ဓားပြအဖွဲ့၏နိဂုံး
Vol. 5 Ch. 69
ပိုင်ကျန့်ယွီသည် ပေါက်ကွဲသံကြားပြီးနောက် ပြေးလာခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့် ကျန့်တယွီ၏ ဓားကို ချက်ချင်းတားဆီးနိုင်ခဲ့ခြင်းဖြစ်သည်။ ကျန့်တယီကို သူ၏စူးရှလွန်းသည့် မျက်ဝန်းများနှင့်ကြည့်လိုက်၏။ ကျန်တယီသည် ပိုင်ကျန့်ယွီ၏ အကြည့်နှင့် ဆုံသွားမိပြီးနောက် သူ၏ စိတ်ဝိညာဉ်ကို ဓားနှင့် ထိုးခံရသည့်အလား တုန်ယင်သွား၏။ သို့သော် ကျန့်တယီသည် ချက်ချင်းပြန်ထိန်းနိုင်ပြီးနောက် ကောင်းကင်ပေါ် ခုန်တက်သွား၏။
“ကျန့်ယွီ”
လုရှင်းယန်သည် သူ၏ ခန္ဓာကိုယ်သည် အားနည်းနေဟန်ရှိသော်လည်း သူ၏မျက်လုံးများသည် ထာဝရမငြိမ်းနိုင်သည့် မီးတောက်များဖြင့် တောက်လောက်နေသည့်အလားပင်။
“ဒုတိယအစ်ကို အနားယူလိုက်ဦး ကျုပ်တိုက်ခိုက်လိုက်မယ်” ပိုင်ကျန့်ယွီသည် သတ်ဖြတ်ချင်သည့် အကြည့်များနှင့် ကျန့်တယီကို ကြည့်လိုက်၏။ သူ၏ ဆရာတူညီအစ်ကို မောင်နှမများကို မည်သူမှ ထိခွင့်မရှိ။
“ဓားသန္ဓေနဲ့ကောင်”
ကျန့်တယီသည် သူ၏ဒေါသများ ငယ်ထိပ်အထိပင်ရောက်ရှိလာခဲ့သည်။ အခြေတည်ဝိညာဉ်အဆင့်မှာပဲရှိသည့် မီးတောက်နှင့် ကောင်ကိုတောင် အလွယ်တကူ ဖိအားမပေးနိုင်ခဲ့ချေ။ ထိုမီးတောက်နှင့်ကောင်အား သတ်ရန် အခွင့်ရေးကို သူသည် ခက်ခက်ခဲခဲရရှိခဲ့သော်လည်း အခု ဓားသန္ဓေနှင့်ကောင်ရောက်လာခဲ့ပြန်သည်။
ကျန့်တယီသည် လျှိုမင်ယွမ် တိုက်ခိုက်သည်ကိုသာ မြင်ဖူးခဲ့ခြင်းဖြစ်သည်။ ပိုင်ကျန့်ယွီ တိုက်ခိုက်သည့်အချိန်တွင် ထွက်ပြေးရန်သာ စဉ်းစားနေခဲ့သောကြောင့် သူ၏ တိုက်ခိုက်မှုကို မတွေ့ခဲ့ရချေ။
“ထန်..”
ကျန့်တယီသည် အောက်သို့ဆင်းကာ ပိုင်ကျန့်ယွီကို ခုတ်လိုက်၏။ ဓားနှစ်လက်ပွတ်တိုက်သံများ ဆက်တိုက်ပေါ်ထွက်နေခဲ့သည်။
“ဝုန်း..”
ပိုင်ကျန့်ယွီသည် ဝိညာဉ်စွမ်းအင်များစွာသုံး၍ တိမ်လွှာဓား၏ အရှိန်ဝါကို ထုတ်ဖော်လိုက်၏။ လေထုသည်လည်း ထက်ရှလာခဲ့သည်။ ထို့နောက် သူသည် ကျန့်တယီကို ပြန်၍ ဖိအားပေးကာ တိုက်ခိုက်လိုက်သည်။ ပိုင်ကျန့်ယွီ၏ တိမ်လွှာဓားနှင့်တိုက်ခိုက်မှုသည် အလွန်ပင် မြန်ဆန်နေပြီး သိမ်မွှေ့သည်ဟု ဆိုနိုင်သည်။ သို့သော် တိုက်ခိုက်ခံရသည် ကျန့်တယီ၏ လက်များသည် သူ၏ဓားနှင့် အတက်မပြတ်ခုခံနေရသောကြောင့် ထုံကျဉ်လာခဲ့သည်။
‘ကြောက်စရာကောင်းလိုက်တဲ့ လျင်မြန်မှုနဲ့ ထက်ရှမှုပဲ၊ ငါ့နေရာမှာ အခြေတည်ဝိညာဉ်အဆင့်ကျင့်ကြံသူဆို သေနေလောက်ပြီ’
ကျန့်တယီသည် သူ၏ဝိညာဉ်စွမ်းအင်များ နည်းပါးနေပြီဖြစ်သည်။ သို့သော်လည်း သူတော်စင်အဆင့်ကျင့်ကြံသူတစ်ယောက်ဖြစ်သည်မို့ လျင်လျင်မြန်မြန်ပင် ခုခံနေနိုင်ခြင်းဖြစ်သည်။
တိမ်လွှာဓားသည် အလွန်အဆင့်မြင့်သည့်ဓားတစ်လက်ဖြစ်သည်။ သို့သော် ပိုင်ကျန့်ယွီ၏ နိမ့်ကျသည့်အဆင့်၊ ဓားဝိညာဉ်အားနည်းနေခြင်း၊ ဓားသည် အက်ရာများရှိနေခြင်း စသည်တို့ကြောင့် တိမ်လွှာဓား၏ စွမ်းအားကို အကုန်ထုတ်မသုံးနိုင်ပေ။
“သေစမ်း” ပိုင်ကျန့်ယွီ၏ ခုတ်ချက်တိုင်းတွင် သတ်ဖြတ်ခြင်းဆန္ဒများနှင့်ပြည့်နှက်နေသည်။
ကျန့်တယီသည် သူ၏ စွမ်းအင်များကို စုစည်းကာ အားပြင်းပြင်းနှင့် ခုတ်ချလိုက်၏။ မည်မျှပင် အားနည်းနေပါစေ သူတော်စင်အဆင့်တစ်ဦး၏ တိုက်ခိုက်မှုတစ်ခုပင်ဖြစ်သည်။ ထို့အားပြင်းသည့် တိုက်ခိုက်မှုကြောင့် ပိုင်ကျန့်ယွီသည် ခြေလှမ်းများစွာ နောက်ဆုတ်လိုက်ရသည်။ ပိုင်ကျန့်ယွီသည်လည်း အစောပိုင်းတွင် ကျိုးစစ်လီနှင့် တိုက်ခိုက်ရခြင်း၊ ဓားပြများစွာနှင့် တိုက်ခိုက်ခဲ့ရခြင်းအပြင် ကျန်တယီကို တရစပ်တိုက်ခိုက်ခဲ့မှုတို့ကြောင့် ဝိညာဉ်စွမ်းအင် နည်းပါးနေပြီဖြစ်သည်။
ကျန့်တယီသည် ထိုမျှနှင့် မပြီးသေးချေ။ သူ၏ ဓားတွင် ဝိညာဉ်စွမ်းအင်များစွာ စီးဆင်းလာပြီး ပိုင်ကျန့်ယွီကို အဆုံးသတ်ရန်ကြိုးစားလိုက်သည်။ သူသည် မြန်ဆန်လွန်းသည့် အရှိန်နှင့် ပိုင်ကျန့်ယွီ အမြန်ရောက်လာခဲ့၏။
“ဝုန်း..” ထိုအချိန်တွင် ကောင်းကင်ထက်၌ စွမ်းအင်ပေါက်ကွဲသံ ထွက်ပေါ်လာပြီး ကောင်းကင်ထက်တွင် ခရမ်းရောင် ရေခဲလွှာများနှင့်ပြည့်နှက်နေ၏။
ကျန့်တယီ သည် ထိုပေါက်ကွဲသံကို ကြားပြီး နောက် သူ၏အာရုံသည် ကောင်းကင် ထက်သို့ စက္ကန့်ပိုင်းလေးတင်ရောက်သွားခဲ့သည်။
ချက်ချင်းပင် သတိကပ်လာသည့်အချိန်တွင် သူ၏ရင်ဝတွင် ဓားတစ်ချောင်း ထိုးစိုက်ခံထားရပြီးဖြစ်သည်။ ပိုင်ကျန့်ယွီသည် ကျန့်တယီ တစ်စက္ကန့်လောက် သတိလွတ်သွားသည့် အချိန်တွင် လျင်မြန်စွာ လှုပ်ရှားလိုက်ခြင်းဖြစ်၏။
တိမ်လွှာဓား၏ သိမ်မွှေ့မှုကြောင့် ကျန့်တယီသည် နာကျင်မှုမခံစားရသည့်အလားပင်။ သူသည် ချက်ချင်းပင် ကောင်းကင်ထက်သို့ ပျံသန်းရန်ကြိုးစားလိုက်သည်။
“ရွှတ်..”
“အား..”
ထိုအချိန်တွင် လှံတစ်စင်းသည် အရှိန်ဟုန်ပြင်းပြင်း ဝင်ရောက်လာကာ သူ၏ဝမ်းဗိုက်ကို ဖောက်ထွက်သွားခဲ့သည်။ ထိုမျှနှင့် မပြီးသေးချေ။ အနီရောင် မီးတောက်တစ်ခုသည် ထိုလှံမှ ပေါ်ထွက်လာပြီး ကျန့်တယီ၏ ခန္ဓာကိုယ်ကိုလောင်ကျွမ်းပစ်နေ၏။
ကျန့်တယီထံတွင် ဝိညာဉ်စွမ်းအင်များ နည်းပါးနေပြီ ဖြစ်သောကြောင့် အသည်းသန် ခုခံနေသော်လည်း ထိုမီးတောက်များသည် သူအား ဝါးမြိုနေသည့်အလားပင်။ သူသည် ရင်ဘက်အား ဓားဖြင့်ထိုးစိုက်ခံရခြင်း၊ ဝမ်းဗိုက်ကို လှံဖြင့်ဖောက်ထွက်ခံရခြင်းအပြင် ငရဲကိုးဘုံမီးတောင်၏ အပြင်းထန် လောင်ကျွမ်းနေမှုတို့ကြောင့် မြေပြင်တွင် လဲကျကာ အလူးအလဲ ခံစားနေရသည်။ သို့သော် အချိန်အနည်းငယ် ကြာပြီးနောက်တွင် သူ၏လှုပ်ရှားမှုများ ရပ်တန့်သွားခဲ့ပြီး သေဆုံးသွားပြီဖြစ်သည်။
လုရှင်းယန်သည် ပိုင်ကျန့်ယွီ၏ ဝင်ရောက်တိုက်ခိုက်မှုကြောင့် သူသည် အမောဖြေနိုင်ခဲ့ခြင်းဖြစ်သည်။ ကျန့်တယီ ထွက်ပြေးရန်ကြံလိုက်သည့်အချိန်တွင် လက်ကျန်စွမ်းအင်များ ကိုထုတ်သုံးကာ လှံဖြင့် ပစ်လွှတ်လိုက်ခြင်းဖြစ်၏။ ထို့နောက် သူသည် မြေပြင်ပေါ်သို့ လှဲကျသွားကာ အသက်ကို အပြင်းထန် ရှုသွင်းနေရသည်။
ပိုင်ကျန့်ယွီလည်း မသက်သာပေ။ မြေပြင်ပေါ်တွင် ထိုင်ချလိုက်ကာ အမောတကောရှုသွင်းနေရ၏။ သူသည် ကျန့်တယီနှင့် အချိန်ကြာရှည်စွာ မတိုက်ခဲ့ရသော်လည်း ဝိညာဉ်စွမ်းအင် အမြောက်အများသုံးစွဲကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
တစ်ဖက်ရှိလျှိုမင်ယွမ်သည်လည်း ဓားပြများစွာကို ရှင်းပစ်လိုက်ပြီဖြစ်သည်။ သူသည် ထိုလူများသည် အားနည်းသော်လည်ယ အရေတွက်သည် များပြားသောကြောင့် လျှိုမင်ယွမ်သည် စိတ်ဝိညာဉ် တိုက်ခိုက်ခြင်းများစွာပြုလုပ်ခဲ့ရ၏။ ထို့ကြောင့် သူ၏ ရုပ်ပိုင်းဆိုင်ရာ ဒဏ်ရာမရသော်လည်း စိတ်ဝိညာဉ်သည် ပင်ပန်းမှုကို ခံစားနေရပြီဖြစ်သည်။
သူတို့သည် ကောင်းကင်ထပ်သို့လှမ်းကြည့်လိုက်သည့်အခါတွင် ကောင်းကင်တွင် အေးခဲနေပြီး ယွဲ့ဝူယောင်သည် ထိုရေခဲအလွှာတစ်ခုတွင် တင့်တယ်စွာ ရပ်နေခဲ့၏။
“ခရက်..” ထို့အချိန်တွင် ချန်တလောင်ကို အေးခဲထားသည် ရေခဲအလွာများသည် အက်ကွဲလာခဲ့သည်။
ယွဲ့ဝူယောင်သည် မျက်မှောင်ကြုတ်သွားခဲ့ရ၏။ လုရှင်းယန်တို့သည်လည်း ထို့အတူပင်။
“ဝုန်း..”
“အား..”
ရေခဲအလွှာများအကုန်ပြိုကွဲသွားပြီးနောက် ချန်တလောင်သည် ဒေါသတကြီး အော်ဟစ်လိုက်၏။ ထို့အပြင် သွေးပါအန်ထွက်လာခဲ့ကသည်။ သူ၏ပုံစံသည် ယွဲ့ဝူယောင်နှင့် တိုက်ခိုက်စဉ်ကထက် ပို၍အိုစာသွားခဲ့သည်။ သူ၏ဆံပင်များသည်လည်း နက်မှောင်မနေတော့ပဲ ဆံပင်အရောင်သည်မွဲတေသွားခဲ့၏။ ယွဲ့ဝူယောင်၏ အအေးစွမ်းအင်များသည် အလွန်ပင် ကျစ်လစ်သိပ်သည်းနေပြီး အလွယ်တကူ ချိုးဖြတ်၍မရခဲ့ပေ။ ထို့ကြောင့် သူသည် ထိုရေခဲအလွှာများမှ လွတ်မြောက်ရန် ဝိညာဉ်စွမ်းအင်များအပြင် အသက်စွမ်းအင်များပါ ပေးဆပ်ခဲ့ရသည်။
“မင်းတို့အားလုံးသေရမယ်”
ချန်တလောင်သည် ချက်ချင်းပင် သူ၏ခန္ဓာကိုယ်မှ ဝိညာဉ်စွမ်းအင်များအပြင် အသက်စွမ်းအင်များပါ ပေါက်ကွဲထွက်လာသည်။
“မကောင်းတော့ဘူး၊ အစ်မကြီးပြေးတော့”
“အစ်မကြီး အဲ့ဒီလူ ကိုယ့်ကိုယ်ကို ဖောက်ခွဲ ပစ်တော့မယ်”
လုရှင်းယန်နှင့် ပိုင်ကျန့်ယွီတို့သည် အော်ဟစ်လိုက်ကြ၏။ သူတို့၏ နေရာသည် သူတော်စင်အဆင့်ကျင့်ကြံသူတစ်ဦး၏ ဖောက်ခွဲမှုမှ လွတ်မြောက်နိုင်မည့် အကွာဝေးမဟုတ်ပေ။ ယွဲ့ဝူယောင်သည် တုန်လှုပ်သွား၏။ သူမ၏ လက်ကျန်စွမ်းအင်နှင့် မတားဆီးနိုင်ပေ။ သူမသည် ထွက်ပြေး၍ ရသော်လည်း သူမ၏ ဂျုနီယာမောင်လေးများကို ပစ်ပယ်မထားခဲ့နိုင်ချေ။
ချန်တလောင်၏ ခန္ဓာကိုယ်သည် စွမ်းအင်နှစ်ခုဖြင့် ပြင်းထန်စွာလည်ပတ်နေခဲ့သည်။ သူ၏ ခန္ဓာကိုယ်သည် ဖောက်ခွဲရန်အသင့်အနေထားသို့ရောက်ရှိလာခဲ့သည်။
“သေလိုက်ကြတော့”
“ဝိညာဉ်ထိန်းချုပ်ခြင်း”
လျှိုမင်ယွမ်သည် ထိုနည်းစနစ်သုံးပြီးနောက် လှဲကျသွားတော့သည်။
ချန်တလောင်၏ ကိုယ့်ကိုယ်ကို ဖောက်ခွဲခြင်း ဖြစ်စဉ်သည် သူ၏ ဝိညာဉ်ပင်လယ်တွင် နှောက်ယှက်ခံလိုက်ရသောကြောင့် တုန့်ကနဲ့ ရပ်တန့်သွားသည်။ ချန်တလောင်သည် သူ၏သွေးများကပြောင်းကပြန် စီးဆင်းကုန်၏။ သူ၏ ဝိညာဉ်ပင်လယ်သည် အတင်းကြပ်ဖိအားပေးတားဆီးခံလိုက်ရခြင်းကြောင့် သွေးများဆက်တိုက်အန်နေရသည်။
ယွဲ့ဝူယောင်သည် ထိုအချိန်တွင် တုန့်နှေးမနေချေ။ ရေခဲဓားတစ်ချောင်း ထုတ်ဖော်လိုက်ပြီးနောက် အခြေအနေဆိုးဝါးနေသည့် ချန်တလောင်၏ ရင်ဝတည့်တည့်ကို ထိုးစိုက်လိုက်သည််။
“ဘုန်း..”
ချန်တလောင်သည် ကောင်းကင်ထက်မှ အရှိန်ဟုန်ပြင်းစွာ ကျဆင်းသွားခဲ့ရသည်။ မြေပြင်ပေါ်တွင် သူသည်မလှုပ်ရှားတော့ပေ။ သူ၏သွေးကြောများအေးခဲကုန်ပြီဖြစ်သည်။ ချန်တလောင်သည် ယွဲ့ဝူယောင်၏ ရေခဲလွှာအတွင်း ပိတ်လှောင်ခံထားရသည့် အချိန်တွင်ပင် သွေးကြောများ အေးခဲသွားခြင်းမရှိခဲ့ချေ။
သို့သော် သူ၏ ဖောက်ခွဲမှုကို တားဆီးခံရပြီးနောက် သူ့ကိုယ်သူကာကွယ်နိုင်စွမ်းမရှိခဲ့တော့ချေ။ ထို့ကြောင့် ယွဲ့ဝူယောင်၏ ရေခဲစွမ်းအင်များသည် သူ၏ ခန္ဓာကိုယ်အတွင်း အလွယ်တကူ ပြန့်နှံကာ အေးခဲသွားတော့သည်။ ချန်တလောင်နှင့် ကျန့်တယီတို့သည် တစ်ဦးက အေးခဲ၍ သေဆုံးသွားပြီး နောက်တစ်ဦးသည် ပူလောင်စွာ သေဆုံးခဲ့ရသည်။ ဓားပြများ၏ အဆုံးသတ်သည် မလှပခဲ့ချေ။