အဓိပဓိဓား
Vol. 25 Ch. 366
ကောင်းကင်အမြင့်တွင် စုစည်းခြင်းစွမ်းအားရှင်ခြောက်ယောက် တိုက်ခိုက်နေသည်။ အားလုံးက ဆန်းကြယ်သည့်စွမ်းရည်ကိုယ်စီ ထုတ်ပြနေသည်။ အောက်ဘက်မှကျင့်ကြံသူများကို ထိုမြင်ကွင်းက ညှို့ငင်ဖမ်းစားထားသည်။ လုယန်တို့ငါးယောက်ပင် အာရုံအပြည့်စိုက်၍ ကြည့်ကြသည်။ စုစည်းခြင်းအဆင့်တိုက်ပွဲတစ်ပွဲ လက်တွေ့မြင်ရဖို့ အလွန်တရာခဲယဉ်းသောကြောင့်ဖြစ်သည်။
တိုက်ပွဲကြည့်ဖို့ စိတ်မဝင်စားသူ တစ်ယောက်သာရှိသည်။ ထိုလူက ရှေးဟောင်းကျင့်ကြံသူနှစ်ယောက်ကို ဒေါသရိပ်အပြည့်ဖြင့်ကြည့်၍ အံကြိတ်နေသည်။
"သောက်ရေးမပါတဲ့ ရှေးဟောင်းကျင့်ကြံသူတွေ။ ဒီကောင်တွေ နေရာတိုင်းကိုရှိနေတာပဲ"
အသားကင်ဆိုင်မှ ဒုဂိုဏ်းချုပ်ကျောက်ရိုး ရှေးဟောင်းကျင့်ကြံသူလင်မယားကို ကိုယ်တိုင်ဝင်တိုက်ခိုက်၍ နှိပ်ကွပ်ပစ်ချင်စိတ်ပေါက်လာသည်။ ဖြစ်နိုင်လျှင် ဒေါသဖွင့်ထုတ်ဖို့ သူတို့ကိုသတ်၍ ခန္ဓာကိုယ်ကို အလောင်းရုပ်သေးအဖြစ် ပြောင်းပစ်ချင်သည်။
တိုက်ပွဲရလာဒ်ဘယ်လိုဖြစ်လာဖြစ်လာ အာဏာပိုင်များက ဤနေရာကို သေချာစစ်ဆေးကြတော့မည်။ လုံခြုံရေးအတွက် ချင်းကျိုးပွဲတော်ရက်ကို ရပ်နားတော့မည်။
ပွဲတော်ချိန်သည် ရှစ်ရက်ကြာသည်။ သို့သော်ယခု နှစ်ရက်သာရှိသေးသည်။ အဆုံးသတ်ရတော့မည်။
ချင်းကျိုးနယ်တွင် ကွင်းဆင်းလေ့လာဖို့ သူရောက်လခြင်းဖြစ်သည်။ ချင်းကျိုးမှလူများ သဘောအကျဆုံး အသားကင်ကို လေ့လာပြီး ကွက်တိကျအောင် ကြိုတင်ပြင်ဆင်ဖို့ဖြစ်သည်။
ချင်းကျိုးနယ်ခံများ အသားကင်ဆိုင်ကို အတော်သဘောကျကြသည်။ အနာဂတ်အလားအလာ အတော်ကောင်းသည်။
ပွဲတော်ကို အခွင့်အရေးအဖြစ်အသုံးချ၍ ဆိုင်၏နာမည်ဂုဏ်သတင်းကို တိုးမြှင့်ပြီး ချင်းကျိူးဈေးကွက်ကို ဖောက်ဝင်ဖို့လည်း စီစဉ်ထားသည်။
သို့သော်ယခု ဤအစီအစဉ်အားလုံး အငွေ့ပျံပျောက်ကွယ်သွားသည်။
"ရှေးဟောင်းကျင့်ကြံသူတွေတဲ့လား...ဟား။ မင်းတို့ ငါနဲ့မတွေ့စေနဲ့ပေါ့ကွာ"
ကျင့်ကြံမှုနှင့် တိုက်ခိုက်စွမ်းအားအရ ထိုဒုဂိုဏ်းချုပ်သုံးယောက်ထက် သူများစွာပိုသာသည်။ ဤတိုက်ပွဲကို သူဝင်ပါလိုက်လျှင် တစ်ဘက်သတ်အောင်ပွဲ ဖြစ်လာလိမ့်မည်။
သို့သော် သူ့သရုပ်မှန်က သူများနှင့်မတူ။ ဝင်တိုက်ခိုက်၍ မရ။
သူ့သရုပ်မှန်ပေါ်သွားလျှင် သေသည်နှင့် ဘာမှကွာခြားတော့မည်မဟုတ်။
...
"ကောင်းကင်ခိုးယူ နေကိုသိမ်းပိုက်"
ကျင့်ကြံသူယောက်ျားက လက်ဖြင့် မှော်တံဆိပ်တစ်ခု ဖန်တီးသည်။ ကောင်းကင်တွင် တိမ်များ စုဝေးလာသည်။ နေရောင်ကို ဖုံးလွှမ်းသွားသည်။ ကောင်းကင်တစ်ခုလုံး ချက်ချင်းမှောင်မဲသွားသည်။ မှောင်လွန်းသဖြင့် ကိုယ့်လက်ကိုယ်ပင် မမြင်ရ။ အမှောင်ထုကြားမှ ခြောက်ခြားစရာ အံကြိတ်သံကိုကြားရသည်။ ကြီးမားသည့်သတ္တဝါတစ်ကောင် အရိုးများကိုက်ဝါးနေသယောင်ရှိသည်။
"သရဲတစ်ရာညချီတက်ခြင်း"
နောက်ထပ်အော်သံတစ်ခု ထွက်လာသည်။ မိန်းကလေးကျင့်ကြံသူဖြစ်သည်။ အဆုံးစမဲ့ အနက်ရောင်ချီစွမ်းအင်များက လေထဲတွင် သရဲရိပ်မျိုးစုံဖြစ်လာသည်။
သရဲကျွန်၊ ညှို့သရဲ၊ ဓားသရဲ၊ ခေါင်းပြတ်သရဲ၊ အလောင်းစီးသရဲ...
သရဲတစ်ရာ အသံတိတ်လျက် မရဏစွမ်းအင်ရောင်ကို ထုတ်လွှတ်နေသည်။ သေချိုးလောကကို ပြောင်းပြန်လှန်ရန် အသင့်ဖြစ်နေသည့် သရဲတပ်ဖွဲ့တစ်ခုနှင့် တူသည်။
စည်းမျဉ်းများသာ တားဆီးမထားလျှင် မရဏချီများက တောင်တန်းတစ်ခုလုံးကို ရှင်သန်သူမရှိသည့် နယ်မြေပျက်တစ်ခုအဖြစ် ပြောင်းလဲပစ်လိမ့်မည်။
အောက်ဘက်မှ နယ်မြေများ မသက်ရောက်နိုင်မှန်းသိသော်လည်း မြင်ကွင်းကြည့်ရသည်ပင် ကြောက်ဒူးတုန်ပြီး ထွက်ပြေးရန် ကြိုးစားနေကြသည်။
"အားလုံးပဲ၊ မကြောက်ကြပါနဲ့။ နယ်စားလည်းဒီမှာရှိနေတာပဲ။ ဒါတွေက ဘာမှမပြောပလောက်တဲ့ လှည့်ကွက်သေးသေးလေးတွေပါ"
စည်းမျဉ်းထိန်းချုပ်နေသည့် စုစည်းခြင်းစွမ်းအားရှင်က လုယန်တို့လူစုကိုပြောသည်။
ခဏစကားပြောပြီးနောက် သူ့နာမည် ရှားချွန်ဖြစ်ကြောင်း သိရသည်။ စုစည်းခြင်းအခြေခံအဆင့်ရှိသည်။
"ပြီးတော့ နယ်စားမှာ နိုင်ငံကြမ္မာစွမ်းအားလည်း ရှိပါတယ်။ ခေတ်နောက်ကျနေတဲ့ ဒီကျင့်ကြံသူတွေကို ကိုင်တွယ်ဖြေရှင်းဖို့ ကောင်းကောင်းကြီးလုံလောက်ပါတယ်။ ငါကိုယ်တိုင် ဘယ်အချိန်နယ်စားဖြစ်လာမလဲဆိုတာပဲ ငါ့စိတ်ထဲမှာတွေးတယ်။
ငါ့ကိုမင်းတို့ လောကဝတ်တွေထားပြီး ဆက်ဆံနေဖို့မလိုပါဘူး။ ငါလည်း မင်းတို့မသေမျိုးငါးဂိုဏ်းနဲ့ နည်းနည်းအဆက်အစပ်ရှိတဲ့လူပဲလေ။ မင်းတို့ရဲ့ ဂိုဏ်းတူအကိုတစ်ဝက်လို့ ပြာလို့ရတယ်"
"သခင်ရှားက မသေမျိုးဂိုဏ်းတစ်ခုခုကို ဝင်ခဲ့ဖူးလို့လား"
လန်ထင် တအံ့တဩ မေးလိုက်သည်။
"အဲလိုတော့ မဟုတ်ပါဘူး။ ဒါပေမယ့် မင်းတို့ဂိုဏ်းရဲ့ ဝင်ခွင့်စာမေးပွဲမှာ ဖြေခဲ့တယ်။ မေးခွန်းတွေက အရမ်းခက်တယ်လေ။ သိတယ်မဟုတ်လား။ ပထမစမ်းသပ်မှုမှာတင် ငါပြုတ်သွားတယ်။ မင်းတို့ရဲ့ ဂိုဏ်းတူအကို ဖြစ်ခါနီးလေးပဲ။ ဒီတော့ မင်းတို့ရဲ့အကိုတစ်ဝက်လို့ပြောရင် လွန်ရာမကျလောက်ဘူးမဟုတ်လား"
လန်ထင် -"..."
"အစက တာအိုလမ်းစဉ်ဂိုဏ်းမှာ ကံစမ်းဖို့ရည်ရွယ်ခဲ့တာပါ။ ဒါပေမယ့် အဲဒီကိုသွားရင်း နန်းတွင်းစာမေးပွဲ ဝင်ဖြေတော့ အောင်သွားတယ်။ ဒါကြောင့် အရာရှိလမ်းကြောင်းပေါ် ရောက်လာတာပဲ"
ရှားချွန် ရယ်ရည်မောမောပြောနေသည်။ သူ့စကားကြောင့် အားလုံးစိတ်လက်ပေါ့ပါးလာကြသည်။ လုယန်တို့လည်း ဖိအားများသလို မခံစားကြရတော့"
"ဒါတွေက တကယ်ယုတ်ညံ့တဲ့ နတ်ဆိုးပညာရပ်တွေပဲ"
နတ်စားက လက်ထဲမှတံဆိပ်ကိုမြှောက်လိုက်သည်။ အဆုံးစမဲ့စွမ်အင်စီးကြောင်းတစ်ခု သူ့ကိုယ်ထဲသို့ စီးဝင်သွားသည်။ စွမ်းအင်ရောင် မြင့်သထက်မြင့်လာသည်။ ကူးဖြတ်ခြင်းအဆင့်စွမ်းအားသို့ ချဉ်းကပ်လာသဖြင့် မျက်နှာချင်းဆိုင်မှ ရှေးဟောင်းကျင့်ကြံသူလင်မယား အလိုလိုနောက်ဆုတ်သွားသည်။
နယ်စားတစ်ကိုယ်လုံးမှ အလင်းရောင်မှိန်မှိန် ထွက်ပေါ်နေသည်။ ညအလင်းကိုချိုးဖျက်သည့် ပထမဆုံးအရုဏ်အလင်းနှင့်တူသည်။ ပါးလွှာသည့်အလင်းက ရုတ်တရက် ပေါက်ကွဲထွက်သွားသည်။ အမှောင်ထုကိုချိုးဖျက်၍ သရဲတစ်ရာကို ဖုံးလွှမ်းနေသည့် မရဏချီကို တွန်းထုတ်သည်။ သို့သော် သရဲများ တည်ရှိနေဆဲဖြစ်သည်။ လက်နက်ကိုယ်စီကိုင်၍ စွမ်းအားပြနေဆဲဖြစ်သည်။
ကျင့်ကြံသူယောက်ျားနောက်တွင် အလွန်တရာကြီးမားသည့် သရဲကြီးတစ်ကောင်ပေါ်လာသည်။ တင်းပုတ်တစ်ခု ဆုပ်ကိုင်ထားသည်။
"တိုက်ကြ"
ကျင့်ကြံသူမိန်းမက အော်ဟစ်အမိန့်ပေးလိုက်သည်။ သရဲတပ်ဖွဲ့ နယ်စားဆီသို့ ချက်ချင်းချီတက်သွားသည်။
"ဒါတွေကို ငါကိုင်တွယ်လိုက်မယ်"
တာအိုရှင်ကျန်း ရှေ့ဆုံးတွင်ရပ်နေသည်။ သူ့နှာခေါင်းပေါက်များထဲမှ ထူးဆန်းသည့်အသံတစ်မျိုး ထွက်လာသည်။
ရွှေရောင်ဘုံကျောင်းတစ်ခု သရဲတပ်ဖွဲ့အထက်တွင် ပေါ်လာပြီး တိုင်းတာမရသည့်စွမ်းအင်တစ်ခုကို ထုတ်လွှတ်သည်။ သရဲတပ်ဖွဲ့ နာကျင်စွာညည်းညူအော်ဟစ်၍ အင်အားတစ်ဝက်ခန့် သေကျေပျက်စီးသွားသည်။
"ဆယ့်နှစ်ထပ်ဘုံကျောင်းဆိုတဲ့နာမည်နဲ့ လိုက်ဖက်ပါတယ်။ သရဲတွေကိုတိုက်ခိုက်တဲ့နေရာမှာ အတော်ထိရောက်တာပဲ"
မော်ကွန်းထိန်းဟုန် မှတ်ချက်ပြုသည်။ 'သူတော်စဉ်အဆိုအမိန့်'စာအုပ်ကို ဖျတ်ခနဲဖွင့်လိုက်သည်။ စကားလုံးများ စာမျက်နှာပေါ်မှ လွင့်ပျံလျက် ကျန်သည့်သရဲတပ်ဖွဲ့ထံ ပြေးဝင်သွားသည်။
"စကားလုံးကိုဆင့်ခေါ်တိုက်ခိုက်တဲ့ စာပေကျင့်စဉ်စွမ်းအား။ အားကျလိုက်တာ။ အင်း...ငါ့လိုအရိုင်းအစိုင်းတစ်ယောက်ကတော့ ဒီပညာမျိုး ဘယ်တော့မှသင်နိုင်မှာမဟုတ်ပါဘူး"
ဂိုဏ်းချုပ်မိ ဝမ်းနည်းပက်လက်ရေရွတ်သည်။ တိုက်ပွဲကို လက်တစ်ချောင်းဝှေ့ယမ်းလိုက်ယုံဖြင့် အလွယ်တကူ ထိန်းချုပ်နိုင်သည့် မော်ကွန်းထိန်းဟုန်ကို သူကြည့်နေသည်။
"ကဲ...မင်နိုင်တော့လည်း မသင်ဘူးပေါ့ကွာ"
ဂိုဏ်းချုပ်မိ အော်ဟစ်မာန်သွင်းလိုက်သည်။ ရုတ်တရက် အရူးလိုဖြစ်လာသည်။ မျက်လုံးများက သိစိတ်ပျောက်သွားသလို ထင်ရသည်။ ကျင့်ကြံသူမိန်းမထံသို့ မျော်ဝံတစ်ကောင်ပမာ ခုန်ဝင်သွားလေသည်။
ကျင့်ကြံသူမိန်းမက လက်သီးမြှောက်၍ ဂိုဏ်းချုပ်မိ၏ လက်သီးချက်ကို ထိပ်တိုက်ရင်ဆိုင်သည်။ စုစည်းခြင်းအလတ်တန်းဆင့်သာဖြစ်သော်လည်း ဂိုဏ်းချုပ်မိ၏စွမ်းအားက သူ့လိုရှေးဟောင်းစုစည်းခြင်းအဆင့်ကျင့်ကြံသူနှင့် တန်းတူနီးပါးရှိနေသဖြင့် ထိုမိန်းမ အံ့အားသင့်နေသည်။
"ယာယီစွမ်းအားမြှင့်ဖို့ သူ့သိစိတ်စွမ်းအင်ကို စတေးလိုက်တာဖြစ်မယ်"
သုံးလေးကြိမ်ရင်ဆိုင်တိုက်ခိုက်ပြီးနောက် သူမျက်မှောင်ကျုံ့သည်။
"စိုးရိမ်စရာတော့မရှိပါဘူးလေ"
တိုက်ပွဲသည် စွမ်းအားတစ်ခုတည်းသက်သက်ဖြင့် ဆုံးဖြတ်မရကြောင်း သူနာလးည်သည်။
တာအိုရှင်ကျန်းနှင့် မော်ကွန်းထိန်းဟုန်တို့ သရဲတစ်ရာကို ရင်ဆိုင်ဖြေရှင်းပြီးနောက် ကျင့်ကြံသူမိန်းမဘေးသို့ ဝိုင်းလာကြသည်။
တိုက်ပွဲကွင်းတစ်ဘက်တွင် နယ်စားက တောင်ရွှေသူတော်ကို ဆင့်ခေါ်၍ ကျင့်ကြံသူယောက်ျား၏ တင်းပုတ်ကိုင်သရဲကို တိုက်ခိုက်နေသည်။ သရဲက အရိုးတင်းပုတ်ဖြင့် တိုက်ခိုက်သည်။ သို့သော် နိုင်ငံ့ကံ့ကြမ္မာဖြင့်ဖန်တီးထာသည့် တောင်ကုန်းက ထိလိုက်သည်နှင့် ကြေမွသွားသည်။ ဂယက်လှိုင်းများ ကောင်းကင်တစ်ခွင့် ပျံ့ထွက်သွားပြီး တိမ်စိုင်များ လွင့်ပျောက်သွားသည်။
ထို့နောက် နယ်စားက ပုဆိန်ကိုင်သူတော်ကို ဆင့်ခေါ်ပြန်သည်။ ကြီးမားသည့် ပုဆိန်ကိုလွှဲယမ်း၍ ကျင့်ကြံသူယောက်ျားကို တိုက်ခိုက်သည်။ ကျင့်ကြံသူယောက်ျား မျက်နှာပျက်သွားပြီး သရဲကိုဒိုင်းကာအဖြစ်သုံး၍ ခုခံသည်။ အနက်ရောင်သွေးများ သရဲ၏ရင်ဘတ်မှ ထွက်လာသည်။
"ဟား...။ မိုးမြေတည်ဆောက်ခြင်ပညာနဲ့ ဒီလောက်ရုပ်ဆိုးတဲ့ ဓမ္မခန္ဓာမျိုးပြောင်းလဲပစ်တယ်။ အတော်ထူးချွန်တာပဲ"
ထာဝရနတ်မယ်က လှောင်သံပါပါဖြင့် ပြောသည်။ ရှေးဟောင်းကျင့်ကြံသူယောက်ျား၏ပညာကို အထင်ကြီးဟန်မရှိ။
"ဒါမှမဟုတ် သူ့စိတ်ထဲက ဓမ္မခန္ဓာမျိုး တည်ဆောက်နေတာဖြစ်မယ်။ ဒီလိုပုံစံကို သူကြိုက်တာလည်း ဖြစ်ကောင်းဖြစ်မှာပေါ့"
"ဘယ်သူနိုင်မယ်ထင်လဲ"
လုယန် ကျိတ်မေးလိုက်သည်။
"သိသာနေတာပဲလေ။ မဟာရှားဘက်က အလေးသာမှာပေါ့။ သူတို့စုပေါင်းအင်အားက ပြိုင်ဘက်တွေထက် သာနေတာပဲ။ နိုင်ငုံ့ကံကြမ္မာလည်း သူတို့ကိုကူညီနေတယ်။ တိုက်ခိုက်တာရေ ခုခံတာရော လုပ်နိုင်တယ်။ ရှေးဟောင်းကျင့်ကြံသူတွေ သူတို့ကိုဘယ်လိုယှဉ်နိုင်မှာလဲ"
"အဲလိုလား"
လုယန် သူ့ဘာသာရေရွတ်သည်။ သို့သော် တစ်ခုခုမူမမှန်ဟု ခံစားနေရသည်။
"ဒါတွေအားလုံး မင်းတို့အမှားပဲကွ"
ကျင့်ကြံသူယောက်ျား ဒေါသတကြီးအော်ဟစ်၍ ရင်ဘတ်ထဲမှ ရွှေကတ်ကြေးတစ်စုံဆွဲထုတ်လိုက်သည်။ ကတ်ကြေးက ရွှေနဂါးနှစ်ကောင်အသွင်ပြောင်း၍ ကောင်းကင်သို့တက်သွားသည်။ ကျယ်လောင်စွာ မာန်သွင်းအော်ဟစ်သည်။ တိုက်ပွဲကွင်းမှ ဝိညာဉ်စွမ်းအင်လှိုင်းများ တုန်ခါသွားသည်။
ရွှေနဂါးများ ပေါ်လာသည်က တည်ငြိမ်နေသည့် ရေကန်တစ်ခုထဲသို့ ကျောက်တုံးပစ်ချသည်နှင့်တူသည်။ ချင်းကျိုးတစ်နယ်လုံး ဂယက်လှိုင်းများ ပြန့်နှံ့သွားသည်။
"ကူးဖြတ်ခြင်းအဆင့်သန့်စင်ထားတဲ့ ရတနာလား"
ထိုရတနာမျိုးကို နန်းမြို့တော်တွင် နယ်စားမြင်ဖူးသည်။ ထိုရတနာမျိုးကို အသက်သွင်းရန် စုစည်းခြင်ကျင့်ကြံသူတစ်ယောက်အတွက် တန်ကြေးကြီးလွန်းသည်။
"ကံကောင်းလို့ပေါ့။ ငါနဲ့ငါ့မိန်းမ အိပ်မောမကျခင်မှာ မြို့တော်တစ်ခုလုံးရဲ့အသက်တွေ စတေးခဲ့တယ်။ အဲလိုမဟုတ်ရင် ရွှေနဂါးရိပ်ခန္ဓာတွေ တည်ဆောက်ဖို့ မဖြစ်နိုင်လောက်ဘူး"
"သွားတော့"
သူအမိန့်ပေးလိုက်သည်။ သရဲ၏လက်မောင်းနှစ်ဘက်တွင်ရစ်ခွေနေသည့် နဂါးနှစ်ကောင် နယ်စားထံ ပျံဝင်သွားသည်။
နယ်စားက နိုင်ငံ့ကံကြမ္မာစွမ်းအားကို အသက်သွင်း၍ ဓားတစ်လက်ဖန်တီးသည်။ ဓားမျက်နှာပြင်တစ်ဘက်တွင် 'ပြည်သူတစ်သောင်း" ဟူသည့် စာလုံးများပါသည်။ နောက်တစ်ဘက်တွင် "တောင်တန်းနှင့်မြစ်"ဟူသည့် စာလုံးများပါသည်။
"အဓိပဓိဓားရိပ်ပဲ။ နယ်စားက စွမ်းအားကုန်ထုတ်သုံးနေပြီ"
ရှားချွန် တအံ့တဩ ရေရွတ်လိုက်သည်။
"အဓိပဓိဓားရိပ်သုံးရင် သူလည်း တန်ကြေးတစ်ခုပေးဆပ်ရမှာ။ သုံးလလောက် တိုက်ခိုက်နိုင်တော့မှာမဟုတ်ဘူး။
ဒီဓားရိပ်သုံးရတဲ့ တန်ကြေးက ကြီးပေမယ့် အာနိသင်ကလည်း ထူးခြားပါတယ်။ ကူးဖြတ်ခြင်းအဆင့်တစ်ယောက် ပေါ်မလာရင် ဒီဓားရိပ်နဲ့ ရှေးဟောင်းကျင့်ကြံသူနှစ်ယောက်လုံးကို သူခုတ်ဖြတ်နိုင်လောက်တယ်"
အဓိပဓိဓားရိပ်က နဂါးနှင့်သရဲကို ထိပ်တိုက်ရင်ဆိုင်သည်။ မျက်လုံးကန်းမတတ် စူးရှသည့်အလင်းတစ်ခုပေါ်လာသည်။ ကြည့်နေသူအားလုံး မျက်စိမှိတ်မိကြသည်။
"ဘယ်သူနိုင်သွားတာလဲ"
ဘယ်ဘက်က အသာစီးရသည်မသိ။
မီးခိုးများ ရှင်းလင်းသွားချိန်တွင် အဓိပဓိဓားရိပ် ကြေမွပျက်စီနေသည်။ ရွှေနဂါးများလည်ပျောက်ကွယ်သွားသည်။ သရဲရိပ်လည်း နှစ်ခြမ်းပြတ်၍ အနက်ရောင်သွေးများ ထိုးထွက်နေသည်။ ကျင့်ကြံသူယောက်ျား ဒဏ်ရာအပြင်းအထန်ရပြီး သွေးချောင်းတဟွတ်ဟွတ်ဆိုးနေသည်။
နယ်စားက မူလနေရာတွင် ဟန်မပျက်ရပ်နေသည်။ ထိပ်တိုက်တွေ့ဆုံမှု ဖြစ်ခဲ့သည်ဟုပင် မထင်ရ။
"နယ်စား နိုင်သွားပြီဟေ့"
အောက်ဘက်မျှကျင့်ကြံသူများ ပျော်ရွှင်စွာ အော်ဟစ်ကြသည်။ ဂိုဏ်းချုပ်မိတို့သုံးယောက်လည်း စိတ်သက်သာရာရသွားသည်။ နယ်စားသာရှုံးသွားလျှင် ထိုရှေးဟောင်းကျင့်ကြံသူနှစ်ယောက်ကို ရင်ဆိုင်ဖို့ခက်ခဲပေလိမ့်မည်။
"ဖျောင်း ဖျောင်း ဖျောင်း"
စည်းချက်ကျကျ လက်ခုပ်သံတစ်ခု ပေါ်လာသည်။ အသံက တိုးညှင်းသယောင်ရှိသော်လည်း ဆူညံသံအားလုံး ဖုံးလွှမ်းသွားသည်။ လက်ခုပ်သံပေါ်လာပြီးနောက် ပတ်ဝန်းကျင်တစ်ခုလုံး ဆောင်းတွင်းရာသီကဲ့သို့ အားလုံးတိတ်ဆိတ်သွားသည်။
ဝတ်ရုံနီလူတစ်ယောက် တိုက်ပွဲကွင်းအလယ်သို့ လေထဲမှလျှောက်လာသည်။ သူ့ကိုယ်မှ ဝိညာဉ်စွမ်းအင်ကို အာရုံခံ၍မရ။ သေမျိုးတစ်ယောက်လိုသာ ဖြစ်နေသည်။
သို့သော် ဘယ်လိုသေမျိုးက ထိုနေရာမျိုးတွင် ယခုလိုပေါ်လာနိုင်မည်နည်း။
ဝတ်ရုံနီပိုင်ရှင် မပွင့်တပွင့်ပြုံး၍ ဖြေးညှင်းစွာပြောသည်။
"မဟာရှားရဲ့ ထူးခြားတဲ့နိုင်ငံ့ကံကြမ္မာအကြောင်း ကြားဖူးတာကြာပြီ။ ဒီနေ့မှ လက်တွေ့မြင်ရတယ်။ တကယ်အထင်ကြီးစရာပါပဲ။ သောင်းချီတဲ့ပြည်သူတွေကို ကာကွယ်နိုင်တယ်။ ကျင့်စဉ်စွမ်းအဆင့်နဲ့ တိုက်ပွဲစွမ်းအား တိုးမြှင့်နိုင်တယ်။ ဓားရိပ်တစ်ခုတောင် ဖန်တီးနိုင်တာပဲ။
ဘယ်လိုဓားလဲဆိုတာ ငါအသေအချာမပြောနိုင်ပေမယ့် ဓားရိပ်သက်သက်နဲ့ ကူးဖြတ်ခြင်းအဆင့်ရတနာတစ်ခုကို ဖျက်ဆီးနိုင်တယ်ဆိုတော့ ကူးဖြတ်ခြင်းအဆင့်ထက်ကျော်တဲ့ စွမ်းအားမျိုးရှိတဲ့သဘောပဲ။
ဒီတိုက်ပွဲကိုစီစဉ်ဖို့ ငါကြိုးစားအားထုတ်ခဲ့ရတာ အချည်းအနှီးမဟုတ်တော့ဘူး။ အတော်အကျိုးရှိတာပဲ"
နယ်စားမျက်နှာ အလေးအနက်ဖြစ်လာသည်။ အင်အားကြီးရန်သူကို ရင်ဆိုင်ရတော့မလို ခံစားရသည်။
"ဒါတွေအားလုံးကို မင်းစီစဉ်ခဲ့တာပေါ့"
သူအစကတည်းက သံသယဝင်ခဲ့သည်။ ဤလျှို့ဝှက်နယ်မြေ သူတို့စုံစမ်းစစ်ဆေးပြီးဖြစ်သည် စိတ်ချရသည်။ အိပ်စက်နေသည့် ရှေဟောင်းကျင့်ကြံသူ လုံးဝမတွေ့။ ထိုကျင့်ကြံသူနှစ်ယောက် ဘယ်ကရောက်လာသနည်း။
ယခု အားလုံးရှင်းသွားသည်။ ကျောထောက်နောက်ခံ တစ်ယောက်ရှိနေသည်။
အောက်ဘက်မှ မုန်ကျင်းကျိုးလည်း စိုးရိမ်လာသည်။
"နယ်စားက မျက်နှာအတော်ပျက်နေတယ်။ ဒီလူက ကူးဖြတ်ခြင်းအဆင့်ဖြစ်လောက်တယ်"
ကူးဖြတ်ခြင်းအဆင့် ကျင့်ကြံသူတစ်ယောက် ဤနေရာတွင် စတင်သတ်ဖြတ်ပြီဆိုလျှင် ဘယ်သူတားနိုင်တော့မည်နည်း။
"စိတ်မပူပါနဲ့။ သူသိပ်ပြီး ပြဿနာမရှာနိုင်ပါဘူး"
လုယန်က တည်ငြိမ်စွာ ပြန်ပြောသည်။
"ဘယ်ကရလာတဲ့ ယုံကြည်ချက်လဲကွာ"
မုန်ကျင်းကျိုး တအံ့တဩလှည့်ကြည့်သည်။
အေးစက်လှပသည့် မိန်းကလေးတစ်ယောက် လုယန်ဘေးတွင် ရပ်နေသည်ကို မြင်လိုက်ရသည်။
အနီးတွင်ရပ်နေသည့် ရှားချွန်လည်း အသံလုံးဝမထွက်ရဲ။
တစ်ယောက်ယောက် နောက်ကွယ်မှ ကြိုးကိုင်နေသည်ဟု လုယန် သံသယဝင်သဖြင့် စိတ်ချယအောင် ယွမ်ကျိကို ကြိုတင်၍ ခေါ်လိုက်ခြင်းဖြစ်သည်။
**********************************