← Chapters

စိတ်ဝိညာဉ်ဖြိုခွဲခြင်း

Vol. 5 Ch. 65

စိတ်ဝိညာဉ်ဖြိုခွဲခြင်း

Vol. 5 Ch. 65

“ဒီအထိရောက်ပြီးမှတော့ အကြမ်းရည်လေးသောက်သွားပါဦး”

ကျန့်တယီတို့ သုံးဦးသည် သူတို့၏ ဆန္ဒနှင့်ရပ်တန့်နေရခြင်းမဟုတ်ပေ။ သူတို့၏ ခြေလှမ်းများသည် ရှေ့ဆက်တိုးလို့ မရခြင်းပင်။ သူတို့သည် အရုပ်များကဲ့သို့ တစ်စုံတစ်ဦး၏ ထိန်းချုပ်ခြင်း ကိုခံရထားသည့်အတိုင်းဖြစ်နေသည်။ သူတို့သည် ရှေ့ဆက်တိုး၍ မရသော်လည်း ခြေတစ်လှမ်း နောက်ဆုတ်ကြည့်သည့်အခါ လွတ်လွတ်လပ်လပ်ပင် လှုပ်ရှား၍ ရလေသည်။

“ဒီကရောင်းရင်းက ဘယ်သူများလဲ သိချင်ပါတယ်” ကျန့်တယီသည် ဟွမ်းကို ကြည့်ကာမေးလိုက်၏။ သူ၏စိတ်ထဲတွင်တော့ အလွန်ပင် တုန်လှုပ်နေသည်။ ထိုလူသည် လေထုကိုပင်ထိန်းချုပ်ထားသည့်အလားပင်။ သူတို့အား ထိုလူသွားစေချင်သည့် လမ်းကြောင်းတွင်သာ သွားနိုင်ခဲ့သည်။

“မင်းတို့ကို သတ်ချင်နေတဲ့ လူတစ်ယောက်ပါ” ဟွမ်းသည် ညင်သာလွန်းသည့် အသံဖြင့်ပြောလိုက်၏။ မသိလျှင် မိတ်ရင်းဆွေရင်းများ သာကြောင်းမာကြောင်း ပြောနေသည့်အလားပင်။

‘ဒီကောင်က လူသတ်ဖို့ကို အပြုံးချိုချိုလးနဲ့ပြောနေတယ်၊ ဘယ်လို စိတ္တဇကောင်ပါလိမ့်’

ကျန်တယီတို့သုံးဦးသည် အလွန်ပင် ထိတ်လန့်သွားကြသည်။ သူတို့သည် လှုပ်ရှား၍ပင်မရပေ။ ထိုလူသည် သူတို့ကို သတ်ဖြတ်လိုက်လျှင်တောင် ဘာမှတုန့်ပြန်နိုင်မည်မဟုတ်ချေ။ ကျန့်တယီသည် အားတင်း၍ မေးလိုက်သည်။

“ဒီကရောင်းရင်းနဲ့ ကျုပ်တို့ကြား ဘာအငြိုးတေးမှ မရှိဘူးလေ၊ ဘာကြောင့် အကြောင်းမဲ့ သတ်ချင်ရတာလဲ”

“မင်းတို့က ငါတို့ကို သတ်ဖြတ်ဖို့လာခဲ့တာမဟုတ်ဘူးလား”

ဟွမ်းသည် ပြုံး၍ပြောလိုက်သည်။ သို့သော် သူ့အပြုံးတွင် ရက်စက်မှုများ ကိန်းအောင်းနေ၏။

“အထင်လွဲနေပါပြီ၊ ကျုပ်တို့က ဒီမြို့ထဲပတ်ကြည့်ယုံပါ၊ ဒီကရောင်းရင်း နားလည်မှုလွဲသွားတာထင်ပါတယ်”

ကျန့်တယီသည် အတင်းလုပ်ယူထားရသည့် အပြုံးနှင့်ပြောလိုက်သည်။

“ဒါဆို မြို့ရှေ့မှာ မင်းတို့အဖွဲသားတွေကို ငါတိုသတ်ခဲ့တာအတွက် ဘာမှပြန်မလုပ်တော့ဘူးလား” ဟွမ်းသည် ဆက်မေးနေလေသည်။

“ဒီက ရောင်းရင်း သူတို့ကို သတ်လိုက်တာက သူတို့သေသင့်လို့ လို့ကျုပ်ထင်တယ်၊ ဒါကြောင့် ဘာမှပြန်မလုပ်ပါဘူး”

ကျန့်တယီသည် သူ၏ မျက်လုံးများသည် အနည်းငယ်မှေးကျဉ်းသွားသော်လည်း ကြည့်ရဆိုးလှသည့်အပြုံးဖြင့်ပြောလိုက်၏။

“ဒါဆို မင်းတို့လဲသေသင့်တယ်၊ ကိုယ့်လူကိုယ်တောင် မကာကွယ်နိုင်ပဲ အဖွဲ့အစည်း တစ်ခုတည်ထောင်နေသေးတယ်”

ဟွမ်းသည် စိတ်ပျက်သည့်အမူရာဖြင့်ပြောလိုက်၏။ ထို့နောက် ထိုလူများထံမှ စကားပြန်ကို စောင့်မနေတော့ချေ။ သူ၏ လိုရင်းကိုသာပြောလိုက်၏။

“ဒါပေမဲ့ မင်းတို့ကို အခွင့်ရေးပေးမယ်၊ ငါ့တပည့်တွေနဲ့တိုက်လိုက်”

သူသည် မြို့အတွင်းရောက်ကတည်းက ဤလူများ လာရောက်ပြသနာရှာမည်ကို မျှော်လင့်နေခဲ့ခြင်းဖြစ်သည်။ သို့သော် ထိုအကောင်များသည် ကမူးရှုးတိုးလာရောက်တိုက်ခိုက်ခြင်းမပြုခဲ့ချေ။ သတိကြီးကြီးနှင့်ပင် အဝေးမှစောင့်ကြည့်နေခဲ့ကြသည်။ ဟွမ်းသည် အတော်လေးစိတ်ပျက်သွားခဲ့ရသည်။

‘ဒီဘက်ခေတ်ဓားပြတွေက ဒီလောက်တောင် ညာဏ်ရည်မြင့်မားနေကြပြီလား’

ထို့နောက်တွင် လုရှင်းယန်တို့သည် အခန်းအတွင်းမှ ထွက်လာခဲ့ကြသည်။

“ဒီကရောင်းရင်း သူတို့နဲ့တိုက်ရမှာသေချာရဲ့လား” ကျန့်တယီသည် မယုံကြည်နိုင်သည့်လေသံဖြင့်မေးလိုက်၏။ သူသည် အခြေတည်ဝိညာဉ်အဆင့် တပည့်သုံးဦးကိုသာတွေ့လိုက်ရ၏။ သို့သော် မျက်မှောင်အနည်းငယ်ကြုတ်သွား၏။ သတင်းပေးဓားပြ ပြောသည့် ခရမ်းရောင်ဝတ်စုံနှင့် မိန်းကလေးကို မတွေ့ရသောကြောင့်ပင်။

“သေချာတယ်” ဟွမ်းသည် တည်ငြိမ်စွာပြောလိုက်သည်။

“ကျုပ်က သူတော်စင်အလယ်လတ်အဆင့်နော်၊ သူတို့နှစ်ဦးက အခြေတည်ဝိညာဉ်အထွတ်ထိပ် အဆင့်တွေမှာ၊ ရောင်းရင်းပြောတာ သေရောသေချာရဲ့လား၊ ရောင်းရင်းရဲ့ တပည့်တွေ ရှုံးသွားမှ စိတ်ပြောင်းသွားရင်ရော” ကျန့်တယီသည် လုရှင်းယန်တို့၏ အဆင့်များကို တွေ့ကာ စိတ်ရှုပ်သွားခဲ့သည်။

‘ဒီလူက သူ့တပည့်တွေကို သေလမ်းပို့နေတာလား’

“စကားများတယ်၊ တိုက်ဆိုရင်တိုက်လိုက်၊ မတိုက်ချင်ရင်သေတော့”

ဟွမ်းသည် စကားများသည့်ထိုလူကို အခုချက်ချင်းပင် ရိုက်သတ်ချင်နေတော့သည်။ သူ့တပည့်များ လေ့ကျင့်စေရန်အတွက်ကြောင့်သာ စိတ်လျော့ထားခြင်းဖြစ်သည်။

“တိုက်မယ်” ကျန့်တယီသည် အလောတကြီး ပြောလိုက်၏။ မဟုတ်လျှင် သေရတော့မည်ဖြစ်သည်။

“ရှီချင်း မင်းအရင် တိုက်ခိုက်လိုက်”

“နေဦး၊ အပြင်ထွက်တိုက်ကြ၊ ဒီအိမ်ပျက်စီးသွားရင် မလျော်နိုင်ဘူး” ဟွမ်းသည် အိမ်အပြင်ဘက် ကွင်းပြင်သို့ထွက်ခိုင်းလိုက်ကြသည်။

ကျန့်တယီ “...”

‘ခင်ဗျားမှာ ဒီလောက်လေးတောင် ပိုက်ဆံမရှိဘူးလား’

လျှိုမင်ယွမ်သည် ရှီချင်းနှင့် တိုက်ခိုက်ရန်ဆုံးဖြတ်လိုက်သည်။ သူသည် အခြေတည်ဝိညာဉ် အလယ်လတ်အဆင့်သာရောက်ရှိသေးသည်။ ရှီချင်းသည် အခြေတည် ဝိညာဉ် အထွတ်ထိပ်ပင် ရောက်ရှ်ိနေသူဖြစ်သည်။

ရှီချင်းသည် လေးလံပြီးကြီးမားလှသည့် တူကြီးကို ထုတ်လိုက်ပြီးနောက် မြေပြင်ကို ရိုက်ခတ်လိုက်သည်။

“ဒုန်း..”

မြေပြင်သည် ထိုတူကြီး၏ ရိုက်ခတ်မှုကြောင့် မြည်သံပေါ်ထွက်လာပြီး မြေသားများ အက်ကွဲကုန်သည်။ ထို့နောက် ရှီချင်းသည် ထိုတူကြီးကို လက်နှစ်ဖက်နှင့် ဆုပ်ကိုင်ပြီး လျှိုမင်ယွမ်၏ ဦးခေါင်းကို ချေမွပစ်ရန်ဦးတည်လိုက်သည်။

လျှိုမင်ယွမ်သည် သူ၏ဦးခေါင်းထံလာနေသည့် ထိုတူကြီးကိုကြည့်လိုက်သည်။ ထို့နောက် သူ၏ ဘယ်လက်ကို ထိုတူကြီး လာရာလမ်းကြောင်းတွင် ဆန့်တန်းလိုက်သည်။ ချက်ချင်းပင် သူ၏ လက်ဖဝါး ရှေ့တွင် စွမ်းအင် အလွာများစွာပေါ်လာခဲ့သည်။

“ဝုန်း..” ရှီချင်း၏ တူကြီးသည် အင်အားပြင်းစွာနှင့် ထိုစွမ်းအင် အလွှာများကို ရိုက်မိသွားလေသည်။ သူ၏ မျက်မှောင်များကြုတ်သွားခဲ့ရသည်။

‘ငါ့တူကြီးရဲ့ ရိုက်ချက်ကို သက်သက်သာသာပဲ ကာကွယ်သွားတယ်လား’

လျှိုမင်ယွမ်သည် ထိုတူကြီးကို ဝိညာဉ်စွမ်းအင် အနည်းငယ်သုံးကာ တွန်းထုတ်လိုက်သည်။ ရှီချင်းသည် ဟန်ချက်ပျက်ပြီး နောက်သို့ ခြေငါးလှမ်းခန့်ဆုတ်လိုက်ရသည်။ သို့သော် ချက်ချင်းပင် သူ၏ခန္ဓာကိုယ်ကို ပြန်ထိန်းက ထိုတူကြီးနှင့် နောက်တစ်ကြိမ် တိုက်ရန် ပြင်လိုက်သည်။ သို့သော် လျှိမင်ယွမ်၏ ခြေထောက်သည် သူ၏ ဝမ်းဗိုက်ပေါ်ရောက်ရှိနေပြီဖြစ်သည်။

“ဘုန်း..” လျှိုမင်ယွမ်သည် မြန်ဆန်လှသည့် အရှိန်ဖြင့် ရှီချင်း၏ ဝမ်းဗိုက်ကို ကန်လိုက်ခြင်းဖြစ်သည်။

“မင်ယွမ် ဖြေးဖြေးသက်သာလုပ်၊ သူများအိမ်တွေ ပျက်စီးကုန်ပြီ” လုရှင်းယန်သည် ဆူပူသည့်လေသံဖြင့်ပြောလိုက်သည်။ သို့သော် သူ၏ မျက်နှာထက်တွင် အပြုံးများရှိနေ၏။

“ဒီကောင်က ဒီလောက်အားနည်းမယ် မထင်ထားဘူး” လျှိုမင်ယွမ်သည် ရှက်ရွံ့သွားသည့်အလား သူ၏ ဦးခေါင်းကို ကုတ်လိုက်၏။

ကျန့်တယီ နှင့် ကျိုးစစ်လီ တို့သည် ထိုအကောင်များ၏ အပေါ်ယံဟန်ပြမှုများကို မြင်ကာ စွံ့အသွား၏။

ရှီချင်းသည် အတော်ဝေးဝေးသို့ရောက်အောင် လွင့်စင်သွားခဲ့ရခြင်းဖြစ်သည်။ သူသည် ချက်ချင်းကုန်းထလာခဲ့သည်။ သာမန် ကန်ချက်ဖြင့်သာ လွင့်စင်သွားသောကြောင့် သူ့တွင် ဒဏ်ယာမရခဲ့ချေ။ သို့သော် သူထက်တစ်ဆင့်နိမ့်သူ၏ ကန်ချက်ကို ခံလိုက်ရသောကြောင့် အလွန်ပင်အရှက်ရစေခဲ့သည်။

“ကောင်လေး မင်းကို လျှော့တွက်မိတာပဲ” ရှီချင်း၏ ခန္ဓာကိုယ်မှ ဝိညာဉ်စွမ်းအင်များစွာ ပေါ်ထွက်လာခဲ့သည်။ သူ၏ တူကြီးကို လက်နှစ်ဖက်နှင့် ကိုင်မြောက်လိုက်သည်။

လျှိုမင်ယွမ်သည် အနည်းငယ်မျက်မှောင်ကြုတ်သွားခဲ့သည်။ ရှီချင်းသည် သူ၏ ဝိညာဉ်စွမ်းအင်များစွာကို သူ၏ ကြီးမားသည့် တူကြီး အတွင်းစီးဆင်းစေသည်။ ထိုအချိန်တွင် သူ၏ တူကြီးသည် ကြီးမားသည့် စွမ်းအင်ပုံစံ ဖြစ်ပေါ်လာခဲ့သည်။ ထိုစွမ်းအင်တူကြီး၏ အကျယ်ဝန်းနှင့်ကြီးမားသည့်ပုံစံသည် လူဆယ်ဦးလောက်ပင် ပြားပြားဝပ် ကြေမွသွားအောင် လုပ်နိုင်စွမ်းရှိသည့်အလားပင်။ ထို့အပြင် ရှီချင်းသည် မပေါ့ဆရဲတော့ပဲ သူ၏ ဝိညာဉ်စွမ်းအင်များစွာထည့်သွင်းထား ခြင်းဖြစ်သည်။

လျှိုမင်ယွမ်အမူရာသည်လည်း လေးနက်နေပြီး သူ၏လက်နှစ်ဖက်ကို ထိကပ်လိုက်ပြီး စွမ်းအင်များ များစုစည်းနေသည်။ ထို့နောက်တွင် ရွှေယင်နှင့် တိုက်ခိုက်ခဲ့စဉ်က အတိုင်း နဂါးတစ်ကောင်ပေါ်လာခဲ့သည်။ သို့သော် မတူညီသည်မှာ ယခုနဂါးပုံစံတွင် သတ်ဖြတ်ခြင်းဆန္ဒများနှင့် ပြည့်နှက်နေသည်။

ရှီချင်းသည် သူ၏ စွမ်းအင်တူကြီးနှင့် လျှိုမင်ယွမ်ကို ဦးတည်၍ ဖိချလိုက်သည်။ ရှီချင်း၏ ထိုတူကြီးသည် ပြင်းထန်လွန်းသည့် အားအင်များနှင့် လျှိုမင်ယွမ်ကို အသေသတ်ရန်ကြံရွယ်လိုက်သည်။

“လူတစ်သောင်းကို ခြေမွခြင်း”

“ဝိညာဉ်သဏ္ဌာန် ဖန်တီးခြင်း”

လျှိုမင်ယွမ်သည် သူ၏ စွမ်းအင်နဂါးကို ရှီချင်းကို ဦးတည်၍ စေလွှတ်လိုက်၏။

“ဝုန်း..” နဂါးတစ်ကောင်ကို ကြီးမားသည့် တူကြီးနှင့် ရိုက်ချလိုက်သည့်အလားပင်။

လျှိုမင်ယွမ်သည် အံကြိတ်ကာ သူ၏လက်ဝါးနှစ်ခုကို ဖိကပ်ထားလေသည်။ ရှီချင်းသည်လည်း သူ၏ တူကြီးကို အတင်းဖိချနေသည်။ အချိန်အနည်းငယ်ကြာသည်အထိ သူမသာကိုယ်မသာ ဖြစ်နေခဲ့သည်။ သို့သော် လျှိုမင်ယွမ်သည် သူ၏ နည်းစနစ်ကို ရုတ်သိမ်းလိုက်သည်။ စွမ်းအင်နဂါးပုံစံ သည် ပျောက်ကွယ်သွားပြီးနောက် ရှီချင်း၏ တူကြီးသည် လျှိုမင်ယွမ်အပေါ်သို့ ချက်ချင်းကျဆင်းလာခဲ့သည်။ သို့သော် ချက်ချင်းပင် ရှီချင်းကို ကြည့်ကာ နည်းစနစ်တစ်ခု အလျင်အမြန်ထုတ်သုံးလိုက်သည်။

“စိတ်ဝိညာဉ် ဖြိုခွဲခြင်း”

“ခရက်” ရှီချင်း၏ ဝိညာဉ်ပင်လယ်သည် မတည်ငြိမ်တော့ပေ။ သူ၏ ခန္ဓာကိုယ်သည် တစ်ဆက်ဆက် တုန်ယင်လာပြီး လှဲကျသွားခဲ့သည်။ သူ၏ဝိညာဉ်ပင်လယ်သည် အတင်းကြပ်ဖိအားပေးခံရသည့်အလား ကြေမွပျက်စီးသွားခဲ့ခြင်းဖြစ်သည်။ ခဏအကြာတွင် ရှီချင်း၏ ခန္ဓာကိုယ်သည် တုန်ယင်နေမှုများရပ်တန့်သွားခဲ့၏။

All Chapters