← Chapters

တိုက်ပွဲ

Vol. 57 Ch. 789

တိုက်ပွဲ

Vol. 57 Ch. 789

“ဟားးးဟားးး..နတ္ထိအနှစ်သာရနယ်မြေက

ကျယ်ပြန့်လွန်းတယ်..ဒါပေမဲ့ ငါ ရှန်ထိုက်..ဒီလူနဲ့ တွေ့နိုင်ခဲ့တယ်.. ဒါက ငါ့ရဲ့ ကံကြမ္မာ..ငါ့အခွင့်အရေးပဲ..အဲဒါက ထာဝရ တစ်ကြိမ်ပဲရမဲ့ အံ့သြစရာကောင်းတဲ့ အခွင့်အရေးပဲ...”

“မဟာလောကကြီးလေးခုက သူ့ခေါင်းကိုလိုချင်လို့ လောကအမြုတေကျောက်တုံးသုံးတုံးနဲ့ဆုကြေးထုတ်ထားတယ်..သွေးအမှတ်အသားပုလဲကို ထွန်းညှိပြီး အဲဒီသူရဲ့ဝိညာဉ်ကို ထည့်ထားတဲ့ ပုလဲကို အပ်နှင်းရမယ်တဲ့...”

ဝဝဖိုင့်ဖိုင့်လူက စိတ်လှုပ်ရှားစွာ စကားပြောနေလေသည်။ သူ့အောက်ရှိမှော်စီးယာဉ်က ဦးတည်ရာကို လျင်မြန်စွာပြောင်းကာ စုမင်ထိုင်နေသည့်ဥက္ကာခဲဆီသို့ ဦးတည်နေသည်။ တစ်ချိန်တည်းမှာပင် ကောင်းကင်ဘုံနယ်ပယ်ရှိကျင့်ကြံသူနှစ်ဦးက စုမင်ကို အထင်သေးနေသည်။

ရှန်ထိုက်က လောကအမြုတေကျောက်တုံးရရှိရန် ခက်ခဲသော်လည်း အခြားဆုလာဘ်များစွာ ရှိမှာ သေချာသည်။

စစ်မှန်သောလောကကြီးလေးခုက ဆုကြေးထုတ်ထားသောပုဂ္ဂိုလ်က

မဟာမြေကြီးကျင့်ကြံနယ်ပယ်တွင်သာရှိဟု အတိအလင်း ကြေညာထားသည်။ ထိုပုဂ္ဂိုလ်အနေဖြင့် သူ့ကျင်ကြံစွမ်းအားကို ချိပ်ပိတ်ပြီး ဖုံးကွယ်၍မရပေ။

ကျင့်ကြံသူနှစ်ဦးက လေထဲသို့ ပျံတက်သွားသည်။ သူတို့၏ အရှိန်က အလွန်လျင်မြန်စွာ တိုးလာသဖြင့် မျက်စိတစ်မှိတ်အတွင်းမှာပင် ဥက္ကာခဲနားသို့ နီးကပ်သွားသည်။ သူတို့က ဥက္ကာခဲ၏ဘယ်ညာတစ်ဖက်စီတွင်‌ နေရာယူထားသောအလင်းတန်းရှည်အဖြစ်သို့ပြောင်းလဲသွားသည်။ ကောင်းကင်ဘုံကျင့်ကြံနယ်ပယ်စွမ်းအားများက သူတို့အတွင်းမှ ပေါက်ကွဲထွက်လာပြီး အင်အားကြီးမားသော ဖိနှိပ်မှုတစ်ခု ပေါ်ပေါက်လာကာ စုမင်ဆီသို့ ဦးတည်သွားလေသည်။

“စစ်မှန်တဲ့လောကကြီးလေးခုက အလိုရှိနေတဲ့ရာဇဝတ်သားက ဘယ်လောက်စွမ်းအားကြီးလဲဆိုတာ သိချင်မိတယ်..”

စုမင်က မျက်လုံးများကို ဖြည်းညှင်းစွာဖွင့်လိုက်ပြီး သူ့ဘက်ဘက်ညာဘက်မှ အရှိန်တင်နေသော လူများကို အေးစက်စွာ တစ်ချက်ကြည့်လိုက်သည်။ သူ တစ်ချက်ကြည့်လိုက်ရင်း သူ့လက်ကို လွှဲယမ်းလိုက်သည် ။

နာကျင်စွာအော်ဟစ်သံက သူ့ညာဘက်မှ ထွက်ပေါ်လာ၏။ ကောင်းကင်ဘုံနယ်ပယ်ကျင့်ကြံသူက စုမင်နှင့်ပေသုံးရာအောက်သာ ကွာဝေးသောအခါ သူ၏မျက်ခုံးအလယ်တွင် အမဲစက်တစ်ခု ချက်ချင်းပေါ်လာသည်။

ထိုသူက အကောင်တစ်ကောင်အကိုက်ခံရသလို ခံစားလိုက်ရသည်။ ပြင်းထန်သောနာကျင်မှုက သူ့တစ်ကိုယ်လုံးကို မပျံ့နှံ့မီ ဖြစ်ပျက်ခဲ့သောအရာများကိုပင် ရှင်းရှင်းလင်းလင်းပင် မသိလိုက်ရပေ။ သူ့ခန္ဓာကိုယ် အရည်ပျော်ပြီး ဥက္ကာခဲ ပေါ်စီးကျလာသော သွေးအိုင်ကြီးအဖြစ်ပြောင်းလဲသွားလေသည်။ သို့သော် သူ၏နာကျင်စွာအော်ဟစ်သံများက ဟင်းလင်းပြင်တွင် ပဲ့တင်ထပ်နေဆဲပင်ဖြစ်၏။

“မင်းက သေချင်နေတယ်ပေါ့..”

စုမင်က မတ်တပ်ရပ်လိုက်သည်။ သူ့ဘယ်ဘက်ရှိကောင်းကင်ဘုံနယ်ပယ်ကျင့်ကြံသူက ရုတ်တရက် အမူအရာပြောင်းသွားလေသည်။ မယုံကြည်မှုနှင့် ထိတ်လန့်မှုတို့က သူ့မျက်လုံးထဲတွင် ပေါ်လာသည်။ အရာအားလုံးက မြန်ဆန်လွန်းလှပြီး ဘာမှ မမြင်နိုင်ခဲ့ပေ။ သူ့အဖော်က နာကျင်စွာအော်သံကို ကြားရုံမျှဖြင့် မျက်စိတစ်မှိတ်အတွင်းမှာပင် သူ့အဖော်က သွေးအိုင်အဖြစ် ပြောင်းလဲကာ သေဆုံးသွားခဲ့သည်။

ဤမြင်ကွင်းကကောင်းကင်ဘုံနယ်ပယ်ကျင့်ကြံသူကို ချက်ချင်းပင် ထိတ်လန့်သွားစေသည်။ သူက ကြောက်ကြောက်လန့်လန့်နှင့်နောက်သို့အမြန်ပြန်ဆုတ်သွားလေသည်။ သူက ရုတ်တရက် ကြောက်စရာကောင်းသောမေးခွန်းကို တွေးလိုက်မိသည်။ အဘယ့်ကြောင့် မဟာလောကကြီးလေးခုက ဤပုဂ္ဂိုလ်အားအလိုရှိသနည်း။

မဟာလောကကြီးလေးခုက ဤပုဂ္ဂိုလ်အတွက် ဆုကြေးထုတ်သော်လည်း အကြောင်းရင်းကို မဖော်ပြခဲ့ပေ။ မဟာလောကကြီးလေးခုက လိုချင်သောသူမှာ အားနည်းသူမဖြစ်နိုင်ကြောင်း

ယခုမှသာလျှင် သဘောပေါက်လာခဲ့သည်။

ကောင်းကင်ဘုံနယ်ပယ်ကျင့်ကြံသူ၏ မျက်နှာက ဖြူဖျော့သွားသည်။ ထိုသူကပေတစ်ရာအကွာမှ ပုံရိပ်တစ်ခုကို ရှင်းရှင်းလင်းလင်းမြင်လိုက်ရသည်။ ထိုပုံရိပ်က အဆိပ်ပြင်း‌သောနကျယ်ကောင်ကြီးပင်ဖြစ်သည်။

ဤသည်မှာ ကောင်းကင်ဘုံနယ်ပယ်ကျင့်ကြံသူ၏ဘဝတွင် နောက်ဆုံးမြင်လိုက်ရသော နောက်ဆုံးအရာ၊ သူ၏နောက်ဆုံးအမှတ်တရဖြစ်သည်။

အသက်ရှိုက်စာအနည်းငယ်အတွင်း ဟင်းလင်းပြင်ထဲတွင် နာကျည်းရှိုက်အောသံများနှင့်ပဲ့တင်ထပ်သွားပြီး နေရာအနှံ့ သွေးအိုင်ထွန်းသွားသည်။ တကယ်တော့ စုမင်လုပ်ခဲ့သောအရာက သူ့မျက်လုံးကိုဖွင့်ပြီး လက်ကိုလွှဲယမ်းရုံသာဖြစ်သည်။ ထိုသို့ရိုးရှင်းသော လုပ်ဆောင်ချက်များဖြင့် ကောင်းကင်ဘုံနယ်ပယ်ကျင့်ကြံသူနှစ်ဦး၏အသက်ကို နှုတ်ယူနိုင်ခဲ့သည်။

“ဒီမှာ ရောင်းရင်း..မင်းက ငါ့လမ်းကို အကြောင်းပြချက်မရှိဘဲ ပိတ်ဆို့နေတာ.. မင်း ပြောကြည့်လေ...”

စုမင်က ပြတ်ပြတ်သားသား မေးလိုက်သည်။စုမင်က တည်ငြိမ်သောအကြည့်ဖြင့် ဝေခွဲရခက်နေသောဝဝဖိုင့်ဖိုင့်လူကို လှမ်းကြည့်လိုက်သည်။

စုမင်က ထိုစကားများကို ပြောသောအခါတွင် သူ့အောက်ရှိ ဥက္ကာခဲက တဖြေးဖြေး နှေးကွေးလာသည်။ ထို့နောက် ၎င်းက မှော်စီးယာဉ်၏မျက်နှာချင်းဆိုင်တွင် ရပ်တန့်သွားလေသည်။

“အဟားး.. ဒါက နားလည်မှုလွဲတာပါ.. နားလည်မှုလွဲတာ.. ကျုပ်လူမှားတာကို ဝန်ခံတယ်..ကျုပ်မှားသွားတာပါ.. သခင်လေး ကျုပ်ကို စိတ်မဆိုးပါနဲ့..ကျုပ် ခုချက်ချင်း ထွက်သွားလိုက်မယ်..”

ဝဝဖိုင့်ဖိုင့်လူက ချစ်စရာကောင်းသော အပြုံးပြုံးကာ ဖြည်းညှင်းစွာ နောက်သို့ ဆုတ်သွားသည် ။

သူက ရာဇဝတ်သား၏ဆိုးယုတ်မှုကို ကောင်းစွာသဘောမပေါက်ခဲ့ပေ။ ထိုပုဂ္ဂိုလ်က မဟာမြေကြီးကျင့်ကြံဆင့်တွင် ရှိပုံရသည်။ သို့သော် သူက ကောင်းကင်ဘုံနယ်ပယ်ကျင့်ကြံသူနှစ်ဦးကို အလွယ်ကလေး သတ်ပစ်လိုက်သည်။

ထိုမြင်ကွင်းက သူ့ကို ထိတ်လန့်‌ စေခဲ့ပြီး လေးလေးနက်နက် စတင်တွေးတောခဲ့သည်။

လောကအမြုတေကျောက်တုံးနှင့်ယှဉ်လျှင် သူ့ဘဝက ပို၍အရေးကြီးသည်။ ထို့အပြင် သူက ထိုရာဇဝတ်သားကို မသတ်ခင် နောက်ထပ်အဖော်အနည်းငယ်ကို ရှာဖွေရလိမ့်မည်။

ရှန်ထိုက်က စုမင်ကိုလှည့်စားပြီး ဤအခြေအနေကိုကျော်ဖြတ်ရန် ကြိုးစားနေလေသည်။ သူထွက်သွားခါနီးမှာ စုမင်က အေးစက်စွာနှာမှုတ်ထုတ်လိုက်သည်။ ထိုအချိန်တွင် သူက ဥက္ကာခဲပေါ်တွင် တင်ပျဉ်ခွေထိုင်နေပုံရသော်လည်း နောက်အခိုက်အတန့်တွင် သူက ရှန်ထိုက်၏ရှေ့တွင် ပေါ်လာသည်။ သူ့ပုံရိပ်က မှော်စီးယာဉ်ပေါ်တွင်ရှိပြီး ဥက္ကာခဲပေါ်တွင်လဲ ကျန်နေခဲ့သည်။ ဖြစ်နိုင်တာက သူက အလွန်လျင်မြန်လှသဖြင့် ဥက္ကာခဲပေါ်မှာ ပနောက်ဆက်တွဲပုံရိပ်ယောင်ကျန်ခဲ့ခြင်းဖြစ်၏။

“မင်းက စတိုက်ခိုက်တာဆိုတော့ ထွက်သွားဖို့ စိတ်စောမနေပါနဲ့..”

စုမင်က ရှေ့သို့ ခြေတစ်လှမ်းတိုးကာ ရှန်ထိုက်နားသို့ နီးကပ်လာသည်။ သူ့ညာလက်ကိုမြှောက်ကို ရှန်ထိုက်ကို ထိုးလိုက်သည်။

သူက ရတနာဘူးသီးခြောက် သို့မဟုတ် လှံရှည်ကို အသုံးမပြုသည့်အပြင် အဆိပ်ပြင်းနကျယ်ကောင် သို့မဟုတ် အခြားနတ်ဘုရား စွမ်းရည်ကိုလည်း မသုံးခဲ့ပေ။ သူ၏ခန္ဓာကိုယ်တွင်ရှိသော ချီစွမ်းအားကိုသာ အသုံးပြုခဲ့သည်။ သူက ထိုကဲ့သို့လောကမှော်ယာဉ်ပျံနယ်ပယ်ကနဦးအဆင့်ရှိသူနှင့် ထိပ်တိုက်တွေ့ရတာ ရှားရှားပါးပါးဖြစ်သည်။ စုမင်က ထိုသူ၏ လက်ရှိ ခန္ဓာကိုယ် အတွင်းရှိ တိုက်ခိုက်ရေး စွမ်းရည် အတိုင်းအတာ ကို မြင်ချင်ခဲ့သည်။

“မင်းက သေချင်နေတာပဲ...”

ရှန်ထိုက်က အလွန်ဒေါသထွက်နေသောကြောင့် သူ့အသားများပင် တဆတ်ဆတ်တုန်ယင်နေလေသည်။ ရှန်ထိုက်က ဒေါသတကြီး အော်ဟစ်ပြီး သူ့လက်များဖြင့် ချိပ်တံဆိပ်များဖွဲ့စည်းခဲ့သည်။ သူ့ရှေ့က ဟင်းလင်းပြင်ကို ဆုတ်ဖြဲလိုက်ရာ ကြီးမားသော ပိုက်ကွန်တစ်ခု ပေါ်လာသည်။ ထို့နောက် သူက စုမင်ဆီကို ပိုက်ကွန်ဖြန့်လိုက်သည်။

“ဗုန်းးးဗုန်းးးး”

စုမင်က ရှေ့သို့ ခြေလှမ်းများစွာ လှမ်းခဲ့သည်။ ခြေလှမ်းတိုင်းတွင် သူက ရှေ့သို့ လက်သီးတစ်ချက်စီ ထိုးလိုက်သည်။ သူ သုံးကြိမ်မြောက်လက်သီးထိုးလိုက်သောအခါ ကြီးမားသောပိုက်ကွန်ကြီးက ပေါက်ကွဲသံနှင့်အတူ စုတ်ပြဲသွားလေသည်။ ရှန်ထိုက်၏အမူအရာက ရုတ်တရက်ပြောင်းလဲသွားလေသည်။ ဟိန်းဟောက်သံနှင့်အတူ သူ့အသားများ တဆတ်ဆတ်တုန်လာကာ ထိုခဏအတွင်းမှာပင် အသားလုံးအဖြစ်ပြောင်းသွားသည်။ သူက တစ်ခုခုကို လျင်မြန်စွာရွတ်ဆို‌နေသောအခါ တောက်ပသော အလင်းရောင်တစ်ခု ထွက်ပေါ်လာသည်။ အသားလုံးကြီးဖြစ်သွားသောရှန်ထိုက်က စုမင်ကို အားပါပါဖြင့်ဝင်တိုက်လိုက်လေသည်။

“မင်းက ငါနဲ့ ရုပ်ပိုင်းဆိုင်ရာစွမ်းအားချင်း ယှဉ်ချင်တာလား.. မင်းက မဟာမြေကြီးနယ်ပယ်ကျင့်ကြံဆင့်မှာပဲရှိသေးတယ်..အစက မင်းကို ဒီအတိုင်းထားမလို့ပဲ..ဒါပေမဲ့ မင်းက သေချင်နေတာကိုး သေစမ်း...”

“တော်တော် စကားများတဲ့ကောင်..”

စုမင်က ရှေ့သို့ ခြေတစ်လှမ်းတိုးလာရင်း နောက်ထပ် လက်သီးတစ်ချက် လှမ်းထိုးလိုက်သည်။

ဤလူနှစ်ယောက်က အချိန်တိုလေးအတွင်းမှာပင် အကြိမ်တစ်ရာနီးပါး အပြန်အလှန် ထိုးနှက်ခဲ့ကြသည်။ ရှန်ထိုက်၏ ခန္ဓာကိုယ်က အဆက်မပြတ် ပိန်လာပြီး နောက်ဆုံးတွင် ပေါက်ကွဲသံနှင့်အတူ နှစ်ယောက်လုံး လဲကျသွားခဲ့သည်။

စုမင်၏မျက်လုံးများထဲတွင် စူးရှသောအလင်းတန်းတစ်ခု ပေါ်လာပြီး သူ့ရင်ထဲတွင် မောဟိုက်လာသည်။ သူ့ရုပ်ခန္ဓာက(ရုပ်ပိုင်းဆိုင်ရာစွမ်းအားက) ကောင်းကင်ဘုံနယ်ပယ်ကျင့်ကြံစွမ်းအားကို ပိုင်ဆိုင်ထားသော်လည်း သူ၏ကျင့်ကြံဆင့်က မဟာမြေကြီးကျင့်ကြံနယ်ပယ်သာ ရှိသေသည်။

သူက လောကအသူရာနတ်ဘုရားနယ်ပယ်ကျင့်ကြံသူကို လုံးဝမသတ်နိုင်ပေ။ အလားတူအသူရာနတ်ဘုရားနယ်ပယ်ကျင့်ကြံသူက လောကမှော်ယာဉ်ပျံနယ်ပယ်စွမ်းအားကို မသုံးပါက စုမင်ကို ဒဏ်ရာရ စေရန် ခက်ခဲပေလိမ့်မည်။

လောကအသူရာနတ်ဘုရားနယ်ပယ်ကျင့်ကြံသူအများစုက စွမ်းရည်များကို ကျင့်ကြံရန် ရွေးချယ်ခဲ့ကြပြီး အများစုမှာ သူတို့၏ခန္ဓာကိုယ်များကိုသာ ကျင့်ကြံခဲ့ကြသည်။

စုမင်က ထိုအကြောင်းကို စဉ်းစားနေချိန်မှာ ရှန်ထိုက်က ရက်စက်ကြမ်းကြုတ်သောဝိညာဉ်နှင့် တူလာလေသည်။ သူ့နှလုံးသားက မယုံနိုင်လောက်အောင် ထိတ်လန့်သွားပြီး သူ့ရင်ထဲတွင် အံ့အားသင့်မှုများ ရှိနေသေးသည်။ သူက လောကမှော်ယာဉ်ပျံနယ်ပယ်စွမ်းအားကို မသုံးလျှင်တောင် သူ၏လက်သီးအချက်တစ်ရာနီးပါးက လောကအသူရာနတ်ဘုရားနယ်ပယ်အောက်ရှိကျင့်ကြံသူအားလုံးကို သတ်ပစ်ရန် လုံလောက်ပြီဟု သိရှိခဲ့သည်။ အမှန်တော့ သူက အဆင့်တူ လောကအသူရာနတ်ဘုရားနယ်ပယ်ကျင့်ကြံသူနှင့် ရင်ဆိုင်ရလျှင်ပင်ရုပ်ပိုင်းဆိုင်ရာခန္ဓာကိုယ်တစ်ခုတည်းဖြင့် အသာစီးရနေသေးသည်။

သို့သော်… သူက လက်သီးအချက်တစ်ရာထိုးခဲ့သော်လည်း ထိုလူက ဘာမှမထိခိုက်ခဲ့ပေ။ တစ်ဖက်တွင်မှု လက်သီးချက်များကြောင့် ရှန်ထိုက်က နာကျင်နေလေသည်။ ထိုအရာကြောင့် သူ့စိတ်က အနည်းငယ် ရှုပ်ယှက်ခတ်နေ၏။

“မဟာလောကကြီးလေးခုက အလိုရှိနေတဲ့သူက မျက်စိရှေ့မှောက်မှာ ရောက်နေပြီ..ဒါပေမဲ့ မင်းက ငါ့ကို အာခံရဲတယ်..ပြီးတော့ လောကမှော်ယာဉ်ပျံနယ်ပယ်နဲ့ လူသား၊ မဟာမြေကြီး၊ ကောင်းကင်းဘုံနယ်ပယ်တွေက ဘယ်လောက်ကွာခြားလဲဆိုတာ ‌မင်းကို သိစေချင်တယ်... “

“ငါ မင်းကို သတ်ပစ်မယ်..ငါလောကမှော်ယာဉ်ပျံနယ်ပယ်စွမ်းအားကို သုံးရမယ်ဆိုရင်တောင် ထိုက်တန်လိမ့်မယ်”

ရှန်ထိုက်၏ မျက်လုံးများတွင် ကြောက်မက်ဖွယ် အကြည့်တစ်ခု ပေါ်လာသည်။ ထို့နောက် သူတို့က နဂါးငွေ့တန်းထဲတွင် ရှိနေကြသော်လည်း သူ့ပါးစပ်ကိုဖွင့်ကာ လေပြင်းပြင်းရှုရှိုက်လိုက်သည်။

“‌ဗုန်းးးး..”

ရှန်ထိုက်၏ဆံပင်များက တဖျပ်ဖျပ်ခတ်လာပြီး သူ့ခန္ဓာကိုယ်ကလည်း လျင်မြန်စွာ ညှိုးနွမ်းလာသည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် အရပ်မြင့်မြင့် ပိန်လှီသော လူတစ်ယောက်အဖြစ်သို့ပြောင်းသွားပြီး သူ့ခန္ဓာကိုယ်မှ စွမ်းအားလှိုင်းလုံးကြီးများကပြန့်ကျဲလာသည်။ တစ်ချိန်တည်းမှာပင် သူ၏ခန္ဓာကိုယ်မှ ကြီးမားသောအရှိန်အဝါများ ထွက်ပေါ်လာပြီး လောကမှော်ယာဉ်ပျံနယ်ပယ်နှင့်သက်ဆိုင်သည့်စွမ်းအားအငွေ့အသက်များ ပျံ့နှံ့လာသည်။

ဤသည်မှာ လောကမှော်ယာဉ်ပျံအရှင်သခင်နယ်ပယ်ကျင့်ကြံသူများ၏ စစ်မှန်သော စွမ်းအားဖြစ်သည်။ လောကမှော်ယာဉ်ပျံနယ်ပယ်စွမ်းအားများ အသုံးပြုသူကို လောကအသူရာနတ်ဘုရားနယ်ပယ်ကျင့ကြံသူဟု ခေါ်ဆိုနိုင်သည်။

ထိုအချိန်တွင် သူတို့ပတ်ဝန်းကျင်ရှိနဂါးငွေ့တန်းက ကြီးမားသော သမုဒ္ဒရာကြီးအဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။ လှိုင်းအလွှာများ ရှေ့သို့ တိုးလာသည်နှင့်အမျှလောကမှော်ယာဉ်ပျံအရှင်သခင်နယ်ပယ်စွမ်းအားက အပြင်သို့ ဖြန့်ကျက်သွားသည်။ စုမင်၏မျက်လုံးများက ဖျတ်ခနဲလင်းလက်လာသည်။

“မင်း ငါ့ကို တိုက်ခိုက်စေချင်တာလား”

မီးလျှံဂြိုလ်သခင်၏အသံက စုမင်၏နားထဲသို့ ရောက်ရှိလာသည်။

“ကျုပ်သာ စွမ်းအားအပြည့်နဲ့ ပုံရိပ်ဝါးမျိုခြင်းစွမ်းရည်ကိုထုတ်သုံးလိုက်ရင်..ဒီလူကိုသတ်နိုင်မှာလား...”

စုမင်က ရှန်ထိုက်ကိုစိုက်ကြည့်ရင်း သူ့မေးခွန်းကို အတွေးတစ်ခုအသွင်ဖြင့် ဂြိုလ်သခင်ထံသို့ ပို့လိုက်သည်။

“ဒါက မင်းဘယ်လောက်နားလည်ခဲ့လဲဆိုတဲ့အပေါ်မှာ မူတည်တယ်.. မင်းသုံးပုံတစ်ပုံနားလည်ရင် သူ့ကို ဒဏ်ရာရသွားနိုင်တယ်.. ဆယ်ပုံခြောက်ပုံလောက် နားလည်ရင် သူ့ကို ပြင်းပြင်းထန်ထန် ဒဏ်ရာရသွားနိုင်တယ်.. ဆယ်ပုံရှစ်ပုံ လောက်နားလည်ရင် သူ့ကိုသတ်ပစ်နိုင်တယ်”

စုမင်က ထိုစကားများကို ကြားလိုက်ရသောအခါ သူ့မျက်လုံးများက တောက်ပလာသည်။

“ငါ တစ်ချက်တည်းနဲ့

လေ မင်းအသက်ကို နှုတ်ပြမယ်”

ရှန်ထိုက်က ဒေါသသံနှင့်ပြောနေပြီး သူ့လက်ဖြင့် ချိပ်တံဆိပ်များကို ဖန်တီးလိုက်သည်။ သူ့ပတ်ဝန်းကျင်ရှိ လောကမှော်ယာဉ်ပျံနယ်ပယ်စွမ်းအားက ပွင့်လင်းမြင်သာသောအလင်းတန်းများအဖြစ် စုစည်းရောက်ရှိလာသည်။ ထိုအလင်းတန်းများက ရောင်စုံတောက်ပနေပြီး စုမင်ကို အရပ်ရပ်မှ ဝိုင်းရံထားသည်။

“လောကမှော်ယာဉ်ပျံအရှင်သခင်နယ်ပယ်ရဲ့သတ်ဖြတ်မှု..”

ရှန်ထိုက်က သူ့လက်ကို ရှေ့သို့ လှည့်လိုက်ပြီးနောက် လောကမှော်ယာဉ်ပျံနယ်ပယ်စွမ်းအားများဖြင့် ဖွဲ့စည်းထားသောအလင်းတန်းများက ဥပဒေဿတစ်မျိုးဖြင့် ပြည့်နှက်သွားသည်။ စုမင်ကအရှိန်ပြင်းပြင်းဖြင့် ရင်‌ဆိုင်လိုက်သည်။ သို့ပေမဲ့ သူက ရှန်ထိုက်အနားသို့မသွားခင်မှာ မယုံနိုင်လောက်အောင်ပြင်းထန်သောဖိအားတစ်ခုကို ခံစားလိုက်ရသည်။

“ပုံရိပ်ဝါးမျိုခြင်းစွမ်းရည်...”

စုမင်က မျက်လုံးများကို အမြန်မှိတ်လိုက်သည်။ သူ့လက်ကို မြှောက်လိုက်ပြီး သူ့ကိုယ်ပေါ်ရှိ အစိတ်အပိုင်းအချို့ကို အဆက်မပြတ် ရိုက်လိုက်သည်။သူ၏ ညာလက်က ချက်ချင်းပင် ညှိုးနွမ်းသွားကာ သူ၏ ဘယ်ဘက်လက်မောင်းလဲ အလားတူဖြစ်သွားသည်။ ထို့နောက် သူ့ခြေထောက်များ၊ ခန္ဓာကိုယ်နှင့် ဦးခေါင်းများပင် ထုံကျဉ်သွားသည်။

ထိုအချိန်မှာပင် စုမင်၏မျက်လုံးများတွင်

အနက်ရောင်အလင်းတန်းတောက်ပလာသည်။ လောကမှော်ယာဥ်ပျံအလင်းတန်များက သူ့အပေါ်သို့ကျရောက်သွားသောအခါ စုမင်က ကွဲအက်နေသောမှန်ကဲ့သို့ အစိတ်စိတ်အမွှာမွှာဖြစ်သွားလေသည်။

ထိုအပိုင်းအစများက ကျယ်လောင်သောအသံနှင့်အတူ အပြင်သို့ လွင့်ထွက်လာသည်။

“ဗုန်းးးး..ဗုန်းးးးးး...”

အလင်းတန်းနှင့်အပိုင်းအစများ ထိတိုက်မိသောအခါ ‌အလင်းတန်းများက ပြန့်ကျဲသွားသည်။အပိုင်းအစများက ထိုအလင်းတန်းအတွင်းရှိပါဝင်သော လောကမှော်ယာဉ်ပျံနယ်ပယ်စွမ်းအားများက စုပ်ယူလိုက်ပြီး ရှန်ထိုက်၏ရှေ့တွင် ပေါ်လာသည်။ ထို့နောက် သူ့ခန္ဓာကိုယ်ထဲသို့ ထိုးဖောက်ဝင်ရောက်သွားကြသည်။

မျက်စိတစ်မှိတ်အတွင်းမှာပဲ အပိုင်းအစများအားလုံးက ရှန်ထိုက်၏ခန္ဓာကိုယ်ထဲကို ဝင်ရောက်လာခဲ့သည်။ ထို့နောက် ၎င်းတို့၏ အရည်ပျော်သွားပြီး ပြင်းစွာသောနာကျင်အော်ဟစ်သံက ရှန်ထိုက်ထံမှ ထွက်ပေါ်လာသည်။

သူ၏မှတ်ဉာဏ်က လျင်မြန်စွာ ဝါးမျိုခံလိုက်ရသည်။ သူ့အသားနှင့် ခန္ဓာကိုယ်က လျင်မြန်စွာ ပျောက်ကွယ်သွားကာ သူ့ခန္ဓာကိုယ်ရှိလောကမှော်ယာဉ်ပျံနယ်ပယ်စွမ်းအားများက မျက်စိတစ်မှိတ်အတွင်း လုံးဝ စုပ်ယူခံလိုက်ရသည်။

“ဗုန်းးးးးးဗုန်းးးးး”

ရှန်ထိုက်၏ခန္ဓာကိုယ် ကွဲထွက်သွားသည်။အဆုံးမဲ့အပိုင်းအစများက သူ့ခန္ဓာကိုယ်မှ ပျံထွက်လာပြီး အနီးအနားတွင် စုရုံးနေသည်။ ထို့နောက် အပိုင်းအစက ပြန်လည်စုစည်းပြီး စုမင်ပုံရိပ်ပေါ်လာလေသည်။

သူ၏ခန္ဓာကိုယ်က မူလက နွမ်းလျနေသော အခြေအနေတွင် ရှိနေသည်။ ထိုအချိန်တွင် သူက လျင်မြန်စွာ ပြည့်ဖောင်းလာပြီး သူ့မူလအခြေအနေသို့ ပြန်ရောက်သည်။ ထို့နောက် လောကမှော်ယာဉ်ပျံနယ်ပယ်အငွေ့အသက်များက သူ့ခန္ဓာကိုယ်မှ ထွက်လာသည်။

“ပုံရိပ်ဝါးမျိုခြင်းစွမ်းရည်..တော်တော်အစွမ်းထက်တာပဲ...

စုမင်က သူ့မျက်လုံးများကိုမှိတ်ပြီး သူ့ခန္ဓာကိုယ်ထဲမှာ များပြားလှတဲ့ချီစွမ်းအားပမာဏကို ခံစားလိုက်သည်။ ချီစွမ်းအားတိုးပွားလာသောခံစားချက်က သူ့အတွက် အလွန်ပင် စွဲမက်ဖွယ်ကောင်းလှသည်။

All Chapters