← Chapters

သူတို့ကို ဖောက်ခွဲပစ်လိုက်

Vol. 126 Ch. 1879

သူတို့ကို ဖောက်ခွဲပစ်လိုက်

Vol. 126 Ch. 1879

ပြောရင်းဖြင့် စုန့်ကျင်းမင်သည် သူ၏ လက်ပတ်ကို လှမ်းပစ်ပေးလိုက်ကာ ခေါင်းဆောင်ဖြစ်သူက ဖမ်းယူလိုက်၏။

လက်ပတ်ကို မြင်တွေ့သွားသည့်အချိန်၌ ခေါင်းဆောင်၏ မျက်ဝန်းတို့မှာ ပြူးကျယ်သွားခဲ့ပြီး ကျယ်လောင်စွာ အော်ဟစ်လိုက်၏။

“ အကုန် သေနတ်တွေ အောက်ချ ….”

လူနှစ်ဆယ်ကျော်မှာ သေနတ်များကို ပြန်လည် အောက်စိုက်လိုက်ကြသည်။ အုပ်စုခေါင်းဆောင်က စုန့်ကျင်းမင်ထံ လျှောက်လှမ်းလာပြီး “ မင်းတို့ ရှာဖွေခံဖို့ မလိုဘူး … ဘာလိုချင်လဲပဲ ပြော … ငါတို့မှာ ရှိသရွေ့ ပံ့ပိုးပေးလို့ရတယ်…"

“ ဟက်ဆန် ဘယ်မှာလဲ … ငါတို့က ပစ္စည်းတွေအများကြီး ဝယ်ဖို့လာခဲ့တာ … မင်း သူ့ကိုယ်စား ဆုံးဖြတ်ချက် ချနိုင်လို့လား …”

“ ခေါင်းဆောင်က ဒီမှာ မရှိဘူး .. ကျုပ်က ဒီမှာ အချိန်တစ်ခုအထိ တာဝန်ခံပဲ …”

“ ဒါဆိုလည်း ပြီးတာပဲ …” စုန့်ကျင်းမင်း ပြောလိုက်ပြီး “ ငါတို့ လက်နက်တွေ လိုတယ်… ကြည့်ဖို့ ခေါ်သွားပေး …”

“ ကောင်းပြီ … ကျေးဇူးပြုပြီး နောက်က လိုက်ခဲ့ပေးပါ …”

လူတိုင်း ကားထဲသို့ ပြန်ဝင်လိုက်ကြ၏။ ဆယ်မိနစ်ကျော်ကြာအောင် မောင်းနှင်ပြီးနောက် ကြီးမားသည့် မြေအောက်ကုန်လှောင်ရုံကြီး တစ်ခုထံသို့ ရောက်လို့လာသည်။

အကုန်လုံးက အဆင့်မြင့် လက်နက်များဖြစ်ကြပြီး ဈေးကွက်တွင် ဝယ်၍ရသည့် လက်နက်များအားလုံး ဤနေရာ၌ ရှိနေခဲ့သည်။

ရော့ကတ်နှင့် စက်သေနတ်များပင် ရှိလိုက်သေး၏။

“ သင့်လျော်မယ်ထင်တာ ရွေးကြ … များများပြင်ဆင်ထားတာ အကောင်းဆုံးပဲ .. နောင်ကျ အသုံးလိုလာနိုင်တယ်…” စုန့်ကျင်းမင် ပြောလိုက်သည်။

နောက်တစ်နာရီကျော်ကြာသည့်တိုင်အောင် လင်းရီနှင့် ကျန်သူများမှာ ငြိမ်ငြိမ်ထိုင်မနေကြဘဲ လက်နက်တော်တော်များများအား ရွေးချယ်လိုက်ကြသည်။

စုန့်ကျင်းမင်က သူ့ကိုယ်သူ ကာကွယ်ရန် သင့်လျော်မည့် လက်ကိုင်သေနတ်နှစ်လက်ကို ရွေးချယ်လိုက်၏။

လူတိုင်း မိမိတို့၏ ကိုယ်စီ လက်နက်များကို ရွေးချယ်ပြီးသည်နှင့် ထရပ်နောက်သို့ တင်လိုက်ကာ သုံးစင်းလုံးအား ပြည့်နှက်သွားခဲ့စေသည်။

ကုန်ကျစရိတ်ကတော့ စုစုပေါင်း ဒေါ်လာ ၇ သန်းပင်။

ပြင်ဆင်လို့ ပြီးသည်နှင့် အုပ်စုမှာ သူတို့၏ ဘာရာဝီသို့ ခရီးစဉ်ကို စတင်လိုက်ကြသည်။

မိနစ် အနည်းငယ်ကြာပြီးနောက် မြို့ပြင်သို့ ရောက်လာကြလေသည်။

သို့သော် သူတို့ အေးဆေးလေးသာ မောင်းနှင်ခဲ့ကြ၏။ ကားက ၇၀ သို့ နင်းလိုက်သည်နှင့် ထူးထူးဆန်းဆန်း အသံတို့ ပြုလာကာ လင်းရီကို အတော်လေး ဒေါသထွက်အောင် ပြုလုပ်နေခဲ့လေသည်။

နာရီဝက်ကျော်ကြာအောင် သူတို့ယာဉ်တန်းမှာ ပုံမှန်လေးပဲ မောင်းနှင်နေခဲ့ကြသည်။

ဝါကျင့်ကျင့် သဲကုန်းမြေများနှင့် ကျိုးတို့ကျဲတဲ ပေါက်ရောက်နေသည့် အစိမ်းရောင် သစ်ပင်များအား ဖြတ်ကျော် မောင်းနှင်ရင်း လမ်းခရီးတစ်လျှောက် တသီးတသန့်ဆန်ပြီး စွန့်ပစ် နေရာတစ်ခုအား လှည့်ပတ်သွားလာနေသည့်သယောင် ခံစားလာခဲ့ရသည်။

ကလင် ကလင် ကလင် ..

ဘာရာဝီထံသို့ အေးအေးဆေးဆေး ဦးတည်နေစဉ် လင်းရီ၏ ဖုန်းသံ မြည်ဟည်းလာသည်။

“ အစ်ကိုရီ … အစ်မနင် ခေါ်နေတာပဲ …”

ခရီးသည်ထိုင်ခုံတွင် ထိုင်နေသည့် ကျန်းချောင်ယွဲ့က ပြောလိုက်၏။

“ ကိုင်လိုက်လေ .. ပြီးရင် ဘာလိုလဲ မေးလိုက် …”

ကျန်းချောင်ယွဲ့ ခေါင်းညိမ့်လိုက်ပြီး ဖုန်းကိုင်လိက်သည်။

“ အစ်မနင် … ဘာကိစ္စလဲ … အစ်ကိုရီက ကားမောင်းနေလို့ …"

“ သူ့ကို အရှိန်လျှော့ဖို့ ပြောလိုက် … ကြည့်ရတာ ငါတို့နောက်ကို တစ်ယောက်ယောက် နောင်ယောင်ခံလိုက်နေတဲ့ပုံပဲ …”

“ နောက်ယောင်ခံလိုက်တာလား …”

သူတို့ကားက အလယ်မှာ ဖြစ်သောကြောင့် လင်းရီသည် အခြားအရာများအား ထွေထူး အာရုံထားမနေခဲ့ချေ။

နေရာကို ချိန်ညှိပြီး လမ်းညာဘက်ခြမ်းသို့ ရွေ့လိုက်သောအခါ အမှန်ပင် သူတို့အနောက်မှ လိုက်လာနေဟန်ရှိသည့် ကားအစင်း အနည်းငယ်အား မြင်တွေ့လိုက်ရသည်။

လမ်းတစ်လျှောက် မည်သည့် ယာဉ်ကိုမျှ မတွေ့ခဲ့ရသည့် အချက်ကို ထောက်ရှုကြည့်မည်ဆိုပါက ယခုကဲ့သို့ ရုတ်ချည်း ထွက်ပေါ်လာသည့် ယာဉ်တို့မှာ အတော်လေး သံသယ ဖြစ်ချင်စရာကောင်းလှသည်။

“ စိတ်ဝင်စားစရာပဲ … တစ်စုံတစ်ယောက်က ငါတို့ကို ပစ်မှတ်လေ့ကျင့်ဖို့ လုပ်အားပေးလို့ပါလား … ကြည့်ရတာ မလှုပ်ရှားခင် သွေးပူလေ့ကျင့်ခန်းတစ်ချို့ လုပ်စေချင်နေတဲ့ပုံပဲ …” လင်းရီ အူမြူးသွားခဲ့၏။

သူ့ဘာသူ ရေရွတ်ပြီးနောက် လင်းရီ ဖုန်းသို့ ပြောလိုက်သည်။

“ စုန့်ကျင်းမင်ကို အရှိန်လျော့ပြီး နောက်မှာ ဘာတွေဖြစ်နေလဲ ကြည့်ခိုင်းလိုက် …"

ဆိုမားကဲ့သို့ ပရမ်းပတာ ဆန်သည့် နေရာ၌ သူတို့သာ ကားကို အလျင်အမြန် မရပ်တန့်ဘူးဆိုမှာ အနောက်ကနေပြီး မပစ်ခတ်လာနိုင်ဟု ပြော၍ မရပေ။

ထို့ကြောင့် သူတို့အား မျက်ခြေဖြတ်ခဲ့ဖို့ဆိုသည်မှာ မဖြစ်နိုင်ပေ။ ပြဿနာ ဖြေရှင်းဖို့ဆို ကားရပ်တန့်မှ ဖြစ်မှာ ဖြစ်၏။

“ နားလည်ပြီ …”

နင်ချဲ့ ဖုန်းချသွားခဲ့ပြီး လင်းရီလည်း အရှိန်ကိုလျှော့လိုက်သည်။

“ ဒါပေမယ့် ကျွန်မတို့တွေ ဒီလာတုန်းက ဘယ်သူ့ကိုမှ အပြစ်မပြုခဲ့မိဘူးမလား … ဘာလို့ နောက်ယောင်ခံလိုက်လာတဲ့လူတွေ ရှိနေရတာ …”

ရှောင်ပင်း ဇဝေဇဝါ ဖြစ်သွားခဲ့သည်။

“ ကိုယ့်ဘာကိုယ် စဉ်းစားပေါ့ဟ … ငါကချည်းပဲ အကုန်လုံး လိုက်ဖြေရှင်းပေးဖို့ မျှော်လင့်နေလို့တော့ ဘယ်ရမှာ …” လင်းရီ ဘောက်ဆတ်ဆတ် ပြန်ပြောလိုက်၏။

လင်းရီ၏ ဆူငေါက်ခြင်းကို ခံလိုက်ရပြီးနောက် ရှောင်ပင်း စိတ်မဆိုးသွားခဲ့ပေ။ သူမက တကယ့်ကို လင်းရီအပေါ်၌ အနည်းငယ် မှီခိုနေခဲ့မိလေသည်။

ကျုံးဝေ့တပ်ဖွဲ့ဝင် တစ်ယောက်အနေနှင့် ယင်းက ကောင်းသည့်အရာတစ်ခု မဟုတ်ချေ။

“ အဲ့တာ ကားအငှားပိုင်ရှင်ပဲ ..” ကျန်းချောင်ယွဲ့ ပြောလိုက်သည်။

“ မင်း တုံ့ပြန်တာ တော်တော်မြန်တာပဲ …” လင်းရီ အပြုံးလေးဖြင့် ပြောလိုက်ပြီး ကားကို ရပ်တန့်လိုက်၏။ “ သွားစို့ … အပြင်ထွက်ပြီး တစ်ချက်သွားကြည့်ကြမယ်…”

ထိုအချိန်တွင် ကားသုံးစင်းလုံးက ရပ်တန့်သွားခဲ့ကြပြီး ကားထဲရှိ လူများကလည်း တစ်ယောက်ပြီးတစ်ယောက် ထွက်လာခဲ့ကြသည်။

သူတို့အနောက်ရှိ ကားသုံးစင်းကလည်း အလှမ်းသိပ်မဝေးသည့် နေရာ၌ ရပ်တန့်လိုက်ကြလာ ကားထဲမှ လူဆယ်ယောက်ကျော် ထွက်လာခဲ့ကြ၏။ အကုန်လုံးက ကိုယ်စီ လက်နက်များအား ကိုင်ဆောင်ထားကြပြီး ရှိန်လောက်စရာကြီးပင်။

ဦးဆောင်လာသူကတော့ သူတို့ ခန့်မှန်းထားသည့်အတိုင်း ကားအငှားပိုင်ရှင် ဖြစ်လေသည်။

“ ခင်များတို့က ဒါ ဘာသဘောလဲ …” လင်းရီ သာမန်လျှံကာ မေးမြန်းလိုက်၏။

“ ငါတို့က ဒီတိုင်း ပိုက်ဆံလိုချင်ရုံပါပဲ .. မကြောက်ပါနဲ့ …” ကားအငှားပိုင်ရှင်က ပြောလိုက်သည်။ “ ရှိတဲ့ ပိုက်ဆံ အကုန်ထုတ်ခဲ့ … ပိုက်ဆံပဲ ယူမယ်.. ငါတို့ ဘာမှ မလုပ်ဘူး …”

“ ဒါတော့ နည်းနည်း တရားလွန်သွားပြီ …” လင်းရီ ပြောလိုက်ပြီး “ ခင်များတို့ဆီက ကားငှားဖို့ကို ဒေါ်လာ ၃,၀၀၀ သုံးခဲ့တယ်.. ဒါတောင်မှ တကယ်ကြီး နောက်ကလိုက်ပြီး ဓားပြတိုက်နေသေးတယ်ပေါ့ … ဒါကတော့ တအား လောဘကြီးလွန်းသွားပြီ …”

“ မင်းတို့ ကားငှားတုန်းကတည်းကရင် ခရီးက အန္တရာယ် ရှိတယ်လို့ ငါ သတိပေးထားပြီးသားပဲလေ… ဘော်ဒီဂတ်တွေ ငှားဖို့ပြောတာ မင်းတို့မှ မငှားတာ … အဲ့တော့ ငါလည်း ဘာတတ်နိုင်တော့မှာ … မင်းတို့လောက် ကောင်းတဲ့ ပစ်မှတ်က ရှိမှမရှိဘဲကို …”

“ တခြားတစ်ယောက်က လာပြီး ဓားပြတိုက်တယ်ဆိုရင် လက်ခံနိုင်သေးတယ်… ဒါပေမယ့် ခင်များလို ဒီတိုင်း ကားငှားစားနေတဲ့ကောင်ကများ ဘယ်လို သတ္တိမျိုးနဲ့ ကျုပ်တို့ဆီ လာပြီး ဓားပြတိုက်ဝံ့နေတာ … ဒါက ကျုပ်စိတ်ကို တော်တော်လေး တစ်ဖက်စောင်းနင်း ဖြစ်စေတာပဲ “ လင်းရီ ပြုံးပြီး ပြောလိုက်သည်။

“ ဘာတစ်ဖက်စောင်းနင်းမှ ဖြစ်စရာအကြောင်းမရှိဘူး …” ကားအငှားပိုင်ရှင်က ပြောလိုက်ပြီး “ ဘာလို့ဆို ကားငှားတဲ့ လုပ်ငန်းအပြင်ကို ငါက လုံခြုံရေး ကုမ္ပဏီတစ်ခုရဲ့ ခေါင်းဆောင်ပဲ … ဒါပေါ့ … ငါ့ ဖောက်သည်တွေကို ကာကွယ်ပေးတဲ့အပြင် လုံခြုံရေး မရှိတဲ့ သာမန်လူတွေကိုလည်း ဓားပြတိုက်တယ်… ကံဆိုးချင်တော့ မင်းတို့က ငါ့ပစ်မှတ် ဖြစ်လာတာပဲ …”

“ အဲ့လိုမပြောနဲ့လေ… ဘယ်သူက ကံဆိုးလဲဆိုတာ မသေချာသေးတဲ့ဟာ …”

“ မင်း ဘာကို ပြောချင်နေတာ … “ ကားအငှားပိုင်ရှင်မှာ လင်းရီ၏ လေသံကို အနည်းငယ် ဇဝေဇဝါ ဖြစ်သွားခဲ့၏။

“ မပူနဲ့ … ခဏနေကျရင် အဖြေသိသွားလိမ့်မယ်…”

လင်းရီ ခေါင်းငဲ့စောင်းလျက် ယွီစီယင်နှင့် ကျန်သူများအား ကြည့်လိုက်သည်။

“ သူတို့ဘက်မှာ စုစုပေါင်း ၁၄ ယောက်ရှိတယ်… မင်းတို့ ကိုင်တွယ်နိုင်တယ်မလား …”

အသင်း ၁ အဖွဲ့ဝင်များက တစ်ယောက်ကိုယ်တစ်ယောက် အကြည့်ချင်း ဖလှယ်မိလိုက်ကြသည်။ “ ငါးစက္ကန့်တော့ ကြာမယ်…”

“ ဒါဆိုလည်း လေးစက္ကန့်အတွင်း ကိစ္စပြီးပါစေကွာ …”

“ အကောင်းဆုံးလုပ်ကြမယ်… တက် …”

ယွီစီယင်က အသံနိမ့်၍ အော်ဟစ်လိုက်ရာ အသင်း ၁ အဖွဲ့ဝင် ခုနစ်ယောက်က တစ်ချိန်တည်းနီးပါး ရှေ့သို့ တက်လာကြသည်။

တစ်ဖက်အုပ်စုမှာ ဇဝေဇဝါ ဖြစ်နေသည့် အခြေအနေကြောင့် အလစ်ငိုက် ဖမ်းခံလိုက်ရပြီး နှစ်စက္ကန့်အတွင်းမှာပဲ ခုနစ်ယောက် အမှောက်သိပ်ခံလိုက်ရသည်။

“ ငါ -ိုးပဲ … မင်းတို့ကများ … ပစ် ….”

တစ်ခုခု လွဲချော်နေပြီကို သတိထားမိတော့ ကျန်သည့်လူများက သူတို့ ပခုံးတွင် လွယ်ထားသည့် သေနတ်များဖြင့် ပစ်ခတ်ရန် ကြံရွယ်လိုက်ကြသည်။

သို့သော် သူတို့အားလုံး ခြေတစ်လှမ်း နောက်ကျသွားခဲ့ကြ၏။

သူတို့ ပစ်ခတ်ရန် ဟန်ပြင်နေသည့် အချိန်မှာပဲ အသင်း ၁ ၏ ဒုတိယ အချီ တိုက်ခိုက်မှုက တွဲလျက် လိုက်ပါလာသည်။ သူတို့အားလုံး ကျန်သည် လူ ခုနစ်ယောက်ကို ချက်ချင်း အမှောက်သိပ်ပစ်လိုက်သည်။

ချိုးယွီလော့ အချိန်ကို တစ်ချက် စစ်ကြည့်လိုက်၏။ လေးစက္ကန့်လောက်သာ ကြာမြင့်ခဲ့လေသည်။

လင်းရီ အပြုံးတစ်ပွင့်ဖြင့်‌ လျှောက်လှမ်းလာခဲ့ပြီး ကားအငှားပိုင်ရှင်ကို ငုံ့ကြည့်လိုက်သည်။

“ ကျုပ်တို့ကို ဓားပြတိုက်ချင်နေတာ မဟုတ်ဘူးလား … လုပ်ဦးလေ… ဓားပြတိုက်ဦးလေ.. “

“ မဟုတ်တာ မဟုတ်တာ … ဒါ နားလည်မှုလွဲသွားတာပါ … ကျေးဇူးပြုပြီး ငါတို့ကို မသတ်ပါနဲ့ .. ငါတို့က ဒီတိုင်း သုံးစရာ ပိုက်ဆံ နည်းနည်းလောက်လေး လိုချင်ရုံပါပဲ … ကျန်တာ ဘာမှလုပ်ဖို့ မရည်ရွယ်ထားပါဘူး …”

“ ဒါဆိုလည်း ယီးမလို့ ထွက်မသွားသေးတာလား …”

“ သွားပြီ သွားပြီ … အခုပဲ သွားပြီ .."

ကားအငှားပိုင်ရှင်နှင့် သူ့လူများအားလုံး ကားထဲသို့ ကြောက်ကြောက်လန့်လန့်နှင့် ပြေးသွားခဲ့ကြပြီး သရဲသဘက်ဆန်သည့် ဤအာရှသားများထံမှ မြန်နိုင်သမျှ မြန်မြန် ထွက်ပြေးလွတ်မြောက်ချင်နေသည်။

“ ဟေ့ ဟေ့ ဟေ့ … မင်းတို့မိန်းကလေးတွေ … ရပ်ကြည့်နေတာတွေ တော်ပြီး ဒါယူလိုက် …”

စုန့်ကျင်းမင်၏ အသံကို နားထောင်ရင်း လင်းရီနှင့် ကျန်သူများမှာ အသံရာဘက်သို့ လှည့်ကြည့်လိုက်ရာ ပခုံးထမ်း လောင်ချာတစ်ခုအား လက်ထဲတွင် ကိုင်ထားသည်ကို မြင်တွေ့လိုက်ရလေသည်။ သူက ယွီစီယွင်၊ ရှောင်ပင်းနှင့် လော့ချီတို့ကို လှမ်းခေါ်နေခဲ့၏။

“ ဘာဖြစ်လို့လဲ …” ရှောင်ပင်း မသိစိတ်အလျောက် နှုတ်ကနေ လွှတ်ခနဲ မေးမြန်းမိသွားခဲ့သည်။

စုန့်ကျင်းမင်းက အဝေးသို့ ထွက်ပြေးနေသည့် ကားအငှားပိုင်ရှင်နှင့် အပေါင်းအပါ တစ်သိုက်ထံ လက်ညှိုးညွှန်ပြပြီး “ ဒါယူပြီး သူတို့ အကုန်လုံးကို ဖောက်ခွဲပစ်လိုက် …”

All Chapters