← Chapters

လင်းယွမ်နယ်စပ်မြို့

Vol. 5 Ch. 61

လင်းယွမ်နယ်စပ်မြို့

Vol. 5 Ch. 61

‘တပည့်က အဲ့ဒီဘိုးဘေးလေးကို ပါးစပ်ကနေ အမြုပ်ထွက်တဲ့အထိ ချော့မြူ စည်းရုံးထားရတာ’

လုရှင်းယန်သည် ငိုလုမတက်ဖြစ်သွားခဲ့ရသည်။ သို့သော်လည်း သူ၏ ဆရာသည် တိမ်လွှာဓားဝိညာဉ်တောင် တုတ်တုတ်မျှ မလှုပ်ရဲအောင် လုပ်နိုင်ခဲ့သောကြောင့် ပြန်လည်တည်ငြိမ်သွားသည်။ ကျန်တပည့်များသည်တော့ခေါင်းသာ အသာခါယမ်းလိုက်ကြသည်။ သူတို့၏ ဆရာရှေ့တွင် အဆုံးထိ မာနကြီးနိုင်ခဲ့သူမျိုးမတွေ့ဖူးသေးချေ။

“တော်တော်ခေါင်းမာတဲ့ကောင်ပဲ” ဟွမ်းသည် နောက်တစ်ကြိမ်ထပ်ရိုက်ရန် ထိုလှံကို ကိုင်မြှောက်လိုက်လေသည်။

“ဆရာ..ဆရာ..ရပ်ပါဦး၊ တပည့်နဲ့ သူသဘောတူညီမှု ယူထားတယ်”

လုရှင်းယန်သည် အပြေးလွှား ဝင်တာလေးသည်။ မဟုတ်လျှင် ဤလှံ မာနကြီးပုံမျိုးနဲ့ဆိုရင် ခနဏ အတွင်း ကျိုးကြေသွားနိုင်ဖွယ် ရှိသည်။

“သူ့ဆန္ဒမပါပဲ တပည့်ရဲ့ အသက်သွေးကြောရတနာ အဖြစ်မလုပ်ချင်ဘူးဆရာ”

“ကောင်းပြီ”

ဟွမ်းသည် ထိုလှံကို လုရှင်းယန်၏ လက်ထဲတွင်ထည့်ပေးလိုက်၏။ သူ့အနေနှင့် သူတပည့်၏ ဆန္ဒကို လေးစားပေးရပေမည်။ ထိုလှံအား သူသည် အတင်းကြပ်သိမ်းသွင်းနိုင်သော်လည်း လုရှင်းယန်ကိုယ်တိုင် ရင်နှီးပြီး နှစ်ဦးသဘောတူ ပေါင်းစပ်နိုင်လျှင်ပိုကောင်းပေမည်။

“အရှေ့ပိုင်းနယ်မြေကို သွားကြမယ်” ဟွမ်းသည် အတိတ်ကအကြောင်းရာများကို သိချင်နေပြီဖြစ်သည်။

“စီနီယာအစ်ကို စွမ်းအင်လှေနဲ့ဆိုရင် အရှေ့ပိုင်း နယ်မြေကို ရောက်ဖို့ လဝက်လောက် သွားရလိမ့်မယ်” ချုးယွီဟွာသည် မြေပုံကိုကြည့်ကာပြောလိုက်၏။

“အဲ့လောက်ဝေးတာလား” ယွဲ့ဝူယောင်တို့သည် အံ့ဩသွား၏။

“အခုက လင်းယွမ်နယ်မြေရဲ့ အနောက်ဘက်ဆုံးအပိုင်းကိုရောက်နေတာလေ၊ အရှေ့ပိုင်းနယ်မြေကိုရောက်ဖို့ လင်းယွမ် နယ်မြေတစ်ခုလုံးကိုဖြတ်ပြီးသွားရမှာ” ချုးယွီဟွာသည် ရှင်းပြလိုက်၏။

ထို့နောက် အားလုံးသည် ပန်းဝိညာဉ်စွမ်းအင်လှေပေါ်တက်ကာ အရှေ့ပိုင်းနယ်မြေသို့ ဦးတည်သွားကြသည်။

လင်းယွမ်နယ်စပ်မြို့၊

ဤနေရာသည် လင်းယွမ်နယ်မြေနှင့် အရှေ့ပိုင်းနယ်မြေကြားရှိ နယ်စပ်ဒေသဖြစ်သည်။ ထို့အပြင် ထိုက်ရွှမ်ဂိုဏ်း၏ အဏာစက်နှင့် အတော်လေး အလှမ်းဝေးသည်။ ထို့ကြောင့် ဤနေရာသည် ဒုစရိုက်လောကသားများ ကျက်စားရာနေရာဟူ၍လည်း နာမည်ကြီးပေသည်။ ထို့အပြင် အင်အားကြီးမားသည် ‘ချန်တလောင်’ဟူသည့် ဓားပြအဖွဲ့ကြီးတစ်ဖွဲ့လည်း ရှိပေသည်။ ထိုဓါးပြအဖွဲ့သည် လင်းယွမ်နယ်စပ်မြို့တွင် ကြီးစိုးထားပြီး သူတို့၏ အခြေစိုက်စခန်းကို မည်သူမျှရှာမတွေ့သေးချေ။ ထို့အပြင် ချန်တလောင် အဖွဲ့သားများသည် နယ်စပ်မြို့ထဲတွင် သာမန်ကျင့်ကြံသူအများအဖြစ်လည်းရောနှောနေကြသည်။

“ခေါင်းဆောင် အဲ့ကောင်လေးကို မိခဲ့ပြီ”

ထိုစကားပြောလိုက်သူမှာ ကျန့်တယီ ဖြစ်ပြီး ဓားပြအဖွဲ့၏ ဒုခေါင်းဆောင်ဖြစ်သည်။ သူသည် သူတော်စင်အဆင့်တွင်ရှိနေသည်။ သူ့နောက်တွင် လူငယ်လေးတစ်ဦးသည် လှဲလျောင်းနေပြီး ရက်ရက်စက်စက် ရိုက်နှက်ထားခြင်းခံရသောကြောင့် ဒဏ်ရာများစွာရရှိနေသည်။

“ဒီကောင်က ချန်ယွမ်ဂိုဏ်းကကောင်လား” ချန်တလောင်သည် အက်ရှရှ အသံနှင့်မေးလိုက်၏။

“ဟုတ်တယ် ခေါင်းဆောင်၊ ဒီကောင်က ဇွဲကောင်းလွန်းတယ်၊ အရင်ကတည်းက ကျုပ်တို့ အခြေစိုက်စခန်းကိုရှာနေခဲ့တာ၊ အခု ကျုပ်တို့ အခြေစိုက်စခန်းနားထိရောက်လာခဲ့ပြီ၊ နောက်ထပ်အဲ့ဒီဂိုဏ်းက လူတွေ ထပ်ရောက်လာမှာစိုးတယ်”

ကျန့်တယီသည် လုံးစေ့ပတ်စေ့ပြောလိုက်၏။ ထိုလူငယ်လေးသည် ချန်ယွမ်ဂိုဏ်းချုပ်ချွမ်ရှန်း၏ တပည့် ချင်းယွီဖြစ်သည်။

“သူကရိုးရိုးဂိုဏ်းသားတော့မဖြစ်နိုင်ဘူး၊ မဟုတ်ရင် ဒီလောက်ထိ အတင့်ရဲမှာမဟုတ်ဘူး၊ သူ့မှာ ဆက်သွယ်ရေးကျောက်တုံးတွေ၊ တည်နေရာပြကျောက်တုံးတွေ ပါလား သေချာစစ်၊ သိုလှောင်လက်စွပ်ကိုပါ စစ်ထားလိုက်၊ သာမန်တပည့်ဆို ပြသနာမရှိပေမဲ့၊ အကြီးပိုင်းတပည့်တွေဖြစ်နေရင်၊ ငါတို့ပြသနာများလိမ့်မယ်”

ချန်တလောင်သည် သည် ချန်ယွမ်ဂိုဏ်း၏ နတ်ဘုရားတစ်ပိုင်းတွေနဲ့ ရင်မဆိုင်ချင်သေးပေ။

“ဟုတ်ကဲ့ပါ၊ ခေါင်းဆောင်” ကျန့်တယီသည် နားလည်သည့်အမူရာပြလိုက်သည်။ သို့သော် သူသည် မျက်မှောင်ကြုတ်သွားခဲ့သည်။ ချန်တလောင်သည်လည်း အလားတူပင်။

“ငါတို့ နောက်လိုက်တစ်ချို့ အသတ်ခံလိုက်ရပြီ”

ချန်တလောင်သည် ဒေါသထွက်လာခဲ့သည်။ သူ၏ အခန်းအတွင်းတွင် ဓားပြတစ်ဖွဲ့လုံး၏ အသက်အဆောင်များ ထားရှိလေသည်။ အသက်အဆောင်များသည် လူတစ်ဦး၏ သွေးစက်ကို ချထားခြင်းဖြင့် ထိုလူ အသက် သေခြင်း၊ ရှင်ခြင်းကို ညွှန်ပြပေးသည်။ ထိုလူသာ အသတ်ခံလိုက်ရလျှင် အသက်အဆောင်စာရွက်သည် ချက်ချင်းလောင်ကျွမ်းပျောက်ကွယ်သွားမည်ဖြစ်သည်။ ချန်တလောင်နှင့် ကျန့်တယီ တို့သည် ထိုအသက်အဆောင်တစ်ချို့လောင်ကျွမ်းသွားသည် ကို သတိပြုမိလိုက်ခြင်းဖြစ်သည်။

“ခေါင်းဆောင် ကျုပ်သွားကြည့်လိုက်မယ်” ကျန့်တယီသည် ချက်ချင်း သွားရန်ပြင်လိုက်သည်။

“ကျိုးစစ်လီနဲ့ရှီချင်းပါ ခေါ်သွား၊ ချန်ယွမ်ဂိုဏ်းကလူတွေရောက်နေတာဖြစ်နိုင်တယ်” ချန်တလောင်သည် သေချာစဉ်းစားပြီးနောက်ပြောလိုက်၏။

အစောပိုင်းအချိန်များတွင်

“ဟွမ်း ဟိုရှေ့မှာ မြို့တစ်မြို့ရှိနေတယ်” မော့ရွှယ်အာသည် သူမ၏ စိတ်ဝိညာဉ်ဖြန့်ကျက်ပြီးနောက်ပြောလိုက်၏။ သူတို့သည် လဝက်နီးပါး လင်းယွမ်နယ်မြေကို ဖြတ်သန်းလာပြီးနောက် အရှေ့ပိုင်းနယ်မြေနှင့် နီးကပ်လာပြီဖြစ်သည်။

“စီနီယာအစ်ကို အဲ့ဒီမြို့က လင်းယွမ်နယ်စပ်မြို့ဖြစ်လောက်တယ်၊ အဲ့ဒီမြို့ကနေ တစ်ရက်လောက် ဆက်သွားရင် အရှေ့ပိုင်းနယ်မြေကို ရောက်ပြီ၊ ဒါပေမဲ့ အဲ့မြို့က ဆိုးသွမ်းတယ်လို့ နာမည်ကြီးတယ်”

ချုးယွီဟွာသည် ထိုမြို့အကြောင်းကို ရှင်းပြလိုက်၏။ သူမသည် ထိုမြို့သို့ မရောက်ဖူးသော်လည်း ကုန်သည်အိမ်တော်မှ ဖြစ်သောကြောင့် လင်းယွမ်နယ်မြေ၏ မြို့များအကြောင်း အနည်းကျဉ်းသိလေသည်။

ဟွမ်းသည် တပည့်များကို ကြည့်လိုက်သည်။ သူတို့သည် လဝက်နီးပါး တစ်လှည့်စီ ဤလှေပျံကို ထိန်းချုပ်မောင်းနှင်လာကြရခြင်းဖြစ်သည်။ ထို့ကြောင့် သူတို့၏ ပုံစံသည် အနည်းငယ် ပင်ပန်းနေလေသည်။

“တပည့်တို့ အောက်ဆင်းလိုက်တော့၊ ရှေ့က မြို့မှာ နားကြမယ်၊ ပြီးတော့ မင်းတို့အရှိန်ဝါတွေ ရုပ်သိမ်းထား” ဟွမ်းသည် တပည့်များကို ပြောလိုက်၏။ မြို့နှင့် သိပ်မဝေးတော့သောကြောင့် ပန်းဝိညာဉ်လှေကို သိမ်းကာ အောက်သို့ဆင်းလာခဲ့ကြသည်။ သူတို့သည် ခြေလျင်လျှောင်လာရင်း မြို့အနီးသို့ရောက်သည့်အခါ လူဆယ်ဦးခန် ရုတ်တရက်ပေါ်လာခဲ့လေသည်။

သို့သော် အစွမ်းထက်ဆုံးလူသည် အခြေတည်ဝိညာဉ်ကနဦး အဆင့်တွင်သာရှိလေ၏။

“ဒီနယ်စပ်မြို့ရဲ့ စည်းကမ်းအရ မင်းတို့ဒီမြို့ကို ဝင်ချင်ရင် ငါတို့ကို မြို့ဝင်ခပေးရမယ်” ထိုလူသည် ပြောလိုက်၏။ ယွဲ့ဝူယောင်တို့ တစ်ဖွဲ့လုံးသည် အရှိန်ဝါများ သိမ်းဆည်းထားသောကြောင့် ထိုလူများသည် သာမန်ကျင့်ကြံသူများဟုသာ ထင်မှတ်သွားကြသည်။

“ယွီဟွာ ဒီမြို့မှာ ဒီလိုစည်းကမ်းရှိတာလား” ဟွမ်းသည် အံ့ဩသွားကာမေးလိုက်၏။ ချုးယွီဟွာ၏ လှပသည့် မျက်နှာလေးသည် ရဲတက်လာခဲ့သည်။ ဟွမ်းသည် သူမ၏ နာမည်ကို ပထမဆုံးအကြိမ်ခေါ်ဆိုခြင်းဖြစ်သည်။ တစ်ယောက်လုံး ‘မိန်းကလေးချုး’ ‘မိန်းကလေးယွီဟွာ’ လို့ခေါ်ခဲ့ပေမဲ့ အခုအကြိမ်သည် ပထမဆုံး ‘ယွီဟွာ’ ဟု အခေါ်ခံရချင်းဖြစ်သည်။ ထို့ကြောင့် သူမသည် ကျင့်သားမရသေးသည့်အလား အနည်းငယ်ရှက်ရွံ့သွားခဲ့သည်။

“စီနီယာအစ်ကို သူတို့ဓားပြတိုက်နေတာ” ချုးယွီဟွာသည် သူမ၏ ရှက်ရွံနေမှာကို အသာထားကာ ဖြေလိုက်၏။

“ဟမ့် အမှိုက်တွေ” မော့ရွှယ်အာသည် ထိုလူကို တည့်တည့်ကြည့်ပြီးပြောလိုက်၏။

ဟွမ်း “...”

“တပည့်တို့ သူတို့ကို ရှင်းလိုက်” မော့ရွှယ်အာသည် ထိုလူများကို ရိုက်နှက်ရန်ပြင်နေသည့်အချိန်တွင် ဟွမ်းသည် သူမကို ဆွဲထားပြီး သူ၏ တပည့်များကို ဖြေရှင်းခိုင်းလိုက်၏။

“မင်းတို့သေချင်လို့လား” ခေါင်းဆောင်ဖြစ်သူသည် ယွဲ့ဝူယောင်တို့ ရှေ့တက်လာသည်ကို မြင်သည့်အခါ မျက်မှောင်ကြုတ်သွားပြီး တိုက်ခိုက်ရန် ပြင်လိုက်၏။

“သူတို့ကို သတ်” ထိုလူသည် အမိန့်ပေးလိုက်ပြီး တိုက်ခိုက်ခိုင်းလိုက်လေသည်။

နောက်လိုက်များသည် သူတို့၏ လက်နက်များကို ထုတ်ကိုင်ရင်း ယွဲ့ဝူယောင်တို့ကို တိုက်ခိုက်လိုက်ကြသည်။

ထို့နောက် လုရှင်းယန်သည် ပြေးလာခဲ့ပြီး သူ၏ လက်သီးနှင့် ထိုလူကို ထိုးလိုက်လေသည်။ ပိုင်ကျန့်ယွီသည် ထိုလူ့နောက်လိုက်များ၏ တိုက်ခိုက်မှုကို ရှောင်ရှားရင်း သူတို့၏ လက်နက်များဖြင့် ပြန်လည်တိုက်ခိုက်နေသည်။ လျှိုမင်ယွမ်လည်း အလားတူပင် သူသည် ထိုလူများကို ထိုးနှက်နေသည်။

လူဆယ်ဦးနှင့် သုံးဦးတို့သည် အပြန်အလှန် ထိုးနှက်တိုက်ခိုက်နေကြသည်။

ယွဲ့ဝူယောင်သည်တော့ ဝင်ပါစရာမလိုခဲ့ချေ။ သူမရိုက်ချက်ကို မည်သူမျှ ခံနိုင်မည်မဟုတ်သောကြောင့်ပင်။

မိနစ်အနည်းငယ်ကြာပြီးနောက် ထိုဓားပြများသည် မြေပေါ်တွင် အတုံးအရုံး ခွေလဲ နေကြသည်။ လုရှင်းယန်တို့သည်တော့ ချွေးပင်မစို့ခဲ့ချေ။ ခေါင်းဆောင်ဖြစ်သူသည်လည်း သူ၏ မျက်နှာ တစ်ခုလုံးယောင်ကိုင်းနေခဲ့လေသည်။

“ဒီလိုစွမ်းအားနဲ့ ဓားပြတိုက်စားနေသေးတယ်” ပိုင်ကျန့်ယွီသည် သူ၏လက်နှစ်ဖက်တွင် မရှိသည့် ဖုန်မှုန့်များကို ခါနေရင်းပြောလိုက်သည်။

“ဓားပြတိုက်တယ်လို့ ရိုးရိုးသားသားပြောရင်၊ ဒီလောက်ထိဖြစ်အောင်ရိုက်မှာမဟုတ်ဘူး” လျှိုမင်ယွမ်သည် သူ၏ခေါင်းကိုခါယမ်းကာ ဝင်ပြောလိုက်၏။

“အငယ်ဆုံးလေး သူခိုးက ခိုးတယ်ပြောပါ့မလား” လုရှင်းယန်သည် ဝင်ထောက်လိုက်၏။

“ဒုတိယအစ်ကို သူတို့ကဓားပြလေ”

လုရှင်းယန် “...”

‘ဒါလည်းဟုတ်သားပဲ’

“သူတို့ကို အရှင်မထားနဲ့”

All Chapters