← Chapters

ကြက်သွေးရောင်မီးလျှံဂြိုလ်မှထွက်ခွာခြင်း

Vol. 57 Ch. 785

ကြက်သွေးရောင်မီးလျှံဂြိုလ်မှထွက်ခွာခြင်း

Vol. 57 Ch. 785

“ခင်ဗျားက ကျုပ်ကို အသူရာဖန်ဆင်းရှင်လောကကလို့ ပြောနေပေမဲ့ ကျုပ်ရဲ့မူလဇစ်မြစ်ကို ကျုပ်တောင်မသိဘူး..”

စုမင်က အချိန်အတော်ကြာ နှုတ်ဆိတ်နေပြီးနောက် အသံတိုးတိုးနှင့် ပြောခဲ့သည်။ထိုအချိန်မှာ ချိပ်ပိတ်နယ်မြေ၏ပြိုကျမှုနှုန်းက အပြင်းထန်ဆုံး အခြေအနေသို့ ရောက်ရှိသွားသည်။ ဖုန်မှုန့်များက အလိပ်လိုက်ကောင်းကင်သို့ တက်လာပြီး နေရာတစ်ခုလုံးကို ပြည့်နှက်သွားခဲ့သည်။

ကွဲအက်သွားသောနံရံကနေ ကျောက်တုံးအပိုင်းအစများ လိမ့်ဆင်းလာသည်။

ဤနေရာကို စုမင်နှင့်အတူလာခဲ့ကြသူ အားလုံးက သေဆုံးသွားခဲ့သည်။ ထိုအချိန်တွင် ပြိုကျနေသောချိပ်ပိတ်နယ်မြေမှလွဲ၍ သူ့အတွက် အန္တရာယ်ဖြစ်စေမည့် အခြားအရာတစ်ခုမျှမရှိတော့ပေ။

စုမင်က နှစ်ပေါင်းများစွာရှင်သန်နေထိုင်ခဲ့သောတန်ခိုးကြီးကျင့်ကြံသူကို လှမ်းကြည့်လိုက်သည်။ မီးလျှံဂြိုလ်သခင်က သူ့ကို တရင်းတနှီးခေါ်ဆိုပုံ၊ မွေးရပ်မွေးတူအောင်ပြောပုံတို့ကို သတိရမိသွားလေသည်။

“ငါက ငါးခုမြောက်မဟာလောကကြီးကလာတာ….ဒါပေမဲ့ ငါ မင်းစိတ်ဝိညာဉ်အပေါ်အကဲဖြတ်တာတော့ မမှားနိုင်ဘူး..ဒါက မြင့်မြတ်တဲ့အသူရာဖန်ဆင်းရှင်တွေရဲ့သန့်စင်တဲ့တည်ရှိမှုပဲ...”

“မင်းက အသူရာဖန်ဆင်းရှင်ပဲ..ပြီးတော့ ငါးခုမြောက်မဟာလောကကြီး

အသူရာပဋိညာဥ်လက်အောက်မှာဖွဲ့စည်းထားတဲ့.. လူသိများတဲ့ တော်ဝင်မျိုးနွယ်ကဆင်းသက်လာတယ်...”

“အသူရာပဋိညာဉ်ရဲ့လက်အောက်မှာ မျိုးနွယ်စုအားလုံးက မြင့်မြတ်တဲ့အသူရာဖန်ဆင်းရှင်တွေရဲ့အမိန့်ကို နာခံကြတယ်

သူတို့ရဲ့စိတ်ဝိညာဉ်သက်ေတ‌တွေကို မီးရှို့ပြီး မပျက်စီးလွယ်တဲ့ထိန်းချုပ်မရတဲ့ပြန်လည်မွေးဖွားသူ‌တွေဖြစ်လာကြတယ်..အသူရာဖန်ဆင်းရှင်တစ်ယောက်စီမှာ အသူရာလောကတစ်ခုစီရှိတယ်..အဲဒီလောကတွေက ပြန်လည်မွေးဖွားသံသရာတွေကို စီစဉ်ပေးပြီး သေသူကိုရှင်သန်ပြန်လုပ်နိုင်တယ်...”

“ဟိုးရှေးရှေးတုန်းကပေါ့… ဘယ်လောက်ကြာခဲ့ပြီလဲ ငါမမှတ်မိတော့ဘူး..မဟာ‌လောကကြီးလေးခုက.ငါတို့ရဲ့ဇာတ်ိ‌မြေဖြစ်တဲ့ငါးခုမြောက်မဟာလောကကြီးကို ဝင်တိုက်ခဲ့ကြတယ်...”

“ဒါက ငါတို့မျိုးနွယ်စုအားလုံးကိုဖျက်စီးတဲ့စစ်ပွဲပဲ..အခု ငါတို့ရှိနေတဲ့နဂါးငွေ့တန်းက အရင်က စစ်မြေပြင်တစ်ခုဖြစ်ခဲ့တယ်

နောက်ဆုံးတော့ ငါစစ်ရှုံးသွားခဲ့တယ်..ငါးခုမြောက်မဟာလောကကြီးပြိုကျပြီး မျိုးနွယ်စုကလူတွေက သေဆုံးသွားခဲ့တယ် ဒါမှမဟုတ် ချိပ်ပိတ်ခံခဲ့ရတယ်..”

“ဒါပေမဲ့ မဟာလောကကြီးလေးခုက ဒီလုပ်ရပ်အတွက် ဆိုးဆိုးဝါးဝါးပြန်ပေးဆပ်ခဲ့ရတယ်..ငါးခုမြောက်မဟာလောကကြီးဘယ်လောက် အစွမ်းထက်တယ်ဆိုတာ ပြောပြမယ်..”

“လောကကြီးလေးခုစလုံးက ငါးခုမြောက်မဟာလောကကြီးရဲ့ပြိုင်ဘက်မဟုတ်ဘူး..လောကကြီးနှစ်ခုဝိုင်းတိုက်ရင်တောင် ငါးခုမြောက်လောကကြီးကို တုန်လှုပ်အောင် မလုပ်နိုင်ဘူး..”

“ဒါပေမဲ့ လောကကြီးလေးခုအတူတူဝိုင်းတိုက်‌ချိန်မှာတော့ ငါတို့လောကကြီးကို အနိုင်ရခဲ့တယ်..ဒါက နှစ်သောင်းချီကြာတဲ့ စစ်ပွဲကြီးတစ်ခုပဲ..အဲဒီအချိန်မှာငါးခုမြောက်လောကကြီး ကွဲအက်သွားသလို မျိုးနွယ်စုက ထောင်သောင်းမကတဲ့လူတွေအများကြီး သေဆုံးသွားခဲ့တယ်..”

“အခုမင်း ငါပြောနေတဲ့နေရာနဲ့ အစိမ်းသက်သက်ဖြစ်နေတာကို နားလည်တယ်..မင်းက အဲဒီ‌ခေတ်က အသူရာဖန်ဆင်းရှင်မဟုတ်ဘူး..ဒါပေမဲ့ စစ်ပွဲအတွင်း မဟာလောကကြီးလေးခုက အသူရာဖန်ဆင်းရှင်တွေကို အဓိကထားရှင်းလင်းပစ်ခဲ့တယ်..မင်းဘယ်ကလာလဲဆိုတာ ငါမသိဘူး..ဒါပေမဲ့ မင်းမိဘတွေက စစ်ပွဲအတွင်းမှာ သေသွားတာတော့ သေချာတယ်..”

မီးလျှံဂြိုလ်သခင်၏ရှေးလေသံကလေထဲတွင် တဟုန်ထိုး ပျံ့လွင့်သွားသည်။

စုမင်က ငြိမ်ကျသွားခဲ့သည်။ ထို့နောက် သူ စကားဆက်မပြောခဲ့ပေ။ ထိုအကြောင်းအရာများကို သူပထမဆုံးကြားရခြင်းဖြစ်သည်။ ထိုအရာက မီးလျှံဂြိုလ်သခင်ပြောသော စကားမျှသာဖြစ်သည်။ ထိုစကားများက စုမင်၏နှလုံးသားကိုတုန်လှုပ်အောင်မလုပ်နိုင်ပေ။ စုမင်က စုမင်ပင်ဖြစ်၏ ။ ငါးခုမြောက်လောကကြီးက ‌ငါးခုမြောက်လောကကြီးသာဖြစ်၏။ သူတို့ကြားဆက်နွယ်မှုကို မတွေ့ရှိရသေးပေ။

အချိန်အတော်ကြာပြီးနောက် စုမင်က မေးခွန်းထမေးလိုက်သည်။

“ငါးခုမြောက်မဟာလောကကြီးက မရှိတော့ဘူးဆိုတော့ ဘယ်လိုလုပ်ဝင်ပေါက်ကရှိမှာတုန်း...စစ်ပွဲမပြီးခင်မှာ မဟာလောကကြီးလေးခုက တံဆိပ်ခတ်ထားခဲ့တာဆိုတော့ကျုပ်လဲ ဒီအကြောင်းကိုမသိဘူး...”

မီးလျှံဂြိုလ်သခင်က ခေါင်းယမ်းပြီးနောက် စုမင်ကို ကြည့်လိုက်သည်။ ချိပ်ပိတ်ထားသောဓါးက သူ့ဦးခေါင်းခွံထိပ်ကနေ ပျောက်ကွယ်သွားခဲ့တာ အချိန်အတော်ကြာခဲ့လေပြီ။ ထို့ပြင် အသွေးအသားများက သူ့မျက်နှာပေါ်တွင် ပြန်လည်ဖွဲ့စည်းနေပြီဖြစ်သည်။

“ငါးခုမြောက်လောကကြီးအကြောင်း မပြောချင်တော့ဘူး မင်းက အသူရာဖန်ဆင်းရှင် ဟုတ်ဟုတ် မဟုတ်ဟုတ်မင်းဘာသာ မင်းရဲ့ဇာတ်မြစ်ကို အသိမှတ် ပြုပြု မပြုပြု အရေးမကြီးဘူး..ငါတို့ နှစ်ကိုယ်ကြားအပေးအယူလုပ်ရအောင်”

မီးလျှံဂြိုလ်သခင်၏မျက်လုံးများရှိအနက်ရောင်အလင်းတန်းက ပို၍တောက်ပလာသည်။

“ငါ့ရဲ့ကနဦးကျင့်ကြံစွမ်းအားကို ပြန်ရအောင်လုပ်ချင်တယ်..ငါ့ရဲ့လကံကြမ္မာမှော်စက်ဝန်းနယ်ပယ်စွမ်းအားကို ပြန်စုစည်းချင်တယ်..ဒါပေမဲ့ နတ္ထိအနှစ်သာဂနယ်မြေမှာ ဒါမျိုးလုပ်ဖို့မလွယ်ဘူး..လက်တွေ့အရ ဒီမှာ မှော်စက်ဝန်းနယ်ပယ်အရှိန်အဝါ၊ စွမ်းအားတွေမရှိဘူး”

“ဒါပေမဲ့ ဥပဒေဿတွေအပေါ် ထိန်းချုပ်မှု..ငါ့ခန္ဓာကိုယ်ကို ကျွမ်းကျင်ပိုင်နိုင်စွာကျင့်ကြံမှုနဲ့ စည်းကမ်းတွေကို နားလည်မှုနဲ့အတူ...လောကမှော်ယာဉ်ပျံနယ်ပယ်နှောင်းပိုင်းအဆင့် ဒါမှမဟုတ် ဒီထက်မြင့်တဲ့အဆင့်မှာ မရှိတဲ့သူတွေအားလုံးကို သတ်ပစ်ဖို့ ငါ့အတွက် မခက်ခဲဘူး...”

“မင်းက မဟာမြေကြီးကျင့်ကြံသူနယ်ပယ်ထဲမှာပဲရှိတယ်..မင်းရဲ့စွမ်းရည်အကုန်လုံးကိုသုံးပြီးတိုက်ခိုက်ရင် လောကမှော်ယာဉ်ပျံနယ်ပယ်ကနဦးအဆင့်ရှိသူကိုပဲ တိုက်နိုင်လိမ့်မယ်..ရန်သူက လောကမှော်ယာဉ်ပျံနယ်ပယ်အလယ်လတ်ရှိသူဆိုရင် မင်းသေချာပေါက် သေပွဲဝင်ရမှာပဲ..”

“ပြီးတော့ ငါက မင်းကို အကာအကွယ်ပေးနိုင်သလို မင်းအတွက်တောင် တိုက်ခိုက်ပေးနိုင်တယ်”

မီးလျှံဂြိုလ်သခင်က စကားပြောရင်း သူ့မျက်လုံးများကတောက်ပလာသည်။

“ဒါဆို..ငါ မင်းအတွက် တိုက်ခိုက်ပေးရုံတင်မကဘူး..ကြီးကျယ်ခမ်းနားတဲ့ကောင်းချီးကိုလဲပေးနိုင်တယ်..ဒီချိပ်ပိတ်နယ်မြေက ပြိုကျတော့မှာ...ဒါပေမဲ့ အဲဒီချိပ်တံဆိပ်က နှစ်တွေကြာတာနဲ့အမျှ ငါ့ဆီကနေ စုပ်ယူခဲ့တဲ့ရုပ်ပိုင်းဆိုင်ရာစွမ်းအားတွေနဲ့ ဖန်တီးခဲ့တာ..ဒီစွမ်းအားက ငါ့အတွက် သိပ်အသုံးမဝင်ပေမဲ့ မင်းအတွက်တော့ အသုံးဝင်လိမ့်မယ်..အနည်းဆုံးတော့ မင်းရဲ့ကိုယ်ခန္ဓာကို အရမ်းသန်မာစေပြီး ကောင်းကင်ဘုံနယ်ပယ်အထွဋ်အထိပ်ကိုရောက်စေလိမ့်မယ်..မင်းရဲ့ခန္ဓာကိုယ်က လောကမှော်ယာဉ်ပျံအရှင်သခင်နယ်ပယ်ရောက်ဖို့ မလွယ်ဘူး..”

“ဒါဆိုရင် အပေးအယူဖြစ်တယ်မလား..ဒါတွေအားလုံးကို ငါသင်ပေးမယ်..မင်းလုပ်ရမဲ့အရာကရိုးရှင်းတယ်..ကတိတစ်ခုပဲလိုတယ်..မင်းက မင်းရဲ့အသူရာလောကကိုဖွဲ့စည်းပြီး အဲဒီထဲမှာ လူပြန်ဝင်စားတဲ့သံသရာကို ဖန်တီးပေးပါ..ပြီးရင် အသူရာစိတ်ဝိညာဉ်သက်ေတတွေကို ပြန်လည်ရယူပြီး စစ်ပွဲအတွင်း ကျဆုံးသွားတဲ့ သန်းပေါင်းများစွာရှိတဲ့ ငါ့ရဲ့လူတွေကို

ပြန်နိူးထအောင်လုပ်ပေးပါ..”

“မင်းငါ့ကို ဒီလိုကတိပေးသရွေ့ မီးလျှံဂြိုလ်သခင်ငါက အသူရာပဋိညာဉ်ကို တလိုတလား လိုက်နာပြီး မင်းကို ပံ့ပိုးပေးဖို့ ငါအစွမ်းကုန် ကြိုးစားမှာပါ..”

မီးလျှံဂြိုလ်သခင်၏အသံက လေထဲတွင်

ပဲ့တင်ထပ်သွားလေသည်။ နေရာတိုင်းတွင် ပဲ့တင်ထပ်လာသောအခါ စုမင်၏နှလုံးသားများ တုန်ခါသွားသည် ။

“မင်း ခုချက်ချင်းအဖြေမပေးလဲရတယ်..ငါနိုးထလာတဲ့ချိန်မှာ ငါပထမဆုံးတွေ့လိုက်ရတဲ့လူက မင်းပဲ..ငါတို့အပေးအယူလုပ်ဖြစ်တာ မလုပ်ဖြစ်တာနဲ့မဆိုင်ဘူး..မင်းကို ကောင်းချီးတစ်ခုပေးမယ်..”

“ဒီနေရာက ငါ့ရဲ့ရုပ်ပိုင်းဆိုင်ရာစွမ်းအားတွေနဲ့ ပြည့်နေတယ်. ဒါပေမဲ့ ငါ့အတွက် အသုံးမဝင်ဘူး.. ငါ့ရဲ့ လကံကြမ္မာမှော်စက်ဝန်းနယ်ပယ်စွမ်းအားတွေက အနီးနားမှာ မရှိတော့ဘူး.. ငါက ဒါကို မစုမစည်းသရွေ့ ငါ့ရဲ့ရုပ်ခန္ဓာနဲ့ ငါရဲ့ကနဦးကျင့်ကြံစွမ်းအား လေ့ကျင့်လို့မရဘူး..”

“ငါ...အဲဒါတွေအားလုံးကို မင်းကိုပေးမယ်..မင်းတတ်နိုင်သလောက်စုပ်ယူပေါ့”

မီးလျှံဂြိုလ်သခင်က စကားပြောနေစဉ် သူ့ညာဖက်လက်ကို မြှောက်လိုက်သည်။ သူ့အောက်ရှိကျောက်ရည်ပူများပေါ်တွင် အဖြူရောင်ဝဲဂယက်တစ်ခုပေါ်လာသည်။ ၎င်းက ကျယ်လောင်သော အသံများနှင့်အတူ လည်ပတ်သွားသောအခါ ကြီးမားလှသောရုပ်ပိုင်းဆိုင်ရာစွမ်းအားများက စုမင်ဆီသို့ တိုးဝင်လာလေသည်။

စုမင်၏ဘေးပတ်လည်တွင် နေရာပေါင်းစုံမှ ဝင်လာသောချည်မျှင်များနှင့်ပြည့်နှက်သွားသည်။

စုမင်၏မျက်လုံးများက လေးနက်စွာတောက်ပလာသည်။ သူက အသက်ပြင်းပြင်းရှုရှိုက်လိုက်ပြီးနောက် အရေပြားရှိချွေးပေါက်များ ပွင့်လာသည်။ ထူထဲပြီး အကန့်အသတ်မဲ့ ရုပ်ပိုင်းဆိုင်ရာစွမ်းအားများက သူ့ခန္ဓာကိုယ်ထဲသို့ တိုးဝင်လာပြီး သူ၏သွေး၊ အသား၊ အရိုးများနှင့်ရုပ်ခန္ဓာကို ဖွဲ့စည်းတည်ဆောက်သည့် အခြားအရာအားလုံးကို အားကောင်းစပြုလာသည်။

ထိုအရာက စုမင်လိုချင်တောင့်တခဲ့သော

စွမ်းအားတစ်ခုဖြစ်၏။ အသက်ရှုလိုက်တိုင်း သူ့ခန္ဓာကိုယ်က တဖြည်းဖြည်း သန်မာလာကြောင်း ခံစားရ၏။

စုမင်က ပိုသန်မာလာရန်လိုလားသည်။ သူက သူ့ကံကြမ္မာကို ထိန်းချုပ်ရန် စွမ်းအားကို လိုလားတောင့်တသည်၊ သို့မဟုတ်ပါက ထျန်းလင်းနှင့်ချိပ်ပိတ်နယ်မြေသို့သွားရန် ဘယ်သောအခါမှ သဘောတူခဲ့မည်မဟုတ်ပေ။

စုမင်၏ခေါင်းထဲတွင် ပေါက်ကွဲသံတစ်ခု ထွက်ပေါ်လာသည်။ အဆုံးမဲ့ရုပ်ပိုင်းဆိုင်ရာစွမ်းအားက သူ့ကို လုံးဝ ဖုံးလွှမ်းထားစဉ် မီးလျှံဂြိုလ်သခင်၏အသံက သူ့နားသို့ ရောက်ရှိလာသည်။

“ဒီနေရာကိုစောင့်ရှောက်ဖို့ မဟာလောကကြီးလေးခုက‌လွှတ်လိုက်တဲ့အစောင့်တစ်ယောက်သေသွားတာကို သတိထားမိသွားလိမ့်မယ်...ငါတို့ ဒီမှာ ကြာကြာနေလို့မရဘူး””

ထိုအချိန်တွင် ကြက်သွေးရောင်မီးလျှံ

ဂြိုလ်သခင်က သူ၏ညာလက်ဖြင့် တံဆိပ်တစ်ခုဖန်တီးကာ ခရမ်းရင့်ရောင်ကျောက်ရည်ပူကို ဖယ်ထုတ်လိုက်သည်။ ထို့နောက် ပြိုကျနေသောချိပ်ပိတ်နယ်မြေက စတင်တုန်ခါလာသည်။ ပြိုကျနေသောအပျက်အစီးလွှာများက အလွှာပေါ်အလွှာ‌ဆင့်ရင်း မာကြောလာသည်။ မြေပြင်နှင့်နံရံများက ချိပ်ပိတ်ခံထားရသလိုဖြစ်ပြီး ဆက်လက်ပြိုကျခြင်းမရှိတော့ပေ။ ယင်းအစား ၎င်းတို့က ဧရာမကျောက်တုံးကြီးတစ်ခုအဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။

ဤကျောက်တုံးက အလုံပိတ်နယ်မြေတစ်ခုလုံးစာဖြစ်သည်။ ထိုအချိန်တွင် မီးလျှံဂြိုလ်သခင်၏နတ်ဘုရားစွမ်းရည်လွှမ်းမိုးမှုအောက်တွင် ကျောက်တုံးကြီးက ထပ်မံတုန်လှုပ်သွားပြီး ဘေးပတ်လည်တွင် စွမ်းအားလှိုင်းကိုးခုပေါ်ထွက်လာသည်။

ထိုစွမ်းအားလှိုင်းကိုးခုက တွန့်လိမ်ပုံပျက်နေသောအရာကိုးခုအဖြစ်ပြောင်းလဲသွားသည်။ ထိုပုံပျက်မှုများက မျက်လုံးတစ်မှိတ်အတွင်းမှာပင် ကျောက်တုံးကြီးတစ်ခုလုံးကို ဖုံးလွှမ်းသွားသည်။ ထို့နောက် ကျယ်လောင်သောပေါက်ကွဲသံကြီးက လောကကြီးတစ်ခုလုံးကို တုန်လှုပ်သွားစေရုံသာမက အပြင်ဘက်ရှိ ညကောင်းကင်ယံကို တုန်လှုပ်သွားစေသည်။

မရေမတွက်နိုင်သော ကျင့်ကြံသူများ၏နှလုံးသားက ကြောက်ရွံ့စိတ်ကြောင့် တဒိတ်ဒိတ်ခုန်လာပြီး ရက်စက်ကြမ်းကြုတ်သော သားရဲများ ဟိန်းဟောက်စပြုလာသည်။ ထိုအချိန်တွင် ချိပ်ပိတ်နယ်မြေဖြစ်သောကျောက်တုံးကြီးက ညည်းသံနှင့်အတူ ပျောက်ကွယ်သွားသည်။

ထို့နောက် ကြက်သွေးရောင်မီးလျှံဂြိုလ်၏အတွင်းပိုင်းက အလွတ်ဖြစ်သွားသည်။ဤသည်မှာ မီးလျှံဂြိုလ်သခင်က သူ့နောက်ဆုံးစွမ်းအား မှော်စက်ဝန်းနယ်ပယ်စွမ်းအားကိုအသုံးပြု၍ ချိပ်ပိတ်နယ်မြေဖြစ်သည့်ကျောက်တုံးကြီးကို နေရာပြောင်းခဲ့သည်။ ထို့ကြောင့် ကျောက်တုံးကြီးက ကြက်သွေးရောင်မီးလျှံဂြိုလ်မှ ထွက်ခွာနိုင်ခဲ့သည်။

အကန့်အသတ်မဲ့သော နဂါးငွေ့တန်းတွင် ဥက္ကာခဲများစွာ ရွေ့လျားနေသည်။ ထိုအချိန်တွင် ဥက္ကာခဲများထဲမှ တစ်ခုအတွင်း စွမ်းအားလှိုင်းအလွှာကိုးလွှာ ပေါ်လာသည်။ မျက်စိတစ်မှိတ်အတွင်းမှာပဲ ချိပ်ပိတ်နယ်မြေဖြစ်သည့် ကျောက်တုံးကြီး ပေါ်လာလေသည်။

မီးလျှံဂြိုလ်သခင်၏မျက်လုံးများက မှုန်မှိုင်းသွားသော်လည်း ပြန်လည်ကောင်းမွန်ရန် ချက်ချင်းအနားမယူခဲ့ပေ။

ကြက်သွေးရောင်မီးတောက်၏ မြို့စားကြီး၏မျက်လုံးများက ပို၍မှိုင်းသွားသော်လည်း ပြန်လည်ကောင်းမွန်ရန် ချက်ချင်းပင် အနားယူခြင်းသို့ မ၀င်ခဲ့ပေ။ ယင်းအစား ဂြိုလ်သခင်က ဓါးဖြင့်ကစားနေသောကြိုးကြာငှက်ကို စူးစိုက်ကြည့်လိုက်သည်။

“သခင်လေး.. မင်းကဘယ်သူလဲ”

“ခင်ဗျား ဒီလိုအကွက်ရွေ့မှာကို ဘာလို့ကြိုမပြောတာလဲ..သေစမ်းကွာ..ခင်ဗျား ကျုပ်ကိုလန့်သေအောင်လုပ်နေတာလား..ကျုပ်နှလုံးသားက အခုထိ တဒိန်းဒိန်းခုန်နေတုန်းပဲ.....ကျုပ်ရုတ်တရတ် လှုပ်ရှားရတာကို မုန်းတယ်..ကျုပ်မှာ စိတ်ဒဏ်ရာတွေ ရှိတယ်..သေချာပေါက် ဒဏ်ရာတစ်ခုခုတော့ ရှိတယ်..”

ထိပ်ပြောင်ကြိုးကြာငှက်၏ မျက်နှာက ဖြူဖပ်ဖြူရော် ဖြစ်နေသည်။ ထို့နောက် ၎င်းက မီးလျှံဂြိုလ်သခင်ကို စူးစူးရဲရဲကြည့်လိုက်သည်။

ကြိုးကြာငှက်တို့ တည်ရှိရာနှင့်သိပ်မဝေးသောနေရာတွင် မျက်လုံးမှိတ်ထားသောစုမင်ရှိနေလေသည်။ သူ့ပတ်ဝန်းကျင်က စွမ်းအားတွေကို အဆက်မပြတ်စုပ်ယူနေလေသည်။

သူ့ခန္ဓာကိုယ်က ပို၍ သန်မာလာပြီး သူ့နှလုံးသားမှ ကျယ်လောင်သောအသံများထွက်ပေါ်လာ၏။စုမင်က ပေါက်ဖတ်ကနေပြောင်းလဲသွားသောပိုးအိမ်ကဲ့သို့ အဆက်မပြတ် အားကောင်းလာပြီး လိပ်ပြာဖြစ်လာရန် ၎င်း၏ဘဝသစ်ကို ဖန်ဆင်းခြင်းလုပ်ငန်းစဉ်မျိုးတွင် နစ်မြုပ်နေခဲ့သည်။

မကြာမီတွင် ကောင်းကင်နှင့် မြေကြီးကို တုန်ခါသွားစေသည့် ပြင်းထန်သော ဖိအားတစ်ခုက မီးလျှံဂြိုလ်အထက်ရှိနဂါးငွေ့တန်းမှ ကျယ်လောင်စွာ ထွက်ပေါ်လာသည်။ ကြီးမားသောတွန့်လိမ်ပုံပျက်မှုများဖြစ်ပေါ်လာပြီး ခဏအကြာတွင် မှော်စီးယာဉ် တစ်စင်း၊ နှစ်စင်း၊ သုံးစင်း…ပျံသန်းလာသည်။

ပေပေါင်းရာနှင့်ချီသော ဧရာမမှော်စီးယာဉ်သုံးဆယ်ခုနစ်စင်းက ဟင်းလင်းပြင်ကို ဖြတ်ကျော်ဝင်ရောက်ကာ မီးလျှံဂြိုလ်အထက်ရှိနဂါးငွေ့တန်းတွင် ထင်ရှားလာခဲ့သည်။ အဆိုပါမှော်စီးယာဉ်များမှ လျှပ်စစ်လှိုင်းများ ပြန့်ကျဲနေပြီး ၎င်းတို့ထံမှ ထွက်လာသော ဖိနှိပ်မှုများကြောင့် မီးလျှံဂြိုလ်တစ်ခုလုံး တုန်လှုပ်သွားစေသည်။

မှော်စီးယာဉ်တစ်စင်းစီတွင် လူတစ်ထောင်နီးပါး ရပ်နေ၏။ လောကမှော်ယာဉ်ပျံနယ်ပယ်တည်ရှိမှုများက ပြန့်ကျဲ့လာသည်။ ထို့ပြင် ထိုမှော်စီးယာဉ်များ၏အလယ်တွင် ရှည်လျားသောမှော်စီးယာဉ်ကြီးတစ်ခုရှိပြီး ထိုသင်္ဘောပေါ်မှ အရာအားလုံးကိုလွှမ်းမိုးနိုင်‌သောတည်ရှိမှုတစ်ခုလဲ ရှိနေသည်။ နဂါးငွေ့တန်းအတွင်းရှိ ဧရာမလျှပ်စီးကြောင်းများမှ နေတစ်ဝက်ပုံစံကိုပင် ဖန်ဆင်းခဲ့သည်။

ထိုပုံစံက နေတဝက်သာထွန်းလင်းသောကြောင့် လခြမ်းနှင့်တူလေ၏။

ကံကြမ္မာမှော်စက်ဝန်းနယ်ပယ်ထဲကို ခြေတစ်လှမ်းတစ်ဝက်လောက် ရောက်သွားသူများ၏စွမ်းအားကို လကံကြမ္မာမှော်စက်ဝန်းနယ်ပယ်စွမ်းအားဟု ခေါ်သည်။

All Chapters