← Chapters

လုပ်ယူ၍မရသောသံယောဇဉ်

Vol. 5 Ch. 62

လုပ်ယူ၍မရသောသံယောဇဉ်

Vol. 5 Ch. 62

“သူတို့ကို အရှင်မထားနဲ့”

ဟွမ်း၏ အသံ ကိုကြားပြီးနောက် လုရှင်းယန်တို့ သုံးဦးသည် သူတို့၏ ခန္ဓာကိုယ်များ တုန်ယင်သွားကြသည်။

“ကျုပ်တို့..” လုရှင်းယန် တို့သည် သူတို့၏စကားများပင် ထစ်အလာခဲ့သည်။ သူတို့သည် တိုက်ပွဲများတိုက်ခိုက်ခဲ့ကြသော်လည်း လူတော့ မသတ်ဖူးချေ။ ထို့အပြင် သူတို့သည် ဝံပုလွေများသတ်ဖူးခဲ့ကြသော်လည်း လူများမဟုတ်ပေ။ သားရဲများကို သတ်ဖြတ်ရခြင်းနှင့် လူများကို သတ်ဖြတ်ရခြင်းသည် သူတို့အတွက် မတူညီချေ။ သူတို့သည် စွမ်းအားကြီးနေကြသော်လည်း ဆယ်ကျော်သက်လေးများသာ ဖြစ်သည်။ ထိုသို့ သတ်ဖြတ်ရန် မဝံ့ရဲကြချေ။ သူတို့၏ လက်များပင် တုန်ယင်နေကြသည်။

ထို့နောက်လုရှင်းယန်သည် သူ့ကိုယ်သူ အားတင်းရင်း ဖီးနစ်နှလုံးသားလှံကို သိုလှောင်လက်စွပ်အတွင်းမှ ထုတ်ယူလိုက်သည်။ ထို့နောက် ပိုင်ကျန့်ယွီနှင့် လျှိုမင်ယွမ်တို့သည်လည်း ရှေ့သို့ တိုးလာခဲ့ကြသည်။

လုရှင်းယန်သည် သူ၏ မျက်လုံးကို စုံမှိတ်ပြီး လှံကို ထိုခေါင်းဆောင်၏ ရင်ဝကို ဦးတည်ရင်း ထိုးချလိုက်သည်။

“ဝုန်း..ဝုန်း..ဝုန်း..”

လုရှင်းယန်သည် ချိန်ရွယ်နေသည့် အချိန်မှာပင် ခရမ်းရောင် ရေခဲဆူးချွန်များသည် ထိုလူများ လဲကျနေသည့် အောက်ခြေမှပေါ်ထွက်လာခဲ့သည်။ ထို့နောက် ထိုရေခဲ ဆူးချွန်များသည် ထိုဓားပြများကို ထိုးစိုက်ကုန်ပြီး ထိုလူများသည် သေဆုံးကုန်ကြလေသည်။ ထိုလူများ၏ သွေးကြောများသည် အေးခဲကုန်သောကြောင့် မည်သည့် သွေးမျှပေါ်ထွက်မလာချေ။

ထို့နောက်တွင် ယွဲ့ဝူယောင်သည် သူမ၏ ခန္ဓာကိုယ်လေး တဆက်ဆက် တုန်ယင်နေပြီး လဲကျသွားလေသည်။ သို့သော် ဟွမ်းသည် သူမကို ခန္ဓာကိုယ်ကို ထိန်းပေးထားလိုက်သည်။

သူမအတွက် ထိုလူများကို သတ်ရခြင်းသည် နတ်ဘုရားတစ်ပိုင်း အဆင့်နှင့်တိုက်ခိုက်ရခြင်းထက် ပို၍ခက်ခဲလေသည်။ သို့သော် သူမ၏ စိတ်ထဲတွင် ခရမ်းလမျိုးနွယ်နှင့် သူမ၏ ဖခင်ဖြစ်သူအကြောင်းသည် ပေါ်လာခဲ့သည်။ ထိုအကြောင်းအရာများကို တွေးမိရင်း သူမသည် ရင်ဆိုင်ရမည့် အရာများစွာရှိနေသည်ကို သတိရလာခဲ့သည်။ ထို့ကြောင့် ဤကိစ္စလေးပင် မလုပ်နိုင်လျှင် သူမ၏ ခရမ်းလမျိုးနွယ်၏ အမှန်တရားကို ရှာဖွေနိုင်ရန် မဖြစ်နိုင်တော့ပေ။

ထို့အပြင် သူမသည် ဟွမ်း၏ အကြီးဆုံးတပည့်ဖြေလေသည်။ ဂျုနီယာမောင်ငယ်များထက် ပို၍ သန်မာမှဖြစ်ပေလိမ့်မည်။ ထိုသို့စိတ်ပိုင်းဖြတ်ခဲ့ပြီးနောက် သူမသည် မြေကို ဆောင့်နင်းလိုက်သည်။ ထိုအချိန်မှာပဲ ရေခဲဆူးချွန်များထွက်ပေါ်လာပြီး ထိုဓားပြများကို အဆုံးသတ်ခဲ့ခြင်းဖြစ်သည်။ သို့သော် ထိုလူများကို သတ်ဖြတ်ပြီးနောက် သူမ၏ ခံစားချက်များကို မထိန်းသိမ်းနိုင်တော့ချေ။ ပြိုလဲလုနီးပါးပင်ဖြစ်သွားခဲ့ရသည်။

“အစ်မကြီး..” လုရှင်းယန်တို့ သုံးဦးသည် သူမ၏ ရှေ့တွင် ချက်ချင်းပင် ဒူးထောက်လိုက်ကြသည်။

“ကျုပ် အသုံးမကျလို့ အမြဲတမ်း အစ်မကြီးကပဲ ကာကွယ်နေရတာ”

လျှိုမင်ယွမ်သည် ဟွမ်း၏ တပည့် စဖြစ်သည့်အချိန်တွင် ယွဲ့ဝူယောင်၏ စွမ်းအားကို မြင်ပြီးနောက် သူ၏ စံပြပုဂ္ဂိုလ်အဖြစ်ပင် သတ်မှတ်ခဲ့ထားခဲ့ခြင်းဖြစ်သည်။ ယခုဖြစ်ရပ်ကြောင့် သူ၏ စိတ်အတွင်း လွန်စွာ ကြေကွဲနေပြီး သူ၏ နှလုံးသားပင် အစိတ်စိတ်အမွှာမွှာ ကြေကွဲသွားသည်ဟု ခံစားနေရသည်။

“ကျုပ် ကအပြောပဲရှိတဲ့ကောင်ပဲ၊ ကျုပ်လုံးဝကို အသူံးမကျဘူး”

ပိုင်ကျန့်ယွီသည် မြေပြင်ကို သူ၏ လက်သီးနှင့် သွေးများထွက်သည်အထိ ထိုးနှက်နေခဲ့သည်။ သူသည် တိမ်လွှာဓား ဝယ်ခဲ့သည်အချိန်တွင် သူ၏အစ်မကြီးနှင့် ဒုတိယအစ်ကို ဒုက္ခပေးသူတိုင်း ဤဓားနှင့် ခုတ်သတ်ပစ်မည်ဟုကျိန်ဆိုဖူးခဲ့သည်။ သို့သော် ဆိုးသွမ်းသည့် ဓားပြများကိုပင် သူ့အစား ယွဲ့ဝူယောင်က သတ်ဖြတ်ပေးလိုက်ရသည်။ သူ၏ ရင်တွင်း ခံစားချက်များကို မည်သို့မျှ မထိန်းချုပ်နိုင်တော့ချေ။

လုရှင်းယန်သည် မည်သည်မှပင် မပြောနိုင်တော့ချေ။ စကားလုံးများသည် သူ၏ လည်ပင်းတွင် တစ်ဆို့နေသည့်အလားပင်။ သွေးဝံပုလွေနှင့် တိုက်ခိုက်သည့်အချိန်တုန်းကတွင်လည်း ယွဲ့ဝူယောင်သည် သူတို့၏ ရှေ့တွင် အသက်နှင့်ရင်းပြီး တိုက်ခိုက်ခဲ့ရသည်။ သူတို့သည် ရပ်ကြည့်ယုံမှ လွဲ၍ ဘာမျှ မတက်နိုင်ချေ။ထိုအချိန်က သူတို့သည် အားနည်းသေးသည်ဟု ခံစားရပြီး အသည်းသန်ကျင့်ကြံခဲ့ကြသည်။

ထို့အပြင် ထိုက်ရွှမ်ဂိုဏ်းသားသစ်ရွှေးချယ်ပွဲတွင်လည်း သူသည် ချန်အာအတွက် တရားမျှတမှုရှာပေးရန် ရည်ရွယ်ခဲ့သော်လည်း ယွဲ့ဝူယောင်သည် ဦးဆောင်၍ ထိုက်ရွှမ်ဂိုဏ်းကိုပင် ရဲရဲတင်းတင်းစိန်ခေါ်ခဲ့သည်။ သူသည် ဒုတိယ တပည့်ဖြစ်သော်လည်း တာဝန်များစွာသည် ယွဲ့ဝူယောင်၏ ပခုံးပေါ်တွင်ကျရောက်နေခဲ့ရသည်။ သူ၏လက်သီးကို ဆုပ်ထားရလွန်း၍ သူ၏လက်ဖဝါးတွင် သွေးများစွာရွှဲနစ်လာသည်။

“ထကြ ဘာလို့ဒူးထောက်နေကြတာလဲ၊ မင်းတို့တွေက ယောက်ျားတွေမဟုတ်ဘူးလား၊ ကြုံသလိုဒူးထောက်နေလို့ မဖြစ်ဘူးလေ”

ယွဲ့ဝူယောင်သူမ၏ ခံစားချက်များကို အနည်းငယ် ထိန်းသိမ်းနိုင်ပြီးနောက် ထိုသုံးဦးကို ထူပေးလိုက်လေသည်။

“ကျုပ်မှာက တွယ်တာစရာ ဆရာနဲ့ အစ်မကြီးတို့တစ်တွေပဲရှိတာ၊ လောကကြီးမှာ ကျုပ်ဒူးထောက်ရမဲ့သူက ဆရာနဲ့ အစ်မကြီးပဲရှိတာ၊ ဆရာနဲ့ အစ်မကြီးတို့ကလွဲရင် ကျုပ်ဒူးက ဘယ်တော့မှ မြေပြင်နဲ့ထိမှာမဟုတ်ဘူး” လျှိုမင်ယွမ်သည် ယွဲ့ဝူယောင်ကို ကြည့်ကာ သစ္စာစကားဆိုလိုက်၏။

“အစ်မကြီးကို ဒူးထောက်ရလို့ ကျုပ်တို့ သိက္ခာကျသွားတာမဟုတ်ဘူး၊ အဲ့တွက် ရှက်တဲ့စိတ်လဲမရှိဘူး၊ အစ်မကြီးရဲ့ ကာကွယ်ပေးမှုကိုပဲ ခံခဲ့ရတာကြောင့် ကျုပ်ကိုကျုပ်အရှက်ရနေတာ” ပိုင်ကျန့်ယွီသည် ခေါင်းငုံကာပြောလိုက်၏။

“ကျုပ်တို့ အသုံးမကျလို့ အစ်မကြီးကို ပင်ပန်းစေခဲ့မိပြီ” လုရှင်းယန်သည် ယွဲ့ဝူယောင်၏ မျက်နှာကိုပင် မကြည့်ရဲချေ။ သူသည် စကားအများကြီးပြောစရာ မရှိ၍မဟုတ်ချေ။ မပြောနိုင်ခြင်းသာဖြစ်သည်။

“ငါက အစ်မကြီးလေ၊ ပြီးတော့ မင်းတို့ထက်လဲ ပိုအစွမ်းထက်တယ်၊ ဒါကြောင့် အစ်မကြီးအနေနဲ့ မင်းတို့ကို ကာကွယ်ပေးရမဲ့တာဝန်ရှိတယ်၊ နောင်တစ်ချိန် ငါ့ကို မင်းတို့က ကာကွယ်ပေးရမဲ့ အချိန်တွေလဲရှိလာနိုင်တာပဲလေ၊ ဒါကြောင့် ငါတို့ကြားမှာ ကျေးဇူးတရားနဲ့၊ အားနာမှုတွေ မလိုအပ်ဘူး၊ ငါပြောတာကို သဘောပေါက်လား”

ယွဲ့ဝူယောင်သည် စကားတစ်ခွန်းချင်းစီ ဖြေးဖြေးချင်းပြောလိုက်၏။

ထိုအခါမှ လုရှင်းယန်တို့ သုံးဦး၏ စိတ်ထဲတွင် သူတို့ကိုယ်သူတို့ အပြစ်တင်စိတ်များလျော့ပါးလာခဲ့သည်။ နောင်တစ်ချိန်တွင် သူတို့သည် အစ်မကြီးဖြစ်သူကို အစွမ်းကုန်ကာကွယ်မည်ဟု သံဓိဌာန်ချလိုက်ကြသည်။ လူငယ်လေးဦး တစ်ဦးနှင့် တစ်ဦးကြည့်ကာ ပြုံးရယ်လိုက်ကြပြီး ပတ်ဝန်းကျင်ရှိလေထုသည် ပိုမို နွေးထွေးလာလေသည်။

“သူတို့လေးတွေရဲ့ သံယောဇဉ်က ပိုပြီးခိုင်မြဲလာပြီ”

ချုးယွီဟွာသည် ဟွမ်းကို တီးတိုးပြောဆိုလိုက်သည်။ မော့ရွှယ်အာသည် အဆွေးပြဇာတ်တစ်ပုဒ်ကို ကြည့်နေရသည့်အလား သူမ၏ လှပသည့် မျက်ဝန်းများတွင် မျက်ရည်များရစ်ဝဲနေသည်။

ဟွမ်းသည် ထိုလူငယ်လေးများကိုကြည့်ရင်းပြုံးလိုက်မိသည်။ သူသည် ကျင့်ကြံသူများနှင့် သတ်ဖြတ်မှုသည် ကြုံကိုကြုံတွေ့ရမည့် နှောင်ကြိုးတစ်ခုပင်ဖြစ်သည်။ အခုမကြုံရသေးလျင်တောင် တစ်ချိန်ချိန်ကြုံဆုံရမည်ဖြစ်သည်။ ထို့အပြင် သူ၏ တပည့်များသည် သူမျက်စိအောက်တွင် အမြဲ နေသွားကြရမည်မဟုတ်ပေ။

ထို့ကြောင့် သူမရှိချိန် သူ့တပည့်များသည် ဤသို့အဖြစ်ပျက်များနှင့် ကြုံလာရသည့်အခါ ပြိုလဲသွားနိုင်ပေသည်။ ထို့ကြောင့် ဟွမ်းသည် သူတို့ကို ကျင့်သားရစေချင်ခဲ့သည်။ သို့မှသာ နောင်တစ်ချိန် ရှောင်လွဲလို့မရနိုင်သည့် သတ်ဖြတ်မှုများနှင့်ကြုံလာခဲ့လျှင်တောင် တွေဝေနေမည်မဟုတ်တော့ပေ။

“သူတို့က လူကောင်းတွေမဟုတ်ဘူး၊ မင်းတို့မှာသာ ဒီလိုစွမ်းအားမရှိရင် လဲကျနေမဲ့လူတွေက မင်းတို့ဖြစ်သွားလိမ့်မယ်၊ ပြီးတော့ မင်းတို့က မသတ်နိုင်လို့ပဲ ဖြစ်ဖြစ် မသတ်ရက်လို့ပဲဖြစ်ဖြစ် သူတို့ကို လွှတ်ပေးလိုက်ရင် နောက်ကျ မင်းတို့ဆီကို ပြသနာတွေ ပြန်သယ်လာလိမ့်မယ်၊ အဲ့အချိန် မင်းတို့မှာလုံလောက်တဲ့ စွမ်းအားမရှိရင် မင်းတို့ရှင်သန်နိုင်တော့မှာမဟုတ်ဘူး”

ဟွမ်းသည် တပည့်များကို အကျိုးအပြစ်များကို နားလည်အောင်ရှင်းပြလိုက်၏။ ထိုဓားပြများသည် လူကောင်းများမဟုတ်ချေ။ သူတို့သည် သတ်ဖြတ်လုယက်နေသော လူ့အမှိုက်များသာဖြစ်သည်။

“ဟုတ်ကဲ့ဆရာ၊ တပည့်တို့ နားလည်ပါပြီ” လုရှင်းယန်တို့သည် သူတို့၏ မျက်လုံးများထဲတွင် လေးနက်မှုများပေါ်လာခဲ့သည်။ သူတို့၏ မျက်ဝန်းများတွင် နောက်တစ်ကြိမ်တွင် ‘ဤသို့ တုံ့ဆိုင်းတွေဝေမှုမျိုးဖြစ်နေမှာ မဟုတ်တော့ဘူး’ဆိုသည့် ဆုံးဖြတ်ချက်များပေါ်လွင်နေသည်။

“မြို့ထဲဝင်ကြမယ်”

ဟွမ်းသည်ဦးဆောင်သွားပြီးနောက်တွင် တပည့်များလည်း လိုက်သွားကြလေသည်။ ယခုဖြစ်ရပ်ကြောင့် သူတို့သည် ကျင်ကြံခြင်းလောကတွင် အသားကျရန် လိုနေသေးသည်ကို သိလာခဲ့ကြ၏။ ဟွမ်းသည် ထွက်သွားပြီးနောက် ထိုဓားပြအလောင်းများကို မရှင်းလင်းခဲ့ချေ။ ပုံမှန်ဆိုလျှင်တော့ သူသည် ထိုသို့ အမှိုက်များကို အစအနမကျန်အောင် ရှင်းပစ်လေ့ရှိလေသည်။

ဟွမ်းတို့ထွက်သွားပြီး အချိန်အတော်ကြာသည့်နောက်တွင် သေဆုံးနေသည့်ဓားပြများရှိရာနေရာသို့ လူသုံးဦးရောက်ရှိလာခဲ့သည်။

“ဒုခေါင်းဆောင် သူတို့ကို ချန်ယွမ်ဂိုဏ်းက လူတွေသတ်သွားတာဖြစ်နိုင်လား” ရှီချင်းသည် ကျန့်တယီကိုကြည့်ကာမေးလိုက်၏။ ထိုဓားပြများသည် သွေးကြောများအေးခဲကာသေဆုံးနေကြခြင်းဖြစ်သည်။

“မဟုတ်ဘူး ချန်ယွမ်ဂိုဏ်းမှာ ဒီလို အအေးဓာတ်သုံးနိုင်တဲ့သူ မမြင်ဖူးဘူး” ကျန့်တယီသည် ခေါင်းခါကာပြောလိုက်၏။

“ဒုခေါင်းဆောင် သူတို့ကို သတ်သွားတဲ့သူတွေ နယ်စပ်မြို့ထဲဝင်သွားလောက်တယ်” ကျိုးစစ်လီသည် နယ်စပ်မြို့ကိုလှမ်းကြည့်ရင်းပြောလိုက်၏။

“သွားကြည့်ရအောင်”

ထိုဓားပြသုံးဦးသည်လည်း နယ်စပ်မြို့တွင်းသို့ဦးတည်သွားတော့သည်။

All Chapters