တိုင်ဖွန်းရဲ့မျက်လုံးတစ်စုံ
Vol. 57 Ch. 793
“မော့အန် သေသွားပြီကွ...”
မော့အန်၏အလောင်းက ချက်ချင်းပေါက်ကွဲသွားခဲ့သည်။ ကောင်းကင်ဘုံရတနာဂြိုလ်မှ လောကအသူရာနယ်ဘုရားနယ်ပယ်မှ ကျင့်ကြံသူနှစ်ဦးလဲ ထိုနေရာသို့ရောက်ရှိလာပြီး သူတို့၏အဖော်ဖြစ်သူ၏ ထူးထူးဆန်းဆန်းသေဆုံးမှုကြောင့် တုန်လှုပ်သွားခဲ့သည်။
ယခုမြင်ကွင်းမှာ သူတို့အတွက် မယုံနိုင်လောက်အောင် တုန်လှုပ်ချောက်ချားစေ၏။ မော့အန်က သူတို့နှင့်တူညီသောကျင့်ကြံနယ်ပယ်တွင် တည်ရှိနေသည်။သူ၏ထူးထူးဆန်းဆန်း သေခြင်းပုံစံက သူတို့၏နှလုံးသားများကို တဒိတ်ဒိတ်ခုန်စေကာ သူတို့၏လှုပ်ရှားမှုများကို နှေးကွေးသွားစေခဲ့သည်။
စုမင်က လောကအသူရာနတ်ဘုရားနယ်ပယ်ရှိ ကျင့်ကြံသူနှစ်ကို လှည့်ကြည့်လိုက်သည်။ များသောအားဖြင့် သူ၏ အနက်ရောင်မျက်နှာဖုံးနှင့်အေးစက်သော အကြည့်များက အခြားသူများကို
သိပ်မခြိမ်းခြောက်နိုင်ခဲ့ပေ။ သို့သော် သူက လောကမှော်ယာဉ်ပျံနယ်ပယ်ကျင့်ကြံသူကို သတ်လိုက်သောကြောင့် သူ့၏အကြည့်များက ကျောချမ်းပြီးသွေးဆာလောင်နေသော ခံစားချက်ကိုချက်ချင်း ပေးစွမ်းနိုင်မည်ဖြစ်၏။
စုမင်က ဝင်လာသောကျင့်ကြံသူများကို ကြည့်ရင်း သူ့လက်ကို ဝှေ့ယမ်းလိုက်သည်။ သူက အလင်းတန်းရှည်အဖြစ်သို့ ပြောင်းလဲသွားပြီး သမုဒ္ဒရာထဲသို့ တဖြည်းဖြည်းပျောက်ကွယ်သွားခဲ့သည်။ ထိုကျင့်ကြံသူနှစ်ဦးက တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်သောအခါ သူတို့၏မျက်လုံးများတွင် ခေါင်းတလားပုံရိပ်ကိုမြင်လိုက်ရသည်။
သူတို့နှစ်ယောက်သားက စုမင်ထွက်သွားတာကို ချက်ချင်းမတားလိုက်ပေ။ စုမင်၏အကြည့်များက တည်ငြိမ်နေပုံရသော်လည်း သူ့အကြည့်ထဲတွင် သတ်ဖြတ်လိုစိတ်ပါဝင်ပြီး အဓိပ္ပါယ်တစ်မျိုးရလေသည်။
“ငါ့နောက်က ဘယ်သူပဲလိုက်လိုက်..အကုန်သေရမယ်..”
ထိုအကြည့်က အင်မတန်ရိုးရှင်းလေသည်။ ထိုအကြည့်ကို သူတို့နှစ်ဦးသဘောပေါက်ရုံသာမက ထိုနေရာသို့ အပြေးအလွှားရောက်ရှိလာကြသောကျင့်ကြံသူများပါနားလည်ခဲ့ကြသည်။ မော့အန်၏သေဆုံးမှုနှင့်စုမင်၏အကြည့်များက သူတို့က အလွန်ဖိအားပေးခဲ့သည်။
“မော့အန်နဲ့ကောင်းကင်ဘုံနယ်ပယ်ကျင့်ကြံသူ ရှစ်ဦး သေဆုံးခဲ့တယ်..”
“ငါတို့အချိန်မီရောက်မလာနိုင်ပေမဲ့..အမွှေးတစ်တိုင်စာအတွင်းမှာ အဲဒီလူက ကောင်းကင်ဘုံနယ်ပယ်ကျင့်ကြံသူရှစ်ဦးကို သတ်ခဲ့တယ်..ငါသာဆိုရင် လူရှစ်ယောက်ကိုသတ်နိုင်ပေမဲ့ မော့အန်းကိုတော့ အချိန်တိုလေးနဲ့မသတ်နိုင်လောက်ဘူး...”
သူတို့ပတ်လည်ရှိလေထုက သမုဒ္ဒရာကို
ပြင်းထန်စွာတိုက်ခတ်သော်လည်း သေခြင်းတရားအငွေ့အသက်ကို လွင့်ပြယ်မသွားနိုင်ပေ။ လောကအသူရာနတ်ဘုရားနယ်ပယ်ရှိကျင့်ကြံသူနှစ်ဦးက တိတ်ဆိတ်သွားသည်။
“ဒီလူရဲ့လက်ထဲမှာ လှည့်ကွက်တွေအများကြီးရှိတယ်..ဒါပေမဲ့ ကန့်သတ်ချက်တော့ရှိရမယ်..သူ့လှည့်ကွက်တွေ မကုန်မချင်း..သူထွက်သွားဖို့ ရွေးချယ်မှာမဟုတ်ဘူး”
“မှန်တယ်..သူက ငါတို့ကို နှိမ်နှင်းနိုင်တဲ့ စွမ်းအားတွေ အမှန်တကယ် ပိုင်ဆိုင်ခဲ့ရင်
ငါတို့ကို တိုက်ခိုက်ဖို့ ရွေးချယ်မှာပဲ..”
“သူ့အခြေအနေက လည်ပင်းကြိုးကွင်းစွပ်တဲ့အနေအထားရောက်နေပြီ..အခုသူ့ရဲ့လုပ်ရပ်ကရည်ရွယ်ချက်ရှိရမယ်..သူ့ရည်ရွယ်ချက်က ကျုပ်တို့သူ့နောက်ကိုလိုက်ပြီး မတိုက်ခိုက်အောင် ခြိမ်းခြောက်တာပဲ...”
“သူက ငါတို့ကို ခြိမ်းခြောက်ဖို့ ပိုကြိုးစားလေ.. သူက ငါတို့ကို မတိုက်ခိုက်ချင်တဲ့ဖြစ်နိုင်ချေပိုများလေလေ..သူက ဟန်ပြလုပ်နေတာ ခပ်များများရယ်..”
ကောင်းကင်ဘုံရတနာဂြိုလ်မှ လောကအသူရာနတ်ဘုရားနယ်ပယ်ရှိကျင့်ကြံသူနှစ်ဦး၏ မျက်လုံးများတွင် အလင်းတန်းတစ်ခု ပေါ်လာသည်။
“သူ့ကို လိုက်ဖမ်းရအောင်..ငါတို့ ဖမ်းပြီးတာနဲ့ သူ့ကို တိုက်ခိုက်ဖို့ အခွင့်အရေး မပေးဘူး.. ငါတို့ရဲ့လောကမှော်ယာဉ်ပျံနယ်ပယ်စွမ်းရည်တွေကို ချက်ချင်း အသက်သွင်းမယ်..ပြီးရင် သူ့ကို ပြင်းပြင်းထန်ထန် ဒဏ်ရာရအောင်လုပ် ပြီး သတ်ပစ်မယ်”
ကောင်းကင်ဘုံရတနာဂြိုလ်မှ လောကအသူရာနတ်ဘုရားနယ်ပယ်ရှိကျင့်ကြံသူနှစ်ဦးက အလင်းတန်းရှည်များအဖြစ်သို့ ပြောင်းလဲသွားပြီး စုမင် ထွက်ခွာသွားသော ဦးတည်ရာဆီသို့ လျင်မြန်စွာ ပြေးသွားခဲ့သည်။ သူတို့ဧ။်အတွေးများကို သူတို့နောက်ရှ်ိ ကျင့်ကြံသူများထံပေးပို့ပြီး ညွှန်ကြားခဲ့သည်။ တခဏမျှ တုံ့ဆိုင်းသွားပြီးနောက် သူတို့၏ မျက်လုံးများတွင် ဆိုးရွားသော အကြည့်တစ်ခု ပေါ်လာသည်။ သူတို့၏ ခန္ဓာကိုယ်များက လေထဲမှာ ပျံသန်းနေစဉ် တဝီဝီလေချွန်သံများကို ထုတ်လွှတ်လိုက်သည်။ သူတို့က လောကအသူရာနတ်ဘုရားနယ်ပယ်ကျင့်ကြံသူနှစ်ဦး နောက်ကနေ လိုက်လာပြီးသမုဒ္ဒရာထဲကို ပိုနက်ရှိုင်းစွာ ပြေးဆင်းသွားကြ၏။
စုမင်က လျှပ်စီးကဲ့သို့မြန်ဆန်သောအရှိန်ဖြင့် သမုဒ္ဒရာကို ဖြတ်သန်းသွားလာနေသည်။ လေပြင်းများက သူ့ခန္ဓာကိုယ်ကို တိုက်ခတ်သောအခါ ပေါက်ကွဲသံများ
ထွက်ပေါ်လာသည်။ သူက သမုဒ္ဒရာထဲကို ပိုနက်ရှိုင်းစွာ ပျံသန်းလာလေလေ လေဓါးသွားတွေက ပိုထက်မြက်လာလေပင်ဖြစ်၏။
စုမင်၏မျက်လုံးများက တောက်ပပြီး တည်ငြိမ်နေလေ၏။ သူက လောကအသူရာနယ်ပယ်ရှိကျင့်ကြံသူနှစ်ဦးကို တစ်ပြိုင်တည်းမတိုက်ခိုက်နိုင်သော် ပတ်ဝန်းကျင်အနေအထားအရ သူ့ဘက်မှာ အားသာနေလေသည်။ သူက ထိုနေရာကို အသုံးချပြီး တိုက်ခိုက်လျှင် ထိုကျင့်ကြံသူနှစ်ဦးကို ရင်ဆိုင်နိုင်လိမ့်မည်။
“အပြင်က လိုက်လာတဲ့သူတွေ ဒီနေရာကို မြန်မြန်ရောက်သင့်တယ်”
စုမင်က ရှေ့ကို အရှိန်တင်လိုက်ရင်း ကောင်းကင်ကို မော့ကြည့်လိုက်သည်။ အဆုံးမဲ့အမှောင်ထုက ဖုံးလွှမ်းနေသောကြောင့် ကြယ်များကို မမြင်နိုင်ပေ။ ကုန်လွန်သွားသောအချိန်များကို ရေတွက်ကြည့်လျှင် သူ့ကိုလိုက်ဖမ်းသူများက ဤနေရာတွင် ရှိနေသင့်သည်။
“စုမင်...နဂါးငွေ့တန်းထဲက လိုက်ဖမ်းသူတွေတင်မကဘူး.. လောကကြီးလေးခုကလူတွေပါ ရောက်လာတော့မယ်.. မင်းဘာတွေ ကြံစည်နေတာလဲ..မင်း မကြာခင်ထွက်သွားသင့်တယ်..ဒီနေရာမှာ ကြာကြာနေမယ်ဆိုရင် မင်းအတွက် မယုံနိုင်လောက်အောင် အန္တရာယ်ရှိလိမ့်မယ်..”
ထိုအချိန်တွင် မီးလျှံဂြိုလ်၏ အသံက စုမင်၏ စိတ်ထဲတွင် တုန်ခါသွားသည် ။
“ကျုပ်ကတော့ ဒီနေရာကိုအသုံးချပြီး ကျုပ်ရဲ့ဂုဏ်သတင်းတိုးပွားလာအောင်လုပ်မယ်..ပြီးတော့ လောကအသူရာနတ်ဘုရားနယ်ပယ်မှာရှိတဲ့ကျင့်ကြံသူကို ချိပ်ပိတ်ခံရတာကနေ လွတ်မြောက်အောင်လုပ်ပေးမယ်..ကျုပ်နောက်ကလိုက်လာတဲ့သူတွေရဲ့ရန်ကနေ ရှောင်နိုင်အောင်လို့ပေါ...”
စုမင်က ရှေ့သို့အရှိန်တင်နေရင်း ဂြိုလ်သခင်၏မေးခွန်းကို ပြန်လည်ဖြေကြားခဲ့သည်။
“အိုး..ဒါဆိုရင် အခုဘာလုပ်မှာလဲ..”
“ကျုပ်.. မော့အန်ရဲ့ အမှတ်တရတွေထဲမှာ စိတ်ဝင်စားစရာကောင်းတဲ့ အရာတချို့ကို ရှာတွေ့ခဲ့တယ်...ကျုပ်ရဲ့ အစီအစဉ်တွေကို ပြောင်းလိုက်ပြီ...ကျုပ် အဲဒီကိစ္စရဲ့ အမှန်တရားကို စစ်ဆေးပြီးတာနဲ့ လောကမှော်ယာဉ်ပျံနယ်ပယ်ရောက်အောင် စွမ်းအားတွေကို စုပ်ယူနိုင်ဖို့ ကြိုးစားမယ်”
“ကျုပ်ကိုသတ်ဖို့ သူတို့ဒီကိုလာရဲရင်..ကျုပ်လဲ ကြီးကြီးမားမားစွန့်စားရမှာပေါ့...”
စုမင်၏ မျက်လုံးများတွင် အေးစက်နေသော အလင်းတန်းတစ်ခု ပေါ်လာပြီး သူ ဖြည်းညှင်းစွာ ပြောလိုက်သည်။
မီးလျှံဂြိုလ်သခင်က ခဏလောက် နှုတ်ဆိတ်နေခဲ့ပြီး ထပ်ပြောလိုက်သည်။
“မင်း ဘာရှာတွေ့ခဲ့လဲဆိုတာ ငါမသိဘူး.. ဒါပေမဲ့ မင်းရဲ့ လုပ်ရပ်တွေက အန္တရာယ်များလွန်းတယ်.. မင်းအမှားနည်းနည်းလုပ်မိတာနဲ့ သေလိမ့်မယ်... ဒါပေမဲ့ မင်းဒါကိုလုပ်ဖို့ ဆုံးဖြတ်လိုက်ပြီဆိုတော့ မင်းကို ငါကူညီမယ်...”
“အခုပဲ စစ်ဆေးပြီးပြီ...ကျုပ်ရဲ့ကျင့်ကြံဆင့်တူတဲ့အဲဒီကျင့်ကြံသူရဲ့အသိစိတ်က ပျောက်ကွယ်သွားပြီ.. အဆုံးမဲ့ နှစ်တွေ ကုန်လွန်သွားတဲ့အခါ သူ့ကိုယ်သူ ပျောက်ဆုံးသွားခဲ့တယ်...”
“ဒါပေမဲ့ သူသေဆုံးသွားပေမဲ့ သူ့ရဲ့ကံကြမ္မာမှော်စက်ဝန်းနယ်ပယ်အနှစ်သာရတွေကျန်နေခဲ့တယ်...ကျုပ်ကို လုံလောက်တဲ့အချိန်ပေးပါ..ပြီးတော့ ခင်ဗျား သူ့ကိုချိပ်တံဆိပ်ကနေလွတ်အောင်လုပ်နိုင်ရင် ကံကြမ္မာမှော်စက်ဝန်းနယ်ပယ်အနှစ်သာရကို ပေါက်ကွဲပြီး ဒီဂြိုလ်ကြီးကို ဖောက်ခွဲနိုင်မှာ...”
“ ခင်ဗျား ဒါကိုလုပ်တဲ့နေရာမှာ ဘယ်လောက်ယုံကြည်ချက်ရှိလဲ...”
စုမင်က ချက်ချင်းမေးလိုက်သည်။
“ဆယ့်ပုံပုံရင် ငါးပုံလောက်ပေါ့..
ဂြိုလ်သခင်က ပြတ်ပြတ်သားသားဖြေလိုက်သည်။
စုမင်၏မျက်လုံးများတွင်အေးစက်နေသော အလင်းတန်းတစ်ခု ဖျတ်ခနဲ လင်းလက်သွားသည်။ သူ စကားဆက်မပြောဘဲ သမုဒ္ဒရာ၏ နက်နဲသောလေထုကို ဖြတ်၍ အရှိန်ပြင်းပြင်းဖြင့် အရှိန်မြှင့်လိုက်သည်။ ထို့နောက် ကောင်းကင်ဘုံရတနာဂြိုလ်မှ ကျင့်ကြံသူနှစ်ယောက်ကလဲ
သူ့နောက်ကို ဆက်လက် လိုက်လာခဲ့သည်။
“တစ်ခုခုတော့ မှားနေပြီ.. သူသွားမဲ့လမ်းကြောင်းကို ကြည့်ရင် သမုဒ္ဒရာရဲ့နက်နဲတဲ့နေရာကို သွားချင်နေတာပဲ..ငါတို့အတွက် လေဓါးသွားကို ခံနိုင်ဖို့ခဲယဉ်းတယ်..သူဘာတွေကြံစည်နေတာလဲ...”
“ငါ ဒါကို စိတ်မပူပါဘူး..ဒါပေမဲ့ သမုဒ္ဒရာရဲ့နက်နဲရာမှာရှိတဲ့ တိုင်ဖွန်းမုန်တိုင်းရဲ့ မျက်လုံးနားကတော့ ကွဲပြားတယ်...လောကအသူရာနတ်ဘုရားနယ်ပယ်ကျင့်ကြံသူအနေနဲ့..ဒီနေရာရဲ့ထွက်ပေါက်အကြောင်းကို သိတယ်...ဒါက သဘာဝအတိုင်း တည်နေရာရွှေ့ပြောင်းလို့ရတဲ့အပေါက်ပဲ..ဘယ်သူမဆို ဒီနေရာမှာ ရပ်လိုက်တာနဲ့ အနောက်ငွေ့ရည်တိမ်တိုက်ကြယ်ဂြိုလ်က နေရာတစ်ခုခုစီကို ရွေ့ပြောင်းသွားလိမ့်မယ်...”
“တကယ်လို့ သူက တည်နေရာရွေးပြောင်းတဲ့နေရာနား ရောက်သွားရင်ရော”
“သူ ဒီအကြောင်းကို သိဖို့ ဘယ်လိုမှမဖြစ်နိုင်ဘူး..တိုင်ဖွန်းမုန်တိုင်းရဲ့မျက်လုံးရဲ့ လျှို့ဝှက်ဆန်းကြယ်မှုဟာ လွန်ခဲ့တဲ့ နှစ်တစ်ထောင်လောက်က ကျုပ်တို့လေးယောက်အတူတူရှာဖွေတွေ့ရှိခဲ့တဲ့ အရာတစ်ခုပဲ..ကောင်းကင်ဘုံနယ်ပယ်ကျင့်ကြံသူတွေက အကြောင်းကို ဘာမှ မသိဘူး..အပြင်လူတွေဆို ပိုဆိုးပေါ့...”
“ဒီလိုဖြစ်ပါစေလို့ မျှော်လင့်ပါတယ်..”
သူတို့နှစ်ယောက်က တစ်ယောက်ကိုတစ်ယောက် စကားပြောရင်း စုမင်နောက်သို့လိုက်လာခဲ့သည်။ ထို့အတူ စုမင် ရင်ဆိုင်ရသောလေပြင်းဓါးသွားများက ပို၍ပြင်းထန်လာသည်။ စူးစူးရှရှ နာကျင်စေသောဓါးသွားများက သူ့ကိုယ်ပေါ်သို့ ဖြတ်သွားလေသည်။ သို့သော် စုမင်က သန်မာသော ခန္ဓာကိုယ်ရှိရုံသာမက၊ သူ့တွင် မြင့်မြတ်သော ကြယ်တာရာဝတ်ရုံ၊ ဟန်တောင်တန်းခေါင်းလောင်းနှင့် တည်နေရာငါးခုချိပ်တံဆိပ်လဲ ရှိသည်။
ထို့ကြောင့် လေပြင်းဓါးသွားတိုက်ခတ်မှုက သူ့ကို နာကျင်စေသော်လည်း သူ့အရှိန်က နည်းနည်းလေးတောင် မလျှော့ပေ။
ထို့အပြင် စုမင်က အဘယ်ကြောင့် ဤမျှ လွတ်လွတ်လပ်လပ် ခရီးသွားနိုင်သနည်းဟူသည့် အရေးကြီးသောအကြောင်းပြချက်တစ်ခုလဲ ရှိသည် - သူက လေမာန်စွမ်းအားကျင့်ကြံသူဖြစ်သောကြောင့် ခံနိုင်ရည်ရှိခဲ့သည်။
“ငါက လေမာန်စွမ်းအားကျင့်ကြံသူပဲ..အရင်မာန်နတ်ဘုရားရဲ့လေမာန်စွမ်းအားအမွေအနှစ်ကို ရရှိခဲ့တယ်..ဒါပေမဲ့ သူချန်ထားခဲ့တဲ့ပုံရိပ်ကို အခြေခံပြီးတော့ သူ့ရဲ့ကျင့်ကြံဆင့်ကို မမြင်နိုင်ခဲ့ဘူး..အခုပြန်တွေးကြည့်တော့ သူက လောကမှော်ယာဥ်ပျံနယ်ပယ်အထွဋ်အထိပ်လောက်ရှိမှာပဲ..”
“ငါက လေစွမ်းအားအမွေအနှစ်ကိုငါရခဲ့ပြီး လေရဲ့ပြောင်းလဲမှုကို နားလည်ခဲ့တယ်.ဒါကြောင့် တခြားလူတွေနဲ့ ယှဉ်ရင် သမုဒ္ဒရာထဲမှာ လှုပ်ရှားရတာ ပိုလွယ်တယ်.. ဒီမှာ အချိန်အကြာကြီး လေ့ကျင့်ထားနိုင်ရင် လေနဲ့ပတ်သက်တဲ့ နားလည်မှုတွေ တိုးလာမှာ သေချာတယ်...”
စုမင်၏မျက်လုံးများက ဖျတ်ခနဲလင်းလက်လာသည်။ သူက သမုဒ္ဒရာ၏နက်နဲရာသို့ လှမ်းကြည့်လိုက်ရာ မော့အန်၏အမှတ်တရများက သူ့စိတ်ထဲတွင် ပေါ်လာသည်။
‘သမုဒ္ဒရာနက်နဲရာမှာ တိုင်ဖွန်းမုန်တိုင်း ရဲ့မျက်လုံးရှိတယ်.. ပြီးတော့ အဲဒီနေရာက သဘာဝအတိုင်း တည်နေရာရွေ့ပြောင်းတဲ့ အပေါက်တစ်ခုပဲ..ငါ ဒီသမုဒ္ဒရာရဲ့စွမ်းအားကို တွန်းလှန်ပြီး တိုင်ဖွန်းမုန်တိုင်းရဲ့မျက်လုံးဆီကို သွားနိုင်ရင် အနောက်ငွေ့ရည်တိမ်တိုက်ကြယ်ဂြိုလ်ရဲ့နေရာတစ်ခုခုကို သွားနိုင်လိမ့်မယ်...”
“ဒါသာ အမှန်ဆိုရင် ငါ ကောင်းကင်ဘုံရတနာဂြိုလ်မှာရှိတဲ့လူတွေအားလုံးကို ရင်ဆိုင်နိုင်လိမ့်မယ်...”
စုမင်က အချိန်အနည်းငယ် အရှိန်တင်ပြီးနောက် သမုဒ္ဒရာ၏ အလယ်ဗဟိုသို့ ဦးတည်သွားခဲ့သည်။
ဤနေရာရှိ လေပြင်းများက နားမခံနိုင်အောင် တဝေါဝေါတိုက်ခတ်နေလေသည်။ စုမင်က ဤနေရာ၌ သူ၏အရှိန်ကိုထိန်းထားရန် ခက်ခဲသော်လည်း အရှိန်မလျှော့နိုင်ပေ။ သို့သော် သူ့ကျင့်ကြံစွမ်းအားများကို သူ့ခန္ဓာကိုယ်အနှံ့ ဆက်လက် လည်ပတ်နေရန် လိုအပ်နေသေးသည်။ သူ ခဏလောက် အနားယူလိုက်ရင် သူ့သွားချင်နေရာက လေပြင်းကြောင့် ပျောက်ကွယ်သွားလိမ့်မည်။
“တော်တော်ပြင်းထန်တဲ့ လေပြင်းဓါးသွားတွေပဲ..ငါ့ရဲ့ခန္ဓာကိုယ်နဲ့ စွမ်းရည်တွေကို သုံးတာတောင်မှ ရှေ့ဆက်ဖို့ အရမ်းခက်ခဲနေတုန်းပဲ..ဒီနေရာက လေစွမ်းအားကို
စွမ်းရည်တစ်ခုအသက်သွင်းတဲ့နေရာမှာသုံးနိုင်ရင် အကျိုး သက် ရောက်မှုကမယုံနိုင်လောက်အောင် အားကောင်းလာလိမ့်မယ်...”
စုမင်က ခဏလောက် ရပ်တန့်လိုက်ပြီး ဆက်မလျှောက်တော့ပေ။ ယင်းအစား သူက အခြေတည်ဝိညာဉ်ကို ဖြန့်ကျက်ပြီး သမုဒ္ဒရာတစ်ခုလုံးကို ဖုံးလွှမ်းထားသည်။
သူ့အခြေတည်ဝိညာဉ်က လေထဲတွင် ကွဲအက်သွားသည့် အရိပ်အယောင်များ ချက်ချင်းပြသခဲ့သည်။ သို့သော် စုမင်က တည်နေရာရွေ့ပြောင်းခြင်းနေရာနှင့်သိပ်မဝေးတော့ပေ။ ထို့နောက် သူ့အခြေတည်ဝိညာဉ်ပျောက်ကွယ်မသွားမီ သာမန်မျက်စိဖြင့်မမြင်နိုင်သော ဧရာမတိုင်ဖွန်းမုန်တိုင်းကြီးတစ်ခု သူ့ရှေ့ရှိအဆုံးမဲ့လေထုပင်လယ်ပြင်တွင် ပေါ်လာသည်။ သူက ထိုနေရာနှင့် ပေတစ်သောင်းခန့်သာကွာဝေးတော့သည်။
တိုင်ဖွန်းမုန်တိုင်းကြီး အရွယ်အစား ပေရာနှင့်ချီ၍ ကြီးမားလေသည်။ ၎င်း၏အလယ်ဗဟိုမှ အဆက်မပြတ် မှုတ်ထုတ်လိုက်သော တည်နေရာရွေ့ပြောင်းမှုစွမ်းအားလှိုင်းများ ထွက်ပေါ်လာသည်။
“ဒီနေရာက ခုနကမင်းပြောခဲ့တဲ့လျှို့ဝှက်ဆန်းကြယ်တဲ့ နေရာလား...ဒါက သဘာဝအတိုင်း တည်နေရာရွှေ့ပြောင်းလို့ရတဲ့တိုင်ဖွန်းမုန်တိုင်းရဲ့ မျက်လုံးပဲ..ဒီနေရာက နတ်ဘုရားအာရုံတွေကို ကန့်သတ်ထားတာပဲ.. ဒီလိုနီးကပ်နေရင်တော့ လူတွေက သတိထားမိနိုင်ပေမဲ့ အဝေးမှာဆိုရင်တော့ ဒီလိုအရာမျိုးကို ရှာဖွေတွေ့ရှိဖို့ အလွန်ခက်ခဲလိမ့်မယ်...”
“ငါ ဒီနေရာကို မစစ်ဆေးကြည့်မိဘူး..ဒါပေမဲ့ မင်းငါ့ကို စောစောက ပြောခဲ့မယ်ဆိုရင် ငါ ဒီအကြောင်းကို နည်းနည်းပဲဖြစ်ဖြစ် ရှာတွေ့နိုင်လိမ့်မယ်..အဲဒါကို မင်းကိုယ်တိုင် စုံစမ်းဖို့ အများကြီး အားထုတ်နေစရာ မလိုဘူး.. မင်း... ငါ့ကို ခုထိလုံးဝ မယုံသေးဘူး”
ဂြိုလ်သခင်က စုမင်ကို ပြောလိုက်သည်။
စုမင်က အဖြေမပေးပေ။ သူ့ဘဝနှင့် သက်ဆိုင်သော အရာများ ကြုံလာလျှင် အချို့သောအရာများကို ကိုယ်တိုင်ကိုယ်ကျ လုပ်လိုက်ရမှ စိတ်သက်တောင့်သက်သာရှိလေသည်။ သူက ထိုကဲ့သို့ကိစ္စမျိုးမှာ သူတစ်ပါးကို အားမကိုးချင်ပေ။
ထိုအချိန်တွင် စုမင်က ဤနေရာ၌ တည်နေရာရွှေ့ပြောင်းနိုင်သောထွက်ပေါက်ရှိနေကြောင်း သိလိုက်ရသည်။ ထိုစဉ် သူ့မျက်လုံးထဲတွင် သတ်ဖြတ်လိုစိတ်များ ပြင်းထန်လာသည်။ သူက မဆိုင်းမတွဘဲ လျင်မြန်စွာ နောက်ဆုတ်လိုက်ပြီး သူ့နောက်လိုက်လာသူနှစ်ဦးဆီသို့ အရှိန်တင်လိုက်သည်။ သူ့ခန္ဓာကိုယ်က ယခင်ကထက် ပိုမိုမြန်ဆန်စွာ ရွေ့လျားလာသည်။
“ဆောင်းဦးရဲ့လိုအင်ဆန္ဒ... အခု ကြယ်တွေ”
စုမင်က အလင်းတန်းတစ်ခုကဲ့သို့ လျင်မြန်စွာ ရွေ့လျားနေသည်။ သူက ဓားမြှောင်ထဲက ဆွဲထုတ်လိုက်သည့် ဓားတစ်ချောင်းလို ရှေ့ကို အရှိန်တင်နေလေသည်။
မကြာမီပင် စုမင်က ကောင်းကင်ဘုံရတနာဂြိုလ်မှလောကအသူရာနတ်ဘုရားနယ်ပယ်ရှိကျင့်ကြံသူနှစ်ရှေ့ရှိ သမုဒ္ဒရာမျက်နှာပြင်တွင် ပထမဆုံး ပေါ်ထွက်လာခဲ့သည်။
“သူက ဒီမှာလား..ငါတို့နှစ်ယောက်ကို နောက်ပြန်လှည့်ပြီး တိုက်ခိုက်ရဲတာလား..သူသေချင်နေတာပဲ...”
“ငါတို့မှာ အချိန်သိပ်မရှိဘူး..အင်အားအပြည့်နဲ့တိုက်ခိုက်ကြမယ်..လောကမှော်ယာဉ်ပျံနယ်ပယ်ရဲ့စွမ်းရည်တွေကို အသက်သွင်းပြီး ဒီလူကို သတ်ကြစို့..”
လောကအသူရာနတ်ဘုရားနယ်ပယ်ရှိကျင့်ကြံသူနှစ်ဦး၏ မျက်လုံးများ တောက်ပလာသည်။ ထိုအချိန်တွင် သူတို့၏ခန္ဓာကိုယ်မှ လောက မှော်ယာဉ်ပျံစွမ်းအားများ ပေါက်ကွဲထွက်လာသည်။ ထိုစွမ်းအားက မြေပြင်ကို တိုက်ခတ်သွားသော လေမုန်တိုင်းအဖြစ်သို့ ပြောင်းလဲသွားသည်။ ထို့အပြင် ထိုစွမ်းအားက သမုဒ္ဒရာရှိလေပြင်းဓါးသွားများကို ပေါက်ကွဲသံနှင့်အတူ နောက်ပြန်ဆုတ်သွားစေခဲ့သည်။