← Chapters

မျက်စိနဲ့ မြင်ရတာကို မယုံလိုက်နဲ့

Vol. 126 Ch. 1880

မျက်စိနဲ့ မြင်ရတာကို မယုံလိုက်နဲ့

Vol. 126 Ch. 1880

“ ဖောက်ခွဲပစ်ရမယ် ….”

အသင်း ၁ ကို မဆိုထားနှင့် ၊ ချိုးယွီလော့နှင့် နင်ချဲ့တို့ပင် စုန့်ကျင်းမင်၏ စကားကြောင့် အနည်းငယ် အံ့အားသင့်သွားခဲ့ကြသည်။

သူမတို့၏ အမြင်၌ ဤလူများကို သင်ခန်းစာ တစ်ခုပေးပြီး‌ နောင်တွင် ပြဿနာ ထပ်လာမရှာသရွေ့ အဆင်ပြေသည်။

သို့သော် ဤလူက တစ်ဖက်သူကို ဖောက်ခွဲ ပစ်ချင်နေလိမ့်မည်လို့ ထင်မှတ်မထားခဲ့ပေ။

“ ငါမင်းတို့ကို ဒီခေါ်လာခဲ့တာ အပန်းဖြေခရီး ထွက်ဖို့ မဟုတ်ဘူး … မင်းတို့ ဒီကို ဘာကြောင့်ရောက်လာတယ် … ဘာရည်ရွယ်ချက်နဲ့ ရောက်လာတယ်ဆိုတာ ရှင်းရှင်းလင်းလင်း သိနေဖို့ လိုတယ်…”

စုန့်ကျင်းမင်က လောင်ချာ သုံးလက်ကို သူတို့ သုံးယောက်ထံ ကမ်းပေးလိုက်ပြီး ဖြည်းညင်းစွာ ပြောလိုက်သည်။

“ သာမန်လူတွေက ဟွာရှရဲ့ ဂုဏ်ကျက်သရေပဲ … မင်းတို့က ဟွာရှရဲ့ သူလျှိုတွေ … ပြီးတော့ အရိပ်ဆိုလည်း ဟုတ်တယ်… တစ်ယောက်ယောက်ကတော့ ဒီ မကောင်းတဲ့ အလုပ်တွေကို လုပ်ပေးရမှာပဲ …”

စုန့်ကျင်းမင်သည် ဆေးလိပ်ကို လက်ညှိုးနှင့် လက်ခလယ်ကြား ညှပ်ထားပြီး အဝေးသို့ အပြေးနှင်နေသည့် ကားများထံ ညွှန်ပြလိုက်သည်။

“ အခု လုပ်တော့ … မင်းတို့ အချိန်ထပ်ဆွဲနေရင် သူတို့တွေ အဝေးရောက်ကုန်တော့မယ်…”

“ ဟုတ်ကဲ့ …”

ကျန်သူများအားလုံး ဘေးသို့ ကပ်ရပ်လိုက်ကြသည်။

အမျိုးသမီး သုံးယောက်က လောင်ချာသုံးလက်ကို ပခုံးတွင် ထမ်း၍ သေချာချိန်ရွယ်ပြီး အသီးသီး ပစ်ခတ်လိုက်ကြလေသည်။

ကျုံးဝေ့တပ်ဖွဲ့၏ ခေါင်းဆောင်တစ်ယောက် အနေဖြင့် လုပေချိန်သည် ကမ္ဘာကြီး၏ အခြေအနေကို သူ့လက်ဖမိုးကဲ့သို့ ကောင်းစွာ သိရှိနားလည်ထားသည်။ အနက်ရောင်မြွေ အဖွဲ့အစည်းက မည်သို့သော အဖွဲ့အစည်းဖြစ်ကြောင်းကိုလည်း နားလည်ထားပြီး လင်းရီထံတွင် ယုံကြည်ချက် အပြည့် ရှိထားလေသည်။

သို့သော် …. လင်းရီ တစ်ဦးတည်းက လုပေချိန်ကို ဤမစ်ရှင်အား သဘောတူလက်ခံစေဖို့ မလုံလောက်ပေ။ သို့ပေမယ့်လည်း အဆုံး၌ သဘောတူပြီး အနောက်မှနေ၍ အားပေးခဲ့ရခြင်း အကြောင်းအရင်းက စုန့်ကျင်းမင်မှာ သူ့ဘေးတွင် ရှိနေသောကြောင့် ဖြစ်သည်။

ဤကဲ့သို့ လူစားမျိုးက ကျောထောက်နောက်ခံ ပြုပေးနေမည် ဖြစ်ရာ စိုးရိမ်စရာ မည်သည့် ပြဿနာမျှ ရှိတော့မှာ မဟုတ်ပေ။

ဤသည်က အသင်းကို စုန့်ကျင်းမင်ထံမှ တစ်ချို့ အရာများ သင်ယူခွင့် ရရှိနိုင်စေလိမ့်မည်။ အဘယ်ကြောင့်ဆိုသော် တစ်ချို့သောအရာများက သူ သင်ပေးလို့ အဆင်မပြေချေ။ ထို့ကြောင့် စုန့်ကျင်းမင်က ဤသို့ ပြုလုပ်ရန်အတွက်ပိုပြီး သင့်လျော်သည်။

ယခု လက်ရှိကဲ့သို့ပင်။

ဘုန်း

ဘုန်း

ဘုန်း

မီးခိုးတန်းကြီး သုံးခုက အရှိန်နှင့် ပြေးထွက်သွားခဲ့ပြီး ယာဉ်သုံးစင်းထံသို့ တိကျမှန်ကန်စွာ ဆင်းသက်သွားခဲ့လေသည်။

ချက်ချင်းဆိုသလို မီးတောက်တို့က ကောင်းကင်သို့ ထောင်တက်လာခဲ့ပြီး ထူထဲသည့် မီးခိုးငွေ့တို့ ထွက်ပေါ်လာခဲ့၏။

အမျိုးသမီး သုံးယောက်မှာ သူတို့ကိုယ်သူတို့ စိတ်သက်သာ ရအောင် ပြုလုပ်သည့်နှယ် သက်ပြင်းမောကြီးများ ချလိုက်ကြသည်။

ယခုလို လုပ်ရပ်မျိုး ပြုလုပ်သည်က သူတို့အတွက် ပထမဆုံး အကြိမ်ပင်။

“ သွားစို့ …"

စုန့်ကျင်းမင် လက်ဝှေ့ယမ်းလိုက်ပြီး လူတိုင်းလည်း ကားထဲသို့ ဝင်ကာ ဘာရာဝီသို့ ဆက်လက် ခရီးဆက်ကြသည်။

“ ပင်းပင်း … နင် စောနတုန်းက ဘယ်လိုခံစားရလဲ …”

ကားထဲ၌ ကျန်းချောင်ယွဲ့က စိတ်လှုပ်ရှားသည့် အမူအရာဖြင့် မေးမြန်းလိုက်၏။

ရှောင်ပင်း အသက်ပြင်းပြင်း ရှူသွင်း၍ “ ငါ ပစ်ခတ်လိုက်တဲ့ အချိန်မှာ ငါ့ကိုယ်ငါ ကျုံးဝေ့တပ်ဖွဲ့ဝင်တစ်ယောက် မဟုတ်ဘူးလို့ ခံစားလိုက်ရတယ်…”

“ ဘာဖြစ်လို့လဲ …”

“ ငါ့ကိုယ်ငါ အဆင်အခြင်မဲ့ သတ်ချင်တိုင်း သတ်တဲ့ အကြောက်အရွံ့ကင်းတဲ့ ဓားပြတစ်ယောက်လိုမျိုး ခံစားမိတယ်…”

“ မဖြစ်နိုင်တာ … အဲ့တာက ဘယ်လိုခံစားချက်မျိုးမို့လို့ …” ကျန်းချောင်ယွဲ့ အမှန်တကယ် နားမလည်နိုင်ခဲ့ချေ။

“ တကယ်တော့ အဲ့တာက စုန့်ကျင်းမင် မင်းတို့ကို နားလည်စေချင်တဲ့ အရာပဲ …”

လင်းရီ ပြောလိုက်ပြီး “ ငါတို့အားလုံးက ကျုံးဝေ့တပ်ဖွဲ့ဝင်တွေဆိုပေမယ့် ငါတို့ကိုယ်ငါတို့ စိတ်ကောင်းနှလုံးကောင်းရှိတဲ့ အမှန်တရား ဘက်တော်သားတွေဆိုပြီး ခံယူထားလို့ မရဘူး …”

“ ဒါဆိုရင် ဘယ်လိုခံယူထားရမှာ …” ရှောင်ပင်း စကားအစ်ကြည့်လိုက်သည်။

“ ကိုယ့်ရည်မှန်းချက် ပြည့်ဝဖို့ ဘာမဆို လုပ်နိုင်တဲ့ လူစားမျိုးပေါ့ …”

နှစ်ယောက်လုံး ငြိမ်ကျသွားခဲ့ပြီး လင်းရီ၏ စကားကို လေးလေးနက်နက် တွေးတောဆင်ခြင်နေခဲ့ကြသည်။ ထိုအချိန်၌ သူတို့ကိုယ်တို့ ပိုပြီး ရှင်းရှင်းလင်းလင်း နားလည်သဘောပေါက်လာခဲ့ဩန်ပင်။ နာရီဝက်ကျော်ကြာအောင် မောင်းနှင်ပြီးသည့်နောက် ဘာရာဝီသို့ ရောက်ရှိလာခဲ့၏။

သို့သော် ဤနေရာသို့ ရောက်လာခဲ့ပြီးနောက်တွင် သူတို့ သတိထားမိလိုက်သည့် အရာကား ဤနေရာမှာ သူတို့စိတ်ကူးယဉ်ထားသည်ထက်ပင် ပို၍ တသီးတသန့် ဆန်နေသည်ကိုပင်။

ယိုယွင်းပျက်စီးပြီး လူမနေတော့သည့် အိမ်တို့က နေရာအနှံ့၌ မြင်တွေ့နေရကာ ဖုန်ထူသည့် လမ်းမထက်၌ ခြေဗလာနှင့် ကလေးငယ်တို့က သူတို့ကားသုံးစင်းကို အပြစ်ကင်းစင်သည့်၊ စူးစမ်းလိုသည့် မျက်ဝန်းတို့ဖြင့် ကြည့်နေခဲ့ကြသည်။

သူတို့ လက်ထဲတွင်တော့ ပေါင်မုန့်တစ်လုံးကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားလျက်ရှိ၏။

“ ဆိုတော့ ဒါက ဘာရာဝီပေါ့ …”

သူမရှေ့ရှိ မြင်ကွင်းကို ကြည့်ရင်း ယွီစီယင် သက်ပြင်းချလိုက်သည်။

အသင်း ၁ ရှိ ကျန်သူများလည်း ထို့အတူပင်။ ထိုအချိန်၌ သူတို့တွေ ကမ္ဘာကြီး၏ အခြားတစ်ဖက်ခြမ်းကို မြင်တွေ့သွားခဲ့ကြသည်။

စုန့်ကျင်းမင် ခေါင်းညိမ့်လိုက်၏။ “ လွန်ခဲ့တဲ့ ၁၀ နှစ်တုန်းကတော့ အခြေအနေက ဒီလို မဟုတ်သေးဘူး… ဒီထက်ပိုကောင်းတယ်… ဒါပေမယ့် နောက်ပိုင်းနှစ်တွေမှာ စပြီး ဆုတ်ယုတ်လာခဲ့တာပဲ …”

“ အနက်ရောင်မြွေက တကယ့်ကို စက်ဆုပ်ဖို့ကောင်းတယ်ဆိုပေမယ့် ဒီမှာ အပြစ်ကင်းတဲ့ နွမ်းပါးတဲ့ လူတွေလည်းရှိနေတယ်လေ… မိုးနတ်မင်းကြီးက တကယ် မမျှတတာပဲ …” ရှောင်ပင်း ပြောဆိုလိုက်သည်။

“ ဟက် ….”

စုန့်ကျင်းမင် သဘောကျစွာ ရယ်မော၍ “ ငါတို့တွေ ချမ်းသာပြီး အာဏာရှိချင်တယ်ဆိုတာ စည်းမျဉ်းတွေကို ချိုးဖောက်ချင်လို့ပဲ မဟုတ်ဘူးလား … မင်းတို့ကောင်တွေ ဆေးရုံသွားသလိုပေါ့ … မင်းတို့ကောင်တွေ စည်းကမ်းလိုက်နာပြီး တန်းစီဖူးတဲ့အချိန်များ ရှိလား …”

သူ့ စကားက လူတိုင်းကို အရှိုက်တည့်တည့် ထိမှန်သွားခဲ့သည်။

ချမ်းသာပြီး အာဏာရှိသည့် မိသားစုမှ ဆင်းသက်လာသူများဖြစ်၍ သူတို့ကိုယ်တိုင်ပင် သတိမထားမိဘဲ စည်းကမ်းတစ်ချို့ကို ဖောက်ဖျက်လျက်သား ဖြစ်နေခဲ့လေသည်။

“ ဒါက ကံကြမ္မာပဲ …” စုန့်ကျင်းမင် ပြောပြီးနောက် လမ်းဘေးတွင် ရှိနေသည့် အပြစ်ကင်းစင်ဟန်ရသည့် ကလေးသူငယ်များအား လက်ညှိုးထိုးပြလိုက်သည်။

“ သူတို့လက်ထဲမှာ ပေါင်မုန့်ကိုင်ထားတာနဲ့ပဲ အရူးလုပ်မခံရစေနဲ့ … နောက်တစ်ခဏမှာ စက်သေနတ်တွေနဲ့ ငါတို့ကို ကျည်ဆံစာ ကျွေးရင် ကျွေးနေမှာ … “

စုန့်ကျင်းမင်ရဲ့ စကားထဲရှိ အမှန်တရားကို အသိအမှတ်ပြုစွာဖြင့် လူတိုင်းမှာ တိတ်ဆိတ်သွားခဲ့ကြသည်။

“ မင်းတို့က ဟွာရှမှာ နေတာများလာတော့ အတွေးခံယူချက်တွေက မှားနေတာ … အသက်ဆိုတဲ့ အရာက … တကယ်တော့ ဘယ်လောက်မှလည်း တန်ကြေးမရှိပါဘူး …”

“ ကောင်းပြီ … စိတ်ပညာရှင်ကြီးလုပ်နေတာတွေ တော်လိုက်တော့ …” လင်းရီ ပြောလိုက်ပြီး “ ကျုပ်တို့ ဒီရောက်လာပြီဆိုမှတော့ အလုပ်ကိစ္စအာရုံစိုက်ကြတာပေါ့ … အနက်ရောင်မြွေရဲ့ အခြေစိုက်စခန်းက ဘယ်မှာ …”

“ ငါ့နောက်က လိုက်ခဲ့ …”

စုန့်ကျင်းမင် လူတိုင်းကို အတူတကွ စုစည်းလိုက်ပြီး မြေပုံတစ်ခု ဖြန့်ပြလာခဲ့ကာ ဝိုင်းထားသည့် အမှတ်အသားများသို့ ညွှန်ပြလိုက်၏။

“ ဒါက ဘာရာဝီရဲ့ မြေပုံပဲ … ဝိုင်းထားတဲ့ နေရာက အနက်ရောင်မြွေရဲ့ အခြေစိုက်စခန်းပဲ …”

“ ခေါင်းဆောင်က ဖောဆက်စ် … သူ့ကို သတ်တာက ငါတို့ရဲ့ သေသွားတဲ့ ရဲဘော်အတွက် လက်စားချေတယ်လို့ သတ်မှတ်လို့ရတယ်…”

“ ပစ်မှတ်က ရှင်းလင်းနေပြီဆိုမှတော့ အခုလှုပ်ရှားကြတာပေါ့ …” ချိုးယွီလော့ ပြောလိုက်သည်။

“ မလောသေးနဲ့ဦး …” စုန့်ကျင်းမင် ပြောလိုက်ပြီး “ မင်းတို့ရဲ့ ပစ်မှတ်က သူတို့ရဲ့ ရုံးချုပ်ကို သွားဖို့ မဟုတ်ဘူး … ရေဒီယို ဆက်သွယ်ရေးလှိုင်းကြိမ်နှုန်း ကို ရဖို့ပဲ …”

“ ရေဒီယို ဆက်သွယ်ရေးလှိုင်းကြိမ်နှုန်း ဟုတ်လား ..” ချိုးယွီလော့ မေးမြန်းလိုက်ပြီး “ သူတို့နဲ့ စကားပြောမလို့လား ..”

စုန့်ကျင်းမင် ခေါင်းညိမ့်လိုက်သည်။ “ မင်းတို့ အကုန်လုံးက အရည်အချင်းရှိတဲ့ တိုက်ခိုက်ရေးသမားတွေ .. ဒါပေမယ့် ငါတို့ဘက်မှာ အရေအတွက်ချင်းက မမျှဘူး … လက်နက်တွေနဲ့ဆိုရင်တောင် သူတို့ဆီ တည့်ကြီး ပြေးဝင်သွားလို့ကတော့ ဆွစ်ချိစ် ဖြစ်သွားမှာပဲ …”

“ ရှင်က ကျွန်မတို့ မလိုက်ခဲ့ဘူးပေါ့ ..” ရှောင်ပင်း မေးမြန်းလိုက်၏။

“ ငါက A အဆင့် ဟုတ်တယ်… ဒါပေမယ့် ကျည်ဆံတွေကိုတော့ မရှောင်နိုင်ဘူး …” စုန့်ကျင်းမင် တုံ့ပြန်ပြောလိုက်ပြီး “ ဆိုတော့ မင်းတို့တွေ သူတို့ လူတစ်ယောက်ကို ဖမ်းပြီး ရေဒီယို ဆက်သွယ်ရေးလှိုင်းရဲ့ ဝှက်စာကို သိပြီဆိုတာနဲ့ ကျန်တာ ငါနဲ့ လွှဲထားလိုက်တော့ …”

စုန့်ကျင်းမင် မြေပုံပေါ်ရှိ တစ်နေရာအား ထောက်ပြလိုက်သည်။

“ အနောက်တောင်ဘက်ကနေ စပြီး လှုပ်ရှား … အဲ့မှာ ကင်းတပ်စခန်း တစ်ခုရှိတယ်… သူ့ကို ဖမ်း … ဝှက်စာကိုယူ … ပြီးရင် မင်းတို့ရဲ့ အလုပ်ပြီးပြီ …”

“ နားလည်ပြီ …” လင်းရီ ပြောပြီးနောက် ကျန်သူများ ဘက်သို့လှည့်ကာ ပစ္စည်းများအား စုစည်း၍ မစ်ရှင်အတွက် အဆင်သင့်လုပ်ရန် ပြောလိုက်သည်။

ဆယ်မိနစ်ကြာပြီးနောက် အုပ်စုမှာ အနောက်တောင်ဘက်ရှိ အနက်ရောင်မြွေ၏ ကင်းတပ်စခန်းထဲသို့ ထိုးဖောက်ဝင်ရောက်ရန် အဆင်သင့် ဖြစ်နေချေပြီ။

အကွာအဝေးက သုံးကီလိုမီတာပင် မရှိသဖြင့် သူတို့အတွက် စိန်ခေါ်မှု များများစားစားတော့ သိပ်မရှိပေ။ ပထမ တစ်ကီလိုမီတာက မြို့ပြင်ဘက်ခြမ်းတွင် ရှိသဖြင့် နည်းပါးသည့် ခလုတ်ကန်သင်းတို့ဖြင့် ရောက်ရှိဖို့ လွယ်ကူသည်။

မလိုလားအပ်သည့် ပြဿနာများကို ရှောင်ကြဉ်ရန်အတွက် လင်းရီနှင့် ကျန်သူများမှာ လမ်း၌ အခြားလူများနှင့် ဆုံတွေ့လျှင်ပင် သူတို့ မည်သူမည်ဝါဖြစ်ကြောင်း မဖော်ထုတ်ခဲ့ပေ။

အကယ်၍ ယခုအချိန်၌ ပစ်ခတ်မှု ဖြစ်ပွားခဲ့မည်ဆိုပါက သူတို့ ရှိနေသည့် နေရာမှာ ဖော်ထုတ်ခံလိုက်ရမည်ဖြစ်၏။ သူတို့ ဂရုစိုက်ဖို့ လိုသည်။

“ ချီးပဲ … ငါ ဒီလူတွေကို သတ်ချင်နေတာ လက်အတော်ယားနေပြီ …” စွေ့ချန် ဒေါသတကြီးနှင့် ကျိန်ဆဲလိုက်သည်။

အနက်ရောင်မြွေအဖွဲ့၏ ယူနီဖောင်းကို မြင်တော့ လူတိုင်းမှာ ပနားမားရှိ ဖြစ်ရပ်များအား ပြန်ပြောင်း အောက်မေ့သွားခဲ့ကြ၏။ အကန့်အသတ်မဲ့သည့် အမုန်းတရားနှင့် ဒေါသတရားတို့က သူတို့ နှလုံးသားကို ဖြည်းဖြည်းချင်း လောင်ကျွမ်းလာခဲ့သည်။

“ စိတ်ငြိမ်ငြိမ်ထား …” လင်းရီ အသံနိမ့်ပြီး ပြောလိုက်သည်။

“ အခုက လက်စားချေရမယ့် အချိန်မဟုတ်သေးဘူး … မဟုတ်ရင် ပနားမား ဖြစ်ရပ်လိုမျိုး နောက်တစ်ကျော့ပြန်လာလိမ့်မယ်… ဝှက်စာကို ရပြီးတာနဲ့ လက်စားချေဖို့ အချိန်ကျပြီ ..”

All Chapters