← Chapters

မလုပ်သင့်သောအရာ

Vol. 5 Ch. 63

မလုပ်သင့်သောအရာ

Vol. 5 Ch. 63

ယွဲ့ဝူယောင်တို့သည်နယ်စပ်မြို့ အတွင်းရောက်ရှိလာခဲ့ကြသည်။ နယ်စပ်မြို့သည် သာမန်မြို့တစ်ခု၏အရွယ်စားလောက်သာရှိပေသည်။

ယွဲ့ဝူယောင်တို့သည် မြို့အတွင်းရောက်လာသည့်အခါ ခပ်စိပ်စပ်တည်ဆောက်ထားသော အဆောက်ဦးများစွာကို တွေ့ရှိလိုက်ရသည်။ ထိုအဆောက်ဦးအတော်များများသည် အညိုရောင်သစ်သားများနှင့်သာ ဆောက်လုပ်ထားပြီး၊ ကျောက်တုံးကြီးများနှင့် တည်ဆောက်ထားသည့် အဆောက်ဦးတစ်ချို့လည်းတွေ့လိုက်ရသည်။ နယ်စပ်မြို့ထဲရှိ အဆောက်ဦးတစ်ချို့သည် ပျက်စီးကြေမွနေပြီး လမ်းများသည်လည်း မညီမညာနှင့် ဖုန်များထူလွန်းလှသည်။ ကြည့်ရသည်မှာ တိုက်ပွဲများ ခဏတိုင်းဖြစ်ထားပုံရသည်။

“ဒီမြို့ကြီးကတော်တော်ဆိုးတာပဲ” လုရှင်းယန်သည် သက်ပြင်းချကာပြောလိုက်၏။ တုဟယ်မြို့ ထိုက်ရွှမ်မြို့နှင့်ယှဉ်လျှင် နယ်စပ်မြို့၏လေထုသည် မွန်းကျပ်စေသည့်ခံစားချက်များပေးစွမ်းနေသည်။

“စီနီယာအစ်ကို အိမ်တော်တစ်ခုငှားကြမလား”

ချုးယွီဟွာသည် ဟွမ်းကို ကြည့်ကာမေးလိုက်၏။ ဤမြို့ထဲတွင် သူမ၏ ပုံစံသည်အလွန်စိတ်မွန်းကျပ်နေသည့်ပုံပေါ်သည်။ တပည့်များသည်လည်း ထို့အတူပင်။ ဤနေရာတွင် မည်သည်အမူရာမျှ မပေါ်သည့်လူနှစ်ဦးမှာ ဟွမ်းနှင့် မော့ရွှယ်အာသာရှိသည်။ ဟွမ်းသည် ဤကဲ့သို့လေထုမျိုးကို ဂရုမစိုက်ပေ။ ဤထက်အဆပေါင်းများစွာဆိုးသည့်နေရာများပင်ရောက်ဖူးခဲ့သည်။ နတ်ဆိုးမျိုးနွယ်ဖြစ်သည့်မော့ရွှယ်အာအတွက် ဤလေထုသည် အထူးအဆန်းမဟုတ်ပေ။

“ကောင်းပြီ၊ ငှားကြတာပေါ့” ဟွမ်းသည် ခေါင်းညိတ်ကာပြောလိုက်၏။

ထို့နောက် ချုးယွီဟွာနှင့် ဟွမ်း၏ တပည့်များသည် အိမ်တော်တစ်ခုငှားရန် ထွက်သွားကြသည်။ မော့ရွှယ်အာသည် သူတို့နှင့် လိုက်မသွားခဲ့ပေ။ ဟွမ်းနှင့် နယ်စပ်မြို့ထဲ လျှောက်ကြည့်ရန်နေခဲ့၏။

ထိုနှစ်ဦးသည် လမ်းလျှောက်လာရင်း အဆောက်ဦးတစ်ခုမှ ဆူညံသံပေါင်းစုံကို ကြား၍စိတ်ဝင်စားသွားကြသည်။ ထိုအသံများသည် သီချင်းသံ၊ အော်ဟစ်သံ၊ ရယ်မောသံများစွာ ရောယှက်ထွက်ပေါ်နေသည်။

ထိုအဆောက်အဦးသည် လောင်းကစားရုံသာဖြစ်ပေသည်။ ထိုလောင်းကစားရုံ၏ အတွင်းတွင် လူများစွာပြည့်နှက်နေပြီး အသံပေါင်းစုံထွက်ပေါ်နေသည်။ တစ်ချို့လူများသည်လည်း ဝမ်းသာပျော်ရွှင်နေ၍ အော်ဟစ်နေကြပြီး အချို့သည်တော့ ဝမ်းနည်းပက်လက်ငိုကြွေးနေကြသည်။ ပျော်ရွှင်နေသည့် လူများသည် ဆက်၍ ကစားနေကြပြီး ငိုကြွေးနေသည့်လူများသည်တော် ထိုလောင်းကစားရုံ အစောင့်များ၏ ဆွဲထုတ်သွားခြင်းကို ခံကြရသည်။

“ဟွမ်း အမှိုက်တွေနဲ့ စိတ်ရှုပ်စရာကောင်းတယ်” မောရွှယ်အာသည် ထိုလူများကို မျက်မှောင်ကြုတ်၍ကြည့်ကာပြောလိုက်၏။

“လူတိုင်းကို အမှိုက်တွေလို့ မဆက်ဆံရဘူး၊ သူတို့မှာလဲ သူတို့တန်ဖိုးနဲ့သူတို့ရှိကြတယ်၊ ဒါကြောင့် ကိုယ့်ထက်စွမ်းအားနိမ့်တိုင်း အမှိုက်လို့သတ်မှတ်လို့မရဘူး”

ဟွမ်းသည် ဤမိန်းကလေး မရှိစဉ်က စိတ်ထဲရှိရာလုပ်ချင်ရာလုပ်ခဲ့သော်လည်း ယခုတွင် ထိန်းထိန်းသိမ်းသိမ်းနေရတော့မည်။ မော့ရွှယ်အာသည် သူ၏ တပည့်များထက် များစွာ အသက်ကြီးသော်လည်း သူမသည် ငယ်စဉ်ကတည်းက လူပေါင်းများစွာနှင့် ထိတွေ့ဆက်ဆံဖူးခြင်းမရှိပေ။ ထို့အပြင် ဟွမ်းသည် သူမကို ခေါ်ထုတ်ခဲ့သောကြောင့် သူမ၏မှီခိုရာသည် ဟွမ်းသာဖြစ်သည်။ မော့ရွှယ်အာသည် ကလေးငယ်များကဲ့သို့ပင် လူကြီးမိဘများစ နေထိုင်ပြုမူပြောပုံများကို လိုက်လံမှတ်သားရင်း အတုယူ ထို့ကြောင့် ဟွမ်းသည် သူ့အနေနှင့် ဤမိန်းကလေးကို လမ်းမှား မရောက်စေရန် သွန်သင်ပေးရမည်ဖြစ်သည်။

“ကောင်းပြီ၊ ဟွမ်း ဒီနေရာမှာ ဘာလုပ်မလို့လဲ” မော့ရွှယ်အာသည် နားလည်သွားသည့်အလား ခေါင်းညိတ်လိုက်သည်။ ထို့နောက် ဟွမ်းကိုမေးလိုက်၏။

“လူတွေကို အော်ဟစ်ဆူညံအောင် ဘယ်လိုအရာက လုပ်နိုင်တာလဲဆိုတာ သိချင်လို့” ဟွမ်းသည် လောင်းကစားဝိုင်းများကိုကြည့်ကာပြောလိုက်၏။

“တစ်ဆရင်းရုံနဲ့ ဆယ်ဆရမည်” ဟူသည့်ဘုတ်ပြားထောင်ထားတဲ့စားပွဲဝိုင်းသည် ဟွမ်း၏ အာရုံများကိုဖမ်းစားသွားခဲ့သည်။

‘တစ်ဆရင်းရုံနဲ့ ဆယ်ဆ ရမှာလား’

“အဘိုးကြီး ဒါကဘာကိုဆိုလိုတာလဲ” ဟွမ်းသည် ထိုစားပွဲဝိုင်း၏ ထိပ်တွင်ထိုင်နေသည့် ဒိုင်ဖြစ်သူကို မေးလိုက်၏။ ထိုလူကြီးသည် တကျုး ဖြစ်ပြီး အခြေတည်ဝိညာဉ်အလယ်လတ်အဆင့်တွင်ရှိနေသည်။

“လူငယ်လေးက ခုမှ ဒီမြို့ကိုရောက်ဖူးတာထင်တယ်၊ ဒါက ကံတရားရဲ့စမ်းသပ်ချက်လို့ခေါ်တယ်၊ ကျုပ်ဒီကစားနည်းကိုရှင်းပြမယ်၊ ကျုပ်က ဒီမျက်နှာခြောက်ဘက်ပါတဲ့ အံ့စာတုံးလေးနှစ်တုံးကို ဒီခွက်အဖုံးထဲထည့်ပြီး မွှေနှောက်လိုက်မယ်၊ ဒီအံစာတုံးတစ်တုံးစီမှာ ‘တစ်’ ကနေ ‘ခြောက်’ ထိပါတယ်၊ အဲ့ဒါပြီးရင် လူငယ်လေးရှေ့မှာရှိတဲ့ ‘မ’ နဲ့ ‘စုံ’ အကွက်နှစ်ခုထဲက တစ်ခု ခန့်မှန်းပြီးရွေးယုံပဲ၊ လူငယ်လေးက ‘မ’ ကိုရွေးထားရင် ဒီအံစာနှစ်တုံးရဲ့ ပေါင်းခြင်းက ‘မ’ဂဏာန်းဖြစ်ရင် နိုင်မယ်၊ စုံဂဏာန်းကျရင်တော့ရှုံးမယ်” တကျုးသည် ကိုယ်ဟန် အမူရာများနှင့် ကစားနည်းကို အသေချာရှင်းပြလိုက်၏။

ဟွမ်းသည် သူ့ရှေ့ရှိ ‘မ’ နှင့် ‘စုံ’ ကိုကြည့်ရင်း သဘောပေါက်သွားခဲ့သည်။

“လူငယ်လေး ကံစမ်းကြည့်မလား၊ မှန်သွားခဲ့ရင် ဆယ်ဆတောင်ရမှာနော်” တကျုးသည် ပြုံးကာဆွဲဆောင်လိုက်၏။

“ကောင်းပြီ” ဟွမ်းသည် အနည်းငယ်စဉ်းစားပြီးနောက် လက်ခံလိုက်သည်။

ထို့နောက် တကျုးသည် အံစာတုံးနှစ်တုံးကို ခွက်အဖုံးအတွင်း ထည့်ကာ အပေါ်အောက် ယမ်းခါလိုက်သည်။ ဟွမ်းသည် တကျုး၏ လှုပ်ရှားမှုကို တစ်စက်လေးမှ အလွတ်မခံပဲစောင့်ကြည့်နေသည်။ သို့သော် ဤဖြစ်စဉ်တွင် တကျုးသည် မည်သည် ဝိညာဉ်စွမ်းအင်မျှ မသုံးခဲ့ချေ။ သာမန်အတိုင်းသာ လှုပ်ရမ်းနေခြင်းဖြစ်သည်။ ထို့နောက် အလျားလိုက် ဘယ်ညာ ယမ်းခါလိုက်ပြီးနောက် စားပွဲပေါ်သို့ချလိုက်၏။

“လူငယ်လေး ကြိုက်ရာရွေးပါ” တကျုးသည် ပြုံးကာရွေးချယ်ခိုင်းလိုက်၏။

ဟွမ်းသည် စဉ်းစားမနေချေ အလယ်လတ်သလင်းကျောက် တစ်တုံးကို စုံ’ ဆိုသည့် အကွက်ကို ရွေးပြီး ထည့်လိုက်သည်။

“ကောင်းပြီ ကျုပ်ဖွင့်ပြီနော်” တကျုးသည် အဖုံးကို ဖွင့်လိုက်၏။

ထိုနောက် အံစာတစ်တုံးသည် ‘နှစ်’ ဖြစ်နေပြီး နောက်တစ်ခုသည် “ခြောက်” ဖြစ်နေခဲ့သည်။ ဟွမ်းသည် အတော်အံ့ဩသွားခဲ့သည်။ တကျုးသည် ချက်ချင်းပင် အလယ်လတ်သလင်းကျောက် ဆယ်တုံးကိုပေးချေလိုက်သည်။

‘ငွေရှာရတာလွယ်သားပဲ’ ဟွမ်းသည် တွေးရင်းပြုံးမိသွားသည်။ မော့ရွှယ်အာသည်လည်း အံ့ဩတကြီး ကြည့်နေသည်။

“လူငယ်လေး ကံတော်တော်ကောင်းတာပဲ၊ ဆက်ကစားကြည့်ဦးမလား” တကျုးသည် အပြုံးမပျက်ပေ။ ထပ်ပြီးဆော့ရန် သွေးဆောင်လိုက်သည်။

“ကောင်းပြီ”

ထို့နောက် ဟွမ်းသည် အကြိမ်အနည်းငယ်ထိ ဆက်ကစားနေခဲ့သည်။ တစ်ကြိမ်ကစားတိုင်း အလယ်လတ်သလင်းကျောက် အနည်းငယ်စီသုံးလိုက်သည်။ သို့သော် မယုံနိုင်စရာကောင်းလောက်အောင်ပင် အနိုင်ရနေခဲ့သည်။ သူသည် အလွန်ပင် အံ့ဩနေခဲ့ရသည်။ ဤကစားပွဲတွင် သူသည်လည်း စိတ်အာရုံစွမ်းအင်များတစ်ခုမှ ထုတ်မသုံးပဲ သာမန် အသိနှင့်သာဆော့နေခဲ့သည်။ သူ့တွင် မူလရှိသည့် သလင်းကျောက် ရှစ်ရာကျော်အပြင် အနိုင်ရထားသည့် အသလင်းကျောက် နှစ်ရာကျော်ရှိနေပြီဖြစ်သည်။ ဟွမ်း၏ မျက်နှာထက်တွင် တစ်ခုခုကိုဆုံးဖြတ်ပြီးနောက် ဖြစ်ပေါ်လာတက်သည့် ပြတ်သားသည့် အမူရာပေါ်လွင်နေသည်။

“လူငယ်လေး ကစားဦးမှာလား” တကျုးသည် ရှုံးနှိမ့်နေသော်လည်း အပြုံးမပျက်သေးပေ။ သူသည် ထိုအံစာတုံးများကိုခေါက်ပြီးနောက် မေးလိုက်၏။

“ကျုပ် အကုန်ထည့်မယ်” ဟွမ်းသည် ချက်ချင်းပင် ‘စုံ’ အကွက်ထဲတွင် သူ၏ ပိုင်ဆိုင်မှု အားလုံးထည်လိုက်သည်။ သူသည် အနိုင်ရလျှင် သလင်းကျောက် တစ်သောင်းနှစ်ထောင်ကျော်ရရှိမည်ဖြစ်သည်။

“လူငယ်လေး ပြင်ဦးမှာလား၊ မပြင်ရင် ကျုပ်ဖွင့်ပြီနော်” တကျုး၏ မျက်နှာထက်တွင်း ဟွမ်းစရောက်လာသည့် အချိန်ကကဲ့သို့ပင် အပြုံးမပျက်ချေ။

“ဖွင့်” ဟွမ်းသည် မျက်နှာသေနှင့်သာပြောလိုက်၏။

တကျုးသည် အဖုံးဖွင့်လိုက်လေသည်။ အံစာတစ်တုံးတွင် ‘လေး’ ဖြစ်နေခဲ့သည်။ သို့သော် နောက်တစ်တုံးကိုကြည့်ပြီးနောက် လဲကျမတက်ပင် ဖြစ်သွားခဲ့သည်။ ထိုအတုံး၏ ‘သုံး’ ဟူသည့် မျက်နှာပြင်ကိုမြင်လိုက်ရခြင်းကြောင့် ဖြစ်သည်။ သူသည် ရှုံးနှိမ့်သွားခဲ့လေသည်။ သူ၏ပိုင်ဆိုင်သမျှအားလုံး ဆုံးရှုံးသွားရပြီဖြစ်သည်။

“ဝုန်း”

“မဖြစ်နိုင်ဘူး ခင်ဗျားလိမ်နေတာ” အမြဲတမ်း တည်တည်ငြိမ်ငြိမ်သာရှိနေသည့် ဟွမ်းသည် စားပွဲကို လက်ဖြင့်ရိုက်လိုက်ပြီး မယုံကြည်ခြင်းများစွာနှင့် ရေရွတ်လိုက်၏။ ထိုလူလှည့်စားမှန်းသိလိုက်သော်လည်း မည်သို့လှည့်စားသွားမှန်း သူမသိခဲ့ချေ။

“ကောင်လေး မင်းနိုင်တုန်းကယူထားတယ်လေ၊ ရှုံးတဲ့အခါကျ ကျုပ်က လိမ်တာဖြစ်ရောလား၊ ကိုယ့်ဘာသာကိုယ်ထွက်သွားမလား၊ အစောင့်တွေကို ဆွဲထုတ်ခိုင်းရမလား” တကျုးသည် လေသံမာမာနှင့် ပြောလိုက်၏။ သူ့မျက်နှာထက်တွင် အပြုံးမရှိတော့ချေ။ အကြောင်းမှာ ထိုလူငယ်သည် ဆက်မကစားနိုင်တော့သောကြောင့်ပင်။

“အမှိုက်ကောင်၊ ဒီလိုအဆင့်နှိမ့်နေရာကို အခါတစ်သန်းလောက် ချေမွပစ်နိုင်တယ်”

ဟွမ်းသည် ဒေါကြီးမောကြီးနှင့် ပြောလိုက်၏။ ဘာအဆင့်မှန်းတောင် မသိရသည် အနိမ့်ကျင့်ကြံသူက သူ့အပေါ်တွင် ထိုသို့ပြောခြင်းကို သည်းမခံနိုင်တော့ပေ။ သူ၏ ဒေါသများပေါက်ကွဲထွက်လာခဲ့၏။ သို့သော် တကျုးသည် ဂရုတောင်မစိုက်ချေ။ သူသည် ဤသို့ ဖြစ်ပျက်သွားသည့် လူများစွာကို မြင်ဖူးနေသောကြောင့်ဖြစ်သည်။

မော့ရွှယ်အာ “...”

‘ကိုယ့်ထက်စွမ်းအားနိမ့်တိုင်း အမှိုက်လို့မသတ်မှတ်ရဘူး ဆို’

ထို့နောက် မော့ရွှယ်အာသည် ဟွမ်းကို အတင်းဆွဲ၍ ထိုအဆောက်အဦးမှ ထွက်ခွာလာခဲ့ရသည်။ အဆောက်ဦးအပြင်တွင် ဟွမ်းသည် အလွန်ပင် စိတ်ဓာတ်ကျနေခဲ့သည်။ သူကြိုးစားပမ်းစားရှာဖွေထားသည့် သလင်းကျောက်များသည် တစ်ခဏအတွင်း မစားရမသောက်ရနှင့် ကုန်ဆုံးသွားမည်ဟု မတွေးမိဖူးချေ။ သူသည် အလွန်ပင် သောက ရောက်နေခဲ့သည်။

All Chapters