← Chapters

မြေအောက်ကောင်းကင်ဘုရင်

Vol. 26 Ch. 386

မြေအောက်ကောင်းကင်ဘုရင်

Vol. 26 Ch. 386

ကျောက်ရိုးက နည်းလမ်းစုံဖိနှိပ်ထားသဖြင့် အခြေအနေမကောင်းတော့ကြောင်း အဘိုးအိုနားလည်လာသည်။ ဤလူငယ်မျိုးဆက်က သူထင်ထားသည်ထက် ပိုစွမ်းအားကြီးနေသည်။

မဟာယုခေတ်တွင် ဤအဘိုးအိုသည် စွမ်းအားအကြီးဆုံး စုစည်းခြင်းအဆင့်နတ်ဆိုးကျင့်ကြံသူစာရင်းဝင်အဖြစ် သတ်မှတ်ခံရသူဖြစ်သည်။ သူ့ကိုဖိအားပေးနိုင်သူမှာ ထိပ်ဆုံးအဆင့်စုစည်းခြင်းအဆင့်များသာ ရှိခဲ့သည်။

'သောက်လခွမ်း၊ ဘာလို့ဒီလောက်ကံခေတာလဲကွာ'

ဝိညာဉ်တစ်သောင်းအလံကို သန့်စင်ဖိုသာ သူထွက်လာခြင်းဖြစ်သည်။ ဘာအသိဉာဏ်မှမရှိသည့် အိမ်မွေးတိရစ္ဆာန်များဖြစ်နေသည်။ ယခုလည်း စွမ်းအားအကြီးဆုံး စုစည်းခြင်းအဆင့်တစ်ယောက်နှင့် ရင်ဆိုင်ရသည်။

မဟာကပ်အပြိုင်အဆိုင်ကာလပင် မရောက်သေး။ ထိုရန်သူမျိုးကို သူရင်ဆိုင်နေရသည်။

ဆက်တိုက်ခိုက်လျှင် ရှုံးဖို့သာရှိသည်။

ပြေးရမည်။

အဘိုးအို ဆက်၍တိုက်ခိုက်လိုစိတ် လုံးဝမရှိတော့ဘဲ ချက်ချင်းနောက်လှည့်ပြေးသည်။

ကျယ်ပြန့်သည့် သူ့ရှင်သန်မှုအတွေ့အကြုံအရ သိနေသည်။ ယခုမနိုင်ခြင်းသည် နောင်တစ်ချိန်မနိုင်ဟု မဆိုလို။ သူဇွဲကောင်းကောင်းကျင့်ကြံနေသရွေ့ နောက်တစ်ချိန်လက်စားချေခွင့် ရနိုင်သည်။ မနက်ဖြန်အောင်ပွဲခံနိုင်လျှင် ယနေသူထွက်ပြေးသည့်အဖြစ်ကို ဘယ်သူလှောင်ရဲမည်နည်း။

လုယန်နှင့် ထောင်ယော်ယဲ့ကို သူမတိုက်ခိုက်။ ထိုနှစ်ယောက်၏ ကျင့်စဉ်အခြေခံက ခိုင်မာသော်လည်း ကျင့်စဉ်အဆင့်က နိမ့်လွန်းသေးသည်။ သူ့ပြိုင်ဘက်၏ တပည့်များဖြစ်လောက်သည်။ သူ့လိုနတ်ဆိုးကျင့်ကြသူများအတွက် ကိုယ်ရှင်သန်နိုင်ဖို့သာ ပထမဦးစားပေးဖြစ်သည်။

လက်စားချေဖို့ တပည့်များကိုဖမ်းခေါ်သွားလျှင် လှောင်ရယ်စရာဖြစ်လာမည်။

နတ်ဆိုးခေါင်းခြောက်ခုကို ကျောက်ရိုးကို တားဆီးဖို့ ချန်ထားခဲ့ပြီး အလင်းတန်းအသွင်ပြောင်း၍ သူပျံသန်းသွားသည်။

"ခွေးသူတောင်းစား၊ အရှက်မရှိတဲ့ကောင်။ ချက်ချင်းလက်လျှော့ပြီး ထွက်ပြေးတယ်ပေါ့"

သိက္ခာမရှိသည့် ပြိုင်ဘက်ကို ကျောက်ရိုး အော်ဆဲလိုက်သည်။

သို့သော် အဘိုးအိုအခြေအနေမျိုး သူကြုံလျှင်လည်း ထွက်ပြေးဖို့သာရွေးချယ်မည်ဖြစ်သည်။

ရုတ်တရက် လေဟာနယ်လှိုင်းထသွားသည်။ ထွက်ပြေးနေသည့်အဘိုးအိုနောက်တွင် လူတစ်ယောက် အသံတိတ်ပေါ်လာသည်။ အုတ်ခဲနှင့်တူသည့်ပစ္စည်းတစ်ခုကိုင်ထားပြီး အဘိုးအို၏ဦးခေါင်းကို သူရိုက်ချလိုက်သည်။

အဘိုးအို ရှေ့သို့ငိုက်ဆင်းပြီး ကောင်းကင်မှထိုးကျသွားသည်။

"ဘယ်သူလဲ"

ချက်ချင်းခုခံရန် ဟန်ပြင်သည်။ သို့သော် ရိုက်ချက်က ပြင်းလွန်းသည်။ တိကျလွန်းသည်။ သူမူးဝေနေသဖြင့် ကောင်းကောင်းမရပ်နိုင်။

နောက်ထပ်စွမ်းအားရှင်တစ်ယောက်ပေါ်လာမှန်းသိလိုက်သဖြင့် ထပ်ထွက်ပြေးရန်ပြင်သည်။

"ငါ့လက်ထဲကနေ ထွက်ပြေးနိုင်မယ်ထင်နေလား"

အုတ်ခဲကိုင်စွမ်းအားရှင်က အေးစက်စက်ပြုံး၍စိုက်ြကြည့်နေသည်။ အဘိုးအို ကျောရိုးထဲမှစိမ့်တက်လာသည်။ သူမင်သက်မိနေသည်။ ခုခံဖို့ပင်သတိမရတော့။

စက္ကန့်ဝက်လောက် ငိုင်သွားခြင်းဖြစ်သော်လည်း စုစည်းခြင်းအဆင့်ကျင့်ကြံသူများအတွက် အခြေအနေတစ်ခုလုံးပြောင်းလဲသွားရန် လုံလောက်သည့်အချိန်ဖြစ်သည်။

လူသစ်က အဘိုးအိုကို ပိတ်ကန်ပြီး မြေပြင်ပေါ်ဆောင့်နင်း၍ ဖိထားသည်။

အဘိုးအို မြေအောင်း၍ ထွက်ပြေးရန် ကြိုးစားသည်။ သို့သော် လူသစ်က အလျင်စလိုမရှိ။ မြေပြင်ကိုလက်ညှိုးထိုးလိုက်သည်။ အောက်ဘက်မြေသားက သံမဏိလို ချက်ချင်းမာကျောသွားသည်။

အဘိုးအိုမည်မျှကြိုးစားသည်ဖြစ်စေ ထိုးဖောက်၍မရ။

"မြေကြီးသံမဏိပြောင်းစွမ်းအားလား"

အဘိုးအိုနှင့်ကျောက်ရိုး သံပြိုင်ရေရွတ်မိကြသည်။ ထိုပညာကို သူတိုသိသည်။ မြေထွက်ပြေးပညာရပ်များကို ထိန်းချုပ်သည့် အဆင့်မြင့်မှော်ပညာတစ်မျိုးဖြစ်သည်။

ပျောက်ကွယ်လုနီးပါးဖြစ်နေသည့် မှော်ပညာဖြစ်သည်။ မသေမျိုးငါးဂိုဏ်းနှင့် ရှေးဟောင်းကျင့်ကြံသူများသာ သိကြသည်။

လူသစ်က အဘိုးအိုကို အေးစက်စက်ငုံ့ကြည့်ပြီး ခြေထောက်ကို အားပိုထည့်လိုက်သည်။ အဘိုးအို မချိမဆန့်အော်ဟစ်လိုက်ရသည်။

"မင်းဘယ်သူလဲကွ"

အဘိုးအို လူသစ်ကို ‌ဒေါသတကြီးမော့ကြည့်၍ မေးသည်။

ထိုလူသာရုတ်တရက်ပေါ်မလာရင် သူထွက်ပြေးလွတ်မြောက်ပြီးဖြစ်မည်။

သို့သော် ယခု ခုခံဖို့ သတ္တိမမွေးရဲ။ ဤလူသုံးသွားသည်ပညာရပ်က ကျောက်ရိုးထက်ပင် စွမ်းအားပိုကြီးသေးသည်။

ကျောက်ရိုးလည်း သတိဖြင့် စောင့်ကြည့်နေသည်။ အရေးကြီးသည့်အချိန်မှ ထိုလူဝင်လာသည်။ သူတို့နောက်သို့ အစကတည်းက နောက်ယောင်ခံလိုက်ခဲ့သည့်သဘောဖြစ်သည်။ သို့သော် သူ့ကို ကျောက်ရိုးလုံးဝအာရုံမခံမိခဲ့။

ကိုယ်ယောင်ဖျောက်ပညာကို အဆင့်မြင့်မြင့်တတ်မြောက်ထားခြင်းဖြစ်သည်။

လူသစ်၏မျက်လုံးအကြည့်က စူးရှနက်ရှိုင်းသည်။ သူ့စိတ်ကို အကဲခတ်ဖို့မဖြစ်နိုင်။ လဲကျနေသည့် အဘိုးအိုကို သူတစ်ချက်ကြည့်သည်။ ထို့နောက် ကျောက်ရိုးကိုကြည့်သည်။ ထို့နောက် တည်ငြိမ်သော်လည်း ဝင်ကြွားရိပ် အထင်သေးရိပ်အပြည့်ပါသည့်လေသံဖြင့်

"ငါက ကောင်းကင်ရုံးတော်ဂိုဏ်းရဲ့ကာကွယ်သူ မြေအောက်ကောင်းကင်ဘုရင်ပဲ"

ကျောက်ရိုးအမူအရာ နည်းနည်းပြောင်းသွားသည်။ သူထင်သည့်အတိုင်းပင် ထိုလူသည် ကောင်းကင်ရုံးတော်ဂိုဏ်း၏ ကာကွယ်သူတစ်ယောက်ဖြစ်နေသည်။

'မြေအောက်'ဟူသည့်ဘွဲ့နာမည်ပါသည်။ ရှေးဟောင်းခေတ်ကိုးငရဲဘုံနှင့် ဆက်စပ်နေသလားမသိ။

အဘိုးအိုကတော့ လုံးဝနားမလည်။ ကောင်းကင်ရုံးတော်ဂိုဏ်း....။ ဘယ်လိုအဖွဲ့အစည်းမှန်းမသိ။

ယနေ့ခေတ် အဓိကအင်အားစုများကို သူစုံစမ်းထားပါသည်။ သို့သော် ကောင်းကင်ရုံး‌တော်ဟုခေါ်သည့်ဂိုဏ်းကို တစ်ခါမှမကြားဖူး။

လုယန်နှင့်ထောင်ယော်ယဲ့တို့ မဟာအကြီးအကဲကို လှမ်းကြည့်သည်။ အကြီးအကဲက ဝင်ကြွားသည့်ဟန်ပန်ဖြင့် ရှေးဟောင်းကျင့်ကြံသူအဘိုးအိုကို ခြေထောက်ဖြင့်နင်းထားဆဲဖြစ်သည်။

‌ကျောက်ရိုးကိုလုည်း လှောင်ပြုံးပြုံး၍ ကြည့်နေသေးသည်။ လုယန်တို့နှစ်ယောက် ညည်းညူချင်စိတ်ကို အတင်းထိန်းထားရသည်။

ဒုဂိုဏ်းချုပ်ကျောက်ရိုးကို လုယန် သွားတွေ့သည့်ကိစ္စသည် အန္တရာယ်များသဖြင့် တာအိုလမ်းစဉ်ဂိုဏ်းက လူတစ်ယောက်လွှတ်လိုက်သည်။

လုယန် အစက ဘယ်သူ့ကိုမှ ခေါ်လာဖို့စီစဉ်မထားခဲ့။ သို့သော် မဟာအကြီးအကဲက သူတို့နှစ်ယောက် ကျောက်ရိုးနှင့်သွားတွေ့သည့်သတင်းကို သိသွားသည်။ သူတို့နောက်သို့လိုက်၍ ကာကွယ်ပေးမည်ဟု အတင်းပြောသည်။

သူပေးသည့်အကြောင်းပြချက်က တာအိုလမ်းစဉ်ဂိုဏ်း၏အနာဂတ် လုံခြုံဘေးကင်းရေးအတွက်ဟုဆိုသည်။

ယခု မဟာအကြီးအကဲပုံစံကို ကြည့်ရသလောက် ထိုစကားက ဆင်ခြေသက်သက်ဟု လုယန်ယူဆသည်။ ကြွားလုံးထုတ်ရမည့် အခွင့်အရေးကို လက်လွတ်မခံလို၍သာဖြစ်လိမ့်မည်။

အကြီးအကဲကို မဟာမိတ်ဖြစ်ကြောင်းသိသည်နှင့် ကျောက်ရိုး စိတ်သက်သာရာရသွားသည်။ ဆောင့်ကြောင့်ထိုင်၍ အဘိုးအိုကို နှစ်ချက်ရိုက်ပြီးမေးသည်။

"ပြောစမ်း၊ မင်းဘာလို့ ဒီအိမ်မွေးတိရိစ္ဆာန်တွေအားလုံးကို သတ်ခဲ့တာလဲ"

အဘိုးအိုဒေါသထွက်သွားသည်။ ထိုမေးခွန်းသည် သူ့သိက္ခာကို စော်ကားခြင်းဖြစ်သည်။

"မင်းငါ့ကို အရူးထင်နေလား။ အိမ်မွေးတိရစ္ဆာန်တွေကို သတ်တယ်တဲ့လား။ ငါက နတ်ဆိုးကျင့်ကြံသူကွ။ သားသတ်သမားမဟုတ်ဘူး။ ဒီသွေးစွမ်းအင်တွေဟာ သားသတ်ရုံကသွေးတွေမှန်းသာသိရင် ငါအချိန်ကုန်ခံပြီး ဝိညာဉ်တစ်သောင်းအလံကို သန့်စင်နေမယ်ထင်လား"

ကျောက်ရိုးတွေးကြည့်သည်။ အဘိုးအိုစကား ကျိုးကြောင်းဆီလျော်သည်ဟု သူယူဆသည်။ ထို့နောက် နောက်နှစ်ချက်ထပ်ရိုက်သည်။

"ဒါဆို ရွာသားတွေဘယ်လိုပျောက်သွားတာလဲ ရှင်းပြစမ်း"

"ဘာရွာသားတွေလဲ။ ငါရောက်တဲ့အချိန် ဘယ်သူမှမရှိတော့ဘူး"

"မင်းလက်ချက်မဟုတ်တာ သေချာလား"

"သေချာတယ်ကွ"

ထိုအဘိုးအို လိမ်နေခြင်းမဟုတ်မှန်း ကျောက်ရိုးရိပ်မိသည်။ မည်သို့ဆိုစေ သူတို့နှစ်ယောက်လုံး နတ်ဆိုးကျင့်ကြံသူများဖြစ်သည်။ သတ်ဖြတ်သည့်ကိစ္စနှင့်ပတ်သက်လျှင် အမှန်တရားကို ဖုံးကွယ်နေဖို့ အကြောင်းမရှိ။

"ထူးဆန်းနေပါလား"

....

တာအိုလမ်းစဉ်ဂိုဏ်း၏ ထာဝရမြက်ခင်းပြင်တွင်ဖြစ်သည်။

ထာဝရဂိဏ်းချုပ်ဟောင်းက နွားများသိုးများ အေးအေးလူလူ မြက်စားနေသည့် ကျယ်ပြန့်သည့်မြက်ခင်းလွင်ပြင်ကို ငေးကြည့်ရင်း သက်ပြင်းချသည်။

"သခင်ဘာလို့ သက်ပြင်းချနေတာလဲ"

ရှောင်ဝူ၊ ရှောင်လျို၊ ရှောင်ချီ သရဲမသုံးယောက်က စိုးရိမ်တကြီး သူ့အနားသို့လျှောက်လာကြသည်။

"ငါဂိုဏ်းချုပ်လုပ်တုန်းက သားသတ်ရုံတစ်ခု ဖွင့်ခဲ့တဲ့အချိန်ကို ပြန်တွေးမိလို့ပါ"

"သခင်လည်း သားသတ်ရုံထောင်ခဲ့တယ်ပေါ့"

"ဒါပေါ့။ လူတိုင်းမှာ ဝါသနာတစ်ခုနှစ်ခုတော့ ရှိကြတာပဲမဟုတ်လား။ မင်းတို့ကို ဒီအကြောင်းမပြောဖူးသေးဘူး။

ငါထာဝရဂိုဏ်းကိုမဝင်ခင်က ငါ့မိသားစုက သားသတ်ရုံတစ်ခုဖွင့်ခဲ့တယ်။ နောက်ပိုင်း အခွန်ရှောင်တဲ့ကိစ္စ သတင်းရသွားတော့ အာဏာပိုင်တွေက ငါတို့နောက်ကို လိုက်လာတယ်။

ငါ့မှာ အစွမ်းအစရှိတာကိုမြင်လို့ ထာဝရဂိုဏ်းက ငါ့ကိုလက်ခံခဲ့တာ။ အဲဒီ့နောက် သိပ်မကြာလိုက်ဘူး။ ငါဂိုဏ်းချုပ်ဖြစ်လာတယ်လ။

ဂိုဏ်းချုပ်ဖြစ်ပြီးနောက်ပိုင်းမှာလည်း သားသတ်ရုံဖွင့်ခဲ့တဲ့အချိန်တွေကို ငါခဏခဏ ပြန်အောက်မေ့မိတယ်။

ငါလက်အောက်ခံတွေက အမြဲတမ်း ဝက်တွေလိုပဲ ထုံထိုင်းမိုက်မဲကြတယ်။ သူတို့ကြောင့် ငါဒေါသထွက်ရတိုင်း သတ်ချင်စိတ်ပေါက်တယ်။

ဒါပေမယ့် ထာဝရဂိုဏ်းမှာက လူနည်းလွန်းတယ်။ လက်အောက်ခံဂိုဏ်းဝင်တွေ အစားထိုးဖို့က ခက်တယ်လေ။

ဒါကြောင့် ရုပ်သေးတွေ ငါဝယ်တယ်။ တောနက်ထဲမှာ ရွာငယ်တစ်ခုတည်ဆောက်ပြီး 'ဟွိုင်အန်း'ရွာလို့ နာမည်‌ပေးခဲ့တယ်။

ရုပ်သေးတွေကို ထိန်းချုပ်ပြီး ရွာသားတွေလို ရုပ်ဖျက်ပေးတယ်။ ပြီးတော့ သားသတ်ရုံတစ်ခုဖွင့်ခဲ့တယ်။

နေ့တိုင်း ဝက်တွေကိုငါသတ်တယ်။ ငါ့လက်အောက်ခံတွေလို့ သဘောထားပြီးသတ်တာပေါ့။ အဲဒီ့အလုပ်ကို နှစ်သုံးလေးရာလောက် ငါလုပ်ခဲ့တာ။

နောက်ဆုံးကျတော့ အဲဒီ့ရွာက အဲဒီ့ခေတ်ကာလာမှာ လူသိများတဲ့ သက်တမ်းရင့်သားသတ်ရုံတစ်ခု ဖြစ်လာတယ်။

အဲဒါပြီးတော့ ငါအဖမ်းခံရတာပဲ။ သားသတ်ရုံကို ပိတ်သိမ်းလိုက်တယ်။ ဝက်တွေ၊ နွားတွေ၊ သိုးတွေအားလုံးကို အာဏာပိုင်တွေက ရောင်းပစ်တယ်။

ရုပ်သေးထိန်းချုပ်တဲ့အလုပ်တွေအားလုံး ဆက်မလုပ်ဖို့ ငါ့ကိုအမိန့်ချတယ်။ ရုပ်သေးတွေကိုလုည်း ရုံးတော်က ယူသွားတယ်။

အခု ဟွိုင်အန်းရွာက အခွံသက်သက်ပဲ ကျန်တော့တယ်။ အသုံးမဝင်တဲ့သွေးစွမ်းအင်တွေအပြည့်နဲ့ပေါ့။

အာဏာပိုင်တွေကလည်း အဲဒီ့ကိစ္စကို ဘယ်လိုရှင်းရမှန်းမသိတော့ ဒီအတိုင်းပဲ ပစ်ထားကြတယ်"

"သွေးစွမ်းအင်တွေကို နတ်ဆိုးကျင့်ကြံသူတွေက ဝိညာဉ်တစ်သောင်းအလံလို ပစ္စည်းမျိုးတွေသန့်စင်ဖို့ မသုံးကြလောက်ဘူးလား"

ရှောင်ချီက စိုးရိမ်စိတ်ဖြင့်မေးသည်။ သူတို့ကိုယ်တိုင်လည်း အလံတစ်ခုအတွက် ဝိညာဉ်အဖြစ်ပြောင်းခံရလုနီးနီး ဖြစ်ခဲ့သည်ကို မှတ်မိနေသည်။

ဂိုဏ်းချုပ် အော်ဟစ်ရယ်မောလိုက်သည်။

"မဖြစ်နိုင်ပါဘူး။ ဘယ်လိုအရူးမျိုးက ဒီလိုသွေးစွမ်းအင်ကို ဝိညာဉ်အလံသန့်စင်ဖို့သုံးမှာလဲ"

****************************************

All Chapters