← Chapters

အရှုံးပေးသည်

Vol. 25 Ch. 361

အရှုံးပေးသည်

Vol. 25 Ch. 361

ပြိုင်ဘက်ကင်းသန္ဓေက အသေးစိတ်ဗျူဟာချပေးသဖြင့် လုယန် တကယ်အံ့အားသင့်သွားသည်။

အစောပိုင်းက ပြိုင်ဘက်ကင်းသန္ဓေသည် ရွေးချယ်စရာနှစ်မျိုးသာပေးသည်။ ထွက်ပြေးခိုင်းသည်။ သို့မဟုတ် ပုံမှန်အတိုင်းရိုက်ခိုင်းသည်။ လုယန်စိတ်ထဲတွင် ကျင့်စဉ်ထောက်လှန်းသည့် ပစ္စည်းကောင်းတစ်ခုလိုသာ သဘောထားသည်။

အင်အားကြီးရန်သူနှင့် ရင်ဆိုင်ချိန်တွင် ထိုကဲ့သို့ ယုံကြည်ရသည့် အစီအစဉ်တစ်ခု ချပေးမည်ဟု ထင်မထားခဲ့။

ထိုသန္ဓေကို နတ်မယ်အသိအမှတ်ပြုခဲ့သည်မှာ မဆန်းတော့။

"ဟီးဟီး ငါ့ပြိုင်ဘက်ကင်းသန္ဓေ ဘယ်လောက် အံ့ဩစရာကောင်းလဲ သိပြီမဟုတ်လား။ မော်ကြွားလေ့သိပ်မရှိသည့် နတ်မယ်က ကုတင်ပေါ်မှထရပ်၍ ထိုင်ခုံတစ်ခု ချက်ချင်းဖန်တီးပြီး ခြေချင်းချိတ်၍ထိုင်သည်။ ခြေထောက်ကို ပျော်ရွှင်စွာ လွှဲယမ်းနေသည်။

"နောက်ဆို ငါ့ကို လေးစားမှုနည်းနည်းတော့ပြပါ။ ငါဒီထက်မက အများကြီးလုပ်နိုင်ပါတယ်။

ငါ့ပုခုံးတွေ ညောင်းလိုက်တာ။ ငါ့ကိုနှိပ်ပေးစမ်းပါ"

နတ်မယ် လုယန်ကို နှိပ်ပေးရန် အချက်ပြလိုက်သည်။

လုယန် စဉ်းစားသည်။ ယွမ်ကျိ၏ ဂျူနီယာတပည့်၊ မျိုးဆက်တူထဲတွင် ထိပ်ဆုံး၊ ရွှေသန္ဓေအဆင့်တွင် နံပတ်တစ်ဓားကျင့်ကြံသူ၊ တာအိုလမ်းစဉ်ဂိုဏ်းချုပ်၏ တပည့်တစ်ယောက်အနေဖြင့် စီနီယာမသေမျိုးတစ်ယောက်ကို နှိပ်ပေးသည်မှာ သဘာဝမကျစရာမရှိ။

"ဒီအားလောက်ဆို အဆင်ပြေလား"

"နည်းနည်းလေးအားစိုက်ဦး..အင်း...အဲလောက်ဆို အနေတော်ပဲ"

လုယန်၏ဝန်ဆောင်မှုကို နတ်မယ်အတော်ကျေနပ်နေသည်။

...

ပိုင်မင်အရှုံးပေးလိုက်ချိန်တွင် ပရိတ်သတ်ကြီး အကြီးအကျယ် အံ့အားသင့်သွားသည်။ ပိုင်မင်ထိုသို့မြန်မြန်ရှုံးသွားမည်ဟု ထင်မထားကြ။

နှစ်ယောက်လုံးက မသေမျိုးဂိုဏ်းတပည့်များဖြစ်သည်။ ရွှေသန္ဓေအခြေခံအဆင့်များဖြစ်သည်။ ကွာဟချက် ယခုလောက်မကြီးသင့်။

"ပိုင်မင်က ဓာတ်ငါးမျိုးမှော်ပညာတွေမှာ ကျွမ်းကျင်တယ်လို့ ပြောကြတယ်။ ဒါပေမယ့် ရွှေ(လှံ)နဲ့မြေဓာတ်မှော်ပညာတွေပဲသုံးပြီး အရှုံးပေးသွားတယ်ပေါ့"

"တစ်ခြားသူဘာလုပ်နိုင်မှာလဲ။ မြေအောက်မှာ အမြဲတမ်းမြှုပ်ခံနေရမှာလား"

"ပိုင်မင်ရှုံးသွားတာ မတရားဘူးကွာ။ သူက စွမ်းအားပြည့်တောင်ထုတ်မသုံးရသေးဘဲ ထိန်းချုပ်ခံရတယ်"

နတ်ဆိုးချုပ်တောင်ကြားမှ တိုက်ပွဲအတွေ့အကြုံများသည့် ကျင့်ကြံသူတစ်ယောက်က ထိုမှတ်ချက်ကို သဘောမကျသဖြင့် မာန်မဲလိုက်သည်။

"မတရားဘူးတဲ့လား။ တိုက်ပွဲကွင်းထဲရောက်ရင် ဘယ်သူကဒါကို ဂရုစိုက်နေမှာလဲ။ ရန်သူက မင်းစွမ်းအင်အပြည့်ထုတ်တဲ့အထိ စောင့်နေမယ်ထင်လား"

မာန်မဲခံရသူ ခွန်းတုံ့မပြန်နိုင်တော့။

"အကြီးအကဲခန်း၊ လုယန်ရဲ့ ရွှေသန္ဓေဘာလဲဆိုတာ ခန့်မှန်းနိုင်လား"

ရွှေသန္ဓေကျင့်ကြံသူအုပ်စုတစ်ခု သိုင်းပြိုင်ကွင်းရှေ့တွင် စုစည်းလာသည်။ အကြီးအကဲခန်း၏သုံးသပ်ချက်ကို စောင့်နေဆဲဖြစ်သည်။

သူတို့ပါရမီဖြင့် သူတို့တစ်သက်လုံး ပထမဆင့်ရွှေသန္ဓေ ဘယ်တော့မှတည်ဆောက်နိုင်မည်မဟုတ်သော်လည်း အသိအမြင်ကျယ်ခွင့်ရလျှင် အဖိုးတန်သေးသည်။ အိမ်ပြန်ရောက်လျှင် ကြွားလုံးထုတ်ခွင့်ရဦးမည်။

အကြီးအကဲခန်း စိတ်ပျက်လက်ပျက် မုတ်ဆိတ်သပ်မိလုနီးပါးဖြစ်သွားသည်။ လုယန်၏ရွှေသန္ဓေ ဘာအမျိုးအစားမှန်း သူမသိ။

"ပိုင်မင်တို့ ယန်ထန်ကျိတို့ရွှေသန္ဓေတွေကို မခန့်မှန်းနိုင်ဘူးဆိုပေမယ့် အနည်းဆုံးတော့ သဲလွန်စတွေရှိသေးတယ်။ ပိုင်မင်က ဓာတ်ငါးမျိုးနဲ့ပတ်သက်တဲ့ ရွှေသန္ဓေ၊ ယန်ထန်ကျိက ဖိနှိပ်မှုနဲ့ဆိုင်တဲ့သန္ဓေပဲ။ ဒါပေမယ့် လုယန်ကျတော့...ငါဝန်ခံရမှာပဲ။ ငါ့မျက်လုံးအိုတွေက ဘာမှမခွဲခြားနိုင်ဘူး"

အကြီးအကဲခန်း ခေါင်းခါသည်။ တာအိုလမ်းစဉ်ဂိုဏ်း၏ ရွှေသန္ဓေများသည် အမျိုးအစားကွဲပြားပြီး ထူးဆန်းသည်။ ရွှေသန္ဓေများစွာမြင်ဖူးပြီး ချင်းကျိုးကျင့်ကြံသူများ၏ သန္ဓေအားလုံးကို အကဲဖြတ်နိုင်သည့် သူ့လိုလူပင် ထိုရွှေသန္ဓေမျိုးကို မမြင်ဖူး။

နန်းမြို့တော်အကယ်ဒမီတွင် အများသဘောတူထားသည့် အချက်တစ်ချက်ရှိသည်။ တာအိုလမ်းစဉ်ဂိုဏ်း ရွှေသန္ဓေဆယ်ခုတွင် သုံးခုလေးခုလောက်က ထူးခြားသည့်အရည်အသွေးမျိုးရှိသည်။

"လုယန်ရဲ့ရွှေသန္ဓေက လုံးဝအသစ်တစ်ခုဖြစ်မယ်။ အရင်ကမြင်ဖူးတာတွေနဲ့ မတူဘူး"

ရွှေသန္ဓေအကဲဖြတ်ဆရာသည် လန်ထင်၏ ကမ္ဘာဦးကပ်ဆိုးရွှေသန္ဓေနှင့် မုန်ကျင်းကျိုး၏ သန့်စင်ယန်ရွှေသန္ဓေကိုသာ အကြမ်းဖျဉ်း ခွဲခြားနိုင်ခဲ့သည်။

မုန်ကျင်းကျိုးကို လေးစားသည့်အနေဖြင့် တစ်ကိုယ်တော်(လူပျို)ရွှေသန္ဓေကို ပိုနားထောင်ကောင်းအောင် သန့်စင်ယန်ရွှေသန္ဓေဟု ရည်ညွှန်းခဲ့သည်။

ပြိုင်ပွဲစင်ပေါ်တွင် လန်ထင်က လုယန်၏ ကြာကိုယ်ပွားနှင့် အပြင်းအထန် တိုက်ခိုက်နေဆဲဖြစ်သည်. သို့သော် သူ့အာရုံများလွင့်နေသည်။

အစောပိုင်းက ပိုင်မင်နှင့်လုယန် တိုက်ခိုက်သည်ကို မျက်လုံးထောင့်မှ သူလှမ်းမြင်လိုက်သည်။ အရဟတ်လက်သီးတစ်ချက်တည်းဖြင့် ပိုင်မင်၏ဆံပင်အားလုံး ကျွတ်ကျသွားသည်။

လုယန်၏ကိုယ်ပွားလည်း ချင်ဖုန်းဓားကိုလွှင့်ပစ်ပြီး အရဟတ်လက်သီးဖြင့် တိုက်ခိုက်လာမည်ကို သူစိုးရိမ်သည်။

"ကိုယ်ပွားနဲ့ ဝေးဝေးနေတ စိတ်အချရဆုံးပဲ"

ခပ်လှမ်းလှမ်းထိ သူခုန်ဆုတ်သွားပြီးနောက် သူ့ကျောက်စိမ်းတံဆိပ်ထဲမျ လက်ဝါးအရွယ်သေတ္တာငယ်တစ်ခု ထုတ်လိုက်သည်။

"ဒါကဘာလဲ"

လုယန်ကိုယ်ပွားက သိစိတ်အာရုံဖြင့် စစ်ဆေးကြည့်ည်။ သေတ္တာထဲတွင် ထူထဲသည့်မှောင်အဆောင်တစ်ထပ် ရှိနေသည်။ သေတ္တာအောက်ခြေတွင် သူနှင့်ရင်းနှီးနေသည့် မှော်စက်ဝန်းတစ်ခုရှိသည်။

လန်ထင် လုယန်ကို ဆက်ပြီးမခန့်မှန်းခိုင်းတော့။

"မသေမျိုးနန်းတော်ကို ပြန်ရောက်တော့ အော်တိုတံစို့ထိုးမှော်စက်ဝန်းကို နေ့ရောညပါ လေ့လာခဲ့တယ်။ ဒါပေမယ့် မှော်စက်ဝန်းပညာမှာ ကျွန်မပါရမီက သိပ်မကောင်းဘူး။ ပြည့်စုံအောင် မလုပ်နိုင်ခဲ့ဘူး။ ဝါးတံစို့တွေက မယုံနိုင်လောက်တဲ့ အမြန်နှုန်းနဲ့ထ ထွက်ထွက်သွားတယ်။

ဒါကြောင့် ကျွန်မတစ်ခြားလမ်းကြောင်း ပြောင်းလိုက်တယ်။ ဝါးတံစို့တွေကို မှော်စက်ဝန်းနဲ့ ထုတ်လွှတ်နိုင်ရင် မှော်အဆောင်တွေရောမရဘူးလားပေါ့။ အဲဒီ့စိတ်ကူးကို အခြေခံပြီး ပြောင်းလဲပြင်ဆင်မှုတွေ နည်းနည်းလုပ်တယ်။ မှော်စက်တန်းကိုချုံ့ပြီး တံစို့တွေနေရာမှာ မှော်အဆောင်တွေ အစားထိုးလိုက်တဲ့။ ဒါမျိုးပေါ့"

သေတ္တာဖြင့် လုယန်ကိုယ်ပွားကို ချိန်ရွယ်ပြီးနောက် မှော်စက်ဝန်းကို အသက်သွင်းလိုက်သည်။ မှော်အဆောင်များ မြင့်မားသည့်အမြန်နှုန်းဖြင့် ထွက်လာသည်။ လျှပ်စီးများ၊ မီးတောက်များ၊ လေဓားများနှင့် တစ်ခြားအသွင်သဏ္ဌာန်များအဖြစ် လေထဲတွင်ပြောင်းလဲသွားသည်။ တစ်ခုချင်းစီကို လန်ထင်သေချာဖန်တီးထားခြင်းဖြစ်သည်။ တစ်ခုချင်းစီသည် ရွှေသန္ဓေအဆင့်ကျင့်ကြံသူကို အပြင်းအထန်ဒဏ်ရာရအောင် စွမ်းဆောင်နိုင်သည်။ လုယန် မျက်ခုံးလှုပ်သွားသည်။

"ဝုန်း"

"ဖျောင်း"

"ဘုန်း"

မှော်စက်ဝန်းတစ်ခုချင်းစီက တိုက်ခိုက်ပုံခြင်းမတူကြ။ မရပ်မနား တစ်ခုပြီးတစ်ခု တိုက်ခိုက်ကြသည်။ လုယန်ကိုယ်ပွား၏ ခန္ဓာကိုယ်ကို အသံမျိုးစုံ ရိုက်ခတ်နေသည်။

ချင်ဖုန်းဓားကို သူ့ရှေ့တွင် ကာထားသည်။ တိုက်ခိုက်မှုများ ဆက်တိုက်ထိသဖြင့် သူ့လက်ကောက်ဝတ်တုန်ရင်နေသည်။

မှော်အဆောင်များ ပေါက်ကွဲထွက်သွားသည်။ ကွင်းထဲတွင် ဖုန်မှုန့်များ မြင့်တက်သွားသည်။ မှော်အဆောင်သေတ္တာ ကုန်ခမ်းသွားပြီးနောက် ဖုန်မှုန့်များ ပြန်ငြိမ်သွားသည်။ အကောင်းပကတိရှိနေဆဲဖြစ်သည့် လုယန်ပေါ်လာသည်။

"တကယ်လေးစားစရာပါပဲ အကိုလုယန်။ ဒါပေမယ့် နှစ်ဆတိုက်ခိုက်မယ်ဆိုရင်ရော"

လန်ထင် မခိုးမခန့်ပြုံး၍ မှော်အဆောင်အပြည့်ဖြည့်ထားသည့် သေတ္တာငယ်နှစ်ခု ထပ်ထုတ်၍ လုယန်ကိုယ်ပွားကို ထိုးချိန်သည်။

မှော်အဆောင်များ လွှတ်ခါနီးတွင် လုယန်၏မူလခန္ဓာက ပြုံး၍သူ့ဆီလျှောက်လာသည်။

"ပိုင်မင်ကတော့ အရှုံးပေးသွားပြီ။ မင်းပဲကျန်တော့တယ်"

"အရှုံးပေးသွားပြီပေါ့"

လန်ထင် မင်သက်မိသွားသည်။ မှော်အဆောင်းများပစ်လွှတ်ရာတွင် စိတ်စူးစိုက်ထားခဲ့သဖြင့် ပိုင်မင်အခြေအနေကို သူသတိမထားမိခဲ့။ ရှုံးသွားပြီထင်သည်။

သူခေါင်းလှည့်ကြည့်သည်။ ဒိုင်လူကြီးထိုင်ခုံတွင် မကျေမချမ်းမျက်နှာနှင့်ထိုင်နေသည့် ပိုင်မင်ကို တွေ့ရသည်။

"‌ကောင်းပြီလေ၊ ကျွန်မလည်း အရှုံးပေးပါတယ်"

မုန်ကျင်းကျိုးနှင့် ယန်ထန်ကျိတို့က အပြင်းအထန်တိုက်ခိုက်နေကြဆဲဖြစ်သည်။ ယန်ထဲကျိက ထောင်ထျဲ့အစစ်နှင့် တူနေသည်။ မြင်သမျှအရာအားလုံးကို ကြမ်းတမ်းစွာ ဝါးမျိုနေကြသည်။

မုန်ကျင်းကျိုးက သူ့ထက်ပိုကြမ်းသေးသည်။ ပါးစပ်ကိုဟ၍ လုယန်ထံမှသင်ထားသည့် ကောင်းကင်မျိုနတ်စွမ်းအားကို အသုံးပြသည်။ ပြိုင်ပွဲစင်ပေါ်မှ ဝိညာဉ်စွမ်းအင်များ အားလုံးကို ပါးစပ်ထဲစုပ်ယူသည်။

"ဖွီး"

ဝိညာဉ်စွမ်းအင်ကို အလုံးငယ်တစ်ခုဖြစ်အောင် ဖိနှိပ်၍ ယန်ထန်ကျိထံ ထွေးထုတ်သည်။

ယန်ထန်ကျိ ထိုဝိညာဉ်စွမ်းအင်လုံးကို မထိရဲ လမ်းကြောင်းလွတ်အောင် ရှောင်သည်။ မုန်ကျင်းကျိုး အေးစက်စက် လှောင်ပြုံးပြုံးသည်။

"မင်းဘယ်နှခါရှောင်နိုင်မလဲ ကြည့်ကြသေးတာပေါ့ကွာ။ ဖွီး...ဖွီး...ဖွီး"

ဝိညာဉ်စွမ်းအင်လုံးသုံးခုက ယန်ထန်ကျိပြေးလမ်းများကို ပိတ်ဆို့သည်။ ယန်ထန်ကျိ မျက်မှောင်ကျုံ့သွားသည်။ သူ့ကိုယ်ပေါ်မှ နောက်ထပ်တက်တူးတစ်ခု အရောင်လက်လာသည်။

"ဒိုင်းကာသရဲ"

ဒိုင်းကိုင်ထားသည့် သရဲဘုရင်အရိပ် သူ့နောက်ဘက်တွင် ပေါ်လာသည်။ လက်သည်းများကို ဝှေ့ယမ်းသည်။ ထိုသရဲဘုရင်၏ဒိုင်းက ဝိညာဉ်စွမ်းအင်လုံးများကို ကာထားသည်။ စွမ်းအင်လုံးများ ဒိုင်းကာနှင့်ထိ၍ ပေါက်ကွဲသွားသည်။

ထိုပုံရိပ်သည် ယန်ထန်ကျိ၏ အခြေတည်အဆင့်မှ တိုက်ပွဲတက်တူးတစ်ခုဖြစ်သည်။

ဒိုင်းကာသရဲ။

ထူးခြားသည့် ခုခံနိုင်စွမ်းကြောင့် နာမည်ကျော်သည်။ တိုက်ခိုက်မှုစွမ်းရည်မရှိ။

"ငါမယုံဘူးကွ။ ဖွီး..."

ဝိညာဉ်စွမ်းအင်လုံးများ မုန်ကျင်းကျိုးပါးစပ်မှ အဆက်မပြတ်ထွက်လာသည်။ တိုက်ခိုင်နိုင်သည့်အချိန်အတိုင်းအတာက သူဆက်တိုက်ထွေးထုတ်နိုင်သည့်အချိန်ပေါ် မူတည်သည်။

အာခြောက်လာသည်အထိ သူထွေးထုတ်နေသည်။ ထို့နောက် ကျောက်စိမ်းတံဆိပ်ထဲမှ ဘူးသီးခြောက်တစ်လုံးဆွဲထုတ်၍ ရေတစ်ငုံသောက်ပြီး အကြံပေးသည်။

"ညီလေး၊ ငါအကြံတစ်ခုပေးမယ်။ စောစောစီးစီး အရှုံးပေးလိုက်ပါ။ ဒါမှငါတို့အားလုံး ဒုက္ခသက်သာမှာ။ မင်းလေးဘက်ထောက်ပြီး မသွားနိုင်တဲ့အထိ ငါမရိုက်ချင်ဘူး။ ဒီလိုရိုက်တဲ့သတင်း အပြင်ကိုပြန့်သွားရင် ဘယ်လိုဖြစ်လာမလဲ"

ယန်ထန်ကျိ ဒေါသထွက်သွားသည်။ စကားတစ်လုံးချင်း တမင်အချိန်ဆွဲပြောသည်။

"ငါ..အ..ရှုံး...ပေးမယ်.."

မုန်ကျင်းကျိုး ပျော်သွားသည်။ ထင်ထားသည်ထက် ပိုလွယ်ကူူနေသည်။ စင်ပေါ်မှ ခုန်ဆင်း၍ လုယန်ဆီလျှောက်သွားသည်။

ထိုစဉ် ယန်ထန်ကျိ ဆက်ပြောသည့်စကားကို ကြားလိုက်ရသည်။

"...လို့...လုံးဝ...စိတ်...ကူး...မယဉ်...နဲ့"

မုန်ကျင်းကျိုး - "..."

********************************

All Chapters