← Chapters

ယွဲ့လင်းရှန်

Vol. 5 Ch. 74

ယွဲ့လင်းရှန်

Vol. 5 Ch. 74

“လည်ပင်းထဲလည်းပူပြီးဆင်းမသွားဘူး၊ ငယ်ငယ်ရွှယ်ရွှယ်နဲ့ ဒီလိုသန့်စင်တဲ့ ဆေးလုံးကို ဖော်စပ်နိုင်နေပြီ”

အိမ်ရှင်သည် ဝိညာဉ်စွမ်းအင်ပြန်လည်ဖြည့်တင်းခြင်း ဆေးလုံးကို သောက်ပြီး ဖြစ်ပေါ်လာသည့် ခံစားချက်များကို အသေးစိတ်ပြောပြနေ၏။ ထို့နောက် သူ၏ ခန္ဓာကိုယ်သည် ဝိညာဉ်စွမ်းအင်များ တဟုန်ထိုးတိုးတက်လာသည်။

ထိုအချင်းရာကို ကြည့်ပြီးဟွမ်းသည် ခေါင်းညိတ်လိုက်၏။ သူတပည့်များ အလွန်တော်ပေသည်။ လူငယ်လေးသုံးဦးသည်လည်း အလွန်ပင် ပျော်ရွှင်နေကြ၏။

“ဒီကောင်လေးတွေ တကယ်လုပ်နိုင်သွားပြီပဲ”

ချုးယွီဟွာသည် ယွဲ့ဝူယောင်ကို တီးတိုးပြောလိုက်၏။ ယွဲ့ဝူယောင်သည် နားလည်သည့်အလား ခေါင်းညိတ်ပြလိုက်၏။ အနာဂတ်တွင် ဝိညာဉ်စွမ်းအင်ကုန်ခမ်းခြင်း ပြသနာကို ဖြေရှင်းနိုင်တော့မည်ဖြစ်သည်။

“မဟုတ်သေးဘူး..အား..”

အိမ်ပိုင်ရှင်သည် ဝိညာဉ်စွမ်းအင်များ ပြန်၍ပြည့်ဝလာသော်လည်း သူ၏ ဝမ်းဗိုက်သည် အလွန်အကျုးနာကျင်မှုကို ခံစားလိုက်ရသည်။ သူ၏ ဝမ်းဗိုက်အား ဓားနှင့် အဆက်မပြတ် ထိုးစိုက်ခံရသည့်အလား မြေပြင်တွင် လှုးလှိမ့်ကာ အော်ဟစ်နေ၏။

“ဘာဖြစ်သွားတာလဲ၊ အိမ်ပိုင်ရှင်ရဲ့ ဝိညာဉ်စွမ်းအင်တွေ ပြန်ပြည့်လာပါတယ်”

လျှိုမင်ယွမ်သည် မျက်မှောင်ကြုတ်ကာ ပြောလိုက်၏။ သူတို့၏ ဆေးလုံးတွင် မသန့်စင်သည့်အရာများမပါပေ။ ဆေးညွှန်းသည်လည်း စာအုပ်တွင်လမ်းညွှန်ထားသည့်အတိုင်း အတိအကျလုပ်ထားခြင်းဖြစ်သည်။

“ဆေးရဲ့ ဘေးထွက်ဆိုးကျိုးလား” ပိုင်ကျန့်ယွီသည် စဉ်းစားကာပြောလိုက်၏။ သူလည်း ထိုအရာမှလွဲ၍ မစဉ်းစားတက်တော့ချေ။ သူသည် ဆေးပင်ကို ဖြတ်တောက်သည့် တာဝန်ကိုသာ ယူထားရသောကြောင့် သူ့ညီအစ်ကိုများ၏ လုပ်ဆောင်ပုံကို အစဆုံးနားလည်နေ၏။ ထို့ကြောင့် ဆေးဖော်စပ်နေစဉ်အတွင်း အမှားယွင်းမရှိခဲ့မှန်း သူသိ၏။

“ဒါက အဆင့်နိမ့်ဆေးလေးပဲလေ၊ ဘေးထွက်ဆိုးကျိုးဆိုရင်တောင် ဒီလောက်မပြင်းထန်သင့်ဘူး” လုရှင်းယန်သည် အိမ်ပိုင်ရှင်၏ ပုံစံသည် အလွန်ပင်ဆိုးဆိုးရွားရွား နာကျင်နေသည့် ပုံပေါက်နေသည်။

“ဆေးလုံးထဲမှာ ဓားစွမ်းအင်တွေပါဝင်နေတယ်”

ဟွမ်းသည် သက်ပြင်းချကာပြောလိုက်၏။ ဟွမ်းပြောသည့်စကားကို ကြားပြီးနောက် အားလုံး၏ အကြည့်များသည် ပိုင်ကျန့်ယွီထံ ကျရောက်လာခဲ့သည်။

“ကျုပ်..” ပိုင်ကျန့်ယွီသည် မှားယွင်းသွားသည်ဟု ခံစားလိုက်ရသည်။ သို့သော် မည်သည့်အရာက မှားယွင်းသွားမှန်းမသိချေ။

“မင်းက ဓားသန္ဓေနဲ့ဆိုတော့ ဓားစွမ်းအင်ကို မထုတ်ဖော်ထားရင်တောင် ဓားကိုင်လိုက်တာနဲ့ အလိုလို ထွက်ပေါ်လာတာပဲ”

ဟွမ်းသည် တည်ငြိမ်သည့် အမူအယာဖြင့် ရှင်းပြလိုက်သည်။

“တပည့် ဘယ်လိုလုပ်သင့်လဲ ဆရာ”

ပိုင်ကျန့်ယွီသည် စိုးရိမ်စွာမေးလိုက်၏။ ဓားကိုင်ရုံနှင့် ဓားစွမ်းအင်များဖြစ်ပေါ်လာသည့် အဖြစ်ပျက်မျိုး လူတိုင်းတောင့်တကြသော်လည်း အမြဲတမ်းဖြစ်နေလျှင်တော့ မကောင်းပေ။ ထိုအရာကို ကိုယ်လိုချင်သလို ထိန်းချုပ်နိုင်မှ အဆင်ပြေမည်ဖြစ်သည်။

“မင်းရဲ့ ဓားစွမ်းအင်ကို ထိန်းချုပ်နိုင်ဖို့ လေ့ကျင့်ရမယ်၊ မပူနဲ့ ဆရာစဉ်းစားထားတာရှ်ိတယ်”

ဟွမ်းသည် သူ့အတွက် အစီစဉ်ရှိကြောင်း ပြောလိုက်၏။ ပိုင်ကျန့်ယွီသည် သို့မှသာ စိတ်အေးသွားတော့သည်။ မဟုတ်လျှင် ဆေးလုံးသောက်မိတဲ့သူတိုင်း လှုးလှိမ့်နေရတော့မှာ အမှန်ပင်။

“ဖော်ပြီးသားဆေးလုံးတွေတော့ နှမြောစရာပဲ”

ဟွမ်းသည် သက်ပြင်းချကာပြောလိုက်၏။ ထိုဆေးလုံးများသည် သူတပည့်များ ပင်ပင်ပန်းပန်းနှင့်ဖော်စပ်ထားရသည့် ဆေးလုံးများပင် ဖြစ်သည်။

“ဆရာ အဆင်ပြေတယ်၊ ချင်းယွီလို လူမျိုးနဲ့တွေ့ရင် တိုက်လိုက်လို့ရတယ်လေ၊ ကူညီရာလဲရောက်တာပေါ့”

လျှိုမင်ယွမ်သည် ထိုဆေးလုံးများ အလဟသတ် ဖြစ်မသွားကြောင်းပြောလိုက်၏။ ထိုနေ့က ဤဆေးလုံးမရှိသေးသည့်အတွက် အလွန်ပင် နောင်တရနေသည်။

ယွဲ့ဝူယောင်”...”

“ဟုတ်လား၊ ဒါဆိုသိမ်းထားလိုက်”

ဟွမ်းသည် ချင်းယွီသည် မည်သူမှန်းမသိသော်လည်း သူတပည့်များပြောပုံအရ ကောင်းတဲ့ကောင်မဟုတ်သည်မှန်း တွေးလိုက်မိ၏။

“ကျုပ်ရဲ့ ဓားစွမ်းအင် မထိန်းချုပ်ထားနိုင်ခင် ဒီဆေးလုံးကို များများဖော်စပ်ထားရအောင်၊ အနာဂတ်မှာ ချင်းယွီလိုကောင်မျိုးတွေအများကြီးတွေ့လာနိုင်တယ်လေ”

ပိုင်ကျန့်ယွီသည် သေချာစဉ်းစားပြီးနောက် ပြောလိုက်၏။

“ဟုတ်တယ် ထပ်ဖော်စပ်မယ်” လျှိုမင်ယွမ်၏ မျက်လုံးများသည်လည်း တောက်ပလာ၏။

“အခုဖော်စပ်ရင် လေ့ကျင့်ပြီးသားလဲဖြစ်တယ်”

လုရှင်းယန်လည်း တစ်ချက်ခုတ်နှစ်ချက်ပြတ် အကြံကို ထောက်ခံလိုက်၏။ အနာဂတ်မှာ တွေ့ရမဲ့သူများအတွက်တော့ စိတ်မကောင်းစရာပင်။

ယွဲ့ဝူယောင် “...”

“စီနီယာအစ်ကို အိမ်ပိုင်ရှင်ကို တစ်ခုခုလုပ်ပေးဖို့လိုသေးလား”

ချုးယွီဟွာသည် သူတို့အား ကြားဖြတ်ကာမေးလိုက်၏။ ထိုဆရာတပည့်များသည် အိမ်ပိုင်ရှင် ခံစားနေရသည့် နာကျင်မှုအကြောင်းဆွေးနွေးနေကြသော်လည်း ထပ်ပြီး ဆေးဖော်ကြမည့် အစီစဉ်ကိုရောက်ရှိသွားခဲ့ကြသည်။ မလွန်ပေဘူးလား။

“ပြသနာမရှိဘူးယွီဟွာ၊ ဒီလူ ခဏနေရင် သက်သာသွားမှာ”

ဟွမ်းသည် ချုးယွီဟွာကို စိုးရိမ်ရန်မလိုအပ်ကြောင်းပြောလိုက်၏။ ထိုဆေးလုံးထဲတွင် ပါဝင်နေသည့် ပိုင်ကျန့်ယွီ၏ ဓားစွမ်းအင်သည် မပြင်းထန်ပေ။ သို့သော် အိမ်ပိုင်ရှင်၏ ခန္ဓာကိုယ်အတွင်း ဝင်ရောက်သွားသည့်အတွက် အလွန်နာကျင်မှု ခံစားနေရခြင်းဖြစ်သည်။

ခဏအကြာတွင် အိမ်ပိုင်ရှင်၏ အော်သံများရပ်တန့်သွားပြီး နာကျင်မှုသည်ပြေလျော့သွား၏။ သူ၏ ဝိညာဉ်စွမ်းအင်များသည် အတော်များများ ပြန်လည်ရရှိလိုက်ပြီဖြစ်သော်လည်း ပေးဆပ်လိုက်ရသည့် နာကျင်မှုသည် အလွန်ပြင်းထန်လှသည်။ ထိုဆေးလုံးကို နောက်ထက်မလိုချင်တော့ပေ။

“ကျုပ်ကို ခွင့်ပြုပါဦး”

သူ၏ ရှိသမျှအားအင်သုံးက အမြန်နှုန်းနှင့် ပြေးထွက်သွားတော့သည်။ ထိုလူငယ်များနှင့်မပတ်သတ်ချင်တော့ပေ။ အလွန်တစ်ရာပင် ကြောက်ရွံ့သွားခဲ့၏။

‘ကူညီချင်ယောင်ဆောင်ပြီး နှိပ်ဆက်တဲ့လူတွေ’

ဟွမ်းသည် ထိုလူကိုကြည့်ကာ ခေါင်းခါရမ်းလိုက်၏။ ထို့နောက် သူ၏တပည့်များကို ပြောကြားလိုက်သည်။

“ဒီနေ့အနားယူပြီးရင် မနက်ဖြန် အရှေ့ပိုင်းနယ်မြေကို သွားကြမယ်”

“ဟုတ်ကဲ့ဆရာ” သို့သော် သူတို့သည် အနားမယူတော့ချေ။ ဆေးများထပ်မံဖော်စပ်နေကြတော့သည်။ သူတို့၏ လုပ်ဆောင်ချက်များသည် တစ်ကြိမ်ထက်တစ်ကြိမ် ပိုမိုကောင်းမွန်လာခဲ့သည်။

နောက်တစ်နေ့တွင် သူတို့သည် ပန်းဝိညာဉ်လှေနှင့် အရှေ့ပိုင်းနယ်မြေကို ဦးတည်လိုက်သည်။

“စီနီယာအစ်ကို တစ်ရက်လောက် ဆက်သွားလိုက်ရင် အရှေ့ပိုင်းနယ်မြေကို ရောက်ပြီ”

ချုးယွီဟွာသည် မြေပုံကြည့်ရင်းပြောလိုက်၏။

ဟွမ်းထံမှ မည်သည့်အသံမျှ ထွက်ပေါ်မလာခဲ့ချေ။ သူ၏မျက်လုံးများကို ပိတ်ထားပြီးနောက် သူ၏စိတ်ထဲတွင် ပုံရိပ်တစ်ချို့ပေါ်နေခဲ့၏။

ဟွမ်းသည် ဤလောကကြီးတွင် စတင်နိုးထလာခဲ့သည့်အချိန်ကဖြစ်သည်။ သူကိုယ်သူပင်မည်သူမှန်း မသိခဲ့ချေ။ ဘာကြောင့် အိပ်ပျော်နေပြီး ဘယ်လိုနိုးထလာခဲ့မှန်းလဲ သူမသိခဲ့ချေ။ သူ၏ မှတ်ညာဏ်ထဲတွင် သူနာမည် တစ်လုံးထဲသာ ရှိနေခဲ့၏။ သူသည် အမည်မသိနေရာတစ်ခုတွင် နိုးထလာခဲ့ပြီးနောက် ခြေဦးတည့်ရာသာသွားနေခဲ့သည်။

“ကောင်လေး စွန့်ပစ်နယ်မြေထဲမှာ ဘာလို့လျှောက်သွားနေတာလဲ”

အဘိုးအိုတစ်ဦးသည် လျှောက်သွားနေသည့် ဟွမ်းအနားသို့ရောက်လာကာ မေးလိုက်၏။ သူ၏လေသံသည် နူးညံ့နေပြီး ကြင်နာသည့် အပြုံးများပေါ်လွင်နေသည်။ ထိုအဖိုးအိုသည် ဆံပင်ဖြူများနှင့် အလွန်ပင် အိုမင်းနေပုံရသော်လည်း သူ၏ အရှိန်ဝါသည် အလွန်ပင် သန်မာအားကောင်းလှ၏။ ဟွမ်းသည် ထိုအဘိုးအို၏ စကားကို ဂရုမစိုက်သည့်အပြင် ထိုအဖိုးအို၏ အရှိန်ဝါသည် သူအပေါ် မသက်ရောက်သည့်အလားပင်။

“ငါ့နာမည် ယွဲ့လင်းရှန် ခရမ်းလမျိုးနွယ်ရဲ့ ဘိုးဘေးအကြီးအကဲပဲ”

ယွဲ့လင်းရှန်သည် ဟွမ်း၏ ဂရုမစိုက်ပုံကို မြင်ပြီး သူ့ကိုယ်သူ မိတ်ဆက်လိုက်သည်။ သို့သော် ဟွမ်းသည် မတုန့်ပြန်ပေ။

“ဒီကုန်းမြေကြီးက ပျက်စီးနေပြီ ကြာကြာနေဖို့ မသင့်လျော်ဘူး၊ လူငယ်လေး မင်းထွက်သွားသင့်တယ်”

ယွဲ့လင်းရှန်သည် ဤအဆိပ်သင့်နေသည့် ကုန်းမြေကြီးတွင် ဟွမ်းကို ထွက်သွားစေချင်ခဲ့သည်။ ယွဲ့လင်းရှန်၏ ခန္ဓာကိုယ်မှ အေးစက်သည့် အငွေ့သက်များနှင့် စွမ်းအားကြီးမား သော်လည်း အလွန်ပင် သဘောကောင်းသည့်ပုံပေါ်သည်။

သူသည် ဤကုန်းမြေပျက်စီးမှုကို လွန်ခဲ့သည့် သုံးရက်လောက်က လာစစ်ဆေးနေခြင်းဖြစ်သည်။ သို့သော်ဤနေရာတွင် အလွန်ပင် အဆိပ်များ ထူထပ်များပြားလွန်းနေသည်။ ထို့ကြောင့် ဟွမ်းကို ဂရုတစိုက်ပြောကြားနေခြင်းဖြစ်သည်။

“ဒီနေရာက ဘယ်နေရာလဲ”

ဟွမ်းသည် မျက်နှာသေနှင့်သာမေးလိုက်၏။

“ဒါက ကြယ်နီကုန်းမြေဆိုတဲ့ ကုန်းမြေတစ်ခုပဲ၊ ဘာကြောင့်မှန်း သေချာမသိရပေမဲ့ ဒီကုန်းမြေမှာ ပဋိပခတွေဖြစ်ကြပြီး အဆိပ်သုံးနိုင်တဲ့ ပညာရှင်တစ်ဦးက ကုန်းမြေကို ဒီလိုအခြေနေရောက်သွားအောင် လုပ်လိုက်တာပဲ၊ အဆုံးသတ်ကတော့ လူတွေ သန်းချီသေဆုံးသွားပြီး ကုန်းမြေကြီးလဲ စွန့်ပစ်နယ်မြေတစ်ခုဖြစ်သွားတာပဲ၊ ဒါကြောင့် ကောင်းကင်နန်းတော်က အခြေနေကို စုံစမ်းဖို့ ငါ့ကိုလွှတ်လိုက်တာပဲ”

ယွဲ့လင်းရှန်သည် ဟွမ်း၏ မေးခွန်းကို အသေးစိတ်ပြန်ဖြေလိုက်၏။ ဟွမ်း၏ အပြုအမူကို စိတ်ထဲမထား‌ပေ။ သို့သော်ဟွမ်း၏အမူယာသည် သူလိုချင်သည့် အဖြေမရသည့်အလားပင်။ ထို့ကြောင့်ယွဲ့လင်းရှန်သည် တိတ်ဆိတ်နေသည့်လူငယ်လေးက စကားစပြောသောကြောင့် သူသည် ပြုံးလာခဲ့၏။ ထို့နောက် ဟွမ်းကို ဆက်မေးလိုက်၏။

“လူငယ်လေးနာမည်ဘယ်လိုခေါ်လဲ”

“ဟွမ်း”

“မင်းက ဒီကုန်းမြေကလား”

ယွဲ့လင်းရှန်သည် ဟွမ်း၏ နာမည်ကို သိရပြီးနောက် ဆက်မေးလိုက်၏။

“မသိဘူး”

ဟွမ်းသည် တုံးတိသာဖြေလိုက်၏။ သူကိုယ်တိုင်လဲ တကယ်ပင်မသိခဲ့ချေ။ သူထံတွင်လည်း ပဟေဠိများစွာ ဖြစ်ပေါ်နေသည်။

“ဒီကုန်းမြေကိုရောဘယ်လိုရောက်နေတာလဲ”

“မသိဘူး”

“မင်းဘယ်သူလဲဆိုတာရော မသိဘူးလား”

“မသိဘူး”

“ဒါဆို မင်းက တစ်ယောက်တည်းပေါ့”

ဟွမ်းသည် ပြန်မဖြေတော့ပေ။ ယွဲ့လင်းရှန်သည် ထိုလူငယ်က အတော်လေးထူးဆန်းသည်ဟု ခံစားမိသည်။ ဤကုန်းမြေတွင် ထွက်ပေါ်နေသော အဆိပ်ငွေ့များသည် သူပင် စွမ်းအင်သုံးကာ ကာကွယ်မှုပြုလုပ်ထားရ၏။ သို့သော် ထိုလူငယ်လေးသည် မည်သည့်စွမ်းအင်မျှ မထွက်ပေါ်နေသလို မည်သည့်စွမ်းအင်မျှလည်းထုတ်သုံးထားခြင်းမရှိပဲ အဆိပ်ငွေ့များကို လျစ်လျုရှုနိုင်နေ၏။ အချိန်အနည်းငယ်လောက်စဉ်းစားပြီးနောက် ဟွမ်းကိုကြည့်ကာမေးလိုက်၏။

“ငါတို့ ခရမ်းလမျိုးနွယ်ကိုလိုက်ခဲ့မလား”

All Chapters