သွေးအမှတ်အသားပုလဲ...
Vol. 57 Ch. 788
အစိမ်းရောင်သစ်စေ့က ထျန်းလင်း၏ဆင့်ပွားချပ်ဝတ်တန်ဆာဖြစ်၏။ ယခင်က ကျင့်နန်ကျစ်မှာ ထျန်းလင်းကိုမသတ်ဘဲ ချန်ထားခဲ့သော အကြောင်းရင်းတစ်ခုဖြစ်သည်။ ဆင့်ပွားချပ်ဝတ်တန်ဆာက လက်ဖဝါးအရွယ်အစားရှိပြီး ၎င်းမှ သွေးဆာလောင်သောအငွေ့အသက်များ ပျံ့နှံ့လာသည်။
စုမင်က ဆင့်ပွားချပ်ဝတ်တန်ဆာကိုကိုင်ရင်း သူ့အခြေတည်ဝိညာဉ်ကိုဖြန့်ကျက်လိုက်သည်။ အချိန်အတော်ကြာပြီးနောက်
ဆင့်ပွားချပ်ဝတ်တန်ဆာတွင်တောက်ပသော အလင်းတန်းတစ်ခု ရုတ်တရက် ထွက်ပေါ်လာသည်။ ထိုအလင်းရောင်က တစ်ခဏအတွင်း နေရာတစ်ခုလုံးကို လင်းထိန်သွားစေ၏။ စုမင်၏မျက်လုံးများက ဖျတ်ခနဲလင်းလက်သွားသည်။ သူက နောက်သို့ ခြေတစ်လှမ်းဆုတ်ကာဆင့်ပွားချပ်ဝတ်တန်ဆာကို မြေပြင်ပေါ်သို့ ပစ်ချလိုက်သည်။
“ဗုန်းးးး...”
ချိပ်ပိတ်နယ်မြေက ငလျင်လှုပ်နေသကဲ့သို့ စတင်လှုပ်ခတ်လာသည်။ ချိပ်ပိတ်နယ်မြေတစ်ဝိုက်ရှိ ဥက္ကာခဲများကလည်း ၎င်းကြောင့် တုန်လှုပ်စပြုလာသည်။ လူများစွာကို ဝိုင်းပတ်ရလောက်သည့်ကြီးသောသစ်ပင်ကြီးတစ်ပင်က စုမင်ရှေ့မှာ ပေါ်လာသည်။ အမြစ်များစွာက ဤနေရာ၌ အမြစ်စွဲနေသကဲ့သို့ မြေပြင်မှ လျင်မြန်စွာ တိုးထွက်လာသည်။ တစ်ချိန်တည်းမှာပင် အဆုံးမဲ့အကိုင်းအခက်များစွာက သစ်ပင်ပေါ်တွင် ထူထပ်စွာ ကြီးထွားလာခဲ့သည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် ပေတစ်ရာမြင့်သော သစ်ပင်ကြီးတစ်ပင်အဖြစ်သို့ ပြောင်းလဲသွားသည်။
စုမင်ဘေးရှိ မီးလျှံဂြိုလ်သခင်၏မျက်လုံးများက တလက်လက်တောက်ပနေသည်။
သူက သစ်ပင်ကို အနည်းငယ် စေ့စေ့ကြည့်သော်လည်း စကားမပြောပေ။ကြိုးကြာငှက်၏ မျက်လုံးများ ပြူးကျယ်သွားကာ နောင်တရသွားလေသည်။ ၎င်းက ထိုသစ်စေ့ကိုကိုက်လိုက်စဉ်က အရသာမရှိခဲ့သော်လည်း ယခုမူ သစ်ပင်ကြီးတစ်ပင်အဖြစ်သို့ ပြောင်းလဲသွားသည်။
စုမင်က သူ့ညာလက်ကို မြှောက်လိုက်ပြီး သူ့လက်ဖဝါးကို သစ်ပင်၏ ပင်စည်ပေါ်မှာ ဖိလိုက်သည်။ ထိုစဉ် သူ့အခြေတည်ဝိညာဉ်နှင့်သစ်ပင်နှင့် ပေါင်းစပ်လိုက်သကဲ့သို့ အဆမတန် စွမ်းအားတိုးလာသည်။ သစ်ပင်၏နတ်ဘုရားအာရုံက စုမင်၏အမြင်အာရုံဖြစ်လာသည်။
ထို့နောက် စုမင်က ဥက္ကာခဲများ၊ မှောင်မိုက်ပြီး အကန့်အသတ်မဲ့ နဂါးငွေ့တန်း၊ ရံဖန်ရံခါ အလင်းပေါက်မှုနှင့်ထာဝရတည်မြဲနေပုံရသည့် တိတ်ဆိတ်မှုကို မြင်လိုက်ရသည်။
ခဏကြာတော့ စုမင်က သစ်ပင်ကို ကြည့်လိုက်ပြီး အသက်ပြင်းပြင်းရှုရှိုက်လိုက်သည်။
“ငါ့ရဲ့အခြေတည်ဝိညာဉ်က အချိန်တိုအတွင်းမှာ အရမ်းကျယ်ပြန့်တဲ့နေရာအထိ လွှမ်းမိုးနိုင်လာတယ်..ဒါကို ကောင်းကောင်းအသုံးချနိုင်ရင် လျှို့ဝှက်ဆန်းကြယ်တဲ့ အကျိုးသက်ရောက်မှုတွေရှိမှာ သေချာတယ်..ကျင့်နန်ကျစ်က ဒီချပ်ဝတ်တန်ဆာကို အလေးထားနေတာဒါကြောင့်ကိုး..ဒါပေမဲ့ ထျန်းလင်းသေမှသာ ဒီချပ်ဝတ်တန်ဆာက လက်လွှဲယူလို့ရတာ”
စုမင်က ညာလက်ကို မြှောက်လိုက်သောအခါ သစ်ပင်က လျင်မြန်စွာ သွေ့ခြောက်သွားသည်။ မျက်စိတစ်မှိတ်အတွင်းမှာပဲ စွန်ပလွံအရွယ် အစေ့လေးတစ်ဖန်ပြန်ဖြစ်သွားသော်လည်း ၎င်း၏အရောင်က ပို၍မှိန်ဖျော့သွားလေသည်။
စုမင်က ချပ်ဝတ်တန်ဆာကိုသိမ်းလိုက်ပြီးနောက် သူ့အကြည့်များက ဝိညာဉ်များကို ဖမ်းယူနိုင်သော စွမ်းအားများဖြင့်ပြည့်နှက်နေသော လောကအမြုတေကျောက်တုံးနှစ်တုံးပေါ်သို့ ကျရောက်သွားသည်။
စုမင်က ၎င်းတို့အတွင်းပါရှိသည့်လောကမှော်ယာဉ်ပျံစွမ်းအားကို ကောင်းကောင်းခံစားနိုင်ခဲ့သည်။
“ငါ လောကအသူရာနတ်ဘုရားဖြစ်လာရင်..ငါ့ရဲ့စွမ်းအားကို ဖြည်းဖြည်းချင်း တိုးမြင့်လာဖို့ လောကပေါင်းတစ်သောင်းရဲ့အနှစ်သာရကို စုပ်ယူရမယ်...တကယ်လို့ ငါ့ကို အသိအမှတ်မပြုတဲ့လောကတွေကို သွားလိုက်ပြန်လိုက်လုပ်ချင်ရင် ငါ့လောကမှာဖန်တီးထားတဲ့ ဒီလိုကျောက်တုံးတွေလိုအပ်တယ်....”
“ဒီလိုကျောက်တုံးတွေက နဂါးငွေ့တန်းမှာ ရှားပါးတာတော့မဟုတ်ဘူး..ဒါပေမဲ့ နတ္ထိအနှစ်သာရနယ်မြေမှာတော့ လောကအသူရာနတ်ဘုရားတွေကို အရူးအမူးဆွဲဆောင်တဲ့ မြင့်မြတ်တဲ့ရတနာတစ်ခုပဲ”
စုမင်က လောကအမြုတေကျောက်တုံးကို ထိလိုက်စဉ် သူ့လက်ပေါ်တွင် နီမြန်းနေသည့် ခံစားချက်ကို ခံစားလိုက်ရသည်။ သူ ထိလိုက်သောအရာကချွန်ထက်သော အပ်များဖြင့် ပြည့်နေသကဲ့သို့ ခံစားရသည်။
“ပုံရိပ်တစ်ခုလုံးကို ဝါးမျိုခြင်းစွမ်းရည်ကို အသက်သွင်းဖို့ ဒီကျောက်တုံးကို သုံးရမှာတော့ နှမြောစရာပဲ...”
စုမင်က ခဏမျှ တိတ်ဆိတ်နေပြီး ကျောက်တုံးနှစ်တုံးကို သိုလှောင်အိတ်ထဲသို့ထည့်လိုက်သည်။နတ္ထိအနှစ်သာရနယ်မြေထဲတွင် အလွန်ရှားပါးသော ဤ ကျောက်တုံးမျိုးက နောက်ပိုင်းတွင် ပိုမိုအသုံးဝင်လာမည်ဖြစ်သည်။
စုမင်၏မျက်လုံးထဲမှာ လွမ်းဆွတ်မှုများ ပေါ်လာသည်။ သူ့ညာလက်ကို မြှောက်လိုက်ပြီး လေထုကို ဆုပ်ကိုင်လိုက်သည်။ ထို့နောက် စုမင်၏လက်ထဲတွင် ကျင့်နန်ကျစ်၏လှံ ပေါ်လာ၏။
“တစ်ချိန်က ငါ့မှာ ဒီလိုလှံရှည်တစ်ချောင်းရှိခဲ့ဖူးတယ်”
စုမင်က တိုးတိုးလေးပြောလိုက်သည်။ သူက မကောင်းဆိုးဝါးအစောင့်အရှောက်လှံကို သတိရမိသည်။ ထိုလှံက ပထမမာန်နတ်ဘုရား ဖန်တီးခဲ့သောအရာဖြစ်ပြီး မဟာယွီအင်ပါယာနန်းတော်၏
နက်နဲသောနေရာတွင် တည်ရှိခဲ့သည်။ သို့သော် ထိုလှံက စုမင်နှင့်အတူတူနှစ်ပေါင်းများစွာ လိုက်ပါသွားခဲ့ပြီး နယ် မြေအရပ်ရပ်တို့ကို သိမ်းပိုက်နိုင်ခဲ့ပြီး အဆုံးမရှိ တိုက်ပွဲဝင်သောဝိညာဉ်များကို စုဆောင်းနိုင်ခဲ့သည်။
သို့သော်လှံက လေထဲမှာ ပေါက်ကွဲပြီး ပြာဖြစ်သွားတာက နှမြောစရာပင်ဖြစ်၏။
စုမင်ဧ။်လက်ထဲရှိအနီရောင်လှံရှည်ကြီးမှ ကျယ်လောင်သောအသံများထွက်ပေါ်လာ၏။ ၎င်းက စုမင်ကို လက်မခံနိုင်သောပုံစံမျိုးပြပြီး ထူထဲသောသွေးနံ့များ ပျံ့နှံ့လာသည်။
စုမင်က ခဏလောက် ငြိမ်နေပြီးမှလက်ချောင်းများကို လှံတဝိုက်တွင် တင်းတင်းကျပ်ကျပ် ဆုပ်ထားသည်။သူ့ခန္ဓာကိုယ်ရှိ ကြီးမားသောချီစွမ်းအားက လှံတစ်ခုလုံးကို ဖုံးအုပ်ရန် ချက်ချင်းပင် ပေါက်ကွဲထွက်လာသည်။
“မင်းငါ့ကိုလက်မခံဘဲ ငြင်းနေရင်တောင် မင်းကို အသုံးချရအုံးမှာပဲ...”
စုမင်က ခပ်ပြတ်ပြတ်ပြောလိုက်သည်။ သူက လှံရှည်၏ဆန္ဒကိုဂရုမစိုက်တော့ပေ။ သူက လှံရှည်ကို ကိုင်ပြီး လေထဲသို့ ပစ်ချလိုက်သည်။ လှံမှ စူးရှသောဝီစီသံကို ထွက်လာပြီး လှံရှည်ကြီး၏
နောက်တွင်ကျန်ခဲ့သောလှံရိပ်များက စုမင်၏ပတ်ဝန်းကျင်တွင် ပေါ်လာသည်။ လှံရိပ်ထောင်ပေါင်းများစွာပေါ်လာသောကြောင့် မည်သူမှ အတု ၊အစစ်ခွဲခြားနိုင်မည် မဟုတ်ပေ။
စုမင်၏ညာလက်မောင်းက ဆန့်တန်းထား၏။ လှံထိပ်ဖျားက မြေပြင်ပေါ်သို့ ပေါက်ကွဲသံနှင့်အတူ ထိုးဖောက်သွားပြီး တစ်ချိန်တည်းမှာပင် သူ့မျက်လုံးထဲတွင် ထူးဆန်းသော အလင်းရောင်တစ်ခု လင်းလက်လာသည်။
“ဒီပစ္စည်းက လှံရှည်ကြီးမဟုတ်ဘူး...”
စုမင်က မြေပြင်ကို ထိုးဖောက်သွားသော လှံကို ဆွဲနှုတ်လိုက်သည်။ လေထဲတွင် ကြည်လင်ပြတ်သားသော အသံတစ်ခု ပဲ့တင်ထပ်လာပြီး လှံကိုယ်ထည်က
ခါယမ်းနေလေသည်။ ထို့နောက် လှံက စုမင်၏လက်ချောင်းထိပ်အထိ စီးကျလာသော အနီရောင်အရည်များအဖြစ် ပြောင်းလဲသွားသည်။ မျက်စိတစ်မှိတ်အတွင်းမှာပဲ အနီရောင်အရည်များက သူ့ညာဘက်လက်တစ်ခုလုံးကို ဖုံးလွှမ်းသွားကာ လက်အစွပ်ချပ်ဝတ်တန်ဆာအဖြစ် ပြောင်းလဲသွားသည်။
အထူးသဖြင့် တံတောင်ဆစ်နှင့်လက်ကောက်ဝတ်နေရာများတွင်ထူးဆန်းပြီး တောက်ပသောအလင်းတန်းတစ်ခု ဖြာထွက်နေသည်။ ထိုနေရာတွင် စကားလုံးတစ်လုံးကိုမရေမတွက်နိုင်သည့် သေးငယ်သောမှော်သင်္ကေတများပင် ထွင်းထုထားသည်။
“အစောင့်အရှောက်...”
မီးလျှံဂြိုလ်သခင်က စုမင်၏လုပ်ရပ်များကို ခဏတာ စောင့်ကြည့်နေခဲ့သည်။ စုမင်၏လက်တွင် ချပ်ဝတ်တန်ဆာပေါ်လာသောအခါ ဂြိုလ်သခင်၏အကြည့်များက တောက်ပလာသည်။ လက်ရှိတွင် ကြိုးကြာငှက်၏မျက်နှာတွင် နာကျင်သောအမူအရာရှိပြီး လွန်စွာဝမ်းနည်းနေ၏။လှံကို ပိုကြည့်လေ၊ မည်မျှ ထူးခြားသည်ကို သိမြင်နိုင်လေလေ၊ ၎င်း၏ နှလုံးသားကို ပိုနာကျင်လေလေဖြစ်သည်။ ၎င်းမှာ ပါးစပ်နားရောက်သည့်အသားပုတ်ချခံလိုက်ရသလို တနုံ့နုံ့ခံစားနေရသည်။
‘သူကအနိုင်ကျင့်တယ်...တကယ့်ကို ဗိုလ်ကျတဲ့ကောင်.. သူက ရတနာဘူးသီးခြောက်..သစ်စေ့..လှပတဲ့ကျောက်တုံးနှစ်တုံးကို လုယူသွားတယ်..ကြောက်စရာကောင်းတဲ့လှံရှည်တောင်သူ့ဆုပ်ကိုင်မှုက နေ မလွတ်မြောက်နိုင်ဘူး..တော်တော်ဆိုးဝါးတာပဲ..ငါ ဒါကို သည်းခံရမယ်..သည်းခံ သည်းခံ..”
ထိပ်ပြောင်ကြိုးကြာငှက်က ၎င်း၏ခန္ဓာကိုယ်မှ အသားများကို ဖယ်ထုတ်လိုက်သလို ခံစားလိုက်ရသည်။
“မင်းရဲ့အခြေခံအုတ်မြစ် ချထားပြီးပြီပဲ..မင်း တစ်ခြားကျင့်ကြံဂြိုလ်တွေဆီသွားပြီး နယ်ပယ်ချဲ့ထွင်ဖို့ အကြံပေးတယ်..မင်းနဲ့ လိုက်ဖက်မဲ့ ကိုယ်ပွားတစ် ယောက်ကိုတောင် တွေ့နိုင်တယ်..နောက်ပြီးတော့ မဟာလောကကြီးလေးခုက အစောင့်တွေကို သတိထားရမယ်...အနှစ်တစ်ရာဆိုတဲ့အချိန်က မီးလျှံဂြိုလ်မှာဖြစ်ပျက်ခဲ့တဲ့အရာတွေကို မေ့ပစ်ဖို့မလုံလောက်ဘူး...”
“ငါတို့က အတိတ်မှာ ကျန်နေခဲ့ပြီး အပြင်လောကနဲ့ပတ်သတ်တဲ့သတင်းအားလုံးကို ဖြတ်တောက်ခဲ့တယ်..ကြက်သွေးရောင်မီးလျှံဂြိုလ်ရဲ့ဖြစ်ရပ်ကြောင့် နတ္ထိအနှစ်သာရနယ်မြေမှာ ဘယ်လိုအကျိုးသက်ရောက်မှုတွေရှိလာလဲဆိုတာ သိချင်မိတယ်...”
မီးလျှံဂြိုလ်သခင်က တိုးညှင်းသောလေသံဖြင့် ပြောသည်။ ထို့နောက် စုမငကို တစ်ချက်ကြည့်လိုက်ပြီး မျက်လုံးမှိတ်ကာ တရားထိုင်လိုက်သည်။
ဂြိုလ်သခင်က သူပြောသင့်သည့်အပိုင်းကို ပြောပြီးလေပြီ၊ စုမင်က မည်သို့ပင် ရွေးချယ်ပါစေ သူက စုမင်နောက်ကို လိုက်မည်၊ စုမင်ကို ကာကွယ်ရန် အနားမှာ ရှိနေလိမ့်မည်။
စုမင်က ချိပ်ပိတ်နယ်မြေမှ ပျောက်ကွယ်သွားသည်။ သူပြန်ပေါ်လာသည့်အခါ ဥက္ကာခဲပေါ်မှာ ရပ်နေလေသည်။ သူမြင်နိုင်သမျှအရာကတော့ မှောင်မိုက်သောနဂါးငွေ့တန်းပင်ဖြစ်၏။ စုမင်မြင်လိုက်ရသော အမှောင်ထုအတွင်း စစ်မှန်သော ခံစားချက်တစ်ခု ရှိနေသည်။ သူကိုယ်တိုင် နဂါးငွေ့တန်းထဲတွင် ရပ်နေရတာ ပထမဆုံး အကြိမ်ဖြစ်သည်။
ယင်မရဏဒေသမှ သူ့ဝိညာဉ်နှင့် နဂါးငွေ့တန်းထဲသို့ လှည့်လည်သွားခဲ့သော အကြိမ်အနည်းငယ်မှာ ယခု သူခံစားရသည့်အရာနှင့် နှိုင်းယှဉ်၍မရပေ။
စုမင်က ဤအမှောင်ထုနှင့် စစ်မှန်သောခံစားချက်ကို နှစ်သက်သည်။
သူက ဥက္ကာခဲမျက်နှာပြင်ပေါ် ငြိမ်သက်စွာ မထိုင်ခင် အချိန်အတော်ကြာအောင် ကြည့်နေခဲ့သည်။ သူသည် ညာလက်ကို မြှောက်လိုက်ပြီး ကြယ်ပေါင်းတစ်သောင်းနီးပါးလောက် ကြီးမားသော သူ့အောက်မှ ဥက္ကာခဲကို ထိရိုက်လိုက်သည်။
“ ဗုန်းးးးး..”
ဥက္ကာခဲများ တုန်ခါလာသည်နှင့်အမျှ တစ်နေရာရာသို့ ဦးတည်ရွေ့လျားလာခဲ့သည်။
စုမင်မှာ ပန်းတိုင်မရှိ၊ သွားရမည့်နေရာလည်း မရှိပေ။ စုမင်က ဥက္ကာခဲပေါ်မှာ ထိုင်ပြီး ရှေ့ကို အရှိန်တင်လိုက်သည်။ ထိုအချိန်တွင် သူ၏ ပခုံးပေါ်မှ ဆံပင်ဖြူများ လွင့်ပျံလာသည်။ သူက အဖြူရောင်ကြယ်တာရာဝတ်ရုံကို ၀တ်ဆင်ထားပြီး လက်အစွပ်ချပ်ဝတ်တန်ဆာကို ပြန်လည်ပုံသွင်းထားသည်။
သူ့အမူအရာက ခံစားချက်မဲ့နေပြီး သူ့မျက်လုံးများက အေးစက်နေသည်။ သူက နဂါးငွေ့တန်းကို တိတ်တဆိတ် ကြည့်နေပြီး အချိန်ကို ရိုးရှင်းစွာ ကုန်ဆုံးခွင့်ပေးခဲ့သည်။
တစ်နှစ်၊ နှစ်နှစ်၊ သုံးနှစ်…ကုန်ဆုံးသွား၏။
ဤတစ်ခုတည်းသောဥက္ကာခဲက မျဉ်းဖြောင့်ရှည်အတိုင်း နဂါးငွေ့တန်းကို ဖြတ်သန်းသွားလေသည်။ စုမင်က အချိန်၏စီးဆင်းမှုကို မေ့သွားသလိုမျိုး ထိုင်နေလိုက်သည်။ ဥက္ကာခဲက ခုနစ်နှစ်ကြာ ပျံသန်းလာသောအခါ ၎င်းရှေ့တွင် ပျက်စီးနေသောမှော်စီးယာဉ်တစ်ခု ပေါ်လာသည်။
မှော်စီးယာဉ်က နဂါးငွေ့တန်းကိုဖြတ်၍ သွားလာနေပုံရသည်။ မှော်စီးယာဉ်၏ထောင့်တိုင်းတွင် ပိန်လှီးနေသောကျင့်ကြံသူ ဒါဇင်များစွာရှိသည်။ မှော်စီးယာဉ် ဆက်လက်ပျံသန်းနိုင်စေရန် သူတို့၏ကနဦးကျင့်ကြံစွမ်းအားများကို အသုံးပြုခဲ့ပုံရသည်။
ဤပိန်လှီးသောကျင့်ကြံသူအများစုက မဟာမြေကြီးကျင့်ကြံနယ်ပယ်တွင် ရှိကြပြီး ၎င်းတို့ထဲမှ နှစ်ဦးသာ ကောင်းကင်ဘုံနယ်ပယ်တွင် ရှိကြသည်။ ဤလူနှစ်ယောက်က မှော်စီးယာဉ်၏ဦးတည်ရာကို ထိန်းထားသကဲ့သို့ တင်ပျဉ်ခွေထိုင်နေကြသည်။
သူတို့နောက်မှာ... ကုတင်ကြီးတစ်ခုရှိလေ၏။ ထိုပေါ်မှာ ဝဝဖိုင့်ဖိုင့် လူတစ်ယောက် လဲလျောင်းနေသည်။ ထိုအချိန်တွင် ဝဝတုတ်တုတ်လူက အဝေးသို့မျက်မှောင်ကြုတ်ကြည့်နေပြီး သူ့ဘေးနားတွင် ပိန်သွယ်လှပသောအမျိုးသမီးတစ်ယောက်ရှိနေလေသည်။
နဂါးငွေ့တန်းထဲရှိ ဥက္ကာခဲကြီးနှင့် မှော်စီးယာဉ်တို့က တစ်ခုနှင့်တစ်ခု တိုက်ရိုက်မျက်နှာချင်းဆိုင်ဖြစ်နေသည်။ ထိုဖြစ်ရပ်က ယာဉ်ပေါ်ရှိလူများ အထူးသဖြင့် ကောင်းကင်ဘုံနယ်ပယ်ကျင့်ကြံသူနှစ်ဦးကို ဆွဲဆောင်ခဲ့သည်။ သူတို့က သတိကြီးကြီးနှင့် မတ်တပ်ရပ်ပြီး အဝေးကို စိုက်ကြည့်နေကြသည်။
သူတို့ တစ်ချက်ကြည့်လိုက်ရုံဖြင့် ဥက္ကာခဲပေါ်တွင် တင်ပျဉ်ခွေထိုင်နေသောစုမင်ကို တွေ့လိုက်ရသည်။ လူငယ်၏ဝတ်ရုံက အဖြူရောင်ဖြစ်နေသည့်အပြင် ဆံပင်များက ထပ်ဖြူနေလေသည်။ စုမင်၏အသွင်အပြင်က သူတို့အတွက် မယုံနိုင်စရာ မြင်ကွင်းတစ်ခုပင်ဖြစ်သည်။
ထိုအချိန်တွင် စုမင်က မျက်လုံးမှိတ်ထားပြီး တရားထိုင်နေသည်။ သူဖြန့်ကျက်လိုက်သော စွမ်းအားလှိုင်းများက သူ့ကိုမဟာမြေကြီးနယ်ပယ်တွင် ရှိနေပုံပေါ်စေကာ ယင်းကြောင့် သူ့ကိုမြင်ရသူများအား ထူးဆန်းသောခံစားချက်ကို ပေးစွမ်းခဲ့သည်။
ကောင်းကင်ဘုံနယ်ပယ်မှကျင့်ကြံသူနှစ်ဦးကို စုမင်ကို ကြည့်လိုက်သောအခါ သူတို့နောက်မှ ထူးဆန်းသောအသံများ ထွက်ပေါ်လာသည်။ ထိုအသံက ဧရာမကုတင်ကြီးပေါ်ရှိ ဝဝတုတ်တုတ်လူထံမှ ထွက်ပေါ်လာသည်။
“ဒီလူနဲ့ပတ်သတ်ပြီးတစ်ခုခုတော့မှားနေပြီ..သူ့ကို လျစ်လျူရှုထားလိုက်..ငါတို့အမြန်သွားရမယ်..ငါတို့ရဲ့အနောက်ငွေရည်တိမ်တိုက်ဂြိုလ်သခင်ရဲ့နှစ်တစ်သောင်းပြည့်တဲ့မွေးနေ့မှာ သားတစ်ယောက်မွေးခဲ့တယ်.ငါတို့ နောက်ကျလို့ မရဘူး..”
ခပ်ထွားထွားလူက မျက်မှောင်ကြုတ်ကာ အဝေးရှိစုမင်ကို တစ်ချက်ကြည့်လိုက်သည်။
မကြာမီတွင် ဥက္ကာခဲနှင့်မှော်စီးယာဉ်တို့က အချင်းချင်း နီးကပ်လာပြီး ၎င်းတို့ကြား လှိုင်းဂယက်များထွက်ပေါ်လာသည်။ ထိုစဉ် စုမင်က မျက်လုံးမှိတ်ပြီး သူ့ပတ်ဝန်းကျင်ရှိ အရာအားလုံးကို လျစ်လျူရှုထားသည်။
သို့သော် သူ့အောက်ရှိ ဥက္ကာခဲက မှော်စီးယာဉ်ကို ထိတိုက်ခါနီးတွင် ကောင်းကင်ဘုံနယ်ပယ်မှကျင့်ကြံသူနှစ်ဦး၏ရင်ဘတ်များမှ စူးစူးဝါးဝါး အလင်းတန်းနှစ်ခု ရုတ်တရက် ထွက်ပေါ်လာသည်။
တစ်ချိန်တည်းမှာပင် ဝဝဖိုင့်ဖိုင့်လူဧ။်အဝတ်အစားမှ အနီရောင်အလင်းတန်းများ ထွက်ပေါ်လာသည်။ ဤအလင်းတန်းသုံးခု၏ အသွင်အပြင်က မယုံနိုင်လောက်အောင် ရုတ်တရက်ဆန်ပြီး ထိုလူများကို ထိတ်လန့်သွားစေသည်။
ဝဝဖိုင့်ဖိုင့်လူ၏အမူအရာမှာ ရုတ်တရက် ပြောင်းလဲသွားသည်။ သူ့ရင်ခွင်မှ အနီရောင်အလင်းတန်းများ ထွန်းလင်းနေသော အရာဝတ္ထုကို ချက်ချင်း ထုတ်လိုက်သည်။ ထိုအရာကကလေး၏လက်သီးအရွယ်အစားရှိသော ပုလဲဖြစ်သည်။ ထိုပုလဲက လောလောဆယ်တွင် သွေးနှင့်တူသော အလင်းရောင်တစ်ခုဖြင့် ထွန်းလင်းနေပြီး လူတိုင်း၏စိတ်နှလုံးများ တုန်လှုပ်သွားစေသည်။ ထို့နောက် ဝဝဖိုင့်ဖိုင့်လူက
ထွက်ခွာမသွားသော ဥက္ကာခဲပေါ်တွင်ထိုင်နေသော စုမင်ဆီသို့ လျင်မြန်စွာကြည့်လိုက်သည်။
“လွန်ခဲ့တဲ့နှစ်ပေါင်းတစ်ရာကျော်က နတ္ထိအနှစ်သာရနယ်မြေက အစောင့်တွေက လူတစ်ယောက်ကိုရှာဖို့ သွေးအမှတ်အသားပုလဲတွေကို ဖြန့်ဝေခဲ့တယ်...အခု အဲဒီပုလဲက လင်းလက်လာခဲ့တယ်..အဲဒါ အခုထိုင်နေတဲ့လူလား...”
ဝဝဖိုင့်ဖိုင့်လူက လျင်မြန်စွာ မတ်တပ်ရပ်လိုက်ပြီး အလွန်စိတ်လှုပ်ရှားနေလေသည်။
“သူတကယ်ပဲ ကောင်းကင်ဘုံနယ်ပယ်ကို ရောက်နေပြီ..သူ့ကို တားထားလိုက်...သူ့ကို မလွတ်စေနဲ့...”