← Chapters

အနှစ်တစ်ရာ..

Vol. 57 Ch. 786

အနှစ်တစ်ရာ..

Vol. 57 Ch. 786

အမှောင်ထုကြီးစိုးသောနဂါးငွေ့တန်းတွင် အလင်းရောင်ကို မမြင်နိုင်သလို မည်သည့်အသံမှလည်း မကြားရပေ။ ကောင်းကင်ဘုံတည်ရှိနေမည်ဟုထင်ရသော တိတ်ဆိတ်ခြင်းသာ ရှိ၏။

ရံဖန်ရံခါတွင် အလင်းတန်းတစ်ခု ပေါ်လာ၏။ မှောင်မိုက်သောနဂါးငွေ့တန်းထဲတွင် အမည်မသိအရာနှစ်ခု အချင်းချင်း တိုက်မိပြီးနောက် ထိုအလင်းတန်း မွေးဖွားလာခဲ့သည်။ အလင်းတန်းများ၏ သက်တမ်းကတိုတောင်းပြီး မျက်စိတစ်မှိတ်အတွင်း ဖျတ်ခနဲ ပျောက်ကွယ်သွားသည်။

အေးစက်မှု၊ တိတ်ဆိတ်မှု၊ မှောင်မိုက်မှုတို့သာ အဆုံးမဲ့နဂါးငွေ့တန်းတွင် နေရာယူထားသည်။

လွန်ခဲ့သည့် နှစ်တစ်ရာကျော်က နဂါးငွေ့တန်းအတွင်း အလင်းတန်းရှည်များ ဖြတ်သန်းသွားပြီး အမည်မသိသော နေရာတစ်ခုသို့ ဦးတည်သွားသော ဥက္ကာခဲများရှိခဲ့ဖူးသည်။

ဥက္ကာခဲများက စကြာဝဠာကြီးထဲတွင် အဝိုင်းပုံသဏ္ဍာန် လမ်းကြောင်းအတိုင်း နှစ်တစ်ရာကြာ ပျံသန်းပြီးနောက် ဤနေရာသို့ ဖြတ်သန်းသွားပြန်သည်။ လွန်ခဲ့သောနှစ်တစ်ရာနှင့် နှိုင်းယှဉ်ပါက ဥက္ကာခဲအရေအတွက် ကျဆင်းသွားပြီး ကျန်ရှိသည့် ဥက္ကာခဲများမှာ များစွာ နည်းပါးသွားခဲ့သည်။

ဥက္ကာခဲအုပ်စုအနက်မှ တစ်ခုတည်းသောချိပ်ပိတ်နယ်မြေဖြစ်သည့်ကျောက်တုံးကြီးတစ်ခု ရှိသည်ကို မည်သူမျှ မသိနိုင်ပေ။ ထိုကျောက်တုံးအတွင်းတွင် ခရမ်းရင့်ရောင်ကျောက်ရည်ပူများ ရှိ၏။

ကျောက်ရည်ပူများပေါ်တွင် ထိုင်နေသည့်လူတစ်ယောက်ရှိလေသည်။

ထိုလူက မီးခိုးရောင်ဆံပင်ရှိသောလူငယ်တစ်ဦးဖြစ်ပြီး အိပ်ပျော်နေပုံရသည်။ သူ့ခန္ဓာကိုယ်ပေါ်တွင် ရံဖန်ရံခါ တောက်ပနေသော်လည်း တစ်ခါတစ်ရံအနက်ရောင် အလင်းရောင်တစ်ခုရှိသည်။အေးစက်သောလေလှိုင်းများက သူ့ပတ်ဝန်းကျင်ရှိခရမ်းရင့်ရောင်ကျောက်ရည်ပူများမှပြန့်ကျဲနေသည်။ အနီးနားတွင် အနီရောင်အသားမျှင်များ အများအပြား စုဝေးနေသည်။ တစ်ယောက်ယောက်က အဝေးကို ငေးကြည့်မိလျှင် ကျောက်ရည်ပူက အဆုံးအစမဲ့နေသောမြစ်ကဲ့သို့တည်ရှိနေသည်ကို တွေ့မြင်ရမည်။

ဤအနှစ်တစ်ရာအတွင်းတွင် စုမင်က သူ့ခန္ဓာကိုယ်အတွက် ဆက်လက်စုပ်ယူလိုက် ပြုပြင်လိုက်နှင့် အချိန်ကုန်ဆုံးခဲ့သည်။ သူ့ခန္ဓာကိုယ်က ခွန်အားများ တိုးလာပြီး တစ်နေ့ထက်တစ်နေ့ ပိုသန်မာလာခဲ့၏။

အနှစ်လေးဆယ်အတွင်း သူ၏ခန္ဓာကိုယ်က မဟာမြေကြီးကျင့်ကြံခြင်းနယ်ပယ်ထက် သာလွန်ခဲ့ပြီး ကောင်းကင်ဘုံကျင့်ကြံခြင်းနယ်ပယ်၏အစမှတ်တိုင်သို့ ရောက်ရှိခဲ့သည်။ စုမင်က ဤအခြေအနေသို့ရောက်ရှိသွားသည့်အထိ သူ၏ရုပ်ပိုင်းဆိုင်ရာစွမ်းအားကို သန့်စင်ပေးနိုင်ခဲ့ပြီး၊ သူ၏ခန္ဓာကိုယ်က ကောင်းကင်ဘုံနယ်ပယ်ရှိသူများကို ခုခံနိုင်သည့်အဆင့်သို့ ရောက်ရှိခဲ့သည်။ သို့သော် သူ၏ကျင့်ကြံဆင့်အစစ်အမှန်က မဟာမြေကြီးကျင့်ကြံဆင့်သာ ရှိသေးသည်။

တကယ်တော့၊ သူ့လက်သီးများက ကောင်းကင်ဘုံနယ်ပယ်ကျင့်ကြံသူ၏အသက်စွမ်းအားအူတိုင်ကို တုန်လှုပ်သွားစေနိုင်သည်။

ထိုအကျိုးဆက်က သူ့ကျင့်ကြံစွမ်းအားမှရရှိခြင်းမဟုတ်ဘဲ သူ့ရုပ်ပိုင်းဆိုင်ရာစွမ်းအားကို အသုံးပြုရုံသာဖြစ်သည်။ စုမင်က ကျင့်ကြံစွမ်းအားနှင့်မြင့်မြတ်သောစွမ်းရည်အားလုံးကို နှောပြီး ပေါင်းထည့်လိုက်လျှင် အသူရာနတ်ဘုရားနယ်ပယ်ရှိကျင့်ကြံသူကိုတောင် အနိုင်ရနိုင်သည်။

လောကမှော်ယာဉ်ပျံစွမ်းအားမှာ ‌အသူရာနတ်ဘုရားနယ်ပယ်ကျင့်ကြံသူတို့အသုံးပြုသော အပြင်းထန်ဆုံးစွမ်းအားပင်ဖြစ်သည်။ အကယ်၍

တစ်စုံတစ်ယောက်က လောကမှော်ယာဉ်ပျံစွမ်းအားကိုအသုံးပြု၍ သာမန်ကျင့်စဉ်များကို အသက်သွင်းပါက သူတို့လက်မြှောက်လိုက်ရုံဖြင့် လောကကြီးကို လွှမ်းမိုးနိုင်မည်ဖြစ်သည်။

စုမင်က ထိုအချက်ကိုရှင်းရှင်းလင်းလင်းသိလေသည်။ အတိတ်က တာအိုကျေးကျွန်များနှင့်ထိပ်တိုက်တွေ့စဉ်က တာအိုကျေးကျွန်များက လောကမှော်ယာဉ်ပျံစွမ်းအားကို အသုံးမပြုခဲ့သော်လည်း အလွန်အစွမ်းထက်ခဲ့သည်။ ယခု သူ ဆက်စပ်စဉ်းစားမိသည်မှာ တာအိုကျေးကျွန်များက ထိုစွမ်းအားကို မသုံးတာမဟုတ်ဘဲ မာန်ပြည်ထောင်ရှိဥပဒေဿကန့်သတ်ချက်များကြောင့်ဖြစ်သည်။ ထိုဥပဒေဿက သူတို့၏ကျင့်ကြံဆင့်များကို များစွာ ထိခိုက်စေမည် မဟုတ်သော်လည်း လောကမှော်ယာဉ်ပျံစွမ်းအားအသုံးချမှုအပေါ်ကန့်သတ်ချက်က ပြင်းထန်လွန်းလှသည်။

အကယ်၍ လက်ရှိစုမင်က မာန်ပြည်ထောင်တွင်ရှိနေပါက လောကမှော်ယာဉ်ပျံစွမ်းအားကို ဖိနှိပ်ခံထားရသော တာအိုကျေးကျွန်များကို အတင်းအကျပ် နှိမ်နင်းနိုင်မည်ဖြစ်၏။ ထိုသို့ပြုလုပ်ရန် အခြားသူဧ။်စွမ်းအားကို ငှားရန် မလိုအပ်ပါ။ သူ့ကိုယ်သူ စိတ်ပျက်အားငယ်သွားစေမည့် ထိုကပ်ဆိုးကြီးကို သူကိုယ်တိုင် ဖြေရှင်းနိုင်လိမ့်မည်။

“လောကမှော်ယာဉ်ပျံအရှင်သခင်စွမ်းအား..ငါ့ရဲ့ခန္ဓာကိုယ်နဲ့ ကျင့်ကြံဆင့်က ဘယ်တော့မှ ဒီအခြေအနေကိုရောက်မှာလဲ..‌အဲဒီအချိန်ကျရင် ငါက ဒီနဂါးငွေ့တန်းထဲမှာ အစွမ်းထက်တဲ့ ကျင့်ကြံသူလို့ သတ်မှတ်ခံရလိမ့်မယ်

စုမင်က တရားထိုင်နေစဉ်တွင် သူ့မျက်လုံးများက ဖျတ်ခနဲလင်းလက်သွားသည်။

သူက လောကမှော်ယာဉ်ပျံအရှင်သခင်နယ်ပယ်ကျင့်ကြံသူဖြစ်မလာမီ ရန်သူများကိုတိုက်ခိုက်ရန် အဆိပ်ပြင်းနကျယ်ကောင်နှင့်ရတနာဘူးသီးခြောက်ကိုအသုံးပြုနိုင်သည်။ သူ့ရန်သူကို လုံးဝပြန်တိုက်နိုင်သည်ဟု ယုံကြည်ချက်ရှိလေသည်။

စုမင်၏ခန္ဓာကိုယ်မှ ပေါက်ကွဲသံများ အဆက်မပြတ်ထွက်ပေါ်လာသည်။ ထိုအရာက သူ့အရိုးနှင့် အသားများ အချင်းချင်း ပွတ်တိုက်နေသည့် အသံပင်ဖြစ်သည်။မီးလျှံဂြိုလ်သခင်မှလွဲ၍ အခြားမည်သူမဆို ဤနေရာ၌ရှိနေပါက သေချာပေါက် ထိတ်လန့်သွားမည်ဖြစ်သည်။

အသံတစ်သံချင်းစီတွင် တစ်စုံတစ်ခု ကြေမွသွားသလို ခံစားရသည်။ ထိုအသံက တစ်စုံတစ်ယောက်ကြားရသူတိုင်းက သူတို့၏ခန္ဓာကိုယ်ကကွဲအက်လုနီးနီး ခံစားရသည်။ ထိုအရာက စကားလုံးများနှင့်ဖော်ပြရခက်သော ခံစားချက်တစ်ခုဖြစ်သော်လည်း လူတိုင်း၏နှလုံးသားတိုင်းမှာ နက်နက်ရှိုင်းရှိုင်းခံစားခဲ့ရသည်။

“လောကမှော်ယာဉ်ပျံအရှင်သခင်နယ်ပယ်...”

စုမင်၏မျက်လုံးများက ရမ္မက်လောဘများဖြင့်တောက်ပနေသည်။

“လောကမှော်ယာဉ်ပျံအရှင်သခင်နယ်ပယ်ကျင့်ကြံသူဖြစ်ချင်တယ်ဆိုရင် လောကတစ်ခုရဲ့မြင့်မြတ်တဲ့အနှစ်သာရကိုပိုင်ဆိုင်ရမယ်..အဲဒီအနှစ်သာရက လောကတစ်ခုစီမှာတည်ရှိနေတဲ့ တည်မြဲတဲ့စွမ်းအားပဲ...”

ခပ်ဝေးဝေးရှိထိပ်ပြောင်နှင့်လူက

မောဟိုက်သောအသံဖြင့်ရှင်းပြလေသည်။

ထိုလူက လွန်စွာ အရပ်ရှည်ပြီး ခန့်ခန့်ထွားထွားကြီးဖြစ်သည်။ သူက ပေနှစ်ဆယ်နီးပါး အရပ်ရှည်ပြီး သံမျှော်စင်ကဲ့သို့ကျောက်ရည်ပူပေါ်တွင် တင်ပျဉ်ခွေထိုင်နေသည်။ သူ့ခေါင်းပေါ်တွင် အမွှေးအမျှင်မရှိဘဲ မြွေကိုယ်ထည်နှင့်အတောင်ပံခြောက်စုံပါသောသားရဲအရုပ်တစ်ခုရှိနေသည်။ သူ့ခေါင်းထိပ်မှာ တံဆိပ်တစ်ခုလို ထွင်းထုထား၏။

မည်သူမဆို အနီးကပ်ကြည့်လျှင် ရက်စက်ကြမ်းကြုတ်သော သားရဲရုပ်ထုတစ်ဝိုက်တွင် မီးအမှုန်အမွှားများ တွေ့ရပြီး သားရဲက ပြင်းထန်သောမီးတောက်သားရဲဟု ထင်ရပေမည်။ ထိုအရုပ်ကို ပိုင်ဆိုင်သောလူမှာ မီးလျှံဂြိုလ်သခင်ဖြစ်၏

အနှစ်တစ်ရာအတွင်း သူ့ခန္ဓာကိုယ်မှာအသွေးအသားတွေက တစ်ဖန် ပေါက်ဖွားလာပြီး အတိတ်က မူလပုံစံအတိုင်း ရောက်ရှိသွားခဲ့သည်။ သူ့ခန္ဓာကိုယ်ကို လွှမ်းခြုံထားသည့်ကြီးမားသော၀တ်ရုံတစ်ခုရှိပြီး ထူးခြားသောအရှိန်အဝါကို ပေးစွမ်းသည်။

“နဂါးငွေ့တန်းထဲမှာ ကျင့်ကြံခြင်းဂြိုလ်တွေအများကြီးရှိတယ်..အဲဒီကျင့်ကြံခြင်းဂြိုလ်တစ်ခုစီကို လောကတစ်ခုလို့ခေါ်နိုင်တယ်..လောကတစ်ခုရှိနေသရွေ့ လောကရဲ့အနှစ်သာရလဲရှိလာသလို လောကမှော်ယာဉ်ပျံအရှင်သခင်စွမ်းအားလဲ ရှိလာမယ်...”

“မင်း လောကမှော်ယာဉ်ပျံအရှင်သခင်နယ်ပယ်ကိုရောက်ပြီး လောကမှော်ယာဉ်ပျံစွမ်းအားကို စုပ်ယူချင်တယ်ဆိုရင်တော့ လောကအနှစ်သာရရဲ့အသိအမှတ်ပြုမှုကိုရယူရမယ်..အဲလိုအသိအမှတ်ပြုခံရရင်တော့ သူ့ရဲ့စွမ်းအားကိုစုပ်ယူနိုင်ပြီး လောကမှော်ယာဉ်ပျံအရှင်သခင်ဖြစ်လာမှာပဲ...”

“လောကကြီးက ပိုကြီးလေ သူ့မှာပါတဲ့လောကကြီးရဲ့အနှစ်သာရက ပိုကြီးလေလေပဲ..အဲဒီထဲမှာ လောကမှော်ယာဉ်ပျံအရှင်သခင်အရေအတွက်က ပိုများလာလေလေပဲ..လောကမှော်ယာဉ်ပျံအရှင်သခင်အရေအတွက်ကို အဆုံးအဖြတ်ပေးတဲ့ အချက်ကတော့ကျင့်ကြံသူကိုယ်တိုင်အပေါ်မှာပဲ မူတည်တာတော့မဟုတ်ဘူး..လောကရဲ့အနှစ်သာရက လူတွေစုပ်ယူနိုင်တယ်ဆိုတာကို ဆုံးဖြတ်ရာမှာ ပိုကြီးတဲ့အခန်းကဏ္ဍကနေပါဝင်နေတယ်..”

“ပြီးတော့လောကတစ်ခုရဲ့ အနှစ်သာရအရေအတွက်က သူ့ ရွေးချယ်ပြီးသားလူအကိုက်ဖြစ်နေရင် မင်းရဲ့ အလားအလာက ဘယ်လောက်ပဲ ကြီးကျယ်နေပါစေ လောကအသူရာနတ်ဘုရားနယ်ပယ်ကျင့်ကြံသူမဖြစ်နိုင်သေးဘူး..မင်း လောကအသူရာနတ်ဘုရားနယ်ပယ်ကျင့်ကြံသူဖြစ်ချင်ရင် တစ်ခြားလောကကိုသွားပြီး နေရာရှာရမှာ..တစ်ခြားလောကရဲ့ လောကအသူရာနတ်ဘုရားနယ်ပယ်နေရာကလွတ်နေရင် မင်းအတွက် အခွင့်အရေးရမှာပဲ...”

“နဂါးငွေ့တန်းကြီးက ကြီးမားပြီး ကျင့်ကြံခြင်းဂြိုလ်တွေအများကြီးရှိတယ်..အဲဒါက လောကတွေအများကြီးရှိတာကို ဆိုလိုတယ်..ဒါပေမဲ့ ရှာဖွေ့တွေ့ရှိထားတဲ့လောကအားလုံးနီးပါးက လောကအသူရာနတ်ဘုရားနယ်ပယ်နေရာ

အပြည့်ပဲ..”

စုမင်က ခေါင်းမော့ပြီး မီးလျှံဂြိုလ်သခင်ကို ကြည့်လိုက်သည်။ သို့သော် သူစကားတစ်ခွန်းမှမပြောပေ။

“လောကမှော်ယာဉ်ပျံအရှင်သခင်နယ်ပယ်ကျင့်ကြံသူတော်တော်များများက မီးလျှံဂြိုဟ်ပေါ်မှာ သေဆုံးခဲ့ကြပေမဲ့ စစ်မှန်တဲ့လောကအစောင့်တွေကလွဲရင် လောကအသူရာနတ်ဘုရားနယ်ပယ်ကျင့်ကြံသူအစစ်လို့မယူဆကြဘူး.. အဲဒါတွေက အလားအလာမရှိလို့ မဟုတ်ဘူး..သူတို့အသိအမှတ်ပြုခံရတဲ့လောကတွေက ပျက်စီးသွားတယ်...အဲဒီလောကမှာပါတဲ့အနှစ်သာရက လက်တွေ့အားဖြင့် ခြောက်သွေ့သွားတာကြောင့် သူတို့ရဲ့ အောင်မြင်မှုတွေဟာ အခိုက်အတန့်သဘောမျိုးဖြစ်သွားတယ်...”

“တကယ်တော့ သူတို့ဟာ စည်းကမ်းနဲ့ ဥပဒေဿတွေကို နားမလည်နိုင်ကြလို့ပဲ.. ဒါကြောင့် သူတို့ကို အသူရာနတ်ဘုရားနယ်ပယ်ကျင့်ကြံသူလို့ ဘယ်ခေါ်လို့ရမလဲ..”

“စစ်မှန်တဲ့လောကအစောင့်တွေကိုပဲ တကယ့်လောကအသူရာနတ်ဘုရားအဖြစ်သတ်မှတ်နိုင်မယ်..ပြီးတော့ သူတို့အသူရာနတ်ဘုရားဖြစ်လာတဲ့လောက ဒီစစ်‌မြေပြင်ဖြစ်လာတဲ့နဂါးငွေ့တန်းမှာမရှိဘူး...ဒီနေရာရဲ့အလွန်မှာရှိတဲ့အခြားနဂါးငွေ့တန်းပဲဖြစ်မယ်... သူသေဆုံးပြီးတဲ့နောက်မှာ နေရာတစ်နေရာလွတ်နေပေမဲ့ အခုအခြားသူက ယူသွားပြီ...”

စုမင်က ခဏလောက် နှုတ်ဆိတ်နေပြီးဖြည်းညှင်းစွာ ပြောလိုက်သည်။

“ဒီလိုဆိုရင်နတ္ထိအနှစ်သာရနယ်မြေမှာ လောကမှော်ယာဉ်ပျံအရှင်သခင်နယ်ပယ်ကျင့်ကြံသူဖြစ်ဖို့ မလွယ်ဘူးပေါ့..”

မီးလျှံဂြိုလ်သခင်၏မျက်လုံးများတွင် အလင်းတန်းတစ်ခု ပေါ်လာသည်။

“မင်းမှာ အခွင့်အရေး ရှိ မရှိ ပြောဖို့က ငါနဲ့ မဆိုင်ဘူး..မင်းရဲ့ ရွေးချယ်မှုပေါ်မှာပဲ မူတည်တယ်..”

“ပထမဆုံးကတော့ ကောင်းကင်ဘုံကျင့်ကြံခြင်းနယ်ပယ်နောက်မှာ နောက်ထပ်နယ်ပယ်တွေရှိသေးတယ်..အဲဒီနယ်ပယ်တွေကို ဘာလို့ လောကမှော်ယာဉ်ပျံအရှင်သခင်နဲ့လောကအသူရာနတ်ဘုရားနယ်ပယ်လို့ခေါ်လဲဆိုတာသိထားရမယ်...တစ်ခုက အရှင်သခင်နယ်ပယ်ဖြစ်ပြီး‌တော့ တစ်ခုက နတ်ဘုရားနယ်ပယ်..ဒါကို စဉ်းစားကြည့်ရင် ဒီစကားလုံးနှစ်လုံးနဲ့ အဖြေများစွာ ရနိုင်မှာပဲ...”

“စစ်မှန်တဲ့လောကမှော်ယာဉ်ပျံအရှင်သခင်နယ်ပယ်ကျင့်ကြံသူဆိုတာ ဆရာတစ်ဆူလိုပဲ.. ကျင့်ကြံသူရဲ့ဘဝမှာ အသာလွန်ဆုံးအခြေအနေနတ်ဘုရားပုံစံမျိုးရောက်တာကိုပြောတာ...ပြီးတော့ အဲဒီသူက သူ့ကျင့်ကြံဆင့်ထက်သာလွန်တဲ့စွမ်းအားကို ထုတ်လွှတ်နိုင်တယ်..ပြီးတော့ မြင့်မားတဲ့ကျင့်ကြံဆင့်ရှိတဲ့သူတွေကို တွန်းလှန်နိုင်တယ်...”

“ဒါပေမဲ့ သူတို့ရဲ့လောကတွေကို စွန့်ခွာပြီးတာနဲ့ သူတို့ဟာ ရေထဲက ငါးတွေလို ဖြစ်သွားမှာ..သူတို့ ရှင်သန်နိုင်ပြီး အားကောင်းနေဆဲဖြစ်ပေမဲ့

သူတို့ရဲ့စွမ်းအင်ကို အလွန်အကျွံသုံးလိုက်တာနဲ့ လောကမှော်ယာဉ်ပျံစွမ်းအားကိုရဖို့ အရမ်းခက်ခဲလိမ့်မယ်..”.

“အဲဒါကြောင့်လောကအသူနတ်ဘုရားနယ်ပယ်ကျင့်ကြံသူတွေက သူတို့ရဲ့လောကကနေ ထွက်မသွားကြဘူး..ထွက်သွားရင်တောင် မကြာခင် ပြန်လာကြတယ်..ပြန်နိုင်ရင် သူတို့ရဲ့ စွမ်းအားကို ထိန်းထားဖို့အတွက် လောကအမြုတေကျောက်တုံးတွေကို ယူဆောင်လာကြတယ်..‌စစ်မှန်တဲ့လောကအစောင့်တွေလိုပေါ့.. သူ့သိုလှောင်အိတ်က အနီးတစ်ဝိုက်မှာပဲ ရှိမယ်..‌ဖွင့်မကြည့်ရသေးပေမဲ့ သေချာတာတော့ လောကအမြုတေကျောက်တုံးရှိတယ်..”

မီးလျှံဂြိုလ်သခင်က ထိုစကားများပြောသောအခါ သူ၏အမူအရာမှာ အနည်းငယ်ထူးဆန်းလာသည်။ နောက်ဆုံးအကြိမ် သူမျက်လုံးမမှိတ်ခင်က မနီးမဝေးတွင်ရှိခဲ့သောသိုလှောင်အိတ်ကို သတိရမိခဲ့သည်။ ယခုအခါ သိုလှောင်အိတ်လည်း ပျောက်သွားခဲ့သည်။

“လောကမှော်ယာဉ်ပျံအရှင်သခင်နယ်ပယ်ကျင့်ကြံသူဟာ ဘယ်နေရာပဲရောက်ရောက် သူ့ရဲ့အထွတ်အထိပ်အခြေအနေမှာ ရှိနေဖို့ နောက်ထပ်နည်းလမ်းတစ်ခုလည်း ရှိသေးတယ်..ဒီနည်းလမ်းက ရိုးရှင်းပြီး လူတော်တော်များများ အသုံးပြုကြတဲ့ အခြေခံအချက်လဲဖြစ်တယ်..”

“သူတို့က မတူညီတဲ့လောကတွေရဲ့အသိအမှတ်ပြုမှုကိုရဖို့ အခြားသူတွေရဲ့နေရာကို လုယုကြတယ်..လောကအသူရာနတ်ဘုရားနယ်ပယ်နေရာငါးထောင်ကို ရရင် လောကမှော်ယာဉ်ပျံအလယ်လတ်အဆင့်ကိုရောက်သွားတယ်..နေရာတစ်သောင်းရရင်တော့ လောကမှော်ယာဉ်ပျံနှောင်းပိုင်းအဆင့်ကို ရောက်တယ်..”

“ပြီးရင် အဲဒီလောကတစ်သောင်းစွမ်းအားကို တစ်ခုတည်းဖြစ်အောင် ပေါင်းစည်းကြတယ်..အဲဒီနောက်မှာတော့ သူတို့ရဲ့ ချို့ယွင်းချက်အားလုံးကို လုံးဝပြုပြင်သွားပြီး သူတို့ဟာ လောကမှော်ယာဉ်ပျံနယ်ပယ်မှာ ကြီးကျယ်ခမ်းနားစွာနဲ့ပြီးမြောက်နိုင်လိမ့်မယ်..ပြီး‌တာနဲ့ နောက်တစ်ဆင့်တက်ရင် လကံကြမ္မာမှော်စက်ဝန်းနယ်ပယ်ကိုရောက်မယ်..အဲဒီနယ်ပယ်ပြီးရင် နေကံကြမ္မာမှော်စက်ဝန်းနယ်ပယ်ကိုရောက်မယ်..”.

“‌လောကတွေဘယ်လောက်ရှိရှိ..ကျင့်ကြံသူတွေကပိုများလာမှာပဲ..နေရာတွေက အကန့်အသတ်ရှိတယ်..ဒါကြောင့် စစ်ပွဲတွေဖြစ်ပြီး မဟာလောကကြီးလေးခုက ငါးခုမြောက်လောကကြီးကို ကျူးကျော်တာလား...”

စုမင်က ရုတ်တရက် မေးလိုက်သည်။

“ငါက လကံကြမ္မာမှော်စက်ဝန်းနယ်ပယ်ရောက်နေတာဆိုတော့ နားလည်တာပေါ့.ဒါပေမဲ့ ငါတို့က အခြေအနေချင်းမတူလို့ ငါတို့ရခဲ့တဲ့ အဖြေတွေက ကွဲပြားသွားလိမ့်မယ်..ဒါပေမဲ့ မင်းအသူရာနတ်ဘုရားနယ်ပယ်ကျင့်ကြံသူဖြစ်ချင်ရင် သတ်ဖြတ်ရမယ်..အခွင့်ကောင်းကိုစောင့်ရမယ်..လုယူသင့်ရင် လုရမယ်..”

“ကျင့်ကြံခြင်းဆိုတာ ဘာလဲ..သတ်ဖြတ်တယ်..အခွင့်ကောင်းစောင့်တယ်..လုယူတယ်..မင်း သတ်ရဲဖြတ်ရဲရင်...မင်းအခွင့်ကောင်းယူနိုင်ရင်..မင်းလုရဲရင်..မင်းက တစ်ခြားသူတွေရဲ့ရှေ့ကိုရောက်မှာပဲ..

“မဟာလောကကြီးလေးရဲ့ ကံကြမ္မာမှော်စက်ဝန်းနယ်ပယ်အရှင်သခင်လေးယောက်..မနက်ခင်းတာအိုလောကရဲ့တာအိုချန်နဲ့..မြင့်မြတ်တဲ့ယင်လောကမှာ အရှင်သခင်တွေရှိတယ်.. သူတို့ကအရမ်းကိုအစွမ်းထက်ကြတယ်..ဘာလို့ဆို သူတို့လက်အောက်မှာ စစ်မှန်တဲ့လောကကြီးတစ်ခုလုံးရဲ့အရင်းအမြစ်တွေရှိလို့ပဲ...အဲဒီစွမ်းအားတွေကြောင့် သူတို့က ကိုယ်ပိုင်လောကကြီးကိုဖန်တီးနိုင်တဲ့အဆင့်ထိရောက်သွားတယ်...”

“ကံကြမ္မာမှော်စက်ဝန်းနယ်ပယ်အရှင်သခင်တွေနောက်မှာ မဟာကြီးမြတ်တဲ့ဘိုးဘေးကြီးလေးယောက်ရှိတယ်..သူတို့က မှော်စက်ဝန်းအရှင်သခင်တွေထက်ပိုကြောက်စရာကောင်းတဲ့ မိစ္ဆာအိုကြီးတွေပဲ.. ဒါပေမဲ့ နဂါးငွေ့တန်းက ကျယ်ပြောတာမလို့ အစွမ်းထက်သူရဲကောင်းတွေအများကြီးရှိတယ်...တကယ်လို့ မဟာကြီးမြတ်တဲ့ဘိုးဘေးကြီးအဆင့်ရောက်ရင်တောင် အထွဋ်အထိပ်ကိုမရောက်နိုင်သေးဘူး..”

“သူတို့က ကံကြမ္မာ၊ ဘဝနဲ့ သေခြင်းတရားတွေကို ထိန်းချုပ်နိုင်ရင်ရော ဘာဖြစ်လဲ..နောက်ဆုံးတော့ အသူရာဖန်ဆင်းရှင်ဖြစ်တဲ့မင်းရဲ့ဘိုးဘေးတွေ...ငါးခုမြောက်လောကကြီးရဲ့အချုပ်အခြာအာဏာပိုင်တွေလဲ သေကြရတာပဲ..ဘာလို့ဆို ကြယ်ပျက်စီးတဲ့ကပ်ဘေးကြောင့် သေဆုံးသွားခဲ့တယ်... သူ့လူတွေက အမြစ်ပြတ် သုတ်သင်ခံလိုက်ရတယ်..မင်းဘယ်လိုအသက်ရှင်လာလဲတော့ မသိဘူး..မင်းရဲ့ဘိုးဘေးတွေက သူ့လူတွေအသက်ရှင်ဖို့ကြီးမားတဲ့အဖိုးအ‌ခပေးရမှာတော့သေချာတယ်...”

စုမင်၏ အသက်ရှူသံက ချက်ချင်းပင် လျင်မြန်လာသည်။ မီးလျှံဂြိုလ်သခင်၏စကားများကြောင့် သူ့ခေါင်းထဲတွင် ပေါက်ကွဲသံများ ထွက်ပေါ်လာသည်။သူ့ဒုတိယအစ်ကိုပြောသည့်စကားကို သတိရမိသည်။

“ဟိုးအရင်တုန်းက မနက်ခင်းတာအိုလောကရဲ့တိုက်ခိုက်မှုကိုခံရတဲ့ ဇနီးမောင်နှံရှိဖူးတယ်တဲ့..”

“အသူရာ ဖန်ဆင်းရှင်..”

စုမင်က တီးတိုးလေး ရေရွတ်လိုက်သည်။

“တကယ်လို့ ငါးခုမြောက်လောကကနေ ပြန်လာခွင့်ရရင် မင်းမွေးရပ်မြေကို သွားလိုက်ပါ..အဲဒီနေရာကို ရှာရတာ အရမ်းလွယ်တယ်.. အဲဒီမှာ နဂါးငွေ့တန်းထဲမှာ ကြယ်တွေစီတန်းနေတဲ့ရောတစ်ခုရှိတယ်... ဒါက အပြာနုရောင်ကျင့်ကြံဂြိုလ်တစ်ခုပဲ.. မင်းရဲ့လူတွေနဲ့ မခွဲမခွာဘဲ ရှိနေချင်ရင် မင်း အဲဒီဂြိုလ်ကိုလိုက်ရှာသင့်တယ်”

All Chapters