ချေမှုန်းသုတ်သင်ခြင်း
Vol. 57 Ch. 794
“ဗုန်းးး...”
လောကမှော်ယာဉ်ပျံနယ်ပယ်စွမ်းအားကြောင့် ဖြစ်ပေါ်လာသော လေမုန်တိုင်းသည် အရပ်ရပ်သို့ ရွေ့လျားသွားခဲ့သည်။ ထို့နောက် လောကအသူရာနတ်ဘုရားနယ်ပယ်ကျင့်ကြသူနှစ်ဦးနှင့် စုမင်တည်ရှိရာနေရာတစ်ဝိုက်ကို ချက်ချင်း လွှမ်းမိုးသွားသည်။
လောကအသူရာနတ်ဘုရားနယ်ပယ်ကျင့်ကြံသူများသည် အတူတကွ လက်တွဲလုပ်ဆောင်နေသမျှ ကာလပတ်လုံး သူတို့၏ရန်သူက မည်မျှပင် လျင်မြန်နေပါစေ ၊ သူတို့၏စွမ်းအားများက ရန်သူကို အလဲထိုးနိုင်မည်ဟု ယုံကြည်ခဲ့ကြသည်။
ဤသည်မှာ သူတို့၏လောကမှော်ယာဉ်ပျံနယ်ပယ်ကနဦးအဆင့်စွမ်းအားကို အသက်သွင်းခြင်းဖြစ်သည်။ သူတို့က စုမင်ကို တိုက်ခိုက်ပြီး စောင့်မျှော်နေသည့် အရာကတော့ လောကမှော်ယာဉ်ပျံစွမ်းအားမှကိုသုံး၍ ဖြစ်ပေါ်လာသောအဖျက်စွမ်းအားပင်ဖြစ်သည်။ ထိုစွမ်းအားတွင် လောကဥပဒေဿများ ပါဝင်သည်။
ထိုစွမ်းအားကြောင့် ဘေးပတ်လည်ရှိသမုဒ္ဒရာက တုန်ခါသွားကာ လှိုင်းတဝုန်းဝုန်းရိုက်ခတ်နေလေသည်။ လေပြင်းများက ပျံ့နှံ့တိုက်ခိုက်နေချိန်တွင် စုမင်က ရုတ်တရက်ပျောက်ကွယ်သွားခဲ့သည်။
လောကမှော်ယာဉ်ပျံနယ်ပယ်စွမ်းအားများ ပျံ့နှံ့သွားသောကြောင့ စုမင်က သူရပ်နေသည့်နေရာမှ ပျောက်ချင်းမလှပျောက်ကွယ်သွားလေသည်။ လောကအသူရာနတ်ဘုရားနယ်ပယ်ကျင့်ကြံသူနှစ်ဦးက စုမင်က ဘယ်အချိန်က ဘယ်လိုထွက်သွားမှန်း မသိလိုက်ပေ။ ထိုအခိုက်အတန့်တွင် သူတို့က တခဏချင်း ထိတ်လန့်သွားကာ အဝေးမှ နာကျင်စွာအော်ဟစ်သံ ထွက်ပေါ်လာသည်။
“မကောင်းတော့ဘူး...”
အသူရာနတ်ဘုရားနယ်ပယ်ကျင့်ကြံသူနှစ်ဦး၏မျက်နှာက ချက်ချင်းပြောင်းလဲသွားသည်။ သူတို့က ထိုအသံပိုင်ရှင်နှင့် ရင်းနှီးလေသည်။ ထိုအသံပိုင်ရှင်က ကောင်းကင်ဘုံနယ်ပယ်ကျင့်ကြံသူဖြစ်ပြီး သူတို့နောက်မှ လိုက်လာသူဖြစ်၏။
စုမင်က အပြာရောင်ဝတ်ရုံဝတ်ဆင်ထားသော လူငယ်တစ်ယောက်၏လည်ပင်းကို ဖျစ်ညှစ်ရင်း ကျင့်ကြံသူနှစ်ဦး၏နောက်ပေနှစ်ထောင်ခန့်အကွာတွင် ရှိနေလေသည်။ ထိုအချိန်တွင် ထိုလူငယ်၏ မူလချောမောသော မျက်နှာက ရှုံ့မဲ့သွားကာ
လူပုံသဏ္ဍာန်မဟုတ်တော့ပေ။စုမင်က သူ့အသွေးအသား၊ အနှစ်သာရနှင့်သူ့အသက်စွမ်းအားအားလုံးကို စုပ်ယူထားတာကြောင့် အရိုးစုလို ပိန်ချုံးသွားလေသည်။
“ငါ ချိပ်ပိတ်ခံရကတည်းက ငါ့ရဲ့စွမ်းအားတွေကို ခါတိုင်းလိုလိုပြောင်းရွေ့လို့မရတော့ဘူး..မင်းကို နေရာရွေ့ပြောင်းပေးဖို့ ငါ့ရဲ့မူလအနှစ်သာရစွမ်းအားတွေသုံးထားတာ..တကယ်လို့ နေရာက အဝေးကြီးဆိုရင် ငါ ဒီစွမ်းအားတွေကို ပိုသုံးရမှာ...”
ဂြိုလ်သခင်၏အသံက စုမင်၏စိတ်ထဲတွင် ထွက်ပေါ်လာသည်။ လောကအသူရာနတ်ဘုရားနယ်ပယ်ရှိကျင့်ကြံသူနှစ်ယောက်က လောကမှော်ယာဉ်ပျံစွမ်းအားကို အသုံးပြုခဲ့ပြီး ထိုအချိန်တွင်စုမင်က ဂြိုလ်သခင်၏စွမ်းအားကို ငှားရမ်းကာ နေရာရွေ့ပြောင်းသွားခဲ့သည်။ သူက အမြင့်ပေ သောင်းနှင့်ချီ၍ ခုန်တက်လိုက်၊ ဆင်းသက်လာလိုက်..ရှေ့နောက်နေရာရွေ့လိုက် လုပ်နေခဲ့၏။
သူက သမုဒ္ဒရာထဲတွင် ဟိတ်ဟန်တစ်ချက်မှမပျက်ခဲ့ပေ။ စုမင် သုံးသောစွမ်းရည်က ကံကြမ္မာမှော်စက်ဝန်းနယ်ရှိသူမှသာသုံးနိုင်သော တည်နေရာရွေ့ပြောင်းခြင်း စွမ်းရည်ဖြစ်သည်။
စုမင်က စကားမပြောဘဲ လှုပ်ရှားသွားလာနေသည်။ သူ့မျက်လုံးများတွင် သတ်ဖြတ်လိုစိတ်များနှင့် ပြည့်နှက်လာပြီး ရှေ့သို့ အရှိန်တင်လိုက်သည်။ ထို့နောက် စုမင်က နောက်ထပ်ကောင်းကင်ဘုံနယ်ပယ်ကျင့်ကြံသူနားသို့ ချဉ်းကပ်လာပြန်သည်။
နာကျင်စွာအော်သံများက လေထဲတွင်
ဆက်တိုက်ထွက်ပေါ်လာသည်။ လောကအသူရာနတ်ဘုရားနယ်ပယ်ကျင့်ကြံသူနှစ်ဦး၏အမူအရာများက ပျက်ယွင်းသွားလေသည်။သူတို့က လျင်မြန်စွာ ဆုတ်ခွာသွားပြီး နာကျင်အော်ဟစ်သံများ ထွက်ပေါ်လာသည့် လမ်းကြောင်းဆီသို့ ဦးတည်သွားကြသည်။
သို့သော် သူတို့က ရှေ့သို့ ပေတစ်သောင်းပင် မပျံသန်းနိုင်မီ နာကျင်စွာအော်ဟစ်သံနှစ်ခုက ဘယ်ညာဦးတည်ရာမှ တစ်ပြိုင်တည်း ထွက်ပေါ်လာသည်။ ထို လမ်းကြောင်းနှစ်ခုမှ ထွက်လာသော အသံများကို တွက်ဆကြည့်ပါက ထိုအသံပိုင်ရှင်နှစ်ဦးက တစ်ယောက်နှင့်တစ်ယောက် ပေတစ်သောင်း ကွာဝေးလေသည်။
“ချီးးးပဲ.. သူ့မှာ ကိုယ်ပွားတစ်ခုရှိတယ်ကွ မဟုတ်ရင် တစ်ယောက်နဲ့ တစ်ယောက် ပေတစ်သောင်းလောက်ဝေးတဲ့ လူနှစ်ယောက်ကို တစ်ချိန်တည်းမှာ သတ်ပစ်လို့ မရဘူး။း..သူဘယ်လိုနေရာပြောင်းရမလဲဆိုတာ သိနေရင်တောင် ဒါကို သူလုပ်နိုင်မှာမဟုတ်ဘူး...”
“ဦးတည်ရာနှစ်ခုကို တစ်ချိန်တည်းရွေ့လျားနေတာ..တစ်ခုက သူ့ကိုယ်ပွား..နောက်တစ်ခုက သူ့ကိုယ်အစစ်အမှန်..ငါတို့လဲ ဦးတည်ရာခွဲပြီး နေရာယူမှရမယ်..ငါတို့နဲ့ ပေတစ်သောင်းလောက်ဝေးတဲ့ လူနှစ်ယောက်ကို သူ သတ်နိုင်တယ်ဆိုတာ မယုံဘူး...”
“ငါတို့ လောကမှော်ယာဉ်ပျံနယ်ပယ်စွမ်းအားတွေကို သုံးတဲ့အခါ ဘယ်ဟာက ကိုယ်ပွား ဘယ်ဟာကအစစ်ဆိုတာ ပြောနိုင်လောက်မှာပဲ..မင်း လူအစစ်ကိုတွေ့တာနဲ့ ချက်ချင်းသတင်းပို့ကွာ..ငါ မင်းဆီ အမြန်လာပြီး တိုက်ခိုက်ပေးမယ်...”
လောကအသူရာနတ်ဘုရားနယ်ပယ်ကျင့်ကြံသူများက သူတို့၏အတွေးအမြင်များကို အပြန်အလှန်ပေးပို့ပြီး လမ်းခွဲခဲ့ကြသည်။ သူတို့ထဲက တစ်ယောက်က ဘယ်ဘက်၊ နောက်တစ်ယောက်က ညာဘက်ကိုသွားပြီး အော်ဟစ်သံများထွက်ပေါ်လာသည့်နေရာများဆီ ဦးတည်သွားကြသည်။
ဘယ်ဘက်သို့ ပြေးသွားသူမှာ အဘိုးကြီးဖြစ်သည်။ သူ့မျက်နှာမှာ ဒေါသထွက်နေသော်လည်း သတိကြီးကြီးထားနေလေသည်။ မော့အန်၏ထူးထူးဆန်းဆန်း သေဆုံးပုံက သူ့စိတ်ထဲတွင် ထင်ကျန်နေဆဲပင် ဖြစ်၏။ သူ ရှေ့ကို လှမ်းကြည့်လိုက်သော် စုမင်ကိုတွေ့လိုက်ရသည်။
အဘိုးအိုက စုမင်ကိုမြင်မြင်ချင်းပင် သူ့ခန္ဓာကိုယ်တစ်ခုလုံးမှ လောကမှော်ယာဉ်ပျံနယ်ပယ်စွမ်းအားများ ပေါက်ကွဲထွက်လာသည်။ ထို့နောက် ထိုစွမ်းအားက သမုဒ္ဒရာကို ဖြတ်သန်းတိုက်ခတ်လာသော လေပြင်းမုန်တိုင်းတစ်ခုအဖြစ် ပြောင်းလဲသွားသည်။ ထိုအချိန်တွင် ပေတစ်သောင်းအကွာရှိ ကျန်ကျင့်ကြံသူတစ်ဦးထံမှ စူးစူးဝါးဝါး အော်ဟစ်သံရုတ်ချည်း ထွက်ပေါ်လာသည်။
“ဒါ လူအစစ်အမှန်ရှိတဲ့နေရာပဲ..အဲဒီနေရာကို မြန်မြန်သွားမှရမယ်..”
ထိုအော်သံကို အဘိုးကြီးကြားလိုက်သောအခါ သူ့မျက်လုံးများက ပြူးကျယ်သွားသည်။ အဘယ်ကြောင့်ဆိုသော် သူ့စွမ်းအားများက ထွက်ခွာတော့မည့် နောက်ထပ်စုမင်ကို ဖုံးလွှမ်းထားသောကြောင့်ဖြစ်သည်။
အဘိုးအို၏စွမ်းအားက စုမင်ကို ဖုံးလွှမ်းထားစဉ် စုမင်၏ခန္ဓာကိုယ်မှ သွေးများ စီးကျလာပြီး သူ့ချီစွမ်းအားကို ရှင်းလင်းစွာ ခံစားလိုက်ရသည်။ ထိုခံစားချက်နှင့်တည်ရှိမှုမှာ ဤလူက ကိုယ်ပွားမဟုတ်ဘဲ အစစ်အမှန်ဖြစ်ကြောင်းကိုဆိုလိုသည်။
“တော်တော်ကောက်ကျစ်ယုတ်မာတဲ့ကောင်ပဲ..ပေတစ်သောင်းအကွာအဝေးက လူကို အစစ်အမှန်လို့ထင်အောင် ဘယ်လိုနည်းလမ်းတွေသုံးခဲ့တာလဲ...ဒါပေမဲ့ အဲဒါကလဲ တကယ့်လူအစစ်အမှန်ပဲ...နှစ်ယောက်လုံးက တကယ့်အစစ်အမှန်ပုံစံမျိုးဖြစ်နေတယ်...”
ထိုစဉ် သမုဒ္ဒရာရှိလေပြင်းဓါးသွားများက
ဘေးပတ်ဝန်းကျင်ကို လွှမ်းခြုံသွားပြီး အဘိုးအို၏ အမြင်အာရုံ ပိတ်ဆို့ခြင်းခံရသည်။ သူ၏ မြင့်မြတ်သောနတ်ဘုရားအာရုံများပင် အားနည်းသွားခဲ့သည်။ သို့သော် သူ့လောကမှော်ယာဉ်ပျံစွမ်းအားအရ သူ့အမြင်အာရုံက မမှားနိုင်ကြောင်း သေချာလေ၏။
“ဒါက သူ့ကိုယ်အစစ်အမှန်ပဲ.. ဒီဘက်မှာဟေ့ မြန်မြန်လာ...”
အဘိုးအိုက ပေါ့ပေါ့ပါးပါး အော်ဟစ်လိုက်သည်။ သူက သတ်ဖြတ်လိုစိတ်များဖြင့် ရှေ့တိုးသွားလေသည်။ သူက စုမင်နောက်ကို လိုက်ဆတာ့မည့်အချိန်တွင်နာကျင်စွာအော်ဟစ်သံမှာ ပေတစ်သောင်းအကွာကနေ ရုတ်တရက် ထွက်ပေါ်လာပြန်သည်။
ထိုလူက မသေခင် မယုံနိုင်စရာ တစ်ခုခုကို မြင်လိုက်ရသလိုပင် ထိုအော်သံတွင် အလွန်အမင်း ထိတ်လန့်မှုတစ်ခု ရှိနေသည်။ ထိုအသံက အဘိုးအိုကိုပင် ပြင်းထန်စွာ တုန်လှုပ်သွားစေသည်။
အဘယ်ကြောင့်ဆိုသော် ထိုအသံက သူ့အဖော်ဖြစ်သော လောကအသူရာနတ်ဘုရားနယ်ပယ်ကျင့်ကြံသူထံမှဖြစ်သည်။
“ဒါ… ဒါ…”
အဘိုးကြီး၏နှလုံးသားထဲတွင် ပေါက်ကွဲသံတစ်ခု ထွက်ပေါ်လာသည်။ နာကျင်စွာအော်ဟစ်သံက ရုတ်တရက်တိတ်ဆိတ်သွားသည်။ ပေတစ်သောင်းအကွာမှ တစ်စုံတစ်ယောက်သေဆုံးခြင်းဟု အဓိပ္ပာယ်ရသော လှိုင်းလုံးကြီးတစ်ခု ထွက်ပေါ်လာပြီး သူ၏အဖော်... သေဆုံးသွားသည်ဟုသာ ဆိုလိုနိုင်သည်။
အဘိုးအို၏နှလုံးသားမှ ကြောက်လန့်စိတ်များ တဖွားဖွားပေါ်ပေါက်လာသည်။ သူ့စွမ်းအားဖြင့် စုမင်ကို အာရုံခံမိသောအခါ စုမင်က ရွေ့လျားမှု ရပ်တန့်သွားပြီး ထွက်ပြေးခြင်း မရှိတော့ပေ။ ယင်းအစားက သူက လှည့်ပြီး အဖိုးအိုကို အေးစက်စွာ ကြည့်နေလိုက်သည်။
အဘိုးအိုက စုမင်နှင့်အကြည့်ချင်းဆုံမိသည့်ခဏတွင် စုမင်၏ခန္ဓာကိုယ်က အပိုင်းအစများအဖြစ်ပြောင်းလဲသွားသည်ကို မြင်လိုက်ရသည်။ ထိုအပိုင်းအစများက တဝီဝီမြည်သံနှင့်အတူ အဘိုးအို၏စွမ်းအားသက်ရောက်သောနေရာများကို ဖြတ်သန်းလာကြသည်။
“ဘာတွေဖြစ်နေတာလဲကွာ...ဘယ်ဟာက ရန်သူ့အစစ်လဲ..”
အဘိုးအိုက နောက်သို့ ခြေလှမ်းအနည်းငယ် လှမ်းလိုက်သည်။ ထိုအချိန်တွင် သူ့တစ်ကိုယ်လုံး ကြောက်လန့်မှုဖြင့် တသိမ့သိမ့်တုန်လှုပ်သွားခဲ့သည်။ သူက လောကမှော်ယာဉ်ပျံစွမ်းအားကုန်ဆုံးမှုကို မတွေးတော့ဘဲ သူ့ခန္ဓာကိုယ်မှ အပြာရောင်စွမ်းအားလှိုင်းလုံးများက အပြင်ဘက်သို့ လွင့်ထွက်သွားသည်။ ထိုအပြာရောင်စွမ်းအားလှိုင်းအတွင်း၌ မရေမတွက်နိုင်သော ပုံရိပ်များ ပေါ်လာသည်။ထိုပုံရိပ်များက ဒေါသတကြီးဟိန်းဟောက်သံများ ထွက်ပေါ်လာသည်။ သူတို့က သန်းနှင့်ချီသောစစ်သည်များ ဖြစ်ပြီး သူတို့၏ တည်ရှိမှုက ကောင်းကင်ကိုတောင် တုန်လှုပ်သွားစေလောက်အောင် ကြီးမားလှသည်။
သို့သော် သူ့အဖော်သေဆုံးသွားခြင်းကြောင့် အဘိုးအို၏စိတ်မှာ ထိတ်လန့်တုန်လှုပ်သွားကာ စုမင်အစစ်အမှန်ကို
မခွဲခြားနိုင်တော့ပေ။ ထို့ပြင် သူ့လောကမှော်ယာဉ်ပျံနယ်ပယ်စွမ်းအားကို မြှင့်တင်လိုက်စဉ် သူ၏မျက်ခုံးအလယ်တွင် စူးစူးရှရှ နာကျင်မှုကို ခံစားလိုက်ရသည်။
ထိုနာကျင်မှုဝေဒနာက သူ့နှလုံးသားနှင့် နှလုံးသားထဲသို့ ဝင်ရောက်သွားပြီး
သူ့မျက်ခုံးအလယ်တွင် အကောင်တစ်ခုခုအကိုက်ခံရသကဲ့သို့ အမည်းကွက်တစ်ခု ပေါ်လာသည်။
ထိုနာကျင်မှုက သူ့စိတ်ထဲသို့ တိုးဝင်လာပြီး အဆုံးမဲ့ ကျယ်လောင်သော အသံများအဖြစ်သို့ ပြောင်းလဲသွားသည်။ ထိုအရာက အဘိုးအိုကို တုန်လှုပ်ခြောက်ခြားစေပြီး သူက နာကျင်စွာ အော်ဟစ်ပစ်လိုက်သည်။ ထိုအချိန်တွင် သူ၏ခန္ဓာကိုယ်က အရှိန်အဟုန်ဖြင့် သိသိသာသာ အရည်ပျော်လာသည်။
သူ၏အခြေတည်နတ်ဘုရားက ဤရုတ်တရက်အလှည့်အပြောင်းကြောင့် ထွက်ခွာသွားခဲ့သည်။ သို့သော်လည်း သူ့ပတ်ဝန်းကျင်ကို ရှင်းရှင်းလင်းလင်း မမြင်ရသေးမီတွင် စုမင်ဖြစ်သောအပိုင်းအစများက သူ့လောကမှော်ယာဉ်ပျံစွမ်းအားနှင့်ထိတိုက်မိသွားလေသည်။ ကျယ်လောင်လှသော ပေါက်ကွဲသံများကြားတွင် အပိုင်းအစများက လျှပ်စီးကြောင်းကဲ့သို့ အရှိန်ဖြင့် အဘိုးအို၏အခြေတည်
ဝိညာဥ်ကို ထိုးနှက်လိုက်ကြသည်။
အဘိုးအို၏အခြေတည်ဝိညာဉ်က ကွဲအက်သွားပြီး မရေမတွက်နိုင်သောမီးတောက်လေးများအဖြစ် နေရာအနှံ့ ပြန့်ကျဲသွားခဲ့သည်။ ထို့နောက် ထိုမီးတောက်လေးများက ပြန်စုစည်းလာပြီး စုမင်၏အသွင်သဏ္ဍန်ဖြစ်ပေါ်လာသည်။
သူ့မျက်နှာက ဖြူဖျော့နေပြီး ပါးစပ်က သွေးများ စီးကျလာသည်။ ထိုအချိန် သူ့ခန္ဓာကိုယ်ထဲရှိ လောကမှော်ယာဉ်ပျံနယ်ပယ်စွမ်းအားက မယုံနိုင်လောက်အောင် ထူထဲနေပြီး အခြားသူများကို သူက လောကမှော်ယာဉ်ပျံအရှင်သခင်နယ်ပယ်ကျင့်ကြံသူဖြစ်ကြောင်း ထင်မြင်စေခဲ့သည်။
“လောကမှော်ယာဉ်ပျံနယ်ပယ်ရဲ့ ရိုက်ခတ်မှုစွမ်းအာလှိုင်း...အဲဒီစွမ်းအားကိုသုံးတဲ့လောကအသူရာနတ်ဘုရားနယ်ပယ်ကျင့်ကြံသူတွေကို သတ်ပစ်ဖို့တော်တော်ခဲယဉ်းတယ်...”
စုမင်က သူ့နှုတ်ခမ်းထောင့်က သွေးများကို သုတ်လိုက်သည်။ သူက ပြင်ဆင်မှုများလုပ်ပြီးနောက် ကျန်ကျင့်ကြံသူတစ်ယောက်ကို သတ်ရန် ကြိုးပမ်းမှုတွင် ဒဏ်ရာရရှိခဲ့သည်။ သူက ပြင်ဆင်မှုများ မလုပ်ခဲ့လျှင် ထိုကျင့်ကြံသူကို ရင်ဆိုင်ရန်ပို၍ခက်ခဲလိမ့်မည်။
“ဒါပေမဲ့ ငါ လောကမှော်ယာဉ်ပျံနယ်ပယ်စွမ်းအားကို ပိုစုပ်ယူလေလေ ငါ့ရဲ့ပုံရိပ်ဝါးမျိုခြင်းစွမ်းရည်က ပိုအားကောင်းလေလေပဲ...”
စုမင်က ခေါင်းကို မော့ကြည့်လိုက်တော့ လူတစ်ယောက်က သူ့ရှေ့ရှိလေထုထဲမှ ထွက်လာသည်။ ထိုလူ၏အသွင်အပြင်က စုမင်နှင့်ဆင်တူလေသည်။ သို့သော် ထိုလူက စုမင်နားသို့ နီးကပ်လာသောအခါတွင် သူ့ခန္ဓာကိုယ်က လျင်မြန်စွာ ပြောင်းလဲလာသည်။ ထိုလူက စုမင်ရှေ့တွင်ရပ်နေသောမီးလျှံဂြိုလ်သခင်အဖြစ်ပြောင်းသွားသည်။ ကြိုးကြာငှက်က သူ့ပခုံးပေါ်တွင် ဝင့်ကြွားစွာရပ်နေလေ၏။
“နောက်ထပ်ကောင်းကင်ဘုံနယ်ပယ်ကျင့်ကြံသူနှစ်ယောက်ကျန်သေးတယ်..သူတို့က ငါ့နောက်လိုက်လာတာမလို့ သူတို့လဲသေရမယ်..”
စုမင်က သမုဒ္ဒရာမျက်နှာပြင်ပေါ်သို့ ခြေချခဲ့သည်။ မီးလျှံဂြိုလ်သခင်နှင့်ကြိုးကြာငှက်တို့ အလင်းတန်းနှစ်ခုအဖြစ်သို့ ပြောင်းလဲသွားပြီး စုမင်၏ ခန္ဓာကိုယ်ထဲသို့ ပျောက်ကွယ်သွားသည်။
ခဏအကြာတွင် သမုဒ္ဒရာမှ ထိတ်လန့်ဖွယ်ကောင်းသောအော်ဟစ်သံတစ်ခု ထွက်ပေါ်လာသည်။ ပေတစ်သောင်းအကွာအဝေးတွင် စုမင်ကိုလာရှာသောကောင်းကင်ဘုံနယ်ပယ်ကျင့်ကြံသူတစ်ယောက်သာကျန်ရှိတော့သည်။ ထိုလူလတ်ပိုင်းအရွယ်အမျိုးသား၏မျက်နှာက ဖြူဖျော့ဖျော့နေပြီး နှလုံးသားထဲတွင် ထိတ်လန့်မှုဖြင့် ပြည့်နှက်နေသည်။
“မ...မကောင်းဆိုးဝါး..သူက လူမဟုတ်ဘူး...နတ်ဆိုး...”
ကောင်းကင်ဘုံနယ်ပယ်ရှိ သက်လတ်ပိုင်းကျင့်ကြံသူ၏နှလုံးသားက တဒုန်းဒုန်း တုန်လှုပ်သွားသည်။ သူ့အဖော်များ တစ်ယောက်ပြီးတစ်ယောက် သေဆုံးနေတာကို သူ့မျက်စိနှင့်ကိုယ်တိုင်တွေ့မြင်ခဲ့ရသည်။ လောကအသူရာနတ်ဘုရားနယ်ပယ်ရှိကျင့်ကြံသူများ၏နာကျင်စွာအော်ဟစ်သံက သူ့၏ကြောက်လန့်မှုကို အထွတ်အထိပ်ကို ရောက်သွားစေခဲ့သည်။ ထိုအချိန်တွင် သူ့စိတ်ထဲတွင် ထွက်ပြေးခြင်းမှတစ်ပါး အခြားမည်သည့် အတွေးမှ မရှိတော့။
သူ အရူးအမူးထွက်ပြေးလိုက်ချိန်တွင်
ကောင်းကင်ရတနာကျင့်ကြံဂြိုလ်၏အထက်ကောင်းကင်မှ ကျယ်လောင်သောပေါက်ကွဲသံများကို ကြားလိုက်ရသည်။ ထိုအသံများနှင့်အတူ ကျယ်လောင်သော ဝီစီသံတစ်ခုက ကောင်းကင်ယံတွင် ဖြတ်သွားခဲ့သည်။ မကြာခင်မှာပဲ၊ တစ်၊ နှစ်၊ သုံး၊ ဒါဇင်ပေါင်းများစွာ...ရာနှင့်ချီသောအလင်းတန်းရှည်များက ကောင်းကင်းယံမှာထွက်ပေါ်လာလေသည်။
ထိုရာနှင့်ချီသောအလင်းတန်းရှည်များကြားတွင် အားအနည်းဆုံးမှာ ကောင်းကင်ဘုံနယ်ပယ်ကနဦးအဆင့်ရှိသူများပင်ဖြစ်သည်။ လောကမှော်ယာဉ်ပျံနယ်ပယ်၏အင်အားကြီးမားသောတည်ရှိမှုကို ထုတ်ဖော်ပြသခဲ့သော လူဒါဇင်ပေါင်းများစွာ ရှိသေးသည်။ ထိုလောကမှော်ယာဉ်ပျံနယ်ပယ်ကျင့်ကြံသူများသည် နဂါးငွေ့တန်းထဲကနေ စုမင်ကို သတိထားမိပြီး စုမင်နောက်သို့လိုက်လာသောပထမအသုတ်ကျင့်ကြံသူများဖြစ်သည်။
မဟာလောကကြီးလေးခုမှပေးအပ်သောဆုလာဘ်များကြောင့် သူတို့က အရာအားလုံးကို သတ်ဖြတ်နိုင်သည်။ ကောင်းကင်ဘုံနယ်ပယ်ကျင့်ကြံသူများအတွက် အခွင့်အလမ်းနည်းပါးသော်လည်း သူတို့၏ဘေးနားတွင် လောကအသူရာနတ်ဘုရားနယ်ပယ်ကျင့်ကြံသူများကြောင့် အရေအတွက် များပြားနေသည်။ သူတို့က အန္တရာယ်အများကြီး မကြုံတွေ့ရဘဲ လောကအသူရာနတ်ဘုရားနယ်ပယ်ကျင့်ကြံသူများကြောင့် ရာဇဝတ်သားသေတာကို မြင်ချင်နေလေသည်။ ပြောရလျှင်က သူတို့က ဆင်ဖြူတော်ကိုမှီ၍ ကြံစုပ်ချင်နေလေသည်။
“ပုလဲရဲ့ တုံ့ပြန်မှုက မယုံနိုင်လောက်အောင် ပြင်းထန်လွန်းတယ်..သူက လေပြင်းဓါးသွားသမုဒ္ဒရာထဲမှာ ရှိနေတယ်။”
“သူက လေပြင်းဓါးသွားတွေနဲ့ပြည့်နေတဲ့နေရာမှာ ရပ်နေတယ်..ရာဇ၀တ်ကောင်ရဲ့ တည်ရှိမှုကို ငါခံစားနိုင်တယ်..”
“ဟားဟား..မင်းတို့ထဲက တစ်ယောက်ယောက်က သူ့ကို ငါ့လက်ကနေ လုယူဖို့ မကြိုးစားနဲ့.. သူ့အသက်ကို ငါပိုင်တယ်..”
“ခုထိ ဒီဆုလာဘ် ဘယ်သူရမယ်ဆိုတာ မသေချာသေးပါဘူးကွာ...”
ရာနှင့်ချီသောအလင်းတန်းရှည်များက လေပြင်းသမုဒ္ဒရာထဲသို့ဆင်းသက်သွားကြသည်။ သူတို့က လေထုကိုဖြတ်၍ ထိုနေရာသို့ လျင်မြန်စွာရောက်ရှိသွားကြသည်။စောစောကထွက်ပြေးလာသောကောင်းကင်ဘုံနယ်ပယ်ရှိလူလတ်ပိုင်းအရွယ်ကျင့်ကြံသူက နောက်ထပ်ကျင့်ကြံသူများစွာကို မြင်လိုက်ရပြီး ပျော်ရွှင်သွားလေသည်။ သူ့အရှိန်သည် တဖြည်းဖြည်းတိုးလာသည်ကို ခံစားလိုက်ရပြီး သူက လေထဲတွင် လွင့်မျောနေသလို ခံစားလိုက်ရသည်။
နောက်တော့ သူက ပြင်းထန်သော ဝေဒနာကို ခံစားလိုက်ရသည်။ သူက သူ့ခေါင်းကိုလှည့်ကြည့်လိုက်သောအခါ ခေါင်းမပါသော အလောင်းတစ်လောင်းမှ သွေးများပန်းထွက်လာသည်ကို မြင်လိုက်ရသည်။ ဤသည်မှာ သူ့ခန္ဓာကိုယ်ပင်ဖြစ်သည်။ သူ မသိလိုက်ချိန်မှာပဲ စုမင်က သူ့နားရောက်လာပြီး သူ့ခေါင်းကို ဖြတ်ယူသွားလေသည်။
စုမင် သယ်ဆောင်သွားသော သူ့ဦးခေါင်းက လေထဲတွင် ပျံဝဲနေလေသည်။
ထိုအချိန်တွင် ထိုလူနောက်ဆုံးမြင်လိုက်ရသောအရာမှာ ကောင်းကင်ရှိအလင်းတန်းရှည်များက သမုဒ္ဒရာထဲသို့ သူ့ထက်ငါဦးအောင် အလုအယက်ပြေးလာနေကြသည်။
“လာကြစမ်း..မင်းတို့အားလုံး ကြောက်လန့်မှုကိုခံစားရအောင်လုပ်ပေးမယ်..ငါမင်းတို့ကို စောင့်နေမယ်...”