မင်းကိုသတ်မဲ့လူက မော့စုပဲ...
Vol. 57 Ch. 792
ခပ်အုပ်အုပ်အသံတစ်သံ ပဲ့တင်ထပ်ထွက်ပေါ်လာချိန်မှသာ ကောင်းကင်ဘံနယ်ပယ်ကျင့်ကြံသူနှစ်ဦးက သက်ပြင်းချနိုင်တော့သည်။ သို့သော် သူတို့ ဆက်လက် ဆုတ်ခွာသွားကြသည်။ သူတို့က စုမင်ကြောင့် အထိတ်ထိတ်အလန့်လန့်ဖြစ်နေဆဲပင်ဖြစ်သည်။
တိုတောင်းသောအသက်ရှိုက်စာနှစ်ချက်တွင် ကျင့်ကြံသူလေးဦးအနက် နှစ်ဦး သေဆုံးခဲ့သည်။
ထိုအရာက သူတို့ကို ကြောက်ရွံ့ထိတ်လန့်မှုဖြင့် ပြည့်စေပြီး သူတို့စိတ်ထဲ၌ ကြောက်လန့်စိတ်များ တဖွားဖွားပေါ်လာခဲ့သည်။ အထူးသဖြင့် စုမင်၏အရှိန်နှင့် ကြံ့ခိုင်မှုတို့က သူတို့၏စိတ်ထဲတွင် နက်ရှိုင်းသော အထင်ကြီးမှုကို ချန်ထားခဲ့သည်။
“ဗုန်းးးးးဗုန်းးးးး...”
ထိုနောက် လေထုထဲတွင် အက်ကွဲကြောင်းတစ်ခု ပေါ်လာပြီး ခပ်ပုပု အဘိုးအိုတစ်ယောက် ထွက်လာသည်။
အဘိုးအိုက အပြာရောင်၀တ်ရုံရှည်ကို ၀တ်ဆင်ထားပြီး သူ့မျက်နှာတွင်
အရေးကြောင်းများထင်းပေါ်နေသည်။ သူ့မျက်လုံးအိမ်များက သာမန်လူတစ်ဦးနှင့်မတူဘဲ ဒေါင်လိုက်ဖြစ်နေသောကြောင့် ထူးဆန်းသောအသွင်အပြင်ကိုဖြစ်ပေါ်စေသည်။ အဘိုးအိုက သူ့လက်ကို ရှေ့သို့ဆန့်ထုတ်လိုက်စဉ် အစိမ်းရောင်မြူအလွှာတစ်ခု ချက်ချင်း ပေါက်ကွဲထွက်လာသည်။ ထိုအလွှာက စုမင်ဆီသို့ တစ်ရှိန်ထိုး ဦးတည်သွားပြီး စုမင်ကိုဖမ်းဆုပ်ရန်ကြိုးစားသောအစိမ်းရောင်လက်မောင်းကြီးတစ်ခုအဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။
တစ်ချိန်တည်းမှာပင် သူတို့ပတ်ဝန်းကျင်ရှိ ပင်လယ်ပြင်တွင် ပုံရိပ်များစွာ လျင်မြန်စွာပေါ်လာသည်။ အရေအတွက်မှာ လေးယောက်ရှိပြီး ကောင်းကင်ဘုံနယ်ပယ်ရှိသောအမျိုးသမီး၊ အမျိုးသားများပင်ဖြစ်သည်။ ယခင်သေဆုံးသွားသူ နှစ်ဦးနှင့်အဘိုးအိုတို့ အပါအဝင် ထိုလူအုပ်စုမှာ ဤနေရာသို့ ရောက်ရှိလာသည့် ပထမဆုံးသောနယ်မြေခံများဖြစ်သည်။
“ဒီလူကို မဟာလောကကြီးလေးခုက အလိုရှိနေတာ..ဒီမှာ သူ့အတွက်လွတ်လမ်းတွေအများကြီးရှိသလို သူ့နောက်ကလိုက်လာတဲ့သူတွေ အများကြီး ရှိရမယ်..ငါတို့အတူတူတိုက်ခိုက်ပြီး အမြန်သတ်လိုက်ကြရအောင်...”
“ ငါတို့ ဒါကို ဆွဲထုတ်လိုက်ရင် ပြသနာရှိလာနိုင်တယ်..တခြားသူတွေ ရောက်လာတာနဲ့သခင်မော့အန်ရသင့်တဲ့ ဆုလာဘ်တွေကို ခွဲဝေပေးရလိမ့်မယ်..”
“သူ့ကို သတ်ကြဟေ့...”
ကောင်းကင်ဘုံနယ်ပယ်ရှိကျင့်ကြံသူခြောက်ဦးက လောကအသူရာနတ်ဘုရားနယ်ပယ်ကျင့်ကြံသူ၏လှုပ်ရှားမှုကို မြင်သောအခါ စုမင်ဆီသို့ လျင်မြန်စွာ ပြေးသွားကြသည်။ ထိုစဥ် အကြောက်တရားကြောင့်ဆုတ်ခွာသွားသော ကျင့်ကြံသူနှစ်ယောက်က ကိုယ်တိုင်ယုံကြည်မှုပြန်လည်ရရှိကာ စုမင်ဆီကို ချီတက်လိုက်ကြသည်။
“မင်းက မျိုးနွယ်စုနာမည်နဲ့ မထိုက်တန်ဘူး”
စုမင်၏အကြည့်များက ရေခဲပမာအေးစက်နေလေသည်။ အစိမ်းရောင်လက်ကြီးက သူ့ထံသို့ ချဉ်းကပ်လာသောအခါ သူ၏ညာဖက်လက်ကို မြှောက်လိုက်သည်။ ထို့နောက် သူ့လက်ရှိချပ်ဝတ်တန်ဆာက အရည်ပျော်သွားကာ
သူ့လက်ထဲတွင် အနီရောင်လှံရှည်တစ်ချောင်း ပေါ်လာပြီး တိုးဝင်လာသောလက်ကြီးကို ပစ်ချလိုက်သည်။
“ဗုန်းးးးးဗုန်းးးးးး...”
အစိမ်းရောင်လက်ကြီးက ပြိုကျသွားလေသည်။ လှံရှည်က ကျယ်လောင်သော တဝီဝီမြည်သံကို ထုတ်လွှတ်လိုက်၏။ အဖိုးအို၏ရှေ့တွင် မြူခိုးများက သွေးနီရောင်နဂါးကြီးကဲ့သို့ လျင်မြန်စွာ အရည်ပျော်သွားသည်။ ထို့နောက်၎င်းက အဘိုးအို၏မျက်နှာကို ပေကျံစေသောသွေးမိုးများအဖြစ် ရွာချလိုက်သည်။
ခပ်ပုပုအဘိုးအို၏ မျက်နှာက မည်းမှောင်သွားပြီး အေးစက်သောအသံနှင့်အတူ
နောက်သို့ ခြေလှမ်းအနည်းငယ်ဆုတ်သွားသည်။ ထို့နောက် သူ့ခန္ဓာကိုယ်ကို လျင်မြန်စွာ စက်ပိုင်းပုံစံလှည့်လိုက်သည်။ လေပွေတစ်ခုက ချက်ချင်းပင် သူ့ပတ်ဝန်းကျင်မှ ထွက်ပေါ်လာပြီး ပေထောင်ပေါင်းများစွာ ကြီးမားသော တိုင်ဖွန်းမုန်တိုင်းအဖြစ်သို့ ပြောင်းလဲသွားသည်။ ထို့နောက် မုန်တိုင်းက နယ်မြေတစ်ခုလုံးကိုလှည့်ပတ်တိုက်ခိုက်နေလေသည်။
“ဗုန်းးးးးဗုန်းးးးးးးး...”
ပင်လယ်ပြင်တွင် လှိုင်းလုံးများ တဝုန်းဝုန်းရိုက်ခတ်နေပြီး သွေးမိုးများက မုန်တိုင်းထဲသို့ပါသွားလေသည်။ အဝေးမှကြည့်လျှင် တိုင်ဖွန်းမုန်တိုင်းက အနီရောင်ဆိုးထားသလိုဖြစ်နေသည်။ ထို့နောက် အနီးနားမှ နာကျင်စွာ အော်ဟစ်သံတစ်ခု ထွက်ပေါ်လာသည်။
ထိုအချိန်တွင် ကောင်းကင်ဘုံနယ်ပယ်ကျင့်ကြံသူခြောက်ဦးအနက်မှ တစ်ဦး၏မျက်ခုံးလယ်တွင် အပေါက်တစ်ခု ပေါက်သွားခဲ့သည်။ စုမင်က သူ့လက်များ ပြန်ရုတ်ပြီး ထိုလူ၏ရှေ့မှပျောက်ကွယ်သွားခဲ့သည်။
“လေးယောက်မြောက်...”
သူက ကျယ်လောင်သောအသံကိုချန်ရစ်ကာ ပျောက်ကွယ်သွားခဲ့သည်။
တိုင်ဖွန်းမုန်တိုင်းမှ ဒေါသတကြီးဟိန်းဟောက်သံတစ်ခုထွက်လာပြီး အရပ်ပုပုအဘိုးအိုက လျှပ်စီးလက်သလို ထွက် ပေါ်လာသည်။ သူက သွေးနီ
ရောင်လှံ၏တိုက်ခိုက်မှုကို ပိတ်ဆို့ထားနိုင်သော်လည်း သူ ခဏတာနှောင့်နှေးရုံမျှဖြင့် သူ့နောက်လိုက်လာသောကျင့်ကြံသူတစ်ဦး သေဆုံးရန် လုံလောက်သည်။
သို့သော် စုမင်က အဘိုးအိုကို မတိုက်ခိုက်ချင်ပေ။ သူနှစ်သက်သည့်အချိန်တိုင်းတွင် အသုံးချနိုင်သည့်လောကမှော်ယာဉ်ပျံအရှင်သခင်နယ်ပယ်ကျင့်ကြံသူများသည် ကောင်းကင်ဘုံနယ်ပယ်ရှိကျင့်ကြံသူများနှင့်နှိုင်းယှဉ်ပါက သတ်ရန် ပို၍ခက်ခဲသည်။
နောက်တစ်ခုက ထိုလူများက အစွမ်းထက်သော်လည်း စုမင်က စွမ်းရည်များကိုထုတ်သုံးလိုက်လျှင် သူတို့ဒုက္ခလှလှတွေ့နိုင်လေသည်။စုမင်က ကောင်းကင်ဘုံနယ်ပယ်ကျင့်ကြံသူများအားလုံးကို အနိူင်မယူနိုင်သော်လည်း စုမင်နှင့် လက်ရည်တူရှိသောကျင့်ကြံသူက မရှိသလောက်နည်းပါးလေသည်။
“ငါးယောက်မြောက်...”
ကျယ်လောင်သောအသံများက ကောင်းကင်ကို တုန်လှုပ်စေခဲ့သည်။စုမင်က ထိုစကားလုံးများကို ပြတ်ပြတ်သားသားပြောသောအခါ အခြားကောင်းကင်ဘုံနယ်ပယ်ကျင့်ကြံသူ၏မျက်လုံးများတွင် ရှုပ်ထွေးမှုများနှင့်အတူ လဲကျသွားသည်။ သူ မသေဆုံးမီတွင် သူ၏မြင့်မြတ်သောစွမ်းရည်အားလုံးကို စုမင်အပေါ်သုံးခဲ့သော်လည်း
အနည်းငယ်မျှ မတားဆီးနိုင်ခဲ့ပေ။
“ခြောက်ယောက်မြောက်...”
“ခုနှစ်ယောက်မြောက်...”
အဘိုးအို၏ဒေါသတကြီးဟောက်သံများနှင့် ကောင်းကင်ဘုံနယ်ပယ်ကျင့်ကြံသူများ၏မသေဆုံးမီ ကျယ်လောင်စွာ အော်ဟစ်သံများက ရောနှောကာအဆက်မပြတ်ထွက်ပေါ်လာသည်။ ထိုနယ်ပယ်တွင် ကျန်ရှိသည့်ကျင့်ကြံသူနှစ်ဦးမှာ အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးဖြစ်သည်။ ထိုအချိန်တွင် သူတို့၏ မျက်နှာများတွင် ကြီးမားသော ထိတ်လန့်မှုများ ရှိနေသည်။ သူတို့ဧ။်အပေါင်းအဖော်များ တယောက်ပြီး တယောက် သေဆုံးနေကြတာကို မြင်ဖူးခဲ့ရသည်။ ထိုလူက အနီရောင် ၀တ်ရုံရှည်ဝတ်ဆင်ထားပြီး အနက်ရောင်မျက်နှာဖုံးတပ်ဆင်ထားသည်။ မဟာလောကကြီးလေးခုမှအလိုရှိသောစုမင်က တိတ်ဆိတ်နေပြီး ခံစားချက်မဲ့နေလေသည်။ စုမင်အပေါ်ကျရောက်လာသောစွမ်းရည်များက သူ့ကို တစ်ချက်လေးပင် မထိခိုက်စေနိုင်ခဲ့ပေ။
စုမင်၏ခန္ဓာကိုယ်က သူ့ကိုဖျက်ဆီးရန် ကြိုးစားနေသော စွမ်းအားမျိုးစုံကို ခံနိုင်ရည်ရှိနေပြီး နာကျင်မှုကို မသိသလိုပုံစံမျိုး ဖြစ်နေလေသည်။
သူတို့တွင် ကြောက်လန့်စိတ်ရှိနေသောကြောင့် စုမင်ကိုသိပ်မတိုက်ရဲတော့ပေ။ ထို့ကြောင့် သူတို့က နောက်ပြန်ဆုတ်သွားကာ ထွက်ခွာရန် ကြံရွယ်ခဲ့သည်။ သို့သော်လည်း သူတို့ အဝေးသို့မရောက်မီတွင် သွေးနံ့မွှန်ထူနေသောလေပြင်းက
သူတို့၏ မျက်နှာပေါ်သို့ ကျရောက်လာသည်။ တစ်စုံတစ်ယောက်က သူတို့ကို အဆိပ်ခတ်ထားသလိုမျိုး သူတို့၏ မျက်ခုံးအလယ်တစ်ဖက်စီမှာ သွေးစွန်းနေသောအပေါက်တစ်ခု ပေါ်လာသည်။
“ရှစ်ယောက် မြောက်...”
မကြာခင်မှာပဲ စုမင်၏ အသံက လေထဲမှာ တဟုန်ထိုး ထွက်ပေါ်လာသောအခါ လူနှစ်ယောက်က သွေးအိုင်ထဲတွင် လဲကျသွားသည်။
“ပထမက ရှန်ထိုက်..မင်းကတော့ ကိုးယောက်မြောက်ပဲ...”
စုမင် နောက်လှည့်ကြည့်လိုက်စဉ် ဒေါသူပုန်ထနေသောမော့အန်ကို တွေ့လိုက်ရသည်။
မော့အန်က ဒေါသထွက်နေပုံရသော်လည်း အမှန်မှာမူ သူ့စိတ်ထဲတွင် တည်ငြိမ်နေခဲ့သည်။ စုမင်က ငါးယောက်မြောက် ကောင်းကင်ဘုံနယ်ပယ်ကျင့်ကြံသူကို သတ်ပစ်လိုက်သောအခါ သူက လောကအမြုတေကျာက်တုံးဆုလာဘ်ကို မရယူတော့ရန် ဆုံးဖြတ်ထားခဲ့သည်။
“ရှန်ထိုက်..သူက ဒီနေရာနဲ့ သိပ်မဝေးတဲ့နေရာမှာကျက်စားနေတဲ့ လောကအသူရာနတ်ဘုရားနယ်ပယ်ကျင့်ကြံသူပဲ...အခြားကျင့်ကြံသူတွေမပါဘဲ သီးသန့်သွားလာနေတဲ့လူပဲ...ဒီရာဇဝတ်သားရဲ့စကားအရ ရှန်ထိုက်က သူ့လက်ထဲမှာသေသွားတာလား..ဒီလူက မဟာလောကကြီးလေးပါးက အလိုရှိတဲ့သူဖြစ်တာကြောင့် အချို့နယ်ပယ်တွေမှာ အင်အားကြီးတာ သဘာဝကျတယ်..သူ့မှာ ကောင်းကင်ဘုံနယ်ပယ်ကျင့်ကြံသူတွေကို တွန်းလှန်နိုင်တဲ့ခန္ဓာကိုယ်ရှိတာသေချာတယ်..ပြီးတော့ သူ ငါ့ကို သတိထားမိတုန်းက ထိတ်လန့်တာတို့ ထွက်ပြေးတာတို့မလုပ်ဘူး..သူ့စိတ်ထဲမှာ လောကအသူရာနတ်ဘုရားနယ်ပယ်ကျင့်ကြံသူက သူ့ကို ခြိမ်းခြောက်ဖို့ မလုံလောက်ဘူး..”
‘ဒီလူကို သတ်ချင်ရင် တခြားသူတွေ ရောက်လာဖို့ စောင့်ရလိမ့်မယ်.. တခြားသူတွေနဲ့အတူတူကြိုးစား သတ်လိုက်တာက ငါ့အတွက် ပိုအန္တရာယ်ကင်းလိမ့်မယ်..
လောကအမြုတေကျောက်တုံးတွေကအဖိုးမဖြတ်နိုင်တဲ့ရတနာတွေဖြစ်ပေမဲ့ ငါ့အသက်လောက်တော့ အရေးမကြီးဘူး”
မော့အန်၏မျက်နှာက မည်းမှောင်နေပြီး.. သူက စုမင်ကို စိုက်ကြည့်ကာ
သူ့ညာလက်ကို မြှောက်လိုက်သည်။ ထို့နောက် အစိမ်းရောင်မြူခိုးများက သူ့ညာလက်ကို ဝိုင်းရံထားသည်။
ထိုအချိန်တွင် အဝေးမှ လေချွန်သံများ ရုတ်တရက် ထွက်ပေါ်လာသည်။ ပုံရိပ်တစ်ဒါဇင်ကျော်က ပြေးလွှားနေသည်ကို တွေ့လိုက်ရသည်။ ဦးဆောင်သူနှစ်ဦးမှာ လောကအသူရာနတ်ဘုရားနယ်ပယ်ကျင့်ကြံသူများဖြစ်ကြောင်းထင်ရှား၏။ သူတို့က လေထုကို ဖြတ်သန်းလာသောအခါ သူတို့လာရာလမ်းတစ်လျှောက်တွင် လှိုင်းဂယက်ကြီးများ ထလာသည်။ ထို့နောက် ထိုလှိုင်းဂယက်များက သမုဒ္ဒရာ၏အပြင်ဘက်အလွှာမှ လေများအား နောက်သို့ ဆုတ်သွားစေသည်။
“လောကအသူရာနတ်ဘုရားနယ်ပယ်
ကျင့်ကြံသူသုံးယောက်နဲ့ကောင်းကင်ဘုံနယ်ပယ်ကျင့်ကြံသူဆယ်ယောက်..’
စုမင်၏ မျက်လုံးများတွင် အလင်းတန်းတစ်ခု ပေါ်လာသည်။ ထိုလူများ နီးကပ်လာသည်နှင့် အမျှ သူ ခြေတစ်လှမ်း နောက်ဆုတ်သွားသည် ။ သူ့ညာလက်ကို မြှောက်လိုက်သောအခါတွင် သွေးမိုးများက အနီးနားတွင် စုရုံးလာပြီး သူ့လက်ထဲတွင် ရှည်လျားသော သွေးနီလှံအဖြစ် ပြောင်းလဲသွားသည်။ ထို့နောက် စုမင်က လှံကိုကိုင်ရင်း ပင်လယ်ပြင်၏နက်နဲရာသို့ အရှိန်တင်လိုက်သည်။
“ဒီကောင် ထွက်ပြေးသွားတာလား..”
မော့အန်၏မျက်လုံးများတွင် သတ်ဖြတ်လိုစိတ်များက တောက်ပလာသည်။ သူ၏ညာလက်မှ အစိမ်းရောင်မြူခိုးများက ပေါက်ကွဲသံကြီးဖြင့် ပေါက်ကွဲထွက်ကာ ခေါင်းကိုးလုံး ဧရာမလိပ်ကြီးအဖြစ်သို့ ပြောင်းလဲသွားသည်။ လိပ်ကြီးက ဦးခေါင်းကိုးလုံးပါရှိပြီး ၎င်း၏ကိုယ်ခန္ဓာသည် ပေပေါင်းသောင်းနှင့်ချီ အရွယ်အစားရှိသည်။ ထိုလိပ်ကြီး ပေါ်လာပြီးနောက် စုမင်နောက်သို့ အသည်းအသန်လိုက်သွားလေသည်။
“အစ်ကိုမော့..သူ့ကိုတားထား..ငါတို့ မင်းဆီကို အခုချက်ချင်းလာခဲ့မယ်...”
“ကျုပ်တို့ ဒီလူကို သတ်ပြီးရင် ဆုလာဘ်တွေဘယ်လိုခွဲမလဲဆိုတာ ဆွေးနွေးကြမယ်..ကျုပ်တို့က ကောင်းကင်ဘုံ ရတနာ ဂြိုလ်လူတွေပဲ..ဒီလူ ကျုပ်တို့နေရာမှာပေါ်လာတာဆိုတော့ ကောင်းကင်ဘုံက ကျုပ်တို့ကို ကောင်းချီးပေးတာပဲ...”
“မင်းရဲ့စွမ်းအားကို အပြည့်သုံးလိုက်..မင်းရဲ့လောကမှော်ယာဉ်ပျံနယ်ပယ်စွမ်းအားကိုအသုံးချတာနဲ့ပတ်သတ်ပြီး စိတ်မပူနဲ့..ငွေ့ရည်တိမ်တိုက်ဂြိုလ်ကလူတွေ ဒီနေရာကို အမြန်သွားနေတယ်ဆိုတဲ့ သတင်းကို ငါရထားတယ်..သူတို့ထက်အရင် ငါတို့ ဆုလာဘ်ရရမယ်...”
မော့အန် စတိုက်ခိုက်သောအခါ ကောင်းကင်ဘုံရတနာဂြိုလ်မှလောကအသူရာနတ်ဘုရားနယ်ပယ်ကျင့်ကြံသူနှစ်ယောက်က စကားသံများကို ထုတ်လွှတ်ရင်း သမုဒ္ဒရာဘက်သို့အရှိန်တင်လာလေသည်။ သူတို့၏နှလုံးသားများက စိတ်လှုပ်ရှားမှုများဖြင့် ပြည့်နှက်နေသည်။ သူတို့၏အမြင်မှာ လောကအသူရာနတ်ဘုရားသုံးယောက်က တစ်ချိန်တည်းတိုက်ခိုက်လျှင် စုမင်ကို သတ်ရန်မအောင်မြင်မှာ စိတ်ပူစရာမလိုပေ။
ထို့အပြင် ကောင်းကင်ဘုံရတနာဂြိုလ်မှသူတို့အပြင် အခြားလောကအသူရာနတ်ဘုရားနယ်ပယ်ကျင့်ကြံသူများ ရှိသေးသည်။ သူက သီးသန့်ဂူပိတ်ကျင့်ကြံနေသောကြောင့် ဤနေရာကို ချက်ချင်းမရောက်နိုင်ခဲ့ပေ။ မကြာမီမှာပင် သူ အပြောင်းအလဲများကို အသေအချာ သတိပြုမိပြီး သူ့အာရုံများကို လမ်းပြအဖြစ် အသုံးပြုလာခဲ့သည်။
အကယ်၍ ကောင်းကင်ဘုံရတနာဂြိုလ်ရှိ လောကအသူရာနတ်ဘုရားနယ်ပယ်လေးယောက်က စုမင်ကိုသတ်လိုက်သည်နှင့် လောကရှိအင်အားကြီးကျင့်ကြံသူများကို ခြိမ်းခြောက်နိုင်သည်။
သူတို့က အကြံကြီးလွန်းသူများဖြစ်ပြီး စုမင်ကို အရင်သတ်ရန်ကြိုးစားနေလေသည်။
လေထဲတွင် ပေါက်ကွဲသံများ ပဲ့တင်ထပ်လာသည်။ ခေါင်းကိုးလုံးပါသော လိပ်ကြီးက ဒေါသတကြီး အော်သံနှင့် ရှေ့ကို တိုးဝင်လာပြီး ထူးထူးဆန်းဆန်းရပ်တန့်သွားခဲ့သည်။ ထို့နောက်တွင်၎င်း၏ကြီးမားသောခန္ဓာကိုယ်က အချိန် နောက်ပြန်ဆုတ်သွားသကဲ့သို့ အနောက်သို့ ရွေ့လျားလာသည်။ ခဏအကြာတွင် လိပ်ကြီးက အစိမ်းရောင်မြူခိုးငွေ့များအဖြစ်သို့ ပြန်ပြောင်းသွားကာ လေထဲသို့ ပျံ့နှံ့သွားသည်။
ဤထူးဆန်းသော မြင်ကွင်း ပေါ်လာသည်နှင့်တပြိုင်နက် မော့အန်၏ မျက်လုံးများ ပြူးကျယ်သွားကာ အသက်ပြင်းပြင်း ရှုရှိုက်လိုက်သည်။
“အချိန်ကိုထိန်းချုပ်ခြင်း..”
မော့အန်း၏နှလုံးတုန်လှုပ်သွားပြီး ချက်ချင်းပြန်ဆုတ်သွားသည်။ သူ့အရေပြားတွင် ကြက်သီးဖုများပင် တဖြန်းဖြန်းထလာသည်။ ထိုစဉ် ရှေးမှတ်ဉာဏ်တစ်ခု သူ့ခေါင်းထဲမှာ ပေါ်လာ၏။တစ်ချိန်က အချိန်ကို ထိန်းချုပ်နိုင်သူတစ်ယောက်ကို သူမြင်ဖူးလေသည်။ ထိုသူက ထိုစွမ်းရည်ကိုအသက်သွင်းလိုက်သောအခါ သူက ပတ်ဝန်းကျင်ရှိ လူအားလုံးကို ချက်ချင်း အိုမင်းသွားစေကာ ပြာဖြစ်သွားစေနိုင်သည်။
ထိုစဉ် စုမင်၏ ညာလက်မောင်း၊ ဘယ်လက်မောင်း၊ ခြေထောက်များ နှင့် သူ့ကိုယ်ခန္ဓာတစ်ခုလုံး ညှိုးနွမ်းသွားသည်။ သူ့ခန္ဓာကိုယ်အစိတ်အပိုင်းအားလုံးက
တဆတ်ဆတ်တုန်လာကာ သူ့ခန္ဓာကိုယ်က မှန်ကွဲကဲ့သို့ မရေမတွက်နိုင်သော အပိုင်းအစများအဖြစ်သို့ ကွဲအက်သွားသည်။
ကျယ်လောင်သောအော်သံနှင့်အတူ ထိုအပိုင်းအစများက မော့အန်ဆီသို့ ဦးတည်သွားကြသည်။ ထိုအချိန်တွင် အဝေးကောင်းကင်ရှိလူအုပ်ကြီးက စစ်မြေပြင်မှ ပေတစ်သောင်းအောက်သာ ကွာဝေးနေပြီဖြစ်သည်။ အထူးသဖြင့် လောကအသူရာနတ်ဘုရားနယ်ပယ်ကျင့်ကြံသူနှစ်ယောက်က အသက်တစ်ရှိုက်စာအတွင်းရောက်ရှိလာနိုင်မည်။ သူတို့က ခြေလှမ်းတစ်ချက်လှမ်းလိုက်ရုံဖြင့် သူတို့၏ခန္ဓာကိုယ်များက တွန့်လိမ်ပုံပျက်ပြီး ဤနေရာဆီသို့ လျင်မြန်စွာ ရောက်ရှိလာသည်။
အကယ်၍ ဤနေရာက လေပြင်းဓါးသွားသမုဒ္ဒရာ မဟုတ်ခဲ့ပါက သူတို့နှစ်ဦးက ဤမျှလောက်အချိန်ကြာမည်မဟုတ်ပေ။
စုမင်၏ ခန္ဓာကိုယ်သည် ထူးထူးခြားခြား ကွဲအက်သွားသည်ကို မြင်လိုက်ရသဖြင့် မော့အန်၏မျက်လုံးများက ပြူးကျယ်သွားကြသည်။ ထိုမြင်ကွင်းက သူ့နှလုံးသားကို ထိတ်လန့်မှုများဖြင့် ပြည့်နှက်စေပြီး အန္တရာယ်အငွေ့အသက်ကို ပြင်းပြင်းထန်ထန် ခံစားရစေ၏။
‘မဟုတ်ဘူး...တစ်ခုခုတော့ မူမမှန်တော့ဘူး...”
သူ နောက်ပြန်ဆုတ်သွားပြီးနောက် သူ့ခန္ဓာကိုယ်တွင်းရှိ လောကမှော်ယာဉ်ပျံနယ်ပယ်စွမ်းအားများ ပေါက်ကွဲထွက်လာသည်။လောကမှော်ယာဉ်ပျံနယ်ပယ်စွမ်းအားများက စေးကပ်သောအရာဝတ္ထုတစ်ခုနှင့်ဆင်တူလေ၏။ ထို့နောက် ကြီးမားသော မှော်သင်္ကေတများ သူ့ရှေ့တွင် ချက်ချင်း ထွက်ပေါ်လာသည်။
“ပေါက်ကွဲစမ်းးး...”
မိုအန်းက ဟိန်းဟောက်လိုက်သည်။
သူ့ဘေးပတ်ပတ်လည်ရှိ မှော်သင်္ကေတများက စက်ဝိုင်းပုံသဏ္ဍာန်လည်ပတ်နေသည်။ ဥပဒေဿနှင့်ဆိုင်သည့် စွမ်းအားလှိုင်းတစ်ခုက လောကကြီးထဲသို့ ဆင်းသက်လာပြီး အပိုင်းအစများဖြစ်နေသောစုမင်ဆီသို့ ဦးတည်လာသည်။
“မင်းကိုသတ်မဲ့လူက မော့စုပဲ...”
ခက်ထန်အေးစက်သောအသံက လေထုထဲတွင် တဟုန်ထိုး တုန်ခါနေသည်။ ကောင်းကင်ဘုံရတနာဂြိုလ်မှ လောကအသူရာနတ်ဘုရားနယ်ပယ်ကျင့်ကြံသူ ရောက်လာပြီး မော့အန်ဟိန်းဟောက်လိုက်သည်။ ထိုစဥ်စုမင်က လောကမှော်ယာဉ်ပျံနယ်ပယ်စွမ်းအားနှင့်ပြိုကျပျက်စီးနေသောမှော်သင်္ကေတများမှတစ်ဆင့် မော့အန်၏ခန္ဓာကိုယ်ထဲသို့ တည့်တည့်ထိုးဖောက်လိုက်လေသည်။
ထိုအပိုင်းအစများက မော့အန်၏အရေပြားကို ထိုးဖောက်ဝင်ရောက်ကာ လျင်မြန်စွာ အရည်ပျော်သွားပြီး
သူ့အထဲသို့ စိမ့်ဝင်သွားသည်။ မော့အန်က နာကျင်စွာ စူးစူးဝါးဝါးအော်လိုက်ရသည်။ သူ့အမှတ်တရများက လျင်မြန်စွာ ဝါးမျိုခံလိုက်ရပြီး သူ့အသားနှင့် သူ့သွေးများ လျင်မြန်စွာ ပျောက်ကွယ်သွားသည်။ သူ့ခန္ဓာကိုယ်ရှိ လောကမှော်ယာဉ်ပျံစွမ်းအားများက လုံးဝစုပ်ယူခံလိုက်ရသည်။
“ဗုန်းးးး...”
မော့အန်၏ ခန္ဓာကိုယ်က ပေါက်ကွဲသွားပြီး စုမင်၏ ညှိုးနွမ်းနေသောခန္ဓာကိုယ်က ပုံမှန်အတိုင်း ကောင်းကင်တွင် စုဝေးလာသည်။ တခဏချင်းမှာပင် သူက ပြန်လည်ကောင်းမွန်လာပြီး သူ့ခန္ဓာကိုယ်ထဲမှ မဟာမြေကြီးစွမ်းအားများ ပြန့်ကျဲသွားသည်။