← Chapters

မှန်ကန်ဖြောင့်မတ်သူ

Vol. 25 Ch. 371

မှန်ကန်ဖြောင့်မတ်သူ

Vol. 25 Ch. 371

တာအိုရှင်ဝစီပိတ်နှင့် တရားရေးဝန်ကြီးတို့ သွေးကပ်ဆိုးကို သေချာအနီးကပ်လေ့လာနေစဉ် ရင်းနှီးနေသည့်အသံကို ကြားလိုက်ရသဖြင့် နှစ်ယောက်လုံးကြက်သီးထသွားကြသည်။

"ဟာ..."

အနိုင်ပိုင်းခဲ့သူကို မြင်လိုက်ရသဖြင့် သွေးကပ်ဆိုး ကြောက်လန့်တကြားအော်ဟစ်၍ လေးဘက်တွားသွားထွက်ပြေးရန် အတင်းကြိုးစားသည်။

ဝစီပိတ်နှင့်ဝန်ကြီး တစ်ယောက်မျက်နှာတစ်ယောက် ကြည့်လိုက်ကြသည်။ ထိုအဘိုးအိုက ယွမ်ကျိကို ဘာကြောင့်သူတို့ထက် ပိုကြောက်နေသလဲဟု စဉ်းစားနေကြသည်။

ဉာဏ်ထက်သူများဖြစ်၍ အခြေအနေကို ချက်ချင်းတွက်ဆမိကြသည်။ ထိုလူသည် ယွမ်ကျိလက်မှ ထွက်ပြေးရင်း အကျဉ်းထောင်သို့ ရောက်လာခြင်းဖြစ်မည်။ နိမိတ်မကောင်းသည့် ဤနေရာကို သုံးချရန် မျှော်လင့်ခဲ့ရာမှ သူ့တို့နှစ်ယောက်လက်ထဲ ကျလာခြင်းဖြစ်မည်။

"ငါ့အထင်မမှားရင် ချင်းကျိုးပွဲတော်မှာ စုစည်းခြင်းကျင့်ကြံသူနှစ်ယောက်ကို လှုပ်ရှားခိုင်းပြီး ဂယက်ထအောင်လုပ်ခဲ့တဲ့ မဟာယုခေတ်အလယ်ပိုင်းက သွေးကပ်ဆိုးအရှင်ဆိုတာ သူပဲဖြစ်မယ်။ သူ့ကြောင့် ချင်းကျိုးနယ်စားက နိုင်ငံ့ကံကြမ္မာစွမ်းအားနဲ့ အဓိပဓိဓားရိပ်သုံးတုံ့ပြန်ခဲ့ရတယ်တဲ့။

နိုင်ငံကံကြမ္မာစွမ်းအားအကြောင်း သိချင်လို့လုပ်ခဲ့တာပါ။ ကံကောင်းလို့ပေါ့။ ကျွန်မမောင်လေးက ကျင့်ကြံသူနှစ်ယောက် တစ်ခုခုမူမမှန်တာ သတိထားမိလို့ ကျွန်မကို အချိန်မီအကြောင်းကြားခဲ့တယ်။ ဒါကြောင့် ဒီတစ်ယောက်ကို ဖမ်းနိုင်ခဲ့တာပါ။

သူသာ နိုင်ငံကံကြမ္မာစွမ်းအားနဲ့ အဓိပဓိဓားရိပ်အကြောင်း တစ်ခြားရှေးဟောင်းကျင့်ကြံသူတွေဆီ သတင်းပေးလိုက်ရင် ဒုက္ခအတော်များမှာ"

"ဪ...ရုတ်တရက်ကြီး ဘယ်ကမှန်းမသိတဲ့ စုစည်းခြင်းအဆင့်ကျင့်ကြံသူတစ်ယောက်ပေါ်လာလို့ အံ့ဩနေတာ။ လက်စသပ်တော့ နောက်ထပ်ရှေးဟောင်းကျင့်ကြံသူဖြစ်နေတာကိုး"

ဝန်ကြီးက အံတင်းတင်းကြိတ်၍ သွေးကပ်ဆိုးကိုကြည့်လိုက်သည်။

ဝစီပိတ်လည်း ရူးကြောင်ကြောင်အမူအရာများ ပျောက်သွားသည်။ ရှေးဟောင်းကျင့်ကြံသူများသည် မဟာရှားအတွက် အဓိကကျသည့်အန္တာယ်တစ်ခုဖြစ်သည်။

ယွမ်ကျိမျက်လုံးများ အနည်းငယ်မှေးစင်းသွာားသည်။ ရှေးခေတ်ကူးဖြတ်ခြင်းအဆင့်ကျင့်ကြံသူကို ဖမ်းမိသည်မှာ ယခုဒုတိယအကြိမ်ဖြစ်သည်။

အချိန်ကြာလာသည်နှင့်အမျှ နောက်ထပ်ရှေးဟောင်းကျင့်ကြံသူများ နိုးထလာနိုင်သည်ဟူသည့်အချက်ကို အစောပိုင်းက တစ်ခြားမသေမျိုးဂိုဏ်းချုပ်လေးယောက်၊ အင်ပါယာရာရှားတို့နှင့်အတူ သူဆွေးနွေးခဲ့သည်။ ထိုစဉ်က စုစည်းခြင်းအဆင့်များသာ ဖမ်းမိခဲ့သည်။ ကူးဖြတ်ခြင်းအဆင့်မရှိသေး။

သို့သော် ဤကူးဖြတ်ခြင်းအဆင့်သွေးကပ်ဆိုးအရှင်၏ လှုပ်ရှားပုံအရ နိုင်ငံ့ကံကြမ္မာစွမ်းအားနှင့် အဓိပဓိဓားအကြောင်း ရှင်းလင်းစွာသိထားကြောင်း ထင်ရှားသည်။ အချိန်အတော်ကြာကတည်းက သူနိုးထခဲ့ခြင်းဖြစ်မည်။

"ပုန်းနေတဲ့ ရှေးခေတ်ကျင့်ကြံသူတွေ ဘယ်လောက်ရှိမလဲဆိုတာ ကျွန်မတို့မသိနိုင်လောက်ဘူး"

ယွမ်ကျိ အေးစက်စက်ပြောသည်။ သူ့စကားသံတွင် အလိုမကျသည့်အရိပ်မျိုး ပါဝင်သည်။ မိုက်မဲကောက်ကျစ်သည့် ဤရှေးဟောင်းကျင့်ကြံသူများသည် မသေမျိုးအဖြစ်ကို ရှာဖွေကြသော်လည်း သူတို့အစီအစဉ်များ ရည်ရွယ်ချက်များတွင် လောကအတွက် ကပ်ဆိုးများသယ်ဆောင်လာသည်။

သွေးကပ်ဆိုးက ခြောက်ကပ်နေသည့် အလောင်းတစ်လောင်းလိုဖြစ်နေသည်။ အသက်ယဲ့ယဲ့သာကျန်ပြီး သေခါနီးလူတစ်ယောက်လို ဖြစ်နေသည်။ သနားကောင်းသည့် သူ့အခြေအနေကိုမြင်ရသဖြင့် ယွမ်ကျိ လက်ချောင်းဖြင့် အသာခေါက်လိုက်သည်။ ဝိညာဉ်ကို ခန္ဓာကိုယ်မှ ဆွဲထုတ်သည်။

ဝိညာဉ်ကိုကိုင်တွယ်ကသည်က ပိုလွယ်ကူသည်။

ပျက်စီးနေသည့်ခန္ဓာကိုယ်ကို ဒရွတ်တိုက်ဆွဲခေါ်မသွားတော့။ ဝိညာဉ်ကိုသာ ယူသွားမည်။

ညာလက်တွင် ကိုယ်ပျောက်သံကြိုးတစ်ချောင်း သူကိုင်ထားသည်။ ကြိုးစတစ်ဘက်တွင် သွေးကပ်ဆိုးကို စိတ်ချရအောင် တုပ်နှောင်ထားသည်။

"ဪ...ပြီးတော့ ဆရာနဲ့ ဝန်ကြီးတို့နှစ်ယောက် သွေးကပ်ဆိုးကိုဖမ်းခဲ့တာဟာ ထူးခြားတဲ့ဆောင်ရွက်ချက်ပါ။ ဒီအကြောင်း အင်ပါယာရှားကို ပြောပြလိုက်ပါမယ်"

ထွက်မသွားမီ ယွမ်ကျိက ကောက်ကာငင်ကာပြောလိုက်သည်။

ဝစီပိတ်တို့နှစ်ယောက် ရုတ်တရက် ကြောင်တက်တက်ဖြစ်နေသည်။ ထို့နောက် အတော်ပျော်သွားကြသည်။

ထိုဆောင်ရွက်ချက်မျိုးသည် သူတို့ထောင်မှလွတ်ခွင့်ရဖို့ သေချာသလောက်ရှိသည်။

အပြင်ထွက်ခွင့်ရမည့်အခွင့်အရေးကို သူလက်လွတ်မခံနိုင်။

.....

"လက်စားချေဖို့ နောက်ထပ်ရှေးဟောင်းကျင့်ကြံသူကို ဘယ်မှာသွားရှာရမလဲ"

ကျောက်ရိုးစဉ်းစားသည်။ လက်စားချေမည့်ကိစ္စကို သူအချိန်ဆွဲလေ့မရှိ။ အမြဲတမ်းချက်ချက်လုပ်တတ်သည်။

"မိတ်ဆွေက တကယ်မြင့်မြတ်ပြီးဖြောင့်မှန်တာပဲ။ ရှေးဟောင်းကျင့်ကြံသူကို ရှာချင်တာလား။ ကျုပ်"စွန်း" ခင်ဗျားကို တကယ်လေးစားသွားပြီ"

အားပါးတရရယ်မောသံတစ်ခု ထွက်လာသည်။

ထိုအသံကို ရင်းနှီးနေသဖြင့် ကျောက်ရိုးလှည့်ကြည့်ရင်း နောက်သို့တွန့်သွားသည်။ နယ်စားဖြစ်နေသည်။

(**နယ်စားသည် 'စွန်း'မျိုးရိုးဖြစ်ပါသည်)

နယ်စားက ကျောက်ရိုးကို လေးစားသမှုဖြင့် စိတ်ရင်းအတိုင်း လက်ခုပ်တီး၍ ချီးကျူးသည်။

"ခင်ဗျားဘယ်ကလူလဲ ဘယ်လိုဘွဲ့နာမည်ရှိလဲ ကျုပ်မသိဘူး။ ကောင်းကင်ဆင်းရဲကို အသုံးချပြီး သွေးကပ်ဆိုးကို ဒဏ်ရာအပြင်းအထန်ရအောင်လုပ်နိုင်တာဟာ တကယ်လေးစားစရာပါ။ ကျုပ်အိမ်တော်ကိုလိုက်ခဲ့ဖို့ ခင်ဗျားကိုဖိတ်ခေါ်ပါတယ်။ ခင်ဗျားကို ကောင်းကောင်းဆုလာဒ်ချီးမြှင့်ပါမယ်။

နောက်ပိုင်းကျရင် ခင်ဗျားကို ဆုတစ်ခုချီးမြှင့်ဖို့ ရုံးတော်ကို တရားဝင်အစီရင်ခံစာတစ်ခုလည်း တင်ပေးပါမယ်"

ယွမ်ကျိလိုပင် နယ်စားလည်း သွေးကပ်ဆိုးနောက်သို့ ခြေရာခံလိုက်ခဲ့သည်။ သို့သော် ယွန်ကျိလောက် မြန်နှုန်းမမြင့်သဖြင့် အဖြစ်အပျက်အတော်များများကို သေချာမသိ။

နယ်စားရောက်လာချိန်တွင် ကျောက်ရိုးက သွေးကပ်ဆိုးကို ကောင်းကင်ဆင်းရဲထဲ ဆွဲခေါ်နေသည်ကိုမြင်သည်။ သွေးကပ်ဆိုးက အကြိမ်ကြိမ်ထွက်ပြေးရန် ကြိုးစားခဲ့သည်။ ကြိုးစားတိုင်း ကျောက်ရိုးကတားဆီးသည်။ ထိုသို့လုပ်ရသည်ကိုလည်း ပျော်ရွှင်နေဟန်ရှီသည်။ သွေးကပ်ဆိုးကို နာကျည်းမုန်းတီးနေဟန်ရှိသည်။

ကောင်းကင်ဆင်းရဲ ပျောက်ကွယ်သွားပြီးနောက် သွေးကပ်ဆိုးထွက်ပြေးမည်စိုး၍ ‌‌ကျောက်ရိုးက ကြိုးဖြင့်တုပ်သည်။

ထို့အဖြစ်အပျက်ကိုကြည့်၍ နယ်စားက အသေးစိတ်ထပ်ဖြည့်သုံးသပ်သည်။ ကျောက်ရိုးသည် ပုန်းအောင်းနေသည့် ဂိုဏ်းမဲ့ကျင့်ကြံသူဖြစ်မည်။ လူသူကင်းဝေးသည့်နေရာတွင် ကောင်းကင်ဆင်းရဲဖြတ်ကျော်နေသည်။

သွေးကပ်ဆိုး သွေးတစ်စက်စက်ကျနေသည်ကို သတိထားမိသဖြင့် ကောင်းကင်လျှပ်စီးဖြင့် ထိန်းချုပ်သည်။

မြင့်မြတ်ဖြောင့်မှန်သည့်လူ။

နယ်စားစိတ်ထဲ ယူဆလိုက်သည်။ တကယ်လေးစားသွားသည်။ ရဲဝံ့သည့်လုပ်ရပ်များအတွက် ကျောက်ရိုးကို ချက်ချင်းဆုလာဒ်ကမ်းလှမ်းသည်။

သို့သော် ကျောက်ရိုးက အသည်းအသန်ငြင်းပယ်သည်။ နယ်စားနောက်ကို သူဘယ်လိုလိုက်ရဲမည်နည်း။

သူ့သရုပ်မှန်အစစ်ကို နယ်စားသိသွားလျှင် နယ်စားမင်းချက်ချင်းရာထူးတက်သွားလောက်သည်။

ထိုစကားကို သူပြောခြင်းမဟုတ်။ ဆုကြေးထုတ်သည် ဘုတ်ပြားပေါ်တွင် ရေးထားခြင်းဖြစ်သည်။

"နယ်စားက သဘောကောင်းလွန်းနေပါပြီ။ ဒီရှေးဟောင်းကျင့်ကြံသူတွေ ဥပဒေစည်းမျဉ်းမလေးစားတာကို ကျုပ်သည်းမခံနိုင်ရုံပါပဲ။ ဒါကြောင့် သူတို့ကို ပညာပေးဖို့ ဆုံးဖြတ်ခဲ့တာ။ မှန်ကန်တာကိုလုပ်တဲ့အတွက် ဆုကြေးယူမယ်ဆိုရင် တရားမျှတမှုလို့ ဘယ်ခေါ်တော့မှာလဲ။

ဒါဟာ မဖြစ်သင့်တဲ့အရာပါ။ နှုတ်ဆက်ပါတယ်"

ထိုသို့ပြောပြီး နယ်စားမင်းမတားနိုင်မီ သူအမြန်ထွက်သွားသည်။

သူပျောက်သွားသည်အထိ နယ်စားကြည့်နေပြီးနောက် စိတ်ရင်းအတိုင်း ချီးကျူးလိုက်ပြန်သည်။

"တကယ်ဖြောင့်မတ်ပြီး အတ္တမှုကင်းတဲ့ ကျင့်ကြံသူပဲ"

…

ချင်းကျိုးပွဲတော်တွင် ရှေးဟောင်းစုစည်းခြင်းကျင့်ကြံသူနှစ်ယောက် ဖမ်းဆီးခံရသည်။ သူတို့ကျင့်စဉ်စွမ်းအား ပိတ်ဆို့ခံရသည်။ စုစည်းခြင်းအဆင့်ကျင့်ကြံသူများစွာ စောင့်ကြပ်နေသည်။

ရုံးတော်က သိပ်မကြာမီ လော်ရွှေတပ်ကိုလွှတ်၍ ရှေးဟောင်းစုစည်းခြင်းကျင့်ကြံသူနှစ်ယောက်ကို ခေါ်သွားကြသည်။ သူတို့စွမ်းအင်သွေးကြောများကို ဖျက်ဆီး၍ နန်းတော်အကျဉ်းထောင်ထဲ ထည့်ကြသည်။

အရာရှိများက ဥပဒေထိန်းသိမ်းဖို့ ကြိုးကြိုးစားစားအလုပ်လုပ်ကြသည်။ နယ်စားမရှိချိန်တွင် သူ့လက်ထောက်အရာရှိ ရှားချွန်က ယမန်ရုံးတွင်ထိုင်၍ ပြန်လည်ထိန်းသိမ်းရေးကိစ္စများ ကြပ်မတ်နေသည်။

ရုပ်ဝတ္ထုပျက်စီးမှုများက နည်းပါးသော်လည်း ထိုကိစ္စကြောင့် စိတ်ပိုင်းဆိုင်ရာထိခိုက်မှုမှုများ သိသိသာသာဖြစ်သွားသည်။

ရှေးဟောင်းစုစည်းခြင်းကျင့်ကြံသူများ၊ နိုင်ငံကံကြမ္မာစွမ်းအား၊ အဓိပဓိဓားရိပ်၊ ရှေးဟောင်းကူးဖြတ်ခြင်းအဆင့်စွမ်းအားရှင်တစ်ယောက်၊ ထိုစွမ်းအားရှင်ကို အလွယ်တကူ အနိုင်ယူလိုက်သည့် လူထူးဆန်း။ ထိုအဖြစ်အားလုံးကို သာမန်ကျင့်ကြံသူများ လက်လှမ်းမမီသည့်ကိစ္စများဖြစ်သည်။

လန်ထင်တို့လို ဝါရင့်ကျင့်ကြံသူများပင် အံ့ဩတုန်လှုပ်နေဆဲဖြစ်သည်။ ဖြစ်သွားသည့်ကိစ္စကို ပြန်သုံးသပ်ဖို့ကြိုးစားနေကြဆဲဖြစ်သည်။

လုယန်တစ်ယောက်သာ မတုန်မလှုပ်ရှီသည်။ ကူဖြတတ်ခြင်းအဆင့်တစ်ယောက်က သူသိထားသည့်အကြောင်းအရာများနှင့် ဘယ်လိုယှဉ်လို့ရမည်နည်း။

မည်သို့ဆိုစေ သူ့သိစိတ်နယ်မြေတွင် ရှေးဟောင်းခေတ်၏ပထမဆုံးမသေမျိုး ရှေးဟောင်းခေတ်ထိပ်တန်းအလှပိုင်ရှင်ဆယ်ယောက်စာရင်းဝင် ရှိနေသည်။ မသေမျိုးများနှင့်ပတ်သက်သည့် ရှေးဟောင်းလျှို့ဝှက်ချက်များအကြောင်း မကြာခဏပြောပြသည်။ ထိုအဖြစ်များနှင့်ယှဉ်လျှင် ကူးဖြတ်ခြင်းအဆင့်ဆိုသည်မှာ စကားထဲထည့်ပြောဖို့ပင် မထိုက်တန်။

လမ်းသွားလမ်းလာတစ်ချို့ မကြာသေးမီက အဖြစ်အပျက်များအကြောင်း ဆွေးနွေးနေသည်ကို သူကြားရသည်။

"ဟိုစွမ်းအားရှင်ပေါ်လာလို့ တော်သေးတာပေါ့ကွာ။ မဟုတ်လို့ကတော့ ငါတို့အတွက် တကယ့်အန္တရာယ်ပဲ"

ရွှေသန္ဓေအဆင့်တစ်ယောက် ကျေးဇူးတင်သည့်လေသံဖြင့် ပြောသည်။

သူ့အဖော်က ခေါင်းငြိမ့်သည်။ သူ့မျက်လုံးထဲတွင် အကြောက်တရားက သိသာထင်ရှားနသည်။

"သိပ်ဟုတ်တာပေါ့။ အခုမင်းပြောမှပဲ သတိရလာတယ်။ ဟိုစွမ်းအားရှင်က ဘယ်လိုပုံစံမျိုးလဲ"

"မင်းအသက်ကိုကယ်ခဲ့တဲ့ ကျေးဇူးရှင်ရဲ့မျက်နှာကို မေ့သွားပြီပေါ့။ အဲ...နေပါဦး။ ဟုတ်တယ်..သူက.. ယောက်ျားလား မိန်းမလား"

သူတို့နှစ်ယောက် အချင်းချင်းကြည့်၍ နားမလည်နိုင်အောင်ဖြစ်နေသည်။ အဖြစ်အပျက်ကို သူတို့မမှတ်မိတော့။

တစ်ခြားတစ်နေနေရာများတွင်လည်း တိုက်ပွဲအကြောင်း ဆွေးနွေးနေသူများရှိပါသည်။

"နယ်စားက တကယ်အံ့ဩစရာပဲ။ ကူးဖြတ်ခြင်းအဆင့်တစ်ယောက်ကိုတောင် တစ်ကိုယ်တောင်ခုခံနိုင်တယ်"

"အဲဒါတင်မကပါဘူး။ နယ်စားက ဟိုရှေးဟောင်းကူးဖြတ်ခြင်းအဆင့်ကျင့်ကြံသူကို သတ်နိုင်ခါနီးလေးပါ။ အထူးသဖြင့် ဟိုဓားပေါ့။ ဒီလောကထဲက ဓားမဟုတ်ဘူး"

"ဓားလား။ ဘယ်ဓားကိုပြောတာလဲ"

"မင်းမမှတ်မိဘူးလား။ အဲဒီ့ဓားက...အင်း...အဲဒါ ဘာနဲ့လုပ်ထားတာပါလိမ့်"

"မင်းပြောမှ ငါသတိရတယ်။ နယ်စားက ရှေးဟောင်းကျင့်ကြံသူတွေကို ဘာလက်နက်သုံးပြီး အနိုင်ယူခဲ့တာလဲ"

နှစ်ယောက်လုံး မေးခွန်းများပြည့်နေသည်။ မကြာမီ အဖြစ်အပျက်အားလုံးကို သူတို့လုံးဝမေ့သွားကြသည်။

လုယန် ထိုမြင်ကွင်းကိုကြည့်၍ မျက်မှောင်ကျုံ့သွားသည်။ အဖြစ်အပျက်များကို သူ့စိတ်ထဲတွင် ရှင်းလင်းစွာ မှတ်မိနေသည်။ နိုင်ငံကံကြမ္မာစွမ်းအား၊ အဓိပဓိဓားရိပ်၊ အမယွမ်...။ အားလုံးရှင်းလင်းနေသည်။

"နတ်မယ်။ အခု ဘာတွေဖြစ်နေတာလဲ"

*******************************************

All Chapters