← Chapters

ဉာဏ်အလင်းရဘုန်းကြီး

Vol. 26 Ch. 377

ဉာဏ်အလင်းရဘုန်းကြီး

Vol. 26 Ch. 377

မသေမျိုးဓားကျိုးသွားသည်နှင့် အကြီးအကဲစိတ်ထဲ တစ်သက်တာအစီအစဉ်ချလိုက်မိသည်။

နှစ်နှစ်ထောင် သူကြိုးကြိုးစားစား အလုပ်လုပ်ခဲ့သည်။ နောက်ဆုံးတွင် ကူးဖြတ်ခြင်းအဆင့်နှင့် ခြေတစ်လှမ်းသာလိုတော့သည့်အခြေအနေသို့ ရောက်ခဲ့သည်။ သန့်စင်မှုတစ်ရာတောင်ထိပ်၏သခင်ဖြစ်လာသည်။ မူပိုင်ခွင့်များစွာ ပိုင်ဆိုင်ထားသည်။ တာအိုလမ်းစဉ်ဂိုဏ်းအတွက် နှစ်စဉ် ကြီးမားသည့်ဝင်ငွေလမ်းကြောင်းများကို လည်ပတ်နေသည်။

သို့သော် သူ့တစ်သက်တာစုဆောင်းမှုသည် မသေမျိုးဓားတစ်လက်ဝယ်နိုင်ဖို့ သိပ်မသေချာလှ။ မသေမျိုးဓားများသည် သွန်းလုပ်ဖို့ အလွန်တရာခက်ခဲသည်။ မသေမျိုးများ၏ သီးခြားလက်နက်များဖြစ်သည်။

မသေမျိုးဓားဆိုသည်မှာ ထာဝရဂိုဏ်းမှရသည့် မသေမျိုးရတနာများနှင့် လုံးဝကွာခြားသည်။ ထာဝရဂိုဏ်း၏ ရတနာများကို အလွန်ဆုံး 'မသေမျိုးတစ်ဝက်'အဆင့်ဟုသာ သတ်မှတ်နိုင်သည်။ သို့သော် လုယန်ယူလာသည့်ဓားက မသေမျိုးဓားအစစ်ဖြစ်သည်။ ဆီနှင့်ရေလို ကွာခြားသည်။

မသေမျိုးလက်နက်တစ်ခု အသွင်ပေါ်လာချိန်တွင် သူ့အရည်အသွေးက မြင့်လွန်းသဖြင့် ကောင်းကင်ကသည်းမခံနိုင်ဟု ဆိုကြသည်။ ထိုလက်နက်ကို ဖျက်ဆီးဖို့ ကောင်းကင်လျှပ်စီးများစွာ ပို့လွှတ်သည်။ မစစ်မဆေးဘဲ ထိုအတိုင်းပစ်ထားလျှင် ထိုလက်နက်ကြေမွပျက်စီးသွားမည်။ လက်နက်ကို ထိန်းသိမ်းနိုင်ရန် မသေမျိုးက ကောင်းကင်ခွန်အားကို ခုခံရသည်။ မသေမျိုးအဆင့်သို့ နောက်တစ်ကြိမ်ထပ်တက်ရသလို ခက်ခဲသည်။ ခန့်မှန်းမရသည့် အန္တရာယ်များ ကြုံတွေ့နိုင်သည်။

စမ်းသပ်မှုများဖြတ်ကျော်ပြီး အသွင်ပေါ်လာလျှင် ထိုမသေမျိုးလက်နက်၏တန်ဖိုးက တိုင်းတာ၍မရတော့။ စုစည်းခြင်းအဆင့်ကျင့်ကြံသူတစ်ယောက် ပြန်အစားပေးနိုင်သည့် ပစ္စည်းမျိုးမဟုတ်။

သူတစ်သက်လုံးအလုပ်လုပ်လျှင်ပင် မသေမျိုးတစ်ခုတန်ကြေး တတ်နိုင်ရုံသာရှိမည်ဟု အကောင်းဘက်မှ တွေးကြည့်သည်။

ကျိုးရှင်း၏မျက်နှာအမူအရာကိုကြည့်၍ လုယန် အနေခက်လာပြီး ချောင်းတစ်ချက်ဆိုးလိုက်သည်။

"အကြီးအကဲကျိုး၊ ဒီမသေမျိုးဓားက မဖျက်ဆီးနိုင်တဲ့ရတနာမျိုး မဟုတ်ပါဘူး။ ကျုပ်လေ့လာကြည့်တော့ ဒီဓားကို မသေမျိုးတစ်ယောက်က ခက်ခဲတဲ့အခြေအနေတစ်ခုကို ကျော်လွှားဖို့ သီးခြားဖန်တီးခဲ့တာ ဖြစ်နိုင်ပါတယ်။ မသေမျိုးဓားအစစ်နဲ့တူပေမယ့် စွမ်းအားတော့သိပ်များများမရှိလောက်ဘူး"

ကောင်းကင်ဆင်းရဲထိန်းချုပ်သည့် ယင်ထန်မသေမျိုးက နဂါးနှင့်ဖီးနစ်ပါရမီရှင်များကို လှည့်စားရန် သီးခြားဖန်တီးခြင်းဖြစ်သည်။ ထိုနှစ်ယောက်လုံးက မသေမျိုးတစ်ဝက်အဆင့်ဖြစ်သည်။ ထိုနှစ်ယောက်ကို ဤဓားကလှည့်စားနိုင်သည်ဆိုလျှင် အကြီးအကဲကျိုးရှင်းကိုလည်း လှည့်စားနိုင်ပေလိမ့်မည်။

"အဲလိုလား"

လုယန်စကားကြောင့် ကျိုးရှင်း နည်းနည်းအသက်ရှူချောင်သွားသည်။

သို့သော် လုယန်သူ့ကို တမင်နှစ်သိမ့်နေခြင်းဖြစ်မည်စိုး၍ ဓားကို ကိုယ်တိုင်သေချာလေ့လာသည်။

ဝိညာဉ်အာရုံဖြင့် သုံးသပ်သည်။ မီးအပူပေးပြီး သန့်စင်သည်။ သတ္တုသွန်းသည့်နည်းလမ်းများလည်းသုံးသည်။ အမျိုးမျိုးစမ်းသပ်ပြီးနောက် ထိုဓား၏တည်ဆောက်ပုံကို သူနားလည်လာသည်။

"ဘယ်အရူးကများ ဒီဓားကိုသွန်းလုပ်ခဲ့တာလဲကွာ။ ငါတောင် သေမတတ်ကြောက်သွားတယ်။

အရင်ဆုံး သူတို့က မီးကျောက်တုံးနဲ့ တောင်ထိပ်ဝိညာဉ်ကျောက်ကို ပေါင်းစပ်ပြီး ဓားသန္ဓေကို ဖန်တီးတယ်။ ပြီးတော့ နည်းလမ်းတစ်မျိုးနဲ့ ဒါကိုဝိညာဉ်ဓားတစ်ခုဖြစ်အောင် ချက်ချင်းပုံဖော်တယ်။ နောက်ဆုံးကျမှ မသေမျိုးရွှေမှုန်ကို ဓားပေါ်မှာတစ်လွှာအုပ်တယ်။ ကောင်းကင်လျှပ်စီးရိုက်ချက်တွေ ခံထားရသလိုဖြစ်အောင် လုပ်ထားတာ။ အသိဗဟုသုတများပါတယ်ဆိုတဲ့ငါလိုလူတောင် တကယ်မသေမျိုးဓားအစစ်လို့ ထင်သွားတယ်။ မဟုတ်ဘူး...ငါတင်မဟုတ်ပါဘူး။ ကူးဖြတ်ခြင်းအဆင့်ကျင့်ကြံသူတွေတောင် အစစ်လို့ထင်မိကြမှာပဲ။

ထိကိုင်စစ်ဆေးမကြည့်ဘဲ ကြည့်ရုံပဲကြည့်မယ်၊ ဒါမှမဟုတ် ဝိညာဉ်အာရုံပဲသုံးမယ်ဆိုရင် မသေမျိုးဓားအစစ်နဲ့ လုံးဝခွဲမရဘူး"

ကျိုးရှင်း လုယန်ကိုလှည့်ကြည့်၍ မေးသည်။

"ဒီမသေမျိုးဓားကို မသေမျိုးတစ်ယောက်က အခက်အခဲတစ်ခု ဖြတ်ကျော်ဖို့သုံးခဲ့တာလို့ မင်းပြောတယ်နော်။ အဲဒါ ဘယ်လိုအခက်အခဲမျိုးလဲ။ သူပိုက်ဆံပြတ်လို့ ငွေနဲ့လိမ်ရောင်းဖို့ ကြိုးစားခဲ့တာမျိုးလား"

လုယန် "..."

ချီလင်မသေမျိုး၏ လှည့်စားမှုကြောင့် သူငွေကုန်ခဲ့သ်ောလည်း မိန်းမကိုလှည့်စားခဲ့သည့် ချီလင်အကြောင်း သတင်းဖြန့်ခြင်းသည် ကောင်းသည့်စိတ်ကူးမဟုတ်။

တစ်ဘက်သတ်ရန်ငြှိုးထားရသည်ကိုသာ လုယန်ပိုသဘောကျသည်။

ထို့ပြင် အကြီးအကဲခုနကသုံးခဲ့သည့် "အရူး"ဆိုသည့်စကားသည် ကောင်းကင်ဆင်းရဲထိန်းချုပ်သည့် ရှေးဟောင်းမသေမျိုးတစ်ယောက်ကို စော်ကားလိုက်ခြင်းဖြစ်ကြောင်း အကြီးအကဲကျိုး နားလည်မည်မဟုတ်။

"မင်းခုနက ဓားကိုပြုပြင်ချင်တယ်လို့ ပြောတာမဟုတ်လား။ ကိစ္စမရှိပါဘူး။ ငါ့တာဝန်ထားပါ"

လက်ထဲမှဓားကျိုးကိုစိုက်ကြည့်၍ ကျိုးရှင်း ဒေါသထွက်နေသည်။ ထိုမသေမျိုးဓားအတုကို တစ်ခြားပစ္စည်းအဖြစ် သူပြောင်းဖြစ်အောင်ပြောင်းမည်။

"ဒီမသေမျိုးရွှေမှုန်က ဘာမှသုံးမရပါဘူး။ အပြသက်သက်ပါ။ မသေမျိုးလက်နက်လို့ထင်အောင် လုပ်ထားတဲ့သဘောပါ။ ဒါပေမယ့် မီးကျောက်နဲ့ တောင်ထိပ်ဝိညာဉ်ကျောက်တွေက သိပ်ကောင်းတဲ့ကုန်ကြမ်းပစ္စည်းတွေပါ။ မင်းနဲ့သင့်တော်တယ်"

"ဘာလို့လဲ"

"မင်းကအခု ရွှေသန္ဓေအဆင့်လေ။ မင်းရဲ့ပါရမီနဲ့ဆို နတ်ဝိညာဉ်အဆင့်တွေကို တိုက်ခိုက်နိုင်မှာပဲ။ မီးကျောက်နဲ့ တောင်ထိပ်ဝိညာဉ်ကျောက်တွေကို နတ်ဝိညာဉ်အဆင့် ဝိညာဉ်ဓားအဖြစ် သွန်းလုပ်လို့ရတယ်"

ပစ္စည်းသန့်စင်သည့်နယ်ပယ်တွင် ကျိုးရှင်း၏အဆင့်အတန်းဖြင့် နတ်ဝိညာဉ်အဆင့်ဓားတစ်လက်သွန်းလုပ်ခြင်းသည် နည်းနည်းနိမ့်ကျသလိုဖြစ်နေသည်။ ပုံမှန်ဆိုလျှင် ထိုအလုပ်မျိုး သူ့တပည့်များကိုသာ တာဝန်ပေးသည်။ သို့သော် သူ့ဒေါသကို ဖွင့်ထုတ်ဖို့ သူကိုယ်တိုင်လုပ်ပေးရန် ဆုံးဖြတ်ထားသည်။

"ဒါနဲ့...မင်းက ဝိညာဉ်ဓားလိုချင်တာလား မှော်ဓားလိုချင်တာလား"

ဝိညာဉ်ဓားကို တိုက်ရိုက်ရင်ဆိုင်တိုက်ခိုက်ရာတွင် သုံးသည်။ မှော်ဓားက မှော်ပညာများထုတ်လွှတ်ရန် ကြားခံအဖြစ်သုံးသည်။ နှစ်ခုလုံး ဓားကျင့်စဉ်ပညာတွင် အကျုံးဝင်သည်။ သို့သော် ယခုထိ ဝိညာဉ်ဓားသုံးသည့်ပညာသာ လုယန် သင်ထားသည်။

"ဝိညာဉ်ဓားပါ"

"ကောင်းပြိလေ"

ကျိုးရှင်း လုယန်ကို လက်နက်သန့်စင်ခန်းသို့ ခေါ်သွားသည်။ အထဲသို့မဝင်မီကပင် အပူလှိုင်းတစ်ခု ထိုးထွက်လာသည်ကို လုယန်ခံစားမိသည်။ အခန်းတစ်ခုနှင့်မတူ ပေါက်ကွဲနေသည့် မီးတောင်တစ်ခုနှင့်တူသည်။

ကျိုးရှင်းက ပြောသည်။

"ပုံမှန်ဆိုရင် မင်းရဲ့လက်ရှိကျင့်စဉ်အဆင့်နဲ့ ဒီနေရာကို မဝင်နိုင်သေးဘူး။ ဒါပေမယ့်မင်းက မီးတောက်စစ်တစ်ခု ပိုင်ဆိုင်ထားတော့ အဲဒီ့မီးတောက်က ဒီအခန်းရဲ့အပူချိန် ထိုးဖောက်မဝင်နိုင်အောင် ကာကွယ်ပေးပါလိမ့်မယ်။

ငါဒီမှာ စည်းမျဉ်းတစ်ခု ချထားတယ်။ မီးတောက်စစ်တွေက ထိတွေ့ရုံနဲ့ မပေါက်ကွဲနိုင်ဘူး။ ပြီးတော့ ငါအဆင်ပြေပြေပစ္စည်းသန့်စင်နိုင်အောင် မီးတောက်စစ်မျိုးစုံ ပေါင်းစပ်ပြီးသုံးလို့ရတယ်"

အခန်းက ကျယ်ပြန့်သည်။ စက်ဝိုင်းခြမ်းပုံစံရှိသည်။ နံရံပေါ်တွင် ရောင်စုံပုလင်းငယ်များ တန်းစီထားသည်။

အစိမ်းရောင်ပုလင်းတစ်လုံးကို ကျိုးရှင်း အသာဆွဲယူလိုက်သည်။ အဆို့ဖွင့်လိုက်သည်နှင့် မီးတောက်တ်စခု ပျံထွက်လာသည်။ အစိမ်းရောင်ပုလင်းက အဖြူရောင်ပြောင်းသွားသည်။

ထိုပုလင်းသည် ပင်ကိုယ်က အဖြူရောင်ဖြစ်သည်။ မီးတောက်အပူရှိန်ကြောင့် အရောင်ပြောင်းသွားခြင်းဖြစ်သည်။

"ငါအပြင်လောကကို ခရီးထွက်ပြီး အများသိထားတဲ့ မီးတောက်စစ်တစ်ရာရှစ်မျိုးထဲက ရှစ်ဆယ့်ရှစ်မျိုး စုဆောင်းခဲ့တယ်။ မီးတောက်စစ်တွေကို သီးသန့်လုပ်ထားတဲ့ပုလင်းတွေနဲ့ သိမ်းထားတယ်။ ပစ္စည်းတစ်ခုခုသန့်စင်တဲ့အခါ ထုတ်သုံးတယ်။

နောက်ပိုင်းမှာ မီးတောက်စစ်ဆယ့်နှစ်မျိုး ထပ်စုနိုင်ခဲ့တယ်။ လက်ရှိငါစုဆောင်းထားတဲ့ အတိုင်းအတာပေါ့"

လုယန် အံ့အားသင့်သွားသည်။ အကြီးအကဲကျိုးရှင်း ပစ္စည်းသန့်စင်သည့်နယ်ပယ်တွင် နာမည်ကျော်နေသည်မှာ မဆန်းတော့။ ထိုမီးတောက်စစ်များစုဆောင်းထားသည်ကပင် ပစ္စည်းသန့်စင်သူများစွာ သွားရေယိုလောက်သည်။

ကျိူးရှင်း ဆက်ပြောသည်။

"ဒါပေမယ့် ကျန်တဲ့မီးတော့စစ်ရှစ်ခုက ရဖို့အရမ်းခက်ခဲတယ်။ ငါဆုကြေးမြှင့်ပြီးကြေညာထားပေမယ့် တစ်ယောက်မှ လာမရောင်းကြဘူး။ ဒါမှမဟုတ် အဲဒါတွေက စုဆောင်းဖို့ခွင့်မပြုတဲ့ တားမြစ်ပစ္စည်းတွေဖြစ်နေလို့လားတော့မသိဘူး"

"မီးတောက်စစ်တွေကို တားမြစ်ထားတယ်ပေါ့"

"ဥပမာ၊ ရမ္မက်မီးတောက်စစ်ပေါ့။ မီးပွားသေးသေးလေးတစ်ခုလောက်နဲ့တင် လူတစ်ယောက်ကို ထိန်းမနိုင်သိမ်းမရတဲ့ ရမ္မက်စိတ်တွေ ဖြစ်ပေါ်စေတယ်။ ဖွင့်ထုတ်စရာရှာမတွေ့ရင် ဒီစိတ်ကိုထိန်းရလွန်းသို့ သေသွားနိုင်တယ်။ ရုံးတော်က ဒီမီတောက်ဟာ အန္တရာယ်များလွန်းတယ်လို့ယူဆပြီး စုဆောင်းခွင့်တားမြစ်ထထားတယ်။

ဒါပေမယ့် ငါတကယ်စုဆောင်းချင်ရင် ရှာနိုင်ပါတယ်။ တစ်ချို့ လျှို့ဝှက်ဆောင်ကြာမြိုင်တွေက ဒီမီးတောက်ကို သုံးကြတယ်။ ဒါပေမယ့် ပစ္စည်းသန့်စင်ဖို့ ဒါက ဘာမှသုံးမရတော့ ရှာဖို့မလိုအပ်ပါဘူး"

ကျိုးရှင်းက လက်ထဲတွင် အစိမ်းရောင်မီးတောက်ကိုကိုင်ထားရင်း မပွင့်တပွင့်ပြုံးသည်။

"ဒီမီးတောက်အကြောင်း မင်းကြားဖူးလားတော့မသိဘူး။ ဆန္ဒမဲ့မီးတောက်စစ်တဲ့။ ရမ္မက်မီးတောက်ရဲ့ ဆန့်ကျင်ဘက်ပေါ့။ ရွှေဗုဒ္ဓနိုင်ငံကနေရောက်လာတာ။ နှလုံးကို မီးမြှိုက်လိုက်ရင် ဆန္ဒတွေအားလုံး ရှင်းပစ်နိုင်တယ်။ စိတ်ကိုကြည်လင်စေတယ်။ တာအိုတစ်ခုတည်းကို အာရုံစူးစိုက်နယ်။

ငါငယ်ငယ်က အကိုသုံးနဲ့ ရွှေဗုဒ္ဓနိုင်ငံကို ခရီးထွက်ဖူးတယ်။ ငါတို့သွားတာက ဆောင်ကြာမြိုင်တစ်ခုမှာ ရမ္မက်မီးတောက်စစ်ကို ရှာဖို့ပဲ။ ဒါပေမယ့် ကံကြမ္မာက မျက်နှာသာမပေးဘူး။ မီးတောက်စစ်ကိုမတွေ့ဘဲ အဲဒီ့ဆောင်ကြာမြိုင်မှာ ဉာဏ်အလင်းရထားတဲ့ ဘုန်းကြီးတစ်ယောက်နဲ့တွေ့တယ်။

အဲဒီဘုန်းကြီးက ငါနဲ့အကိုသုံးဟာ ဗုဒ္ဓဝါဒနဲ့ ခိုင်မာတဲ့ဆက်နွယ်မှုတွေရှိတာကိုမြင်တယ်။ ကံရေစက်ကြောင့် ငါတို့ချင်းတွေ့ကြရတာလို့ သူယူဆတယ်။ ငါ့ကို ဆန္ဒမဲ့မီးတောက်စစ်ကိုပေးရုံမကဘူး။ အကိုသုံးကိုတောင် အရဟတ်လက်သီးပညာ လက်တွေ့သရုပ်ပြပေးတယ်။ အကိုသုံးကလည်း အရမ်းစိတ်အားထက်သန်လာပြီး ပြန်ရောက်တာနဲ့ ကောင်းကင်တုန်ခြောက်ကွက်ကို ဖန်တီးခဲ့တယ်လေ"

လုယန် "..."

သူကြားထားသည့်ဇာတ်လမ်းက ထိုသို့မဟုတ်။ တတိယအကြီးအကဲသည် ရွှေဗုဒ္ဓနိုင်ငံတွင် အရဟတ်လက်သီးဖြင့် အသေအလဲနွှာခံရသည်။ ထို့ကြောင့် သူ့ကိုယ်သူတိုးတက်အောင်လုပ်မည်ဟု သန္နိဌာန်ချပြီး ကောင်းကင်တုန်ခြောက်ကွက်ကို ဖန်တီးခဲ့ခြင်းဟုဆိုသည်။

"နေပါဦး၊ ဉာဏ်အလင်းရတဲ့ဘုန်းကြီးက ဘာလို့ဆောင်ကြာမြိုင်မှာ ရှိနေတာလဲ"

ထိုမေးခွန်းကို ကျိုးရှင်းက အံ့ဩဟန်မပြ။ သူလည်း ထိုစဉ်က ထိုမေးခွန်းမျိုး ဘုန်းကြီးကို မေးခဲ့သည်။

"ဪ...အဲဒီ့ကိစ္စလည်း ဘုန်းကြီးကဒီလိုရှင်းပြတယ်။ 'အဝတ်ဗလာဖြင့် ဆောင်ကြာမြိုင်ကိုဖြတ်၍ ငါလျှောက်သွားသော်လည်း ဗုဒ္ဓက ငါ့နှလုံးအိမ်တွင် တည်နေ၏"တဲ့"

(**မဟာယာနဗုဒ္ဓကျမ်းစာမှ "အရက်နှင့်အသား ငါ့အူထဲသို့ ဖြတ်သွားသ်ောလည်း ဗုဒ္ဓက ငါ့နှလုံးအိမ်တွင် တည်နေ၏" ဟူသည့် အဆိုအမိန့်ကို ရည်ညွှန်းသည်။ ဘုန်းကြီးအတုများ အပြစ်ဖုံးကွယ်ရန် သုံးကြသည်ဟုဆိုပါသည်။

ထိုအဆိုအမိန့်၏ နောက်ဆက်တွဲစကားက "သို့သော် သာမန်လူများ ငါ့လိုပြုမူလျှင် မကောင်းဆိုးဝါးလောကသို့ဝင်သလိုပင်ဖြစ်သည်"ဟု ဖြစ်သည်)

**************************************

All Chapters