← Chapters

တောင်ပင်လယ်‌သားတော်

Vol. 86 Ch. 1201

တောင်ပင်လယ်‌သားတော်

Vol. 86 Ch. 1201

ရွှမ်းဝူလိပ်ကြီးကိုးကောင် အော်ဟစ်နေစဉ် ခံစားချက်မဲ့သော အေးစက်စက်အသံက တောင်ပင်လယ်ကိုးခု၏ အရှင်သခင်များ၏ စိတ်ထဲတွင် ရုတ်တရက် ပဲ့တင်ထပ်လာသည်။ "ပရမတ္တတံတား နိုးထလာခဲ့ပြီ။ ဖျက်ဆီးပစ်ပါ။ အသက်စွမ်းအားကို သုတ်သင်ပစ်ပါ။ အဲ့ဒီတံတား ပြည့်စုံသွားလို့မဖြစ်ဘူး"

တစ်ဆက်တည်းမှာပင် နေနှင့်လသည် အဖျက်အဆီးစွမ်းအားတို့ဖြင့် တဖျပ်ဖျပ် လက်လာ၏။

အင်မော်တယ်လျှောက်လှမ်းခြင်းတံတားရှိခဲ့သည့် နေရာတွင် တံတားကျောက်ခဲများသည် ပါရာဂွန်တံတားနှင့် တစ်သားတည်းပေါင်းစည်း၍ ၎င်း၏စွမ်းအားအား ကြောက်စရာကောင်းလောက်အောင် မြင့်တက်လာစေသည်။

ပါရာဂွန်တံတားတစ်စင်းလုံး ပြင်းပြင်းထန်ထန် တုန်ရီနေသည့်တိုင် မန်ဟိုက တံတား၏အပေါ်တွင် ငြိမ်သက်စွာ ရပ်နေသည်။ ‌တစ်စုံတစ်ခုကို ရုတ်တရက် သဘောပေါက်လိုက်သဖြင့် သူ၏မျက်လုံးများသည် ထူးဆန်းသောအလင်းရောင်ဖြင့် တောက်ပနေ၏။

"ပါရာဂွန်မှော်သိုင်းကွက်တွေမှာ အဆင့်နှစ်ဆင့်ရှိတယ်။ ပထမအဆင့်က ပုံရိပ်ယောင်အဆင့်။ ဒုတိယအဆင့်က အစစ်အမှန်အဆင့်

"ပါရာဂွန်မှော်သိုင်းကွက်ကို အစစ်အမှန်အဆင့်အထိ မြှင့်တင်ပေးမှပဲ တကယ့်စွမ်းအားကို ထုတ်ဖော်ပေးနိုင်တယ်

"တကယ်တော့ အဲ့ဒီ့စွမ်းအားက ပါရာဂွန်ရုပ်ဝတ္ထုပစ္စည်းအပေါ်မှာ မူတည်တယ်

"ပါရာဂွန်မှော်အစွမ်းကို ပိုင်ဆိုင်ထားတာက အက်ရှလွန်ထဲ ၀င်ရောက်နိုင်တယ်လို့ ဆိုနိုင်တယ်။ ပါရာဂွန်မှော်သိုင်းကို အစစ်အမှန်အဆင့်အထိ မြှင့်တင်ပြီး‌ရင်တော့ အက်ရှလွန်ကို ကျော်သွားနိုင်ပြီ" မန်ဟို ဤဉာဏ်အလင်းသစ်ကို ရရှိလိုက်သည့်အခါ သူ့နဖူးထက်ရှိ အက်ရှလွန်အမှတ်အသားသည် တောက်ပစွာ လင်းလက်လာ၏။ ၎င်းက တောက်ပနေစဉ် အသွင်‌စပြောင်းလာသည်။

ကြည့်ရသရွေ့ သူသည် အက်ရှလွန်ကို ကျော်လွန်၍ တောင်ပင်လယ်လောကထဲတွင် တုနှိုင်းမဲ့ဖြစ်တည်မှုတစ်ခု ဖြစ်လာသည့်အလားပင်။

အင်မော်တယ်လျှောက်လှမ်းခြင်းတံတား၏ ဝိညာဉ်မှာ ဖြစ်ပျက်နေသောအရာကို မတားနိုင်ကြောင်း မြင်သည့်အခါ သွေးရူးသွေးတန်း ဟိန်းဟောက်လိုက်သည်။ ၎င်းက မျက်လုံးများ မီး၀င်း‌၀င်းတောက်နေလျက် အော်ဟစ်၏။ "ငါ ဒါကို လက်မခံနိုင်ဘူး

"ပရမတ္တတံတားကို စုပ်ယူနိုင်ရင် ငါ လွတ်မြောက်သွားလိမ့်မယ်။ ငါ ဒီခါးသီးမှုပင်လယ်ထဲကနေ ကျွတ်လွတ်နိုင်လိမ့်မယ်" ဝိညာဉ်ကို ကိုယ်စားပြုနေသည့် မျက်နှာကြီးက ဟိန်းဟောက်ရင်း ခုခံနေသည်ကို ရပ်ကာ ပါရာဂွန်တံတားဆီသို့ တန်းတန်းမတ်မတ် ပြေး၀င်သွားတော့သည်။

ဤသည်ကား ၎င်း၏ နောက်ဆုံးဆုံးဖြတ်ချက်ဖြစ်သည်။ ၎င်းသည် ၎င်း၏နေရာကို ပြန်ယူဖို့ ပါရာဂွန်တံတားကို ပူးကပ်ပေမည်။ ထိုရလဒ်ကား တကယ်တော့ မဖြစ်နိုင်ပေ။ ၎င်းက အင်မော်တယ်လျှောက်လှမ်းခြင်းတံတား၏ နာကျည်းမှုကြောင့် မွေးဖွားလာခဲ့၍ အမုန်းဝိညာဉ်လေးတစ်ကောင်သာ မဟုတ်ပါလော။

အတု၏ ဝိညာဉ်က မူလအရာ၀တ္ထုကို ပူးကပ်ပြီး ၎င်းကို သိမ်းပိုက်ဖို့ ကြိုးစားနေသည်နှင့်တူသည်။

အင်မော်တယ်လျှောက်လှမ်းခြင်းတံတား၏ ဝိညာဉ်က ပါရာဂွန်တံတားနှင့် ပေါင်းစည်းသွားသဖြင့် တဝုန်းဝုန်း မြည်သံများ ကြားရနိုင်သည်။ မန်ဟိုမှာ ၎င်းကို မတားလိုက်နိုင်၍ မျက်စိတစ်မှိတ်အတွင်း ၎င်းက ပါရာဂွန်တံတား၏ တစ်စိတ်တစ်ပိုင်း ဖြစ်သွားတော့သည်။ အရာအားလုံး ပြင်းပြင်းထန်ထန် တုန်ခါနေစဉ် အင်မော်တယ်လျှောက်လှမ်းခြင်းတံတားသည် ကြယ်တာရာကောင်းကင်ထက်မှ အပြီးတိုင် ပျောက်ကွယ်သွားတော့၏။ ပတ်၀န်းကျင်ရှိ ကျင့်ကြံသူမြောက်များစွာမှာ တွန်းထုတ်ခံလိုက်ရပြီး ကြည့်ဖို့လာခဲ့ကြသော ကျင့်ကြံသူများမှာတော့ မျက်လုံးများပြူးလျက် စိုက်ကြည့်နေမိတော့သည်။

ယခုတွင် ကြယ်တာရာကောင်းကင်၌ တံတားတစ်စင်းသာ ရှိတော့သည်။ ၎င်းက မန်ဟို့၏ ပါရာဂွန်တံတားဖြစ်၏။

သို့သော် ပါရာဂွန်တံတားမှာ အရှိန်အဝါတို့ မြင့်တက်နေလျက် တဝုန်းဝုန်း တုန်ခါနေသည်။ အင်မော်တယ်လျှောက်လှမ်းခြင်းတံတား၏ဝိညာဉ်က ပါရာဂွန်တံတား၏ဝိညာဉ်ဖြစ်လာအောင် ၎င်းကို ပူးကပ်ဖို့ ကြိုးစားနေလေသည်။

"ငါ မင်းကို ပါရာဂွန်တံတားရဲ့ ဝိညာဉ်အဖြစ် နေခွင့်ပေးလို့ရတယ်" မန်ဟိုက ပြောသည်။

ပါရာဂွန်တံတားထံမှ အော်ဟစ်နေသော တုံ့ပြန်သံအား ကြားရနိုင်သည်။ "ငါ မင်းကို မလိုအပ်ဘူး။ င့ါဘာသာ လုပ်မယ်"

ကြီးမားသော အားလှိုင်းတစ်ရပ်က မန်ဟိုနှင့် ပါရာဂွန်တံတားအကြားရှိ ဆက်သွယ်မှုကို နှောင့်ယှက်၍ ၎င်းကို မန်ဟို့ထံမှ ခွဲထုတ်ပြီး ပိုင်ရှင်မဲ့ဖြစ်တည်မှုအဖြစ် ပြောင်းဖို့ ကြိုးစားနေလေသည်။

၎င်းက မန်ဟို ပထမတောင်မှ အက်ရှလွန်ကျင့်ကြံသူတာအိုကောင်းကင်၏ ပါရာဂွန်ပန်းချီကို ထိုသူနှင့် ဆက်သွယ်မှုမရှိတော့အောင် လုပ်ခဲ့သလို လုပ်ဖို့ ကြိုးစားနေလေသည်။

မန်ဟို၏မျက်လုံးများက လင်းလက်သွားပြီး ၎င်းကို ဖိနှိပ်ဖို့ သူ၏စွမ်းအားအလုံးစုံကို ထုတ်လွှတ်တော့မည့်အချိန် ရုတ်တရက် ပြင်းထန်သော အန္တရာယ်အာရုံအား ခံစားလိုက်ရသည်။ သူက ခေါင်းမော့ကြည့်လိုက်ရာ တောင်ပင်လယ်လောကမှ လာနေသော နှင်ထုတ်အားကို ခံစားနေရ၏။ နိုးထနေဆဲဖြစ်ပြီး ပြည့်စုံတော့မည့် ပါရာဂွန်တံတားကို ဖျက်ဆီးမည့် စွမ်းအားလှိုင်းကြီးက လာနေလေပြီ။

မန်ဟို့မျက်နှာ ရိပ်ခနဲဖြစ်သွားသည်။ သူသည် ပါရာဂွန်တံတားကို သိမ်းနေသော်လည်း အင်မော်တယ်လျှောက်လှမ်းခြင်းတံတား၏ ဝိညာဥ်ကြောင့် မလုပ်နိုင်ပေ။ ရုတ်တရက် သူက နောက်ဆုတ်၍ ပါရာဂွန်တံတားပေါ်ရှိ ဟန်ရှန်းနှင့်သူ့ဇနီးတို့ ရှိ‌နေသည့်နေရာသို့ ရွေ့လျားလိုက်သည်။ သူသည် သူတို့၏ပတ်ပတ်လည်တွင် အကာအကွယ်တစ်ခု ဖန်ဆင်းရန် သူ့လက်ကို လျင်မြန်စွာ လှုပ်ရှားလိုက်ပြီးနောက် ထူးဆန်းသော အလင်းရောင်တို့ မျက်၀န်းများတွင် တောက်ပနေလျက် ကြယ်တာရာကောင်းကင်သို့  လှမ်းကြည့်လိုက်သည်။

သူက အင်မော်တယ်တံတား၏ဝိညာဉ် ပါရာဂွန်တံတားနှင့် သူ၏ဆက်သွယ်မှုကို ဖြတ်တောက်ဖို့ကြိုးစားနေသည်ကိုပင် မတားဘဲ ကြယ်တာရာကောင်းကင်သို့ မော့ကြည့်လိုက်ရာ အလင်းတန်းတစ်တန်းကို မြင်လိုက်ရ၏။

ထိုအလင်းက ရွှမ်းဝူလိပ်ကြီးကိုးကောင်၏အော်သံများကြောင့် ပေါ်ပေါက်လာခဲ့ပြီး နေနှင့်လထံမှ အသတ်အဖြတ်စိတ်ဆန္ဒဖြစ်လေသည်။

လောကတစ်ခွင်ဖျက်စီးခြင်းအလင်းမြားတစ်စင်းက ကြယ်တာရာကောင်းကင်ကို ခွင်းရင်း ပါရာဂွန်တံတားကို ဝင်တိုက်လိုက်သည်။

ပါရာဂွန်တံတားမှာ တုန်ရီစပြုလာပြီး ၎င်းသည် မန်ဟို၏မှော်သိုင်းမှ ဖန်ဆင်းခံထားရခြင်းဖြစ်၍ မန်ဟိုလည်း တုန်ရီပြီး သွေးတစ်ပွက်အန်လိုက်ရသည်။ သို့သော် အင်မော်တယ်လျှောက်လှမ်းခြင်းတံတား၏ဝိညာဉ်မှာ ပို၍ပင်အခြေအနေဆိုးလေသည်။

တံတားဝိညာဉ်က သွေးပျက်မတတ်အော်လိုက်ရာ ပါရာဂွန်တံတားတစ်စင်းလုံး တုန်ခါသွားသည်။ အလွန်ကြီးမားသော အဖျက်အစီးအားလှိုင်းက ၎င်းကို လွှမ်းခြုံလိုက်သည့်အခါ တံတားဝိညာဉ်သည် သေမင်း၏ခြောက်လှန့်မှုကို ခံစားလိုက်ရတော့၏။

“အညံ့ခံမလား အညံ့မခံဘူးလား” မန်ဟိုက ရုတ်တရက် မေးသည်။ “အညံ့ခံပြီး ငါ့ဘက်တော်သားဖြစ်လာပါ။ ငါ့အတွေးလေးတစ်ချက်တည်းနဲ့ မင်းကို ပါရာဂွန်တံတားရဲ့ဝိညာဉ် လုပ်ပေးနိုင်တယ်

“အညံ့မခံရင်တော့ တောင်ပင်လယ်တွေရဲ့စွမ်းအားကြောင့် မင်း ပျက်စီးသွားရလိမ့်မယ်” မန်ဟိုသည် ဝိညာဉ်ကို ခြိမ်းခြောက်ဖို့ တောင်ပင်လယ်များ၏စွမ်းအားကို အသုံးပြုနေလေပြီ။

“အညံ့ခံမယ့်အစား အသေပဲခံလိုက်မယ်” တံတားဝိညာဉ်က အော်သည်။ “ငါ သေသွားရင် တံတားလည်း ပျက်စီးသွားမယ်၊ မင်းလည်း သေရလိမ့်မယ်” ရုတ်တရက် ဒုတိယဖျက်စီးခြင်းအလင်းမြားက ပထမမြားထက် ပို၍ပင်ကြောက်စရာကောင်းသောစွမ်းအားဖြင့် ပေါ်လာခဲ့သည်။ ၎င်းက မိုးပြာရောင်အလင်းကို ခွဲ၍ အဖြူရောင်အလင်းတန်းများကို တဖျပ်ဖျပ်လှုပ်သွားစေရင်း တံတားကို ဝင်တိုက်လိုက်သဖြင့် တံတားတစ်စင်းလုံး တုန်ခါသွားပြီး ထပ်မံပြိုကွဲစပြုလာတော့သည်။

မြင့်တက်နေသောစွမ်းအားမှာ နှောင့်ယှက်ခံလိုက်ရ၍ မန်ဟိုမှာ နောက်ထပ်သွေးတစ်လုပ် အန်လိုက်ရပြန်သည်။ သူ အားလှိုင်းကို ပြန်တိုက်ခိုက်လိုက်စဉ် တံတားဝိညာဉ်မှာ သေလုမြောပါး အော်ဟစ်ရင်း ပို၍ပင် အားနည်းလာ၏။ ၎င်းအနေဖြင့် တတိယမြားကို ခံနိုင်တော့မည်မဟုတ်ပေ။

“ငါ မင်းကို နောက်ဆုံးအခွင့်အရေးပေးမယ်” သူက မျက်လုံးများ တောက်ပနေလျက် ပြောသည်။ “ငါ့ဆီမှာ အညံ့ခံပြီး ငါ့ရဲ့တံတားဝိညာဉ် ဖြစ်လာပါ။ ငါ မန်ဟို ကျိန်တယ် ကျီတျန်းရဲ့သွေးနဲ့ မင်းရဲ့သွေးကြွေးကို ခြေပေးမယ်။ မင်းရဲ့နာကြည်းမှုကို ဖြေဖျောက်ပေးမယ်

“မင်း ဒီအခွင့်အရေးကို မယူရင်တော့ တောင်ပင်လယ်တွေရဲ့စွမ်းအား မင်းကို ဖျက်စီးလိုက်တာကိုပဲ ငါ ကြည့်နေတော့မယ်”

စကားလုံးများ သူ့ပါးစပ်မှ ထွက်သွားသည့်အချိန်မှာပင် အဝေး၌ တတိယမြားကား ပေါ်လာခဲ့လေပြီ။ ၎င်းသည် နေတစ်စင်းနှင့်တူပြီး နဝမတောင်ပင်လယ်၏ ကြယ်တာရာကောင်းကင်တစ်ခုလုံးမှာ ၎င်းထုတ်လွှတ်နေသည့် လှိုင်းများကြောင့် တုန်ခါနေလေ၏။ အဆိုပါမြားတွင် တစ်ချက်တည်းနှင့် မည်သည့်အရာကိုမဆို ဖျက်စီးပစ်နိုင်သည့် အားတစ်ရပ်ပါရှိနေသယောင်ပင်။

တံတားဝိညာဉ်မှာ တုန်လှုပ်သွား၏။ သေရေးရှင်ရေးအခိုက်အတန့်တွင် ၎င်းက ခံပြင်းစွာ အော်လေသည်။

“ငါ မင်းဆီမှာ အညံ့ခံရင်တောင်မှ အဲဒီအားရဲ့သတ်တာ ခံရဦးမှာ။ မင်းက မင်းကိုယ်မင်း ကယ်ဖို့ တံတားကို စွန့်လွှတ်ဦးမှာပဲ။ ဘယ်လိုနည်းနဲ့ပဲဖြစ်ဖြစ် ငါ သေရလိမ့်မယ်”

“ငါ ပါရာဂွန်တံတားကို စွန့်လွှတ်မှာမဟုတ်ဘူး” မန်ဟိုက သံမဏကိုပင် ပိုင်းဖြတ်နိုင်လောက်အောင် ပြတ်သားသောအသံဖြင့် ဆိုသည်။ “မင်း အညံ့ခံရင် မင်း မသေအောင် ငါ လုပ်ပေးမယ်”

တံ့တားဝိညာဉ်မှာ တဆတ်ဆတ် တုန်သွားသည်။ ၎င်းမှာ ဖျက်စီးခံရတော့မည်ဖြစ်ရာ ရွေးချယ်စရာမရှိပေ။ ၎င်းက ချက်ချင်း မာန်လျှော့လိုက်ကာ ၎င်းကိုယ်ကို ဖွင့်ပေးလိုက်တော့သည်။ မန်ဟိုက နတ်ဘုရားအာရုံကို ထုတ်လွှတ်၍ ပါရာဂွန်တံတားမှအင်အားကို ငှားယူရင်း တံတားဝိညာဉ်အပေါ်တွင် သူ၏အမှတ်အသားအား ချန်ရစ်လိုက်သည်။

ထိုအမှတ်အသားကား ဝိညာဉ်၏အပေါ်တွင် ဘယ်သောအခါမှ ဖျောက်ဖျက်မရအောင် ခတ်နှိပ်ခံလိုက်ရလေပြီ။

“ကဲ အခု မင်း ကတိကို ဘယ်လိုတည်မလဲ ကြည့်ရသေးတာပေါ့” တံတားဝိညာဉ်က ဒေါသတကြီး ဟိန်းဟောက်သည်။ မန်ဟို ၎င်းကို အမှတ်အသားပြုလိုက်သည်နှင့်တစ်ပြိုင်နက် ၎င်းသည် ပါရာဂွန်တံတားကို ပူးကပ်ဖို့ ကြိုးစားစရာမလိုတော့သလို၊ မန်ဟိုနှင့်တံတား၏ ဆက်သွယ်မှုကိုလည်း ဖြတ်တောက်စရာ အကြောင်းမရှိတော့ပေ။ ပါရာဂွန်တံတားက တံတားဝိညာဉ်ကို အသိအမှတ်ပြု၍ တံတားတွင် နေရာပေးလိုက်သည်။ ချက်ချင်း တံတား၏စွမ်းအားသည် မယုံကြည်နိုင်ဖွယ်အင်အားကြီးဖြင့် ပေါက်ကွဲထွက်လာတော့၏။

ယခုတွင် တံတားသည် အမှတ်အသားပြုခံလိုက်ရပြီဖြစ်၍ ... မန်ဟို့တစ်စိတ်တစ်ပိုင်း ဖြစ်လာခဲ့လေပြီ။ ထိုမျှသာမက ပါရာဂွန်တံတားအတွက် မန်ဟို့ထိန်းချုပ်မှုအောက်မှ ထွက်သွားနိုင်ရန် နည်းလမ်းလည်း မရှိတော့ပေ။ ပုံရိပ်ယောင်ဖြစ်စေ၊ အစစ်အမှန်ဖြစ်စေ... ထိုအမှန်တရားကား ဘယ်တော့မှ ပြောင်းလဲသွားမည်မဟုတ်။

ပါရာဂွန်တံတားက အင်မော်တယ်လျှောက်လှမ်းခြင်းတံတားကို စုပ်ယူခဲ့ပြီး၍ ... တစ်နေ့တွင် အစစ်အမှန်ဖြစ်လာနိုင်မည့် ကံတရားကို သိမ်းပိုက်နိုင်လိုက်ပြီဟု ဆိုနိုင်သည်။

“နောက်တစ်ဆင့်ကတော့ အင်မော်တယ်အပျက်အစီးများနယ်ကို သွားပြီး ပါရာဂွန်တံတားအစစ်ရဲ့ အစိတ်အပိုင်းတစ်ခုလုံးကို စုပ်ယူဖို့ပဲ” မန်ဟိုက မျက်လုံးများ တလက်လက်တောက်ပနေလျက် တွေးလိုက်သည်။ နောက်ဆုံးတွင်တော့ သူသည် ပါရာဂွန်လမ်းစဉ်ကို နားလည်ခဲ့ပြီဖြစ်၏။

ဤအခိုက်အတန့်တွင် တတိယမြားကား ရောက်လာပေတော့မည်။ တံတားဝိညာဉ် တုန်ရီနေစဉ် မန်ဟိုက ပါရာဂွန်တံတားပေါ်မှ ဆင်း၍ မြား၏လမ်းကြောင်းတွင် ရပ်လိုက်သည်။ ထို့နောက် သူသည် ညာလက်ကို မြှောက်၍ မြားကို တွန်းလိုက်၏။

ထိုလှုပ်ရှားမှုက တံတားဝိညာဉ်ကို ဓာတ်လိုက်သကဲ့သို့ တုန်ရီသွားစေသည်။ မန်ဟိုက တောင်ပင်လယ်စွမ်းအားကို ယခုလို ထိပ်တိုက်ရင်ဆိုင်လိမ့်မည်ဟု သူ မည်သို့ ထင်ထားခဲ့မည်နည်း။

“သူတော့ ရူးနေပြီ...” တံတားဝိညာဉ်က တိုးတိုးပြောလိုက်သည်။

သို့သော် နောက်အခိုက်အတန့်တွင် ဖြစ်ပျက်သွားသောအရာက တံတားဝိညာဉ်ကို မယုံနိုင်လွန်း၍ ပါးစပ်အဟောင်းသားဖြစ်သွားစေသည်။

“ငါ့ရဲ့အာဏာစက်နဲ့ မင်းကို အမိန့်ပေးတယ် .... လာခဲ့နေရာကို ပြန်တော့” သူက ခိုင်မာပြတ်သားမှုတို့ မျက်ဝန်းများတွင် တောက်ပနေလျက် အေးအေးလူလူ ပြောလိုက်သည်။ သူ့လက်တွင် မြားကို ခုခံနိုင်သည့်အစွမ်းအစမရှိသော်လည်း သူ့အသံက သူ့လက်ကို ထိုးဖောက်မရအောင် ပြုလုပ်လိုက်သည့် မကျိုးပျက်နိုင်သောအတားအဆီးနှင့် တူသည်။ မြားမှာ သူ့လက်ကို မထိုးဖောက်ရဲသည့်အလား တုံ့ခနဲ ရပ်သွားလေသည်။

အေးတိအေးစက်အသံတစ်သံက မန်ဟို့စိတ်ထဲတွင် မိုးခြိမ်းသံကြီးသဖွယ် ပဲ့တင်ထပ်လာသည်။ “ပရမတ္တတံတားက တည်ရှိလို့ရတယ်။ ဒါပေမဲ့ ဒီနိုးထလာတဲ့ တံတားနဲ့အတူ ဖြစ်ပေါ်မယ့် မလိုလားအပ်တဲ့အရာတွေကို တားဖို့ ဖျက်စီးပစ်ရမယ်”

“ဒီတံတားက ငါ့ပါရာဂွန်တံတား၊ မလိုလားအပ်တဲ့အရာတစ်ခုမှ ဖြစ်မှာမဟုတ်ဘူး” မန်ဟိုက အေးစက်စက် ပြောလိုက်သည်။

“ဥပဒေအရ တံတားက ...”

“ငါ မလိုလားအပ်တဲ့အရာတွေ မဖြစ်ဘူးပြောရင် ဖြစ်မှာမဟုတ်ဘူး။ အခုချက်ချင်း ပြန်သွားလိုက်စမ်း” သူသည် စကားပြောနေစဉ် သူ့ကိုယ်ထဲရှိ ပါရာဂွန်သွေးကို ဆူပွက်စေလိုက်၏။ ၎င်း၏အရှိန်အဝါက ဖြာထွက်လာသည်။ သိပ်မများသော်လည်း တောင်ကိုးလုံးအပေါ်ရှိ ရွှမ်းဝူလိပ်ကိုးကောင်ကို လုံးလုံးလျားလျား တုန်လှုပ်သွားစေရန် လုံလောက်လေသည်။

တောင်ပင်လယ်လောက၏စိတ်ဆန္ဒကို ကိုယ်စားပြုသော အေးစက်စက်အသံလည်း တုန်လှုပ်သွားသည်။

မြားသည် တုန်ခါသွားပြီး အေးစက်စက်သံက တိတ်ဆိတ်သွား၏။ မန်ဟိုက ဘာမှထပ်မပြောတော့ပေ။ သူသည် အေးအေးလူလူသာ ရပ်နေသည့်အပြင် သူ့လက်ကိုပင် ဘေးပြန်ချလိုက်သည်။ သူ့အနောက်ရှိ ပါရာဂွန်အတွင်းထဲမှ တံတားဝိညာဉ်မှာတော့ မှင်သက်နေတော့သည်။

တခဏကြာသော် အေးစက်စက်အသံက မန်ဟို့နားထဲတွင် ထပ်မံပဲ့တင်ထပ်လာပြန်သည်။

“တောင်ပင်လယ်ရဲ့ သားတော် အမိန့်ကို နာခံပါ့မယ်” မြားသည် အာကာသထဲ လွင့်မျောသွားသည့် အလင်းမှုန်များအသွင်ပြောင်းရင်း ဖြည်းဖြည်းချင်း မှေးမှိန်ပျောက်ကွယ်သွား၏။

မန်ဟိုမှာ ထိုအခါမှ စိတ်သက်သာရာရသွားတော့သည်။ သူ့အနေဖြင့် တောင်ပင်လယ်လောကအပေါ် မည်မျှစိုးမိုးနိုင်သလဲ မသေချာသဖြင့် ယခုလေးတင် ဖြစ်ပျက်သွားခဲ့သောအရာအားလုံးမှာ အရဲစွန့်ကြည့်မှုသာ ဖြစ်ခဲ့လေသည်။

“တောင်ပင်လယ်ရဲ့ သားတော် ...” သူက မဆိုစလောက်ပြုံးရင်း တွေးလိုက်သည်။ ထိုဘွဲ့ကို သူ သဘောကျသည်။ သူ လှည့်လိုက်သည့်အခါ သူ့နဖူးပေါ်ရှိ အမှတ်အသားသည် အသွင်ပြောင်းခြင်းပြီးဆုံးသွား၏။ အံ့အားသင့်ဖွယ်ကောင်းစွာနှင့် ... ၎င်းက ပျောက်ကွယ်မသွားခင် တောင်ကိုးလုံးကို ဖျတ်ခဲ ဖော်ပြသွားခဲ့သည်။

ပါရာဂွန်တံတားအတွင်းရှိ တံတားဝိညာဉ်က ဘာမှမပြောသော်လည်း မန်ဟို့ကို စကားလုံးများဖြင့် ဖော်ပြမတတ်နိုင်အောင် ယုံကြည်လေးစားနေပြီဖြစ်သည်။ ၎င်းသည် သူ့ကို ကလန်ကဆန်မလုပ်တော့သည့်အပြင် သူ လက်ကို ဝှေ့ယမ်းလိုက်သည့်အခါ တံတားဝိညာဉ်က ဖြည်းညှင်းစွာ ပျောက်ကွယ်သွားတော့သည်။

ယခုတော့ ကြယ်တာရာကောင်းကင်ထဲတွင် ရေခဲထုကြီးသာ မျောလျက် ကျန်ခဲ့လေပြီ။ ထိုရေခဲထဲတွင် ဟန်ရှန်းနှင့် သူ့ဇနီး ရှိသည်။ သူတို့သည် ယခင်အတိုင်း တစ်ယောက်ကိုတစ်ယောက် မှီရင်း ထိုင်နေကြဆဲပင်။ တဖြေးဖြေး ရေခဲသည် အရည်ပျော်ကျစပြုလာ၏။ အမွှေးတိုင်တစ်တိုင်ထွန်းစာကြာသော် ဟန်ရှန်းမှာ တုန်ရီသွားပြီးနောက် မန်ဟို့ကို တွေတွေဝေဝေ မော့ကြည့်သည်။

ဟန်ရှန်း သူ့ကို ကြည့်လိုက်သည်နှင့် မန်ဟို့မျက်နှာပေါ်တွင် အပြုံးတစ်စ ဖြစ်ထွန်းလာသည်။ သူက လက်ယှက်ရင်း ခါးကိုင်းအရိုအသေပေးကာ ပြောလိုက်၏။ "အစ်ကိုကြီးဟန်ရှန်း ၊ အစ်ကိုကြီးရဲ့တောင်းဆိုမှုကို ဖြည့်ဆည်းပေးနိုင်ခဲ့ပါပြီ”

All Chapters