ဗိုလ်ကျလွန်းတဲ့ကြိုးကြာငှက်...
Vol. 57 Ch. 783
“မင်းရဲ့ကျင့်ကြံဆင့်က မဟာမြေကြီးနယ်ပယ်မှာရှိပြီး ကောင်းကင်ဘုံနယ်ပယ်နဲ့ကိုက်ညီတဲ့ခန္ဓာကိုယ်ရှိတယ်..မင်းမှာ အရည်အချင်းအများကြီးရှိပြီး မြင့်မြတ်တဲ့စွမ်းရည်တွေလဲရှိတယ်..မင်းရဲ့ပုံရိပ်ယောင်စွမ်းရည်က ကြောက်စရာကောင်းပြီး လိမ္မာပါးနပ်တယ်..လောကမှော်ယာဉ်ပျံနယ်ပယ်ကနဦးအဆင့်ကျင့်ကြံသူက သူတို့စွမ်းအားအကုန်ထုတ်တိုက်ခိုက်ရင်တောင် မင်းရဲ့ပြိုင်ဘက်ဖြစ်မလာနိုင်ဘူး...မင်းကို နှိမ်နှင်းဖို့ ရက်စက်တဲ့ ခွန်အားတွေသုံးမှ အနိုင်ယူနိုင်လိမ့်မယ်...”
“အနှစ်တစ်သောင်း ငါ့အစေခံလုပ်ပါ..ဒါဆိုရင် ငါမင်းကို လွတ်မြောက်ခွင့်ပေးမယ်..မင်းငြင်းရင် သေရမယ်...”
ကျင့်နန်ကျစ်၏မျက်လုံးများတွင် အေးစက်သော အလင်းတန်းတစ်ခု လင်းလက်လာသည်။ သူစကားပြောနေစဉ် စုမင်ဆီသို့ ခြေတစ်လှမ်း လှမ်းလိုက်သည်။
ကျင့်နန်ကျစ်၏ခန္ဓာကိုယ်မှ ကြီးမားပြီး ပြင်းထန်သော ဖိအားတစ်ခု ထွက်ပေါ်လာသည်။ထိုဖိအားက စုမင်ကို လွှမ်းမိုးရန် အရှိန်အဟုန်ဖြင့်နီးကပ်လာသည်။ စုမင်၏အမူအရာက ပျက်ယွင်းသွားပြီး ခြေလှမ်းအနည်းငယ် နောက်ပြန်ဆုတ်သွားပြန်သည်။ သူ့လက်အကျထဲမှာ အဆိပ်ပြင်းနကျယ်ကောင်ရှိသောကြောင့် ကျင့်နန်ကျစ်က သတိကြီးကြီးထားနေ၏။
“လူငယ်လေး..ငါ့အနားကိုလာပါ..ချိပ်တံဆိပ်ခတ်ထားတဲ့ဓါးကို လုံးဝဖယ်ထုတ်နိုင်ရင်တောင် မင်း ငါနဲ့ပေသုံးဆယ်အကွာမှာ ရှိနေရင် မင်းရဲ့ဘေးကင်းမှုကို အာမခံနိုင်တယ်...”
တိုးညှင်းသောအသံက စုမင်နားထဲသို့တိုးဝင်လာသောအခါ သူ နောက်သို့ လျင်မြန်စွာ ရွေ့လျားသွားသည်။ ကျင့်နန်ကျင့်က အေးစက်သောအသံထုတ်လွှတ်လိုက်သော်လည်း စုမင်နောက်သို့မလိုက်ခဲ့ပေ။ ယင်းအစား သူ့လက်ထဲက လှံရှည်ကို ရှေ့ကို လွှင့်ပစ်လိုက်သည်။
ကျယ်လောင်သော အသံနှင့်အတူ လှံရှည်က စုမင်ဆီသို့ ဦးတည်သွားသော အနီရောင်အလင်းတန်းရှည်ကြီး ဖြစ်သွားသည်။
စုမင်က နောက်ပြန်ဆုတ်ရင်း ရတနာဘူးသီးခြောက်ကို ထုတ်လိုက်သည်။
“ရတနာဘူးသီးခြောက် သူ့ကိုသတ်လိုက်စမ်း...”
သေရေရှင်ရေးအကျပ်အတည်းထဲတွင် စုမင်၏အသံက မောဟိုက်နေသည်။ ထိုစကားကို သူပြောနေစဉ် အစိမ်းရောင် မြူခိုးများက ဘူးသီးအတွင်းမှ ချက်ချင်း တက်လာကာ လက်ဖဝါးအရွယ်လူပုံရိပ် ထင်ရှားပေါ်လွင်လာ၏။ ထို့နောက် စုမင်က မြူခိုးများကို ရှင်းလင်းကာ လက်ထဲတွင်လှံကိုင်ရင်း ရှေ့သို့အရှိန်တင်လိုက်သည်။
“ဗုန်းးး...”
စွမ်းအားလှိုင်းလုံးကြီးက လေထုကို လှည်းကျင်းသွားခဲ့၏။ စုမင်က ထိုစွမ်းအားပေါ်မှီကိုး၍ နောက်ပြန်ဆုတ်ချင်ခဲ့သည်။ သို့သော် သူ့ရှေ့မှ လေထုက တွန့်လိမ်ပုံပျက်သွားသည်။ကျင့်နန်ကျစ်က သူ၏ထူးထူးဆန်းဆန်းကျင့်စဉ်ဖြင့် စုမင်၏ဦးခေါင်းကို ဖိချေရန်ကြိုးစားနေလေသည်။
စုမင်၏မျက်လုံးများက နီရဲလာသည်။ ထိုအခိုက်အတန့်တွင် သူ့အနီးနားရှိ နေရာလွတ်များက ချိပ်တံဆိပ်ခတ်ထား ကြောင်း ရှင်းရှင်းလင်းလင်း ခံစားရလေသည်။ သူ့ရှေ့ကနေ လာနေပုံရသော လက်ကို ရှောင်တိမ်းရန် မျှော်လင့်ချက်မရှိဟု ခံစားခဲ့ရသည်။ ပိုတုန်လှုပ်စရာကောင်းတာက သူ့ပတ်ဝန်းကျင်က… လုံးဝ အေးစက်ရပ်တန့်သွားလေသည်။
စုမင်က ခေါင်းမော့ပြီး ကျယ်လောင်စွာ အော်ဟစ်လိုက်သည် ။ စုမင်က လက်များကို မြှောက်လိုက်ပြီး သူ့ဘယ်ဘက်လက်ဖမိုးကို အထက်သို့ ထားလိုက်ပြီး ညာလက်ဖဝါးကို အောက်ဘက်သို့ လှည့်လိုက်သည်။ ထို့နောက် သူ့လက်နှစ်ဖက်ကို ခပ်မြန်မြန် ပူးကပ်ပစ်လိုက်သည်။
“အတိတ်နဲ့ အနာဂတ်ကြားက တည်ရှိတဲ့အရာက ကံကြမ္မာပဲ..”
ခရမ်းရောင်ဆံပင်နှင့်မီးခိုးရောင်ဆံပင်ရှိ သောပုံရိပ်နှစ်ခုက စုမင်ရှေ့မှာ ပေါ်လာသည်။ ပုံရိပ်များက အချင်းချင်းရောယှက်နေပြီး စုမင်ကိုယ်ထဲသို့ ဝင်သွားလေသည်။ ဤအရာအားလုံးက အချိန်ကြာမြင့်စွာ ဖြစ်ပျက်နေပုံရသော်လည်း
လူတစ်ဦး၏ မျက်တောင်တစ်ချက်ခတ်ချိန်သာ ကြာမြှင့်၏။ ကျင့်နန်ကျစ်၏ညာလက်က စုမင်၏ဦးခေါင်းနှင့်ငါးပေသာ ကွာဝေးတော့သည်။ စုမင်၏ခန္ဓာကိုယ်က အသွင်ပြောင်းသွားပြီး ကျင့်နန်ကျစ်ရှေ့တွင် အသက်ဆယ့်လေးဆယ့်ငါးနှစ်ဝန်းကျင်ရှိပုံပေါက်သောကောင်လေးတစ်ယောက်ပေါ်လာသည်။
ကောင်လေးဧ။်မီးခိုးရောင်ဆံပင်များက ခါးအထိရှည်လျားသည်။ ထိုကောင်လေးက ကံကြမ္မာစွမ်းရည်ကြောင့်ပြောင်းလဲသွားသောစုမင်ပင်ဖြစ်၏။ ထို့နောက် သူ့ပတ်ဝန်းကျင်ရှိဟင်းလင်းပြင်က တွန့်လိမ်ပုံပျက်သွားလေသည်။ ကျင့်နန်ကျစ်၏လက်ဝါးက စုမင်ကို ဖမ်းမိလုနီးပါးအချိန်တွင် စုမင်က သူ့ပတ်ဝန်းကျင်ရှိ တံဆိပ်ကို ချိုးဖျက်ပြီး ပေတစ်ရာအနောက်သို့ ရွေ့လျားသွားသည်
“ဟမ်...”
ကျင့်နန်ကျစ်က စုမင်ကိုကြည့်ရင်း သူ့မျက်လုံးများက ဖျတ်ခနဲလင်းလက်လာသည်။
စုမင်၏ မီးခိုးရောင်ဆံပင်များက လေထဲတွင် လွင့်ပျံနေသည်။ သူ့မျက်လုံးထဲတွင် ဒေါသနှင့်ခံစားချက်မဲ့သောအကြည့်ကိုတွေ့ရသည်။ ယခုအချိန်၌ စုမင်တွင် ထုတ်မသုံးရသေးသောဝှက်ဖဲများစွာ ကျန်ရှိလေသည်။
သို့ပေမဲ့ သူထပ်ပြီး တိုက်ခိုက်ရန် မရွေးချယ်ခဲ့ပေ။ သူတို့ နှစ်ယောက်ကြားက စွမ်းအား ကွာခြားမှုကို သူသိလေသည်။ သူက ကံကြမ္မာအဖြစ်ပြောင်းသွားလျှင်တောင် သူတို့ကြားကအလှမ်းကွာမှုကို မမီနိုင်သေးပေ။
စုမင်က သူ့ပတ်ဝန်းကျင်ရှိ တံဆိပ်ကို ခွဲထုတ်လိုက်ပြီးနောက် တုံ့ဆိုင်းမနေဘဲ ပြန်ဆုတ်သွားတော့သည်။ သူ၏လက်ရှိအခြေအနေဖြင့် အချိန်၏စီးဆင်းမှုကို ထိန်းချုပ်ထားသည်။ ထိုအချိန်တွင် လောကမှော်ယာဉ်ပျံနယ်ပယ်အလယ်လတ်အဆင့်ရှိအားကြီးသောကျင့်ကြံသူတစ်ဦးက သူ့နောက်ကို လိုက်ဖမ်းချင်လျှင်တောင် လိုက်ရန် ခဲယဉ်းလိမ့်မည်။
ကျင့်နန်ကျစ်၏မျက်ခုံးများ တုန်လှုပ်နေပြီး စုမင်ကတော့ ပေထောင်ပေါင်းများစွာအကွာအဝေးသို့ရောက်ရှိနေပြီဖြစ်သည်။ သူက ထိုနေရာသို့ ဆင်းသက်စဉ်တွင် မီးလျှံဂြိုလ်သခင်၏အရိုးစုက သူ့ဘေးနားရှိကျောက်ရည်ပူထဲသို့ လွင့်မျောလာသည်။
သူ့အလိုလိုမျောလာသောအရိုးစု၏လုပ်ရပ်က ကျင့်နန်ကျစ်၏ခြေလှမ်းများကို ခဏတာရပ်တန့်စေခဲ့သည်။ သူက အရိုးစုကို အာရုံစိုက်ကြည့်လိုက်သောအခါ အရိုးစု၏ဦးခေါင်းခွံပေါ်ရှိ ဓားတိုတစ်ဝက်ကို ချက်ခြင်းမြင်လိုက်ရသည်။
ကျင့်နန်ကျစ်က ဤမြင်ကွင်းကို မြင်လိုက်ရချိန်တွင် သူ့မျက်လုံးများ ပြူးကျယ်သွားသည်။ သူ့မျက်လုံးများတွင် ထိတ်လန့်မှုများ ပေါ်လာပြီး စုမင်နှင့် ကစားရန် အတွေးများ အားလုံးကို ဘေးဖယ်ထားလိုက်သည်။ သူ့မျက်နှာမှာ တစ်ခါမှမပေါ်ဖူးသော လေးနက်သော အကြည့်တစ်ခု ပေါ်လာပြီး သူ့မျက်လုံးများက လင်းလက်လာခဲ့သည်။
တစ်နည်းအားဖြင့် သူက လေထုကို ညာလက်ဖြင့် ဆုပ်ကိုင်ထားသည်။ အနီရောင် လှံက သူ့လက်ဖဝါးတွင် ပေါ်လာပြီး လျင်မြန်သောအရှိန်ဖြင့် နီးကပ်လာသည်။
ကျယ်လောင်သော အသံများ ထွက်ပေါ်လာပြီး လှံကို ရှေ့သို့ ပစ်ချလိုက်သည်။
“ဗုန်းးးးးဗုန်းးးး..”
လှံထိပ်က အရိုးစုနှင့် ပေသုံးဆယ်အကွာ လေထုထဲမှာ ရပ်တန့်သွားလေသည်။ ထို့နောက် လှံက နောက်ထပ် ငါးပေ ရှေ့တိုးသွားလေသည်။ ကျင့်နန်ကျစ်၏အမူအရာသည် ပို၍နက်မှောင်လာပြီး သူ့မျက်လုံးများတွင် ထိတ်လန့်မှုအရိပ်အမြွက်ပင် ရှိနေသည်။ အရိုးစု၏ဦးခေါင်းခွံပေါ်ရှိ ဓားကြီးကနှေးကွေးသောအရှိန်ဖြင့် ကျွတ်ထွက်လာသည်။ သူက ထိုအရိုးစုဘေးနားတွင်ရှိနေသောစုမင်ကို တွေ့လိုက်ရသသည်။ မကြာမီအချိန်အတွင်း ဓားက အရိုးစု၏ခန္ဓာကိုယ်မှ လုံးဝကျွတ်ထွက်တော့မည် ဖြစ်၏။
“ဟင်..ဒါက ဘယ်လိုဖြစ်သွားတာလဲဂြိုလ်သားမျိုးနွယ်စုမှကျင့်ကြံသူက နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေသင့်တယ်..ဒါမျိုးနိုးထလာဖို့ဆိုတာ ဘယ်လိုမှမဖြစ်နိုင်ဘူး..ဒါပေမဲ့ သူနိုးထလာတော့မယ်ဆိုရင်တောင် ကိစ္စမရှိပါဘူး..သူက နှစ်ပေါင်းများစွာ ချိပ်ပိတ်ခံရတာ..သူ့မှာ စွမ်းအားနည်းနည်းမှ မရှိတော့ဘူး..ဒီလိုနတ္ထိအနှစ်သာရနယ်မြေမှာ သူပြန်ကောင်းချင်ရင်တောင် အချိန်အများကြီးပေးမှရမယ်...”
ကျင့်နန်ကျစ်က အေးစက်စွာနှာမှုတ်ထုတ်လိုက်ပြီး လှံရှည်ကို ပြန်ဆွဲထုတ်လိုက်သည်။ သူက နောက်ကိုပြန်ဆုတ်လိုက်ပြီး သူ့လက်ထိပ်ကို ကိုက်လိုက်သည်။ ထို့နောက် သူ့ရှေ့ရှိ သွေးစက်များကို လေထဲသို့ လွှင့်ပစ်လိုက်သည်။
‘အတိတ်က ဂြိုလ်သားမျိုးနွယ်စုတွေရဲ့တန်ခိုးကြီးကျင့်ကြံသူကို ချိပ်ပိတ်ဖို့ မှော်အစီအရင်ချတဲ့အခါ သူတို့က ချိပ်တံဆိပ် အသေးလေးတွေကိုပါထားခဲ့ကြတယ်...စစ်မှန်တဲ့လောကအစောင့်တွေက နတ္ထိအနှစ်သာရနယ်မြေကိုရောက်ရင် ဒီလိုချိပ်တံဆိပ်အခွဲလေးတွေ လုပ်တတ်ဖို့သင်ယူရတယ်...ငါ တာဝန်ချိန်တုန်းက မလိုလောက်ဘူးထင်ခဲ့ပေမဲ့ အခုလုပ်ရတော့မယ်...”
ကျင့်နန်ကျစ်က သရော်ပြုံးပြုံးလိုက်သည်။ သူ့ဘယ်လက်ကို အမြန်ဝှေ့ယမ်းလိုက်ပြီးနောင် စက်ဝိုင်းပုံစံအနီရောင်မှော်အစီအရင် ပေါ်လာ၏။
သူ့ လျှာဖျားကို ကိုက်ပြီး သွေးချောင်းဆိုးလိုက်သည်။ ထိုသွေးများက အနီရောင်မှော်အစီအရင်ပေါ်သို့ကျသွားသောအခါ သွေးနီရောင်အလင်းတန်းများ ပျံ့နှံ့သွားခဲ့သည်။ ထိုမှော်အစီအရင်က ကြက်သွေးရောင်မီးလျှံဂြိုလ်၏
အရွယ်အစားနှင့်အတူတူပင်ဖြစ်သည်။
မှော်အစီအရင်က ကြက်သွေးရောင်ရှိပြီး ကျင့်နန်ကျစ်ဆွဲထားသောစက်ဝိုင်းပုံစံနှင့် တစ်ထပ်တည်း အတိအကျတူညီ၏။
ဤသည်မှာ နတ္ထိအနှစ်သာရနယ်မြေကို
ကြည့်ရှုစောင့်ကြပ်ရန်ရောက်လာသည့်စစ်မှန်သောမဟာလောကကြီးလေးခုမှအစောင့်များ သင်ယူခဲ့ရသည့် မြင့်မြတ်သောစွမ်းရည်တစ်ခုဖြစ်သည်။ ဤစွမ်းရည်အတွက် လုပ်ဆောင်ချက်တစ်ခုသာလိုပြီး မဟာလောကကြီးလေးခုကဖန်တီးထားသော မဟာအနှစ်သာရမှော်အစီအရင်ကို အသက်သွင်းရန် ဖြစ်သည်။
ထိုမှော်အစီအရင်က နတ္ထိအနှစ်သာရနယ်မြေရှိနေရာတိုင်းဖုံးလွှမ်းကာ နဂါးငွေ့တန်း၏ အနက်ရှိုင်းဆုံးအထိ ရောက်ရှိနိုင်သည်။ ဤမှော်အစီအရင် မလွှမ်းမိုးနိုင်သောနေရာအနည်းငယ်သာ ရှိခဲ့၏။ အခြားနေရာအားလုံးက ၎င်း၏ သက်ရောက်မှုဧရိယာအတွင်းတွင် ရှိနေသည်။
ဤမှော်အစီအရင်တွင် အံ့သြဖွယ်ကောင်းသည့်အကျိုးသက်ရောက်မှုများအများအပြားရှိပြီး လောကအစောင့်တစ်ယောက်စီ၏အဆင့်အတန်းအရ ထိုမှော်အစီအရင်ကို ထိန်းချုပ်ရန်မတူညီသောအခွင့်အလမ်းများကိုရရှိသည်။ ကျင့်နန်ကျစ်တွင် အခွင့်အရေးများများစားစားမရှိပေ။ သူက မှော်အစီအရင်၏အခြေခံအကျဆုံးလုပ်ဆောင်ချက်ကိုသာ အသုံးပြုနိုင်သည်၊ ဤသည်မှာ ချိပ်တံဆိပ်ကို ခိုင်ခံ့စေခြင်းဖြစ်၏။
ထိုအချိန်တွင် အနီရောင်မှော်အစီအရင်က ကြက်သွေးရောင်မီးလျှံဂြိုလ်
၏နောက်မှာပေါ်လာသည်။ ထိုစဉ်
ကျင့်နန်ကျစ်က ယုတ်မာစွာရယ်မောလိုက်ပြီး သူ့ရှေ့ရှိ အနီရောင်မှော်အစီအရင်သေးသေးလေးကို သူ့ဘယ်ဘက်လက်ဖြင့် တွန်းလိုက်သည်။ ၎င်းက စုမင်ဆီသို့ ဦးတည်သွားကာ စုမင်နှင့်ပေသုံးဆယ်အကွာ လေထုကို ထိလိုက်စဉ် ကျယ်လောင်သော ပေါက်ကွဲသံတစ်ခု ထွက်ပေါ်လာသည်။
ပေါက်ကွဲသံများက လေထဲတွင် ပဲ့တင်ထပ်နေချိန်တွင် အရိုးစုက ပြင်းထန်စွာ တုန်လှုပ်လာသည်။ သူ၏ဦးခေါင်းခွံမှကျွတ်ထွက်တော့မည့် အနီရောင်ဓားတိုလေးက ခွန်အားပြန်လည်ဖြည့်တင်းထားသကဲ့သို့ အနီရောင်အလင်းတန်းကို စတင်ထုတ်လွှတ်လိုက်သည်။ ဓါးက ကျွတ်မထွက်တော့ဘဲ အရိုးစု၏ဦးခေါင်းခွံထဲကို နောက်တစ်ကြိမ် စိမ့်ဝင်လာသည်။
တစ်ချိန်တည်းမှာပင် စုမင် ပတ်လည်ရှိ ပေသုံးဆယ်ကျယ်သော အကာအကွယ်ဧရိယာက အားနည်းလာပြီး သေးငယ်လာသည်။ ယခုအခါ အကျယ်အဝန်းက ပေနှစ်ဆယ်သာ ရှိတော့သည်။
ကျင့်နန်ကျစ်က ထိတ်လန့်နေသော်လည်း ဟန်ဆောင်ပြုံးလိုက်သည်။ သူ့အတွက်တော့ အပြင်လောကသို့လာသောခရီးစဉ်က အန္တရာယ်မရှိပေ။ အများဆုံးအနေဖြင့် သူက ကိုယ်ပွားကိုထုတ်သုံးလိုက်ရသော်လည်း သူလုပ်ခဲ့သည့်လုပ်ရပ်များနှင့်ယှဉ်လျှင် ဘာမှမပြောပလောက်ပေ။
ထို့အပြင် သူက ယခုလုပ်ရပ်မှ မည်သည့်ဆုလာဘ်ကိုမျှ မရရှိပေ။ သို့သော် သူက စုမင်၏ခန္ဓာကိုယ်ပေါ်ရှိ ရတနာအားလုံးကို မြင်သောအခါ သွားရည်တမြားမြားဖြစ်နေပြီး သူ့ကိုယ်ပိုင်ပစ္စည်းများအဖြစ် သဘောထားနေပြီဖြစ်သည်။
စုမင်က လျင်မြန်စွာ ကျုံ့သွားသောအကာအကွယ်ကိုကြည့်လိုက်သည်။ ထိုအကာအကွယ်က မကြာမီလုံးဝပျောက်ကွယ်သွားလိမ့်မည် ။ သူက ငှက်ကို ရုတ်တရက်စကားပြောပြီး သူ့ခေါင်းပေါ်ရောက်လာသောအန္တရာယ်ကိုရှောင်ရန် ပြင်ဆင်နေလေသည်။
“မင်း သူ့ကိုတံဆိပ်ချိုးဖို့ ကူညီပေးစမ်းပါ...မင်းလုပ်နိုင်ရင် မြန်မြန်လုပ်..မလုပ်နိုင်ရင် ငါနဲ့အတူတူထွက်ပြေးမယ်..”
ကျင့်နန်ကျစ်က ထိုအရာကို သတိမထားမိလိုက်ပေ။စုမင်ဘေးနားရှိ ခရမ်းရင့်ရောင်ကျောက်ရည်ပူအနည်းငယ်က ကြိုးကြာငှက်အဖြစ်သို့ပြောင်းလဲသွားသည်။
ထိပ်ပြောင်ကြိုးကြာငှက်က ချွေးဒီးဒီးကျနေပြီး အပူရှိန်ကြောင့် အသက်ရှုကျပ်နေလေသည်။ ၎င်းက သနားစရာကောင်းသောပုံစံပေါက်နေပြီး အတောင်ပံများကို တဖျပ်ဖျပ်ခတ်လိုက်သည်။
“ချီးးး ပူလွန်းတယ်..ငါတော့အသက်ရှုကျပ်ပြီးသေတော့မှာပဲ...”
ထိပ်ပြောင်ကြိုးကြာငှက်၏အသွင်အပြင်က ကျင့်နန်ကျစ်က မျက်မှောင်ကြုတ်သွားစေသည်။ ကျင့်နန်ကျစ်က ဘယ်ဘက်လက်ကို မြှောက်ပြီး အနီရောင်မှော်
အစီအရင်ကို ချိန်ရွယ်လိုက်သည်။ ၎င်းက
တစ်ဖန် တောက်ပလာပြီး ချိပ်တံဆိပ်ကို ခိုင်မာလာစေသည်။ စုမင်ပတ်လည်ရှိအကာအကွယ်နေရာက ဆယ်ပေသာ ကျန်တော့သည် အထိ ကျုံ့သွားသည်။
ထိပ်ပြောင်ကြိုးကြာငှက်က အနီရောင်မှော်အစီအရင်ကိုစိုက်ကြည့်ရင်း စူးစူးဝါးဝါး အော်ဟစ်ကာ နောက်ပြန်ဆုတ်သွားလေသည်။ ၎င်း၏မျက်နှာမှာ အမုန်းတရားများဖြင့်ပြည့်နှက်နေပုံရပြီး ခေါင်းကို ချာခနဲလှည်လိုက်သည်။ ထို့နောက် ကျင့်နန်ကျစ်က အံ့အားသင့်သောကြောင့် ပါးစပ်အဟောင်းသားဖြစ်သွားသည်။ သူ့အမူအရာမှာ သိသိသာသာပြောင်းလဲသွားသောအခါ ငှက်က အရိုးစုခေါင်းရှိဓါးကို ဆွဲယူလိုက်သည်။
ငှက်က တီးတိုးရေရွတ်နေပြီး ၎င်း၏အတောင်ပံများက ဓါးကိုဆွဲနှုတ်သောလက်အဖြစ်ပြောင်းလဲသွားသည်။
ထို့နောက် ငှက်က ၎င်း၏ခြေထောက်များကို လူသားကဲ့သို့အသွင်ပြောင်းကာ အရိုးစု၏ခေါင်းပေါ်သို့ ပြင်းထန်စွာ နင်းမိသွားသည်။
ကျယ်လောင်သောပေါက်ကွဲသံက လေထဲသို့ ပဲ့တင်ထပ်သွားပြီး အရိုးစု၏မျက်တွင်းခွက်များက အနက်ရောင်အလင်းဖြင့် လင်းထိန်သွားခဲ့သည်။ ငှက်က ဦးခေါင်းခွံထဲက ဓားတိုကိုဆွဲထုတ်ပစ်လိုက်သည်။
ဤမြင်ကွင်းကြောင့် ကျင့်နန်ကျစ်သာ အံ့အားသင့်သွားရုံသာမက စုမင်လဲ အသက်ရှုကျပ်သွားခဲ့သည်။ ကြိုးကြာငှက်က ထိုသို့ လုပ်နိုင်လိမ့်မည်ဟု မျှော်လင့်ထားခဲ့ပေ။ အရိုးစုပင် ခေတ္တ အံ့အားသင့်သွားကာ သူ့မျက်လုံးအိမ်မှ အနက်ရောင်အလင်းတန်းများ တောက်ပလာသည်။ ကြောက်မက်ဖွယ်ကောင်းသောသူ့ခန္ဓာကိုယ်မှ ပေါက်ကွဲသံတစ်ခု ထွက်ပေါ်လာသည်။
ထို့နောက် မီးလျှံဂြိုလ်သခင်အရိုးစုက ညာဘက်လက်ကို ဖြည်းညှင်းစွာ ဆန့်ထုတ်ကာ ကျင့်နန်ကျစ်ကို ချိန်ရွယ်လိုက်သည်။
သူ ထိုသို့လုပ်လိုက်သည်နှင့် ကျင့်နန်ကျစ်၏အမူအရာက ပြောင်းလဲသွားသည်။ သူ့မျက်နှာတွင် ကြောက်ရွံ့မှုနှင့် မယုံကြည်မှုတို့ ပေါ်လာပြီး မဆိုင်းမတွပင် လျင်မြန်စွာ နောက်ပြန်ဆုတ်သွားခဲ့သည်။
‘ဟင် ဘယ်လိုဖြစ်ရတာလဲ.. အဲဒါက ချိပ်တံဆိပ်ခတ်ထားတဲ့ဓါးလေ..ဒီဓါး ဓါးကိုထိုးသွင်းတဲ့လူကလွဲရင် ကျန်တဲ့လူအားလုံးရဲ့စိတ်ဝိညာဉ်ကို လွင့်မျောစေတယ်..ဒါက မဟာလောကကြီးလေးခုမှာရှိတဲ့ကံကြမ္မာမှော်စက်ဝန်းနယ်ပယ်ရှိတဲ့သူတွေက ဂြိုလ်သားမျိုးနွယ်စုဝင်တွေကို ကိုယ်တိုင်ကိုယ်ကျချိပ်ပိတ်ထားတဲ့ဓါးပဲ..”