ငါခွင့်မပြုဘူးါခွင့်မပြုဘူး
Vol. 5 Ch. 68
ချန်တလောင်သည် ရေခဲဆူးချွန်များကို ဖြေရှင်းနေသည့်အချိန်တွင် ယွဲ့ဝူယောင်သည် သူ၏ အအေးစွမ်းအင်များကို စုစည်းနေခဲ့ခြင်းဖြစ်သည်။ သူမသည် ထိုလက်ဝါးထဲတွင် လုံလောက်သည် ဝိညာဉ်စွမ်းအင်များ ထည့်သွင်းပြီးနောက် ချန်တလောင်ထံ ဦးတည်စေခဲ့သည်။
“အေးခဲသောလ၏ရိုက်ချက်”
အေးစက်နေသည့်အငွေ့သတ်များနှင့်ပြည့်နှက်နေသည့် လက်ဝါးကြီးသည် လေထုကို ဖီဆန်ကာ ချန်တလောင်ထံ မြန်ဆန်လှသည့်အရှိန်နှင့် သွားနေခဲ့သည်။
ချန်တလောင်သူ မျက်နှာပျက်သွားပြီး သူ၏ ခန္ဓာကိုယ်တွင် ဝိညာဉ်စွမ်းအင်များ ပေါက်ကွဲထွက်လာခဲ့သည်။ ထိုစွမ်းအင်များကို သူ၏ဓားကြီး အတွင်းစီးဆင်းစေသည်။ ထိုနောက် နီးကပ်နေပြီဖြစ်သည့် လက်ဝါးပုံစံ ရေခဲစွမ်းအင်ကို ခုတ်ပိုင်းထည့်လိုက်သည်။
“ဝုန်း..”
ပြင်းထန်လှသည် စွမ်းအင် ပေါက်ကွဲမှုကြီး ဖြစ်ပါ်လာသည်။ ထို့အပြင် သူတို့အနီးနားပတ်ဝန်းကျင်ရှိ လေထုများပင် အေးခဲကုန်သည်။ ထို့အပြင် ချန်တလောင်၏ ခန္ဓာကိုယ်အား ခရမ်းရောင်ရေခဲများနှင့် ဖုံးလွှမ်းသွား၏။
ကောင်းကင်ထက်တွင် အေးစက်လှပလွန်းသည့် မိန်းမငယ်လေးတစ်ဦး ပင်ပန်းနွမ်းနယ်စွာ ရပ်တည်နေသည်။ သူမ၏ အသက်ရှုသံများသည် ပြင်းထန်စွာ ထွက်ပေါ်နေသော်လည်း လှပတင့်တယ်မှုသည် လျော့ကျမသွားပေ။ သို့သော် သူမ၏ ရှေ့တွင် လှပလွန်းသည့် ခရမ်းရောင် ရေခဲ အလွှာများစွာ ဖြစ်တည်နေသည်။ ဤမြင်ကွင်းသည် အလွန်ပင် ပဏာသင့်လွန်းလှသည်။ မြင်ရသည့်လူတိုင်းအဖို့ ရင်သက်ရှုမောဖွယ်မြင်ကွင်းဖြစ်မည်မှာ ကျိန်းသေပင်။
“ဝုန်း..”
“အငယ်ဆုံးလေး ဒီလူတွေကို မင်းရှင်းလိုက်တော့၊ ငါက ဒုတိယအစ်ကိုကို သွားကူလိုက်ဦးမယ်” ပိုင်ကျန့်ယွီသည် ပြင်းထန်သည့် မီးစွမ်းအင်ပေါက်ကွဲမှုကိုကြည့်ရင်း မျက်မှောင်ကြုတ်ကာ လျှိုမင်ယွမ်ကို ပြောလိုက်၏။
“ကျုပ်တာဝန်ထားလိုက် တတိယအစ်ကို”
လျှိုမင်ယွမ်သည် ထိုသို့ပြောကာ ငါးဆယ်ဝန်းကျင်ခန့်ရှိသည့် ဓားပြများကို အသည်းအသန်တိုက်ခိုက်လိုက်သည်။ ဓားပြများ၏ စွမ်းရည်သည် နိမ့်ကျသော်လည်း ထိုကဲ့သို့ လူများစွာကို ရှင်းလင်းရန် အချိန်ယူရပေမည်။ ထိုဓားပြများတွင် ရွှေအမြူတေအဆင့်များလည်း ပါဝင်နေသည့်အတွက် လွယ်လွယ်ကူကူနှင့် အနိုင်မရနိုင်ပေ။ ထို့အပြင် လျှိုမင်ယွမ်သည်လည်း ဝိညာဉ်စွမ်းအင်များစွာ သုံးစွဲရမည်ဖြစ်သည်။
လုရှင်းယန်သည် သူ၏ ဖီးနစ်နှလုံးသားလှံနှင့် ကျန့်တယီကို အဆက်မပြတ် ထိုးစစ်ဆင်နေသည်။ ထိုလှံသည် မလိုလားသော်လည်း လုရှင်းယန်သည် အချိန်တိုင်း အမြုပ်ထွက်သည်အထိ ချော့မြူနေသောကြောင့် သူနှင့်ပူးပေါင်းလာခဲ့ခြင်းဖြစ်သည်။ ထို့အပြင် လှံတစ်ချောင်း အနေနှင့် တိုက်ပွဲများတွင် မပါဝင်ပါက လက်နက်ဖြစ်ရကျိုးနပ်မည်မဟုတ်ပေ။ ထို့ကြောင့် လုရှင်းယန် တိုက်ခိုက်သည့်အခါ ငြင်းဆန်မှုမပြုတော့ပေ။
ကျန့်တယီသည် သူတော်စင်အဆင့်ကျင့်ကြံသူတစ်ဦးအနေနှင့် လုရှင်းယန်၏ လှံချက်များကို သူ၏ဓားဖြင့် အသာယာပင် ထိန်းထားနိုင်သည်။
“ကောင်လေး မင်းတို့ဆရာ မပါပဲ လာရောက်ကျုးကျော်တဲ့အတွက် တန်ကြေးအနေနဲ့ သေလိုက်တော့၊ မင်းနဲ့ အချိန်မဖြုန်းချင်ဘူး”
ကျန့်တယီသည် သူ၏ ဓားအတွင်း ဝိညာဉ်စွမ်းအင်များစွာ ထည့်သွင်း၍ ခုတ်ပိုင်းလိုက်သည်။
လုရှင်းယန်သည် ထိုဓားချက်ကို တုန်လှုပ်စွာကြည့်လိုက်သော်လည်း ချက်ချင်းပင် ခုခံရန်ပြင်လိုက်သည်။
“ထန်..”
လုရှင်းယန်သည် သူ၏ လှံဖြင့် တားဆီးလိုက်သော်လည်း အင်အား အဆမတန်ကွာခြားချက်ကြောင့် နောက်သို့ ခြေလှမ်းများစွာ ဆုတ်လိုက်ရ၏။ ထို့ကြောင့် သူ၏လှံကို မြေပြင်သို့ ထိုးစိုက်လိုက်ကာ ဟန်ချက်ကို ပြန်ထိန်းလိုက်ရသည်။
‘ဒီလူက တော်တော်သန်မာလွန်းတယ်’
“ငါ့ရဲ့ဓားချက်ကို ခုခံနိုင်ခဲ့တယ်ဆိုတော့ မင်းမှာ စွမ်းရည်တချို့တော့ရှိတာပဲ” ကျန့်တယီသည် အနည်းငယ်အံ့ဩသွားမျှသာအံ့ဩသွား၏။
လုရှင်းယန်သည် ချက်ချင်းပင် ငရဲကိုဘုံးမီးတောက်ကို ထုတ်ဖော်လိုက်သည်။ အနီးပတ်ဝန်းကျင်ရှိ လေထုသည် ပူပြင်းလာခဲ့သည်။ ကျန့်တယီသည် ချက်ချင်း မျက်မှောင်ကြုတ်သွား၏။ ထိုမီးတောက်ကြောင့် သူ၏စိတ်တွင် မသက်သာမှုများ ခံစားလာရသည်။ သို့သော် ထိုလူငယ်သည် သူ့ထက် စွမ်းအားသည်များစွာ နိမ့်ကျနေသောကြောင့် ကျင့်ကြံမှုအဆင့်နှင့် ဖိနှိပ်ရန် ကြိုးစားလိုက်၏။
ထို့နောက် လုရှင်းယန်သည် ငရဲကိုးဘုံမီးတောက်ကို ဖီးနစ်နှလုံးသားလှံတွင် စီးဆင်းစေလိုက်သည်။ ဖီးနှစ်နှလုံးသားလှံတွင် အနီရောင်မီးတောက်များ ဖုံးလွှမ်းလာပြီး လှံ၏ အရှိန်ဝါသည်လည်း ပို၍တောက်ပလာ၏။ ထို့နောက် သူ၏ ဝိညာဉ်စွမ်းအင်များသည် အထွတ်ထိပ် အထိ တိုးတက်လာခဲ့သည်။ ထို့နောက် သူ၏ လှံကို လှပစွာဝှေ့ယမ်းလိုက်ပြီး ကျန့်တယီ အနီးသို့ ချဉ်းကပ်လိုက်၏။
ကျန့်တယီသည် တုံ့နှေးမနေချေ။ ပြန်လည်တိုက်ခိုက်လိုက်၏။
“ထန်..”
“ထန်..”
လှံနှင့်ဓား ရိုက်ခတ်သံများသည် အဆက်မပြတ် ပေါ်ထွက်နေသည်။ လုရှင်းယန်သည် သူ၏စွမ်းအင်များစွာမြင့်တင်ထားခြင်းကြောင့် ကျန့်တယီနှင့် လက်ရည်တူ တိုက်ခိုက်နေခြင်းဖြစ်သည်။ သို့သော် ကြာရှည်ခံမည် မဟုတ်ချေ။ ကျန့်တယီကို ဒဏ်ရာရအောင် မလုပ်နိုင်ခင် သူ၏ ဝိညာဉ်စွမ်းအင်များကုန်ဆုံးသွားစေနိုင်သည်။
“မင်းရဲ့စွမ်းအားတွေ လျော့နည်းလာပြီပဲ”
ကျန့်တယီသည် ပြုံးပြီးပြောလိုက်၏။ သူသည် လုရှင်းယန်၏ တိုက်ခိုက်မှုများကို မပေါ့ဆရဲပေ။ ထိုတိုက်ခိုက်မှုများသည့် သူအား အတော်ပင် ခြိမ်းခြောက်နိုင်၏။ သို့သော် အချိန်အနည်းငယ်ကြာလာသည့်အခါ လုရှင်းယန်၏ တိုက်ခိုက်မှုများသည် အားပျော့လာခဲ့၏။ သူ၏ ငရဲကိုးဘုံမီးတောက်သည်လည်း သက်ရောက်မှုစွမ်းအင်များ လျော့နည်းလည်ခဲ့သည်။
‘ဒီအတိုင်းဆက်ပြီး တိုက်ခိုက်နေလို့ မဖြစ်တော့ဘူး၊ ချီဟူ ငါ့ဆီကို ဝိညာဉ်စွမ်းအင်တွေလွှဲပေး’
လုရှင်းယန်သည် ချက်ချင်းပင် ချီဟူကို ဝိညာဉ်စွမ်းအင်များ ထုတ်လွှတ်စေခဲ့သည်။ ချီဟူသည် တိုက်ခိုက်ရေးတွင် သုံးစားမရပေ။ သို့သော် သူထံတွင် သူတော်စင် အဆင့်စွမ်းအင်များ ရှိနေသည်။ ထို့ကြောင့် လုရှင်းယန်သည် ချီဟူ၏ စွမ်းအင်ကို များ သုံးစွဲကာ ကျန့်တယီကို ထိန်းထားရန်ကြံရွှယ်လိုက်၏။ သူ၏ လက်ရှိအဆင့်အရ ကျန့်တယီကို သတ်ရန် ခက်ခဲပေသည်။
“ဝုန်း..” လုရှင်းယန်၏ ခန္ဓာကိုယ်တွင် အားကောင်းသည် အရှိန်ဝါများ ထပ်မံပေါ်ထွက်လာပြန်သည်။
‘သူတော်စင်အဆင့်နီးပါးရှိတဲ့ အရှိန်ဝါတွေ’
ကျန့်တယီသည် မျက်မှောင် ကြုတ်သွားခဲ့၏။ ထိုကောင်လေးသည် အစောကတွင် အားနည်းလာခဲ့ပြီဖြစ်သည်။ သို့သော် ယခုတွင် ပြင်းထန်သည့် စွမ်းအင်များ မည်သို့ ပေါ်ထွက်လာသည်ကို မသိပေ။
လုရှင်းယန်သည် ယခုတစ်ကြိမ်တွင်တော့ အသည်းသန် တိုက်ခိုက်ရန် မကြိုးစားတော့ပေ။ ထို့ကြောင့် ဖီးနစ်နှလုံးသားလှံကို ကိုင်မြောက်ကာ ချီဟူထံမှ ဝိညာဉ်စွမ်းအင်များ ထည့်သွင်းစုစည်းလိုက်၏။ ငရဲကိုးဘုံမီးတောက်သည် နောက်တဖန် ပြန်လည်တောက်လောင်လာခဲ့သည်။
“သွားစမ်း..”
လုရှင်းယန်သည် လှံကို အားကုန်လွှဲယမ်းလိုက်သည်။ ပြင်းထန်လွန်းသည့် စွမ်းအားများနှင့် မီးစွမ်းအင်လှံဏ္ဌာန် ဖြစ်တည်လာပြီး ကျန့်တယီထံ ဦးတည်သွား၏။ ထိုမီးစွမ်းအင်ပုံစံလှံကြီးသည် မြန်ဆန်လွန်းသည့် အရှိန်ဖြင့် သွားနေခြင်းဖြစ်သည်။ ထိုလှံကြီး သွားရာ လမ်းကြောင်းတစ်လျှောက်ရှိ လေထုသည် ပျက်ယွင်းသွားပြီး ထိုလေထုသည် လောင်ကျွမ်းနေသည့်အလားပင်။ ထိုကြောက်စရာကောင်းပြီး ပြင်းထန်လှသည့် မီးလှံကြီး၏ ထိမှန်ခြင်းခံရပါက အခြေတည်ဝိညာဉ်အထွတ်ထိပ်အဆင့်ပင် သေဆုံးသွားနိုင်ချေများသည်။
သို့သော် ကျန့်တယီသည် အခြေတည်ဝိညာဉ် အထွတ်ထိပ် အဆင့်မဟုတ်ချေ။ သူ၏ အဆင့်သည် သူတော်စင်အဆင့် အလယ်လတ်တွင်ရှိနေခြင်းဖြစ်သည်။ ကျန့်တယီသည် သူ၏ ဓားကို လက်နှစ်ဖက်ဖြင့် ဆုပ်ကိုင်ပြီး ဝိညာဉ်စွမ်းအင်များသွာ ထုတ်သုံးကာ ထိုမီးလှံကြီးကို ခုခံလိုက်သည်။
“ဝုန်း..”
ပြင်းထန်သည့် ပေါက်ကွဲသံထွက်ပေါ်လာပြီး အနီးနားရှိ အခြေခံအုတ်မြစ် ဓားပြအချို့ပင် သေဆုံးသွားခဲ့ရ၏။ အနီးနားရှိ လေထုပင် ဖြတ်စီးခံလိုက်ရပြီး လေဟာနယ်ပင် ကွဲအက်စပြုလာသည့်အလားပင်။
“အဟွတ်..” ကျန့်တယီသည် ထိုမီးလှံကြီးကို ကာကွယ်လိုက်နိုင်သော်လည်း ငရဲကိုးဘုံမီးတောက်၏ ရိုက်ခတ်မှု အချို့ကြောင့် သွေးအန်လိုက်ရသည်။
“အခြေတည်ဝိညာဉ်အထွတ်ထိပ်အဆင့်က ငါ့ကို ဒီလိုအခြေနေထိရောက်အောင် ဖိအားပေးနိုင်ခဲ့မယ်လို့ စိတ်တောင်မကူးဖူးဘူး”
ကျန့်တယီသည် ဒဏ်ရာအချို့ရသွားသော်လည်း မပြင်းထန်ပေ။ သို့သော် အလွန်ပင်ဒေါသထွက်လာခဲ့၏။ သူ၏ ခန္ဓာကိုယ်၏ အချို့နေရာများတွင် မီးများလောင်ကျွမ်းထားသည်။ လုရှင်းယန်၏ တိုက်ခိုက်မှုကြောင့် ဝိညာဉ်စွမ်းအင်များစွာ ထုတ်သုံးခဲ့ရသည်။ သို့သော် လုရှင်းယန်ကို သတ်ရန် လုံလောက်နေသေး၏။
လုရှင်းယန်သည် ဝိညာဉ်စွမ်းအား ကုန်ခမ်းလုနီးပါးဖြစ်နေခဲ့သည်။ ထို့အပြင် ချီဟူ၏ ဝိညာဉ်စွမ်းအင်များကို သူ၏ ခန္ဓာကိုယ်အတွင်း အတင်းအကျပ် စီးဆင်းစေခဲ့သောကြောင့် သူ၏ ခန္ဓာကိုယ်သည် အလွန်ပင် နာကျင်နေ၏။ သူသည် ဖီးနစ်နှလုံးသားလှံကို မြေပေါ်ထိုးစိုက်ထားကာ အမှီပြုနေရသည်။
“မင်း ဒီလောက်ဆို သေဖို့လုံလောက်ပြီ”
ကျန့်တယီ၏ မျက်နှာထက်တွက် ရက်စက်သည့် အမူရာများ ပေါ် လွင်နေခဲ့၏။ ထို့နောက် သူ၏နေရာမှ မြန်ဆန်လှသည့်အရှိန်နှင့်ပျောက်ကွယ်သွားကာ လုရှင်းယန်ရှေ့တွင်ပေါ်လာခဲ့သည်။
“သေစမ်း”
ကျန့်တယီသည် လုရှင်းယန်၏ နှလုံးသားတည့်တည့်ကို ထိုးစိုက်လိုက်၏။ လုရှင်းယန်သည် သူ၏ လှံပင် ကိုင်မြောက်ရန်အားမရှိတော့ချေ။
“ထန်..” သတ္ထုနှစ်ခုပွတ်တိုက်မိသွားသည့် အသံ နှင့်အတူ သတ်ဖြတ်ချင်စိတ်အပြည့်နှင့်စကားသံတစ်ခု ထွက်ပေါ်လာခဲ့သည်။
“ဒုတိယအစ်ကိုကို သတ်ချင်တာလား၊ ငါ့ရဲ့ ခွင့်ပြုချက်ကို အရင်တောင်း”