အမာခံနယ်မြေသို့ ကျူးကျော်လာခြင်း
Vol. 126 Ch. 1881
လင်းရီ မြေပုံကို ယူ၍ လေးဘက်လေးလံ သေချာကြည့်ရှုလိုက်သည်။
“ အခုကစပြီးတော့ ငါတို့ ခွဲပြီး လှုပ်ရှားကြမယ်… ရှောင်ပင်း ၊ ကျန်းချောင်ယွဲ့ နဲ့ ကျောက်ယွင်ဟူက ငါနဲ့ တစ်သင်း …. စွေ့ချန် နဲ့ လော့ချီ … မင်းတို့က နင်ချဲ့နောက်လိုက်သွားလိုက် … ချိုးယွီလော့ … မင်းကတော့ ယွီစီယင်နဲ့ ရှောင်ကျန်းဖုန်းကို ခေါ်သွားလိုက် … သုံးအုပ်စု၊ သုံးလမ်းခွဲပြီး အချိန်ပြည့် အဆက်အသွယ် မပြတ်မစေနဲ့ … မဟုတ်ရင် ပစ်မှတ်ကို လှုပ်ရှားလို့ အဆင်ပြေမှာ မဟုတ်ဘူး …"
“ ကောင်းပြီ …”
လင်းရီ သူတို့အား စီစဉ်ပေးပြီးနောက် ချိုးယွီလော့နှင့် နင်ချဲ့တို့က သူတို့အသင်းကိုယ်စီနှင့် ထွက်ခွာသွားခဲ့ကာ သူလည်း ကျန်သုံးယောက်ကို ခေါ်ပြီး ရှေ့သို့ ဦးတည်သွားခဲ့၏။
အမှောင်ထုက ဖြည်းဖြည်းချင်း ဆင်းသက်လာခဲ့ပြီး လင်းရီနှင့် ကျန်သူများ လှုပ်ရှားနိုင်ရန် ပိုပြီး အဆင်ပြေအောင် ပြုလုပ်ပေးနေသည်။
လမ်းတစ်လျှောက်တွင် လင်းရီ စုစုပေါင်း လူသုံးအုပ်စုနှင့် ကြုံတွေ့ခဲ့ရ၏။ သို့သော် တစ်အုပ်စုချင်းစီကို ဂရုတစိုက်နှင့် ရှောင်ကွင်းလာခဲ့ကာ တိုက်ရိုက် အပြန်အလှန် ထိတွေ့ပစ်ခတ်မှုတို့ မဖြစ်ပေါ်ခဲ့ချေ။
ဤနည်းလမ်းဖြင့် သူတို့တွေ အနက်ရောင်မြွေ၏ အာရုံစူးစိုက်မှုကို ပြီးပြည့်စုံစွာ ရှောင်တိမ်းနိုင်ခဲ့ကြသည်။
ကင်းစခန်း၏ နောက်ဆုံးကီလိုမီတာတွင် လမ်းကျဉ်းလေး တစ်ခုသာလျှင် ရှိနေသည်။
လမ်းအဆုံးတွင် အနက်ရောင်မြွေ အဖွဲ့ဝင် သုံးဦးက မတူညီသည့် ဦးတည်ရာဘက်ခြမ်းများသို့ စောင့်ကြပ်နေကာ အလားအလာရှိသည့် ကျူးကျော်ဝင်ရောက်မှုများအားလုံးကို တုံ့ပြန်ရန် အဆင်သင့် ဖြစ်နေခဲ့ကြသည်။
မြေပုံအရ … သူတို့တွေ ရန်သူ့ပိုက်နက်၏ နက်ရှိုင်းသောနေရာဘက်ခြမ်းသို့ ရောက်ရှိနေချေပြီ။ ထို့ကြောင့် အကာအကွယ်တို့ကလည်း သိသိသာသာ တင်းကြပ်လာခဲ့၏။
“ အစ်ကိုရီ … ကျွန်မတို့တွေ ဒီတစ်ခါတော့ ထိပ်တိုက်ရင်ဆိုင်မှာကို ရှောင်လွှဲလို့ မရတော့တဲ့ပုံပဲ …” ရှောင်ပင်း ပြောလိုက်ပြီး “ ဒီလူတွေကို အပြင် ခေါ်မထုတ်သွားရင် ရှေ့ဆက်တက်ဖို့ဆိုတာ ခက်ခဲနိုင်တယ်…”
လင်းရီ ပတ်ဝန်းကျင်ကို လေ့လာအကဲခတ်ကြည့်လိုက်သည်။
“ ငါ တည်ကြက်လုပ်ပြီး ဒီကောင်တွေကို မျှားခေါ်သွားပေးမယ်… မင်းတို့က အထဲဝင်ပြီး သူတို့လူတစ်ယောက်ကို ဖမ်းလိုက် … သူတို့ရဲ့ ရေဒီယိုဆက်သွယ်လိုင်းကို ရအောင်ယူ .. တကယ်လို့ မသိဘူးဆိုရင် မြန်မြန်နဲ့ တိတ်တိတ်လေး ရှင်းလိုက် … သေနတ်တော့ မသုံးနဲ့ …”
မစ်ရှင်၏ အဓိက ပစ်မှတ်က အနက်ရောင်မြွေ အဖွဲ့အစည်း၏ ရေဒီယို ဆက်သွယ်ရေးလှိုင်း ဝှက်စာကို ရရှိဖို့ ဖြစ်ပြီး အပြန်အလှန် ပစ်ခတ်တိုက်ခိုက်ဖို့ မဟုတ်ချေ။
ရရှိနိုင်သည့် အခွင့်အရေးအားလုံးကို အရယူသည်က ဖြစ်လာနိုင်သည့် အန္တရာယ် အလားအလာကို ကြီးစွာ လျှော့ချပေးသွားနိုင်သည်။
“ နားလည်ပြီ …”
လင်းရီသည် အရှေ့သို့ တွားသွားတက်သွားခဲ့ပြီး အစောင့်သုံးယောက် ကြည့်မနေသည်ကို အခွင့်ကောင်းယူ၍ လမ်းတစ်ဖက်ခြမ်းသို့ လှိမ့်သွားလိုက်၏။
ထိုစဉ် ရှောင်ပင်းနှင့် ကျန်သူများက လမ်းအဆုံးသို့ ဂရုတစိုက်နှင့် ဦးတည်နေကာ အနက်ရောင်မြွေ အဖွဲ့သားများနှင့် ဆယ်မီတာခန့်သာ ဝေးကွာတော့၏။
အရာအားလုံး အဆင်သင့်ဖြစ်သည်နှင့် လင်းရီ ကျောက်တုံး တစ်တုံး ကောက်ယူကာ ကားမှန်ပြတင်းပေါက်ကို ပေါက်ခွဲပစ်လိုက်ပြီး ကျယ်လောင်သည့် ဆူညံသံများအား ဖန်တီးလိုက်၏။
ရုတ်ချည်းထွက်ပေါ်လာသည့် အသံက အနက်ရောင်မြွေအဖွဲ့အသားများကို နိုးနိုးကြားကြား ဖြစ်သွားစေခဲ့လေသည်။
သူတို့အားလုံး လက်နက်များအား ပင့်မြှောက်၍ အသံပေါ်ထွက်လာသည့် ဦးတည်ရာဘက်ခြမ်းသို့ ချက်ချင်း ချိန်ရွယ်လိုက်ကြ၏။
“ ဟက်ခ် … ဘာတွေဖြစ်နေတာလဲ မင်းသွားပြီး ကြည့်စမ်း …”
အနက်ရောင် နေကာမျက်မှန်နှင့် အမျိုးသားက ခေါင်းညိမ့်လိုက်ပြီး အသံထွက်ပေါ်လာရာဘက်သို့ သူ၏ သေနတ်ဖြင့် လျှောက်လှမ်းလာခဲ့သည်။
သူ၏ ခြေလှမ်းများမှတဆင့် ဤလူ ပေါ့တန်တန် ရှိနေကြောင်းကို တပ်အပ်ပြော၍ ရလေသည်။ သူ့ကိုယ်သူ ဈေးဝယ်ထွက်နေသကဲ့သို့ တည်ငြိမ်ပြီး အေးအေးဆေးဆေးလေး ဖြစ်နေခဲ့သည်။
သူတို့ အမြင်၌ ဤသည်က သူတို့၏ အခြေစိုက်စခန်းဖြစ်၏။ မည်သူကမျှ ဤနေရာတွင် ပြဿနာ လာရှာဝံ့ကြမှာ မဟုတ်ချေ။
ဟက်ခ် လျှောက်လှမ်းလာရင်း လင်းရီ ပုန်းနေသည့် နေရာဘက်ခြမ်းသို့ ရောက်ရှိလာသည်။
လမ်းကွေ့နားလေးသို့ ရောက်သောအခါ အကျင့်အလျောက် သေနတ်ကို သေချာကိုင်၍ အခြေအနေကို စစ်ဆေးကြည့်ရှုရန် ဟန်ပြင်လိုက်သည်။
စက္ကန့်အနည်းငယ်ကြာပြီးနောက် ကားအရှေ့သို့ ရောက်ရှိလာခဲ့ပြီး ကားမှန်က အပိုင်းအပိုင်းအစစ ဖြစ်နေသည်ကို သတိပြုမိလိုက်လေသည်။ မနေနိုင်ဘဲ သူ့စိတ်ထဲ၌ သံသယ များလာခဲ့ရ၏။
ပုံစံကြည့်ရသည်မှာ မတော်တဆ ဖြစ်သွားခဲ့ဟန်တော့ မတူပေ။ တစ်စုံတစ်ယောက်က ရည်ရွယ်ချက်ရှိရှိ ပြုလုပ်ခဲ့ဟန်ရသည်။
ထိုအချိန်မှာပဲ လင်းရီ ခုန်အုပ်လာခဲ့၏။ ဟက်ခ် လျင်မြန်စွာ တုံ့ပြန်၍ တစ်ဖက်သို့ လှည့်လိုက်သော်လည်း ခြေတစ်လှမ်း နောက်ကျသွားခဲ့သည်။
သူ အော်ဟစ်တော့မည့် အချိန်မှာပဲ လင်းရီက သူ့ပါးစပ်ကို အုပ်ထားကာ အခြားလက်တစ်ဖက်ဖြင့် လည်မျိုကို လှုပ်ခါပစ်လိုက်၏။
တစ်ဖက်သူကို ရှင်းလင်းပြီးနောက် အလောင်းကို ကားအောက်သို့ ဝှက်ထားလိုက်သည်။
တစ်ချိန်တည်းတွင် လမ်းအဆုံး၌ စောင့်ကြပ်နေသည့် အစောင့်နှစ်ယောက်က တစ်ခုခု မှားယွင်းနေသည်ကို သတိပြုမိလိုက်လေသည်။
“ ဘာလဲကွာ … ဟက်ခ် ဒီကောင်ကြာလှချည်လားဟ …”
“ ထူးတော့ထူးဆန်းတယ်… ငါတို့ တစ်ချက်သွားကြည့်ကြမလား …”
ဆွေးနွေးပြီးနောက် သူတို့နှစ်ဦးလည်း လင်းရီ ရှိနေသည့် နေရာသို့ ရောက်လာခဲ့ကြသည်။
ဟက်ခ်နှင့် ယှဉ်ပါက သူတို့နှစ်ယောက်မှာ ပိုပြီး လေးလေးနက်နက် ရှိနေသည့်ပုံပေါ်သည်။ သူတို့၏ ခြေလှမ်းတိုင်းကို ပေါ့တီးပေါ့ဆ မလုပ်ဝံ့ဘဲ ဂရုတစိုက်နှင့် လျှောက်လှမ်းနေကြ၏။
ဤသည်မှတဆင့် အနက်ရောင်မြွေ၏ လူများ မည်မျှ ကောင်းမွန်စွာ လေ့ကျင့်ပေးထားခြင်း ခံရကြောင်းကို ရှင်းလင်းစွာ မြင်တွေ့နိုင်လေသည်။
“ တစ်ယောက်ယောက်များ ငါတို့ဆီ လက်စားလာချေတာ ဖြစ်နိုင်မလား …” သူတို့အနက် တစ်ယောက်က တီးတိုးပြောလိုက်သည်။
“ လက်စားချေတယ်ဆိုတာ ဘာကို ပြောချင်တာ …’
“ ချီပိုပါမှာ ငါတို့ရဲ့ စစ်ဆင်ရေး ကျရှုံးသွားတယ်လေ… ပါဝင်ပတ်သက်တဲ့ လူတွေ အကုန်လုံးလည်း သတ်ခံလိုက်ရတယ်… အဲ့လူတွေ တံခါးလာခေါက်မှာကို ငါစိုးရိမ်နေတာ …”
“ မင်း လာနောက်နေတာလား … ဒါ ငါတို့ရဲ့ အခြေစိုက်စခန်း … ငါတို့ရဲ့ ပိုင်နက် … ဘယ်ကောင်ပဲ လာလာ ငါတို့ အနိုင်ယူနိုင်တယ်…”
တဖက်လူလည်း တွေးတောကြည့်လိုက်ပြီး သူ့ အဖော်ပြောသည်က ယုတ္တိရှိသည်ဟု ခံစားလိုက်ရ၏။
ဘာရာဝီ၏ ဗဟိုဧရိယာတွင် လူအယောက် ၃၀၀ ကျော်ရှိသည်။
တစ်ဖက်လူက မည်သို့သောသူပင် ဖြစ်နေစေကာမူ ဤနေရာကို ချေမှုန်းဖို့ဆိုသည်မှာ မည်သို့မျှ မဖြစ်နိုင်ဟု သူ ယုံကြည်လိုက်၏။
ထိုအချိန်မှာပဲ အစောင့်နှစ်ယောက်မှာ ရုတ်ချည်းဆိုသလို သူတို့လည်ပင်းများ တင်းကြပ်သွားသည်ကို ခံစားမိလိုက်လေသည်။
ကျန်းချောင်ယွဲ့နှင့် ကျန်းယွင်ဟူက အနောက်ကနေ သူတို့ ပါးစပ်များကို တင်းကြပ်စွာ အုပ်ထား၍ အနီးနားရှိ အပျက်အစီးနေရာတစ်ခုသို့ ခေါ်ဆောင်သွားခဲ့သည်။
ရှောင်ပင်း ဓားထုတ်၍ အစောင့်တစ်ယောက်၏ လည်ပင်းထံ ထောက်ထားလိုက်၏။
“ မင်းတို့ရဲ့ ရေဒီယိုလှိုင်းဝှက်စာက ဘယ်လောက်လဲ … ငါ့ကို ထပ်မေးရအောင် မလုပ်နဲ့ … ပြောစမ်း …”
အစောင့်နှစ်ဦးမှာ ကြောက်လန့်တုန်လှုပ်စွာဖြင့် သူတို့ခေါင်းကို တွင်တွင်ခါယမ်းမိသွားကြသည်။ ဝှက်စာက ဘာလဲဆိုတာ သူတို့ မသိကြပေ။
တုံ့ဆိုင်းခြင်း မရှိပါဘဲ ရှောင်ပင်း သူတို့အနက် တစ်ဦးကို ဓားဖြင့်ထိုးသွင်းလိုက်၏။
“ မပြောသေးဘူးလား …”
အု …..
အစောင့်မှာ နာကျင်စွာ ညည်းညူမိသွားခဲ့ပြီး သွေးစက်တို့က မြေပြင်သို့ စီးကျလာခဲ့သည်။
သို့သော်လည်းပဲ ပါးစပ်စို့ခံထားရသောကြောင့် သူတို့ အသံတစ်သံမျှပင် မထွက်နိုင်ကြချေ။
စုန့်ကျင်းမင်၏ ရက်စက်ကြမ်းကြုတ်သည့် နည်းလမ်းများဖြင့် လှုံ့ဆော်ခံရပြီးနောက် ရှောင်ပင်းသည် ပို၍ တိကျပြတ်သားလာခဲ့ကာ အညှာတာ ကင်းမဲ့လာခဲ့သည်။
“ အူး အူး အူး ….”
အစေင့်နှစ်ယောက်မှာ ခေါင်းကို ခါယမ်းမြဲဖြစ်ပြီး သူတို့ ဘာတွေ ပြောနေလဲဆိုတာကို ရှောင်ပင်းတို့လည်း နားမလည်ပေ။
“ ရှင်းလိုက်တော့ …” ရှောင်ပင်း အမိန့်ပေးလိုက်သည်။
ကျန်းရှောင်ယွဲ့နှင့် ကျောက်ယွင်ဟူတို့ ပြိုင်တူ လှုပ်ရှားလိုက်ကြပြီး အစောင့်များအား လွတ်မြောက်ရန် အခွင့်အရေး လုံးဝ မပေးပေ။
အစောင့်များအား ကိုင်တွယ်ပြီးနောက် သုံးယောက်မှာ လင်းရီကို ရှာဖွေ၍ လူပြန်စုကြ၏။
“ အခြေအနေ ဘယ်လိုလဲ …” လင်းရီ မေးမြန်းလိုက်၏။
ရှောင်ပင်း ခေါင်းယမ်းပြလိုက်သည်။ “ ဝှက်စာက အတော်လေး အရေးကြီးတဲ့ သတင်းအချက်အလက် ဖြစ်ရမယ်… သူတို့လို အစောင့်တွေက ဘာမှ မသိကြဘူး …”
လင်းရီ ခေါင်းညိမ့်လိုက်သည်။ “ သွားစို့ … ရှေ့ဆက်တက်ကြမယ်…”
ဤတစ်ကြိမ်တွင်တော့ သူတို့ သွားနေသည့် အမြန်နှုန်းကို မြင့်တင်လိုက်ကြသည်။
အကယ်၍ ဤနေရာရှိ အခြေအနေကို ရှာတွေ့သွားခဲ့မည်ဆိုပါက တစ်ဖက်သူကို လွယ်လင့်တကူ တပ်လှန့်စေသွားနိုင်သည်။ ထို့ကြောင့် ပစ်မှတ်နေရာသို့ မြန်နိုင်သမျှ မြန်မြန် သွားရောက်ဖို့ လိုအပ်၏။
အစောင့်သုံးဦးကို ဖြေရှင်းပြီးနောက် လင်းရီနှင့် ကျန်သူများက ည အမှောင်ကို အခွင့်ကောင်းယူကာ ပစ်မှတ်နေရာသို့ လျှင်မြန်စွာ ဦးတည်ရွေ့လျားလာခဲ့သည်။
Sizzle Sizzle …
ထိုအချိန်၌ ဝေါ်ကီတော်ကီထံမှ အသံတစ်ခု ထွက်ပေါ်လာသည်။
“ ဒီနေရာမှာ အကာအကွယ်တွေက အရမ်းတင်းကြပ်ထားတယ်… ခိုးဝင်မယ်ဆိုရင် အတော်လေး ခက်ခဲမှာ … “ နင်ချဲ့ ပြောလာခဲ့သည်။ “ ဒါကြောင့်မို့ ငါ လော့ချီနဲ့ ဆွေးနွေးလိုက်တာ ငါတို့ကိုယ်ငါတို့ ရန်သူတွေရဲ့ ပစ်ခတ်အားကို မျှားထုတ်ဖို့အတွက် ငါတို့ကိုယ်ငါတို့ ငါးစာလုပ်လိုက်မယ်… နင်တို့နှစ်သင်းက တိုက်ခိုက်ဖို့ တာဝန်ယူရမယ်…”
စက္ကန့်အနည်းငယ်ကြာအောင် တိတ်ဆိတ်သွားခဲ့ပြီးနောက် လင်းရီ အသံကို နိမ့်ပြီး ပြောလိုက်သည်။
“ ကိုယ့်ကိုယ်ကို ဂရုစိုက်ဖို့ မမေ့နဲ့ … လွဲမှားချော်မှား မရှိစေနဲ့ …”
“ နားလည်ပြီ… နင်တို့လည်း ဂရုစိုက်ကြ …”
သူမ စကားဆုံးသည်နှင့် အကွာအဝေးတစ်နေရာမှ သေနတ်ပစ်ခတ်သံများ ထွက်ပေါ်လာသည်ကို လင်းရီ ကြားလိုက်ရသည်။ နင်ချဲ့တို့ဘက်က စတင် လှုပ်ရှားနေပြီ ဖြစ်၏။
“ အကာအကွယ်ယူ …”
နင်ချဲ့က သူမကိုယ်သူမ ငါးစာအဖြစ် ပြုလုပ်၍ ဧရာမ ရုန်းရင်းဆန်ခတ်ကြီး တစ်ခုကို ဖြစ်ပေါ်လာစေသည်။ အနက်ရောင်မြွေဘက်က ဤနေရာသို့ လူများ စေလွှတ်လာမည်မှာ ကျိန်းသေပေါက်ပင်။ ယခုအချိန်၌ လှုပ်ရှားဖို့ ရွေးချယ်သည်က ကောင်းမွန်သည့် ဆုံးဖြတ်ချက်တော့ ဟုတ်မနေချေ။
မကြာမီ ပတ်ပတ်လည် ပတ်ဝန်းကျင်ထံမှ ပစ်ခတ်သံများ ထွက်ပေါ်လာခဲ့ပြီး အနက်ရောင်မြွေဘက်ကလည်း စတင်လှုပ်ရှားနေပြီ ဖြစ်သည်။
နောက်ဆယ်မိနစ်ကျော် ကြာသည်အထိ နှစ်ဘက် အပြန်အလှန် ပစ်ခတ်သံတို့က စဲမသွားဘဲ မကြာခဏဆိုသလို ဆက်တိုက်ထွက်ပေါ်နေသည်။
လင်းရီ လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ထားပြီး နှလုံးက လည်ချောင်းဝမှနေ၍ ခုန်ပေါ်ထွက်လာလုမတတ် ဖြစ်နေသည်။
နင်ချဲ့ တစ်ခုခု ဖြစ်သွားလို့ လုံးဝ မရပေ။