← Chapters

ဘယ်သူ့ကိုသတ်မှာလဲ

Vol. 25 Ch. 367

ဘယ်သူ့ကိုသတ်မှာလဲ

Vol. 25 Ch. 367

"ဘယ်သူလဲ"

ယန်ထန်ကျိ လုယန်ဘေးတွင်ပေါ်လာသည့် မိန်းကလေးကို သတိထားမိသွားသည်။

ကောင်းကင်မှတိုက်ပွဲကိုသာ အာရုံရောက်နေခဲ့သဖြင့် လုယန်ဘက်သို့ သူမကြည့်မိခဲ့သည်။ လူတစ်ယောက် မည်သို့ရုတ်တရက် ပေါ်လာသည်မသိ။

လန်ထင်နှင့်ပိုင်မင်လည်း သူ့လိုပင်ဖြစ်သည်။ လုယန် အရိပ်တုလက်သီးသုံး၍ ယွမ်ကျိအား ဆင့်ခေါ်သည်ကို လုံးဝသတိမထားမိကြ။

"ယာယီဂိုဏ်းချုပ်"

လန်ထင် သူ့ဆရာနှင့်အတူ တာအိုလမ်းစဉ်ဂိုဏ်းစည်းဝေးပွဲသို့ အဖော်လိုက်ခဲ့စဉ်က ယွမ်ကျိကို သူမြင်ဖူးသည်။ ထိုစဉ်က ထိုအမကြီးသည် သူနှင့်လုယန်ကို လပ်ထပ်ပေးဖို့ပင် ပြောခဲ့သေးသည်။

နောက်ပိုင်းတွင် သူ့ဆရာက ထိုယွမ်ကျိသည် တာအိုလမ်းစဉ်ဂိုဏ်း၏ ယာယီဂိုဏ်းချုပ်ဖြစ်ကြောင်း ကျင့်စဉ်စွမ်းအား နက်ရှိုင်းပြီး ခန့်မှန်း၍မရကြောင်း ပြောသည်။

ပိုင်မင်လည်း ယွမ်ကျိကို ဓာတ်ငါးမျိုးဂိုဏ်း-တာအိုလမ်းစဉ်ဂိုဏ်း နှီးနှောဖလှယ်ပွဲတွင် မြင်ဖူးခဲ့သည်။ တာအိုလမ်းစဉ်ဂိုဏ်း၏ ထိုအမကြီးသည် မသေမျိုးဂိုဏ်းများ၏ မျိုးဆက်တူထဲတွင် ထိပ်ဆုံးပါရမီရှင်ဖြစ်ကြောင်း သွားရန်မစသင့်ကြောင်း သူ့ဆရာပြောသည်ကို ကြားဖူးသည်။

သို့သော် ယန်ထန်ကျိက ယွမ်ကျိကို မသိ။ တာအိုလမ်းစဉ်ဂိုဏ်း ဂိုဏ်းချုပ်ပြောင်းသွားကြောင်း ကြားဖူးသော်လည်း ဂိုဏ်းချုပ်အသစ်ဘယ်သူမှန်း သူမသိ။

မုန်ကျင်းကျိုး ယုံကြည်မှုအပြည့်ဖြင့် ပြုံးလိုက်သည်။ ဝတ်ရုံနီကူဖြတ်ခြင်းအဆင့်စွမ်းအားရှင်သည် သိပ်ပြဿနာမရှိတော့။ သူကိုယ်တိုင်တိုက်ခိုက်ရလျှင်ပင် တိုက်ခိုက်နိုင်လောက်ပြီဟု တွေးနေသည်။

"ဒါ ကျုပ်တို့ရဲ့ ဂိုဏ်းတူအမ၊ တာအိုလမ်းစဉ်ဂိုဏ်းရဲ့ ယာယီဂိုဏ်းချုပ် ယွမ်ကျိပါ"

မုန်ကျင်းကျိုး တည်ကြည်သည့်မျက်နှာဖြင့် မိတ်ဆက်ပေးသည်။

"အမကြီးရှိနေရင် ဒီနေရာက ဘေးကင်းပါပြီ"

လန်ထင်တို့ နားမလည်နိုင်အောင် ဖြစ်သွားသည်။

သူတို့သိထားသလောက် တာအိုလမ်းစဉ်ဂိုဏ်း၏ ယာယီဂိုဏ်းချုပ်သည် တာအိုရှင်ဝစီပိတ်နှင့် အဆင့်တူလောက်သာရှိသည်။ အလွန်ဆုံး ကူးဖြတ်ခြင်းအဆင့်သာရှိမည်။

ကောင်းကင်မှ ကူးဖြတ်ခြင်းအဆင့်စွမ်းအားရှင်ကို ထိုအမကြီးတိုက်ခိုက်နိုင်လျှင်ပင် ဂယက်ရိုက်ခတ်လာမည့် စွမ်းအင်လှိုင်းများကြောင့် မိုးမြေကြားမှ တောင်နှင့်ပင်လယ်များ ကြေမပျက်စီးသွားမည်။ ဘယ်လိုဘေးကင်းနိုင်မည်နိုင်။

ယွမ်ကျိက သူတို့လူစုကို အရေးမစိုက်ဘဲ။ ကောင်းကင်ထက်မှတိုက်ပွဲအခြေအနေကိုသာ အသံတိတ်ကြည့်နေသည်။ သူ့မျက်နှာတွင် ခံစားချက်အရိပ်အယောင်လုံးဝမရှိ။ သူဘာတွေးနေမှန်း မသိရ။

စကားအဆက်မပြတ်ပြောနေခဲ့သည့်ရှားချွန် လုံးဝငြိမ်သွားပြီး တစ်ကိုယ်လုံးတုန်ရင်နေသည်ကို လန်ထင် ရုတ်တရက် သတိပြုမိလာသည်။

"သခင်ရှာ၊ ရှင်အဆင်ပြေရဲ့လား"

ရှားချွန် တံတွေတစ်ချက်ကျိတ်မျို၍ မချိပြုံးပြုံးသည်။

"ပြေ...ပြေပါတယ်။ ငါပျော်နေတာပဲလေ။ နယ်စားအတွက် အန္တရာယ်မရှိတော့ပါဘူး"

ယွမ်ကျိက သူ့ကိုလှည့်ကြည့်သည်။

"ရှင်ကျွန်မကို သိတယ်ပေါ့"

ရှားချွန် ပြန်မဖြေဘဲမနေရဲ။

"ကျုပ်တို့မိသားစုဘိုးဘေး တော်ဝင်မြေကနေထွက်ပြီး စီနီယာကို လာကြိုတဲ့အချိန်က ကျုပ်လည်းအနားမှာရှိပါတယ်"

ရှားချွန်စိတ်ထဲ ကြောက်နေသည်။ သူတို့ဘိုးဘေးသည် သမိုင်းတွင် ပြိုင်ဘက်ကင်းသည့် ပုဂ္ဂိုလ်ဖြစ်သည်။ သူ့ကိုယှဉ်နိုင်သူ ရှားသည်။ ဘိုးဘေးမြေမှထွက်လာသည်ဟု သူတစ်ခါမှမကြားဖူး။

အံ့ဩစရာကောင်းလောက်အောင်ပင် ဘိုးဘေးထံ သူသွားလည်သည့်နေ့တွင် တာအိုလမ်းစဉ်ဂိုဏ်းမှ ဤမိန်းမလှကို ကိုယ်တိုင်ထွက်ကြိုဆိုသည့် သူတို့ဘိုးဘေးကို လက်တွေ့မြင်ခဲ့ရသည်။

ထိုမိန်းမလှ၏ အရေးပါမှုက ထင်ရှားနေသည်။

ယွမ်ကျိ ခေါင်းတစ်ချက်ငြိမ့်သည်။

"ရှင်နဲ့ကျွန်မက အသက်ခြင်းအတူတူလောက်ပါပဲ။ ကျွန်မကို စီနီယာလို့ခေါ်စရာမလိုပါဘူး။ တာအိုရှင်ယွမ်ကျိလို့ပဲ ခေါ်ပါ"

ရှားချွန် ခေါင်းငြိမ့်သည်။ သို့သော် သူထိုသို့ တကယ်မခေါ်ရဲပါ။ သူ့ဘိုးဘေးသာ ထိုအကြောင်းသိသွားလျှင် နန်းမြို့တော်မှ အသက်ရှင်လျက် ထွက်ခွာနိုင်မည်မထင်။

လုယန်လည်း ခဏမင်သက်မိနေသည်။ သခင်ရှားသည့် ယွမ်ကျိနှင့် သက်တူရွယ်တူခန့်ဖြစ်သည်။ စုစည်းခြင်းအဆင့်ဖြစ်သည်။ ထိုသို့ဆိုလျှင် အကိုတိုင်ပုဖန်နှင့် အရည်ချင်းတူ ဖြစ်ပေလိမ့်မည်။

မုန်ကျင်းကျိုးက ရှားချွန်အမူအရာနှင့် ကျင့်စဉ်စွမ်းအားကို သုံးသပ်ရင်း နည်းနည်းတွေးရကြပ်နေသည်။

"မင်းဘာတွေးနေတာလဲ။ တော်ဝင်မိသားစုရဲ့ မျိုးရိုးနာမည်ကိုသိလား။ ကျန်းမျိုးရိုးမဟုတ်လား"

လုယန် သိစိတ်အာရုံမှမေးလိုက်သည်။

"ဟုတ်တယ်၊ ကျန်းမျိုးရိုးပဲ။ ဒါပေမယ့် ရုပ်ဖျက်ပြီး ခရီးထွက်တဲ့အချိန်ကျရင် "ရှား"မျိုးရိုးနာမည်ကို ပြောင်းသုံးတတ်ကြတယ်"

"ဒါဆို သခင်ရှားက တော်ဝင်မျိုးနွယ်ကလူလား"

"ဖြစ်နိုင်တယ်"

.....

ကောင်းကင်တွင် ဝတ်ရုံနီပိုင်ရှင် အေးစက်စက်တစ်ချက်ရယ်လျက် ရှေးကျင့်ကြံသူနှစ်ယောက်ကို ကယ်တင်သည်။ စွမ်းအားပြန်ဖြည့်နိုင်ရန် ဆေးလုံးများပေးသည်။

"ဆရာ"

ဝတ်ရုံနီကိုမြင်သည်နှင့် ကျင့်ကြံသူနှစ်ယောက် မောက်မာဝင့်ကြွားသည့်အသွင်များ ချက်ချင်းပျောက်ကွယ်သွားသည်။

"မင်းတို့ကောင်းကောင်းလုပ်နိုင်ခဲ့တာပဲ။ ဒီလျှို့ဝှက်နယ်မြေမှာ မင်းတို့ကို ငါဝှက်ထားခဲ့ရတာ အချည်းအနှီးမဖြစ်ဘူး။ ဒဏ္ဍာရီထဲက နိုင်ငံ့ကံကြမ္မာစွမ်းအားကို ငါတို့မြင်ခွင့်ရတယ်။ အဓိပဓိဓားရီပ်ကို ငါကြည့်ခဲ့ရတယ်"

သူ့ကျင့်စဉ်အဆင့်သည် ဓားရိပ်ကိုကြည့်ရုံမျှဖြင့် အကြောင်းအရာများစွာ သုံးသပ်နိုင်သည်။

နိုင်ငံ့ကံကြမ္မာနှင့် အဓိပဓိဓားရီပ်သည် မဟာယုခေတ်ပြန်တည်ထောင်ဖို့ အဓိကကျသည့်အဟန့်အတားကြီးများ ဖြစ်လာမည်မှာ သေချာနေသည်။

ဝတ်ရုံနီကိုယ်တိုင် လှုပ်ရှားလျှင် နယ်စားက နိုင်ငံ့ကံကြမ္မာစွမ်းအားကို အောက်ဘက်မှကျင့်ကြံသူများ နေရာရွှေ့ဖို့သာ သုံးရမည်။ တိုက်ခိုက်ဖို့ သုံးနိုင်မည်မဟုတ်။

နယ်စား စိတ်ဓာတ်ကျသွားသည်။ နိုင်ငံ့ကံကြမ္မာစွမ်းအားသည် သူတို့၏အခြေခံစွမ်းအားဖြစ်သည်။ ထိုစွမ်းအားကို ရှေးဟောင်းကျင့်ကြံသူများ တန်ပြန်တိုက်ခိုက်ဖို့ နည်းလမ်းတွေ့သွားလျှင် ထိုစွမ်းအား၏လွှမ်းမိုးမှုကို အားနည်းအောင်လုပ်ပစ်ကြမည်။

ထိုသို့ဖြစ်လာလျှင် မယိုင်လဲနိုင်ဟူသည့် နိုင်ငံကံကြမ္မာစွမ်းအား အကြီးအကျယ် လျော့ကျသွားလိမ့်မည်။

အဓိပဓိဓားရိပ်ကိုတော့ နယ်စားကိုယ်တိုင်လည်း သိပ်နားမလည်လှ။ သို့သော် ကူးဖြတ်ခြင်းအဆင့်တစ်ယောက်က ထိုဓားရိပ်ကို တန်ဖိုးထားသည်ဆိုလျှင် အတော်ထူးခြား၍သာဖြစ်ရမည်။

"မင်းတို့ကိုငါ အသက်ရှင်ခွင့်မပေးနိုင်ဘူး"

ဂိုဏ်းချုပ်မိတို့သုံးယောက်လည်း ဤအခြေအနေတွင် ဘာမှအကူအညီမပေးနိုင်တော့။

နယ်စားလက်ထဲမှ တံဆိပ်သည်သာ တစ်ခုတည်းသောအားကိုးရာဖြစ်သည်။

နိုင်ငံ့ကံကြမ္မာကို နောက်တစ်ကြိမ် သူပြန်၍အသက်သွင်းသည်။ ကျယ်ပြန့်နက်ရှိုင်းသည့် နိုင်ငံ့စွမ်းအားက အဓိပဓိဓားရိပ်ဖြစ်လာသည်။ ဓားစွမ်းအင် ထိုးထွက်လာသည်။ နေထက်ပိုစူးရှသည့် အရောင်များတောက်ပလာသည်။ မိုးမြေကို နှစ်ခြမ်းခွဲတော့မလိုရှိသည်။

ဝတ်ရုံနီ လှောင်ပြုံးပြုံးလိုက်သည်။ နယ်စား၏ကြိုးစားမှုက ဘာမှအရာမထင်နိုင်ဟု တွေးနေသည်။ သူ့ခန္ဓာကိုယ်ကို ဘယ်တိုက်ခိုက်မှုမှမထိုးဖောက်နိုင်အောင် ယာယီကာကွယ်ထားနိုင်သည်။ အဆင့်တူချင်းတွင် သူ့တိုက်ခိုက်စွမ်းအားက အမြင့်ဆုံးမဟုတ်သော်လည်း ဘယ်သူမှသူ့ကိုဒုက္ခမပေးနိုင်။

အဓိပဓိဓားရိပ် သူ့အပေါ်ကျလာသည်။ သူ့မျက်နှာ တစ်ချက်ပျက်သွားပြီး ရင်ဘတ်တွင် ဒဏ်ရာတစ်ခုပေါ်လာသည်။ အရေပြားဟက်တက်ကွဲ၍ အရိုးဖြူများပေါ်လာသည်။

"ဘာရယ်"

ဝတ်ရုံနီ မင်သက်မိသွားသည်။ သူ့ခန္ဓာကိုယ်ကို မထိုးဖောက်နိုင်အောင် လုပ်ထားသည့်အစွမ်းသည် 'စည်းမျဉ်း'စွမ်းအားတစ်မျိုးဖြစ်သည်။ တစ်ခါမှ အမှားအယွင်းမဖြစ်ခဲ့ဖူး။ ယခု သူပေါ့ဆသွားသဖြင့် အဓိပဓိဓားရိပ်ကြောင့် ဒဏ်ရာရသည်။

အသက်ဓာတ်အပြင်းအထန်ထိခိုက်သည်။

"နိုင်ငံ့ဆရာက အဓိပဓိဓားရိပ်ကို သတိထားဖို့ ငါ့ကိုသတိပေးခဲ့တာ မဆန်းတော့ပါဘူး။ စည်းမျဉ်းတွေကို ယာယီချိုးဖောက်နိုင်တဲ့အစွမ်းမျိုး ရှိတာပဲ"

ဂျွတ်။

အသံတစ်ခုထွက်လာသည်။ ဝတ်ရုံနီ ငုံ့ကြည့်သည်။ သူ့လည်ပင်းတွင်ဆွဲထားသည့် ကျောက်စိမ်းတံဆိပ် ကြေမွသွားခြင်းဖြစ်သည်။

ထိုကျောက်စိမ်းသည် အသက်ကယ်ရတနာတစ်ခုဖြစ်သည်။ အဓိပဓိဓားရိပ်သည့် သူ့ကိုတစ်ခါသတ်ပြီးသည့်သဘောဖြစ်သည်။

သူဒေါသထွက်သော်လည်း တဟားဟားအော်ရယ်လိုက်သည်။

"အခုချိန်က မဟာရှားနဲ့ ပတ်သကဆက်နွယ်မှု ချိုးဖျက်ဖို့ အချိန်မကျသေးဘူး။ မင်းတို့ကို အသက်ချမ်းသာပေးဖို့ စဉ်းစားခဲ့တာပါ။ ဒါပေမယ့် ငါ့ခန္ဓာကိုယ်ကို ဒဏ်ရာရအောင်လုပ်လိုက်ပြီဆိုတော့ မင်းတို့အားလုံး အောက်ဘက်ကကျင့်ကြံသူတွေနဲ့အတူ ဒီနေရာမှာသေရမယ်"

စကားဆုံးသည်နှင့် လေထုက ထူးဆန်းသည့် သေခြင်းအငွေ့အသက်တို့ဖြင့် လေးလံလာသည်။ အသက်ရှူဖို့ ခက်ခဲလာသည်။

ရောင်စုံပန်းများ သူ့ခြေထောက်အောက်မှ ဖူးပွင့်လာပြီး ကောင်းကင်ထဲတွင် ချက်ချင်းပြန့်ကျဲသွားသည်။ သူလက်သီးဆုပ်လိုက်သည်။ ပန်းပွင့်များ နွမ်းခြောက်သွားသည်။ ပန်ခြောက်များဆီမှ အလင်းစက်ကလေးများထွက်လာပြီး သူ့လက်ထဲတွင် ကြာပွတ်ရှည်တစ်ခုဖြစ်လာသည်။

ရွှီး။

ကြာပွတ်ကို သူဝှေ့ယမ်းလိုက်သည်။ လေဟာနယ်ကြေမွအက်ကွဲသွားသည်။

နယ်စား မျက်နှာအကြီးအကျယ်ပျက်သွားသည်။ ထိုကြာပွတ်သည် လေဟာနယ်ချိုးဖျက်နိုင်သည့် ရတနာဖြစ်သည်။ ထိုကြာပွတ်ဒဏ်ကို သူခုခံနိုင်သော်လည်း အောက်ဘက်တွင်ရှိနေသည့် ကျင့်ကြံသူများ ခံနိုင်ရည်ရှိကြမည်မဟုတ်။

ရှေးဟောင်းကျင့်ကြံသူနှစ်ယောက်လည်း အလိုလိုတုန်ရင်လာသည်။ ထိုဝတ်ရုံနီဒေါသထွက်လျှင် ဘယ်လောက်ကြောက်စရာကောင်းမှန်း သူတို့သိကြသည်။ မဟာယုခေတတ်က ဒေါသဖွင့်ထုတ်ဖို့ မြို့တော်များကို အမြစ်ပြုတ် ရှင်းပစ်ခဲ့သူဖြစ်သည်။ ထို့ကြောင့်လည်း "သွေးနီကပ်ဆိုး"ဟု နာမည်ရခဲ့သည်။

"မင်းတို့အားလုံး ဒီမှာသေရမယ်"

ဝတ်ရုံနီ အော်ဟစ်ကြိမ်းဝါးလိုက်သည်။ သူ့ကြာပွတ်တွင် လျှပ်စီးရောင်များ တစ်လက်လက်တောက်ပ၍ လေဟာနယ် ပြိုပျက်တော့မလို ဖြစ်နေသည်။

အောက်ဘက်မှ ကျင့်ကြံသူများ စိတ်ဓာတ်ကျသွားကြသည်။ အကြောက်တရားက သူတို့စိနှလုံးကို ပြန်လည်လွှမ်းမိုးလာသည်။ သူတို့လက်ရှိရင်ဆိုင်နေရသည့် အဖျက်စွမ်းအားမျိုးကို တစ်ခါမှမမြင်ဖူးကြ။

ဝတ်ရုံနီက အေးစက်စက်ရယ်မောလျက် သူ့ကြာပွတ်ကို အတင်းဝှေ့ယမ်းလိုက်သည်။

"ဟမ်"

သို့သော် သူ့လက်မောင်း လှုပ်မရ။

"တစ်ခုခု မှားနေပြီ။ ငါ့လက်မောင်းကဖြစ်တာမဟုတ်ဘူး"

သူ့ခန္ဓာကိုယ်တစ်ခုလုံး လှုပ်ရှားမရတော့ခြင်းဖြစ်ကြောင်း နားလည်လာသည်။

"လေဟာနယ်ထိန်းချုပ်စွမ်းအား"

ကြာပွတ်အကူအညီရှိသဖြင့် လေဟာနယ်ထိုးခွဲဖျက်ဆီးရာတွင် သူသည် ဆရာတစ်ဆူဖြစ်သည်။ ယခုဘာကြောင့် တစ်ခြားတစ်ယော်၏ လေဟာနယ်စွမ်းအားဖြစ် ထိန်းချုပ်ခြင်းကို ခံနေရသနည်း။

ဘယ်အချိန်က ဖြစ်သွားသနည်း။

လှပသည့်သဏ္ဍာန်တစ်ခု သူ့ရှေ့တွင်ပေါ်လာသည်။ နှင်းခဲတမျှ အေးစက်သည်။ ရေခဲမျက်လုံး၊ ခံစားချက်ကင်းမဲ့သည့်လေသံတို့ဖြင့် ဖြေးညှင်းစွာ သူပြောသည်။

"ဒီနေရာမှာ ဘယ်သူ့ကိုသတ်ဖို့ စဉ်းစားနေတာလဲ"

*****************************************

All Chapters