ထွက်ခွာခြင်း
Vol. 017 Ch. 1682
ကောင်းကင်အာဏာစက်ဘုံတွင် အရာအားလုံးသည် ပုံမှန်အတိုင်း လည်ပတ်နေ၏။
ကောင်းကင်အာဏာစက်ဘုံတွင် မရေမတွက်နိုင်သော ကျင့်ကြံသူများ ရှိကြပေသည်။ အားလုံးသည် သူတို့၏ကိုယ်ပိုင်အရေးကိစ္စများနှင့် ရှုပ်ထွေးနေပြီး ကိုယ်စီလေ့ကျင့်နေကြသည်။ တိုက်ပွဲများ၊ လုယက်ခြင်းများနှင့် ယှဉ်ပြိုင်ခြင်းများမှာ အမြဲတမ်းဖြစ်လေ့ဖြစ်ထရှိသောအရာများဖြစ်သည်။
ဗြမ္ဘာ့သန့်စင်ကောင်းကင်၏အပေါ် တိမ်တိုက်များတွင်...
တိမ်တိုက်များနှင့်မြူများရစ်သိုင်းနေသော နန်းတော်တစ်နေရာတွင် ချောမွေ့လှပသူလေးတစ်ဦး ငြိမ်သက်စွာ ထိုင်နေသည်။ လေပြင်းများကြောင့် သူမ၏ဆံနွယ်များသည် လူးလွင့်နေကြ၏။ သူမ၏မှတ်ဉာဏ်ထဲတွင် များစွာသော အတိတ်ပုံရိပ်များ ဖြတ်ပြေးနေ၏။ ထိုပုံရိပ်များမှာ ဘုံသုံးထောင်၏နေရာမျိုးစုံမှ အဖြစ်အပျက်များပင်။
ထိုပုံရိပ်များထဲတွင် ကလန်ငယ်များ၊ အပျက်အစီးနေရာများနှင့် စွမ်းအားမြင့်အင်အားစုများ ပါဝင်သည်။ မရေမတွက်နိုင်သော ပုံရိပ်များမှာ မှတ်ဉာဏ်ဟောင်းများဖြစ်ကြသည်။ တဖြေးဖြေးဖြင့် ပုံရိပ်များမှာ ပြည့်စုံသော ပုံရိပ်များဖြစ်လာသည်။
ရုတ်တရက် ပုံရိပ်တစ်ခု သူမ၏စိတ်ထဲကို ဝင်ရောက်လာသည်။ ထိုပုံရိပ်သည် တဖြေးဖြေးဖြင့် ပို၍ ပီပြင်ပြတ်သားလာ၏။ သူမ၏အရှိန်အဝါက ရုတ်တရက် အေးစိမ့်သော အငွေ့အသက်များ ထွက်လာသည်။ သူမက မျက်လုံးများကို ဖွင့်လိုက်၏။
ထိုအခိုက်တွင် ပတ်ဝန်းကျင်မှ တိမ်များနှင့် မြူများ ပြင်းထန်စွာ လှုပ်ရှားသွားသည်။
“အရှင်မ...” သူမအနီးတွင်ရှိသော နတ်မိမယ်တစ်ပါးက သူမထံမှ လှုပ်ရှားမှုကို ခံစားမိဟန်တူသည်။
“ငါ အဆင်ပြေတယ်” ဗြမ္မာ့သန့်စင်ကောင်းကင်သခင်မက တည်ငြိမ်စွာ ပြောသည်။ သူမ၏အသံက တစ်နည်းအားဖြင့် အေးစက်နေ၏။ သူမက ထရပ်လိုက်သည်။
အဝေးကို လှမ်းကြည့်ရင်း သူမ မသက်မသာ ခံစားနေရ၏။ ကိစ္စကြီးကြီးမားမားတစ်ခုခု ဖြစ်တော့မည်လော။
သူမ၏အာရုံခံနိုင်စွမ်းကား အလွန်အားကောင်းသည်။ သူမ၏မှတ်ဉာဏ်ထဲကို ရောက်လာသောပုံရိပ်များမှာ သူမလုပ်ယူခဲ့သည်များ မဟုတ်ပေ။
“ပြင်ပလောကမှာ တစ်ခုခုဖြစ်နေလား” ဗြမ္မာ့သန့်စင်ကောင်းကင်သခင်မက မေးသည်။
“ကောင်းကင်အာဏာစက်ပြည်ထောင်နဲ့ ခရမ်းရွှေကြွက်ကလန်တို့အကြား ပဋိပက္ခကလွဲပြီးတော့ တခြားထူးထူးခြားခြားမရှိပါဘူး” နတ်မိမယ်တစ်ပါးက ပြောသည်။ သခင်မက အတန်ကြာတိတ်ဆိတ်နေပြီးမှ ပြောသည် “ပြင်ပလောကမှာ ဖြစ်နေတာတွေကို စောင့်ကြည့်နေ။ တစ်ခုခုထူးရင် ငါ့ကို သတင်းပို့”
“ဟုတ်ကဲ့ပါ သခင်မ...” တစ်စုံတစ်ယောက်က အမိန့်ကိုလက်ခံကာ ထွက်သွားသည်။
တချိန်တည်းမှာပင် ခရမ်းရင့်ကောင်းကင်နန်းတော်၌...
များစွာသော တန်ခိုးရှင်များသည် ခရမ်းရင့်ကောင်းကင်နန်းတော်အပြင်ဘက်တစ်နေရာ၌ စုဝေးနေကြသည်။ သူတို့သည် ဖြစ်နိုင်ဖွယ်အန္တရာယ်များအားလုံးကို သတိထားနေကြရ၏။ လူရိပ်အချို့ သူတို့ထံသို့ ရွေ့လျားလာသည်။ ရောက်လာသူများသည် မည်သည့်ကိုယ်ရောင်ကိုယ်ဝါကိုမှ မထုတ်လွှတ်ကြဘဲ အလွန်ရင်းနှီးကျွမ်းဝင်သော အပြုအမူများရှိနေသည်။ သို့သော်လည်း ဧည့်သည်များ၏သရုပ်မှန်ကိုသိသော အစောင့်များသည် သူတို့အနေဖြင့် သတိမပြတ်စောင့်ကြည့်ရမည်ဖြစ်ကြောင်း သိကြပေသည်။
ခရမ်းရင့်ကောင်းကင်နန်းတော်အရှင်သည်ပင် နန်းတော်ထဲမှထွက်လာကာ ဧည့်သည်များကို လာတွေ့သည်။
ပုံမှန်အားဖြင့် ဧည့်သည်များကို နန်းတော်အရှင်သိပေသည်။ ထိုသူများမှာ နတ်တောင်ကုန်းတစ်ထောင်မှ လူများဖြစ်ကြသည်။ ဦးဆောင်လာသူမှာ နတ်တောင်ကုန်းတစ်ထောင်အရှင်ဖြစ်၏။
မြန်ဆန်စွာပင် ခရမ်းရင့်နန်းတော်ရှေ့ကို လူသုံးယောက် ရောက်လာသည်။ ခရမ်းရင့်နန်းတော်အရှင်က မေးသည် “ဘာကိစ္စရောက်လာကြတာလဲ”
“ငါက တောင်ပေါ်မှာ လေ့ကျင့်နေတာကြာတော့ ပြင်ပလောကနဲ့အဆက်အသွယ်ပြတ်နေတာကြာပြီ။ ဒါကြောင့် မိတ်ဆွေဟောင်းဆီမှာ လေကောင်းလေသန့်လာရှုတာ” နတ်တောင်ကုန်းတစ်ထောင်အရှင်က ပြုံးလျှက်ပြောသည် “ငါက ခရမ်းရင့်ကောင်းကင်နန်းတော်အနားက ဖြတ်သွားမှတော့ မတွေ့တာကြာတဲ့ နန်းတော်သခင်ကို ဝင်လာတွေ့ရတာပေါ့”
ခရမ်းရင့်နန်းတော်သခင်က နတ်တောင်ကုန်းတစ်ထောင်သခင်ပြောသောစကားကို ပုံမှန်အားဖြင့် မယုံကြည်ပေ။ တစ်ဘက်လူက တစ်စုံတစ်ရာကိစ္စမရှိဘဲ အမှန်တကယ် ရောက်လာမည်လော။
“မင်း ငါနဲ့ဘာကိစ္စရှိလဲ။ ဝေ့လည်ကြောင်ပတ်လုပ်မနေနဲ့” ခရမ်းရင့်နန်းတော်သခင်က တည့်တောပြောသည်။
“ဘာမှမဟုတ်ပါဘူး။ ငါက အနန္တမိုးကြိုးနယ်မြေမှာ နန်းတော်သခင်နဲ့အတူ စစ်တုရင်တစ်ပွဲလောက် စကားချင်လို့” နတ်တောင်ကုန်းတစ်ထောင်အရှင်က ပြောသည်။ အနန္တမိုးကြိုးနယ်မြေသည် ခရမ်းရင့်ကောင်းကင်နန်းတော်၏လျှို့ဝှက်နယ်မြေဖြစ်ကာ နတ်မိုးကြိုးစွမ်းအားများ တည်ရှိသည်။ ခရမ်းရင့်ကောင်းကင်နန်းတော်၏ပင်မတပည့်များသာ ထိုနေရာသို့ ဝင်ရောက်ခွင့်ရှိသည်။
နတ်တောင်ကုန်းတစ်ထောင်အရှင်က ထိုနေရာသို့ ဝင်ရောက်လိုသည်။ သူက ထိုနေရာတွင် လေ့ကျင့်လိုနေသည်လား။
“ငါတို့က မိတ်ဆွေဟောင်းတွေပဲ။ နန်းတော်သခင်က ဒီလောက် မတွန့်တိုပါဘူး။ ဟုတ်တယ်မလား” နတ်တောင်ကုန်းတစ်ထောင်အရှင်က ပြံးလျှက်မေးသည်။
“မင်းက ဒီလောက် စိတ်ဝင်စားနေမှတော့ ဝင်လာပါ” ခရမ်းရင့်ကောင်းကင်နန်းတော်သခင်က တစ်ဘက်လူ၏တောင်းဆိုမှုမှာ သိပ်ပြဿနာမရှိဟု တွေးကာ လက်ခံလိုက်သည်။
“မင်း လမ်းပြပေးပါ” နတ်တောင်ကုန်းတစ်ထောင်အရှင်က ပြောသည်။ ထို့နောက် သူတို့အုပ်စုက ခရမ်းရင့်နန်းတော်ထဲကို ဝင်ရောက်သွားကြသည်။
…
ကောင်းကင်အာဏာစက်ပြည်ထောင်၏ပင်မနန်းတော်အရှေ့တွင် နောက်ထပ်လူတစ်ယောက် လာရောက်သတင်းပို့နေသည်။
“ဘာကိစ္စလဲ...” နန်းတော်ထဲမှ အသံတစ်သံကို ကြားရသည်။
“အရှင်မင်းကြီး... မိစ္ဆာဘုံမှာ လှုပ်ရှားမှုအချို့ရှိပါတယ်” ထိုသူကသတင်းပို့သည်။
သူက ထိုသို့ပြောလိုက်သည်နှင့် ကောင်းကင်အာဏာစက်အရှင်သည် နန်းတော်အပြင်သို့ ချက်ချင်းထွက်လာကာ မေးသည် “ဘယ်လိုလှုပ်ရှားမှုတွေလဲ”
“လတ်တလော မိစ္ဆာဘုံကနေ ကောင်းကင်မိစ္ဆာအဖွဲ့သားတွေ၊နတ်ဆင်တွေနဲ့ နဂါးတွေဟာ မိစ္ဆာဘုံက ထွက်လာတဲ့သဲလွန်စတွေ တွေ့ရပါတယ်”
“အရေအတွက်ဘယ်လောက်ရှိလဲ။ သူတို့ ဘယ်ကိုသွားတာလဲ”
“သိပ်မသေချာပါဘူး။ ကျွန်တော်တို့လူတွေက သူတို့လှုပ်ရှားမှုတွေကို အသေးစိတ်ထောက်လှမ်းဖို့ အခက်အခဲရှိပါတယ်”
“ဆိုလိုတာက သူတို့အရေအတွက်က နည်းတာပေါ့”
“သိပ်မများလောက်ဘူး”
“အခြေအနေကို ဆက်ပြီးစောင့်ကြည့်နေ”
“ဟုတ်ကဲ့ပါ အရှင်မင်းကြီး”
ကောင်းကင်အာဏာစက်အရှင်က အနည်းငယ် မျက်မှောင်ကြုတ်လိုက်သည်။ မိစ္ဆာဘုံကလူများ မည်သည့်အစီအစဉ်ရှိသနည်း။
“အဖေ....”
ထိုအခိုက်တွင် နန်းတော်ထဲမှ နောက်တစ်ယောက်ထွက်လာသည်။ သူကား ကောင်းကင်အာဏာစက်အရှင်၏သားဖြစ်သူ ရိထျန်းယွီဖြစ်သည်။
မကြာသေးခင်က သူသည် ရန်ဟောင်အဆင့်သို့ တက်လှမ်းခဲ့၏။ နတ်ဘုရားအကြွင်းအကျန်နယ်မြေ၌ သူသည် ရီဖူရှင်း၏လှံချက်ကြောင့် ကြီးမားစွာ စိတ်ဒဏ်ရာရခဲ့ပြီး ပြန်လည်ကုစားရန် ခက်ခဲခဲ့သည်။ သို့သော်လည်း နောက်ဆုံးတွင် ထိုစိတ်ဒဏ်ရာကို လွန်မြောက်ကာ သူသည် အဆင့်တက်နိုင်ခဲ့၏။
သို့တိုင်အောင် သူ့အတွက် အက်ကြောင်းမဲ့ဝင်ရိုးဖွဲ့စည်းခြင်းမှာ မဖြစ်နိုင်ခဲ့ပေ။ သူ့အနေဖြင့် ရတနာအဆင့်ဝင်ရိုးကိုသာ ဖွဲ့စည်းနိုင်ခဲ့သည်။
“မင်းဘာလို့ ရောက်လာတာလဲ... မင်းအဆင့် တည်ငြိမ်သွားပြီလား” ပြည်ထောင်အရှင်က မေးသည်။
“ဟုတ်ကဲ့...” ရိထျန်းယွီက ခေါင်းညိတ်သည် “သူက ထျန်ရှင်းကျောင်းတော်က ထွက်သွားပြီလား”
ရိထျန်းယွီက မည်သူ့ကို ရည်ညွန်းသည်ကို ကောင်းကင်အာဏာစက်အရှင်သိပေသည်။ သူက ခေါင်းညိတ်ကာ ပြောသည် “မင်းက ရီဖူရှင်းထက်နောက်ကျပြီး ရန်ဟောင်အဆင့်ကို ရောက်ပေမယ့် ရန်ဟောင်အဆင့်ဆိုတာ အစပဲရှိသေးတယ်။ မင်းအနေနဲ့သူ့ကို မမှီဘူးဆိုတာ မဖြစ်နိုင်စရာမရှိဘူး”
“အဖေ... ကျွန်တော့ကို နှိပ်သိမ့်ဖို့မလိုပါဘူး။ အနာဂတ်မှာ ကျွန်တော်က ကိုယ့်ကိုယ်ကိုယ်ပဲ ယှဉ်ပြိုင်ပြီး အားထုတ်သွားတော့မယ်” ရိထျန်းယွီက ပြောသည်။ သူ၏စိတ်ကား ယခင်နှင့်မတူတော့ပေ။ ယခင်က သူသည် ရီဖူရှင်း၏အရိပ်အောက်၌သာ အမြဲရှိနေခဲ့သည်။
သို့သော်လည်း လက်ရှိတွင် ရိထျန်းယွီသည် ထိုအရိပ်အောက်မှ လွတ်မြောက်ခဲ့ပြီဖြစ်သည်။ သူ၏ကျင့်ကြံခြင်းခရီးလမ်းတွင် တခြားတစ်ယောက်နှင့် မည်သည့်အခါမှ ယှဉ်ပြိုင်ရန် ကြိုးစားတော့မည်မဟုတ်ပေ။
ရီဖူရှင်းကိုမူ သူသည် အသက်မသေပါက သူ့ထက်ရှေ့ကို ရောက်မည့်သူအဖြစ် သူလက်ခံပြီးဖြစ်သည်။
“မင်းက ဒါတွေကို ကျော်ြဖတ်နိုင်တာ ကောင်းတယ်” ပြည်ထောင်အရှင်က ခေါင်းညိတ်ကာ ပြောသည် “ရီဖူရှင်း သေသွားတဲ့အခါ မင်းလည်း ခရီးထွက်သင့်တယ်”
ရိထျန်းယွီ မည်သည့်စကားမှမဆိုတော့။ သူ၏အဖေသည် ရီဖူရှင်း၏လှုပ်ရှားမှုများကို စောင့်ကြည့်ကာ သတ်ဖြတ်ရန် အမြဲတမ်းကြံစည်နေသည်ကို သူသိသည်။
လက်ရှိတွင် ရီဖူရှင်း၏တည်ရှိမှုသည် ကောင်းကင်အာဏာစက်ပြည်ထောင်အတွက် ရန်စွယ်တစ်ခုဖြစ်လာသည်။ ထိုအချက်ကို သူတို့အားလုံး နားလည်သည်။
…
မိစ္ဆာဘုံတွင် နဂါးတို့နယ်မြေ၌ များစွာသော နဂါးတို့သည် ကောင်းကင်တွင် ပျံဝဲနေကြ၏။ သူတို့၏မာန်ဖီသံများသည် လေလှိုင်းများကို အဆက်မပြတ် တုန်ခါစေ၏။
ရီဖူရှင်းလည်း ထိုနေရာတွင်ရှိပေသည်။ သူသည် ဧရာမနဂါးကြီးတစ်ကောင်ပေါ်တွင် ထိုင်နေကာ ကောင်းကင်တွင်ပျံဝဲနေကြသော နဂါးတို့အား ဆန်းစစ်ကြည့်နေ၏။ သူ၏အကြည့်သည် အဝေးသို့အထိ ထွင်းဖောက်သွားဟန်ရသည်။
နဂါးမင်း ထွက်သွားပြီဖြစ်သည်။ ထို့နောက်တွင် ကျန်သောသူများသည်လည်း ကောင်းကင်အာဏာစက်ပြည်ထောင်ထံသို့ ထွက်ခွာကာ တစ်ပြိုင်နက်တည်း တိုက်ခိုက်မည်ဖြစ်၏။
“သွားစို့...” ရီဖူရှင်းက အမိန့်ပေးသည်။ သူက ထိုသို့ပြောလိုက်သည်နှင့် နဂါးများ၏မာန်ဖီသံများသည် ကောင်းကင်တခွင်လုံးကို မိုးခြမ်းသံများအလား မြည်ဟီးသွားစေသည်။ နဂါးနယ်မြေအပြင်မှပင် ထိုအသံများကို ကြားနိုင်ပေသည်။
မရေမတွက်နိုင်သော စွမ်းအားမြင့်မိစ္ဆာများသည် ခေါင်းမော့ကာ နဂါးတို့ရှိရာအရပ်သို့ လှမ်းကြည့်ကြ၏။ ကောင်းကင်တွင် ဧရာမနဂါးများသ်ည လေထုကိုခွင်းကာ အဝေးသို့ ထွက်ခွာနေကြသည်။
“ဒါ...” သားရိုင်းတစ်ကောင်သည် ထိုမြင်ကွင်းကိုကြည့်ကာ တုန်လှုပ်သွား၏။ နဂါးများထွက်ခွာသွားသည်နှင့် ထိုသားရဲသည် မြန်ဆန်စွာပင် ထိုနေရာမှ ထွက်ခွာသွားကာ ထိုသတင်းကို ဖြန့်သည်။
နဂါးတို့ မည်သည့်နေရာသို့ သွားကြသနည်း။
နဂါးများအပြင် ကောင်းကင်မိစ္ဆာအဖွဲ့နှင့် နတ်ဆင်တို့သည်လည်း စတင်၍ ထွက်ခွာကြသည်။ သူတို့၏လှုပ်ရှားမှုများမှာလည်း မိစ္ဆာဘုံကို ကြီးမားစွာ ရိုက်ခတ်၏။
ထိုသတင်းသည် တောမီးပမာ မြန်ဆန်စွာ ပျံ့နှံ့သွားတော့သည်။
မိစ္ဆာဘုံမှ ထိပ်သီးပုဂ္ဂိုလ်များ လူသားတို့နေရာသို့ ဦးတည်နေကြသည်။ မိစ္ဆာများနှင့် လူသားတို့ စစ်ခင်းကြတော့မည်လော။
သို့သော်လည်း စစ်ဖြစ်မည်ဆိုပါက ကြိုတင်နိမိတ်များ ရှိရပေမည်။ အဘယ်ကြောင့်နည်း။
မိစ္ဆာဘုံက လူသားတို့ဘုံကို အုပ်စိုးလိုသည်လား။
လူသားတို့သည် မိစ္ဆာဘုံနှင့် ငြိမ်းချမ်းရေးရနေသည်မှာ နှစ်များစွာကြာပြီဖြစ်သည်။ ယခု ရုတ်တရက် စစ်ဖြစ်တော့မည်လော။
အဆင့်မြင့်ရန်ဟောင်များဦးဆောင်သော အင်အားသည် အမြန်ဆုံးဖြစ်သည်။ သူတို့သည် မိစ္ဆာဘုံမှ ထွက်ခွာကာ နယ်ခြားစည်းကိုကျော်ဖြတ်လျှက် လူသားတို့နယ်မြေ၌ ပေါ်လာသည်။
လူသားကျင့်ကြံသူများက မိစ္ဆာများကို ရုတ်တရက်မြင်လျှင် ကြီးစွာ ကြောက်လန့်သွားကြသည်။
ဘာဖြစ်နေသနည်း။
ကောင်းကင်အာဏာစက်ပြည်ထောင်အုပ်စိုးသောနေရာကား ရေပြင်အလား တည်ငြိမ်ဆဲဖြစ်သည်။ သို့သော်လည်း မိစ္ဆာကလန်သုံးခု ချဉ်းနင်းဝင်ရောက်လာချေပြီ။
***