← Chapters

ငါက တံငါသည် တစ်ယောက်ပါ

Vol. 57 Ch. 931

ငါက တံငါသည် တစ်ယောက်ပါ

Vol. 57 Ch. 931

ယန်ရှောင်အင်ပါယာ၊ ဥယျာဉ်မြို့ အပြင်ဘက်ရှိ ကျတ်တီး တောင်တန်းနေရာ၌ -

လရောင်အောက်တွင် အလင်းတံခါးတစ်ခု ပွင့်လာပြီး လူ့ပုံစံ အရိပ်တစ်ခု ပြေးထွက်လာ၏။ ထိုလူ့ပုံသဏ္ဌာန်က သေးငယ်သော ယင်ကောင်များစွာဖြင့် ဖွဲ့စည်းထားပုံရသည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် ၎င်းတို့က တကယ့်လူ့အဖြစ် ပေါင်းစည်းသွားပြီး မြေပြင်သို့ လဲကျသွားတော့သည်။

လူခန္ဓာကိုယ်ပေါ်ရှိ တောက်ပသော ကြယ်ချပ်ကာက လျင်မြန်စွာ မှေးမှိန်လာပြီး အတွင်းတွင် အနက်ရောင် ချပ်ကာတစ်ခု ရှိနေသည်။ ချပ်ကာ၏ မျက်နှာပြင်တွင် သေးငယ်သော အက်ကြောင်းများနှင့် ချိုင့်ခွက်များ ပြည့်နေပြီး ၎င်းတို့က မျက်စိဖြင့် မြင်နိုင်သော အမြန်နှုန်းဖြင့် တဖြည်းဖြည်း ကုစားနေလေသည်။

ခဏအကြာ အနက်ရောင်ချပ်ကာလည်း ပျောက်ကွယ်ပြီး အတွင်းရှိ အမာရွတ်များ ပြည့်နေသော ခန္ဓာကိုယ်ကို ပေါ်ထွက်လာခဲ့သည်။ ဒဏ်ရာများက ဖိအားလွန်ကဲမှုကြောင့် အတွင်းမှ ပွင့်ထွက်နေသည်။ အတွင်းမှ မမြင်နိုင်သော ဒဏ်ရာများက ပိုပြင်းထန်နေသည်မှာ အသေအချာပင်။ သို့သော်လည်း ချန်လွေ့၏မျက်နှာက ပြုံးနေပြီး ဟက်ဟက် ပက်ပက် ရယ်လိုက်၏။

ယခုတစ်ခေါက် သိဒ္ဓိအလင်းတောင် ခရီးစဉ်သည် စိတ်လှုပ်ရှားဖွယ်ရာများ ဆက်တိုက် ဖြစ်ပျက်ခဲ့သည်ဟု ပြောနိုင်ပေသည်။ မယှဉ်နိုင်အောင် စွမ်းအားကြီးသော နတ်ဘုရား-ယောင်ကို ရင်ဆိုင်ရပြီးနောက် သူက နောက်ဆုံး အနိုင်ရသူနှင့် တစ်ဦးတည်းသော အနိုင်ရသူဖြစ်လာခဲ့သည်။

ဖိုက်သွန်၏ လုပ်ရပ်များက သူ ထင်ထားသည်ထက် အမှန်တကယ် ကျော်လွန်နေသည်။ နတ်ဘုရား-ယောင် စွမ်းအားမရှိလျှင်ပင် ထိုမိန်းမ၏ ပရိယာယ်က ကြောက်မက်ဖွယ်ရာ ကောင်းသည်ဟု ဆိုနိုင်သည်။ သူသည် ကြိုတင်ကာကွယ်မှုများ အချိန်အတော်ကြာ ပြုလုပ်ထားပြီး အားနည်းချက်များကိုလည်း တမင်သက်သက် ပြသကာ လက်အောက်ခံ-သခင် စာချုပ်ကို ချုပ်ဆိုခဲ့သော်လည်း ထောင်ချောက်ထဲသို့ ကျရောက်ခဲ့ပြီး ဗုံးခန္ဓာ ဖြစ်လုနီးပါး ဖြစ်သွားခဲ့ရသည်။

သို့သော် သူကလည်း ဖိုက်သွန်ကို လှည့်ဖြားခဲ့သည်။ ဖိုက်သွန်၏ ‘ချစ်မြတ်နိုးမှုအဆိပ်’ နှင့် စိတ်ဝိညာဉ်ထိန်းချုပ်မှု နှစ်ခုလုံးက စူပါစနစ်ကို ကျော်လွှား၍ မရပေ။ ဖိုက်သွန်သည် စိတ်ဝိညာဉ်အသိ တစ်စိတ်အပိုင်းကို ချန်လွေ့၏ ထိန်းချုပ်မှုအောက် ထားခဲ့ပြီးနောက် ချန်လွေ့သည် ထိုစိတ်ဝိညာဉ်ကို ဝါးမျိုကာ ‘ဗုံးခန္ဓာ’ ဖြစ်လာမည့် အကြီးမားဆုံး ခြိမ်းခြောက်မှုကို ဖြတ်တောက်ရန် စူပါစနစ်ကို ချက်ချင်း အသက်သွင်းခဲ့လေသည်။

ထို့နောက် သူသည် မိုက်ကယ်၏ မီးစွမ်းအားကို ဖိုက်သွန်ဆီ လမ်းလွှဲကာ အစွမ်းထက် ပုဂ္ဂိုလ်များ တိုက်ခိုက်ခြင်းကို ဘေးမှ ရပ်ကြည့်နေခဲ့သည်။

ကောင်းကင်တမန်ခေါင်းဆောင် မိုက်ကယ်ဟူသော အမည်က ချန်လွေ့၏ မှတ်ဉာဏ်ထဲရှိ အခြားလောကတွင် အထူး ဘာသာရေး အဓိပ္ပာယ်ရှိပြီး မရေမတွက်နိုင်သော ဒဏ္ဍာရီများနှင့် အံ့ဖွယ်ရာများဖြင့်လည်း ပေါင်းစပ်ထား၏။

ထိုဂြိုဟ်တွင် ‘နတ်ဘုရားအဆင့်နှင့် အနီးစပ်ဆုံးသူ’ ဟူသည်မှာ ချဲ့ကားပြောဆိုခြင်း မဟုတ်ပေ။ အမျိုးအစား တစ်ခုကို ကျော်လွန်သွားသော ဖရိုဖရဲဘုံရှိ ‘အလောင်းများ’မှလွဲ၍ မိုက်ကယ်သည် သူမြင်ဖူးသမျှ အစွမ်းအထက်ဆုံး အထူး-အစွမ်းထက်ပုဂ္ဂိုလ် ဖြစ်သည်။ နတ်ဆိုးဘုံ၏ အစွမ်းအထက်ဆုံး နတ်ဘုရား-ယောင်အဆင့် စေတန်သည်ပင် နှိမ့်ကျသည်။

မိုက်ကယ်၏ အဆင့်မှကြည့်လျှင် ချန်လွေ့၏ စွမ်းအားက အမှန်တကယ် ပြောပလောက်စရာ မရှိပေ။ သူက ကြိုက်သလို သတ်ပစ်နိုင်သော ပုရွက်ဆိတ်တစ်ကောင်သာ ဖြစ်၏။ တကယ်တမ်း ပြောပလောက်စရာ မရှိပေ။ သူသည်

ထိုသို့သော မထီမဲ့မြင် ပြုခြင်းမျိုးက ချန်လွေ့အား ဘေးမှ ရပ်ကြည့်သူတစ်ဦးအဖြစ် တိုက်ခိုက်ခြင်းကို ကြည့်ရှုနေစဉ် ရဲတင်းသော လုပ်ရပ်ကို ပြုလုပ်ရန် အခွင့်အရေးပေးခဲ့သည်။ သူသည် ကျိုးနေသော တိုင်နောက် ပုန်းအောင်းကာ ကိုယ်ပွား အသူရာကို ချက်ချင်းထုတ်လွှတ်ခဲ့၏။ တစ်ချိန်တည်းမှာပင် သူသည် [တိတ်တဆိတ်] ကို အသက်သွင်းကာ အလင်း နတ်ဘုရားကျောင်းဆီသို့ တိတ်တဆိတ် သွားခဲ့သည်။

ထိုအချိန် ဖိုက်သွန်နှင့် မိုက်ကယ်တို့ သိရှိနေသော်လည်း ပျက်စီးခြင်း ဇစ်မြစ်စွမ်းအားကြောင့် အခင်းဖြစ်ပွားရာ နေရာတွင် ရှိနေသေးသော အသူရာက သူတို့ကို သံသယ မဝင်စေခဲ့ပေ။ အရေးအကြီးဆုံးမှာ နတ်ဘုရား-ယောင် နှစ်ဦးသည် ထိုအချိန်က ပြင်းထန်စွာ တိုက်ခိုက်နေကြပြီး အာရုံလွှဲရန် အချိန်မရှိခြင်းပင်။

ချန်လွေ့က အလင်းနတ်ဘုရားကျောင်းသို့ ချောချော မွေ့မွေ့ ခိုးဝင်နိုင်ခဲ့သည်။ လမ်းတလျှောက် အစီအရင်ကို ပယ်ဖျက်ရန် အလွန်ပြင်းထန်သည့် အဆိပ်ဥပဒေကို အသုံးပြုခဲ့သော ဖိုက်သွန်ကိုလည်း အထူးကျေးဇူးတင်စကား ပြောချင်ခဲ့သည်။ ဖိုက်သွန်သည် အလင်း နတ်ဘုရားကျောင်းသို့ ကိုယ်တိုင် သွားရန် ပြင်ဆင်ထား သော်လည်း သူသည် အခြားသူများအတွက် အလုပ်လုပ် ပေးခဲ့ရလေသည်။

အလင်းနတ်ဘုရားကျောင်းနှင့် နီးကပ်လာလေလေ ပိုမိုသန့်စင်ပြီး အငွေ့အသက် ပိုမိုပြင်းထန်လာလေလေ ဖြစ်သည်။

ထိုအရာက ဖန်တီးခြင်း ဇစ်မြစ် အငွေ့အသက်ပင်။

၎င်းမှာ ပျက်စီးခြင်း ဇစ်မြစ်နှင့် လုံးဝ ဆန့်ကျင်ဘက် ဖြစ်သော စွမ်းအားတစ်ခု ဖြစ်သည်။ ဖိုက်သွန်နှင့် မိုက်ကယ်တို့၏ ယခင်စကားဝိုင်းမှ ချန်လွေ့သည် ဖန်တီးခြင်း ဇစ်မြစ်နှင့် ပျက်စီးခြင်းဇစ်မြစ်တို့ကို ရောနှောခြင်း၏ ကြောက်မက်ဖွယ် အကျိုးဆက်များကို သိခဲ့ရပြီ ဖြစ်သည်။ ထို့ကြောင့် သူက ပျက်စီးခြင်း ဇစ်မြစ်အငွေ့အသက် အနည်းငယ်မျှပင် မထုတ်ဖော်ရဲခဲ့ပေ။

ဖန်တီးခြင်းဇစ်မြစ်နှင့် ပျက်စီးခြင်းဇစ်မြစ်တို့တွင် တူညီသော အချက်တစ်ခုမှာ အန္တရာယ်များခြင်းပင်။

ယခုတွင် ချန်လွေ့က ‘အရာအားလုံး ဖျက်ဆီးသွားပြီ’ ဟူသော ခံစားချက်ကို မခံစားရသော်လည်း ထူးခြားသော ‘ပျက်ယွင်းမှု’ တစ်ခုကို ခံစားနေရသည်။ ထိုဇစ်မြစ် စွမ်းအားအောက်တွင် ခန္ဓာကိုယ်၊ စိတ်ဝိညာဉ်၊ မှတ်ဉာဏ် စသည်တို့အားလုံးသည် မူရင်းပုံစံမှ ကွယ်ပျောက်ပြီး အသစ်ပြန်လည်ဖြစ်လာလိမ့်မည်။

ထိုအရာက သေခြင်းတရား၏ အခြားပုံစံတစ်ခုနှင့် ညီမျှပေသည်။

‘ဖန်တီးခြင်း’ ၏ ထိတ်လန့်ဖွယ်ရာက ‘ပျက်စီးခြင်း’ထက် မနိမ့်ပါးလှပေ။

တိုင်းပြည်အဆင့်၏ အမြင့်ဆုံးအဆင့် စွမ်းအားက ခဏသာ ခုခံနိုင်ပြီးနောက် ပြိုကွဲသွားတော့သည်။ ပထမဆုံး ပြောင်းလဲသွားသည်မှာ သူ၏ဆံပင်ဖြစ်ပြီး အရူးအမူး ပေါက်လာခဲ့သည်။ ထို့နောက် သူ၏ ကြွက်သားများသည် လိမ်ယှက်လာပြီး သွေးစီးဆင်းမှုက အမြင့်ဆုံးအထိ ပြောင်းပြန် စီးဆင်းသွားတော့သည်။

ထိုကဲ့သို့ အရေးတကြီး အခြေအနေတွင် ချန်လွေ့က [ဓူဝံကြယ်နီအသွင်ပြောင်းခြင်း]ကို မဆိုင်းမတွ အသက်သွင်း လိုက်၏။ [ဓူဝံကြယ်အသွင်ပြောင်းခြင်း] ၏ ဥပဒေသ စွမ်းအားသည် တိုင်းပြည်အဆင့်ထက် အများကြီး သာလွန်သော်လည်း ချန်လွေ့သည် ပျက်စီးခြင်း ဇစ်မြစ် ဥပဒေသကို အသုံးမပြုရဲခဲ့ပေ။ သူသည် ဥတု(၄)ပါး တိုင်းပြည် အသုံးပြုပြီး အချိန်ဥပဒေသနှင့်သာ ခုခံနေခဲ့သည်။

သို့သော် နတ်ဘုရားတစ်ပိုင်းအဆင့်၏ ဥပဒေသလည်း ဖန်တီးခြင်းဇစ်မြစ်၏ တိုက်စားမှုကို မခုခံနိုင်ဘဲ ကြယ်ချပ်ကာက ပြိုကွဲတော့မည့် လက္ခဏာများ စတင်ပြသ လာခဲ့သည်။ နတ်ဘုရား-ယောင်၏ ‘အရှိန်အဝါ’ အဆင့်သို့ ရောက်မှသာ ထိုဇစ်မြစ်ကို ထိရောက်စွာ ခုခံနိုင်လိမ့်မည်။ အလင်းဒြပ်စင်ဘုရင်သည် နတ်ဘုရား-ယောင် အဆင့်သို့ မရောက်ပါက အလင်းနတ်ဘုရားကျောင်း အတွင်းရှိ အရာများကို လောဘမကြီးသင့်ကြောင်း တစ်ချိန်က ချန်လွေ့ကို ပြောခဲ့သည်မှာ အံ့သြစရာမရှိတော့ပေ။

ကံကောင်းစွာဖြင့် [ဓူဝံကြယ်နီအသွင်ပြောင်းခြင်း] အခြေအနေတွင် စူပါစနစ်၏ အစွမ်းထက်သော ယုံကြည်မှုစွမ်းအားနှင့် အသက်စွမ်းအား အကာအကွယ်ကို လွတ်လပ်စွာ အသုံးပြုနိုင်သည့်အပြင် နတ်ဘုရား-ဝါးမျို မျက်နှာဖုံးနှင့် အမျက်ဘုရင်ချပ်ကာတို့၏ အကာအကွယ်ကြောင့် ချန်လွေ့သည် ခဏတာ ခံနိုင်ရည် ရှိခဲ့သည်။ သို့သော် သူ၏ စိတ်ထဲ၌ ထူးခြားသော ရင်းနှီးမှု ခံစားချက်တစ်ခု ပိုမိုအားကောင်း လာနေခဲ့သည်။

နောက်ဆုံး ချန်လွေ့သည် ထိုနေ့က ကြယ်အလင်း ကောလိပ်၏ ကြယ်မျှော်စင်တွင် ကြယ်အလင်းစွမ်းအားကို စုပ်ယူပြီး အစစ်အမှန်မီးတောက် အချုပ်အနှောင်ကို အပြည့်အဝ ပေါင်းစပ်ပြီးနောက် ထူးခြားသော စွမ်းအား တစ်ခုကို တစ်ချိန်က ခံစားခဲ့ရကြောင်း သတိရသွားသည်။ ကြယ်မျှော်စင်၏ နေရာလွတ်တစ်ခုလုံးက တစ်စုံတစ်ခုသော တည်ရှိမှု၏ စိတ်ပုံရိပ်တစ်ခု ဖြစ်ပုံရသည်။ ပုံရိပ်ကို တကယ်လွှမ်းမိုးထားသည်မှာ စကြဝဠာ၏ အမှန်တရား ဖြစ်ပုံရသော ဥပဒေသဖြစ်လေသည်။ ထိုအရာက နိမ့်ပါးဟန် တူသော်လည်း အမှန်တကယ်၌ နက်ရှိုင်းလှသည်။

ထိုအချိန် သူက ထို ‘အမှန်တရား’ ကို ထိတွေ့သိမြင်ရန် စိတ်ဝိညာဉ်စွမ်းအားကို အသုံးပြုရန် ကြိုးစားခဲ့သော်လည်း လွှမ်းမိုးခံရလုနီးပါး ဖြစ်ခဲ့သည်။ နောက်ဆုံး သူက စူပါစနစ် ကို အသုံးပြု၍ ထို ‘စွမ်းအား’၏ အစအနကို အကြမ်းအားဖြင့် စုပ်ယူကာ [ကြယ်ကူးပြောင်းခြင်း]တွင် ဖြည်းဖြည်းချင်း နားလည်လာခဲ့သည်။

ထိုစွမ်းအားကြောင့်သာ သိဒ္ဓိကျောင်းတော်မှ တောင်ပံ ၄ခု ကောင်းကင်တမန် ‘စူးစမ်းရှာဖွေနတ်ဘုရား’ ဇီဟုန်အန် ပေါ်လာပြီး သူ့ကို ရာဖယ်ရယ်အောက်ရှိ သိဒ္ဓိတပည့် ဖြစ်လာရန်အတွက် လာရောက်စည်းရုံးခဲခဲ့ခြင်း ဖြစ်သည်။ နောက်ဆုံးတွင် သူက ချန်လွေ့၏လက်ထဲတွင် သေဆုံးခဲ့သော ဒုတိယမြောက် အထူးအစွမ်းထက်ပုဂ္ဂိုလ် ဖြစ်လာခဲ့သည်။

ကြယ်မျှော်စင် ဖြစ်ရပ်ပြီးနောက် အချိန်ကြာလာသည်နှင့် အမျှ ထိုစွမ်းအား၏ အစအနသည် [ကြယ်ကူးပြောင်းခြင်း] ဖြင့် တဖြည်းဖြည်း ပြိုကွဲကာ စုပ်ယူခံရသော်လည်း ချန်လွေ့က ၎င်းတွင်ပါဝင်သော ‘အမှန်တရား’ ကို နားမလည်နိုင်သေးပေ။ ဝိုးတဝါး ခံစားချက်တစ်ခုသာ စိတ်ဝိညာဉ်အမှတ်အသားတွင် ကျန်ရှိနေခဲ့သည်။

ယခုတွင် ချန်လွေ့က ထို‘စွမ်းအား’၏ အနှစ်သာရမှာ ဖန်တီးခြင်းဖြစ်ကြောင်း နောက်ဆုံး နားလည်သွားခဲ့၏။

ကြယ်မျှော်စင်မှာ ဖန်တီးခြင်းဇစ်မြစ်၏ စိတ်ပုံရိပ်တစ်ခု ဖြစ်သည်။

ဒီစိတ်ပုံရိပ်က သဘာဝအတိုင်း ဖြစ်လာတာလား။ ဒါမှမဟုတ် တမန်တော်(၃)ပါးက တမန်လုပ်ထားတာလား မသိဘူး။

တမန်တော်တွေ လုပ်ထားတာ ဆိုရင်တော့ ဒါက ကြယ်အလင်း ကောလိပ်အတွက် လျို့ဝှက်ကြံစည်မှုကြီး တစ်ခုပဲ။ ဖန်တီးခြင်း ဥပဒေသကို ထိတွေ့နိုင်တဲ့၊ နားလည်နိုင်တဲ့ ပါရမီရှင် ကျောင်းသား/သူတွေကို ကျောင်းတော်က ခေါ်ယူမယ်။ ဒါမှမဟုတ် အဲဒီလူတွေရဲ့ နားလည်မှုတွေကို ဝါးမျိုခြင်း နည်းလမ်းတစ်ခုနဲ့ စုပ်ယူပြီးတော့ တမန်တော် (၃)ပါးအတွက် “အာဟာရတွေ” ဖြစ်လာမယ်။

လက်စသတ်တော့ ဖန်တီးခြင်း ဇစ်မြစ်စွမ်းအား တစ်စိတ်တစ်ပိုင်းက ငါ့ခန္ဓာကိုယ်ထဲမှ အမြဲတမ်း ရှိနေခဲ့ တာကိုး။

ထိုအရာကို နားလည်ပြီးနောက် ချန်လွေ့က ကျန်ရှိနေသော ‘ဝိုးတဝါးခံစားချက်’ကို ပတ်ဝန်းကျင်ရှိ ဖန်တီးခြင်း ဇစ်မြစ်အငွေ့အသက်နှင့် ပေါင်းစပ်လိုက်သည်။ အသူရာကို အောင်နိုင်စဉ်က ‘ဖန်တီးခြင်း’အပေါ် သူ၏ နားလည်မှုနှင့် ပေါင်းစပ်လိုက်သောအခါ စိတ်ဝိညာဉ် အမှတ်အသား နားလည်မှုက တဖြည်းဖြည်း ထင်ရှား လာကြောင်း ခံစားလာရသည်။ ဖန်တီးခြင်း ဇစ်မြစ်၏ တိုက်စားမှုအရှိန်နှင့် စွမ်းအားတို့လည်း အတော်လေး လျော့နည်းသွားခဲ့သည်။

ထိုနေရာတွင် သူ့အတွက် နားလည်ရန် အချိန် လုံလုံလောက်လောက် ရှိခဲ့ပါက ဖန်တီးခြင်းဇစ်မြစ်၏ အစိတ်အပိုင်း တစ်ခုကို အမှန်တကယ် နားလည်နိုင်မည် ဖြစ်သော်လည်း ကံမကောင်းစွာဖြင့် လက်ရှိအခြေအနေအရ အချိန်အကြာကြီး နေ၍မရနိုင်ပေ။

အလင်းနတ်ဘုရားကျောင်းတွင် အစ်ဇဘယ်လာ၏ နှလုံးသားထဲမှ အကြီးဆုံးသော အထုံးအဖွဲ့ကို သိမ်းဆည်း ထားသည်။ ထိုအရာက နတ်ဆိုးဘုံမှ အဆောင်ပစ္စည်း ၇ခုထဲမှ တစ်ခုဖြစ်သော အရိပ်လေပြေဘွတ်ဖိနပ် ဖြစ်သော ဘယ်ဖီဂေါ ‌တော်ဝင်မိသားစု၏ အမြင့်ဆုံး အဆောင် ပစ္စည်းပင်။ ယခု သူသည် ထိုနေရာသို့ ရောက်လာပြီဖြစ်ရာ လက်ဗလာဖြင့် ပြန်သွား၍ မရနိုင်ပေ။ အနည်းဆုံး ကြိုးစားသင့်ပေသည်။

အလင်းနတ်ဘုရားကျောင်းသို့ နောက်ထပ် အတင်း ဝင်ရောက်ရာတွင် သူက စိတ်လှုပ်ရှားဖွယ်ရာ များစွာကို ကြုံတွေ့ခဲ့ရသော်လည်း သူ့ကို အံ့သြစေခဲ့သည်မှာ အလင်းနတ်ဘုရားကျောင်း၏ အစီအရင်မှာ အမှန်တကယ် အလင်းစွမ်းအားနှင့် မီးစွမ်းအားဖြစ်နေခြင်းပင်။

အစီအရင် စွမ်းအားက အလွန်အမင်း အစွမ်းထက် သော်လည်း [မီးဇာမဏီအမာရွတ်] နှင့် [ကျက်သရေ အလင်းခန္ဓာ]ရှိသော ချန်လွေ့အတွက်မူ ဘာမှ မဟုတ်ပေ။ နောက်ဆုံး သူက အစီအရင်ကို အောင်မြင်စွာ ဖြတ်သန်းကာ အလင်းနတ်ဘုရားကျောင်းထဲသို့ ဝင်ရောက်နိုင်သွားခဲ့သည်။

အလင်းနတ်ဘုရားကျောင်းသည် ဖရိုဖရဲဘုံရှိ ပျက်စီးခြင်း နန်းတော်ကဲ့သို့ပင် ထူးခြားသော နေရာလွတ်တစ်ခု ဖြစ်သည်။ နန်းတော်တစ်ခုလုံးကို မူလအကျဆုံးနှင့် အစွမ်းထက်ဆုံး ဖန်တီးခြင်းဥပဒေဖြင့် တည်ဆောက်ထားပြီး ပြီးပြည့်စုံသော ဖန်တီးခြင်းဥပဒေဖြစ်ကာ ပျက်စီးခြင်းနန်းတော်ထက် များစွာ ပိုမို အစွမ်းထက်ပေသည်။

ချန်လွေ့သည် ဖန်တီးခြင်းစွမ်းအားကို အနည်းငယ် နားလည်သော်လည်း သူ့တွင် ‘ဖန်တီးခြင်းခန္ဓာ’ မရှိပေ။ စူပါစနစ် တိုင်းပြည်၏ ယုံကြည်မှုနှင့် အသက်စွမ်းအားပင်လျှင် အလွန် အားကောင်းသော ဖန်တီးခြင်းဇစ်မြစ်ကို မခုခံနိုင်ဘဲ အသက်စွမ်းအား ရုတ်တရက် ကျဆင်းလာခဲ့သည်။ ကြယ်ချပ်ကာလည်း အလိုအလျောက် ပုံသဏ္ဌာန် ပြောင်းလဲ လာသည်။ ထိုလုပ်ငန်းစဉ်က ထိခိုက်မှုများစွာ ဖြစ်စေခဲ့သည်။

အရေးကြီးသော အခြေအနေ၌ ချန်လွေ့က သတိဖြင့် နတ်ဆိုးဒိုင်းကို ထုတ်ယူလိုက်သည်။ အနည်းငယ်မျှ ကာကွယ် နေစဉ်တွင် သူသည် အရိပ်လေပြေဘွတ်ဖိနပ်ကို အမြန်ဆုံး ရှာဖွေရန် [အလင်းဗုံး] ပညာရပ်ကို အသက်သွင်းခဲ့သည်။ သူ၏ အကာအကွယ် ကုန်ဆုံးတော့မည့် အချိန်တွင် ယဇ်ပလ္လင်နှင့်တူသော အဆောက်အအုံတစ်ခုတွင် စားပွဲဝိုင်း ပုံသဏ္ဌာန် စင်မြင့်တစ်ခုကို တွေ့ရှိခဲ့၏။

စင်ြမင့်သည် မှိန်ဖျော့သော ရွှေရောင်ရှိပြီး အလွန် ထူးခြားသော မျက်နှာပြင်ရှိသည်။ ချန်လွေ့ပင် ၎င်းကို မည်သည့်အရာဖြင့် ပြုလုပ်ထားကြောင်း မပြောနိုင်ခဲ့ပေ။ ၎င်းတွင် အဓိပ္ပာယ်မသိသော ထူးဆန်းသော သင်္ကေတများ ထွင်းထား၏။ ချိုင့်ခွက် ၇ခုရှိပြီး ဖျော့တော့သော အစိမ်းရောင် တံဆိပ်တစ်ခုသည် ချိုင့်ခွက်တစ်ခုတွင် မြှုပ်နှံထားလေသည်။

ချန်လွေ့သည် ‘လေတံဆိပ်’ ဟူသော စကားလုံးကို အမှတ်ရလိုက်ပြီး တံဆိပ်ကို ယူလိုက်၏။

တံဆိပ်ကို စင်မြင့်မှ ဖယ်ရှားပြီးသည်နှင့် ထိုအရာက တောက်ပလာပြီး ဘွတ်ဖိနပ်တစ်စုံ အဖြစ်သို့ ပြောင်းလဲသွား တော့သည်။

အရိပ်လေပြေဘွတ်ဖိနပ်....

ချန်လွေ့ အလွန် ပျော်ရွှင်သွားခဲ့သည်။ ထိုအချိန် စင်မြင့်မှ ပြင်းထန်သော ရွှေရောင်အလင်း ထုတ်လွှတ်လိုက်ရာ သူ့ကို ခဏတာ မျက်စိကျိန်း သွားစေသည်။ သူက အလင်းနတ်ဘုရားကျောင်းမှ တွန်းထုတ်ခံလိုက်ရစဉ် မိုက်ကယ် ရောက်လာခြင်းနှင့် တိုက်ဆိုင်စွာ ဆုံခဲ့သည်။

အစွမ်းထက်ဆုံး နတ်ဘုရား-ယောင် ဖြစ်သင့်သူကို ရင်ဆိုင်ပြီးနောက် ချန်လွေ့သည် စွန့်ကားက နောက်ဆုံးတွင် ထွက်ပြေးလွတ်မြောက်ခဲ့သည်။ နေရာလွတ်အဆောင်ပစ္စည်း ‘ကျက်သရေမျှော်စင်’က ထိုနေရာတွင် ကြီးမားသော အခန်း ကဏ္ဍမှ ပါဝင်ခဲ့၏။

ကျက်သရေမျှော်စင်ကို သိဒ္ဓိနဂါး ရိုဒရီဂူးဇ်ထံမှ ရရှိခဲ့ပြီးနောက် [အထူးစိစစ်မှု] ဖြင့် ဖောက်ထွင်းပြီးဖြစ်ခဲ့သည်။ သို့သော် ချန်လွေ့သည် နတ်ဘုရား-ယောင် စွမ်းအား မရှိသောကြောင့် ၎င်းကို အသက်မသွင်းနိုင်ခဲ့ပေ။ မှော်ဆရာခံတပ်ရှိ နင်ဘတ်စ်မြို့တွင် ဆွေးနွေးမှု ပြုလုပ်စဉ်က သန်း‌ခေါင်နေနှင့် ရင်ဆိုင်ရစဉ် သွေးမြေကျ စက်လုံးကို ယာယီခုခံရန်အတွက် အသက်ဓာတ်ကို လောင်ကျွမ်းစေကာ ကျက်သရေမျှော်စင်ကို ထိန်းချုပ်ခဲ့လေသည်။

အဆောင်ပစ္စည်း၏ အဆင့်အရ ကျက်သရေမျှော်စင်သည် သွေးမြေကျစက်လုံးထက် များစွာ သာလွန်သော်လည်း နောက်ဆုံးတွင် သွေးမြေကျ စက်လုံး၏ ဖိနှိပ်ခြင်းကို ခံခဲ့ရသည်။ ၎င်း၏ ပိုင်ရှင် ချန်လွေ့သည် အလွန်အားနည်း လွန်းသည်ဟုသာ ဆိုနိုင်မည်။ မိုက်ကယ်ကဲ့သို့ နတ်ဘုရား-ယောင် သို့မဟုတ် နေရာလွတ်ဥပဒေသစွမ်းအားကို ကျွမ်းကျင်သော အစွမ်းထက်ဆုံး နတ်ဘုရား-ယောင်ကို ရင်ဆိုင်ရပါက သူသည် ထိုလှည့်ကွက်ကို ထပ်ခါတလဲလဲ အသုံးပြုနိုင်မည် မဟုတ်ပေ။

သို့သော် ချန်လွေ့သည် ယခု နတ်ဘုရား-ယောင်၏ စစ်မှန်သော စွမ်းအားဖြင့် ကျက်သရေမျှော်စင်ကို ထိန်းချုပ်ခဲ့သည်။ ပို၍တိကျစွာ ဆိုရလျှင် ၎င်းသည် နတ်ဘုရား-ယောင်၏ စိတ်ဝိညာဉ် အမှတ်အသားဖြစ်ပြီး ယခင် ဖိုက်သွန်ထံမှ ရရှိခဲ့သော ‘ဆုလာဘ်’ ဖြစ်သည်။

ချန်လွေ့သည် စိတ်ဝိညာဉ်အမှတ်အသားကို ရရှိခဲ့စဉ်က စိတ်ကူးတစ်ခု ရရှိသွားခဲ့သည်။ ထိုအချိန် သူသည် စိတ်ဝိညာဉ် အမှတ်အသားကို အသုံးပြု၍ ကျက်သရေ မျှော်စင်ကို ထိန်းချုပ်ရန် ပုံကြမ်းမျှသာ မြင်ခဲ့သော်လည်း ထိုအရာက သူ ထွက်ပြေးနိုင်ရန် သော့ချက်ဖြစ်လာမည်ဟု လုံးဝမထင်ထားခဲ့ပေ။

ဖိုက်သွန်ပင် ထိုအကြောင်းကို မစဉ်းစားခဲ့မိပေ။ သူသည် နတ်ဆိုးဘုံမှ လူသားလောကသို့ ရောက်လာရန် အချိန် အတော်ကြာ ဂရုတစိုက် စီစဉ်ခဲ့သော်လည်း နောက်ဆုံးတွင် လက်ဗလာဖြင့် သိဒ္ဓိအလင်းတောင်တွင် သေလုနီးပါး ဖြစ်ခဲ့သည်။ နောက်ဆုံးတွင် သူက တံငါသည် ချန်လွေ့အား အကျိုးပြုခဲ့လေသည်။

ကျက်သရေမျှော်စင်တွင် ရာဖယ်ရယ်၏ ကောင်းကင်တမန် အတောင်များစွာ ကျန်ရှိနေသေးသည့်အပြင် ၎င်းတို့သည် ထိပ်တန်းအဆင့် နတ်ဘုရား-ယောင် အဆင့်များ ဖြစ်သည်။ ယန္တရားဆရာသခင်များ၏ မျက်လုံးထဲ၌ ၎င်းတို့သည် အလွန်ရှားပါးသော ကုန်ကြမ်းများပင်။

အလုံခြုံဆုံး ဖြစ်ရန်အတွက် ချန်လွေ့သည် ကျတ်တီး တောင်ကုန်းမြေတွင် မရပ်တန့်ခဲ့ပေ။ သူက ဥယျာဉ်မြို့တော်ရှိ သော်ရ်ဆိပ်ကမ်းမှ တစ်ညလုံး ခရီးထွက်လာခဲ့ပြီး မိစ္ဆာ ထောင်ခြောက်သင်္ဘောဖြင့် နဂါးတောင်ကြားသို့ တိုက်ရိုက် တယ်လီပို့နိုင်သော မုန်တိုင်းကျွန်းသို့ သွားတော့သည်။

All Chapters