လတိုင်းမိုးကြိုးပစ်ခံရလျှင် အကျိုးရှိမရှိ
Vol. 26 Ch. 385
"အွစ်...အွစ်..
"ဝုတ်ဘဲ..."
"ပယ့်..."
သက်တမ်းထောင်ချီအတွေ့အကြုံရှိသည့် အဘိုးအိုနှင့်ကျောက်ရိုးပင် ထိုမြင်ကွင်းမျိုး တစ်ခါမှမမြင်ဖူး။
ကျောက်ရိုးမျက်နှာ အူကြောင်ကြောင်ဖြစ်နေသည်။ ဝိညာဉ်တစ်သောင်းအလံ သန့်စင်ပြီးဖြစ်၍ ပြိုင်ဘက်ကိုရင်ဆိုင်ဖို့ ပိုခက်ခဲတော့မည်ဟု သူပြောခဲ့သည်။
ယခု အခြေအနေကြည့်ရသည်မှာ ဘာမှပြဿနာမရှိနိုင်လောက်။
အဘိုးအိုလည်း ထိုသို့ဖြစ်မည်ဟု ထင်မထား။ ရွာငယ်တစ်ခုဘေးဖြတ်သွားရင်း သွေးစွမ်းအင်သိပ်သည်းထူထဲစွာရှိနေသည်ကို သတိထားမိခဲ့သည်။ ဝိညာဉ်တစ်သောင်းအလံသန့်စင်ဖို့ အဆင်ပြေသည်။
ထို့ကြောင့် သွေးစွမ်းအင်အားလုံးသိမ်းယူ၍ လူသူကင်းဝေးသည့်နေရာတစ်ခုရွေးပြီး အလောတကြီး သန့်စင်ခဲ့သည်။
စွမ်းအားကြီးရန်သူတစ်ယောက်နှင့် ရင်ဆိုင်ရင်း သူ့အလံကို အချိန်မီပြီးမြောက်အောင် သန့်စင်နိုင်ခဲ့သည်။ ရန်သူတို့၏သွေးဖြင့် အလံကိုယာဇ်ပူဇော်မည်၊ ရန်သူ့အသက်နှုတ်ချွေဖို့ သန်းချီသည့်နာကျည်းသရဲများကို စေလွှတ်မည်ဟု သူတွေးထားခဲ့သည်။
သို့သော် သူဘာကိုဆင့်ခေါ်မိလိုက်မှန်းပင် နားမလည်တော့။ အံတင်တင်းကြိတ်၍ လက်နှစ်ဘက်ဖြင့် မှော်တံဆိပ်များဖန်တီးပြီး ဝိညာဉ်တစ်သောင်းအလံကို အသက်ပြန်သွင်းသည်။
"ကိစ္စမရှိပါဘူးလေ။ လူဖြစ်ဖြစ် အိမ်မွေးတိရစ္ဆာန်ဖြစ်ဖြစ် ဝိညာဉ်တစ်သောင်းအလံထဲမှာ သန့်စင်ထားရင် အားလုံးဟာ ရက်စက်တဲ့ဝိညာဉ်လို့ သတ်မှတ်လို့ရတယ်"
ကျောက်ရိုးလည်း ထိုပြဿနာကို ရိပ်စားမိသည်။ ဤဝိညာဉ်တစ်သောင်းအလံသည် နည်းနည်းကြောင်တောင်တောင်နိုင်သည်။ သို့သော် သူ့စွမ်းအားကို လျှော့တွက်၍မရ။
"တိုက်ကြ၊ သူတို့ကို ဝါးမျိုကြ"
အဘိုးအို အေးစက်စက်ရယ်မော၍ အမိန့်ပေးလိုက်သည်။ ဤနေရာတွင် လုယန်တို့အဖွဲ့ကို မြေမြှုပ်ပစ်ရန် ဆုံးဖြတ်ထားသည်။
ဝက်များ နွားများ သိုးများ အရပ်ရှစ်မျက်နှာသို့ ပြန့်ကျဲသွားသည်။ ဝိညာဉ်အလံဖြင့်သာ ထိန်းမထားလျှင် အဝေးသို့ပြေးထွက်သွားကြပြီးဖြစ်လိမ့်မည်။
ဝက်တစ်ချို့ဆိုလျှင် အဘိုးအိုကို နှုတ်သီးဖြင့်တရှုံ့ရှုံ့အနံ့ခံပြီးမှ ဖြေးညှင်းစွာ ထွက်သွားသည်။
အဘိုးအို "..."
ကျောက်ရိုး '..."
"အကိုလု၊ စုစည်းခြင်းအဆင့်တွေရဲ့တိုက်ပွဲဆိုတာ အဲလိုမျိုးပဲလား"
ထောင်ယော်ယဲ့ သိစိတ်အာရုံမှ လှမ်းမေးသည်။ သူအတွေ့အကြုံနည်းသေးသည်။ စုစည်းခြင်းအဆင့်တိုက်ပွဲကို ပထမဆုံးမြင်ဖူးခြင်းဖြစ်သည်။ ဖြစ်နေသည့်အခြေအနေကို သူနားမလည်။
လုယန်စိတ်ထဲတွင်
'ငါလည်း ဒါမျိုး ပထမဆုံးမြင်ဖူးတာပါပဲကွာ'
"နတ်မယ်။ ဘာလို့ အိမ်မွေးတိရိစ္ဆာန်တွေကို ဝိညာဉ်အလံထဲသန့်စင်ရင် ထိန်းချုပ်လို့မရတာလဲ"
"ဟားဟားဟား၊ တကယ့်အရူးပဲ။ အိမ်မွေးတိရစ္ဆာန်တွေကို ဝိညာဉ်အလံထဲ သန့်စင်တယ်တဲ့။ ပိုးကောင်မွှားကောင်တွေပါ တစ်ခါတည်းထည့်လိုက်ပါလား...ဟားဟားဟား"
နတ်မယ် သိစိတ်နယ်မြေတွင် ခွက်ထိုးခွက်လန် ရယ်နေသည်။
အရယ်ရပ်သွားပြီးနောက် ရှင်းပြသည်။
"ဝိညာဉ်တစ်သောင်းအလံဆိုတာ ဝိညာဉ်တွေကို ထိန်းချုပ်ဖို့ပဲ။ ထိန်းချုပ်နိုင်တဲ့ ဝိညာဉ်တွေ မျိုးစုံရှိတာပေါ့။ အသိဉာဏ်ရှိတဲ့ လူတွေ၊ နတ်ဆိုးသားရဲတွေ အဲလိုတွေပေါ့။ အသက်ရှိတဲ့အချိန်က ကျင့်စဉ်စွမ်းအားမြင့်လေ နာကျည်းဒေါသကြီးလေ၊ ဝိညာဉ်အလံ စွမ်းအားကောင်းလေပဲ။
အသိဉာဏ်မရှိတဲ့ အိမ်မွေးတိရိစ္ဆာန်တွေက အမိန့်ပေးတဲ့စကားကို ဘယ်လိုနားလည်မှာလဲ။ ဘယ်လိုတိုက်ခိုက်မှာလဲ"
"ဒါပေမယ့် ကလေးတွေရဲ့ဝိညာဉ်ကိုသုံးပြီး ဝိညာဉ်အလံသန့်စင်တာမျိုးကို ကြားဖူးတယ်။ ကလေးတွေမှာလည်း အသိဉာဏ်မရှိဘူးလေ"
"အဲလိုသန့်စင်တာကတော့ ရနိုင်တယ်။ ဒါပေမယ့် နင်မသိတာတစ်ခုရှိတယ်။ နတ်ဆိုးကျင့်ကြံသူတွေက ကလေးဝိညာဉ်တွေကို ဝိညာဉ်အလံထဲ ချက်ချင်းသန့်စင်တာမဟုတ်ဘူး။ လေးငါးခြောက်နှစ်လောက် အချိန်ယူရတယ်။
အဲဒီ့အချိန်အတွင်းမှာ ကလေးဝိညာဉ်က အသွင်သဏ္ဌာန်ပိုင်းမှာ မပြောင်းလဲပေမယ့် စိတ်ဓာတ်က ရင့်ကျက်လာတယ်။ နောက်ဆုံးမှာ အမိန့်တွေကို နားလည်နိုင်တဲ့အရွယ်တစ်ခုကို ရောက်လာတယ်။ အဲဒီအချိန်ကျမှ သန့်စင်မှုပြီးမြောက်တယ်လို့ခေါ်တာ"
သူမသေမျိုးမဖြစ်မီက နတ်ဆိုးကျင့်ကြံသူအတော်များများနှင့် ရင်ဆိုင်ခဲ့ရသည်။ ပရမ်းပတာဖြစ်နေသည့် ရှေးဟောင်းခေတ်အတွင်း နတ်ဆိုးကျင့်ကြံသူများ နေရာတိုင်းရှိသည်။ နတ်ဆိုးပညာရပ်များအကြောင်း ကျောက်ရိုးထက်ပင် သူအများကြီးပိုသိသည်။
လုယန်ကို နောက်ဆုံးအကြံတစ်ခုပေးသည်။
"နင်ကြိုးစားပြီးလေ့လာသင်ယူသင့်တယ်။ မဟုတ်ရင် ဟိုအရူးအိုလို ဖြစ်လာလိမ့်မယ်"
လုယန် ထောင်ယော်ယဲ့ကို အကျိုးအကြောင်း ပြန်ပြောပြလိုက်သည်။
ထောင်ယော်ယဲ့က လေးစားသည့်အကြည့်ဖြင့် သူ့ကိုကြည့်သည်။
'အကိုလုက အရမ်းဗဟုသုတကြွယ်တာပဲ။...အဲ..မဟုတ်သေးဘူး။ ဘာလို့ နတ်ဆိုးကျင့်စဉ်ပညာအကြောင်း သူဒီလောက်အများကြီး သိနေတာလဲ"
အဘိုးအိုက ဝိညာဉ်တစ်သောင်းအလံကို ဘေးသို့လွှင့်ပစ်ပြီး လည်ဆွဲတစ်ခုထုတ်သည်။ လည်ဆွဲမှပုတီးလုံးများက ဦးခေါင်းခွံငယ်များဖြစ်သည်။ ကြောက်စရာမျက်နှာအမူအရာ မျိုးစုံရှိနေသည်။
အဘိုးအို၏ အသက်နှောင်မှော်လက်နက် 'မျိုးရိုးဆယ့်ရှစ်ဆက်ဘိုးဘေးလည်ဆွဲ'ဖြစ်သည်။
ထိုလည်ဆွဲဖန်တီးလိုလျှင် ပထမဆုံးအနေဖြင့် အိမ်ထောင်ပြုရသည်။ သားသမီးမွေးရသည်။ ထို့နောက် မျိုးရိုးဆယ်ရှစ်ဆက် မျိုးဆက်ပွားရသည်။ ဆယ့်ရှစ်ဆက်ပြည့်သည်နှင့် မျိုးဆက်တစ်ခုချင်းစီမှ အထူးချွန်ဆုံးမျိုးဆက်များကို ရွေးထုတ်ရသည်။
ညှင်းပန်းနှိပ်စက်သည့် ဒုက္ခဆင်းရဲကို ဖြတ်သန်းခိုင်းပြီး ပုတီးတစ်လုံးစီအဖြစ် သန့်စင်ရသည်။ ပုတီးဖန်တီးသူ၏ ဇနီးသည်၏အူဖြင့် ထိုပုတီးလုံးများကို သီကုံးရသည်။
အဘိုးအို လည်ဆွဲကို လေထဲသို့ ပစ်လွှင့်လိုက်သည်။ လည်ဆွဲကြိုးပြတ်သွားသည်။ ဦးခေါင်းခွံများ ကြီးထွားလာသည်။ ကြီးမားသည့်အရိုးဦးခေါင်းခွံများအသွင်ပြောင်း၍ ကျောက်ရိုးဆီ ပျံသန်းသွားပြီး ကိုက်ခဲဆွဲဖဲ့ကြသည်။
ထိုပညာစွမ်းတစ်ခုတည်းကပင် စုစည်းခြင်းကျင့်ကြံသူအများစုကို ခြောက်ခြားစေနိုင်သည်။
"ဟားဟား၊ ခွေးသူတောင်းစားအို၊ မင်းအတော်ရက်စက်တဲ့ကောင်ပဲ။ မင်းရဲ့မျိုးရိုးဆယ့်ရှစ်ဆက်ပါရမီရှင်တွေကို နတ်ဆိုးလက်နက်အဖြစ်ပြောင်းပစ်တယ်ပေါ့။ သူတို့က မင်းရဲ့သွေးဆက်ဆိုတော့ ဒီလည်ဆွဲကို မင်းထိန်းချုပ်ဖို့လွယ်တာပေါ့လေ"
ကျောက်ရိုးမျက်နှာ တည်ငြိမ်နေသည်။ လည်ဆွဲ၏ဇစ်မြစ်ကို သူသိသည်။ သို့သော် အရေးမစိုက်။ နတ်ဆိုးဂိုဏ်းထဲတွင် ဒုဂိုဏ်းချုပ်ရာထူးထိ တက်လှမ်းခဲ့သူဖြစ်၍ သူ့နည်းလမ်းများ အဘိုးအိုစိတ်ကူးယဉ်နိုင်စွမ်းထက် ကျော်လွန်နေသည်။
အရိုးဓားကောက်ကို ဆုပ်ကိုင်လိုက်သည်။ လက်ကိုင်မှ ဆူးချွန်များထိုးထွက်လာသည်။ သူ့လက်ဝါးကို ထိုးဖောက်သွားသည်။ ဓားကောက်က သူ့သွေးကိုစုပ်ယူသည်။ ဓားပြားတလျှောက် အနီရောင်လိုင်းကြောင်းတစ်ခု ပေါ်လာသည်။
"ဝှီး"
ကျောက်ရိုး အရိုးဓားကောက်ကို ဝှေ့ယမ်းလိုက်သည်။ စူးရှသည့်အလင်းတန်းတစ်ခု ကောင်းကင်ကိုထိုးခွဲ၍ တောင်တန်းတစ်ခုလုံး လင်းထိန်သွားသည်။ အရိုးခေါင်းဆယ်ခြောက်ခု ချက်ချင်းပြတ်ထွက်သွားသည်။
အဘိုးအို မျက်နှာပျက်သွားသည်။
"မင်းဓားကောက်က ဘာလို့ ငါ့လည်ဆွဲထက် စွမ်းဆောင်ရည်မြင့်နေတာလဲ"
ကျောက်ရိုး ရှေ့တိုးသွားသည်။ ကျန်နေသည့်နတ်ဆိုးခေါင်းများကို ခုတ်ဖြတ်သည်။
"မြင့်တာပေါ့။ ဒီဓားကောက်ကိုသွန်းလုပ်ဖို့ ငါ့အရိုးတွေကို ကိုယ်တိုင်ထုတ်ပြီး နေ့နေ့ညည ငါ့သွေးနဲ့အဟာရဖြည့်ထားတာလေ။ ခန္ဓာကိုယ်က ဖယ်ရှားပြီးတာတောင် ငါ့အရိုးတွေက အသက်ရှင်နေတုန်းပဲ။ ဒါကြောင့်လည်း ဒီဓားကောက်ဖြစ်လာအောင် သန့်စင်ခဲ့တာပေါ့။
မင်းမျိုးဆက်တွေ မင်းနဲ့သွေးဆက်ဘယ်လောက်နီးနီး ငါ့ကိုယ်ပိုင်အရိုးကို ဘယ်လိုယှဉ်နိုင်မှာလဲကွ"
"သောက်ရူးပဲ"
အဘိုးအို ဆဲလိုက်သည် ကိုယ့်အရိုးကိုယ် မှော်လက်နက်အဖြစ် သန့်စင်သည့်အလုပ်သည် နှစ်ပေါင်းရာချီအချိန်ယူရသည်။ အလစ်အငိုက် တိုက်ခိုက်ခံရနိုင်ခြေများသည်။
တစ်ချက်မှားသည်နှင့် အသတ်ဓာတ်ကုန်းခမ်းမည်။ သို့မဟုတ် သေသွားမည်။
"ဟား... ဂိုဏ်းချုပ်ချင်က ငါ့ကိုအရမ်းတန်ဖိုးထားလို့ သန့်စင်နေတဲ့အချိန်အတွင်း ငါ့ကိုကာကွယ်ပေးခဲ့တယ်လေ"
သူတို့နှစ်ယောက် အပြင်းအထန် တိုက်ခိုက်ကြသည်။ အဘိုးအိုက နတ်ဆိုးမှော်တံဆိပ်ကြီးတစ်ခု ဖန်တီးလိုက်သည်။ အရိုးခေါင်းဆယ့်ရှစ်ခု အကြိမ်ကြိမ်အသစ်ပြန်လည်ဖွဲ့စည်းပြီး ကျောက်ရိုး၏ တိုက်ခိုက်မှုများကို နှောက်ယှက်သည်။
ကျောက်ရိုး၏လှုပ်ရှားမှုက အရိပ်လိုဖြစ်နေသည်။ နေရာအတိအကျ ခန့်မှန်းမရ။ သူ့အရိုးဓားက အရိုးခေါင်းများကို ထပ်ကာထပ်ကာ ဖျက်ဆီးသည်။ အဘိုးအိုနှင့် အနီးကပ်ရင်မဆိုင်ဖြစ်အောင် ရှောင်တိမ်းနေရသည်။
"ဒီနေရာမှာ ငါစည်းမျဉ်းတစ်ခုချမှတ်မယ်။ ကျန်းငါးရာပတ်လည်အတွင်း ငါကလွဲလို့ တစ်ခြားလူတွေရဲ့လှုပ်ရှားမှုအားလုံး နှေးကွေးစေ"
အဘိုးအို စည်းမျဉ်းစွမ်းအားထုတ်သုံး၍ ကျောက်ရိုး၏တိုက်ခိုက်မှုကို ချုပ်နှောင်ရန်ကြိုးစားသည်။
လုယန်နှင့်ထောင်ယော်ယဲ့တို့ သဲနွံထဲကျွံကျသလို ခံစားကြရသည်။ အတင်းရုန်းကန်နေသည်။
ကျောက်ရိုးက အေးစက်စက်ရယ်မော၍ သူ့ဝိညာဉ်ကို ခန္ဓာကိုယ်မှ ခွဲထုတ်သည်။ နှေးကွေးသည့်စည်းမျဉ်းအာနိသင် မသက်ရောက်တော့။ လက်နက်ပြောင်းကိုင်သည်။ ဝိညာဉ်အသွင်ဖြင့် တူကြီးတစ်လက်ကိုင်ပြီး အဘိုးအိုကို လှမ်းရိုက်သည်။
"မင်းကတစ်ယောက်ပဲ စည်းမျဉ်းသုံးနိုင်တယ်ထင်နေလား။ နောက်ထပ်စည်းမျဉ်းတစ်ခု ထပ်တိုးရအောင်- ကျန်းငါးရာပတ်လည်အတွင်း ဘယ်သူမှနတ်ဆိုးလက်နက်မသုံးနိုင်စေရ"
မျိုးရိုးဆယ့်ရှစ်ဆက်လည်ဆွဲ အရောင်မှိန်သွားသည်။ ကြီးမားသည့်နတ်ဆိုးခေါင်းအရိပ်များ ပျောက်ကွယ်သွားသည်။
"ဝိညာဉ်ပဲကျန်တာတောင် ငါ့ကိုစိန်ခေါ်ရဲသေးတယ်ပေါ့"
အဘိုးအို ကျောက်ရိုးထံ ပြေးတက်လာသည်။ တူဖြင့်ရိုက်ချခံလိုက်ရသည်။
သူမယုံနိုင်အောင်ဖြစ်သွားသည်။
"မဖြစ်နိုင်ဘူး...မင်းဝိညာဉ်က ဒီလောက်စွမ်းအားမကြီးနိုင်ဘူး"
ကိုယ်ဝိညာဉ်စွမ်းအားကိုယ် သူအမြဲယုံကြည်ခဲ့သည်။ သို့သော်ယခု ကျောက်ရိုးကို ဝိညာဉ်စွမ်းအားချင်း ယှဉ်၍မရကြောင်း သိလိုက်ရသည်။
"လတိုင်းလတိုင်း ဝိညာဉ်ကျောက်တစ်ဘီလျံတန်တဲ့ ကောင်းကင်မိုးကြိုး အပစ်ခံရရင် မင်းလည်း ဒီလိုဖြစ်လာမှာပါ"
ကျောက်ရိုး နာနာကျည်းကျည်းပြောသည်။ လစဉ် အသက်ကိုရင်း၍ ကောင်းကင်ဆင်းရဲကို ရင်ဆိုင်ခဲ့ရသဖြင့် အကျိုးကျေးဇူးတစ်ချို့တာ့ ရခဲ့ပါသည်။
************************************************