ဂိတ်တံခါးလေးဖွင့်ပေးပါဦး
Vol. 5 Ch. 67
“ဘုန်း..”
ချန်တလောင်သည် သူ့ရှေ့ရှိစားပွဲကို ပြင်းထန်စွာ ထုရိုက်လိုက်၏။ သူ၏ အဖွဲ့ဝင်များကို သတ်ဖြတ်သွားသူကို စုံစမ်းရန် ဒုခေါင်းဆောင်၏ အဖွဲ့ကို တာဝန်ပေးအပ်လိုက်သည်။ သို့သော် ယခုတွင် သူအားကိုးရသည့် လက်အောက်ငယ်သားနှစ်ဦးပါ သေဆုံးသွားခဲ့ရသည်။ သူသည် ဒေါသအလွန်ထွက်နေပြီဖြစ်သည်။ ထို့နောက် ချန်တလောင်သည် ချက်ချင်းပင်လိုက်သွားရန်ပြင်လိုက်သည်။
“ခေါင်းဆောင်” ကျန့်တယီသည် ရေးကြီးသုတ်ပြာဖြင့် ချန်တလောင်၏ အခန်းတွင်းပြေးဝင်လာခဲ့သည်။
“ဘာဖြစ်ခဲ့တာလဲပြောစမ်း” ချန်တလောင်သည် ဒေါသတကြီးနှင့် ခက်ထန်စွာ မေးလိုက်၏။
ကျန့်တယီသည် အသက်ကို မနည်းရှုနေရပြီး အနည်းငယ်တည်ငြိမ်သွားပြီးနောက် ဖြစ်ကြောင်းကုန်စင်ရှင်းပြလိုက်၏။
“ဘာပြောတယ်..” ချန်တလောင်၏ အသံသည် ကျယ်လောင်စွာ ပေါ်ထွက်လာသည်။
“မင်း..”
ချန်တလောင်သည် ဆက်ပြောရန်ကြံရွယ်လိုက်သည့်အချိန်တွင် နူးညံ့သည့် အသံ တစ်ခုကို ကြားလိုက်ကြသည်။
“အိမ်ရှင်တို့၊ လာရောက်လည်ပတ်တာပါ၊ ဂိတ်တံခါးလေးဖွင့်ပေးပါဦး”
ချန်တလောင်နှင့် ကျန့်တယီ တို့အလျင်မြန်ထွက်လာသည့်အချိန်တွင် သူတို့ စခန်း၏ အထက်တွင် စွမ်းအင်လှေတစ်စီးကို တွေ့လိုက်ရသည်။ ထိုလှေပေါ်တွင် လူငယ်သုံးဦးသည်ရပ် လျက်ရှိနေသည်။ ထိုမြင်ကွင်းသည် မိန်းမငယ်လေးများအတွက် လွန်စွာဆွဲဆောင်မှုရှိလှပြီး ချက်ချင်းပင် ထိုလှေပေါ်ပြေးတက်ချင်စိတ်ပေါက်သွားစေနိုင်သည်။ အစိမ်းဝတ်နှင့် လူငယ်လေးမပါလျှင် ပိုတောင်ပြည့်စုံသွားပေမည်။
“ခေါင်းဆောင်၊ အဲ့ဒါသူတို့ပဲ၊ ဒါပေမဲ့ သူတို့ဆရာဆိုတဲ့လူ ပါမလာဘူး”
ကျန့်တယီသည် လုရှင်းယန်တို့ကို ညွန်ပြကာပြောလိုက်၏။ ထို့အပြင် ဟွမ်းသည် ထိုလှေပေါ်တွင် ပါမလာခြင်းကိုသိလိုက်လေသည်။
“အခြေတည်ဝိညာဉ်အဆင့်လေးတွေနဲ့ ဒီနေရာ အထိလာရဲရအောင် မင်းတို့ကို ဘယ်သူက သတ္တိပေးထားတာလဲ”
ချန်တလောင်သည် ကောင်းကင်ပေါ်သို့တက်လာကာမေးလိုက်၏။ သူသည် အဖွဲ့ငယ်တစ်ခု ဆုံးရှုံးခဲ့ရသည့်အပြင် လက်အောက်ငယ်သား နှစ်ဦးပါ သေဆုံးခဲ့သောကြောင့် အလွန်ဒေါသထွက်နေခြင်းဖြစ်သည်။ သို့သော် ထိုတရားခံများသည် အိမ်တိုင်ယာရောက်ပင်လာစော်ကားနေကြပြီဖြစ်သည်။ သူလုံးဝသည်းမခံနိုင်တော့ပေ။
“သူမက”
ပိုင်ကျန့်ယွီသည် ချန်တလောင်၏ အနောက်ဘက်ကို ညွှန်ပြကာ ဖြေလိုက်၏။
ချန်တလောင်သည် မျက်မှောင်ကြုတ်သွားကာ သူ၏ အနောက်ဘက်ကို လှည့်ကြည့်လိုက်၏။
“ခေါင်းဆောင်၊ ကျုပ်တို့အဖွဲ့ငယ်တစ်ခုကို သတ်သွားတာ သူမပဲ” ကျန့်တယီသည် အံကြိတ်ကာပြောလိုက်၏။ သတင်းပေးဓားပြပြောသည် ခရမ်းရောင်ဝတ်မိန်းကလေးသည် သူမ ဖြစ်သည်မှန်း ချက်ချင်းသိလိုက်လေသည်။
ချန်တလောင်ဓားပြစခန်းရှိ အမြင့်ဆုံးအဆောက်အဦးတစ်ခုပေါ်တွင် ခရမ်းရောင်နုရောင်ဝတ်စုံနှင့် မိန်းကလေးတစ်ဦးသည် လှပကျော့ရှင်းစွာ ရပ်နေလေ၏။ ထိုအဆောက်ဦးသည် ချန်တလောင်နေထိုင်ရာ အဆောက်ဦးဖြစ်သည်။
ယွဲ့ဝူယောင်သည် ထိုအဆောက်ဦး၏ ခေါင်မိုးပေါ်တွင် သူမ၏ နူးညံလှသည့် လက်ကလေးနှစ်ဖက်ကို သူမ၏ သေးသွယ်လှသည့် ခါးနောက်တွင် အသာယာတင်ထား၏။ သူမ၏ ရေခဲလို အေးစက်စက် မျက်ဝန်းများသည် မည်သူကိုမျှ ဂရုမစိုက်သည့်အလားပင်။ လေပြေတစ်ချက်တိုက်ခက်တိုင်း သူမ၏ နက်မှောင်သည့်ဆံနွယ်များသည် လှုပ်ယမ်းသွားလေသည်။ ယွဲ့ဝူယောင်သည် အေးခဲနေသည့် ပန်းပုရုပ်တစ်ခုအလား လှပကျော့ရှင်းနေသည့် တည်ရှိနေမှုမျိုးဖြစ်သည်။
သို့သော် ချန်တလောင်တို့ သည် ထိုလှပမှုကို မခံစားအားပေ။ သူတို့၏ စိတ်ထဲတွင် တုန်လှုပ်မှုများပြည့်နှက်နေသည်။ ချန်တလောင်သည် သူတော်စင်အထွတ်ထိပ်အဆင့်တွင် ဖြစ်၏။ သို့သော် ယွဲ့ဝူယောင် မည်သည့်အချိန်ကတည်းက ထိုနေရာတွင် ရှိနေမှန်း မသိခဲ့ရချေ။ ထို့အပြင် သူမသည် သူတော်စင်ကနဦးအဆင့်တွင်သာ ရှိနေသေး၏။
“မိန်းကလေး မင်းဘယ်..”
“ရွှပ်..”
ချန်တလောင်၏ စကားပင် မဆုံးလိုက်ချေ။ ခရမ်းရောင်ရေခဲဆူး တစ်ချောင်းသည် သူ၏ လည်မြိုကို ဦးတည်လာနေ၏။
“ဝုန်း..”
“ခရက်..”
ချန်တလောင်သည် အလျင်အမြန် ထိုရေခဲဆူးကို သူ၏ လက်သီးနှင့် ထိုးနှက်လိုက်သည်။ ထို့ကြောင့် ထိုရေခဲဆူးသည် ချက်ချင်း ကွဲသွားသော်လည်း သူ၏ လက်သည် ထုံကျဉ်သွား၏။
“တော်တော်ရက်စက်တဲ့ မိန်းကလေးပဲ၊ မင်းတို့ အပေါက်ကကောင်တွေကို သတ်စမ်း၊ ဒီမိန်းကလေးကို ငါကိုယ်တိုင်သတ်မယ်” ချန်တလောင်သည် ကျယ်လောင်စွာ အမိန့်ပေးလိုက်၏။
“ဝုန်း..”
“ဝုန်း..”
ထိုအချိန်တွင် လျှိုမင်ယွမ်တို့သည် ပန်းဝိညာဉ်လှေကို သိမ်းကာ အောက်သို့ဆင်းလာကြသည်။ ထို့နောက် လုရှင်းယန်၏ လှံနှင့် ပိုင်ကျန်ယွီ၏ ဓားသည် ဓားပြများ ထွက်လာသည့် အဆောက်ဦးများကို ပစ်လွှတ် ဖြိုခွဲလိုက်၏။
“သေချင်နေတာပဲ..” ကျန့်တယီသည် လုရှင်းယန်တို့ သုံးဦးထံ အလျင် မြန်ရောက်လာခဲ့သည်။ သူတို့၏ ဓားပြအဖွဲ့တွင် အခြေတည်ဝိညာဥ်အဆင့် ကျင့်ကြံသူများ မကျန်တော့ချေ။ ထို့ကြောင့် ထိုသုံးဦးကို တိုက်ခိုက်ရန် ဆင်းလာခဲ့သည်။
“မင်းတို့၊ သူတို့ကို ထိန်းထားလိုက် ငါဒီအမှိုက်ကို ရှင်းပြီးရင် လာကူမယ်” ယွဲ့ဝူယောင်သည် လုရှင်းယန်တို့ကို ကျန်တယီနှင့် ကျန်ဓားပြများကို ထိန်းထားစေလိုက်၏။
ညီအစ်ကိုသုံးဦး “...”
‘အစ်မကြီးက ဆရာနဲ့ ပိုတူလာသလိုပဲ’
သူတို့၏ တူညီသည့်အတွေးများကို ထုတ်မပြောရဲချေ။ ထို့နောက် လုရှင်းယန်သည် ဖီးနစ်နှလုံးသားလှံကို ဆွဲယူလိုက်ပြီး ကျန့်တယီထံ ခုန်ဝင်သွားခဲ့သည်။
“မင်းတစ်ယောက်နဲ့ မလုံလောက်ဘူး” ကျန်တယီသည် ပြောလိုက်၏။
သို့သော်လုရှင်းယန်၏ လှံသည် သူ၏လည်မျိုဝသို့ဦးတည်နေခဲ့၏။
ပိုင်ကျန့်ယွီနှင့် လျှိုမင်ယန်သည် လက်အောက်ငယ်သားဓားပြများကို တိုက်ခိုက်လိုက်ကြသည်။ သူတို့သည် အစောပိုင်းက သတ်ဖြတ်ရန် တွန့်ဆုတ်ခဲ့ကြသော်လည်း ယခုတွင် တွေဝေမှုများမရှိတော့ချေ။ သတ်ဖြတ်မှုများစတင်ခဲ့ပြီဖြစ်သည်။
“ဝုန်း..”
ကောင်းကင်ပေါ်တွင် ယွဲ့ဝူယောင်နှင့် ချန်တလောင်တို့သည် အဆင်မပြတ်တိုက်ခိုက်မှုများပြုလုပ်နေကြသည်။ အဆင်မပြတ်ရသည့်အကြောင်းရင်းမှာ ယွဲ့ဝူယောင်သည် ချန်တလောင်ကို နားချိန်ပေးချေ။ ဘက်ပေါင်းစုံမှ တိုက်ခိုက်နေခဲ့သောကြောင့်ဖြစ်သည်။
ချန်တလောင်သည် သူ၏ အနက်ရောင်ဓားကြီးကို ထုတ်လိုက်လေသည်။ ထိုဓားကြီးသည့် အနံကျယ်ပြီး အသွားတစ်ဖက်သာ ပါရှိလေသည်။ ထိုဓား၏အရှည်သည် ငါးပေဝန်းကျန်ခန့်ရှိ၏။
ချန်တလောင်သည် ထိုဓားကြီးဖြင့် ယွဲ့ဝူယောင်၏ ဦးခေါင်းတည့်တည့်ကို ဒေါသတကြီးလွှဲခုတ်လိုက်သည်။
ယွဲ့ဝူယောင်သည် သူမ၏ ခရမ်းရောင်ရေခဲစွမ်းအင် ဓားဖြင့် ချက်ချင်း ကာကွယ်လိုက်၏။ ထို့နောက် သူမ၏ ကျန်လက်တစ်ဖက်ဖြင့် ထိုဓားကြီးကို ရိုက်ထုတ်လိုက်၏။
ချန်တလောင်သည် ထိုဓားကြောင့် ဟန်ချက်ပျက်သွားသည်။ သို့သော်လည်း ချက်ချင်းပြန်ထိန်းကာ ယွဲ့ဝူယောင်၏ သေးသွယ်လှသည့်ခါးကျဉ်ကျဉ် လေးကို ရက်ရက်စက်စက် ဦးတည်ပြီး ခုတ်ပိုင်းလိုက်သည်။
“ငါ့ရဲ့ ရက်စက်မှုကို အပြစ်မတင်နဲ့”
ချန်တလောင်သည် ဆိုးယုတ်သည့် အပြုံးနှင့်ပြောလိုက်၏။ သို့သော် သူ၏ အပြုံးသည်ရပ်တန့်သွားရ၏။ သူ၏အပြုံးတွင်သာမက သူ၏ ဓားကြီးသည်လည်းရပ်တန့်နေပြီဖြစ်သည်။ အကြောင်းမှာ ယွဲ့ဝူယောင်သည် လေထုကို အေးခဲစေလိုက်ကာ ထိုဓားကြီး၏ လမ်းကြောင်းကို ပိတ်ဆို့လိုက်သောကြောင့်ဖြစ်သည်။
ချန်တလောင် တစ်စက္ကန့်ပိုင်းမျှ သတိလွတ် သွားသည့်အချိန်တွင် ယွဲ့ဝူယောင်၏ ရေခဲဓားသည် သူ၏ ဝမ်းဗိုက်နားသို့ ရောက်ရှိနေပြီဖြစ်သည်။ သူသည် သတိဝင်လာပြီး ချက်ချင်းရှောင်တိမ်းလိုက်သော်လည်း ယွဲ့ဝူယောင်၏ ဓားသည် သူ၏ ဝမ်းဗိုက်ကို ရှပ်ထိသွားစေခဲ့သည်။
‘သူတော်စင်အထွတ်ထိပ်အဆင့်ဆိုတာ အလကား မဟုတ်ဘူးပဲ’ ယွဲ့ဝူယောင်သည် မြန်မြန်ဆန်ဆန်ပင် လှုပ်ရှားခဲ့သော်လည်း ထိုလူသည် ချက်ချင်းရှောင်တိမ်းနိုင်ခဲ့သည်။
ချန်တလောင်၏ ဒေါသသည် အဆုံးထိမြင့်တက်သွားခဲ့ပြီဖြစ်သည်။ ထို့နောက် အစောပိုင်းကထက် နှစ်ဆမြန်သည့် အမြန်နှုန်းနှင့် ယွဲ့ဝူယောင်ကို ဖိအားပေးကာ တိုက်ခိုက်လိုက်သည်။
ယွဲ့ဝူယောင်သည် ချက်ချင်းပင် ရေခဲတံတိုင်း တစ်ခုထုတ်ဖော်လိုက်သည်။ သို့သော် ထိုရေခဲ တံတိုင်းသည် သူမ၏ နောက်ကျောဘက်တွင် ပေါ်လာခဲ့ခြင်းဖြစ်သည်။ သူမသည် ချန်တလောင်ကို မျက်နှာချင်းဆိုင်ရန်အတွက်ဖြစ်သည်။ ထိုလူ၏ ရုတ်တရက်ထိုးတက်လာသည့် အမြန်နှုန်းကြောင့် သူမ၏ နောက်ကျောကို ကာကွယ်လိုက်ခြင်းဖြစ်သည်။
ယွဲ့ဝူယောင်သည် သူတော်စင် အထွတ်ထိပ်အဆင့်ဖြစ်သူ ချီလင်းဟောင်နှင့် တိုက်ခိုက်ခဲ့စဉ်က ချီလင်းဟောင်သည် သူမကို သက်ညှာပေးခဲ့ခြင်း မဟုတ်သော်လည်း ဦးစွာတိုက်ခိုက်စေခဲ့သည်။ ထို့အပြင် ချီလင်းဟောင်သည် မည်သည်စွမ်းအင်များလည်း ထုတ်လွှတ်ထားခြင်းမရှိခဲ့ချေ။ ထို့ကြောင့် သတိလက်လွှတ်ဖြစ်နေသည့် ချီလင်းဟောင်ကို တစ်ချက်တည်းဖြင့် ပြိုင်ပွဲကွင်းပြင် အပြင်ဘက်သို့ လွင့်စင်စေခဲ့ခြင်းဖြစ်သည်။ ဆက်တိုက်ခိုက်လျှင် ရလဒ်သည် ပြောရခက်ပေမည်။ သို့သော် ပြိုင်ပွဲစည်းမျဉ်းကြောင့် ပြိုင်းပွဲ အပြင်ဘက်ထွက်သွားခဲ့သည့် ချီလင်းဟောင်ကို အနိုင်ရခဲ့ခြင်းဖြစ်သည်။
“ဝုန်း..”
“ခရက်..” ယွဲ့ဝူယောင်၏ ရေခဲဓားသည် ချန်တလောင်၏ အဆက်မပြတ်တိုက်ခိုက်မှုများကြောင့် ကျိုးကြေသွားခဲ့ခြင်းဖြစ်သည်။
ချန်တလောင်သည် ရေခဲဓားမရှိတော့သည့် ယွဲ့ဝူယောင်ကို နောက်တစ်ကြိမ် ထပ်တိုက်လာသည်။ ထိုအချိန်တွင် ယွဲ့ ဝူယောင်၏ ဘေးပတ်ပတ်လည်တွင် ခရမ်းရောင် ရေခဲဆူးချွန်များစွာ ပေါ်ထွက်လာ၏။ ထို့နောက် တိုက်ခိုက်လာသည့် ချန်တလောင်ထံ စေလွှတ်လိုက်ခြင်းဖြစ်သည်။
“ဝုန်း..”
“ခရက်..”
ချန်တလောင်သည် များပြားလှသည့် ထိုရေခဲဆူးချွန်များကို အချိန်အနည်းငယ်အထိ အဆက်မပြတ် ခုခံနေရ၏။ ထို့နောက် ချန်တလောင်သည် ခနဲသည့်လေသံဖြင့် မေးလိုက်၏။
“မိန်းကလေး မင်းအစွမ်းဒါအကုန်ပဲလား”
“အေးခဲသောလ၏ရိုက်ချက်”