စာချုပ် နှင့် သတင်း
Vol. 57 Ch. 921
ယန်ရှောင်အင်ပါယာ ဥယျာဉ် မြို့တော်၌-
မြို့ဆင်ခြေဖုံးရှိ ခေါင်ပါးသော တောင်ကုန်းတစ်ခုပေါ်ရှိ ဂူတစ်ခုတွင်-
“မဒမ်-ဖိုက်သွန်” ချန်လွေ့ မြူများဖုံးလွှမ်းနေသည့် ပြန်လည်ရှင်သန်ခြင်းရေစင်ကို ဦးညွတ်လိုက်၏။
မြူများ လျင်မြန်စွာ စုစည်းလာကာ ဝေဝါးဝါး အမျိုးသမီးတစ်ဦးအဖြစ် ပေါ်လာပြီး လျှို့ဝှက်ဆန်းကြယ်ပြီး အိပ်မက်ဆန်သော ပုံစံမျိုး ရှိနေသည်။ သူ၏ မျက်လုံးများ တဖြည်းဖြည်း ပွင့်လာပြီး မှိန်ဖျော့ဖျော့ အလင်းရောင်တစ်ခု ပေါ်ထွက်လာခဲ့သည်။
ချန်လွေ့သည် သုန်မှုန်သော အကြည့်ကို ကြည့်လိုက်ရာ စွမ်းအားများ ခန္ဓာကိုယ်ထဲမှ လျင်မြန်စွာ ဆွဲထုတ်ခံ နေရသည်ဟု ခံစားလိုက်ရပြီး တုန်လှုပ်သွားခဲ့သည်။ သူက ‘ပိတ်ပင်ခံရသော’ စွမ်းအားကို ဖယ်ရှားရန်အတွက် မိစ္ဆာမျက်ဆံ စွမ်းအားကို အလျင်အမြန် အသက်သွင်း လိုက်၏။
“မဆိုးဘူး။” အမျိုးသမီးက ချီးကျူးသော အပြုံးမျိုး ပြသလိုက်ပြီး သာယာနာပျော်ဖွယ် အသံ ထွက်ပေါ်လာခဲ့သည်။ “မင်းရဲ့ မိစ္ဆာမျက်ဆံက ဆာရီရယ်ဆီကနေ ရလာတာ ဖြစ်ပေမယ့် တခြား မှော်ဆန်တဲ့ အသုံးဝင်မှုတွေလည်း ရှိနေတယ်။ ‘မိစ္ဆာမျက်ဆံ မှော်သင်္ကေတ’ ကို ဆာရီရယ် အသက်သွင်းတုန်းက ဒီလို မူမမှန်တဲ့ ဖြစ်ရပ်မျိုး ဖြစ်လာလိမ့်မယ်လို့ လုံးဝ စိတ်ကူးမိမှာ မဟုတ်ဘူး။”
ချန်လွေ့သည် ဖိုက်သွန်၏ ချီးကျူးမှုနောက်ကွယ်မှ အဓိပ္ပာယ်ကို နားလည်လိုက်သည်။ ငါက ဆာရီရယ်လို အမှားမျိုး လုပ်မှာ မဟုတ်ဘူး။ မင်းလည်း ဘာမှ မဆင်မခြင် မတွေးသင့်ဘူး။
“မဒမ်က ချီးကျူးလွန်း နေပါပြီ။ တကယ်တော့၊ ကျုပ်ရဲ့ ဝိညာဉ်စွမ်းအားက တော်တော်လေး ထူးခြားနေလို့ပါ… ပြီးတော့ ဒီတစ်ခါ မိစ္ဆာမျက်ဆံ မူမမှန်တာက ကံကောင်းလို့ ဖြစ်တာပါ။ ကျုပ် ခန္ဓာကိုယ်နဲ့ ဝိညာဉ်ပါ ဆုံးရှုံးလုနီးပါး ဖြစ်ခဲ့ရတယ်။ အဲဒါကို ပြန်စဉ်းစားမိရင် အခုထိ ထိတ်လန့် နေတုန်းပဲ။”
“ကံကောင်းခြင်းဆိုတာက အစွမ်းအစတစ်ခုပါပဲ...” ဖိုက်သွန်က ထိုအကြောင်း ဆက်မပြောတော့။ သူ၏လေသံ ပြောင်းသွားခဲ့သည်။ “ဒီတစ်ခါ ငါတို့ရဲ့ ပန်းတိုင်ကို မင်းသိလား။”
ချန်လွေ့သည် ဟန်ဆောင် ငေးငိုင်မနေဘဲ ပြန်ဖြေလိုက်၏။ “မဒမ် တစ်ခါက ပြောဖူးတယ်။ စေတန်က မိုက်ကယ်နဲ့ တခြားသူတွေကို အတုယူပြီး ပျက်စီးခြင်းစာအုပ်ကို စုစည်းချင်တယ်၊ နတ်ဆိုးဘုံက အထူး အစွမ်းထက် ပုဂ္ဂိုလ်တွေ အားလုံးကို လွှမ်းမိုးပြီးတော့ နတ်ဘုရားတွေရဲ့ ယုံကြည်မှုကို ခိုးယူဖို့အတွက် အမှောင်နတ်ဘုရားကျောင်း တည်ဆောက်ပြီး နတ်ဘုရားဖြစ်လာဖို့ လမ်းစကို လျှောက်လှမ်း ချင်တယ်လို့ ပြောဖူးတယ်။ ဒါဆို ဒီတစ်ခါ ကျုပ်တို့ရဲ့ ပန်းတိုင်က.. သိဒ္ဓိကျောင်းတော်ရဲ့ အဓိက နေရာဖြစ်တဲ့ သိဒ္ဓိအလင်းတောင်လား။”
“ဟုတ်တယ်။ သိဒ္ဓိအလင်းတောင်ထိပ်က အလင်း နတ်ဘုရားကျောင်းမှာ ဖန်တီးခြင်းစာအုပ် ရှိနေတယ်။” ဖိုက်သွန်က သူ့ကို နက်နက်နဲနဲ ကြည့်လိုက်သည်။ “မင်း သိဒ္ဓိအလင်းတောင်နဲ့ ရင်းနှီးလား။”
“ကျုပ်... အရင်က သိဒ္ဓိအလင်းတောင်ရဲ့ သိဒ္ဓိ အလင်းမြို့ကို တစ်ခါရောက်ဖူးတယ်။” ချန်လွေ့က ပင့်သက်ရှိုက်လိုက်သည်။ “တကယ်တော့ ကျုပ်က လူသားပါ။ မဒမ် သိပြီးသား ဖြစ်လောက်မှာပါ။”
ဖိုက်သွန်က ခေါင်းညိတ်ပြပြီး မျက်လုံးများ လက်ခနဲ ဖြစ်သွားသည်။ ချန်လွေ့က ဖိုက်သွန်ကို စိုက်ကြည့်ပြီး သူ၏အကြည့်တွင် ချစ်ချစ်တောက် အလင်းရောင်တစ်ခု ရှိနေခဲ့သည်။ “မဒမ်။ ကျုပ် နတ်ဆိုးဘုံကို သွားရတဲ့ မူလရည်ရွယ်ချက်က စွမ်းအားကို တွေ့ကြုံခံစားဖို့ပါ။ ဒါပေမဲ့ မထင်မှတ်ဘဲ ကျွန်တော့်ဘဝရဲ့ အရေးအပါဆုံး အမျိုးသမီးနဲ့ တွေ့ဆုံခဲ့ရလို့ နတ်ဆိုးဘုံမှာ ဆက်နေဖို့ ဆုံးဖြတ်လိုက်တယ်။ သိဒ္ဓိအလင်းတောင်ဆီ သွားဖို့အတွက်က အဆိုးဆုံးကို ကြိုတင်ပြင်ဆင်ထားပြီးပါပြီ...။ ဒါပေမဲ့ ကျုပ်နှလုံးသားထဲမှာ မျှော်လင့်ချက် သေးသေးလေးတစ်ခု ကျန်နေသေးတယ်။ အဲဒါက နတ်ဆိုးဘုံကို ပြန်သွားဖို့ပါ။”
ချန်လွေ့၏ အဓိပ္ပာယ်မှာ အလွန် ရှင်းလင်းပေသည်။ စိုးရိမ်စရာတွေ ရှိပေမဲ့ ငါက အသုဘကို ကြိုပြင်ဆင် ပြီးသွားပြီ။ အဆိုးဆုံး ဖြစ်လာရင် အတူတူ သေကြတာပေါ့။
နှစ်ဦးနှစ်ဖက် စွမ်းအားချင်း ကွာခြားသည်ဖြစ်ရာ၊ သူနှင့် အတူ သေဆုံးရန်ဆိုသည်မှာ အဓိပ္ပာယ် မရှိသော်လည်း ယခုတစ်ခေါက် ခရီးစဉ်မှာ သိဒ္ဓိအလင်းတောင်သို့ ဖြစ်နေ၏။ အခြေအနေ တစ်ခုခုတွင် အတူ သေနိုင်ချေ ရှိနေသေးသည်။
“မင်းက ဒီလောက် ပွင့်ပွင့်လင်းလင်း ပြောမှတော့ ငါလည်း စိတ်ထဲက သံသယတွေကို ပြောပြမယ်။ ဒါက မင်း ငါ့ကို မျှားခေါ်နေတဲ့ ထောင်ချောက်တစ်ခု ဟုတ်မဟုတ် ငါ သေချာ မသိဘူး။” ဖိုက်သွန်က ချစ်စဖွယ် ပြုံးလိုက်ပေမယ့် ချန်လွေ့က ထိုရယ်သံမှ သုန်မှုန်သော အရိပ်အမြွက်ကို သေသေချာချာ ကြားလိုက်ရသည်။ “ငါ့ရဲ့ ထိန်းချုပ်မှုကနေ လွတ်မြောက် ချင်တယ်ဆိုရင် ဒါက တော်တော်လေး ထိရောက်တဲ့ နည်းလမ်းပဲ။ အဲဒါကြောင့် နှစ်ဦးနှစ်ဖက်လုံး မယုံကြည်တာ မဖြစ်ဘဲနဲ့ လောကနှစ်ခုလုံးရဲ့ အကောင်းဆုံးကို ရနိုင်မယ့် နည်းလမ်းတစ်ခု လိုအပ်တယ်။ ဥပမာ...”
“လက်အောက်ခံ-သခင် စာချုပ်....” ချန်လွေ့က ပြန်ဖြေလိုက်သည်။
ကျွန်-သခင် စာချုပ်ဆိုလျှင် သခင်သည် တစ်ခုခု ပေးဆပ်ပြီး ကျွန်ဖြစ်သူကို သတ်နိုင်သည်။ သို့သော် လက်အောက်ခံ-သခင် စာချုပ်က ထိုကဲ့သို့ မဟုတ်ပေ။ သခင်သည် လက်အောက်ခံကို မသတ်နိုင်သော်လည်း စာချုပ်၏ အစွမ်းဖြင့် လက်အောက်ခံသည် သခင်အပေါ် သစ္စာရှိရမည်ဖြစ်ပြီး လုံးဝ သစ္စာဖောက်၍ မရပေ။
ဖိုက်သွန်က စဉ်းစားနေစဉ် ချန်လွေ့က ထပ်ပြောသည်။ “နောက်တစ်ခုက ကျုပ် နောက်ထပ် တစ်ခုလိုချင်တယ်။ အဲဒါက ဖန်တီးခြင်းစာအုပ်နဲ့ အတူတူ ရှိနေလောက်တယ်။”
“ဘာလဲ။”
“နတ်ဆိုးဘုံရဲ့ အဆောင်ပစ္စည်း ၇ ခုထဲက တစ်ခုဖြစ်တဲ့ အရိပ်လေပြဘွတ်ဖိနပ်...”
“အရိပ်လေပြေဘွတ်ဖိနပ်လား။” ဖိုက်သွန် အနည်းငယ် အံ့အားသင့်သွားသည်။ “လေတံဆိပ်ပြားက တကယ်ပဲ အလင်းနတ်ဘုရားကျောင်းမှာ ရှိနေတာလား။”
‘လေတံဆိပ်ပြား’ ဟူသော စကားလုံးကို ချန်လွေ့ ယခုမှ ကြားဖူးခြင်း မဟုတ်ပေ။ သူက ခေါင်းညိတ်လိုက်သည်။ “လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၀၀လောက်က လူသားတစ်ယောက် ကျုပ်အမျိုးသမီးဆီကနေ အရိပ်လေပြေဘွတ်ဖိနပ်ကို လှည့်စားပြီး ယူသွားလို့ ဘယ်ဖီဂေါတော်ဝင်မိသားစုကို လုံးဝနီးပါး ပျက်စီးစေခဲ့တယ်။ ကျုပ်လည်း အဲဒါကို ပြန်ရဖို့ ကူညီမယ်လို့ ကတိပေးခဲ့တယ်။ အဲဒါကြောင့် ကျုပ်ရဲ့ တောင်းဆိုမှုကို မဒမ်က ခွင့်ပြုပေးမယ်လို့ မျှော်လင့်ပါတယ်။”
ပန်းတိုင်နှင့် လိုအပ်ချက်များ တူညီမှသာ ဖိုက်သွန်က ပိုမို၍ သက်တောင့်သက်သာ ရှိနိုင်မည် ဖြစ်သည်။
“မင်း အရင်ပြောခဲ့တာတွေက တိတိကျကျ မမှန်နိုင် ပေမယ့် ဒီစကားတွေကတော့ တကယ်မှန်တယ်လို့ ငါ့ရဲ့ အလိုလိုသိစိတ်က ပြောပြနေတယ်။” ဖိုက်သွန်က ပြုံးလိုက်၏။ သူ၏လက်ထဲ၌ ဝိညာဉ်စွမ်းအား စာချုပ်တစ်ခု ပေါ်လာသည်။ “ငါမင်းကို ကတိပေးတယ်။ ဘယ်လိုပဲဖြစ်ဖြစ် အရိပ်လေပြေ ဘွတ်ဖိနပ်က ငါ့အတွက် အရေးမကြီးဘူးလေ။ အခု လက်အောက်ခံ-သခင် စာချုပ်ကို လက်မှတ်ထိုးလိုက်တော့။”
ချန်လွေ့က စာချုပ်ကို ကြည့်လိုက်ပြီး ဝိညာဉ်စွမ်းအားကို ထပ်ပေါင်းထည့်ကာ ချန်လွေ့ နာမည်ကို တွန့်ဆုတ်မနေဘဲ လက်မှတ်ထိုးလိုက်၏။ ဖိုက်သွန်သည် သူ၏အကြောင်းကို အသေးစိတ် သိနေသူဖြစ်သည်။ အခြားနာမည်များ အသုံးပြုလျှင် သံသယဝင်စရာ ဖြစ်သွားပေလိမ့်မည်။ သို့သော်လည်း ထိုလောက၌ ‘ချန်လွေ့’ ဆိုသည်မှာလည်း နာမည်ဝှက်တစ်ခုပင်။
“မင်းရဲ့ ဝိညာဉ်စွမ်းအားက... နည်းနည်း ထူးခြားတယ်လို့ ခံစားရတယ်။” ဖိုက်သွန် လက်မှတ်ထိုးပြီးနောက် စာချုပ်ပေါ်မှ နာမည်နှစ်ခု တောက်ပလာပြီး အသက်ဝင်ပြီးကြောင်း ပြသနေသည်။ ထို့နောက် စာချုပ် ပျောက်ကွယ်သွား၏။
သူက သိဒ္ဓိမိန်းမပျို ယူဒိုရာနှင့် လက်အောက်ခံ-သခင် စာချုပ် ချုပ်စဉ်ကလည်း အလားတူစကားတွေကို ကြားခဲ့ရသည်။ ထိုနည်းတူစွာ ထိုစာချုပ်က ချန်လွေ့အတွက် အရှိန်အဝါ အသုံးချပြီး အလွယ်တကူ ပယ်ဖျက်နိုင်သော စိတ်ဝိညာဉ်ကွင်းဆက်တစ်ခုသာ ဖြစ်၏။
ဖိုက်သွန်က ယူဒိုရာထက် များစွာ သာလွန်သော အထူးအာရုံခံ ပါရမီရှိကြောင်း သူသိသောကြောင့် ထိုမတိုင်မီ လုံခြုံရေးအတွက် သူ၏ ဝိညာဉ်စွမ်းအား ထူးခြားကြောင်း ဖော်ပြရန် မိစ္ဆာမျက်ဆံကို အကြောင်းပြချက်အဖြစ် တမင်တကာ အသုံးပြုခဲ့လေသည်။ သူက စမ်းသပ်မှုကို ချောချောမွေ့မွေ့ အောင်မြင်ခဲ့သည်မှာ သေချာပေသည်။
လက်အောက်ခံ-သခင် စာချုပ်ကို လက်မှတ်ထိုးပြီးနောက်၊ နှစ်ဦးနှစ်ဖက်ကြား ဆက်ဆံရေး အတော်လေး ပိုမိုပေါ့ပါး လာပုံရပြီး ဖိုက်သွန်က သိသိသာသာပင် သတိထားနေခြင်းကို လျှော့ချလိုက်၏။
“မဒမ်။ ကျုပ် သိရသလောက် သိဒ္ဓိအလင်းတောင်က ပုံမှန်ဆိုရင် ဝတ်ပြုခရီးသွားတွေ သိဒ္ဓိအလင်းတောင်ကို ဝတ်ပြုဖို့ နေ့တိုင်း တယ်လီပို့လမ်းကြောင်း ဖွင့်ပေးတယ်။ နောက်ပိုင်း အကြောင်းပြချက် အမျိုးမျိုးကြောင့် ၇ရက်တစ်ခါ ပြောင်းလဲသွားပြီးတော့ စစ်ဆေးမှုတွေ ပိုတင်းကြပ်လာတယ်။ ဒါက သိဒ္ဓိအလင်းတောင်နဲ့ အတော်လေး ဝေးတဲ့ ယန်ရှောင် အင်ပါယာပါ ပိုင်ဆိုင်တဲ့ ဥယျာဉ်မြို့ပါ။ ကျုပ်တို့ ယန်ရှောင် မြို့တော်ကို အရင်သွားရမယ်။ ပြီးတော့ မြို့တော်ကနေ နဂါးလင်းလက်အင်ပါယာကို သွားရမယ်။ ပြီးရင် နဂါးလင်းလက် အင်ပါယာ အနောက်ဘက်က နဂါးတောင်ပံမြို့ကို ဖြတ်သွားရမယ်။ ပြီးရင် တယ်လီပို့ လမ်းကြောင်းကို သုံးပြီးတော့ သိဒ္ဓိအလင်းတောင်ရှိတဲ့ ကမ်းပါးဖြူကိုသွားရမယ်။”
လူသားလောကနှင့် ပတ်သက်သော ချန်လွေ့၏ အသိပညာမှာ ယခင်က ထိုနေရာသို့ လာရောက်ခဲ့ခြင်းထက် အသူရာ ကိုယ်ပွားထံမှ ပိုမိုရရှိခဲ့လေသည်။ သူကထိုနေရာတွင် လှည့်ကွက်တစ်ခု ပြုလုပ်ခဲ့၏။ အမြန်ဆုံး လမ်းကြောင်းမှာ နဂါးလင်းလင် အင်ပါယာ အရှေ့ဘက်နယ်စပ်ရှိ နဂါးစွယ်မြို့ ဖြစ်သင့်သည်။ နဂါးစွယ်မြို့တွင် ကမ်းပါးဖြူအတွက် သီးသန့် တယ်လီပို့လမ်းကြောင်း ရှိသည်။ သူ အနောက်ဘက်ရှိ နဂါးတောင်ပံမြို့ကို အကြံပြုရခြင်းမှာ နဂါးလင်းလက်မြို့တော် ရယ်ရိုဒီရှာတွင် ခဏနားပြီး ဆမ်မြူရယ်နှင့် ခမ့်လော့မိသားစု အခြေအနေကို သိလိုခြင်းကြောင့်ပင်။
အချိန် သိပ်မရှိပေမဲ့ ဆမ်မြူရယ် လုံခြုံဖို့အတွက် အရင်ဆုံး လုပ်ရမယ်။
အမှန်တကယ်၌ ဝတ်ပြုခရီးသွား ခရီးစဉ် ‘ပြုပြင် ပြောင်းလဲရေး’ တရားခံမှာ သူကိုယ်တိုင်ပင်။ နှင်းဒဲလက်ပန်းပင် ခိုးခံရခြင်းက ကျောင်းတော် တစ်ခုလုံး၏ အထက်ပိုင်းအဆင့်များကို တုန်လှုပ်သွားစေခဲ့ပြီး ကမ်းပါးဖြူကို လုံခြုံရေး အကြီးအကျယ် တင်းကျပ်ခဲ့ကြသည်။
ဖိုက်သွန်ရဲ့ အာရုံခံ ပါရမီက အစွမ်းထက်သော်လည်း အကြွင်းမဲ့ မဟုတ်ပေ။ မိစ္ဆာမျက်ဆံ၏ ကာကွယ်ပေးနိုင်စွမ်းနဲ့ စာချုပ်အာမခံချက်ကြောင့် သူ လုံးဝ သံသယမဝင်ခဲ့ပေ။ “သိပ်ကောင်းတယ်။ ဒါဆို ယန်ရှောင်မြို့တော်ကို အရင်သွားကြတာပေါ့။ စိတ်ချပါ၊ ငါတို့ရဲ့ အဓိက ရည်ရွယ်ချက်က ခိုးဝင်ဖို့ပဲ။ ကောင်းကင်တမန် ၃ယောက်နဲ့ မတွေ့ဘူးဆိုရင် မင်းကို ဘေးကင်းကင်းနဲ့ ခေါ်သွားပြီး နတ်ဆိုးဘုံကို ပြန်ပို့ပေးဖို့ အပြည့်အဝ ယုံကြည်ချက် ရှိတယ်။”
ထိုသို့ပြောပြီးနောက် ဖိုက်သွန်က မီးခိုးအဖြစ် ပြောင်းလဲကာ ချန်လွေ့၏ လက်ကောက်ဝတ်ရှိ ခြောက်ထောင့်ကြယ် အမှတ်အသားဆီသို့ ပြန်သွား၏။
၁၀ရက်ကြာပြီးနောက် ချန်လွေ့သည် နဂါးလင်းလက် မြို့တော် ရယ်ရိုဒီရှာရှိ လမ်းများပေါ်သို့ ရောက်ရှိလာခဲ့သည်။
နဂါးလင်းလက် အင်ပါယာက နဂါးများနှင့် အလွန် ရင်းနှီးသော ဆက်ဆံရေးရှိပြီး လူသားလောကတွင် တစ်ခုတည်းသော စစ်မှန်သည့် နဂါးစစ်သည်တော် ဗိုလ်ခြေကိုလည်း ပိုင်ဆိုင်ထားသည်။ ‘ရယ်ရိုဒီရှာ’ ဟူသည်မှာ နဂါးဘာသာစကားဖြင့် ‘တောက်ပသောရတနာ’ ဟု အဓိပ္ပာယ်ရပေသည်။
ရယ်ရိုဒီရှာသည် လူသားများအတွက် အကျော်ကြားဆုံး မြို့များထဲမှ တစ်ခု ဖြစ်သည်။ ခမ်းနားထည်ဝါသော မြို့တော်သည် နဂါးလင်းလက် အင်ပါယာ၏ နိုင်ငံရေး၊ စစ်ရေးနှင့် စီးပွားရေး ဗဟိုဌာနလည်း ဖြစ်၏။ နတ်ဆိုးဘုံ၏ အဆင့်မြင့်ဆုံးသော ကြယ်ကြွေတမန် မြို့တော်သည်ပင် ရယ်ရိုဒီရှာထက် နိမ့်ကျနေသေးသည်။
ချန်လွေ့က ရယ်ရိုဒီရှာသို့ ဒုတိယအကြိမ် ရောက်ရှိလာခြင်း ဖြစ်သည်။ ကျယ်ပြန့်သော လမ်းမများ၊ အဆောက်အအုံများနှင့် အဆုံးမရှိသော လူအုပ်ကြီးကို ကြည့်ရင်း အချိန်အတော်ကြာ ပျောက်ဆုံးနေခဲ့သော ထူးထူးဆန်းဆန်း ခံစားချက်က သူ့ရင်ထဲ လှိမ့်တက် လာခဲ့သည်။ အာသာ။ မင်းရဲ့အိမ်က ဒီမှာ။
သူ ရယ်ရိုဒီရှာသို့ ရောက်ရောက်ချင်း ပထမဆုံး လုပ်ဆောင်သည်မှာ နဂါးတောင်ပံမြို့၏ တယ်လီပို့ လမ်းကြောင်း ဖွင့်ချိန်ကို စုံစမ်းခြင်း ဖြစ်သည်။ ထိုအရာက ဖိုက်သွန် မြင်စေရန်သာ။ စုံစမ်းပြီးနောက် နဂါးတောင်ပံမြို့၏ တယ်လီပို့လမ်းကြောင်း ဖွင့်ချိန်က နောက်၆ရက် အကြာတွင် ဖြစ်ပြီး ထိုသို့ရောက်ရန် ၄ရက်သာကြာမည် ဖြစ်သည်။
ယနေ့ ညနေစောင်းနေပြီဖြစ်ရာ ချန်လွေ့က ရယ်ရိုဒီရှာမှ ဟိုတယ်တစ်ခု ရှာလိုက်သည်။ ညဘက် အရက်ဆိုင်တွင် အရက်သောက်နေရင်း ခမ့်လော့ မိသားစု အပါအဝင် မကြာသေးခင်က ဖြစ်ပျက်ခဲ့သော အဖြစ်အပျက် အချို့ကို သူကြားခဲ့ရလေသည်။
ခမ့်လော့မိသားစုသည် တစ်ချိန်က နဂါးလင်းလက် အင်ပါယာ၏ ကဏ္ဍမျိုးစုံတွင် ထိပ်တန်း ကုန်သွယ်ရေး မိသားစုဖြစ်သည်။ ကြီးမားသော ကြွယ်ဝချမ်းသာမှုသည် ခမ့်လော့မိသားစုအပေါ် လူများစွာ၏ မနာလိုမှု ဖြစ်စေခဲ့သည်။ သူတို့သစ္စာခံသော ရွှေရောင်နယ်မြေ အုပ်ချုပ်သူ တတိယမင်းသား အာသာ ပျောက်ဆုံးပြီးနောက် ဒုတိယ မင်းသား ဂါဖီးလ်သည် သူတို့ကို အကြိမ်ကြိမ် ဖိနှိပ်၊ အကောက်ကြံရာ အကျပ်အတည်း ဖြစ်လာခဲ့သည်။
ခမ့်လော့မိသားစု၏ ဒုတိယမြောက်သား ဆမ်မြူရယ်က ထိပ်တန်း ဓားသမား ပေါလ်ကို အနိုင်ယူခဲ့ပြီး ဖီလစ်မိသားစုမှ သမီးအကြီးဆုံး ဂျိုအန်နာနဲ့ လက်ထပ်ခဲ့သည်။ နဂါးတောင်ကြား စစ်ဆေးမှုကိုလည်း အောင်မြင်စွာ ကျော်ဖြတ်ပြီး နဂါးစစ်သည်ဗိုလ်ခြေ အဖွဲ့ဝင် ဖြစ်လာခဲ့၏။ သူက အတော်များများ အကျိုးပြုခဲ့ပြီး မဟာ လက်ဇ်ရဲ၏ ချီးကျူးမှုကိုလည်း ရရှိခဲ့သည်။ ဆမ်မြူရယ်၏ဖခင် ကာလိုကလည်း မူလ ဒုတိယညွှန်ကြားရေးမှူး နေရာမှ ဘဏ္ဍာရေးဌာန၏ ညွှန်ကြားရေးမှူးအဖြစ် ရာထူးတိုးမြှင့် ခံခဲ့ရပြီး ကောင်စီနှစ်ခုနဲ့ ဌာနသုံးခုရဲ့ ခေါင်းဆောင်၅ဦးထဲမှ တစ်ဦး ဖြစ်လာခဲ့သည်။ ခမ့်လော့မိသားစု တစ်ခုလုံးက ပြန်လည်နလန်ထူလာမည့် မျှော်လင့်ချက်ကို မြင်တွေ့ခဲ့ရ၏။
လူသားလောကတွင် ၃နှစ်တစ်ကြိမ် ကျင်းပသော ကုန်စည် ပြပွဲက ၂ လအတွင်း စတင်တော့မည် ဖြစ်သည်။ ယခုနှစ်တွင် နဂါးလင်းလက်အင်ပါယာ၏ တောင်ဘက်ရှိ ဒုတိယ အကြီးဆုံးမြို့ဖြစ်သော နဂါးမာန်မြို့တွင် ကျင်းပမည် ဖြစ်သည်။ သို့သော် ယခုအချိန်တွင် အရေးကြီးသည့် အဖြစ်အပျက် ၂ခု ဖြစ်ပွားခဲ့၏။ ပထမတစ်ခုမှာ အင်ပါယာရှိ အဓိက ကုန်သည်ကြီးများအသင်းများစွာက ဘဏ္ဍာရေးဌာန ညွှန်ကြားရေးမှူး ကာလိုအား နေရာအနှံ့အပြားရှိ ကုန်သည်ကြီးများ အသင်းများကို နှိမ်နင်းရန် မတရား နည်းလမ်းများ အသုံးပြုခြင်း၊ ကိုယ်ကျိုးစီးပွားအတွက် လူများကို သတ်ဖြတ်ခြင်းပင် ပြုလုပ်ကြောင်း ပူးပေါင်း တရားစွဲဆိုခဲ့ခြင်း ဖြစ်သည်။ သူတို့က ရာဇဝတ်မှု မြောက်မြားစွာ၏ ခိုင်မာသော သက်သေအများအပြား တင်ပြကာ အပြင်းအထန် အရေးယူပေးရန် မဟာ လက်ဇ်အား တောင်းဆိုခဲ့ကြသည်။
ကုန်စည်ပြပွဲ ကျင်းပတော့မည့်အချိန် ထိုကဲ့သို့ကိစ္စမျိုး ဖြစ်လာသောအခါ ဒုတိယမင်းသား ဂါဖီးလ်က အခြေအနေကို အခွင့်ကောင်းယူပြီး မီးလောင်ရာ လေပင့်ခဲ့သည်။ မဟာ လက်ဇ်က အတော်လေး ဒေါသထွက်နေပုံရသည်။ စတုတ္ထ မင်းသား လုခ်၏ အကာအကွယ်ကြောင့်သာ မဟုတ်လျှင် ကာလိုမိသားစုကို ဝင်ရောက်ရှာဖွေပြီး ခေါင်းဖြတ်သတ် ခံရမည်မှာ အသေအချာပင်။ ယခု သူက ရာဇဝတ်မှုအတွက် ထောင်ထဲတွင် အကျဉ်းချခံထားရ၏။
ဒုတိယ ဖြစ်ရပ်ကြီးမှာ သတင်းကြားပြီး အလျင်အမြန် ပြန်လာသော ဆမ်မြူရယ်က ကိုယ်ရေးကိုယ်တာ ဒေါသကို ဖြေဖျောက်ရန်အတွက် ဒုတိယမင်းသား ဂါဖီးလ်ကို လုပ်ကြံရန် ကြံစည်ခဲ့ခြင်းပင်။ သူ့ကို နေရာတွင်ပင် နဂါးစစ်သည်တော် ဗိုလ်ခြေခေါင်းဆောင် ဖာဂရစ်က ဖမ်းဆီးခဲ့ပြီး အစွမ်းထက် ပုဂ္ဂိုလ်များကို အကျဉ်းချထားရာ မိုးကြိုး အကျဉ်းထောင်တွင် အကျဉ်းချထားခဲ့သည်။
ထိုအဖြစ်အပျက်နှစ်ခုက ခမ့်လော့မိသားစုကို ပြိုလဲလု နီးပါး ဖြစ်စေခဲ့သည်။ လက်ရှိတွင် အရေးကြီးပါသော မိသားစုဝင်များကို စစ်တပ်က စောင့်ကြည့်နေ၏။ အနီးစပ်ဆုံး ဆွေမျိုးများဖြစ်သည့် ဖီလစ်မိသားစုကပင် သူတို့နှင့် လမ်းခွဲရန် ဖိအားပေးခံရပြီး ဂျိုအန်နာကိုလည်း အတင်းအကျပ် မိသားစုဆီ ပြန်ခေါ်သွားခဲ့သည်။ သူက တစ်ကိုယ်တည်း လျှောက်သွားပြီး ဆမ်မြူရယ်ကို ကယ်တင်ရန် ကြိုးစားခဲ့သော်လည်း တတ်နိုင်သောအရာ မရှိခဲ့ပေ။
ချန်လွေ့သည် ကာလို၏ စရိုက်ကို မသိသော်လည်း ဆမ်မြူရယ်အကြောင်း ကောင်းကောင်း သိလေသည်။ ဆမ်မြူရယ်က စိတ်မထိန်းနိုင်သော အမှိုက်ကောင်မျိုး မဟုတ်ပေ။ သူသည် ထောင်ချောက် တစ်ခုခုထဲသို့ ကျရောက် သွားခြင်း ဖြစ်နိုင်သည်။ နဂါးလေး အန်ဒါလူ၏ တောင်းဆိုမှုကို နဂါးဧကရာဇ်က တော်ဝင်မိသားစု၏ အတွင်းရေး ပဋိပက္ခအား မစွက်ဖက်ရဟူသော အကြောင်းပြချက်ဖြင့် ပယ်ချခဲ့ခြင်းကို ကြည့်ခြင်းဖြင့် ထိုကိစ္စသည် လုံးဝ မရိုးရှင်းနိုင်ပေ။
ဘယ်လိုပဲဖြစ်ဖြစ် ဒီည ငါ မိုးကြိုးအကျဉ်းထောင်ဆီကို သွားရမယ်။