← Chapters

နှင်ထုတ်လိုက်

Vol. 5 Ch. 73

နှင်ထုတ်လိုက်

Vol. 5 Ch. 73

“ဒီကောင်တွေ ငါ့အိမ်ကိုတစ်ရက်စာပဲငှားခပဲပေးပြီး၊ တစ်ပတ်လောက်နေနေကြတယ်”

သက်လတ်ပိုင်းလူကြီးသည် သူ၏လက်ထဲရှိ အိမ်ခန်း ငှားသည့်စာရင်းကို ကြည့်ရင်း စိတ်တိုသွား၏။ ထိုလူကြီးသည် နယ်စပ်မြို့တွင် သူ၏အိမ်ခန်းများကို ငှားရမ်းသည့်လုပ်ငန်းလုပ်ကိုင်သူဖြစ်သည်။ ထို့ကြောင့် ချုးယွီဟွာတို့ ငှားထားသည့်အိမ်သည် တစ်ရက်စာငှားခသာပေးထားပြီး ခုထိအိမ်ကိုလာမအပ်သေး သည့်အတွက် ဒေါသထွက်နေခြင်းဖြစ်သည်။

“ငါသွားတောင်းရမယ်၊ မပေးနိုင်ရင် ရိုက်နှက်ပစ်မယ်” အိမ်ပိုင်ရှင်သည် ကြိမ်းဝါးကာ သူ၏ အငှားအိမ်ယာဘက်သို့ ဦးတည်ထွက်လာခဲ့သည်။

“ဆေးလုံးဖြစ်တည်တော့မယ် မင်ယွမ်၊ မင်းရဲ့စိတ်စွမ်းအင်နဲ့ ဆေးလုံးတွေကို ဂရုတစိုက် ခွဲထုတ်လိုက်”

လုရှင်းယန်သည် လျှိုမင်ယွမ်ကို သတိပေးလိုက်၏။ လုရှင်းယန်နှင့် ပိုင်ကျန့်ယွီနှစ်ဦးပူးပေါင်း၍ ဆေးလုံးလုပ်ခဲ့စဉ်က ဆေးလုံးဖြစ်တည်လာမည့်အချိန်တွင် ထိုဆေးလုံးများကို ခွဲထုတ်ရန် စိတ်စွမ်းအင် မလုံလောက်ခဲ့သောကြောင့် ပေါက်ကွဲသွားရသည်ကိုနားလည်လာခဲ့သည်။ ထို့ကြောင့် သူသည် ယခုတွင် ပို၍ဂရုစိုက်လာပြီး မီးတောက်၏ အချိန်ကို အပိုအလိုမရှိစေရန် ချိန်ညှိထား၏။ မီးစွမ်းအင် ကျင့်ကြံသူဖြစ်သည့် လုရှင်းယန်သည် ဆေးဖော်စပ်သည့် အဆင့်များသည် ချွေးများစွာ ရွှဲနစ်လာခဲ့သည်။

ဆေးပင်များသည် အရည်ပျော်ပြီး ဆေးလုံးစတင်ဖြစ်လာသည့်အချိန်တွင် ထိုအရည်များကို ဂရုတစိုက် ဆေးလုံးများစွာအဖြစ် ခွဲထုတ်ရန်လိုအပ်သည်။ ထိုအထဲတွင် မသန့်စင်သည့် ဆေးရည်များကိုဖယ်ထုတ်ရမည်ဖြစ်သည်။ မဟုတ်ပါက ထိုဆေးလုံးသည် တစ်လုံးတည်းဖြစ်တည်လာပြီး ဆေးအာနိသင်များစွာ သိပ်သည်းကျစ်လစ်ကုန်သောကြောင့် မသန့်စင်သည့် အရာများလည်း ပါဝင်သွားမည်ဖြစ်သည်။ မအောင်မြင်လျှင် ပေါက်ကွဲသွားရုံသာရှိပြီး အောင်မြင်သွားပါက အန္တရာယ်များပေသည်။ ထိုမအောာင်မြင်သည့် ဆေးလုံးကို သောက်မိပါက ဆိုးကျိုးများစွာရရှိနိုင်သည်။

ယခုတွင် ဆေးလုံးအောင်မြင်မှုသည် လျှိုမင်ယွမ်အပေါ်မူတည်နေပြီဖြစ်သည်။ သူသည် ထိုဆေးရည်များ မအေးခဲသွားခင် သူ၏ စိတ်စွမ်းအင်များကို သုံးက မသန့်စင်သည့် ဆေးရည်များကို ဖယ်ထုတ်လိုက်သည်။ ထိုနောက် ထိုဆေးရည် အလုံးလေးကို အညီအမျှ ငါးလုံးဖြစ်သွားအောင် ခွဲထုတ်လိုက်၏။ လျှိုမင်ယွမ်သည်လည်း ယခုမှစတင်လုပ်ဖူးသူဖြစ်သောကြောင့် မကျွမ်းကျင်ပေ။ သို့သော် ‘အခြေခံဆေးဖော်စပ်နည်း’ စာအုပ်တွင် ရေးသားဖော်ပြထားသည့်အတိုင်း တစ်သွေမတိမ်း လုပ်ဆောင်နေခြင်းဖြစ်သည်။

“ရပြီ ဒုတိယအစ်ကို၊ မီးတောက်ရဲ့ ပြင်းအားကို လျှော့လိုက်တော့”

လျှိုမင်ယွမ်သည် သူခွဲထုတ်ထားသည် ဆေးရည်လုံးလေးငါးလုံးကို ခဲလာလေရန် မီးတောာက်၏ပြင်းအားကို လျှော့ချခိုင်းလိုက်သည်။ သို့သော် မီးတောက်ကို ရုတ်သိမ်း၍မရသေးချေ။ သို့မှသာ ဆေးလုံးအဖြစ်ပေါ်လာမည်ဖြစ်သည်။

“စီနီယာအစ်ကို သူတို့ ဒီတစ်ခေါက်အောင်မြင်တော့မယ်” ချုးယွီဟွာလည်း ထိုအခြေနေကိုမြင်တွေ့ပြီး ဝမ်းသာအားရပြောလိုက်၏။

ထို့နောက် လျှိုမင်ယွမ်သည် သူ၏စိတ်စွမ်းအင်များကို ထိုအေးခဲသွားပြီဖြစ်သည် ဆေးလုံးများအပေါ် စုစည်းပြီးနောက် ဆေးအိုး အတွင်းမှ ထုတ်ယူရန်ပြင်လိုက်၏။

“မင်ယွမ် မင်းဆေးလုံးထုတ်ယူပြီးတာနဲ့ ငါ့ရဲ့ မီးတောက်ကို သိမ်းလိုက်တော့မယ်” လုရှင်းယန်သည် သတိပေးလိုက်၏။

“ရပြီ ဒုတိယအစ်ကို မီးတောက်သိမ်းလိုက်တော့” လျှိုမင်ယွမ်သည် သူ၏ စိတ်စွမ်းအင်များစွာနှင့် ရစ်ပတ်ကာ ထုတ်ယူလိုက်၏။

လုရှင်းယန်သည် ချက်ချင်းပင် သူ၏ မီးတောက်ကို ရုတ်သိမ်းလိုက်သည်။ လျှိုမင်ယွမ်သည်လည်း မြန်မြန်ဆန်ဆန်ပင် ဆေးလုံးများကို ထုတ်ယူလိုက်၏။

“ဆေးလုံးအောင်မြင်ပြီကွ” လုရှင်းယန်သည် အားပါးတရ အော်ဟစ်လိုက်၏။

“မကောင်းတော့ဘူး၊ ဆေးအိုးက ပေါက်ကွဲတော့မယ်” ပိုင်ကျန့်ယွီသည် ဆေးအိုးအက်ကွဲလာသည်ကို မြင်ပြီး သတိပေးလိုက်၏။ ထိုဆေးအိုးသည် အဆင့်နိမ့်ဆေးအိုးသာဖြစ်၏။ မီးတောက်နှင့် စိတ်စွမ်းအင်သည် တူညီသည့် ဇစ်မြစ်တစ်ခုမှ ထွက်ပေါ်လာခြင်းမဟုတ်သောကြောင့် အဆင့်နိမ့်ဆေးအိုး၏ ခံနိုင်သည့် အရာမဟုတ်ချေ။ ထို့ကြောင့် ထိုစွမ်းအင်နှစ်ခုသည် ဆေးအိုးအတွင်း ရုန်းရင်းဆန်ခက် ဖြစ်ပြီး ပေါက်ကွဲလာတော့မည်ဖြစ်သည်။ ထို့ကြောင့် လုရှင်းယန်သည် မြန်ဆန်စွာပင် စားပွဲပေါ်ခုန်တက်လာပြီး ထိုဆေးအိုးကို အားနှင့် လွှဲကန်လိုက်သည်။

“ဒုတ်” ပေါက်ကွဲခါနီးဆေးအိုးသည် ဘောလုံးတစ်လုံးအလား မြန်ဆန်သည့်အရှိန်နှင့် ခြံအတွင်းဝင်ပေါက်ကို ဦးတည်၍ လွင့်ထွက်သွားခဲ့သည်။

“ဝုန်း..”

“ဘယ်ကောင်လဲကွငါ့ကိုလုပ်ကြံတာ၊ သတ္တိရှိရင် မျက်နှာချင်းဆိုင်ချမယ်ကွ”

ဆေးအိုးပေါက်ကွဲသွားသည့်နေရာတွင် ဒေါသတကြီး အော်ဟစ်သံတစ်ခုပေါ်ထွက်လာခဲ့၏။ စွမ်းအင်နှစ်ခု ပိတ်လှောင်ထားမှုကြောင့် ပေါ်ထွက်လာသည့် ပေါက်ကွဲမှုဖြစ်သောကြောင့် အတော်လေးပြင်းထန်သွားသည်။ ဖုန်မှုန့် များငြိမ်သက်သွားပြီးနောက် သက်လက်ပိုင်းလူကြီးတစ်ဦးပေါ်ထွက်လာခဲ့သည်။

အားလုံး၏ အမူယာသည် ထူးဆန်းသွား၏။ ပုံမှန်ဆိုလျှင် သူတို့ခြံဝန်းအနီးအခြားကျင့်ကြံသူများ မလာတက်ပေ။ အဘယ့်ကြောင့် ယခုအချိန်မှ တစ်ယောက်ယောက် ရောက်လာရသနည်း။

“ခင်ဗျားက ဘယ်သူလဲ၊ ကျုးကျော်သူလား” ဟွမ်းသည် မျက်မှောင်ကြုတ်သွားကာမေးလိုက်၏။

“အဟွတ်..” ထိုလူကြီးသည် ပြန်မဖြေနိုင်၊ သူ၏ပါးစပ်မှ သွေးများအန်လာခဲ့သည်။

“စီနီယာအစ်ကို အဲ့ဒီလူက ဒီအိမ်ပိုင်ရှင်”

ချုးယွီဟွာသည် ထိုလူကြီးကို ရှင်းရှင်းလင်းလင်းမြင်တွေ့ပြီးနောက် မှတ်မိသွားကာ ဟွမ်းအနား တီးတိုးပြောလိုက်၏။

“ဘာကိစ္စလဲ” ဟွမ်းသည် အနည်းငယ်စွံ့အသွားသော်လည်းလေသံမလျှော့ချေ။ သို့သော် အိမ်ရှင်သည် ပြန်မဖြေနိုင်သေးချေ။

“စီနီယာအစ်ကို အိမ်ငှားခလာတောင်းတာထင်တယ်၊ ကျွန်မက တစ်ရက်စာငှားခပဲ ပေးခဲ့ရသေးတာ” ချုးယွီဟွာသည် ထိုအကြောင်းကို သတိရသွားကာပြောပြလိုက်၏။

“ဒီလိုလား၊ ရှင်းယန် ကျသင့်သလောက်ပိုက်ဆံပေးပြီး ဒီအမှိုက်ကို နှင်ထုတ်လိုက်”

ဟွမ်းသည် လုရှင်းယန်ကို ကြည့်ကာပြောလိုက်၏။ သူသည် သူ့တပည့်များ ဆေးဖော်စပ်ရာတွင် အောင်မြင်သွားသောကြောင့် ခံစားချက်ကောင်းနေသည်။ သို့သော် ထိုအမှိုက်သည် မိုက်ကြေးပင်လာခွဲနေ၏။ သူသည် သည်းမခံနိုင်တော့ပေ။

‘စီနီယာအစ်ကိုရဲ့ အပြင်လူတွေအပေါ် ဆက်ဆံပုံက အတော်လေးဆိုးရွားတာပဲ၊ ဒါပေမဲ့ သူရဲ့လူတွေအပေါ်ကျတော့ ဒီလိုပုံစံရှိမယ်မှန်း မထင်ရလောက်အောင်ကောင်းလွန်းတယ်’

ချုးယွီဟွာ သည်စွံ့အသွားသော်လည်း သူမဆရာ၏ ဝိညာဉ်အပိုင်းစကိုပင် ဟွမ်းသည် ရိုက်နှက်ရန်ပြောဆိုသည်ကို သတိရသွားခဲ့၏။

‘အမှိုက်ဆိုတာ ငါ့ကိုပြောတာလား၊ ယုံချင်ယုံ မယုံချင်နေ အခုချက်ချင်းမင်းတို့ကို ဒီအိမ်ကနေ နှင်ချပစ်မယ်၊ ငါ့ကို တိုက်ခိုက်တယ်၊ စော်ကားတယ်၊ အဆိုးဆုံးက ငါ့ကို သူတောင်းစားလိုဆက်ဆံတာပဲ’

အနည်းငယ်သက်သာလာသည့် အိမ်ပိုင်ရှင်သည် ထိုစကားကြားပြီး အလွန်ပင် ဒေါသထွက်လာခဲ့၏။ ထို့ကြောင့် ခွန်းတုန့်ပြန်ပြောရန်ပြင်လိုက်၏။

“အိမ်ပိုင်ရှင် ဒီမှာ အလယ်လတ်သလင်းကျောက်နှစ်ထောင်၊ ကျုပ်တို့ တစ်ပတ်လောက်ပဲနေရသေးတယ်၊ နောက်ရက်ဆို ထွက်သွားတော့မှာ၊ ပိုတာပြန်မပေးနဲ့တော့”

လုရှင်းယန်သည် အိမ်ပိုင်ရှင်ကို နွေးထွေးစွာပြောလိုက်ပြီး သလင်းကျောက်များပေးလိုက်၏။

“ငါ့တူလေးတို့ အဆင်ပြေတယ်၊ ပျော်သလောက်နေကျ၊ ငါက မင်းတို့အလုပ်ရှုပ်နေတာကို မသိပဲ လာနှောက်ယှက်သလိုဖြစ်သွားတယ်”

အိမ်ရှင်၏ မျက်နှာသည် ချက်ချင်းပင်ပြောင်းလဲသွားကာ ဖော်ဖော်ရွှေရွှေပြန်ပြောရင်း သလင်းကျောက်များကိုယူလိုက်၏။ အံသွားများပေါ်အောင်ပင် ပြုံးဖြီးနေသည်။ အစောက ဒေါသထွက်ငယ်ထိပ်ရောက်နေသည့်ပုံပေါက်ခဲ့သည်ဟု ပြောလျှင် မည်သူမျှယုံမည်မဟုတ်ပေ။

“အိမ်ရှင် ဒဏ်ရာရသွားတာ အဆင်ပြေရဲ့လား” လုရှင်းယန်သည် ထိုလူ့အားစေ့စေ့စပ်စပ်ကြည့်ကာမေးလိုက်၏။ ထိုလူသည် ရယ်ရယ်မောမောနှင့် ပြောနေသော်လည်း ဝိညာဉ်စွမ်းအင်များ များစွာသုံးစွဲထားရသည့်ပုံပေါက်နေ၏။

“အို..သေနိုင်တဲ့ဒဏ်ရာမှ မဟုတ်တာ၊ ဘာမှမဖြစ်ဘူး၊ ငါ့တူလေးတို လုပ်စရာရှိတာဆက်လုပ်ကြ” အိမ်ရှင်သည် နှုတ်ဆက်ကာ ထွက်သွားရန်ပြင်လိုက်၏။

“နေဦး၊ မင်ယွမ် သူ့ကို ဝိညာဉ်စွမ်းအင် ပြန်လည်ဖြည့်တင်းခြင်း ဆေးလုံးတစ်လုံးပေးလိုက်”

ဟွမ်းသည် ထိုလူထွက်သွားမည့်အချိန်တွင် တားဆီးလိုက်သည်။ ထိုဆေးလုံးကိုစမ်းသပ်ရန် သူ့တပည့်များသည် ဝိညာဉ်စွမ်းအင် နည်းမနေချေ။ ထို့ကြောင့် အာနိသင်မည်မျှရှိသည်ကို သိချင်သောကြောင့် ဝိညာဉ်စွမ်းအင် လျှော့နည်းနေသည့် အိမ်ရှင်ကို စမ်းစေလိုသည်။ ထို့နောက်လျှိုမင်ယွမ်သည် ဆေးလုံးတစ်လုံးကို အိမ်ရှင်ထံပေးလိုက်၏။

“လူငယ်လေး၊ ငါက အဆင်ပြေတယ်” အိမ်ရှင်သည် ပါးစပ်ကသာ အဆင်ပြေသော်လည်း သူ၏ လက်က ဆေးလုံးယူပြီးပြီ ဖြစ်သည်။

အိမ်ရှင်သည် ဆေးလုံးကိုကြည့်အာ အံ့ဩသွားသည်။ ထိုဆေးလုံးသည် အဆင့်နိမ့်ဆေးလုံးသာဖြစ်သော်လည်း အရည်သွေးသည် အလွန်ပင်ကောင်းမွန်နေ၏။ ဆေးလုံးပတ်လည်တွင် စွမ်းအင် အငွေ့သတ်များ ထွက်ပေါ်နေပြီး အလွန်သန့်စင်လှသည်။ လျှိုမင်ယွမ်သည် အလွန်ပင် တိကျလှသည်ဟု ပြောရပေမည်။ သို့သော်လုရှင်းယန်မပါလျှင် လုပ်နိုင်မည်မဟုတ်ပေ။ ထို့အပြင် ပိုင်ကျန့်ယွီသည် အလွန်းအရေးပါသည့် ကဏ္ဍမှပါဝင်ထားသည်။

“လူငယ်လေးတွေကြည့်ရတာ ဆေးဆရာတွေထင်တယ်၊ ဆေးလုံးက တကယ်ကို ကောင်းတာပဲ” အိမ်ရှင်သည် ချီးကျုးလိုက်သည်။ ထို့နောက် ချက်ချင်းပင်သောက်လိုက်၏။

All Chapters