← Chapters

အနောက်ငွေ့ရည်တိမ်တိုက်ကြယ်ဂြိုလ်

Vol. 57 Ch. 790

အနောက်ငွေ့ရည်တိမ်တိုက်ကြယ်ဂြိုလ်

Vol. 57 Ch. 790

ရှန်ထိုက်၏ပျက်စီးနေသောမှော်စီးယာဉ်ပေါ်တွင် ကျင့်ကြံသူဒါဇင်များစွာရှိလေသည်။သူတို့မျက်စိရှေ့မှာတင် ရှန်ထိုက်သေဆုံးတာကို မြင်လိုက်ရပြီး သူတို့မျက်နှာများက သွေးမရှိသကဲ့သို့ဖြူဖျော့သွားကြလေသည်။ ထိုပုံမှန်မဟုတ်သောသေခြင်းပုံစံနှင့် မျက်လုံးမှိတ်ထားသည့်စုမင်ကသူတို့၏မျက်လုံးများတွင် ကြောက်စရာအကောင်းဆုံးဖြစ်တည်မှုဖြစ်လာခဲ့သည်။

သူတို့ ပြေးဖို့နေနေသာသာ တုပ်တုပ်တောင်မလှုပ်ရဲကြပေ။ ကံကြမ္မာ၏လက်ထဲတွင် သူတို့၏အသက်များရှိနေပြီး သူတို့ကိုယ်တိုင် ကံကြမ္မာကို မထိန်းချုပ်နိုင်တော့ပေ။

အချိန်အတော်အတန်ကြာပြီးနောက် စုမင်က မျက်လုံးများပွင့်လာပြီး သူ့မျက်လုံးများက လင်းလက်လာသည်။

“ငါ ဒီလူရဲ့အမှတ်တရတွေ ရခဲ့တာပဲ..

ရှန်ထိုက်...”

စုမင်က သူ၏ညာလက်ကို ရုတ်သိမ်းလိုက်ပြီး လေထုကိုမဖမ်းဆုပ်မီ တစ်ခဏမျှ တိတ်တိတ်ဆိတ်ဆိတ်နေခဲ့သည်။ သူ့အောက်နားကနေ သိုလှောင်အိတ်တစ်လုံး ချက်ချင်းထွက်လာခဲ့သည်။ ထို့နောက် သူ့လက်ဖြင့် သွေးနီရောင်ပုလဲကိုထုတ်ယူလိုက်သည်။

ထိုပုလဲက စုမင်၏လက်ချောင်းများကြားတွင် စူးစူးရဲရဲအလင်းတန်းတစ်ခုဖြင့် ထွန်းလင်းတောက်ပနေ၏။ ၎င်းကို မြင်သူတိုင်းအား စုမင်မှာ မဟာလောကကြီးလေးခုမှ အလိုရှိသောသူဖြစ်ကြောင်း သိနိုင်သည်။

‘မဟာလောကကြီးလေးခုက ငါ့ကို‌ဆုကြေးထုတ်ထားပေမဲ့ ငါ့ကို သေစေချင်တဲ့ အကြောင်းရင်းကို မဖော်ပြထားဘူး..လောကအမြုတေကျောက်တုံးကို ဆုကြေးအနေနဲ့ ပေးပြီးတော့ သူတို့က ငါ့ကို သေစေချင်သလို အသက်ရှင်စေချင်တယ်...’

စုမင်က ဥက္ကာခဲကို ကြည့်ရင်း မျက်မှောင်ကြုတ်လိုက်သည်။

စုမင်ရှေ့မှာ အနီရောင်အလင်းတန်းနှစ်ခု ချက်ချင်း လွင့်ပျံလာသည်။ ၎င်းတို့မှာ

သေဆုံးသွားသော ကောင်းကင်ဘုံနယ်ပယ်ကျင့်ကြံသူနှစ်ဦး၏ အခြားအနီရောင်ပုလဲနှစ်လုံးဖြစ်သည်။

“သွေးအမှတ်အသားပုလဲ..ရှန်ထိုက်ရဲ့အမှတ်တရတွေကို ကြည့်လိုက်ရင် လွန်ခဲ့တဲ့နှစ်တစ်ရာလောက်ကတည်းက နတ္ထိအနှစ်သာရနယ်မြေမှာရှိတဲ့ကျင့်ကြံသူအားလုံးက ဒီလိုပုလဲမျိုး လက်ခံရရှိခဲ့တာပဲ..သူတို့က ဒီပုလဲကိုသုံးပြီး ငါ့ကိုရှာနိုင်တယ်...”

“ဒါကိုကြည့်လိုက်ရင် မဟာလောကကြီးလေးခုက ငါ့ကိုရှာဖို့ နတ္တိအနှစ်သာရနယ်မြေတစ်ခုလုံးကို ဧရာမပိုက်ကွန်ကြီး ချထားတယ်..ငါက အခြားပုံစံအယောင်ဆောင်လာရင်တောင် ချက်ချင်းတွေ့လိမ့်မယ်

စုမင်က သူ့လက်ထဲက ပုလဲများကို ခေါင်းငုံ့ကြည့်လိုက်ရင်း သူ့မျက်လုံးထဲမှာ သတ်ဖြတ်လိုစိတ်နှင့်အေးစက်မှုများ ပေါ်လာသည်။

“မဟာလောကကြီးလေးခုက ဒီပုလဲတွေကို ဘယ်လိုဖန်တီးခဲ့တာလဲ၊ သူတို့က ငါ့ကို တကယ်ရှာတွေ့နိုင်တယ်...ဒါပေမဲ့ ငါ မျှော်လင့်ထားတဲ့အတိုင်း ဆုကြေးတောင်ထုတ်ထားတယ်.. မီးလျှံဂြိုလ်ရဲ့ဖြစ်ရပ်က သူတို့ကို ဒါမျိုးလေးလေးနက်နက်အရေးယူစေခဲ့တာပဲ...”

စုမင်၏ နှုတ်ခမ်းထောင့်တွင် အေးစက်သော လှောင်ရယ်သံတစ်ခု ထွက်ပေါ်လာသည်။

“သူတို့က မင်းကို ဘယ်လိုရှာမလဲဆိုတာ မငါပြောနိုင်တယ်”

မီးလျှံဂြိုလ်သခင်က စကားဝင်ပြောလိုက်သည်။သူက ဥက္ကာခဲပေါ်တွင် ပေါ်လာပြီးခြေတစ်လှမ်းဖြင့် စုမင်၏ဘေးသို့ ရောက်ရှိလာသည်။

ဂြိုလ်သခင်က အလွန်ကြီးမားပြီး အရပ်ရှည်သည်။ သူ့ခန္ဓာကိုယ်ပေါ်ရှိရှည်လျားဝတ်ရုံက သူ၏ထူးဆန်းသော စိတ်ထားကို ပေါ်လွင်စေပြီး ထိပ်ပြောင်ခေါင်းပေါ်ရှိသားရဲရုပ်တုက သူ့ကို ရက်စက်ကြမ်းကြုတ်သည့်အသွင်ဖြစ်ပေါ်စေသည်။

သူက စုမင်အနားမှာ ရပ်လိုက်ပြီး သွေးနီပုလဲတစ်လုံးကို ကောက်ယူလိုက်သည်။ သူ့မျက်လုံးထဲတွင် အနက်ရောင်အလင်းတန်းတောက်ပလာသည်။ ထို့နောက် သူက ပုလဲကို ညင်သာစွာညှစ်လိုက်သည်နှင့် သွေးပုလဲက ကွဲအက်သွားသည်။

ထို့နောက် သွေးမြူအလွှာတစ်ခု ပေါ်လာသည်။ မသဲကွဲသောပုံရိပ်များစွာက ၎င်းအတွင်းတွင် တဖြည်းဖြည်း ဖြစ်ပေါ်လာသည်။ ထိုပုံရိပ်များက စုမင်၏ မျက်လုံးများတွင် လျှပ်တစ်ပြတ် ပေါ်လာသည်။

ပထမပုံရိပ်က သွေးများဖြင့် ပြည့်နေသောကြက်သွေးရောင်မီးလျှံဂြိုလ်ရှိ ဧရာမတွင်းကြီးဖြစ်သည်။

ဒုတိယပုံမှာ မီးခိုးရောင်၀တ်ရုံရှည် ၀တ်ထားသော အဖိုးအိုတစ်ဦးဖြစ်သည်။ သူ၏မျက်ခုံးအလယ်ဗဟိုတွင်လခြမ်း၏ပုံရိပ်ကို တတိယမျက်လုံးကဲ့သို့ မြင်နိုင်သည်။ လောကမှော်ယာဉ်ပျံအရှင်သခင်နယ်ပယ်အငွေ့အသက်ရှိသောလူပေါင်းဒါဇင်များစွာက သူ့နောက်တွင်ရပ်နေသည်။ သူတို့နောက်တွင် ထောင်သောင်းချီသော ကြီးမားသောစစ်တပ်ကြီးဖြစ်ပြီး လူအရေအတွက်မှာ အလွန်များပြားသောကြောင့် ကောင်းကင်နှင့်မြေကြီးတွင် ပြည့်နှက်‌ နေပုံရသည်။

ထိုအဘိုးကြီးရှေ့မှာ ဒူးထောက်နေသော အဘွားကြီးတစ်ယောက်ရှိ၏။

ထိုအဘွားကြီးက မိန်လန်ပင်ဖြစ်၏။

တတိယပုံတွင် မီးခိုးရောင်အဖိုးအိုက တောင်ပေါ်တွင် မတ်တပ်ရပ်နေသည်။ ထိုတောင်ကြီးက စုမင် ဖန်တီးခဲ့သော နဝမမြောက်တောင်ထွဋ့်ဖြစ်သည်။ လေ၊ သဲ ၊ကျောက်တုံးများက ဝေ့ဝဲတိုက်ခိုက်နေပြီး အဆုံးမရှိသော နောက်ဆက်တွဲ ပုံရိပ်များက တခဏချင်းပင် ပျောက်ကွယ်သွားခဲ့သည်။ အဆုံးတွင် ပုံရိပ်တစ်ခုကထင်ရှားလာသည်။ ထိုပုံရိပ်မှာ တောင်ထိပ်တွင် ထိုင်နေသောစုမင်ပင်ဖြစ်သည်။

စတုတ္ထပုံရိပ်တွင် အဘိုးအိုက သူ့ညာလက်ဖဝါးကို မိန်လန်၏ ဦးခေါင်းထိပ်ပေါ်တွင်တင်ထားသည်။ သူမ၏နောက်ကွယ်မှလေထုက တွန့်လိမ်ပုံပျက်လာပြီး စုမင်၏ပုံရိပ်က တဖြည်းဖြည်းပေါ်လာသည်။

ပုံရိပ်လေးခုက မျက်စိတစ်မှိတ်အတွင်း ပျောက်ကွယ်သွားသည် ။ စုမင်၏ပုံရိပ်မပေါ်လာခင် သွေးမြူများက ပါးလွှာပြီး လွင့်ထွက်သွားသည်။

“မင်းရဲ့အသွင်အပြင်နဲ့ပတ်သက်တဲ့ တခြားသူတွေရဲ့အမှတ်တရတွေကို ရှာဖွေပြီး တောင်ပေါ်၊ မြေကြီး၊ မြစ်တွေမှာရှိတဲ့ အမှတ်တရတွေကနေ မင်းရဲ့တည်ရှိမှုကိုအတည်ပြုလိုက်တာ..အဲဒါတွေကိုပေါင်းစပ်လိုက်ရင် သူတို့မင်းကို ရှာတွေ့နိုင်တာပေါ့...”

“ပြီးတော့ သူတို့က မင်းရဲ့ တည်ရှိမှုနဲ့ အသွင်အပြင်ကို မပေါင်းစပ်ခင်မှာ ထူးခြားတဲ့ နည်းလမ်းကို အသုံးပြုပြီး ဒီပုလဲတွေကို ဖန်တီးလိုက်တာပဲ..မင်းဟာ သူတို့ရဲပိုင်နက်ထဲမှာ ရှိနေသရွေ့ မင်း ဘယ်လိုရုပ်သွင်မျိုး ဖြစ်နေပါစေ မင်းကို ရှာဖွေတွေ့ရှိလာလိမ့်မယ်.. ဒါက လကံကြ

မ္မာမှော်စက်ဝန်းနယ်ပယ်က လူတစ်ယောက် အသုံးပြုတဲ့ နည်းလမ်းတစ်ခုပဲ”

“ကြက်သွေးရောင်မီးလျှံဂြိုလ်ရဲ့ ဖြစ်ရပ်က လကံကြမ္မာမှော်စက်ဝန်းနယ်ပယ်က လူတစ်ယောက်ကို တကယ့်ရှေ့ထွက်လာစေတာလား..ဒီဖြစ်ရပ်က မဟာလောကကြီးလေးခုကို တကယ်ထိတ်လန့်စေခဲ့တာဖြစ်မယ်.. သူတို့ ချိပ်တံဆိပ်ကလွတ်မြောက်လာတဲ့ငါ့ကို တုန်လှုပ်တာမဟုတ်ဘူး..ငါဘယ်လိုလွတ်မြောက်လာလဲဆိုတာကို ကြောက်နေတာ...”

“မင်းက မီးလျှံဂြိုလ်ထဲက ကြောက်စရာကောင်းတဲ့ သားရဲတွေရဲ့တံဆိပ်တွေကို ချိုးဖျက်နိုင်တဲ့အတွက် သူတို့ ကြောက်နေတာ..အဲဒါကြောင့် သူတို့က မင်းကို အလေးအနက်ထားနေတာ သဘာဝပဲ..သူတို့က ငါ့ကို မကြောက်ပါဘူး...ဒါပေမဲ့ မင်းက တခြားကျင့်ကြံဂြိုလ်တစ်ခုရဲ့ချိပ်တံဆိပ်ကို ချိုးဖျက်လိုက်လို့ပဲ....”

“လွန်ခဲ့တဲ့နှစ်တစ်ရာက ငါက ချိပ်ပိတ်နယ်မြေကိုပြောင်းရွေ့ပြီး ဂြိုလ်ထဲကနေထွက်ခွာခဲ့တယ်..မင်းကလဲ အနှစ်တစ်ရာလောက် ပုန်းအောင်းပြီး အပြင်ကို ထွက်မလာဘူး..အဲဒါကြောင့် မင်းနဲ့ပတ်သက်တဲ့ သဲလွန်စတွေကို ရှာမတွေ့ခဲ့ဘူး..ဒါပေမဲ့ အခုမင်းထွက်လာပြီဆိုတော့ ငါ့ရဲ့ လကံကြမ္မာမှော်စက်ဝန်းနယ်ပယ်ကိုနားလည်မှုနဲ့ ဒီပုလဲက ထင်သလောက် မရိုးရှင်းဘူး..”

“ငါ့ရဲ့ ခန့်မှန်းချက်က မှန်တယ်ဆိုရင် ဒီအချိန်မှာ မဟာလောကကြီးလေးခုက မင်းရဲ့တည်ရှိမှုကို သတိထားမိနေလောက်ပြီ..အနီးနားမှာရှိတဲ့ ပုလဲကိုကိုင်ထားတဲ့လူတွေက မင်းရဲ့တည်နေရာကို သိနေလောက်ပြီ...”

မီးလျှံဂြိုလ်သခင်က တိုးတိုးလေးစကားပြောလိုက်သည်။

စုမင်က သူ့လက်ထဲက ပုလဲကို စိုက်ကြည့်နေလေသည်။ သူက တစ်ခဏမျှ ငြိမ်သက်သွားပြီးနောက်တွင် သူ့မျက်လုံးများတွင် သတ်ဖြတ်လိုစိတ်များ ပြည့်နှက်လာကာ အေးစက်စွာနှာမှုတ်ထုတ်လိုက်သည်။

“ဘာမှစွန့်စားမ‌နေနဲ့..မဟာလောကကြီးလေးခုက မင်းကို အသက်ရှင်လား သေလား ဂရုမစိုက်ဘူး..အဖြေတစ်ခုပဲ လိုချင်တာ..မင်းရဲ့ အလောင်းတစ်လောင်းတည်းနဲ့တောင် မင်းရဲ့ဇာစ်မြစ်ကို ဆုံးဖြတ်နိုင်လိမ့်မယ်...”

မီးလျှံဂြိုလ်သခင်က ဖြည်းညှင်းစွာပြောလိုက်သည်။

“သူတို့ ကျုပ်ကိုသတ်ချင်ရင် ထိုက်တန်တဲ့အဖိုးအခပေးရမယ်...”

စုမင်က လှည့်ကြည့်လိုက်သော် သူ၏ ညာလက်မောင်းမှ လက်စွပ်ချပ်ဝတ်တန်ဆာက အရည်ပျော်ပြီး အသားထဲနစ်ဝင်သွားလေသည်။ တစ်ချိန်တည်းမှာပင် စုမင်၏ဆင့်ခေါ်ခံရသောကြိုးကြာငှက်က ဥက္ကာခဲမှ ပျံထွက်လာခဲ့သည်။ သူက ပျံထွက်လာပြီး စုမင်၏‌သိုလှောင်အိတ်ထဲသို့ တိုးဝင်သွားသည်။

ထိုအချိန်တွင် စုမင်၏ခန္ဓာကိုယ်တစ်ခုလုံးက သွေးနီရောင်အလင်းတန်းများဖြင့် ပြည့်နေပြီး ထိုအလင်းတန်းများက

အနီရောင် ခေါင်းတလားအဖြစ်သို့ ပြောင်းလဲသွားသည်။ ခေါင်းတလားတွင် မှော်သက်ေတ အများအပြား ရှိနေသည် ။ ထိုခေါင်းတလားက ရှေးခေတ်က တည်ရှိနေပုံသည်။။

“သွားကြစို့...”

စုမင်က ခေါင်းတလားပေါ်ကနေ ပြောလိုက်သည်။ ကြက်သွေးရောင်မီးလျှံ

ဂြိုလ်သခင်ကရှေ့သို့ ခြေတစ်လှမ်းတိုးပြီး ပျောက်ကွယ်သွားခဲ့သည်။ သူက သားရဲရုပ်တုပုံစံပြောင်းကာ ထူးဆန်းသောလေထုဖြင့်ပြည့်နှက်စေခဲ့သည်။

ထို့‌နောက် ခေါင်းတလားက ဦးတည်ချက်ပြောင်းကာ အဝေးရှိ နဂါးငွေ့တန်းထဲသို့ အရှိန်တင်လိုက်သည်။

“စုမင်.. ငါ ဦးတည်ရာကို ထိန်းချုပ်ပါရစေ..ငါတို့ နတ္ထိအနှစ်သာရနယ်မြေရဲ့နက်နဲရာကို ဦးတည်သွားကြမယ်..အဲဒီနေရာမှာ ရှေးကျင့်ကြံခြင်းဂြိုလ်တွေအများကြီးရှိတယ်.. မင်းရဲ့ကိုယ်ပွားအတွက် မင်းရွေးချယ်နိုင်တဲ့ သက်ရှိသားရဲတွေ အများကြီးရှိပါတယ်...”

မီးလျှံဂြိုလ်သခင်၏အသံက ဟင်းလင်းပြင်ထဲတွင် တရွေ့ရွေ့ ပျံ့လွင့်သွားသည်။

ထိုအချိန်တွင် ရှန်ထိုက်၏မှော်စီးယာဉ်ပေါ်ရှိလူဒါဇင်များစွာက စုမင် အဝေးသို့ ထွက်သွားသည်ကို တွေ့လိုက်သောအခါမှ သက်ပြင်းချနိုင်ခဲ့သည်။ သူတို့၏နှလုံးသားများက တုန်လှုပ်သွားပြီးကပ်ဘေးကြီးတစ်ခုမှ လွတ်မြောက်သွားပြီဟု ခံစားလိုက်ရသည်။ သူတို့က မှော်စီးယာဉ်ကို သတိထားပြီး ထိန်းချုပ်ကာ ထွက်ခွာသွားတော့မည်။

နဂါးငွေ့တန်းအတွင်းမှ အက်ကွဲ‌ကြောင်း

တစ်ခု‌ပေါ်လာကာ ထိုထဲမှ လူတစ်ဦး ချက်ချင်းထွက်လာ၏။ ထိုလူက လူရိုင်း ကဲ့သို့ ဝတ်ထားသည်။ သူ့ဆံပင်က မယုံနိုင်လောက်အောင် ရှည်လျားပြီး သူ့အဝတ်အစားများက ညစ်နွမ်းနေ၏။သို့သော် ထိုလူနှင့် ပတ်သက်၍ အလွန်အစွမ်းထက်သော တည်ရှိမှုတစ်ခု ရှိနေခဲ့သည်။

“ဒီမှာရှိနေတာပဲ...မဟာလောကကြီးလေးခုက အလိုရှိတဲ့လူက မြန်မြန်ထွက်ပြေးမှာ

သေချာတယ်...”

ထိုလူ၏လက်ထဲတွင် သွေးနီပုလဲတစ်လုံးရှိ၍ တောက်ပသောအလင်းရောင်ဖြင့် လင်းလက်နေသည်။

စုမင်၏တည်ရှိမှုက ရှန်ထိုက်နှင့်တိုက်ပွဲတွင် ထွက်ပေါ်လာ၏။ကောင်းကင်ဘုံနယ်ပယ် သို့မဟုတ် ထိုအထက်ရှိ ကျင့်ကြံသူများကိုင်ဆောင်ထားသော ပုလဲများအားလုံးက ပိုင်ရှင်များဘာလုပ်နေနေ ၊ဘယ်နေရာမှာဖြစ်ဖြစ် သွေးနီရောင်ဖြင့် လင်းလက်တောက်ပနေတော့သည်။

ထိုအချိန်တွင် ဤပုလဲတစ်လုံးစီမှ ပြတ်သားသောဆန္ဒတစ်ခု ထွက်ပေါ်လာသည်။ ဤဆန္ဒက သွေးအမှတ်အသားပုလဲများကိုကိုင်ဆောင်ထားသူများအား

စုမင်၏တည်နေရာကို သိရှိနိုင်စေမည့် လမ်းညွှန်ချက်တစ်ခုကဲ့သို့ဖြစ်သည်။

“ဒီလူကိုသတ်ပြီး သူ့ဝိညာဉ်ကို သွေးအမှတ်အသားပုလဲထဲထည့်လိုက်ပါ..ဒါဆို လောကအမြုတေကျောက်တုံးသုံးလုံးကို ဆုကြေးအဖြစ်ရလိမ့်မယ်...”

ထိုလိုအင်ဆန္ဒ၌ပါ၀င်သော ရှေးခေတ်အသံတစ်ခုရှိလေသည်။သွေးနီ‌ရောင်ပုလဲ၏အကူအညီဖြင့် နဂါးငွေ့တန်းအတွင်းရှိ ကျင့်ကြံသူအားလုံး၏နားထဲတွင် ပဲ့တင်ထပ်သွားသည်ဟု ဆိုနိုင်သည်။

“လွန်ခဲ့တဲ့အနှစ်တစ်ရာက လောကအမြုတေကျောက်တုံးတစ်တုံးကို ဆုကြေးပေးတာ..အခုတော့ သုံးတုံးဖြစ်သွားပြီ..အခုဆို ငါတို့လဲ ရာဇဝတ်သားကိုသတ်နိုင်လောက်ပါပြီ..”

“လောကအမြုတေကျောက်တုံးသုံးလုံးနဲ့ဆိုရင် ကျုပ်တို့ လောကမှော်ယာဉ်ပျံနယ်ပယ်စွမ်းအားကို ကြိုက်သလောက် သုံးလို့ရတယ်..ပြီးတော့ ကျုပ်တို့ရဲ့ကျင့်ကြံစွမ်းအားကို ပြန်ကုစားမဲ့ကိစ္စကို စိတ်ပူစရာမလိုဘူး.. အဲဒါကောင်းတာပေါ့..”

“မဟာလောကကြီးလေးခုက သူတို့ကို

ဒီလိုကို ခြိမ်းခြောက်နေတဲ့လူတွေကို အလိုရှိတာကရှားပါးပါးတော့ မဟုတ်ပေမဲ့ ဒါပထမဆုံးအကြိမ် ဆုကြေးထုတ်တာပဲ..ကျုပ်တို့လဲ ဒီအခွင့်အရေးမှာ ပါဝင်သင့်တယ်...”

မြောက်မြားစွာသောကျင့်ကြံဂြိုလ်ရှိ လူများက သွေးနီပုလဲများ၏ အလိုဆန္ဒကြောင့် စိတ်လှုပ်ရှားစွာ တက်ကြွလာသည်။ အလင်းတန်းရှည်များက စုမင် ၏တည်နေရာဆီသို့ ပျံသန်းထွက်ပြေးသွားကြသည်။

တစ်ချိန်တည်းမှာပင်၊ နဂါးငွေ့တန်းထဲတွင် လွင့်မျောနေသောရာဒစ်ကိုးဆယ့်ကိုးခုအနက်မှ တစ်ခုတွင် မဟာလောကကြီးလေးခုမှ စောင့်ကြည့်သူများ နေထိုင်ကြလေသည်။ ထိုကျင့်ကြံခြင်းဂြိုလ်က တောက်ပသော အလင်းရောင်ဖြင့် စတင်တောက်ပလာခဲ့သည်။

အလင်းက တဖျပ်ဖျပ် လင်းလက်နေပြီး

၎င်းက လမ်းကြောင်းအားလုံးကို လင်းထိန်စေသည်။ မဟာလောကကြီးလေးခုမှလူများက စွမ်းအားလှိုင်းများကို သတိပြုမိခဲ့ကြသည်။

“မဟာလောကကြီးလေးခုမှ အလိုရှိနေတဲ့သူက ဂြိုလ်သားမျိုးနွယ်ဝင်ဖြစ်ဖို့များတယ်.. ချိပ်တံဆိပ်တွေကို ချိုးဖျက်နိုင်တဲ့စွမ်းရည်ရှိတယ်..သူက အနောက်ငွေ့ရည်တိမ်တိုက်ကြယ်ဂြိုလ်ရဲ့အရှေ့တောင်ဘက်မှာ ပေါ်လာခဲ့တယ်...ဒီလိုရာဇ၀တ်မှုမျိုးကျုးလွန်သူကို အရှင်လတ်လတ်ဖမ်းဆီးရမိအောင် အရင်ကြိုးစားသင့်တယ်..မဖမ်းနိုင်ရင် သတ်လိုက်...”

အေးစက်ပြီး ခံစားချက်မဲ့သော အသံတစ်ခုက နဂါးငွေ့တန်းတွင် ပဲ့တင်ထပ်နေပြီး နတ္ထိအနှစ်သာရနယ်မြေကိုစောင့်ကြည့်နေလေသည်။

ခဏအကြာတွင် နဂါးငွေ့တန်းအတွင်း လှိုင်းအလွှာတစ်ခု ဖြတ်သွားသည်။ ပေတစ်သိန်းခန့် ရှည်လျားသော ကြေးဝါဓားရှည်ကြီးက လေထဲတွင် ပေါ်လွင်လာသည်။ ထိုဓါးပေါ်ရှိ ထောင်နဲ့ချီသော သံချပ်ကာစစ်သည်တော်များ၏ရှေ့တွင် လူသုံးယောက်က တရားထိုင်နေကြသည်။

ဤရှေးဟောင်းကြေးဝါဓားရှည်က အဝေးသို့ထွက်ခွာသွားစဉ် အခြားရှေးဟောင်းကြေးဝါဓါးခုနစ်လက်က မှုန်ဝါးဝါးနှင့် မသိမသာ ပေါ်လာသည်။

ထို့နောက် ၎င်းတို့က ကျယ်လောင်သော တဝီဝီလေချွန်သံများနှင့်အတူ စုမင်ရောက်ရှိလာသည့် လမ်းကြောင်းအတိုင်း နတ္ထိအနှစ်သာနယ်မြေအထက်ရှိ နဂါးငွေ့တန်းကို ဖြတ်ကျော်သွားကြသည်။

ထိုအချိန်တွင် အလင်းတန်းရှည်များက အနောက်ငွေ့ရည်တိမ်တိုက်ကြယ်ဂြိုလ်၏နဂါးငွေ့တန်းကို လွှမ်းခြုံသွားသည်။ ထိုအလင်းတန်းရှည်များသည် တူညီသော ဦးတည်ရာသို့ အရှိန်အပြည့်ဖြင့် ဦးတည်နေသည်။ ထိုနယ်မြေတစ်ဝိုက်တွင် မှော်စီးယာဉ်များပင် ပါလာသေးသည်။

စုမင်က နဂါးငွေ့တန်းအတွင်း သွားလာရန်အနီရောင် ခေါင်းတလားကို အသုံးပြုခဲ့သည်။ ခေါင်းတလားပေါ်ရှိ မှော်သင်္ကေတများမှာ ထွန်းလင်းတောက်ပနေပြီး အတွင်းမှ အေးစက်စက်သတ်ဖြတ်လိုစိတ်များ ပျံ့နှံ့သွားခဲ့သည်။

“စုမင်.. ငါတို့ပတ်ဝန်းကျင်မှာ လောကအသူရာနတ်ဘုရားနယ်ပယ်အငွေ့အသက်ခြောက်ခုလောက်ရှိတယ်..ကောင်းကင်ဘုံနယ်ပယ်တည်ရှိမှုက သုံးဆယ်လောက်ရှိတယ်..ဒီလူတွေက ငါတို့နဲ့ အနီးစပ်ဆုံးပဲ..

နောက်မှာ အများကြီးရှိသေးတယ်”

မီးလျှံဂြိုလ်က စုမင်ကို စတင်သတိပေးလိုက်သည်။

စုမင်က ခဏမျှ နှုတ်ဆိတ်နေပြီးအေးစက်စွာ မေးလိုက်သည်။

“အနီးဆုံးကျင့်ကြံခြင်းဂြိုလ်က ဘယ်မှာလဲ”

“ခြောက်နာရီလောက်ခရီးနှင်ရမယ်.. ရှေ့တည့်တည့်ကိုသွား..

All Chapters