← Chapters

အဆင့်မြင့် ခန္ဓာကိုယ်သန့်စင်နည်းများ

Vol. 26 Ch. 380

အဆင့်မြင့် ခန္ဓာကိုယ်သန့်စင်နည်းများ

Vol. 26 Ch. 380

ရွှေသန္ဓေအလတ်တန်းဆင့်သို့ လုယန်တက်သွားချိန်တွင် ငါးရောင်ခြယ်သက်တန့်တစ်ခု သူ့ဦးခေါင်းထက်တွင် ပေါ်လာသည်။ လေထဲတွင်လွင့်မျောနေသည့် ဝိညာဉ်စွမ်းအင်များက ‌ရေပူဖောင်းများမှုတ်ထုတ်၍ ပျော်ရွှင်စွာကူးခတ်နေသည့် ငါးများနှင့်သဏ္ဌာန်တူသည်။ မြက်ရိုင်းများ သစ်ပင်မှသစ်ရွက်များ လေမတိုက်ဘဲ ယိမ်းနွဲ့လှုပ်ရှားနေသည်။ ဝိညာဉ်စွမ်းအင်စုစည်းမှုကြောင့် ဖြစ်လာသည့် နှင်းရည်များ သစ်ရွက်များပေါ်စုစည်း၍ လိမ့်ဆင်းလာပြီး မြေပေါ်သို့ တစက်စက်ကျသည်။ မြူအလင်းများ ဖြစ်ပေါ်လာသည်။

လုယန်ကို ဂုဏ်ပြုရန် မိုးမြေမှ ထုတ်ဖော်ပြသသည့် နိမိတ်များဖြစ်သည်။

"ဂုဏ်ယူပါတယ်။ ရွှေသန္ဓေအလတန်းဆင့်ရောက်သွားတာ ဂုဏ်ယူပါတယ်"

နတ်မယ် အားတက်သရော လက်ခုပ်တီးသည်။

လုယန် နည်းနည်းစိတ်ပျက်သွားသည်။

"နတ်မယ်၊ ကျုပ်က ရွှေသန္ဓေအလတ်တန်းဆင့်ပဲ တက်သေးတာပါ။ မသေမျိုးအဆင့်တက်တာမဟုတ်ဘူး။ ဒီလိုကောင်းကင်နိမိတ်တွေ ပြဖို့မလိုပါဘူး။ ပြန်သိမ်းပေးပါ"

"ဪ"

နတ်မယ် လက်ခုပ်တစ်ချက်တီးလိုက်သည်နှင့် မှော်စွမ်းအင်များ ပျောက်ကွယ်သွားသည်။

မိုးမြေနိမိတ်များ ပျောက်ကွယ်သွားသည်။

ရွှေသန္ဓေအလတ်တန်းဆင့်သို့ ထိုမျှမြန်မြန်ရောက်မည်ဟု လုယန်ထင်မထားခဲ့။ အဆင့်တက်ခါနီး စွမ်းအားပြည့်ကြပ်မှုမျိုးပင် မခံစားလိုက်ရ။ နတ်မယ်ပြင်ဆင်ပေးသည့် အစားအသောက်များ စားခဲ့သောက်ကြောင့်လည်း ဖြစ်နိုင်သည်။

ဘယ်လိုပင်ပြောပြော မသေမျိုးတို့၏ စမ်းသက်ချက်များသည် အကျိုးကျေးဇူးတစ်ချို့တော့ ပါလာစမြဲဖြစ်သည်။

ထိုစဉ် သူ့ရင်ဘတ်နေရာတွင် နွေးလာသလို ခံစားလိုက်ရသည်။ 'ကိုးငရဲ"ဟုရေးထွင်းထားသည့် သစ်သားပြားမှ ထွက်လာခြင်းဖြစ်သည်။

သစ်သားတံဆိပ်တွင် စာတစ်ကြောင်း ဖြေးညှင်းစွာပေါ်လာသည်။

"ကျုပ်တို့ လောင်စာနဲ့ အကင်ဖိုတွေကုန်ပြီ။ ပင်မဆိုင်မှာတွေ့ကြမယ်"

လုယန်နှင့်ဆက်သွယ်ဖို့ ‌ကျောက်ရိုးသုံးသည့် မှော်ပစ္စည်းတစ်ခုဖြစ်သည်။ တစ်ဘက်နှင့်တစ်ဘက် စာတစ်ကြောင်းစီသာပြောနိုင်သည်။ ပြောပြီးလျှင် အပူဓာတ်ပြန်ကျသွားအောင် အချိန်အတော်ကြာစောင့်ရသည်။

"ကောင်းပြီ"

လုယန် ခပ်တိုတိုစာပြန်လိုက်သည်။

အကင်ဖိုအခြေအနေက ဖြေရှင်းရလွယ်သည်။ အကြီးအကဲကျိုးရှင်းက အချိန်မရွေးထုတ်သုံးနိုင်ရန် အော်တိုအသားကင်ဖိုများ ဖန်တီးထားပြီးဖြစ်သည်။

လောင်စာအတွက်တော့ မုန်ကျင်းကျိုးအကူအညီလိုလိမ့်မည်။

"လောင်မုန်ဘာလုပ်နေလဲ သွားကြည့်ဦးမှပဲ"

....

သန့်စင်မှုတစ်ရာတောင်ထိပ်နားသို့ ရောက်လာသည်နှင့် ပြင်းထန်သည့်ယန်စွမ်းအင်ကို သူခံစားလိုက်ရသည်။ ဤနေရာသို့ ဖြတ်သွားသည့် သရဲမှန်သမျှ ဝိညာဉ်ပြာကျသွားပေလိမ့်မည်။

တောင်ခြေ၌ရပ်နေချိန်မှာပင် တတိယအကြီးအကဲ၏ ကျယ်လောင်သည့်စကားသံကိုကြားရသည်။

"ခန္ဓာသန့်စင်တယ်ဆိုတာ အစိတ်အပိုင်းတိုင်းကိုလေ့ကျင့်ရတာ။ ပျော့ကွက်ဟာကွက် လုံးဝမရှိရဘူး။

မင်းတို့နားလည်ထားရမယ်။ ငါတို့လို ခန္ဓာသန့်စင်သူတွေ အဓိကအားကိုးတာက စွမ်းအားကြီးတဲ့ ငါတို့ခန္ဓာကိုယ်ပဲ။ ခန္ဓာကိုယ်မှာ တစ်ခုခုချို့ယွင်းနေရင် တစ်ခြားအသားစီနိုင်တာဘာရှိတော့မှာလဲ။

ဒီရက်ပိုင်း တစ်ချို့တပည့်တွေ ရေသာခိုနေတာ ငါသတိထားမိတယ်။ ဆံပင်ကျင့်ကြံတာကို ရှောင်ချင်လို့ ခေါင်းတုံးတုံးကြတယ်။ ဒါဟာ ကိုယ့်ကိုယ်ကို လှည့်စားတာပဲ"

တစ်ချို့ကလည်း ဆံပင်ပေါ်မှာပဲ အာရုံစိုက်လေ့ကျင့်ပြီး အရိပ်ကိုမေ့ထားကြတယ်။ မင်းတို့ရန်သူတွေ အသုံးချဖို့ ဒီလိုသိသာတဲ့ဟာကွက်မျိုး ချန်ထားကြတာလား။ မင်းတို့စိတ်ထဲ ဘာတွေတွေးနေတာလဲ။

ငါတို့ခန္ဓာကျင့်ကြံသူတွေဟာ ဘယ်စိန်ခေါ်မှုကိုမှမကြောက်ဘူး။ ဒါပေမယ့် ကိုယ်လုပ်ရမယ့်အလုပ်ကိုတော့ ဘယ်တော့မှမပေါ့လျော့နဲ့"

တတိယအကြီးအကဲသည် တိုက်ပွဲအတွေ့အကြုံကြွယ်သည်။ ကြိုမမြင်နိုင်သည့် တိုက်ခိုက်မှုများကို အကောင်းဆုံးခုခံနည်းမှာ ကိုယ့်ကိုယ်ကို သန်မာအောင် လေ့ကျင့်ဖို့သာဖြစ်သည်။

လုယန် မင်သက်မိနေသည်။

ခန္ဓာကျင့်ကြံမှုတွင် အရိပ်ကိုပင် ကျင့်ကြံရသလားမသိ။

အပြင်လောကမှ ခန္ဓာကျင့်ကြံသူများလည်း ထိုသို့ကျင့်ကြံနေကြသလား။

အရိပ်မှတိုက်ခိုက်နိုင်သည့် မှော်ပညာတစ်ချို့ရှိကြောင်း လုယန်ကြားဖူးသည်။ ထို့ကြောင့် အရိပ်ကိုလေ့ကျင့်ခြင်းသည် ဆိုးဝါးသည့်စိတ်ကူးတော့မဟုတ်။

သို့သော် အရိပ်ကို ဘယ်လိုနည်းလမ်းဖြင့် ကျင့်ကြံမည်နည်း။

"အတော်အဆင့်မြင့်တဲ့ ခန္ဓာသန့်စင်မှုအယူအဆပဲ"

နတ်မယ် တအံ့တဩပြောသည်။

"တီထွင်ဆန်းသစ်တဲ့အတွေးအခေါ်တွေအားလုံးရှိတဲ့ ရှေးဟောင်းခေတ်မှာတောင် ဒီလိုစိတ်ကူးမျိုး တစ်ယောက်မှ မရဖူးဘူး"

"ကဲ၊ အားလုံး ကိုယ့်နေရာကိုယ်ပြန်ပြီး လေ့ကျင့်ကြတော့"

တတိယအကြီးအကဲ သူ့တပည့်များကို လက်ဝှေ့ယမ်းပြလိုက်သည်။

"အကြီးအကဲက အကို့ကိုရည်ရွယ်ပြီး ပြောနေတာလား။ အကိုခေါင်းက ဘုန်းကြီးလို ခေါင်းတုံးရိတ်ထားတယ်ဆိုတော့လေ"

စီနီယာကျောက်ကျောက်ကို မုန်ကျင်းကျိုးစနောက်လိုက်သည်။ ထိုအကို၏ခေါင်းက အရဟတ်လက်သီးစာမိထားသလို ပြောင်လက်နေသည်။

‌‌ကျောက်ကျောက် မျက်စောင်းထိုးသည်။

"ဆံပင်လေ့ကျင့်ရမှာပျင်းလို့ ငါခေါင်းရိပ်တာမဟုတ်ဘူး။ ဒီထက်လေးနက်တဲ့ အကြောင်းရင်းတွေရှိတယ်"

"ဘာအကြောင်းရင်းလဲ"

"မင်းစဉ်းစားကြည့်ပါ။ တိုက်ခိုက်နေတုန်းမှာ ပြိုင်ဘက်က မင်းဆံပင်ကိုဆွဲထားမယ်ဆိုရင် မင်းလှုပ်ရှားမှုတွေကို ထိန်းချုပ်လိုက်သလို ဖြစ်မသွားဘူးလား။ ဆံပင်က အားနည်းချက်ပဲ။ ဒီအားနည်းချက်မျိုးမရှိချင်လို့ ခေါင်းတုံးရိတ်လိုက်တာ ဘာမှားလို့လဲ"

လုယန် သူ့ရှင်းပြသည့်စကားကို မှတ်ထားလိုက်သည်။ နောက်တစ်ကြိမ် သူအရဟတ်လက်သီးသုံးရလျှင် ပြိုင်ဘက်ကို ထိုစကားအတိုင်း ရှင်းပြနိုင်သည်။

ပြိုင်ဘက်များက သူ့အတွေးသူစေတနာကို တန်ဖိုးထားကောင်းထားပေလိမ့်မည်။

မုန်ကျင်းကျိုးခေါင်းခါသည်။ ပိုထိရောက်သည့်အဖြေတစ်ခု ပြောသည်။

"ဒါပေမယ့် အကိုကျောက်၊ ဆံပင်ကို တိုတိုညှပ်ထားတာက ပိုမကောင်းဘူးလား။ အဲလိုဆို ပြိုင်ဘက်ကလည်း ဆံပင်မဆွဲနိုင်တော့ဘူး။ ဆံပင်ကလည်း ဖြူဆူးတွေလို ချွန်ထွက်နေမယ်ဆိုရင် အဲဒါကို တိုက်ခိုက်ဖို့သုံးလို့ရတာပေါ့"

ကျောက်ကျောက်၏မျက်လုံးများ အရောင်တောက်လာသည်။ မုန်ကျင်းကျိုးစိတ်ကူးကို သူအပြည့်အဝထောက်ခံသည်။ မုန်ကျင်းပုခုံးကို သူဖျန်းခနဲ ရိုက်လိုက်သည်။ မုန်ကျင်းကျိုးအတော်အီဆိမ့်သွားသည်။

"ဟုတ်တယ် ရှောင်မုန်။ အခုချိန်ကစလို့ ငါ့ဆံပင်ကို တိုတိုပဲထားမယ်ကွာ။ ကျမ်းစာတိုက်ကိုသွားပြီး ဆံပင်ပေါက်နှုန်းမြန်စေတဲ့ မှော်ပညာတစ်ခုခုရှိလား သွားကြည့်လိုက်ဦးမယ်"

ကျောက်ကျောက် အမြန်ထါက်သွားသည်။

"လောင်မုန်၊ ဒီကိုလာဦး"

လုယန် လက်ဝှေ့ယမ်းပြသည်။

မုန်ကျင်းကျိုး အမြန်လျှောက်လာသည်။

"မင်းဒီကိုဘာလာလုပ်တာလဲ။ ငါတို့ရဲ့ ခန္ဓာသန့်စင်ပညာရပ်တွေ ခိုးဖိုကြံနေတာလား"

"အေး...ဟုတ်တယ်။ အခု ကိုးငရဲဂိုဏ်းက ငါ့ဆီဆက်သွယ်နေတယ်"

လုယန် သစ်သားတံဆိပ်ပြားကို ဆွဲထုတ်ပြလိုက်သည်။ မုန်ကျင်းကျိုး နားလည်သွားသည်။ ကိုးငရဲဂိုဏ်းက အသားကင်ဆိုင်ခွဲများစွာ ဖွင့်ထားသဖြင့် လောင်စာနှင့်အကင်ဖို လိုအပ်နေသည်။

"မီးတောက်နည်းနည်းပေးလိုက်ဦး"

"ရပါတယ်"

လုယန် ကျောက်စိမ်းတံဆိပ်ထဲမှ ပုလင်းငယ်များထုတ်သည်။ သန့်စင်မှုတစ်ရာတောင်ထိမှ မီးစေ့များသိုလှောင်ရန် အထူးဖန်တီးထားသည့် ကျောက်စိမ်းပုလင်းများဖြစ်သည်။

တစ်ယောက်က ရသာသုံးပါးမီးတောက်၊ တစ်ယောက်က သန့်စင်ယန်မီးတောက် မှုတ်ထုတ်သည်။ မီးတောက်နှစ်ခုပေါင်းစပ်သွားသည်။ မီးစေ့တစ်ခုဖြစ်လာပြီး ပုလင်းတစ်လုံးထဲကျသွားသည်။ အမြန်အဖုံးအုပ်သည်။ အလုပ်ပြီးသွားသည်။

ထိုသို့ဖြင့် သူတို့နှစ်ယောက် မီးစေ့ ၂၀၀ တစ်ချီတည်းလုပ်သည်။ ပါးစပ်မှ မီးခိုးများပင်ထွက်လာသည်။ ရေနည်းနည်းသောက်လိုက်မှ နေသာထိုင်သာရှိသွားသည်။

"ဒီလောက်ဆို ကိုးငရဲဂိုဏ်းအတွက် နည်းနည်းအသုံးခံလောက်ပါတယ်"

ရယ်မောလျက် ပုလင်းများကိုသိမ်းပြီး အသားကင်ဖိုများယူရန် သန့်စင်မှုတစ်ရာတောင်ထိပ်ဆိ ဦးတည်လိုက်ကြသည်။ လုယန် ကျိုးရှင်းနှင့်စကားပြောလိုသည်။ သို့သော် ကျိုးရှင်းက မူပိုင်ခွင့်သွားလျှောက်ရာမှ ပြန်မရောက်သေး။

မူပိုင်ခွင့်တင်ရသည်ကလွယ်ကူသည်။ သို့သော် အတည်ပြုထောက်ခံချက်ရဖို့ အချိန်ကြာသည်။ အိပ်မက်ရေပွက်ပုံရိပ်ယောက်၏ အလွန်တန်ဖိုးကြီးကြောင်း ကျိုးရှ်းသိသည်။ ထို့ကြောင့် နန်းမြို့တော်တွင် ခဏနေ၍ မူပိုင်ခွင့်ရပြီးမှပြန်ဖို့ စီစဉ်ထားခြင်းဖြစ်မည်။

သူတို့နှစ်ယောက် ယန်ကျန်းကောင်တီသို့ ခရီးထွက်သည်။ ကိုးငရဲဂိုဏ်းကို အထောက်အပံ့များ လွှဲပြောင်းပေးဖို့နှင့် အသားကင်ဆိုင်၏ အကျိုးအမြတ်များကို ခွဲတမ်းယူဖို့ဖြစ်သည်။

မည်သို့ပင်ဆိုစေ ကောင်းကင်ရုံးတော်ဂိုဏ်းသည် စေတနာရှင်အဖွဲ့အစည်းမဟုတ်။

"အမယွမ်ကို အသိပေးကြဦးမလား"

လုယန် သက်ပြင်းချသည်။

"အသိပေးချင်ပါတယ်။ ဒါပေမယ့် အမယွမ် အကျဉ်းထောင်တောင်ထိပ်ကိုသွားတာ ပြန်မလာသေးဘူး။ သွေးကပ်ဆိုးက အညံ့မခံဘဲ ဘာမှထုတ်မပြောလို့ မှတ်ဉာဏ်ရှာဖွေဖို့ စဉ်းစားနေတာဖြစ်မယ်"

မုန်ကျင်းကျိုး ခေါင်းငြိမ့်ထောက်ခံသည်။

ကူးဖြတ်ခြင်းအဆင့်ထိ ရောက်ခဲ့သူသည် ထိုအဆင့်ရောက်ဖို့ မရေမတွက်နိုင်သည့် အခက်အခဲများ အတားအဆီးများ ရင်ဆိုင်ခဲ့ရမည်မှာ သေချာနေသည်။ ထိုကဲ့သို့လူမျိုး၏ပါးစပ်ကိုဖွင့်ဖို့ လွယ်လိမ့်မည်မဟုတ်။

.......

အကျဉ်းထောင်တောင်ထိပ်။

"ငါမှားပါတယ်။ ရွှေသန္ဓေအဆင့်မှာတုန်းက ငါ့ဆရာရဲ့မိန်းမကို မျက်စိမကျခဲ့သင့်ဘူး။ ဒါပေမယ့် မတတ်နိုင်ဘူး။ သူကအရမ်းလှလွန်းနေတယ်။ ငါ့ကိုယ်ငါ မထိန်းချုပ်နိုင်ဘူး..."

သွေးကပ်ဆိုးက သူကျူးလွန်ခဲ့သည့် ပြစ်မှုအားလုံးကို ဝန်ခံနေသည်။

ဆယ့်ငါးရက် ကြာသွားသည်။ ကလေးဘဝတွင် မုဆိုးမရေချိုးသည်ကို ပြတင်းပေါက်မှ ချောင်းကြည့်ခဲ့သည်ကစ၍ ပထမဆုံးဝိညာဉ်ကျောက်များရရန် ချီစုစည်းခြင်းတစ်ယောက်အား အညံ့စားဆေးလုံးများ ရောင်းခဲ့ပုံ၊ အခြေတည်အဆင့် လျှို့ဝှက်နယ်မြေစူးစမ်းရှာဖွေရေးခရီးတွင် ရတနာလောဘကြောင့် သူ့အဖော်များကိုသတ်ခဲ့ပုံ၊ ရွှေသန္ေူအဆင့်တွင် သူ့ဆရာမိန်းမကို ဗူးထခဲ့ပုံ...စသဖြင့် အားလုံးကို အသေးစိတ်ဖွင့်ဟဝန်ခံသည်။ ယွမ်ကျိပင် မေးစရာမလို။

ယွမ်ကျိက ခံစားချက်ကင်းမဲ့သည့်မျက်နာဖြင့် သူ့ရှေ့တွင် တင်ပျဉ်ခွေထိုင်နေသည်။ အချိန်ကုန်သက်သာစေရန် သွေးကပ်ဆိုးဝိညာည်ကို သန့်စင်လိုက်ရလျှင်ကောင်းမလားဟု စဉ်းစားနေသည်။

ပြည့်စုံသည် ကူးဖြတ်ခြင်းအဆင့်ဝိညာဉ်တစ်ခုကို အရည်အသွေးမြင့် ဝိညာည်မှော်ရတနာအဖြစ် သန်စင်၍ရသည်။ သူ့ဘိုးဘေးဆရာအတွက် အသုံးဝင်သည်။

ယခုအတိုင်း ဖျက်ဆီးလိုက်လျှင် နှမျောစရာကောင်းသည်။

ယွမ်ကျိ ဆံဒးဖြတ်ရခက်နေသည်။

သွေးကပ်ဆိုးက အရယ်အပြုံးကင်းသည့်ယွမ်ကျိကို တစ်ချက်ခိုးကြည့်သည်။ အစောပိုင်းက ယွမ်ကျိသုံးခဲ့သည် နှိပ်စက်နည်းများကို ပြန်သတိရလာပြီး ထိတ်လန့်ခြောက်ခြားလာသည်။ ခန္ဓာကိုယ်တစ်ခုသာရှိသေးလျှင် ယခုချိန် ‌ကြောက်ချွေးပြန်နေပြီးဖြစ်မည်။

သူဆက်၍ ဝန်ခံသည်။ တစ်ခုမှ ထိန်ချန်မထားရဲ။

"ငါ့ဆရာမိန်းမက ငါ့ကို အိပ်ယာထဲမှာမြူဆွယ်ပြီးတော့..."

***********************************

All Chapters