မထိခိုက်စေဘူး.. ထိခိုက်နိုင်တဲ့စွမ်းရည်လို့တောင်ယူဆလို့မရဘူး..ဒီစွမ်းရည်က လူတစ်ဦးရဲ့နှလုံးသားထဲက အနူးညံ့ဆုံးမှတ်ဉာဏ်ကို ဆွဲထုတ်ပြီး စူးစူးရှရှနာကျင်‌စေတဲ့ဝေဒနာဖြစ်အောင်လုပ်နိုင်တယ်...ချိပ်တံဆိပ်ခတ်ခံရတဲ့မှတ်ဉာဏ်က ပြန်ပေါ်လာပြီး လူတစ်ယောက်ရဲ့နှလုံးသားကို ကွဲလုမတတ်နာကျင်ခံစားရ‌စေတယ်...”

စုမင်၏မျက်လုံးများတွင် နားလည်မှု ပေါ်လာသောအခါ ကျင့်နန်ကျစ်က ခေါင်းမော့ကာ ကျယ်လောင်စွာဟိန်းဟောက်လိုက်သည်။ သူက သူ့ခမောက်ကိုချွတ်လိုက်သောအခါ သွေးနီရောင်ဆံပင်များနှင့်ထူးထူးခြားခြားကြောက်မက်ဖွယ်ကောင်းသောသူ့မျက်နှာက ပေါ်လွင်လာ၏။

သို့သော် ထိုအချိန်တွင် သူ့မျက်နှာက သွေးမရှိသကဲ့သို့ ဖြူဖျော့နေ၏။ သူ့မျက်လုံးများက နီရဲလာပြီး သူ့ပါးစပ်က သွေးများတောင် စီးကျလာသည်။ သူ နောက်ပြန်ဆုတ်သွားလေသည်။ ထျန်းလင်း၏ရူးသွပ်သောတိုက်ခိုက်မှုများက သူသွေးအန်ရခြင်း၏တစ်စိတ်တစ်ပိုင်းဖြစ်သည်။သို့သော်လည်း ၎င်းနောက်ကွယ်တွင်ပိုကြီးသောအကြောင်းရင်းမှာ ယခုမှသူသတိရလာသောအမှတ်တရကြောင့်ဖြစ်၏။

“အစ်ကိုကြီး…”

ကျင့်နန်ကျစ်က နောက်သို့ပြန်ဆုတ်သွားခဲ့သည်။ နာကျင်မှုက သူ့မျက်လုံးထဲမှာ ချက်ချင်းပေါ်လာ၏။ သူ့ခန္ဓာကိုယ်က တသိမ့်သိမ့် တုန်လှုပ်သွားသည်။ထိုအချိန်တွင် ထျန်းလင်း၏မျက်နှာကသတ်ဖြတ်လိုစိတ်များဖြင့် ပြည့်နှက်နေပြီး သူ့ရတနာပစ္စည်းများကိုသုံးပြီး စွမ်းရည်များကို အသက်သွင်း‌နေလေ၏။

“ဗုန်းးးးးဗုန်းးးးဗုန်းးးးး”

ကျင့်နန်ကျစ်က ကြောက်လန့်စွာနောက်ဆုတ်ခဲ့ပြန်သည်။ သူ့ပါးစပ်ထောင့်မှ သွေးများ စီးကျလာပြီး မျက်လုံးများတွင် နာကျင်ခြင်းနှင့်ရှုပ်ထွေးမှုများ ရှိနေသည်။ ထျန်းလင်းက သူ့စွမ်းအားအကုန်လုံးကိုထုတ်သုံးပြီး ကျင့်နန်ကျစ်ကိုလက်သီးဖြင့်ထိုးလိုက်သည်။

“အတိတ်က မင်းငါ့ကို ဘာလို့မသတ်ခဲ့တာလဲဆိုတာ သိတယ်..ထျန်းမျိုးနွယ်စုရဲ့

မြင့်မြတ်တဲ့စွမ်းရည်က ကျင့်ကြံသူတွေကြားမှာ ရှားပါးလို့လေ..ငါတို့က အပင်တွေနဲ့ကျွမ်းကျွမ်းကျင်ကျင်ပေါင်းစပ်နိုင်တယ်..ပြီး‌တော့ရှားပါးဆင့်ပွားချပ်ဝတ်တန်ဆာကို စုစည်းနိုင်တဲ့ အခွင့်အရေးတောင် ရှိတယ်...”

“မင်းက ထျန်းမျိုးနွယ်စုရဲ့ဆင့်ပွားချပ်ဝတ်တန်ဆာကိုမက်မောလို့ ငါ့ကိုမသတ်ခဲ့တာလေ..မင်းက အဲဒီစွမ်းအားကို ကိုယ်တိုင်မယူနိုင်ခဲ့ဘူး..စစ်မှန်တဲ့ယင်လောကမှာနေတဲ့ထျန်းမျိုးနွယ်စုဆီကလဲ မရခဲ့ဘူး..ဒါ့ကြောင့် မင်းရနိုင်တာဆိုလို့ ငါတို့ထျန်းအိမ်ပဲကျန်တော့တာလေ..”

“မင်း ငါ့ကိုဘာလို့မသတ်တာလဲဆိုတော့ ဘိုးဘေးတွေနဲ့ယှဉ်ရင် ငါ့သွေးကအပျစ်ဆုံးမလို့လေ..ပြီးတော့ငါက ငါ့‌ဘိုးဘေးတွေထက် ဆင့်ပွားချပ်ဝတ်တန်ဆာကို စုစည်းနိုင်စွမ်းရှိလို့လေ..”

“မင်းက ထျန်းမျိုးနွယ်စုရဲ့ပထမမျိုးဆက်ကို ဒီအပင်လေးလက်ဆောင်ပေးခဲ့တယ်..ပြီးတော့ ဒီအပင်လေးကို မျိုးရိုးစဉ်ဆက်လက်ဆင့်ကမ်းခဲ့ကြတယ်..မင်းလိုချင်တာက ဒီအပင်ကနေရတဲ့ ဆင့်ပွားချပ်ဝတ်တန်ဆာပဲ..ငါ မင်းရဲ့အကြံကိုသိပေမဲ့ အဲဒီအပင်နဲ့ပေါင်းစပ်ခဲ့တယ် ဘာလို့ဆို အဲလိုလုပ်မှ ငါ့ရဲ့အပြင်းထန်ဆုံးစွမ်းအားတွေထုတ်ပြီး မင်းကိုသတ်နိုင်မှာ”

ထျန်းလင်းက ကျယ်လောင်စွာဟိန်းဟောက်လိုက်သည်။ သူ့ရှေ့ရှိသစ်ကိုင်းများက ရူးသွပ်စွာယိမ်းထိုးနေပြီး ကျယ်လောင်သောအသံများက လေထဲတွင် ထွက်ပေါ်လာသည်။ ၎င်းတို့က ကျင့်နန်ကျစ်ဆီကို တွားသွားကြပြီး မျက်စိတစ်မှိတ်အတွင်းမှာပင် ဘေးနားရှိ ကျောက်နံရံကို ဝင်တိုက်လိုက်သည်။

“ဗုန်းးးးးးးး”

ကွဲကြေနေသော ကျောက်တုံးအပိုင်းအစများက လေထဲသို့ ပျံတက်သွားသည်။ စုမင်က အဝေးမှာနေရင်း အသက်ပြင်းပြင်းရှူရှိုက်လိုက်သည်။ နေနှင့်လပုံရိပ်သည် သူ့မျက်လုံးများမှ ပျောက်ကွယ်သွားပြီး သူ့လက်ထဲတွင် လူသတ်ဓားကို တင်းကျပ်စွာ ဆုပ်ကိုင်ထားသည်။ထို့ပြင် သူ့မျက်လုံးများက ဒေါသမီးများဖြင့် တောက်လောင်နေဧ။်။ သူတိုက်ခိုက်ခါနီးမှာ သူ့မျက်ခုံးများက ရုတ်တရက် လှုပ်လာသည်။

“မင်းတို့ တိုက်လို့ပြီးပြီလား”

ကျောက်နံရံမှာ တစ်ဝက်နစ်မြုပ်နေသောကျင့်နန်ကျစ်က ခေါင်းမော့လိုက်သည်။ သူ့ပါးစပ်ထောင့်မှာ သွေးများရှိနေသေးသည်။ သို့ရာတွင် သူ့မျက်လုံးထဲရှိ ကြည်နူးမှုနှင့် စိတ်ရှုပ်ထွေးမှုများ ပျောက်ကွယ်သွားပြီး အေးစက်မှုက အစားထိုးဝင်ရောက်လာသည်။

ကျင့်နန်ကျစ်က ထိုစကားများကိုပြောပြီး သူ့ညာလက်ကိုမြှောက်ကာ တိုးဝင်လာ သောထျန်းလင်း၏လက်သီးကိုဖမ်းဆုပ်လိုက်သည်။ သူက ထျန်းလင်း၏လက်ကို ဆောင့်ဆွဲလိုက်ပြီး ပြန်တွန်းလိုက်သည်။ ထိုစဉ် ထျန်းလင်း၏ခန္ဓာကိုယ်က တသိမ့်သိမ့်တုန်လှုပ်လာပြီး သလင်းကျောက်အလင်းတန်းများစွာ ထွက်ပေါ်လာသည်။

ထိုသလင်းကျောက်အလင်းတန်းများစွာမှာ နတ်ဘုရားအာရုံ၏အနှစ်သာရစွမ်းအားဖြစ်၏။ ထိုအချိန်မှာ ထိုစွမ်းအား တစ်ဝက်လောက်က ပြန့်ကျဲသွားလေသည်။ ထျန်းလင်းလဲ ပေါက်ကွဲသံနှင့်အတူ မြေပြင်ပေါ်သို့လဲကျသွားလေသည်။ သူ့မျက်နှာပေါ်တွင် စိတ်ပျက်လက်ပျက်အမူအရာဖြင့် သူ့ကိုယ်ကိုဒရွတ်တိုက်ဆွဲကာ ရုန်းကန်းခဲ့သည်။ သူ့စွမ်းအားအားလုံးကို အသုံးချပြီးဖြစ်သော်လည်း သူက ကျင့်နန်ကျစ်၏ပြိုင်ဘက်မဟုတ်သေးပေ။

“ငါ မင်းကို ထပ်လျှော့တွက်မိပြန်ပြီ”

ကျင့်နန်ကျစ်က နစ်မြုပ်နေသော နံရံမှ လှမ်းထွက်လာစဉ် ဆို့နင့်သောအက်ကွဲသံဖြင့် ပြောလိုက်သည်။ သူက ထျန်းလင်းကိုမကြည့်ဘဲ စုမင်ကို အဆိပ်ပြင်းမြွေတစ်ကောင်ကဲ့သို့ စိုက်ကြည့်နေလေသည်။

“မင်းမှာ ထိတ်လန့်တုန်လှုပ်စရာကောင်းတဲ့ အဆိပ်ပြင်း..ရတနာဘူးသီးခြောက်နဲ့ ငါ့ကိုထင်ယောင်ထင်မှားဖြစ်စေတဲ့စွမ်းရည်လဲရှိတယ်..အရမ်းတော်တယ် ကောင်လေး..တကယ်လို့ မင်းသာ လောကမှော်ယာဉ်ပျံအရှင်သခင်နယ်ပယ်ကျင့်ကြံသူဖြစ်လာရင်..ဒါမှမဟုတ်လောကမှော်ယာဉ်ပျံနယ်ပယ်ကနဉီးအဆင့်မှာရှိခဲ့ရင် ငါက မင်းရဲ့ပြိုင်ဘက်မဟုတ်တော့ဘူး..ဒါပေမဲ့ အခုတော့ မင်းသေကိုသေရမယ်..”

ကျင့်နန်ကျစ်၏မျက်လုံးများတွင် ပြင်းထန်သော သတ်ဖြတ်လိုစိတ် ပေါ်လာသည်။ သူက လူတစ်ယောက်ကို သတ်ချင်နေခဲ့တာ နှစ်ပေါင်းများစွာကြာခဲ့ပြီ။ထို့ပြင် စုမင်က သူ့ကိုယ်ပွားကို ဖျက်စီးပစ်လိုက်သောကြောင့် ပို၍ဒေါသထွက်ခဲ့သည်။ ယခုလိုမျိုး စုမင်က သူ့ဒါဏ်ရာဟောင်းကိုတူးဆွလိုက်တာက အမျက်ချောင်းချောင်းထွက်စေလေ၏။

ကျင့်နန်ကျစ်က ရွေ့လျားသွားပြီး သဲလွန်စမရှိဘဲ ပျောက်ကွယ်သွားသည်။ သူ ပျောက်ကွယ်သွားသောအခါ စုမင်၏ အမူအရာလဲ ပြောင်းသွား၏။ စုမင်လဲပျောက်ကွယ်သွားပြီး ထျန်းလင်း၏ရှေ့မှောက်တွင် ပြန်ပေါ်လာသည်။

ထို့နောက် ကျင့်နန်ကျစ်က ထျန်းလင်းရှေ့ရှိ လေထဲမှ ထွက်ပေါ်လာပြီး စွမ်းရည်တစ်ခုသုံးကာ စုမင်ကို ထိုးလိုက်သည်။

“မင်းက ငယ်သေးပေမဲ့ အတော်ပါးနပ်တဲ့ကောင်ပဲ..ငါ ထျန်းကောင်လေးကိုအရင်သတ်ချင်တာကို မင်းသိသွားတယ်..”

ကျင့်နန်ကျစ်က ထျန်းလင်းကို အလွယ်တကူသတ်ပစ်မည်ကို စုမင်

ခွင့်မပြုနိုင်ပေ။ သူတို့နှစ်ယောက်ထဲမှာ

ထျန်းလင်းက တိုက်ပွဲဝင်စွမ်းရည်ကို ပိုင်ဆိုင်ထားလေသည်။ ကြီးမားသည့်တိုက်ပွဲတွင် ထျန်းလင်းအသက်ရှင်ခဲ့လျှင်တောင် တိုက်ပွဲကို အောင်နိုင်မှာမသေချာသော်လည်း ထျန်းလင်းသေဆုံးသွားလျှင်တော့ တိုက်ပွဲနိုင်ရန်မျှော်လင့်ချက်ပင်ရှိတော့မည် မဟုတ်ပေ။

စုမင်က ကျင့်နန်ကျစ်နှင့်ထျန်းလင်းကြားတွင် ရပ်နေပြီး ပိတ်ဆို့ထားသည်။ သူက ကျင့်နန်ကျစ်၏လက်သီးကိုကာကွယ်ရန် ဓါးကိုလွှဲယမ်းလိုက်သည်။ စုမင်က သူ့ပြိုင်ဘက်၏ စွမ်းအားကို တွန်းလှန်နေပုံရသော်လည်း အမှန်တွင် သူက တိုက်ခိုက်လိုစိတ်မရှိပေ။ ရန်သူ၏တိုက်ခိုက်မှုအားလုံးက ခုခံကာကွယ်ရန်ဖြစ်၏။

“ဗုန်းးးးး..”

လူသတ်ဓားကို ကိုင်ထားသည့်စုမင်၏ညာလက်က သွေးထွက်သံယိုဖြစ်ကာ စုတ်ပြဲသွားသည်။ ထို့နောက် သူ့ခန္ဓာကိုယ်ရှိ တည်နေရာငါးခုချိပ်တံဆိပ်ပေါ်လာပြီး ဟန်တောင်တန်းခေါင်းလောင်းကြီး မြည်ဟည်းလာသည်။ ထို့နောက် စိတ်ဝိညာဉ်များကို ဖမ်းယူရန် စွမ်းအားပြည့်နေသောခေါင်းကိုးလုံးပါသော နဂါးကြီး ပေါ်လာသည်။ နဂါးကြီးက ကျင့်နန်ကျစ်၏ထိုးနှက်ချက်များကို တွန်းလှန်ရန် အာရုံစိုက်နေ၏။ ထိုစဉ် ဥမင်ထဲတွင် ကျယ်လောင်သောဆူညံသံတစ်ခု ထွက်ပေါ်လာသည်။

စုမင်က မြင့်မြတ်သောကြယ်တာယာဝတ်ရုံကိုဝတ်ဆင်ထားဆဲဖြစ်၏။ သူက ၀တ်ရုံ၏စွမ်းအားအပြည့်ကိုထုတ်သုံးရန်ခက်ခဲသော်လည်း ဝတ်ရုံ၏ခံစစ်စွမ်းရည်မှာ ကျန်ရှိနေသေး၏။ စုမင်က ကြယ်တာရာဝတ်ရုံကိုဝတ်ထားသော်လည်း သွေးအန်လိုက်ရ၏။ကျယ်လောင်သောတဗုန်းဗုန်းပေါက်ကွဲသံများ ထွက်ပေါ်လာစဉ် သူက ထျန်းလင်းကိုဆွဲ၍ နောက်ပြန်ဆုတ်သွားလေသည်။

စုမင် ဆုတ်ခွာသွားသောအခါ သူ့ညာလက်ဖြင့်ကံကြမ္မာ၏စွမ်းအားကို အသက်သွင်းလိုက်သည်။ ထို့နောက် ကျင့်နန်ကျစ်ကို ချိန်ရွယ်လိုက်သည်။ သူ့လက်အကျကနေ အဆိပ်‌ပြင်းနကျယ်ကောင်က လျှပ်တစ်ပြက် ပျံထွက်သွားပြီး ရန်သူကို ထိုးတုပ်လိုက်သည်။

ကျင့်နန်ကျစ်က အေးစက်စွာနှာမှုတ်ထုတ်လိုက်သော်လည်း သူ့နှလုံးသားမှာ ထိတ်လန့်တုန်လှုပ်နေ၏။ သူက လောကမှော်ယာဉ်ပျံအရှင်သခင်အလယ်အလတ်အဆင့်တွင်ရှိနေပြီဖြစ်ပြီး စုမင်က မဟာမြေကြီးနယ်ပယ်ကျင့်ကြံသူမျှသာ ဖြစ်၏။ သို့သော်သူက စုမင်ကို ကိုင်တွယ်ရန် မယုံနိုင်လောက်အောင် ခက်ခဲခဲ့သည်။

သူက စုမင်‌နောက်ကို လိုက်မည့်ဆဲဆဲတွင် သူ့ပတ်ဝန်းကျင်ရှိ ဥပဒေဿပြောင်းလဲမှုကို သတိပြုမိလိုက်သည်။ အချိန်က သူ့ခန္ဓာကိုယ်ကို ဆုပ်ကိုင်ထားပုံရပြီး သူ့ကို နောက်ပြန်ဆွဲခေါ်သွားသလိုပင် ခံစားရသည်။

သူ့စိတ်ထဲတွင် အန္တရာယ်‌အငွေ့အသက်တိုးဝင်လာသည်။ ကျင့်နန်ကျစ်က လှည့်ပြီး သူ့ဘေးနားက လေထုကိုဆုပ်ကိုင်လိုက်သည်။ လှိုင်းဂယက်များက ပတ်ဝန်းကျင်တွင် ပေါ်လာပြီး အဆိပ်ပြင်းနကျယ်ကောင်မှာ ရုပ်လုံးပေါ်လာသည်။ ထို့ပြင် ကျင့်နန်ကျစ်က နကျယ်ကောင်ကို လက်ညိုးဖြင့်တောက်ချလိုက်သည်။ ထိုစဉ် နကျယ်ကောင်က ဝှီးခနဲမြည်လျက် ပျောက်ကွယ်သွားခဲ့သည်။

ကျင့်နန်ကျစ်၏မျက်လုံးများက ဖျတ်ခနဲလင်းလက်လာသည်။ သူက နောက်ပြန်ဆုတ်သွားသောစုမင်ကို ကြည့်လိုက်သည်။ သူ၏ညာလက်ကို မြှောက်လိုက်ပြီးလေထုကိုဆုပ်ကိုင်လိုက်သည်။ သူ့

မျက်လုံးများက အနက်ရောင်အလင်းတန်းဖြင့်တောက်ပလာသည်။

“ဒီနေရာက ဥပဒေဿတွေက မီးတွေဖြစ်ပြီး နေရာက စည်းမျဥ်းတွေက သွေးတွေပဲ..ငါ့ရဲ့ မြင့်မြတ်တဲ့အနှစ်သာရပါတဲ့ ချိပ်တံဆိပ်အတူ လောကမှော်ယာဉ်ပျံအရှင်သခင်နယ်ပယ်ဧရိယာကို အတည်ပြုမယ်..ငါ ကျင့်နန်ကျစ်..ပေတစ်သိန်းဧရိယာအတွင်းမှာရှိတဲ့ အရှိန်.. ပြန်လည်ကောင်းမွန်ခြင်း..ရုပ်ပိုင်းဆိုင်ရာ စွမ်းအားတွေ၊ ရတနာတွေရဲ့ စွမ်းအားနဲ့ လည်ပတ်မှုတွေကို ချိပ်တံဆိပ်ခတ်လိုက်ပြီ...”

သူ့စကားတိုင်းတွင် အမြင့်မြတ်ဆုံးလိုအင်ဆန္ဒပါ၀င်နေသကဲ့သို့ပင် အရာရောက်နေလေသည်။ သူ့စကားက ဥပဒေဿကဲ့သို့ဖြစ်ပြီး၊သတ်မှတ်နေရာတစ်ခုရှိ လောကကြီး၏ ပြောင်းလဲမှုများနှင့် လုပ်ဆောင်မှုများကို ဆုံးဖြတ်နိုင်သည်။

အထူးသဖြင့် အရှိန်အဟုန်၊ ပြန်လည် ကောင်းမွန်ခြင်း၊ ရုပ်ပိုင်းဆိုင်ရာ စွမ်းအား၊ ထူးဆန်းသောရတနာများ၏စွမ်းအားနှင့်ကျင့်ကြံစွမ်းအားများအတွက်ပင် ဖြစ်၏။

ကျင့်နန်ကျစ်က အချက်ငါးချက်ကို တံဆိပ်ခတ်လိုက်ကြောင်းကြေညာလိုက်သော် စုမင်၏ဆုတ်ခွာသွားသောအရှိန်ကတဖြည်းဖြည်း ပျောက်ကွယ်သွားသည်။

တစ်ချိန်တည်းမှာပင် ထျန်းလင်း၏ဒဏ်ရာများမှ ‌ပြန်လည်ကောင်းမွန်ခြင်းလဲ ရပ်တန့်သွားခဲ့သည်။ သူ့ဒဏ်ရာများက စုတ်ပြဲယိုယွင်းလာပြီး ကုသ၍ မရတော့ပေ။

မကြာခင်မှာပင် စုမင်က ရုပ်ပိုင်းဆိုင်ရာစွမ်းအားများကို ဆုံးရှုံးသွားသလို ခံစားလိုက်ရသည်။ သူက ထိုစွမ်းအားများကို ထိန်းချုပ်နိုင်စွမ်းမရှိတော့သကဲ့သို့ ထူးဆန်းသောရတနာများနှင့် အဆက်အသွယ်ပြတ်သွားခဲ့သည်။ ထိုခဏ၌ပင် သူ၏ကျင့်ကြံစွမ်းအားနှင့် အဆက်အသွယ် ပြတ်သွားခဲ့သည်။ သူက သူ့စွမ်းအားများကို မဖြန့်ကျက်နိုင်တော့ပေ။

“လောကမှော်ယာဉ်ပျံစွမ်းအားက မြင့်မြတ်တဲ့အနှစ်သာရတွေကို စုစည်းနိုင်လိမ့်မယ်..မြင့်မြတ်တဲ့အနှစ်သာရပါတဲ့ချိပ်တံဆိပ်တွေက လောကအစိတ်အပိုင်းတစ်ခုရဲ့လုပ်ဆောင်ချက်တွေကို အတင်းအကျပ်ဝင်ရောက်စွက်ဖက်နိုင်တယ်..ပြီးတော့ ဒီလောကရဲ့ဆန္ဒကို အဲဒီချိပ်တံဆိပ်ရဲ့လိုအင်ဆန္ဒနဲ့အစားထိုးသွားမယ်..ပြီးတော့ ချိပ်ပိတ်တဲ့သူရဲ့စကားတွေက ဥပဒေဿဖြစ်သွားတဲ့ပုံစံမျိုးပဲ..”

“ဒါကိုလုပ်နိုင်တဲ့သူ့လို လောကမှော်ယာဉ်ပျံအရှင်သခင်နယ်ပယ်ကျင့်ကြံသူတွေအများကြီးမရှိဘူး..သူက မြင့်မြတ်တဲ့အနှစ်သာချိပ်တံဆိပ်ပါတဲ့အတွေးမျိုးနဲ့တင် ဥပဒေဿတွေကို ဖန်တီးနိုင်တယ်..သူက အရင်ကလို ငါတို့ကို ဆော့ကစားနေတာ..”

ထျန်းလင်းက ခါးခါးသီးသီး ပြောဆိုလိုက်သည်။

ကျင့်နန်ကျစ်က သူ့ညာဖက်လက်ကိုပြန်ရုတ်ပြီး စုမင်ကို စိမ်းစိမ်းဝါးဝါးကြည့်နေလေသည်။ ကျင့်နန်ကျစ် ရှေ့တိုးလာသည်နှင့် စုမင်၏နှလုံးသားထဲတွင် အသက်အန္တရာယ်ကို ခြိမ်းခြောက်နေသည့် ခံစားချက် တိုးဝင်လာသည်။

စုမင်၏မျက်ခုံးများ တုန်လှုပ်လာလေသည်။ထို့နောက် သူ့မျက်လုံးထဲတွင် စူးရှသော အလင်းတန်းတစ်ခု လင်းလက်လာသည်။ဤလူက သူနှင့်ပတ်သက်သော အရာအားလုံးကို တံဆိပ်ခတ်ထားသော်လည်း သူ၏ဝိညာဉ်ကို ချိပ်တံဆိပ်ခတ်ရန် မစွမ်းဆောင်နိုင်ခဲ့ပေ။အကယ်၍ သူသာ လိုအပ်ပါက၊ သူ့ခန္ဓာကိုယ်ကို စွန့်လွှတ်ပြီး သူ့ဝိညာဉ်ကို ဤနေရာမှ ထွက်ပြေးစေနိုင်သည်။

“ရောင်းရင်းစု..ကျုပ် မင်းရဲ့အကူအညီအတွက်ကျေးဇူးတင်တယ်…ကျုပ်သေသွားရင် ကျုပ်ရဲ့ဆင့်ပွားချပ်ဝတ်တန်ဆာကို မင်းယူလို့ရတယ် ဒါက မင်းအတွက် ကျုပ်ရဲ့လက်ဆောင်ပဲ”

ထျန်းလင်းက ရုတ်တရက်ပြောလိုက်ရင်း စုမင်နှင့်နေရာလဲလိုက်သည်။ သူ့နတ်ဘုရားအာရုံက ပေါက်ကွဲသံနှင့်အတူနတ်ဘုရား မီးလောင်သွားခဲ့သည်။ သစ်ပင်ကြီးလည်း မီးလောင်သွားခဲ့သည်။

“ကျင်နန်ကျစ်.. ငါသေရင်တောင် ငါကိုယ်တိုင်ဖျက်ဆီးပြီး မင်းကို ပြန်ပေးဆပ်ရအောင် လုပ်မယ်...”

ထျန်လင်း၏ မျက်လုံးများတွင် ရူးသွပ်မှုများ ပေါ်လာပြီး မိမိကိုယ်ကိုဖျက်ဆီးရန် ရွေးချယ်ခဲ့သည်။ သူက စုမင်ကို တွန်းဖယ်လိုက်ပြီးနောက် သူ့တစ်ကိုယ်လုံးမှိန်းဖျော့နေသော နေလုံးအဖြစ် ပြောင်းလဲသွားသည်။ ထိုအလင်းရောင်က လှိုဏ်ဂူတစ်ခုလုံးကို လင်းထိန်သွားစေကာ ကျင့်နန်ကျစ်ကို ဖုံးလွှမ်းသွားသည်။

“ဗုန်းးးးးး...”

ကျယ်လောင်သောပေါက်ကွဲသံများက လေထဲတွင် အဆုံးမဲ့ ပဲ့တင်သံများကို လှုံ့ဆော်ပေးသည်။ ၎င်းတို့က ထျန်းလင်း၏အလောင်းကို ရှင်းလင်းပျောက်ကွယ်စေပြီး စုမင်ကို အရိုးစုဘေးသို့ ရောက်သွားစေသည်။ သူ့ခန္ဓာကိုယ်တစ်ဝက်က ခရမ်းရင့်ရောင် ကျောက်ရည်ပူအတွင်း၌ ရှိနေသည်။

“နောက်ဆုံးတော့ မင်းဒီကိုရောက်လာပြီ... မြင့်မြတ်တဲ့အသူရာဖန်ဆင်းရှင်လောကက လူငယ်လေး..ငါ့မှာ မကောင်းတဲ့ရည်ရွယ်ချက်မရှိပါဘူး..ငါတို့က တူညီတဲ့နေရာတစ်ခုက ဆင်းသက်လာတာ...”

Note

မြင့်မြတ်တဲ့အနှစ်သာရဆိုတာ လူတစ်ယောက်က လောကတစ်ခုလုံးရဲ့စွမ်းအားတွေကိုစုပ်ယူလိုက်ရင် အဲလူက မြင့်မြတ်တဲ့အနှစ်သာရကို ဖန်တီးနိုင်တယ်..ပြီး‌တော့ အဲဒီအနှစ်သာရပါတဲ့ချိပ်တံဆိပ်က လောကရဲ့လိုအင်ဆန္ဒကို ပြောင်းလဲနိုင်တယ်..အစားဝင်နိုင်တယ်..အဲဒီချိပ်တံဆိပ်ကိုဖန်တီးတဲ့သူက လောကအရှင်သခင်လိုမျိုးပေါ့..ဥပဒေဿတွေဖန်တီးနိုင်တယ် အတိုင်းအတာတစ်ခုအထိခြယ်လှယ်နိုင်တယ်...”

All Chapters