ကောင်းကင်ဘုံရတနာကျင့်ကြံခြင်းဂြိုလ်
Vol. 57 Ch. 791
ကောင်းကင်ဘုံရတနာကျင့်ကြံခြင်းဂြိုလ်သည် နတ္ထိအနှစ်သာရနယ်မြေအတွင်းရှိ အနောက်ငွေ့ရည်တိမ်တိုက်ကြယ်ဂြိုလ်၏
အရှေ့တောင်ဘက်တွင် ရှိ၏။ ထိုဂြိုလ်က မှိန်းဖျော့ပြီး နွေးထွေးစည်းကားမှုကင်းမဲ့နေသောကျင့်ကြံခြင်းဂြိုလ်ဖြစ်သည်။
အတိတ်က ကြီးကျယ်ခမ်းနားသော ဂြိုဟ်ဖြစ်ပြီး သမိုင်းကြောင်းအခိုင်အမာ ရှိခဲ့သည်။ သို့သော် ယခုတော့ ကျက်တီးမြေရိုင်းနေရာကဲ့သို့ဖြစ်နေသည်။ ၎င်း၏ မျက်နှာပြင်က မြေကြီးပေါ်ရှိ တွင်းနက်များနှင့် လူဆိတ်ညံသော တောင်များကြောင့် ဖြစ်ပေါ်လာသော အဖုအထစ်များဖြင့် ဖုံးလွှမ်းထားသည်။
နဂါးငွေ့တန်းရှိထိုဂြိုလ်ကို မြင်ဖူးသူတိုင်း အရာအားလုံး တိတ်ဆိတ်ငြိမ်သက်သွားသလို ခံစားရသည်။
ထိုကျင့်ကြံဂြိုလ်က မလုံးဝန်းပေ။
ကွဲကြေနေသောကျောက်တုံးများက ဂြိုလ်တစ်ဝက်လောက် နေရာယူထားသည်။ ဤကျောက်တုံးများသည် ခေတ်အဆက်ဆက် တအိအိ ပြိုကျခဲ့ပြီး ဆက်လက်တည်ရှိနေခဲ့သည်။ဂြိုလ်နှင့် သိပ်မဝေးသောနေရာရှိကျင့်ကြံသူများက ကွဲအက်နေသောကျောက်တုံးများမှာ နဂါးငွေ့တန်း၏အစိတ်အပိုင်းတစ်ခု ဖြစ်လာသည်ကို မြင်တွေ့ခဲ့ရသည်။
ဤဂြိုလ်က သေခြင်းတရားသို့ ဦးတည်ရွေ့လျားနေသော ဂြိုလ်ဖြစ်သော်လည်း ထိုကဲ့သူဂြိုလ်ပေါ်တွင် နေထိုင်သူ အများအပြား ရှိနေသည်။ လူအများစုက ဤ
ဂြိုလ်တွင် မျိုးဆက်ပေါင်းများစွာ နေထိုင်လာခဲ့ပြီး သူတို့က ဤနေရာ၏ အစိတ်အပိုင်းတစ်ခု ဖြစ်လာခဲ့သည်။
ကောင်းကင်ဘုံရတနာဂြိုလ်တွင် ရက်စက်ကြမ်းကြုတ်သော သားရဲအများအပြားကို ချိပ်ပိတ်ထားသော နယ်မြေများစွာ ရှိခဲ့သည်။ ဂြိုလ်၏အနက်ရှိုင်း နေရာတွင် ချိတ်ပိတ်ထားသောဂြိုလ်သားမျိုးနွယ်ဝင်တစ်ဦးလည်း ရှိခဲ့သည်။
ကောင်းကင်ဘုံရတနာဂြိုလ်တစ်ခုလုံးတွင် တိုက်ကြီးတစ်ခုသာရှိ၏။ ကျန်နယ်မြေများက ကျွန်းများအဖြစ် အသီးသီးကွဲထွက်နေသည်။ ထို့အပြင် လေပြင်းဓါးသွားသမုဒ္ဒရာကြီးကလဲ လောကမှော်ယာဉ်ပျံအရှင်သခင်နယ်ပယ်တွေတောင်မှ အနည်းငယ်သတိထားရမည့် အချက်ပင်ဖြစ်သည်။
လေဖြင့်ဖွဲ့စည်းထားသော သမုဒ္ဒရာကြီးတစ်ခုဖြစ်သည်။၎င်းက တိုက်ကြီးနှင့် ကျွန်းများအပြင် ဂြိုလ်၏အစိတ်အပိုင်းအားလုံးသို့ ပျံ့နှံ့သွားသည်။သမုဒ္ဒရာမှ လေတိုက်ခတ်လိုက်တိုင်း လေချွန်သံများက ကျယ်လောင်စွာ ထွက်ပေါ်လာသည်။ ထိုအသံများက ကျင့်ကြံသူများခန္ဓာကိုယ်ကို အလွယ်တကူ ကွဲအက်သွားစေနိုင်သည်။
ထိုလေကကောင်းကင်ဘုံရတနာဂြိုလ်အတွက် ထူးခြားသည်။ ၎င်းက သမုဒ္ဒရာတစ်ခုအနေနှင့် ဖြစ်ပေါ်လာပြီး ဂြိုလ်၏သီးခြားခွဲထွက်နေသောအစိတ်အပိုင်းလဲ ဖြစ်သည်။ ထို့ကြောင့် ကုန်းမြေပေါ်ရှိ နေထိုင်သူများက ထိုသမုဒ္ဒရာအနားသို့ သိပ်မကပ်ရဲကြပေ။
ထိုနေ့မှာ ကောင်းကင်က မည်းမှောင်နေလေသည်။ နေနှင့်လကို မမြင်နိုင်သော်လည်း မြေပြင်ပေါ်တွင် လင်းလက် အုံ့ဆိုင်းနေသည့် အလင်းတန်းတစ်ခု ရှိနေသည်။ မွန်းတည့်အချိန်ခန့်တွင် ကောင်းကင်ရတနာဂြိုလ်ရှိ ကျင့်ကြံသူများက ပုံမှန်အတိုင်း တရားထိုင်နေကြသည်။ ထိုပြင် နွေဦးရာသီကဲ့သို့အချိန်မျိုးတွင် မိုးခြိမ်းသံကဲ့သို့ ကျယ်လောင်သော ပေါက်ကွဲသံက ကောင်းကင်ယံ၌ ရုတ်တရက် ထွက်ပေါ်လာပြီး အရပ်ရပ်သို့ တုန်ခါသွားလေသည်။
ကျယ်လောင်သော အသံတစ်ခုထက်မက
ပဲ့တင်ထပ်လာခဲ့သည်။ ကုန်ဆုံးသွားသည့်အခိုက်အတန့်တိုင်းတွင် ထိုအသံများက အဆက်မပြတ် မြည်လာကာ ပို၍ကျယ်လောင်လာသည်။ ကျင့်ကြံသူများက ထိုအသံများကို လစ်လျူမရှုနိုင်ဘဲ ခေါင်းကို မော့ကြည့်လိုက်သည်။
သွေးနီရောင်ကြယ်တစ်ပွင့်က ကောင်းကင်ကို ဖြတ်၍ မြေပြင်ဆီသို့ တည့်တည့် ဦးတည်နေသည်။ ထိုဆင်းသက်လာသောကြယ်တွင် အလွန်ကြီးမားသော အနီရောင်ခေါင်းတလားရှိနေသည်ကို ခပ်ဝါးဝါးမြင်နိုင်သည်။ မှော်သင်္ကေတများကဂြိုလ်၏အမြင့်ဆုံးနေရာရှိ လေအလွှာကို ဖြတ်သန်း၍ နဂါးငွေ့တန်းမှ ဆင်းသက်လာသည်။ ၎င်းက လျင်မြန်လွန်းပြီး လေထုကို ပွတ်တိုက်မှုများကြောင့် မီးပွားများပင်ထတောက်ခဲ့သည်။ အဝေးကလှမ်းကြည့်သူများအမြင်တော့ ခေါင်းတလား မီးလောင်သွားသလို မြင်လိုက်ရသည်။
“ဗုန်းးးးး..”
အနီရောင်ခေါင်းတလားမှရက်စက်ကြမ်းကြုတ်သောသတ်ဖြတ်လိုစိတ်များ ပျံ့နှံ့သွား၏။ မီးတောက်များ၊ လျင်မြန်သောအရှိန်အဟုန်နှင့် ကြက်သွေးရောင်ပုံရိပ်က ကောင်းကင်ဘုံရတနာဂြိုလ်ရှိကျင့်ကြံသူများကို ထိတ်လန့်စေခဲ့သည်။ သို့သော် ခေါင်းတလားက မြေပြင်ပေါ်သို့မဆင်းသက်ဘဲ သမုဒ္ဒရာအတွင်းသို့ ဆင်းသက်ခဲ့သည်။
“အဲဒါကဘာကြီးလဲဟ..နဂါးငွေ့တန်းကနေ ထွက်လာတာ.. တအားမြန်လွန်းပြီး အဲဒါက ရတနာတစ်မျိုးလား”
“ဘယ်လောက်ထိ ထိတ်လန့်တုန်လှုပ်စရာကောင်းတဲ့ အရှိန်အဝါလဲ..လူသတ်ရောင်ဝါတွေက အရမ်းထူထဲနေတယ်..ဒါကို လှမ်းကြည့်ရုံနဲ့တောင် နှလုံးပြုတ်ကျမတတ်ခံစားရတယ်..အဲဒီလူက တော်တော်အစွမ်းထက်တဲ့ကျင့်ကြံသူပဲ”
“အဲ့ဒီအရာက အင်အားကြီးလွန်းတယ်..လေပြင်းဓါးသွားသမုဒ္ဒရာ ဆင်းသက်တာ နှမြောစရာပဲ... မဟုတ်ရင် ကျုပ် သေချာသွားကြည့်တယ်”
ကောင်းကင်ဘုံရတနာဂြိုလ်ရှိကျင့်ကြံသူများက စကားတီးတိုးပြောကြရင်း တုန်လှုပ်သွားကြသည်။ ဤအရာက သူတို့ သာမာန် မြင်ဖူးသည့် အရာမဟုတ်သလို သူတို့၏ နှလုံးသားများက တုန်လှုပ်ချောက်ချားမှုများနှင့် ပြည့်နှက်သွားသည်။
“ဗုန်းးးးးးး...”
အဝေးမှလေပြင်းဓါးသွားသမုဒ္ဒရာမှကျယ်လောင်သော အသံတစ်ခု ထွက်ပေါ်လာပြီး လေပြင်းများက တဝုန်းဝုန်းတိုက်ခတ်သွားလေသည်။ ထိုအသံများကလေထဲတွင် ပဲ့တင်ထပ်နေချိန်တွင် လေပွေလှိုင်းတစ်ခုက တိုက်ခတ်လာပြန်သည်။
ထိုအချိန်တွင် ကောင်းကင်ရှိ တစ်စုံတစ်ယောက်က မြေပြင်ကို ကြည့်လိုက်လျှင် အနီရောင် ခေါင်းတလားမှ အပြင်သို့လွင့်ထွက်နေသော လက်စွပ်ပုံသဏ္ဍာန် လှိုင်းလုံးကြီးတစ်ခုကိုမြင်တွေ့နိုင်မည်။ ထိုလှိုင်းလုံးကြီး တိုက်ခတ်သွားတိုင်း ကျယ်လောင်သော အသံများ မရပ်မနား ပဲ့တင်ထပ်လာသည်။
ဤအခိုက်အတန့်တွင် မဟာလောကကြီးလေးခုမှပေးအပ်ထားသောသွေးအမှတ်အသားပုလဲများက ဂြိုလ်အတွင်းရှိကိုင်ဆောင်သူများ၏လက်ထဲတွင်သွေးနီရောင်အလင်းတန်းများနှင့်အတူ လင်းလက်တောက်ပလာခဲ့သည်။
ဤပုလဲများအားလုံးက လေပြင်းဓါးသွားသမုဒ္ဒရာဆီသို့ ဦးတည်နေလေသည်။
ဂြိုလ်တွင် နေထိုင်သောလောကမှော်ယာဉ်ပျံအရှင်သခင်နယ်ပယ်ကျင့်ကြံသူများ၏အမူအရာများ ပြောင်းလဲသွားသည်။ သူတို့က ကသမုဒ္ဒရာကို တစ်ပြိုင်နက်တည်း ကြည့်လိုက်ကြသည်။
“သွေးအမှတ်အသားပုလဲ ထွန်းလင်းလာပြီ.. ဒါက လောကကြီးလေးခုက အလိုရှိတဲ့သူထွက်ပေါ်လာပြီလို့ အချက်ပြနေတာပဲ...”
“သာလွန်အဆင့်လောကအမြုတေကျောက်တုံးတွေ..ငါ့စွမ်းအားနဲ့ ဒီလူကို သတ်ဖို့ခက်လိမ့်မယ်..ဒါပေမဲ့ လူတိုင်းက သူ့ကိုသတ်ဖို့ ကြိုးစားတုန်း ငါ အလစ်ဝင်တိုက်လိုက်ရင် အခွင့်အရေးရနိုင်တယ်..”
“ဒါက အပြာရောင်လမှာ တစ်ကြိမ်ပဲ ပေါ်လာနိုင်တဲ့ အခွင့်အရေးပဲ”
သွေးအမှတ်အသားပုလဲ ထွန်းလင်းလာသောအခါ ဂြိုလ်ရှိကျင့်ကြံသူများက စိတ်လှုပ်ရှားလာကြသည်။ တိုက်ကြီး၏အစိတ်အပိုင်းအားလုံးမှ အလင်းတန်းရှည်များက ကျယ်လောင်သောအသံများထွက်ပေါ်လာသည့်နေရာဆီသို့ ပျံသန်းသွားကြသည်။
အရပ်ရပ်သို့ ပြန့်နှံ့နေသော လက်စွပ်ပုံသဏ္ဍာန်လှိုင်းလုံးကြီး၏ အလယ်ဗဟိုတွင် အနီရောင်အခေါင်းတလားတစ်ခုရှိပြီး ခေါင်းတလားတစ်ဝက်က အကန့်အသတ်မဲ့ လေပြင်းဓါးသွားပင်လယ်ပြင်၏တွင် နစ်မြှုပ်နေသည်။ ကုန်းမြေပေါ်တွင် အက်ကြောင်းများထနေသောအလွှာတစ်ခုရှိကာ ပေပေါင်း သောင်းနှင့်ချီသောဧရိယာကို လွှမ်းခြုံထားသည်။
ခေါင်းတလားကို အဆက်မပြတ်တကျွီကျွှီလှီးဖြတ်နေသောဓါးသွားကဲ့သို့ လေပြင်းများက ရေမျက်နှာပြင်တစ်လျှောက် တဝုန်းဝုန်းတိုက်ခတ်နေလေသည်။ ထိုလေအရှိန်အဟုန်က ဘယ်တော့မှ ပြီးဆုံးမှာမဟုတ်ကြောင်း ခံစားရလေသည်။
“ဒီဂြိုလ်မှာ အသူရာနတ်ဘုရားနယ်ပယ်ကျင့်ကြံသူလေးယောက်နဲ့ကောင်းကင်ဘုံနယ်ပယ်ကျင့်ကြံသူ ၁၇ ယောက်ရှိတယ်..နဂါးငွေ့တန်းကနေလာတဲ့သူတွေပါတွက်လိုက်ရင် မင်းမှာ ပြိုင်ဘက်တွေပိုများလာပြီး မင်း တော်တော်ဒုက္ခရောက်မှာ..မင်းအစီအစဥ်က ဘာလဲ”
မီးလျှံဂြိုလ်သခင်၏ အသံမှာ အဆုံးမဲ့ လေပြင်းဓါးသွားများဖြင့် ဝန်းရံထားသည့် အနီရောင် ခေါင်းတလားအတွင်းမှ အသံထွက်နေသည်။
“ကျုပ်သူတို့ကိုသတ်မယ်”
စုမင်က ပြတ်သားစွာဖြေလိုက်သည်။ သူ့အသံက တည်ငြိမ်နေသော်လည်း ထိုအသံရှိသတ်ဖြတ်လိုစိတ်က ဂြိုလ်သခင်ကို ထိတ်လန့်စေခဲ့သည်။
“ဘယ်သူမှ ကျုပ်နောက်ကို မလိုက်ရဲတော့တဲ့အထိသတ်ပစ်မယ်.. ကောင်းကင်နဲ့မြေကြီးကို သွေးစွန်းတဲ့အထိသတ်ပစ်မယ်..သွေးမြစ်တွေ စီးဆင်းလာတဲ့အထိ သတ်ပစ်မယ်...နွေဦးရာသီမှာ ကောင်းကင်ကို သွေးရောင်ဆိုးမယ်..ဒါက ဆောင်းဦးရဲ့ အရောင်အသွေးကို ဖန်တီးတဲ့ ငါ့ရဲ့အစီအစဥ်ပဲ”
စုမင် စကားပြောနေစဉ် အနီရောင်ခေါင်းတလားက သိသိသာသာ အရည်ပျော်လာသည်။ ခဏအကြာ စုမင်က အဖြူရောင် ၀တ်စုံကို ၀တ်ဆင်ကာ ထွက်ပေါ်လာခဲ့သည်။
ဓါးသွားနှင့်တူသောလေလှိုင်းများက ချက်ချင်းပင် သူ့ကို ဝိုင်းရံထားသည်။ အဆုံးမဲ့လေပမာဏက သူ့ခန္ဓာကိုယ်နှင့်ထိတိုက်မိသွားကာ သံမဏိနှင့် ထိမိသွားသလိုမျိုး အသံထွက်လာသည်။စုမင်က ခြေလှမ်းအနည်းငယ် နောက်ပြန်ဆုတ်သွားကာ ဒဏ်ရာလုံးဝမရပေ။
‘ဒီနေရာက ငါ့ရဲ့ ခန္ဓာကိုယ်ကို သန့်စင်ဖို့ အသင့်တော်ဆုံးနေရာပဲ...သမုဒ္ဒရာရဲ့ အစွန်အဖျားနေရာမှာကိုပဲ လေက အရမ်းပြင်းထန်နေပြီ.. ဒီ သမုဒ္ဒရာရဲ့အလယ်ဗဟိုကို ချဉ်းကပ်ရင် လေလှိုင်းတွေက ပိုလို့တောင် ပြင်းထန်လာလိမ့်မယ်...”
စုမင်က သူ့ညာလက်ကို မြှောက်လိုက်ပြီး သူ့လက်ဖဝါးကို အနီရောင်ခေါင်းတလား ဘေးတွင် ဆန့်တန်းလိုက်သည်။ ခေါင်းတလားက ချက်ချင်းပင် အရည်ပျော်သွားကာ လက်အစွပ်ချပ်ဝတ်တန်ဆာအဖြစ်သို့ပြောင်းသွားသည်။
စုမင်က ကောင်းကင်ကို ခေါင်းမော့ကြည့်လိုက်စဉ် သူ့အဖြူရောင်ဝတ်ရုံက တဖြည်းဖြည်း အရောင်ပြောင်းသွားသည်။ မီးခိုးရောင်ဆံပင်နှင့်စုမင်၏ဝတ်ရုံကအနီရောင်ပြောင်းသွားသောအခါ စုမင်ဘေးနားတွင် သတ်ဖြတ်လိုစိတ်များဖြင့် ပြည့်နှက်လာသည်။
ထိုအချိန်တွင် တိုက်ကြီးမှအလင်းတန်းရှည်များ ရောက်ရှိလာသည်။ စုစုပေါင်း ကိုးယောက်ရှိပြီး တစ်ခုမှာ လောကအသူရာနတ်ဘုရားနယ်ပယ်ကျင့်ကြံသူဖြစ်သည်။ကျန်သူများအားလုံးက ကောင်းကင်ဘုံနယ်ပယ်ကျင့်ကြံသူများဖြစ်သည်။ သူတို့၏ဂူအိမ်များက အနီးနားတွင်ရှိသောကြောင့် အခြားသူများထက် အရင်စောရောက်လာသည်။
ထိုလူကိုးဦး၏ကနဦးကျင့်ကြံစွမ်းအားများ ပေါက်ကွဲထွက်လာပြီး တိုက်ကြီးအစွန်းရှိ လေပြင်းဓါးသွားသမုဒ္ဒရာထဲသို့ ဝင်ရောက်သွားကြသည်။ မဟာမြေကြီးနယ်ပယ်ကျင့်ကြံသူများက လေပြင်း
ဒါဏ်ကို အကြာကြီးမခံနိုင်သော်လည်း ပြဿနာတော့မဟုတ်ပေ။
ထိုလူကိုးယောက် ရောက်လာစဉ် စုမင်၏မျက်နှာတွင် အနက်ရောင်အလင်းတန်းတစ်ခုတောက်ပလာသည်။ ထို့နောက် အနက်ရောင်မျက်နှာဖုံးတစ်ခုက သူ့မျက်နှာပေါ်တွင် တဖြည်းဖြည်းပေါ်လာသည်။
ထိုမျက်နှာဖုံးပေါ်လာသောအခါ စုမင်၏
ခန္ဓာကိုယ်ထဲတွင် နွေးထွေးမှုမရှိတော့သလိုပင် ခံစားလိုက်ရသည်။ သူက ထာဝရရေခဲတုံးကြီးလို ဖြစ်သွား၏။ သူ့တွင် အချစ်လဲမရှိတော့သလို နာကျင်မှုကိုလည်းမသိနိုင်တော့ပေ။ သူ့တွင် ရက်စက်ကြမ်းကြုတ်မှု၊ အေးစက်မှုသာရှိတော့သည်။
“ဆောင်းဦးရဲ့အရောင်”
စုမင်က တီးတိုးရေရွတ်လိုက်လေသည်။
လေတိုက်ခတ်နေသော ပင်လယ်ပြင်တွင် ကောင်းကင်ဘုံနယ်ပယ်အထွတ်အထိပ်ကျင့်ကြံသူ တစ်ယောက် ပေါ်လာသည်။ သူ့တွင် လေပြင်းများ မတိုက်ခတ်အောင် တားဆီးထားသော အလင်းတန်းတစ်ခုရှိသည်။ သူ စုမင်ကို ပထမဆုံးမြင်လိုက်ရသော် သူ့မျက်လုံးထဲတွင် စိတ်လှုပ်ရှားမှုများ ပေါ်လာလေသည်။
“ငါ သူ့ကို တွေ့ပြီ...သူ ဒီမှာ...”
ထိုကျင့်ကြံသူမှာ လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးဖြစ်သည်။ သူ့မျက်လုံးများက တလက်လက်တောက်ပနေသည်။ သူက စိတ်လှုပ်ရှားစွာ အော်ဟစ်ရင်း ရှေ့ကိုမတိုးဘဲ အနည်းငယ် နောက်ဆုတ်သွားခဲ့သည်။
သူက အခြားသူများ လာရန် စောင့်ဆိုင်းနေသည်မှာ သေချာ၏။ စုမင်က မဟာမြေကြီးနယ်ပယ်တွင်သာရှိပုံရသော်လည်း ကောင်းကင်ဘုံရတနာဂြိုလ်ကို ဆင်းသက်လာပုံမှာ တုန်လှုပ်ချောက်ချားစရာပင် ဖြစ်သည်။ သူက စုမင်ကို တွေ့လိုက်ရ၍ ဝမ်းသာပီတိဖြစ်မိသော်လည်း တစ်ချိန်တည်းမှာပင် သတိရှိနေ၏။ သူတို့ဘက်မှာ အရေအတွက် ပိုများသည်ဟု သိလိုက်သောအခါ သူ့စိုးရိမ်မှု၊ သတိကြီးမှုများက အနည်းငယ်မှိန်းဖျော့သွားသည်။
ချက်ချင်းဆိုသလိုပင် ကောင်းကင်ဘုံနယ်ပယ်ရှိ အလင်းတန်းရှည်သုံးခုက သူ့နောက်မှ ထွက်ပေါ်လာသည်။ သူတို့က ပေထောင်ချီအကွာအဝေးမှာရပ်နေသောစုမင်ကို ချက်ချင်းမြင်လိုက်ရသည်။
သူတို့နောက်မှ လျင်မြန်စွာရောက်လာသောလောကမှော်ယာဉ်ပျံနယ်ပယ်အငွေ့အသက်များလဲ ရှိနေသည်။ ထိုအရာကိုကြည့်ခြင်းအားဖြင့် လောကမှော်ယာဉ်ပျံအရှင်သခင်နယ်ပယ်များက အချိန်အနည်းငယ်အတွင်း ရောက်ရှိလာတော့မည်ဖြစ်သည်။
“ငါတို့ လေးယောက် အတူတူ တိုက်ခိုက်ကြရအောင်။”
“သူဘယ်လောက်ပဲ သန်မာနေပါစေ..ငါတို့လေးယောက်လုံးကို ချက်ချင်းသတ်ဖို့ မဖြစ်နိုင်ဘူး.. လောကအသူရာနတ်ဘုရားလဲ ရောက်ခါနီးနေပြီ..”
သူတို့လေးယောက်က တစ်ယောက်ကိုတစ်ယောက် တစ်ချက်ကြည့်လိုက်ပြီးနောက် သူတို့၏ခန္ဓာကိုယ်မှကနဦးကျင့်ကြံစွမ်းအားများ ပေါက်ကွဲထွက်လာသည်။ သူတို့က စုမင်ဆီသို့ ဦးတည်နေသော အလင်းတန်းရှည်အဖြစ်သို့ ပြောင်းလဲသွားသည်။ ထိုလူလေးယောက်အတွက်ကတော့ ပေထောင်ချီအကွာအဝေးက ဘာမှမပြောပလောက်ပေ။ သူတို့က မျက်စိတစ်မှိတ်အတွင်း နီးကပ်လာသည်။
သူတို့လေးယောက်က စုမင်နှင့်ပေရာဂဏန်းလောက်ဝေးသည့်အချိန်မှာ စုမင်က ညာခြေဖြင့် မြေပြင်ပေါ်သို့ ဖိနင်းလိုက်သည်။
“ဗုန်းးးးးဗုန်းးးးး...”
အနီရောင်ခေါင်းတလားတဝိုက် အမြင့်ပေရာနှင့်ချီသောဧရိယာမှာ ကြီးမားသောပျက်စီးမှုကို ခံစားခဲ့ရသည်။ ထိုအချိန်တွင်ပေပေါင်း ရာနှင့်ချီနေရာတစ်ဝိုက်ရှိ မြေပြင်ကဖုန်မှုန့်များနှင့် ကွဲအက်နေသော ကျောက်တုံးများအဖြစ်သို့ ပြောင်းလဲသွားသည်။
ထိုအချိန်တွင် စုမင်က ပျောက်ကွယ်သွားသည်။
“သူ ပျောက်သွားပြီ...”
“တော်တော်မြန်တဲ့အရှိန်...”
“မကောင်းတော့ဘူး...”
လူလေးယောက်၏ အမူအရာက ရုတ်တရက် ပြောင်းလဲသွားသည်။ ထိုနေရာ၌ လေပြင်းဓါးသွားများက တဝုန်းဝုန်းတိုက်ခတ်နေသည်။၊ ဖုန်မှုန့်များနှင့်ကျောက်တုံးအပိုင်းအစများက လေထုထဲတွင် နေရာယူနေသည်။ စုမင်ကလဲ ပျောက်ကွယ်သွားခဲ့သည်။ ထိုခဏ၌ လူနှစ်ယောက်၏နှလုံးသားက တဒုတ်ဒုတ်ခုန်နေလေသည်။ ထိုခဏ၌ နာကျင်ခြင်း၏ အော်ဟစ်သံများ လေထဲတွင် တဟုန်ထိုး မြည်ဟီးသွားခဲ့သည်။
သူတို့က စုမင်ကိုပထမဆုံးတွေ့ရှိခဲ့သော လူလတ်ပိုင်းအရွယ်နောက်မှလိုက်လာခဲ့ကြသည်။ ထိုအချိန်တွင် စုမင်က သူ့ညာလက်ကို ဆွဲယမ်းလိုက်ပြီး သူတစ်ပြန်ကိုယ်တစ်ပြန်တိုက်ခိုက်ခဲ့သည်။ သူတို့ထဲမှလူတစ်ယောက်၏ဦးခေါင်းနှင့် ခန္ဓာကိုယ် တစ်ပိုင်းစီကွဲထွက်သွားသည်။
သွေးများ လေထဲသို့ ပန်းထွက်လာပြီး ကျန်သုံးယောက်၏ အမူအရာများ ပြောင်းလဲသွားသည်။ စုမင်က ခက်ထန်သောအမူအရာဖြင့် ရွေ့လျားနေပြီး နောက်လူတစ်ယောက်ကိုထိတိုက်သော အလင်းတန်းရှည်အဖြစ်သို့ပြောင်းလဲသွားသည်။
စုမင် နီးကပ်လာချိန်မှာ သူ့ပစ်မှတ်က ဒေါသတကြီး အော်ဟစ်လိုက်သည် ။
ထိုသူ၏မြင့်မြတ်သောစွမ်းရည်က သူ့လက်ပေါ်ရှိ အလင်းတန်းတစ်ခုအဖြစ်သို့ ပြောင်းလဲသွားပြီး အခြားသူများကိုသတိပေးကာ စုမင်ကို တိုက်ခိုက်ခဲ့သည်။ သို့သော်လည်း သူ၏တိုက်ခိုက်မှုများမှာ စုမင်ကို တခဏမျှပင် မရပ်တန့်နိုင်ခဲ့ပေ။ စုမင်က သူ့ကို ဖြတ်ကျော်သွားချိန်တွင် ထိုလူဧ။်အသွေးအသားများက ပေါက်ကွဲသံနှင့်အတူ ကွဲအက်သွားသည်။
ကျန်လူနှစ်ယောက်ကတော့ တုန်လှုပ်ချောက်ချားသွားကြသည်။ သူတို့က ကြောက်လန့်တကြား ပြန်ဆုတ်သွားကြသည်။ ထိုအချိန်တွင် လောကအသူရာနတ်ဘုရားနယ်ပယ်၏တည်ရှိမှုက နီးကပ်လာပြီး အော်ဟစ်သံများ ထွက်ပေါ်လာသည်။
“ငါမင်းကိုသတ်ရင် လောကအမြုတေကျောက်တုံးသုံးတုံးရမယ်..ဒီဆုကြေးက ထိုက်တန်ပါတယ်..မင်းမှတ်ထားလိုက်..
မင်းကိုသတ်မဲ့လူက ငါ မော့အန်ပဲ...”