ငရဲလဓား
Vol. 26 Ch. 378
ရွှေဗုဒ္ဓနိုင်ငံမှ ဉာဏ်အလင်းရဘုန်းကြီးများကို ကြည်ညိုလေးစားကြသည်မှာ မဆန်းတော့။ သူတို့စကားလုံးများပင် နက်နဲသည့်အနှစ်သာရများ ပြည့်နေသည်ဟု လုယန်တွေးမိသည်။
စိတ်ဝင်စားလာသဖြင့် လုယန်ဆက်မေးသည်။
"အကြီးအကဲတို့က ဒီဘုန်းကြီးကို ဘယ်လိုတွေ့တာလဲ"
"ဒီဘုန်းကြီးရဲ့အဆင့်အတန်းက အတော်မြင့်တယ်။ သူက မိန်မျိုးဆက်ဆရာတော်တစ်ယောက်တဲ့။ သူ့နှလုံးက ကောင်းကင်လိုမြင့်မြတ်တယ်။ သူ့ဓမ္မနာမည်က မိန်ထန်တဲ့။ သူ့ကိုသိတဲ့လူတိုင်းက ကိုယ်တော်မိန်လို့ ခေါ်ကြတယ်။
အဲဒီတုန်းက ငါနဲ့ကိုယ်တော်မိန်နှစ်ယောက်လုံး မိန်းကလေးတစ်ယောက်တည်းကို စိတ်ဝင်စားမိကြတယ်။ မိန်းမတစ်ယောက်က ယောက်ျားနှစ်ယောက်လက်ခံလို့မရဘူးလေ။ ဒီတော့ ငါတို့စပြိုင်ကြတယ်။ ဘယ်သူ့မှာ ဝိညာဉ်ကျောက်ပိုများများရှိသလဲ ကြည့်တယ်။ အဲဒီ့တုန်းက မူပိုင်ခွင့်တွေအများကြီး လျှောက်ထားပြီးသားဆိုတော့ ဝိညာဉ်ကျောက်ချင်းယှဉ်ရင် ငါဘယ်သူ့ကိုမှမကြောက်ဘူး။
ကိုယ်တော်မိန်ကလည်း ဝိညာဉ်ကျောက်ကိစ္စမယှဉ်နိုင်မှန်းသိတော့ သူ့ကိုအဲဒီ့မိန်းမပေးဖို့ ငါ့ကိုတောင်းဆိုတယ်။ ငါ့စွမ်းရည်ကိုသိနေတော့ ဆန္ဒမဲ့မီးတောက်စစ်ကိုပေးမယ်လို့ ပြောတယ်။ ငါက မလိုဘူးလို့ ငြင်းတယ်။ ဒါပေမယ့်သူက မီးတောက်စစ်ကို အတင်းထိုးပေးတယ်။
အဲဒီ့အချိန်မှာ အလှအပဆိုတာ ခဏတာပုံရိပ်ယောင်ပဲလို့ ငါနားလည်လာတယ်။ ဘာလို့ဆောင်ကြာမြိုင်မှာ အချိန်ဖြုန်းနေမှာလဲ။ ဒါကြောင့် ငါထွက်လာခဲ့တယ်။
နောက်တော့ ဒီကိစ္စဆွေးနွေးဖို့နဲ့ ဖြစ်နိုင်ရင် သူ့ကိုသင်ခန်းစာပေးဖို့ ကိုယ်တော်မိန်ကို ငါသွားတွေ့တယ်။
ဒါပေမယ့် ကံဆိုးတာက ကိုယ်တော်မိန်ရဲ့ ဓမ္မအသိက အရမ်းမြင့်နေတော့ ငါဘာမှခွန်းတုံ့ပြန်မပြောနိုင်ဘူး။ ပြီးတော့ သူ့ကျင့်စဉ်အဆင့်ကလည်း အများကြီးသာနေတယ်။ ကူးဖြတ်ခြင်းအဆင့်ကိုတောင် ရောက်နေပြီ။ ငါနဲ့အကိုသုံးနှစ်ယောက် သူ့ကိုမယှဉ်နိုင်ခဲ့ဘူး"
လုယန် "..."
လက်စသတ်တော့ တတိယအကြီးအကဲ၏ ကောင်းကင်တုန်ခြောက်ကွက်သည် ကောင်းကင်ကိုစိန်ခေါက်ဖို့မဟုတ်ဘဲ ကိုယ်တောင်မိန်ကို စိန်ခေါ်ဖို့ဖြစ်နေသည်။
(**E tran - 'မိန်ထန်'သည် ပူးတွဲစုတ်ချက်ဖြင့်ရေးလျှင် 'မနက်ဖြန်'ဟု အဓိပ္ပါယ်ရသည်။ ထို့ကြောင့် တိုက်ရိုက်ယူလျှင် 'ကိုယ်တော်မိန်ထန် = ကိုယ်တော်မနက်ဖြန်'ဖြစ်သည်။ 'မိန်'နှင့်'ထန်'ကို စုတ်ချက်ခွဲရေးလျှင် 'ထန်/ထျန်'သည် 'ကောင်းကင်'ဟု အဓိပ္ပါယ်ရှိသည်။ တတိယအကြီးအကဲ၏ 'ကောင်းကင်တုန်'ဆိုသည့်စကားသည့် တကယ့်ကောင်းကင်အစစ်ကို မဆိုလိုပဲ ကိုယ်တော်မိန်ထန်ကို ရည်ညွှန်းကြောင်း ဆိုလိုပါသည်)
လုယန် ထာဝရနတ်မယ်ကို လှည့်မေးသည်။
"နတ်ယ်၊ ခင်ဗျားတို့ခေတ်တုန်းက ဗုဒ္ဓဝါဒရှိလား"
"ရှိတာပေါ့"
လုယန် အံ့အားသင့်သွားသည်။ သမိုင်းမှတ်တမ်းအရ ဗုဒ္ဓဝါဒသည် ရှေးဟောင်းခေတ်ကတည်ညးက ရှိခဲ့သည်။ သို့သော် နတ်မယ်နှင့်တွေ့၍ ရှေးမသေမျိုးငါးယောက်အကြောင်း သိရပြီးနောက် ဗုဒ္ဓဝါဒသည် နာမည်သတင်းကျော်ဇော်ဖို့ လုပ်ဇာတ်ခင်းထားသည့် ဝါဒဖြန့်ဇာတ်လမ်းတစ်ခုဟုသာ သူယူဆခဲ့သည်။
ရှေးဟောင်းခေတ်တွင် ဗုဒ္ဓနှင့် ဗုဒ္ဓဝါဒဆိုင်ရာအဖြစ်အပျက်များ တကယ်ရှိခဲ့လျှင် ဘာကြောင့်နတ်မယ်က ဗုဒ္ဓအကြောင်း တစ်ခါမှမပြောခဲ့သနည်း။
ထိုရှေးမသေမျိုးငါးယောက် ဗုဒ္ဓတစ်ယောက်၏ပုံရိပ်ကို မယှဉ်နိုင်၍ဖြစ်မည်။
"တကယ်လား။ ဒါဆို ဗုဒ္ဓကိုယ်တော်လည်း တကယ်ရှိခဲ့တယ်ပေါ့။ သူက မသေမျိုးလား"
"ဗုဒ္ဓတွေအကြောင်း၊ ဗောဓိသတ္တတွေအကြောင်း၊ သုံးဆယ့်သုံးဘုံအကြောင်းတွေ ဗုဒ္ဓဝါဒမှာ ပြောထားတယ်မဟုတ်လား"
"ဟုတ်တယ်၊ အားလုံး ကျမ်းစာအမျိုးမျိုးမှာ မှတ်တမ်းတင်ထားတယ်"
နတ်မယ်က မပွင့်တပွင့်ပြုံးသည်။
"အခု ဒီကိစ္စတွေ နင်ပြောနေတဲ့အချိန် ကောင်းကင်ရုံးတော်အကြောင်း စိတ်ထဲမှာပေါ်မလာဘူးလား"
"..."
လုယန် အကြီးအကျယ် အံ့အားသင့်သွားသည်။ အတွေးတစ်ခု သူ့ခေါင်းထဲဝင်လာသလိုရှိသည်။
နတ်မယ်က သူ့အမူအရာကိုကြည့်၍ ကျေနပ်သွားပြီး ရယ်မောနေသည်။
"ဟုတ်တယ်။ ငါတို့ငါးယောက်ပေါင်းပြီး ဒါတွေအားလုံးကို ဖန်တီးခဲ့တာ"
သူ့ဘုန်းကြီးတာအိုလက်သီးသည် အရဟတ်လက်သီးထက် ပိုစစ်မှန်ကြောင်း ထာဝရနတ်မယ် ယုံကြည်ချက်အပြည့်ဖြင့်ပြောခဲ့သည်မှာ အံ့ဩစရာမရှိတော့။
ဗုဒ္ဓဝါဒတည်ထောင်ခဲ့သည့် အဖွဲ့ဝင်တစ်ယောက်အနေဖြင့် သူ့အခွင့်အာဏာက မေးခွန်းထုတ်စရာမရှိ။ သူ့ပညာရပ်သည် အစစ်ဟုပြောလျှင် တကယ်အစစ်ဖြစ်သည်။
လုယန် မင်သက်မိနေသည်။ ရှေးခေတ်မသေမျိုးငါးယောက်၏ လိမ်ဆင်များက သူစိတ်ကူးယဉ်နိုင်သည့်အတိုင်းအတာထက် များစွာကျော်လွန်နေသည်။
ကောင်းကင်ရုံးတော်အသွင်ကွဲများစွာ ဖန်တီးခဲ့သည်။ သိပ်လူသိမများခဲ့။ သို့သော် သူတို့တီထွင်ခဲ့သည့် ဗုဒ္ဓဝါဒက ရှင်သန်ရုံသာမက ခေတ်အဆင့်ဆင့်လက်ဆင့်ကမ်း၍ တိုးတက်ဖွံ့ဖြိုးခဲ့သည်။
လုယန်နှင့်နတ်မယ်စကားပြောနေသည်ကို ကျိုးရှင်းကမသိ။ လုယန်အမူအရာ အမျိုးအမျိုးပြောင်းလဲနေသည်ကိုကြည့်၍ သူတွေးရခက်နေသည်။
သို့သော် ထိုအဖြစ်မျိုးက တာအိုလမ်းစဉ်ဂိုဏ်းတွင် သိပ်မထူးဆန်းပါ။
ဝစီပိတ် လုယန်အရွယ်လောက်က ရှေးခေတ်သားရဲတစ်ကောင် သူ့ကိုယ်ထဲပိတ်မိနေသည်ဟု ထင်ယောင်ထင်မှားဖြစ်ခဲ့သည်။ ထိုသားရဲ၏စွမ်းအင်ရောင် ယိုစိမ့်ထွက်လျှင် လောကကြီးပျက်စီးသွားမည်ဟု ပြောသည်။ ထိုကြောင့် လှည့်ပတ်သွားလာချိန်တွင် ခံစားချက်ကင်းမဲ့သည့် အေးစက်စက်မျက်နှာမျိုး အမြဲထိန်းထားသည်။ သူ့ခံစားချက်အားလုံးကို ပိတ်ဆို့ထားသည်ဟု တွေ့သည့်လူတိုင်းကိုပြောသည်။
တစ်ခါတစ်လေ သူ့လက်ကောက်ဝတ်သူ ဝေဒနာခံစားရဟန်ဖြင့် အတင်းဆုပ်ကိုင်၍ ကိုယ်ထဲမှသားရဲကို ဆက်မထိန်းချုပ်နိုင်တော့သဖြင့် ဘေးလူများကို ထွက်ပြေးကြဖို့ပြောသည်။
ယနေ့ ထိုကိစ္စကို ဝစီပိတ်ရှေ့တွင် တစ်ယောက်ယောက်က ပြန်ပြောလျှင် အလွန်ဒေါသထွက်ပြီး ဓားဆွဲ၍လိုက်သည်။
အကြောင်းမရှိဘဲ မကြာခဏဒူးထောက်ပြီး ငိုကြွေးနေတတ်သည့် ဝစီပိတ်နှင့်ယှဉ်လျှင် လုယန်၏ အမူအရာအပြောင်းအလဲများက ဘာမှဆန်းပြားသည်မဟုတ်။
"ဓားဝိညာဉ်မြစ်ပိုင်ရှင်တွေရဲ့ ကံကြမ္မာက ဆရာကနေတပည့်ဆီကို စီးဆင်းလာတာဖြစ်မယ်"
"ဘယ်လို၊ ဘာကိုဆိုလိုတာလဲ အကြီးအကဲ"
လုယန် အတွေးပြတ်သွားသည်။ ကံကြမ္မာအကြောင်းကြားလိုက်ရသဖြင့် သူရင်ထိတ်လာသည်။ ဓားဝိညာည်မြစ်တွင် ပုန်းအောင်းနေသည့် ဆက်စပ်ကံကြမ္မာမျိုး ရှိနေသလားမသိ။ ဓားဝိညာည်မြစ်ပိုင်ရှင်တိုင်း တစ်သက်တာပြိုင်ဘက်မျိုး ရင်ဆိုင်ရပြီး ထပ်တလဲလဲရှုံးနိမ့်၍ အဆုံးမရှိသည့်နောင်တကို ခံစားကြရလေသလားမသိ။
လုယန်၏ဆရာ လောကတွင်လှည့်လည်နေခြင်းသည် သူ့ကိုယ်ပိုင်နောင်တများနှင့် စိတ်ပျက်စရာများကို ဖွင့်ထုတ်နေခြင်းလားမသိ။
တွေးလေလေ ဖြစ်နိုင်သည့်ဟု ထင်လာလေဖြစ်သည်။
"ဆန္ဒမဲ့မီးတောက်စစ်ကို ပစ္စည်းသန့်စင်ဖို့ ငါမကြာခဏသုံးတယ်။ ဒီမီးတောက်နဲ့ သွန်းလုပ်တဲ့ရတနာတွေက တိုက်ခိုက်တဲ့အခါ ကိုင်ဆောင်သူကို စိတ်တည်ငြိမ်စေတယ်။ အောင်နိုင်ဖို့အခွင့်အရေး အများကြီးတိုးမြှင့်ပေးနိုင်တယ်"
အကြီးအကဲ ရှင်းပြသည်။ တည်ငြိမ်မှုသည် အောင်နိုင်ဖို့အတွက် အဓိကသော့ချက်ဟု သူယုံကြည်သည်။
လက်ကိုထပ်မြှောက်၍ နောက်ထပ် ပုလင်းတစ်လုံးထဲမှ မီးတောက်စစ်ကို ထပ်ထုတ်လိုက်ပြန်သည်။
"ဒါက နတ်ခြောက်မီးတောက်ပဲ။ သန့်စင်မှုတစ်ရာတောင်ထိပ်သခင်တွေ မျိုးရိုးအဆက်ဆက် လက်ဆင့်ကမ်းလာတာ။ အညစ်အကြေးတွေကို ဝါးမျိုနိုင်တော့ ပစ္စည်းသန့်စင်တဲ့အခါ အလွန်အဆင်ပြေတယ်။ ဒီဓားထဲက မီးကျောက်နဲ့ တောင်ထိပဝိညာဉ်ကျောက်တွေကို ဒီမီးတောက်သုံးပြီး ခွဲထုတ်ရမှာ"
နတ်ခြောက်ပါးမီးတောက်ကို ခန်းမအလယ်တွင် ထားသည်။ ကြမ်းပြင်နှင့်နံရံများတွင် ရေးထွင်းထားသည် မှော်စက်ဝန်းများကို အသက်သွင်းသည်။ အခန်းအပူချိန် ချက်ချင်းမြင့်တက်လာသည်။ ပြင်းထန်သည့်အပူရှိန်ကို ကာကွယ်ဖို့ လုယန် ရသာသုံးပါးမီးတောက်စစ်ကို အသက်သွင်းလိုက်ရသည်။
ကျိုးရှင်းက ထိုအပူဓာတ်ကိုအရေးမစိုက်ဘဲ ဒါအပေါ်သာ အာရုံစိုက်သည်။ မီးတောက်များထိတွေ့သည်နှင့် ဓားအပြင်လွှာ မသေမျိုးရွှေမှုန့်များ အရည်ပျော်၍ မီးစားသွားသည်။
ဓား၏ပုံစံအစစ် ပေါ်လာသည်။ မည်းနက်နေသည်။ ထူးခြားသည့်အသွင်မျိုးလုံးဝမရှိ။ ရှားပါးသည့် အဖိုးတန်ကျောက်တုံးနှစ်မျိုးဖြင့် သွန်းလုပ်ထားသည့်လက္ခဏာမျိုး လုံးဝမတွေ့ရ။
နတ်ခြောက်ပါးမီးတောက်၏ ပြင်းထန်သည့်အပူဓာတ်ကြောင် ဓားက စတင်အရည်ပျော်လာသည်။ သတ္တုပျော်ရည်အဖြစ် ကွဲထွက်လာသည်။ တစ်ခုက အနီရောင် တစ်ခုက အနက်ရောင်ဖြစ်သည်။ သိမ်မွေ့သည့် အသက်စွမ်းအင်ရောင်တစ်မျိုး ဖြာထွက်နေသည်။ ကျိုးရှင်းက တူကိုလွှဲရမ်း၍ သတ္တုပျော်ရည်များကို အကြိမ်ကြိမ်ထုရိုက်သည်။
ထုရိုက်လိုက်တိုင်း မီးတောက်များပေါက်ကွဲထွက်လာသည်။ သို့သော် နတ်ခြောက်ပါးမီးတောက်၏ ထိန်းချုပ်မှုအောက်မှ လွတ်ထွက်မသွားသည်။
ကျိုးရှင်း ဘယ်လက်ကိုဖျတ်ခနဲ လှုပ်ရှားလိုက်သည်။ ဆန္ဒမဲ့မီးတောက်စစ် နတ်ခြောက်ပါးမီးတောက်ထဲသို့ တိုးဝင်သွားသည်။ မီးတောက်နှစ်ခု ပေါင်းစပ်သွားသည်။ ထူးခြားသည့် သူတို့ဂုဏ်သတ္တိများ ပေါင်းစပ်သွားသည်။
ထိုပစ္စည်းသွန်းပညာရပ်၏ ထူးခြားချက်ကို လုယန်သတိမထားမိ။ ဘယ်လိုစွမ်းရည်မျိုးသုံးနေသည်ကို သူမသိ။ သို့သော် အတွေ့အကြုံရှိသည့် ပစ္စည်းသွန်းသူတိုင်း ဤအဖြစ်ကိုမြင်လျှင် အကြီးအကျယ်အံ့အားသင့်သွားကြပေလိမ့်မည်။
ပျော်ရည်နှစ်ခု တဖြေးဖြေး ပေါင်းစပ်သွားပြီး ဓားသန္ဓေတစ်ခု ဖြစ်ပေါ်လာသည်။
ကျိုးရှင်းက မီးတောက်စစ်ထဲသို့လက်နှိုင်း၍ ဓားသန္ဓေကို ဆွဲထုတ်သည်။ လက်နှစ်ချောင်းကို ဓားပြားနှစ်ဘက်ပေါ် ညင်သာစွာလှုပ်ရှားလိုက်သည်။ အနုစိတ်ခြယ်သထားသည့် အမှတ်အသားများ ထင်ရှားစွာပေါ်လာသည်။ ဓားသွေးကြောများဖြစ်သည်။ ဓားဝိညာဉ်ထိခိုက်ပျက်စီးမှုကို လျှော့ချပေးပြီး သက်တမ်းရှည်အောင် ကူညီပေးသည်။
မှော်လက်နက်တိုင်း ထူးခြားသည့်သွေးကြောပုံစံရှိသည်။ သို့သော် သန့်စင်သူအများစုက ထိုသွေးကြောမျိုး မရေးထွင်းနိုင်ကြ။ ကျိုးရှင်းလို အလွယ်တကူရေးထွင်းနိုင်သူက အလွန်တရာရှားပါးသည်။
"ရှဲ..."
နီရဲနေသည့် ဓားသန္ဓေကို ရေထဲသို့ အကြိမ်ကြိမ်နှစ်သည်။ အပူချိန်လျော့သွားသည်။ ငွေဖြူရောင်ဓားပုံစံအစစ် ပေါ်လာသည်။
ထို့နောက် ကျိုးရှင်းက ဓားလက်ကိုင်နှင့် ပန်းပွားမြိတ်တပ်ပေးသည်။ တစ်ခြားအချောသပ်ဖြည့်စရာများ ဖြည့်သည်။ ပြည့်စုံသည့်ဓားတစ်လက် ဖြစ်လာသည်။
"ရော့...စမ်းကြည့်ပါ"
ကျိုးရှင်းက ပြုံးလျက် ဝိညာဉ်ဓားကို လုယန်ဆီ ပစ်ပေးသည်။
လုယန် ဓားကိုကိုင်၍ သုံးလေးချက်လွှဲယမ်းကြည့်သည်။ အတော်ပေါ့ပါးသည်။ သူ့ကိုယ်ပိုင်လက်တစ်ခုလို ဖြစ်နေသည်။ လှုပ်ရှားရလွယ်ကူသည်။ သွက်လက်သည်။ လုယန် အတော်သဘောကျသွားသည်။
"ခွဲ"
"ဖြတ်"
"ထိုးဖောက်"
ဓားပညာတစ်ချို့ တစ်ခုပြီးတစ်ခု သုံးသည်။ သူ့လှုပ်ရှားမှုများက ချောမွေ့သည်။ တိကျသည်။ ဤဓားကို နှစ်ပေါင်းများစွာ ကိုင်လာခဲ့သလို ထင်ရသည်။
ဓားပညာများစုံအောင် သုံးကြည့်ပြီးနောက် သူ့နောက်ကျောဘက်သို့ ထိုးသိမ်းလိုက်သည်။ သူ့မျက်နှာတွင် အပြုံးပန်းများဝေနေသည်။
"တကယ်ကောင်းတဲ့ဓားပဲ"
"နာမည်ပေးလိုက်ပါဦး"
ကျိုးရှင်းက ရယ်၍ပြောသည်။
လုယန် ဓား၏သွေးကြောများကိုကြည့်ပြီး ပြုံးသည်။
"ဓားဆိုတာ သေမင်းလက်နက်ပဲ။ ဓားပြားက ငွေဖြူရောင်တောက်နေတယ်။ ကောင်းကင်က လနဲ့တူတယ်။ ငရဲလဓားလို့ ခေါ်မယ်"
ကျိုးရှင်း ခေါင်းငြိမ့်သည်။
"ချင်ဖုန်းဓား၊ ငရဲလဓား...ဓားနှစ်လက်က လိုက်ဖက်ညီပါတယ်"
***************************************