ကျင့်နန်ကျစ် သေဆုံးခြင်း
Vol. 57 Ch. 784
“ဒါ မဖြစ်နိုင်ဘူး...”
ကျင့်နန်ကျစ်၏အမူအရာက တစ်ခါမှမဖြစ်ခဲ့ဖူးသောပြင်းထန်လွန်းသည့်ပုံစံကို ပြောင်းလဲသွားသည်။ သူက နောက်ပြန်ဆုတ်သွားပြီး သူ့မျက်လုံးများက တုန်လှုပ်မှုနှင့် မယုံကြည်မှုများကို ထုတ်ဖော်ရန် ပြင်းထန်စွာ ကျုံ့သွားကြသည်။
ယခုမြင်လိုက်ရတာက သူ စစ်မှန်သောအစောင့်အဖြစ်တာဝန်ယူရသောနတ္ထိအနှစ်သာရနယ်မြေမှာရှိသောချိပ်တံဆိပ်များစွာအပေါ် နားလည်မှုအားလုံးထက် ကျော်လွန်သွားခဲ့သည်။ နတ္ထိအနှစ်သာရနယ်မြေရှိချိပ်တံဆိပ်များအားလုံးက အလွယ်တကူမချိုးဖျက်နိုင်ပေ။ အကယ်၍ ပြင်ပလူက ၎င်းတို့ကို ထိမိပါက ၎င်းတို့၏ခန္ဓာကိုယ်နှင့် ဝိညာဉ်များ ပျက်စီးသွားမည်ဖြစ်သည်။
တံဆိပ်ခတ်ထားသူက ချိပ်တံဆိပ်ကို ပြင်းပြင်းထန်ထန် ချိုးဖျက်လိုလျှင်ပင် ဆိုးရွားလှသောအဖိုးအခကိုပေးဆပ်ရမည်ဖြစ်သည်။ သူတို့ ဖြတ်ကျော်နိုင်လျှင်တောင်မှ အင်မတန်အားနည်းသွားလိမ့်မည်။ လူသားနယ်ပယ်ကျင့်ကြံသူတောင်မှ သူတို့ကို ပြင်းပြင်းထန်ထန် ဒဏ်ရာရစေနိုင်သည်။
နတ္ထိအနှစ်သာရနယ်မြေက
ဂြိုလ်သားမျိုးနွယ်စုမှ တန်ခိုးကြီးကျင့်ကြံသူများအပေါ် မည်မျှ ရက်စက်ကြမ်းကြုတ်ခဲ့သနည်း။ ဤသည်မှာ ကျင့်နန်ကျစ် တစ်ယောက်တည်း လာရဲသည့်
အကြောင်းရင်းလည်း ဖြစ်၏။ မင်နက်ရောင်ဂြိုလ်၏ပုန်ကန်မှုက ကျင့်နန်ကျစ်မရောက်မီဖြစ်ပွားခဲ့သောအရာဖြစ်သည်။ ထိုဖြစ်ရပ်က ပုန်ကန်မှုမဟုတ်ဘဲမတော်တဆမှုသာသာဖြစ်သည်။
သို့သော် သူသိထားသမျှ အရာအားလုံးကို မှောက်လှန်ပစ်လိုက်သောမြင်ကွင်းမှာ အထူးသဖြင့် ကြိုးကြာငှက်၏လက်နှစ်ဖက်နှင့်ခြေထောက်နှစ်ချောင်းကို လူသားပုံစံဖြင့် မြင်လိုက်ရချိန်ဖြစ်သည်။
ထိုအချိန်တွင် ၎င်း၏မျက်နှာပေါ်တွင် ညစ်ကျယ်သောအမူအရာမျိုးရှိနေသည်။ ကျင့်နန်ကျစ်က ဓါးတိုလေးကိုင်ထားသောငှက်ကိုမြင်လိုက်သောအခါ ကြောက်စရာအကောင်းဆုံးသရဲတစ္ဆေကို မြင်လိုက်ရသလိုခံစားခဲ့ရသည်။
“ဒါက ပုံရိပ်ယောင်ပဲ..စုမင်ရဲ့မျက်စိလှည့်စားတဲ့ ပုံရိပ်ယောင်စွမ်းရည်ပဲဖြစ်ရမယ်...”
ကျင့်နန်ကျစ်က နောက်ဆုတ်သွားပြီး သူ့မျက်လုံးထဲတွင် အနက်ရောင်အလင်းတန်းတောက်ပလာသည်။ ငှက်က ချိပ်တံဆိပ်ကို အလွယ်တကူ ချိုးဖျက်နိုင်မည်ဟု သူ မယုံကြည်ခဲ့ပေ။ ထိုအခါ နတ္ထိအနှစ်သာရနယ်မြေတစ်ခုလုံးကိုရောက်ရှိမည့်ကပ်ဆိုးကြီးက မည်မျှကြောက်စရာကောင်းသည်ကို ကျင့်နန်ကျစ် ရှင်းရှင်းလင်းလင်း သိလေသည်။
ဤအရာက လှည့်စားမှုတစ်ခုဖြစ်ကြောင်း သူပို၍ယုံကြည်ချင်ခဲ့သည်။
‘ဒါက လှည့်စားမှုတစ်ခုမဟုတ်ရင်တောင်မှ ဂြိုလ်သားမျိုးနွယ်ရဲ့ကျင့်ကြံသူက အခုလေးတင်ပဲ လွတ်မြောက်လာခဲ့ပြီ..ဒါ ချိပ်တံဆိပ်သုံးခုထဲက ပထမဆုံးချိပ်တံဆိပ်ပဲ..သူ အခုတော်တော်ကို အားနည်းနေလောက်တယ်..အခုလက်ရှိကျန်နေတဲ့စွမ်းအားက နှစ်ပေါင်းများစွာစုဆောင်းခဲ့တဲ့လက်ကျန်တွေပဲ..သူ့လက်ရှိ စွမ်းအားနဲ့ဆိုရင် သူ့လက်ချောင်းလေးနဲ့ လူသတ်ဖို့ မဖြစ်နိုင်ဘူး..”
လွန်ခဲ့သောနှစ်များတစ်လျှောက် ကျင့်နန်ကျစ်က စစ်မှန်သောယင်လောကတွင် နေထိုင်ခဲ့ပြီး အဆင့်အတန်းတစ်ခုရောက်သည့်အထိကြိုးစားကျင့်ကြံခဲ့သည်။ ထို့ကြောင့် သူ့ကို မထီမဲ့မြင်လုပ်ရဲသူ မရှိခဲ့ပေ။ ထိုအချိန်တွင် သူ့မျက်လုံးက ဖျတ်ခနဲလင်းလက်လာပြီး နောက်ဆုတ်သွားခဲ့သည်။
“ဒါက အစစ်ပဲဖြစ်ဖြစ် အတုပဲဖြစ်ဖြစ်..အားနည်းလား..သန်မာလားကိုသိချင်ရင် စမ်းကြည့်ရမှာပဲ..ဒါပေမဲ့
တကယ့်ဂြိုလ်သခင်အစစ်ဆိုရင် ငါသေမှာ ကျိန်းသေးတယ်...”
“ဒါဆိုရင် ငါလွတ်မြောက်နိုင်မှာမဟုတ်ဘူး..အခု ငါ စတိုက်ကြည့်မယ်...”
ကျင့်နန်ကျစ်က ဟိန်းဟောက်လိုက်သည်။ သူ့ကိုယ်ပေါ်ရှိ ချပ်ဝတ်တန်ဆာက ကြက်သွေးရောင်အလင်းရောင်ဖြင့် တောက်ပနေသည်။ သူ့လက်ထဲတွင် လှံရှည်ကို ကျစ်ကျစ်ပါအောင်ကိုင်ထားပြီး မီးလျှံဂြိုလ်သခင်၏လက်ချောင်းဆီသို့ လျင်မြန်စွာ ထိပ်တိုက်တွေ့လိုက်သည်။
ထိုအခိုက်အတန့်တွင်ပင် စုမင်၏နှလုံးသားထဲတွင် စိတ်ပျက်အားငယ်မှုများ တိုးဝင်လာသည်။ ကျင့်နန်ကျင့်မှာ မောက်မာထောင်လွှားနေပြီး သူ့အတွင်းစိတ်ပိုင်းဖြတ်မှုမှာ သာမန်မဟုတ်ပေ။ အကယ်၍ ထျန်းလင်း၊ လုံလီ၊ စွန်းခုန်း သို့မဟုတ် ယဲ့ရှန်းထုံသာ ထိုသို့ကြုံတွေ့ရလျှင် မတူညီစွာ တုံ့ပြန်ကြလိမ့်မည်။ ကျင့်နန်ကျစ်က နီးကပ်လာသောအခါ စုမင်က တုံ့ဆိုင်းနေပြီး နောက်ပြန်လှည့်ရန် ရွေးချယ်ခဲ့သည်။
ထိုစဉ် မီးလျှံဂြိုလ်သခင်၏မျက်လုံးများထဲရှိအလင်းရောင်တွင် သရော်နေသောအရိပ်အမြွက်ပေါ်လာသည်။ စုမင်၏
မျက်ခုံးများကတော့ တုန်လှုပ်နေလေသည်။ မီးလျှံဂြိုလ်သခင်၏ညာဘက်လက်ညိုးတွင် မမြင်နိုင်သောဝဲဂယက်လေးတစ်ခုစတင်ဖြစ်ပေါ်လာသည်ကို စုမင်တွေ့လိုက်ရသည်။ ထိုဝဲဂယက်က နေရာတစ်ဝိုက်မှ အလင်းတန်းအားလုံးကို စုပ်ယူနိုင်သည်။ ၎င်းက လူတို့၏အကြည့်များနှင့် လောကကြီးထဲရှိ ပစ္စည်းအားလုံးကို စုပ်ယူနိုင်သည်။၎င်း၏ စွမ်းအားဥပဒေဿက ပုပ်ပွပျက်စီးနေသောအရာအားလုံးကို အံ့အားသင့်ဖွယ်ကောင်းလောက်သောအရာများအဖြစ် ပြောင်းလဲနိုင်စွမ်းရှိသည်။
ထိုအခိုက်အတန့်တွင် မီးလျှံဂြိုလ်သခင်၏အားနည်းသောအသံက စုမင် ၏နားထဲသို့ ရုတ်တရက် ရောက်ရှိလာသည်။
“မိတ်ဆွေလေး မင်းရဲ့စိတ်ဝိညာဥ်သက်တမ်းအရဆိုရင် မင်းက ကလေးသာသာပဲရှိသေးတယ် ငါ့လက်ညှိုးကို အနီးကပ်ကြည့်လိုက်..ဒါက အဆုံးမဲ့အလိုဆန္ဒကျင့်ကြံသူတွေရဲ့ လျှို့ဝှက်ကျင့်စဉ်ပဲ..:”
“ဒီကျင့်စဉ်မှာ ဘယ်ဥပဒေဿမှ မပါဝင်ဘူး..သန့်စင်တဲ့ရုပ်ပိုင်းဆိုင်ရာစွမ်းအားကိုသုံးပြီး နဂါးငွေ့တန်းထဲမှာရှိတဲ့ တွင်းနက်ကြီးကိုပွင့်သွားစေတယ်..အရာဝတ္ထုတွေနဲ့စွမ်းအားတွေအာရုံကို ဝါးမျိုဖို့အတွက်ပေါ့.. ဒီလိုဝါးမျိုပြီးသွားရင် တွင်းနက်ကြီးကို ချိုးဖောက်မယ်..ဒါဆိုရင် အဆုံးမဲ့စွမ်းအားတွေ ထွက်ပေါ်လာလိမ့်မယ်
“မြင့်မြတ်တဲ့အသူရာဖန်ဆင်းရှင်တွေမှာ ကိုယ်ပွားတွေအများရှိတယ်..မင်းရဲ့ကိုယ်ပွားကိုသန့်စင်ဖို့ ဒီစွမ်းရည်ကိုအသုံးပြုတဲ့အခါ အဆုံးမဲ့အလိုဆန္ဒနယ်ပယ်ကျင့်ကြံသူတွေရဲ့အစစ်အမှန်စွမ်းအားကို ပြမယ်”
“သေချာကြည့်...”
မီးလျှံဂြိုလ်သခင်က စကားပြောနေစဉ်
စုမင်က သူ့ပတ်ဝန်းကျင်အရပ်ရပ်မှတိုးဝင်လာသောစွမ်းအားလှိုင်းများကို ချက်ချင်း ခံစားလိုက်ရသည်။ တစ်ချိန်တည်းမှာပင် သူ၏စိတ်ဝိညာဉ်က သူ၏ခန္ဓာကိုယ်မှ ပြန့်ကျဲလာပြီး အပြင်ဘက်သို့ လျင်မြန်စွာ ရွေ့လျားလာသည်ကို ခံစားလိုက်ရသည်။
မျက်စိတစ်မှိတ်အတွင်းမှာပင် စုမင်၏စိတ်ဝိညာဉ်က ချိပ်ပိတ်နယ်မြေ၏နေရာတိုင်းတွင် ပြည့်နှက်လာကြောင်းခံစားလိုက်ရသည်။
စုမင်က သူ့မျက်လုံးရှေ့မှာ ပြတ်သားသောမြင်ကွင်းတစ်ခုပေါ်လာ၏။စုမင်က ချိပ်ပိတ်နယ်မြေ၏ ထောင့်တိုင်းကို မြင်သည် ကျောက်တုံးများအားလုံး ပြိုကျနေသည်ကို မြင်သည်၊ ပုံရိပ်တခုက ဥမင်လိုဏ်ခေါင်းတစ်ခုမှတဆင့် ရှေ့သို့ လျင်မြန်စွာ ပြေးဆင်းလာသည်ကို သူမြင်လိုက်ရသည်၊ ထိုပုံရိပ်မှ ထူထပ်သောနတ်ဘုရားအာရုံပျံ့နှံ့သွားသည်။ ဤသည်မှာကျင့်နန်ကျစ်၏ကိုယ်ပွားဖြစ်သည်။
တစ်ချိန်တည်းမှာပင် စုမင်က ထိုကိုယ်ပွားရှေ့တွင် ပြေးနေသော လုံလီကို တွေ့လိုက်ရသည်။လုံလီက အသဲအသန်ပြေးသွားစဉ် သူ့မျက်နှာက အမောဆို့နေပြီး ဖြူဖျော့သွားခဲ့သည်။ထို့ပြင် သူက ထွက်ပေါက်နှင့် မနီးမဝေးရှိချိပ်ပိတ်နယ်မြေ၏နယ်နိမိတ်သို့ ရောက်နေပြီဖြစ်၏။ကိုယ်ပွားကလဲ လုံလီကို အသည်းအသန်လိုက်ဖမ်းနေလေသည်။ ထို့နောက် မီးလျှံဂြိုလ်သခင်၏မမြင်နိုင်သောတွင်းနက်ကြီး ပေါ်လာပြီး ကျင့်နန်ကျစ်၏ကိုယ်ပွားကို စုပ်ယူလိုက်သည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် ကိုယ်ပွားက တုန်လှုပ်သွားသလို ပြိုကွဲသွားသည်။
သူနှင့်အတူ ပျောက်ကွယ်သွားသည့်အရာမှာ နေရာတစ်ဝိုက်ရှိပြိုကျနေသော နံရံများဖြစ်သည်။နံရံထဲက ရောင်ဝါတစ်ချို့ကို စုပ်ယူခံရပြီး ဖုန်မှုန့်အဖြစ်သို့ပြောင်းလဲသွားသည်။
ခပ်ဝေးဝေးရှိ လုံလီ၏မျက်လုံးများ ပြူးကျယ်သွားပြီး စူးစူးဝါးဝါးအော်ဟစ်လိုက်ရသည်။ လုံလီ၏ခန္ဓာကိုယ်ပေါ်ရှိ အသွေးအသားများက တစ်စ တစ်စ ကွာကျလာသည်ကို စုမင် မြင်လိုက်ရသည်။ ပထမဆုံးမှာ လုံလီ၏အသွေးအသား၊ နောက်တော့ သူ၏အရိုးများနှင့် အခြေတည်ဝိညာဉ်ပင်ဖြစ်သည်။ အသက်တစ်ရှိုက်စာအတွင်း တွင်းနက်ကြီးက လောကမှော်ယာဉ်ပျံနယ်ပယ်ကနဦးအဆင့်ရှိကျင့်ကြံသူ၏ ခန္ဓာကိုယ်နှင့် စိတ်ဝိညာဉ်ကို ဖျက်ဆီးပစ်ခဲ့သည်။
သူ၏သိုလှောင်အိတ်လည်း ပျက်စီးသွားပြီး ကိုယ်ပိုင်ပစ္စည်းများ အများအပြား မြေပြင်ပေါ်တွင် ပြန့်ကျဲနေသည်။
စုမင်၏အသက်ရှူသံ မြန်ဆန်လာသည်။အရာအာလုံးမှာ အချိန်အတော်ကြာအောင် ဖြစ်ပျက်သွားပုံရသည်၊ သို့သော် အမှန်မှာ မီးလျှံဂြိုလ်သခင်က သူ့ညာဖက်လက်ကို မြှောက်ကာ ရှေ့သို့ချိန်ရွယ်နေချိန်သာ ကြာမြင့်ခဲ့သည်။
မီးလျှံဂြိုလ်သခင်က သူ့ညာလက်ထိပ်ရှိဟင်းလင်းပြင်က ကွဲအက်လာသည်ကို ရှင်းရှင်းလင်းလင်းမြင်နိုင်ခဲ့သည်။ ထိုနေရာတွင် အရာအားလုံးကိုဝါးမျိုနိုင်သောတွင်းနက်ကြီးတစ်ခုလဲ ရှိနေသည်။ ၎င်းက လုံလီကိုပျက်စီးစေကာ ကျင့်နန်ကျစ်ဧ။်ကိုယ်ပွားကို ဖြိုခွဲခဲ့သည်။ ၎င်းက
အရာအားလုံးကို မမြင်နိုင်သောပုံစံဖြင့်
စုပ်ယူသွားခဲ့သည်။
“ငါ့မှာ ကိုယ်ပိုင် စွမ်းအား မရှိဘူး..ဟင်းလင်းပြင်ရဲ့နေရာတိုင်းမှာရှိတဲ့ အားနည်းချက်တစ်ခုကို ငါ ရှာတွေ့ခဲ့တယ်..ဒါက အရာအားလုံးကို ဝါးမျိုနိုင်တဲ့စွမ်းရည်ဖြစ်နေတယ်....”
မီးလျှံဂြိုလ်သခင်၏အသံက လေထဲတွင် ပဲ့တင်ထပ်လာသောအခါ ဂြိုလ်သခင်၏လက်များက တွင်းနက်ကြီးကို ထိုးဖောက်နေသည်ကို မြင်လိုက်ရသည်။
စုမင်၏မျက်လုံးများရှေ့တွင် ထိုလုပ်ဆောင်ချက်က နှေးကွေးသွားပုံရပြီး ဖြစ်စဉ်တစ်ခုလုံးကို ရှင်းရှင်းလင်းလင်းမြင်ရစေသည်။
ချွန်ထက်သောအပ်တစ်ချောင်းက ရေအိတ်ကို ထိုးလိုက်သကဲ့သို့ပင်....အိတ်အတွင်းရှိသမျှအရာအားလုံး ပေါက်ကွဲထွက်လာသည်။
“ဗုန်းးးးးဗုန်းးးးးးး”
ထိုစဉ် ကျင့်နန်ကျစ်က ချာခနဲလှည့်ကြည့်လိုက်သည်။ သို့သော် သူစောင့်မျှော်နေသည့်အရာက မှားယွင်းနေခဲ့၏။ မီးလျှံဂြိုလ်သခင်က အမှန်တကယ် သန်မာကြောင်း သက်သေပြသည့် မြင်ကွင်းမဟုတ်ဘဲ ကျင့်နန်ကျစ်၏လျော့တွက်မိပုံပင်ဖြစ်သည်။
ထိုအရာက သေခြင်းတရား ဖြစ်၏။ သူသေရမည့်ကံကြမ္မာက ရှောင်မပြေးနိုင်ပေ။
ကျယ်လောင်သော အော်ဟစ်သံနှင့်အတူ ကျစ်နန်ကျစ်၏လက်ထဲမှ လှံရှည်က မြေပြင်ပေါ်သို့ ပြုတ်ကျသွားသည်။ သူ
ထိုနေရာမှာရပ်နေပြီး အံ့သြမင်သက်သွားလေသည်။ထို့နောက် သူ ခေါင်းငိုက်စိုက်ကျသွားလေသည်။ တစ်ချိန်တည်းမှာပင် စုမင် လှမ်းကြည့်လိုက်သော် ကျင့်နန်ကျစ်၏မျက်ခုံးအလယ်တွင် သွေးစွန်းနေသောအပေါက်တစ်ခုကို တွေ့လိုက်ရသည်။
သူ၏ ရင်ဘတ်ရှိ ချပ်ဝတ်တန်ဆာက ကွဲကြေသွားကာ သူ့နှလုံးသား နေရာရှိ သွေးထွက်သံယို အပေါက်တစ်ခုကို ဖော်ထုတ်လိုက်သည်။ ကျင့်နန်ကျစ်၏ အသက်စွမ်းအင်မှ ကျန်ရှိနေသော ထိုနေရာမှ သွေးများ စီးကျလာသည်။
“အခုနားလည်ပြီလား....”
မီးလျှံဂြိုလ်သခင်၏အသံ ထပ်မံထွက်ပေါ်လာသောအခါ ကျင့်နန်ကျစ်၏နှာခေါင်းနှင့် မျက်ခုံးအလယ် အောက်နားတွင် အခြားသွေးထွက်သံယိုအပေါက်တစ်ခုပေါ်လာသည်။ တစ်ချိန်တည်းမှာပဲ စတုတ္ထမြောက် သွေးထွက်သံယိုအပေါက်က သူ့လည်ပင်းမှာ ပေါ်လာသည်။ စုမင် အောက်ကိုဆက်ကြည့်လိုက်သော် သူ့မျက်ခုံးအလယ်ဗဟိုကြားကနေ သူ့ရင်ဘတ်အထိ သွေးထွက်သံယိုအပေါက် ကိုးခုကို တွေ့လိုက်ရသည်။
ထို့နောက် စုမင်က ကျင့်နန်ကျစ်နောက်ရှိအရာများကို မြင်ခဲ့ရသည်။
“ဒါက စွမ်းအားကိုအသုံးပြုတဲ့နည်းလမ်းပဲ..မင်း အခု နားမလည်နိုင်သေးလောက်ဘူး.. သူ့ခန္ဓာကိုယ်မှာ ဘာကြောင့် အပေါက် ကိုးပေါက် ပေါ်လာတာကို သိတဲ့အခါ မင်းနားလည်သွားမှာ...”
မီးလျှံဂြိုလ်သခင်၏အသံက လေထုထဲတွင် ပဲ့တင်ထပ်လာပြီး သူ့ညာလက်ကို နောက်သို့ ပြန်ရုတ်လိုက်သည်။ သူ့ခန္ဓာကိုယ်က ခရမ်းရင့်ရောင်ကျောက်ရည်ပူထဲတွင် နစ်မြုပ်နေဆဲဖြစ်သည်။ ထို့နောက် သူ့မျက်လုံးအိမ်မှတောက်ပနေသောအနက်ရောင်အလင်းတန်းဖြင့် စုမင်ကိုကြည့်လိုက်သည်။ ထို့နောက် ကြိုးကြာငှက်ကို ကြည့်လိုက်သည်။
ထိုစဉ် မီးလျှံဂြိုလ်သခင်၏မျက်လုံးများတွင် ခံစားချက်များစွာ ထွက်ပေါ်လာသည်။ သူ့မျက်လုံးများတွင် မသေချာမရေရာမှု၊ အံ့ဩမင်သက်မှုနှင့်တုန်လှုပ်ချောက်ချားမှုများ ပေါ်လာသည်။
ကြက်သွေးရောင်မီးလျှံဂြိုလ်ကိုကျော်လွန်၍ ကြီးမားသောနဂါးငွေ့တန်းရှိဟင်းလင်းပြင်သည် နတ္ထိအနှစ်သာရနယ်မြေထက်သာလွန်သောနေရာတစ်ခုဖြစ်သည်။ ထိုနေရာက ထူးဆန်းသောကျင့်ကြံဂြိုလ်တစ်ခုဖြစ်၏။
ပို၍တိကျစွာပြောရလျှင် ၎င်းက ကျင့်ကြံခြင်းဂြိုလ်တစ်ခုမဟုတ်သော်ဘဲ ကျင့်ကြံခြင်းဂြိုလ်ကိုးဆယ့်ကိုးခုရှိနေသောနေရာဖြစ်သည်။
ထိုနေရာက စတုရန်းပုံသုံးခုကို အထက်အောက်စီထားပြီး အလွန်ထူးခြားသောအသွင်အပြင်ရှိသည်။ ၎င်းက ကောက်ကွေးသော လှေကားထစ်တစ်ခုလိုဖြစ်ပြီး ထိုထူးဆန်းသောဖွဲ့စည်းပုံရှိ နေရာတစ်ခုစီတွင် ကျင့်ကြံခြင်းဂြိုလ်တစ်ခုရှိလေသည်။ ဤကျင့်ကြံဂြိုလ်များက သူ့ဥပဒေဿနှင့်သူ လှည့်ပတ်နေသည်။ ထို့အတွက်ကြောင့် မည်သူမဆို ကိုးဆယ့်ရှစ်လုံးကျင့်ကြံဂြိုလ်မှ ဖြစ်ပေါ်လာသော ထူးဆန်းသော ပုံရိပ်ကို ကြည့်လိုက်လျှင် လောကတစ်ခု၏အမြင့်မြတ်ဆုံးလိုအင်ဆန္ဒတစ်ခုပါ၀င်နေသကဲ့သို့ စိတ်နှလုံးများ တုန်လှုပ်သွားသလို ခံစားလိုက်ရသည်။
ကျင့်ကြံခြင်းဂြိုလ်ကိုးဆယ့်ရှစ်ခုဖြင့် ပုံဖော်ထားသည့်ပုံရိပ်ကို “ရာဒစ်”ဟု လူသိများသည်။ “ရာဒစ်” အမည်ရဂြိုလ်သည် စစ်မှန်သောမဟာလောကကြီးလေးခုပိုင်ဆိုင်သော နတ္ထိနယ်မြေများအတွင်း တည်ရှိနေသည်။
အမည်က စကားလုံးတစ်လုံးတည်းသာဖြစ်ပြီး မဟာလောကဘိုးဘေးလေးယောက်ထဲမှတစ်ယောက်၏နာမည်မှ ဆင်းသက်လာခြင်း ဖြစ်သည်။ ထိုနာမည်၏နောက်ကွယ်ရှိအဓိပ္ပါယ်ကို အခြားမည်သူမှ မသိပေ။
ထို့ပြင် ပုံရိပ်ဆယ့်ကိုးခုက “ရာဒစ်”ဟုခေါ်သော ကျင့်ကြံခြင်းဂြိုလ်ကိုးဆယ့်ကိုးလုံးမှ ထွက်ပေါ်လာသောပုံရိပ်များဖြစ်သည်။
ထိုအချိန်တွင် တောက်ပသော အလင်းတန်းတစ်ခုက ဤရာဒစ်အမည်ရှိ ဂြိုလ်များအနက်မှ သူ့အလိုလို တောက်ပလာကာ နဂါးငွေ့တန်းတစ်ခုလုံးကို တခဏချင်း လင်းထိန်သွားစေသည်။ ၎င်းက မဟာလောကကြီးလေးခုရှိလူများ၏အာရုံကို ဆွဲဆောင်ခဲ့သည်။
တစ်ချိန်တည်းမှာပင် အဆုံးမရှိသော မျက်နှာများက အစက်အပြောက်တစ်ခုလို ပေါ်လာသည်။ ဤမျက်နှာများက အချင်းချင်းရောယှက်နေပြီး ကြည်လင်ပြတ်သားစွာ မမြင်ရပေ။ အသက်ရှိုက်စာအနည်းငယ်ကြာပြီးနောက် ဖောက်ထွင်းမြင်နိုင်သောမျက်နှာကြီးတစ်ခုပေါ်လာလေသည်။
ထိုမျက်နှာက ကျင့်နန်ကျစ်ပင်ဖြစ်၏။
“ကျင့်နန်ကျစ်က စစ်မှန်တဲ့လောကရဲ့လေးယောက်မြောက်အစောင့်ပဲ..စစ်မှန်တဲ့ယင်လောကကလာတဲ့ကျင့်ကြံသူပဲ..လွန်ခဲ့တဲ့နှစ်ပေါင်း ၁၇၀၀ လောက်တုန်းက ကျင့်နန်ကျစ်ကို အနီရောင်ရတနာခေါင်းတလား ပေးအပ်ခြင်းခံရတယ်..ဒါပေမဲ့ လွန်ခဲ့တဲ့အသက်နှစ်ဆယ်ရှိုက်စာအတွင်း သူ သေသွားခဲ့ပြီ..ဂြိုလ်သားမျိုးသားစုရဲ့အဆုံးမဲ့လိုအင်ဆန္ဒနတ်စွမ်းရည်ကြောင့် သေခဲ့တာ...”
ထို့အပြင် စစ်မှန်သောလောကအစောင့်သေသွားပြီးနောက် ဟိန်းဟောက်သံများက အဆက်အပြတ် ထွက်ပေါ်လာသည်။ ဤသည်မှာ ကျင့်နန်ကျစ်ကြောင့်မဟုတ်ပေ။ သူသေဆုံးသွားသည့်နေရာ၊ ဂြိုလ်သားမျိုးနွယ်စုဝင်က မြင့်မြတ်သောစွမ်းရည်သုံး၍ သတ်ခဲ့ခြင်းကြောင့်ဖြစ်သည်။
“အဆုံးမဲ့လိုအင်ဆန္ဒနယ်ပယ်ကျင့်ကြံသူ...ဂြိုလ်သားမျိုးနွယ်စုဝင်...”
“လိုအင်ဆန္ဒစွမ်းရည်...မျိုးနွယ်စုရဲ့မွေးရာပါစွမ်းရည်...”