သရဖူ
Vol. 57 Ch. 934
လသာသော ညတစ်ည -
အေးစိမ့်သော ပင်လယ်လေက မိစ္ဆာထောင်ခြောက် သင်္ဘော၏ အလံကို လှုပ်ခတ်နေရာ တလှပ်လှပ်အသံများ ထွက်ပေါ်နေလေသည်။
‘ညဈေးဘုရင်’ဟု လူသိများသော ပါ့ဂ်လီအိုက တစ်ခုခုကို စဉ်းစားနေပုံရပြီး အိပ်မပျော် ဖြစ်နေသည်။ နတ်မိမယ်နဂါး၏ လျှပ်စီးကြောင်း ထိမှန်မည်ကို စိုးရိမ်နေရင်း သူက အရုဏ်မတက်မီ ချန်လွေ့၏ တံခါးကိုခေါက်ကာ အိပ်မှုန်စုံမွှား ဖြစ်နေသော လူသားကို ကုန်းပတ်ပေါ်တွင် ဝိုင်သောက်ရန် ဆွဲခေါ်သွားခဲ့သည်။
ဆရာသခင်အဆိပ်နဂါး ယူလာသော ဝိုင်များ ကုန်သွားပြီ ဖြစ်သည်။
အစစ်အမှန် ခန့်ညားသော အကောင်တစ်ကောင်က သင်္ဘောခန်းထဲတွင် ဟောက်သံပေးနေခဲ့သော်လည်း ဝိုင်နံ့ကို ရလိုက်သောအခါ နှာခေါင်းက ရုတ်တရက် ရှည်လျား လာခဲ့သည်။ သူ၏ အနံ့ခံစွမ်းအား၏ လမ်းညွှန်မှုအောက်တွင် ကုန်းပတ်သို့ ‘အိပ်မက်လမ်းလျှောက်’ ရောက်လာခဲ့ပြီး အခမဲ့ ဝိုင်သောက်သော အဖွဲ့နှင့် ပူးပေါင်းလိုက်တော့သည်။
“ပါ့ဂ်လီအို။ ဒါတွေယူလိုက်။”
ကုန်းပတ်ပေါ်တွင် ပစ္စည်းနှစ်ခု ပေါ်လာသည်။ ထိုအရာများက အနက်ရောင် ကောက်ရိုက်တုတ်နှင့် မြစိမ်းရောင် ကျောက်မျက် မြှုပ်သွင်း ထားသော လက်စွပ်တစ်ခု ဖြစ်ကြသည်။
ကောက်ရိုက်တုတ်သည် အလွန်လေးလံလှသည်။ ချန်လွေ့သည် ကြိုတင်၍ ကုန်းပတ်ပေါ်၌ အခံပစ္စည်းတစ်ခု မထားခဲ့လျှင် မိစ္ဆာထောင်ခြောက်သင်္ဘော၏ ခိုင်ခံ့သော ကုန်းပတ်ပင် ချိုင့်သွားပေလိမ့်မည်။
နဂါး အဆောင်ပစ္စည်း မိုးကြိုး ကောက်ရိုက်တုတ်ပင်။
ကြီးမားသော ရတနာများ၏ လျှို့ဝှက်ချက်များကို ထိန်းသိမ်းထားသော မြစိမ်းရောင် ကျောက်မျက်လက်စွပ်။
ပါ့ဂ်လီအို မျက်မှောင်ကြုတ်လိုက်၏။ “ဒါ ဘာသဘောလဲ။”
“ဘာမှ မဆိုလိုပါဘူး၊ ဟို... ‘ခိုင်ရီယယ်လိုရဲ့သား’။ ဟားဟား....” ချန်လွေ့ မျက်ခုံးပင့်ကာ ဝိုင်ခွက်ကို စနောက်လျက် မြှောက်လိုက်၏။
“ခွေးမသား။ အဲဒါ ငါ မဟုတ်ဘူး...”
အဆိပ်နဂါး ရုတ်တရက် ထရပ်လိုက်သည်။ စကား မဆုံးမီတွင် ချန်လွေ့က လက်ညှိုးကို လှုပ်ပြလိုက်၏။ “စိတ်အေးအေးထားဦး။ ကျုပ်ပြောကို အရင်နားထောင်။”
“ဟမ့်။ပြော။” ပါ့ဂ်လီအိုက ဒေါသတကြီး ပြန်ထိုင်လိုက်သည်။
“ခင်ဗျားကက ခိုင်ရီယယ်လိုရဲ့သားလား၊ ချမ်းသာတဲ့ အရာရှိရဲ့ ဒုတိယမျိုးဆက်လားဆိုတာ ကျုပ် ဂရုမစိုက်ဘူး။ ဘယ်လိုပဲဖြစ်ဖြစ် ခင်ဗျားက ကျုပ်သိတဲ့ ပါ့ဂ်လီအိုပဲ။ ကျုပ်ဘဝကို အပ်နှံလို့ရတဲ့ အဖော်တစ်ယောက်။” ချန်လွေ့ ပခုံးတွန့်လိုက်သည်။ “ဒါပေမယ့် ကျုပ်သိတဲ့ ဘဲခေါင်းနဂါးက အလကား လက်ဆောင်ကိုတောင် ဘာလို့ အခွင့်ကောင်း မယူတာလဲ။ မိုးကြိုး ကောက်ရိုက်တုတ်ကို ထားဦး။ ဒီလက်စွပ်ထဲမှာ ဝှက်ထားတဲ့ ပစ္စည်းတွေက တော်တော်လေး မယုံနိုင်စရာဖြစ်ရမယ်...”
ဘဲခေါင်းနဂါး၏ မျက်လုံးများ လင်းလက်သွား၏။ “မင်းပြောတာက...”
ချန်လွေ့ ပြုံးလိုက်သည်။ “ပစ္စည်းရော ရတနာရော ယူထားပြီးတော့ ကျန်တာ ဘာကိုမှ အသိအမှတ်မပြုနဲ့။”
“ခဏနေပါဦး။ ကောက်ကျစ်တဲ့လူသား။ ငါ ဘာလို့ လှည့်စား ခံနေရတယ်လို့ ခံစားနေရတာလဲ။”
“ကျုပ်သိတဲ့ ဘဲခေါင်းနဂါးက ထွက်ပြေးတတ်တဲ့သူ မဟုတ်ဘူး။ ဘာပဲဖြစ်ဖြစ် ခင်ဗျားက ပိုက်ဆံကို မမုန်းဘူး မဟုတ်လား။”
ဘဲခေါင်းနဂါးက မကျေမနပ် ဖြစ်နေသည်။ “ဒါပေါ့။ ပြီးတော့ အမုန်းတရား ကြီးကြီးမားမား တစ်ခု ရှိတယ်။ ဒါကြောင့် သူတို့ကိုရော သူတို့ရဲ့ လက်ပါးစေတွေကိုရော အကျဉ်းချပစ်မယ်။”
သူတို့နှစ်ယောက်က တစ်ယောက်နှင့် တစ်ယောက် ကြည့်ကာ ကောက်ကျစ်စွာ ရယ်မောကြပြီး ချွဲကျိကောင်လည်း မသိဘဲ ရယ်လိုက်မိသည်။
အဆိပ်နဂါးသည် နောက်ထပ် ဟန်ဆောင်မနေတော့။ သူက မိုးကြိုးကောက်ရိုက်တုတ်နှင့် မြစိမ်းရောင် ကျောက်မျက် လက်စွပ်ကို သိမ်းဆည်းပြီးနောက် ခွက် ၃ခွက် ထပ်မံ တိုက်လိုက်ပြန်သည်။
ထိုအချိန်တွင် ချန်လွေ့၏နားများ လှုပ်ရှားသွား၏။ ဝေးကွာသောနေရာမှ တိုက်ခိုက်သံများ ကြားနေရသည်။
အနီးဆုံး ကုန်းမြေဖြစ်သော နဂါးနီမြို့ရှိ နဂါးနီဆိပ်ကမ်းသို့ ရောက်ရှိရန် အနည်းဆုံး တစ်ရက်ခွဲခန့် လိုသေးသဖြင့် ထိုတိုက်ပွဲက ပင်လယ်ပြင်တွင် ဖြစ်လောက်သည်။
တိုက်ခိုက်သံအရ လူအများအပြး ဖြစ်နိုင်၏။ ပင်လယ်ဓားပြတွေများလား။
အသံက တဖြည်းဖြည်း နီးကပ်လာနေပုံရသည်။ သိသိသာသာပင် တိုက်ခိုက်မှုသည် သူတို့ဆီသို့ ရွေ့လျားလာနေသည်။ ပါ့ဂ်လီအို နှင့် ဒိုဒိုတို့ကလည်း ပုံမှန်မဟုတ်သော အခြေအနေကို ခံစားမိလိုက်ကြသည်။
သဲလူသားများက ချန်လွေ့၏ အမိန့်အောက်တွင် သတိထား စောင့်ဆိုင်းနေသည်။ ချန်လွေ့၊ ပါ့ဂ်လီအို နှင့် ဒိုဒို တို့သည် လေထဲသို့ မြောက်တက်သွားခဲ့ကြပြီး သူတို့၏ မျက်လုံးဖြင့် ကြည့်လိုက်သောအခါ လရောင်အောက်တွင် အဝေးတွင် သင်္ဘော ၄စီးမှာ သူတို့ဆီသို့ အရှိန်အမြန်ဖြင့် ဦးတည်နေသည်ကို မြင်လိုက်ရ၏။
ရှေ့ဆုံးရှိ သင်္ဘောကြီးတစ်စင်းက တစ်စစီ စုတ်ပြတ်နေပြီး အဓိကရွက်တိုင် သုံးခုထဲမှ နှစ်ခု ကျိုးနေလေသည်။ ၎င်းကို အရေးပေါ်စွမ်းအင်နဲ့ မောင်းနှင်နေခြင်း ဖြစ်၏။ နောက်တွင် ပိုသေးတဲ့ သင်္ဘောသုံးစင်းရှိသော်လည်း လက်နက် အင်အားက အတော်လေး ပြင်းထန်လှသည်။
“အဲဒီကောင်တွေအကုန်လုံးကို ရှင်းပစ်လိုက်။ ဒါမှ ဘက်တီလေးနဲ့ တခြားသူတွေ အနှောင့်ယှက်မဖြစ်မှာ။” ပါ့ဂ်လီအို ပေါ့ပေါ့ပါးပါး ပြောလိုက်၏။
ချွဲကျိကောင်သည် သဘောတူညီစွာဖြင့် သခင်၏ပခုံးပေါ်မှ ဝိုင်ပုလင်းကို ချက်ချင်းမြှောက်လိုက်သည်။ ပထမအချက်မှာ ဝိုင်သောက်ရရန်အတွက် ဆရာသခင် ဒိုဒိုကို ကျေနပ်စေရန် ဖြစ်သည်။ ဒုတိယအချက်မှာ ထိုလူများသည် ဆရာသခင် တကယ်ခန့်ညား၏ အနိုင်ကျင့်ခံ ရလောက်အောင် အားနည်းနေပုံ ရသောကြောင့်ပင်။ ဆရာသခင် တကယ်ခန့်ညားတွင် အားနည်းသူများကို အနိုင်ကျင့်ခြင်း၏ ထိုကဲ့သို့ ‘အထူးစွမ်းရည်’ တွင် ပြိုင်ဘက်ကင်းသော ဉာဏ်နှင့် ဆုံးဖြတ်နိုင်စွမ်း ရှိလေသည်။
“အေးဆေးပါ။ ကျုပ် သင်္ဘောခန်းရဲ့ အသံလုံ အစီအရင်ကို ဖွင့်ထားပြီးပြီ။ အဲဒါကြောင့် သူတို့ အနှောင့်အယှက် ဖြစ်မှာ မဟုတ်ဘူး။ ဒီလူတွေ ကတော့... စောင့်ကြည့်ရအောင်။” ချန်လွေ့ ခေါင်းခါလိုက်သည်။ အမှန်တကယ်၌ အဆိပ်နဂါးက တော်တော်လေး စဉ်းစားတတ် လေသည်။ အကြောင်းမှာ မစ်-မြနဂါး အကြိုက်ဆုံးအရာက အကြာကြီး အိပ်ရခြင်းပင်။ ပုံမှန်အားဖြင့် သူက မနက်၁၀ နောက်မှသာ ထတတ်သည်။ သို့သော် သူအိပ်နေသည်ကို အနှောင့်အယှက် မဖြစ်စေရန်အတွက် ထိုအသက်အားလုံးကို သုတ်သင်ပစ်ခြင်းမှာ အလွန် ရက်စက်ရာ ကျပေလိမ့်မည်။
ချန်လွေ့ကိုယ်တိုင်က ကြင်နာသော လူတစ်ဦး မဟုတ်ကြောင်း ဝန်ခံခဲ့သည်။ ကူးပြောင်းလာသည့်အချိန်မှစ၍ ယခုလက်ရှိအထိ သူ၏လက်များသည် သွေးများဖြင့် စွန်းထင်းနေခဲ့သည်။ သို့သော် သူ့တွင် ကိုယ်ပိုင် စည်းမျဉ်း ရှိလေသည်။ သာမန်လူများ၏ အမြင်တွင် သူ၏ လက်ရှိ စွမ်းအားက ‘နတ်ဆိုးတစ်ပိုင်း’ (တိုင်းပြည်နှင့် အထက်ကို ရည်ညွှန်း) အမြင့်ဆုံးအဆင့်သို့ ရောက်ရှိနေပြီဖြစ်သော်လည်း ထိုအရာက သူသည် အသက်များကို ကြိုက်သလို သုတ်သင်ပစ်မည်ဟု မဆိုလိုပေ။ သေချာသည်မှာ မကောင်းသော အရာမျိုးစုံ ပြုလုပ်သော ပင်လယ်ဓားပြ ဆိုလျှင်တော့ မတူညီပေ။
လူတစ်ယောက်၊ နဂါးတစ်ကောင်နှင့် ပိုးကောင် တစ်ကောင်တို့ ဖြည်းဖြည်းချင်း ပျံသန်းလာကြသည်။ အလင်းရောင်၊ အကွာအဝေးနှင့် ဖိနှိပ်ထားသော အငွေ့အသက်များကြောင့် ရေတပ်တိုက်ပွဲ၏ နှစ်ဖက်စလုံးက သူတို့ကို သတိမထားမိကြပေ။ နောက်ဘက်ရှိ သင်္ဘော တစ်စင်းမှ အချိန်အတော်ကြာ အားဖြည့်ထားသော ပြင်းထန်သော မီးတောက်ကို ထုတ်လွှတ်လိုက်သည်။ “ဗုံး!” သင်္ဘောကြီးက ထိုအမြောက် ထိမှန်ပြီး တုန်ခါသွား၏။ သင်္ဘော၏ အမြီးပိုင်းသည် အပိုင်းအစများစွာ ကွဲထွက်သွားပြီး အဓိက တွန်းအားစနစ် ပျက်စီးသွားသည်။ အရှိန် ရုတ်တရက် နှေးကွေးသွား၏။ သင်္ဘောအဆုံးပိုင်းနားရှိ အားလုံးနီးပါး သေဆုံးသွားကြသည်။
သင်္ဘောကြီး၏ အရှိန် နှေးကွေး သွားသောအခါ နောက်ကွယ်မှ သင်္ဘော ၃စီးက ချက်ချင်းဝိုင်းရံလိုက်သည်။ အနက်ရောင် ပုံရိပ်များသည် သင်္ဘောများပေါ်မှ ခုန်ချကာ သင်္ဘောကြီးဆီသို့ အပြေးအလွှား သွားနေကြသည်။ သင်္ဘောကြီးပေါ်မှ အမိန့်သံ ထွက်ပေါ်လာပြီး စက်ဝိုင်းပုံစံ အခင်းအကျင်း တည်ဆောက်ကာ မှော်အလင်းရောင်ဖြင့် မြှားများ ပစ်လွှတ်ကြတော့သည်။
အနက်ရောင်ပုံရိပ်များ ဆက်တိုက် ကျဆုံးနေသော်လည်း ထိုနည်းတူပင် သင်္ဘောကြီးပေါ်ရှိ ထိခိုက်ဒဏ်ရာ ရရှိသူများမှာလည်း လျင်မြန်စွာ တိုးလာနေသည်။
လေထဲရှိ ‘လူ’ ၃ဦးက တိုက်ပွဲကို ကြည့်နေခဲ့သည်။ ချန်လွေ့တွင် အကောင်းဆုံး အမြင်အာရုံ ရှိသည်။ သူသည် စက်ဝိုင်းအခင်းအကျင်း၏ ရှေ့ဆုံးတွင် ရင်းနှီးသော ပုံရိပ် တစ်ခုကို ရုတ်တရက် မြင်လိုက်ရ၏။
အမျိုးသားတစ်ဦးက ဖျော့တော့သော အစိမ်းရောင် ကိုယ်တစ်ခြမ်း ချပ်ကာကို ဝတ်ဆင်ထားပြီး လက်ထဲတွင် မှိန်ဖျော့သော ရွှေရောင်အနားသတ်ရှိသည့် ကတ်ပြားတစ်ခုကို ကိုင်ဆောင်ထားသည်။
ရွှမ်း....ရွှမ်း..ရွှမ်း.. အမျိုးသား၏ လက်ထဲရှိ ကတ်များက ကျိုင်းကောင်များကဲ့သို့ ထွက်ပေါ်လာသည်။ ၎င်းသည် ရန်သူကို ဒဏ်ရာရစေရန် ချွန်ထက်သော မြှားများအဖြစ် မပြောင်းလဲသွားဘဲ ရန်သူကို တိုက်ခိုက်နေသော စစ်သည်တော်များနှင့် စစ်သား ဒါဇင်ပေါင်းများစွာ၏ ပုံရိပ်များ အဖြစ် ပြောင်းလဲသွားခဲ့သည်။
သူပဲ။ ချန်လွေ့ တိတ်တိတ်လေး ခေါင်းညိတ်လိုက်သည်။
သိဒ္ဓိတပည့် ၁၂ယောက်ထဲမှ တစ်ယောက်ဖြစ်သော မကရရာသီသိဒ္ဓိတပည့် ကလာ့ခ်...
သိဒ္ဓိတပည့်က ကောင်းကင်တမန်၃ပါး၏ လက်အောက်ခံ သိဒ္ဓိ ယုံကြည်သူ ဖြစ်ပြီး ကောင်းကင်တမန်၃ပါးက အသိအမှတ်ပြုထားသူ ဖြစ်သည်။ [ကောင်းချီး အလင်းခန္ဓာ] သည် အခြေခံအကျဆုံး အခြေအနေ ဖြစ်၏။ သိဒ္ဓိ တပည့်တိုင်းတွင် အထူးစွမ်းရည်နှင့် တိုက်ခိုက်နိုင်စွမ်းရှိပြီး သက်ဆိုင်ရာ [ယုံကြည်မှုချပ်ကာ] လည်း ရှိသည်။
ချန်လွေ့သည် သိဒ္ဓိအလင်းတောင်မှ နှင်းဒဲလက်ပန်းကို ရရှိပြီးနောက် လိုရာအင်ပါယာ၏ ကြည်လင်ကြေးမုံမြို့တွင် ကလာ့ခ်နှင့် တွေ့ဆုံခဲ့သည်။ သူတို့ ပထမဆုံး တွေ့ဆုံသောအခါ ဆက်ဆံရေး ကောင်းမွန်ခဲ့ပြီး မိတ်ဆွေ ဖြစ်လုနီးပါး ဖြစ်ခဲ့သည်။ နောက်ပိုင်းတွင် ချန်လွေ့၏ သရုပ် ပေါ်သွားခဲ့ပြီး ကလာ့ခ်အပါအဝင် သိဒ္ဓိတပည့် ၄ဦးနှင့် တိုက်ခိုက်ခဲ့ရာ ကုံရာသီ သိဒ္ဓိတပည့်နှင့် ကရကဋ်ရာသီ သိဒ္ဓိတပည့် မူရက်ဗ်တို့ကို သတ်ပစ်ခဲ့သည်။ ကလာ့ခ် နှင့် သူ၏ ချစ်သူ ဗြိစ္ဆာရာသီ သိဒ္ဓိတပည့် အေပရယ်တို့ကို အသက်ချမ်းသာပေးခဲ့ပြီး ကလာ့ခ်ထံမှ အစ်ဇ်ယိုရူးလ် အကြောင်းကို သိရှိခဲ့သည်။ ကလာ့ခ်သည် ချန်လွေ့အပေါ် ကောင်းမွန်သော စိတ်ခံစားမှု ရှိခဲ့သည်။ သိဒ္ဓိတပည့်၏ သရုပ်မှလွဲ၍ သူသည် တကယ်တမ်းတွင် တရားမျှတမှုနှင့် အမှားအမှန်အကြား ခွဲခြားသိမြင်နိုင်စွမ်းရှိသော ယောက်ျား တစ်ယောက် ဖြစ်သည်။
မကရရာသီ သိဒ္ဓိတပည့်၏ အထူးကျွမ်းကျင်မှုမှာ [သရုပ်သကန်ဖန်တီးခြင်း] ဖြစ်ပြီး ကတ်များရှိ ပုံစံများကို တကယ့်စစ်သည်တော်များအဖြစ်သို့ ပြောင်းလဲနိုင်ခဲ့သည်။ လက်ရှိအခြေအနေအရ သူသည် သင်္ဘောကြီးပေါ်တွင် အစွမ်းအထက်ဆုံး တိုက်ခိုက်နိုင်စွမ်းရှိသူ ဖြစ်သည်။ သို့သော်လည်း အနက်ရောင်ပုံရိပ်များက အတားအဆီးကို ဖြတ်ကျော်ကာ ဆက်တိုက် တိုးဝင်လာခဲ့သည်။ သူတို့ ကလာ့ခ် အနီးသို့ မရောက်ခင်မှာပင် ကြမ်းပြင်မှ ထွက်ပေါ်လာသော အနီရောင်အလင်းတန်း များစွာကြောင့် အပိုင်းအစများ ဖြစ်သွားတော့သည်။
ထိုအရာက ကလာ့ခ်၏နောက်မှ အမျိုးသမီးရဲ့ တိုက်ခိုက်မှု ဖြစ်သည်။ သူ၏ သံချပ်ကာက တစ်ဝက်က ပျက်စီးနေလေပြီ။ ချပ်ကာပေါ်မှ ကြီးမားသော အနီရောင်က မှေးမှိန်သွားပြီး ငွေနက်ရောင်အဖြစ် ပြောင်းသွားခဲ့သည်။ သူက ဒဏ်ရာ အပြင်းအထန် ရရှိထားခဲ့သော်လည်း တောင်းခံထားနိုင်ဆဲပင်။
သူသည်လည်း အသိအကျွမ်းတစ်ဦးပင် ဖြစ်သည်။ သူက ဗြိစ္ဆာရာသီ သိဒ္ဓိတပည့် အေပရယ်ပင်။
အေပရယ်သည် ကလာ့ခ်ကို ကာကွယ်ရန် အသက်ကို စတေးနေကြောင်း အချက်ကို ကြည့်လျှင် ထိုနှစ်ဦးကြား ဆက်ဆံရေးသည် ယခင်ကထက် ပိုမို တိုးတက်လာပုံရသည်။ ကလာ့ခ်နှင့် အေပရယ်တို့သည် အလွန်ရဲရင့်သော်လည်း ရန်သူများ၏ စွမ်းအားကလည်း အလားတူ ကြောက်မက်ဖွယ် ကောင်းပြီး အထူးသဖြင့် ဦးဆောင်လာသူများ ဖြစ်သည်။ မျက်စိတစ်မှိတ်အတွင်း ကလာ့ခ်ဘေးရှိ ဘုန်းတော်ကြီးများ ထပ်မံသေဆုံးသွားခဲ့ပြီး သိဒ္ဓိတပည့်နှစ်ဦး၏ ဒဏ်ရာလည်း ဆက်လက် ဆိုးရွားလာခဲ့သည်။
စက်ဝိုင်းပုံအခင်းအကျင်း အလယ်ဗဟိုတွင် ဝတ်ရုံ ဝတ်ထားသော အမျိုးသားတစ်ဦး ရှိပြီး မျက်နှာကို ရှင်းရှင်းလင်းလင်း မမြင်နိုင်ပေ။ သူ၏ခြေရင်းတွင် သေတ္တာပုံစံ အရာတစ်ခု ရှိနေသည်။ အနီးအနားတွင် အစောင့်အရှောက် များစွာလည်း ရှိသည်။ သူက အဆင့်အတန်း မြင့်ပုံရသည်။ သူလည်း ဒဏ်ရာရထား၏။
သင်္ဘောကြီးသည် သိဒ္ဓိကျောင်းတော်မှ အရေးပါသော အဖွဲ့ဝင်များကို သယ်ဆောင်လာခြင်း ဖြစ်ရပေမည်။ သိဒ္ဓိကျောင်းတော်ကို လိုက်ဖမ်းရဲလောက်အောင် သတ္တိ ရှိသူများမှာ.... ချန်လွေ့စိတ်ထဲတွင် အဖြေတစ်ခု ရရှိခဲ့သည်။
မရဏနက် နောက်လိုက်တွေပဲ...
ကလာ့ခ်နှင့် တိုက်ခိုက်ခဲ့သော ထိုရန်သူများသည် လျို့ဝှက်ဆန်းကြယ်း ဘာသာရေးဂိုဏ်း ခရိုင်ဂိုဏ်းအုပ်အချုပ် အစောင့်အရှောက်များ ဖြစ်ရပေမည်။ ပြောရလျှင် အသူရာ သည်လည်း လျို့ဝှက်ဆန်းကြယ် ဘာသာရေးဂိုဏ်း အရှေ့ပိုင်းခရိုင် ဂိုဏ်းအုပ်အချုပ်၏ အစောင့်အရှောက် ဖြစ်လေသည်။
ထိုအချိန် သင်္ဘောကြီးပေါ်တွင် အနက်ရောင်ပုံရိပ်များ ပိုများလာနေပြီး သိဒ္ဓိကျောင်းတော်၏ စက်ဝိုင်းပုံ အခင်းအကျင်းမှာ ပြိုလဲလုနီးပါး ဖြစ်နေသည်။
မရဏနက်နောက်လိုက်များနှင့် သိဒ္ဓိကျောင်းတော် ယုံကြည်သူများကြား တိုက်ပွဲက ချန်လွေ့အတွက် ခွေးအချင်းချင်း ကိုက်နေသည်ထက် မပိုသော်လည်း ကလာ့ခ်က ထိုထဲတွင် ပါဝင်နေသည်။ ထို့ကြောင့် ချန်လွေ့က စဉ်းစားပြီး ကူညီရန် ဆုံးဖြတ်လိုက်၏။
“ဆာ။ ကျုပ်တို့ မထိန်းနိုင်တော့ဘူး။”
“ဆာ။ ထွက်ပြေးပါတော့။”
“...”
“ဒါက ပင်လယ်ပြင်။ ပြေးစရာလမ်းမရှိဘူး။ ငါတို့ ချိပ်ပိတ်ကို အသက်သွင်းဖို့အတွက် စွန့်စားရုံပဲ တတ်နိုင် တော့မယ်။။” ဝတ်ရုံဝတ် အမျိုးသားက သက်ပြင်း ချလိုက်သည်။ “ပုပ်ရဟန်းမင်း ဗန်တီ-စ်ကလွဲရင် တခြားသူတွေရဲ့ ခန္ဓာကိုယ်က ဒါကို မခံနိုင်ဘူး။ သိဒ္ဓိအမွေအနှစ် စွမ်းအား အစစ်အမှန်ကိုလည်း ထုတ်နိုင်မှာ မဟုတ်ဘူး။ ငါလည်း သိဒ္ဓိအမွေအနှစ်ရဲ့ စွမ်းအား အစစ်အမှန်ကို ထုတ်လွှတ်နိုင်မှာ မဟုတ်ဘူး။ ဒါပေမယ့် ရန်သူနဲ့အတူ သေဖို့ပဲဖြစ်ဖြစ်၊ သိဒ္ဓိအမွေအနှစ် ပင်လယ်ထဲ ကျသွားတာပဲဖြစ်ဖြစ်ကိုပဲ ငါ ရွေးချယ်မယ်...။ မရဏနက် နောက်လိုက်တွေလက်ထဲကို ကျမသွားစေရဘူး။”
ဝတ်ရုံဝတ် အမျိုးသားက သေတ္တာကို ပြတ်ပြတ်သားသား ဖွင့်လိုက်ရာ အဖြူရောင်အလင်းတန်းတစ်ခု ကောင်းကင်သို့ တက်သွားခဲ့သည်။ သူသည် ရှေးမန္တန်များကို ကျယ်လောင်စွာ ရွတ်ဆိုလိုက်၏။ အလင်းတန်းထဲမှ အရာဝတ္ထုတစ်ခု တဖြည်းဖြည်း ထင်ရှားလာခဲ့သည်။
ထိုအရာက အစိမ်းဖျော့ရောင် သရဖူတစ်ခု ဖြစ်ကြောင်း ချန်လွေ့ မြင်နိုင်သော်လည်း ပုံစံက အလွန်ထူးဆန်းနေ၏။ ၎င်းသည် ချွန်ထက်သော ဆူးများဖြင့် ပြည့်နှက်နေသည်။ ချန်လွေ့ ရှိနေသော နေရာမှပင် ပြင်းထန်ပြီး ပြိုင်စံရှားသော အလင်းအငွေ့အသက်ကို ခံစားမိနေသည်။
မန္တန်ကြောင့် သရဖူ တောက်ပမှု ပိုမိုအားကောင်းလာပြီး ကြီးမား မြင့်မြတ်သော အင်အားက ပတ်ဝန်းကျင်သို့ ပျံ့နှံ့သွားခဲ့သည်။ အနားကပ်လာနေသော အနက်ရောင် ပုံရိပ်များ ပြိုလဲပျက်စီးသွားပြီး သိဒ္ဓိကျောင်းတော်၏ ဘုန်းတော်ကြီးများ ပိုမိုလန်းဆန်းလာကြသည်။ သူတို့၏ ဒဏ်ရာများပင် ဖြည်းဖြည်းချင်း ပြန်လည်ကောင်းမွန် လာကြသည်။
မရဏနက်နောက်လိုက်၏ သင်္ဘော ၃စီးလည်း အလင်းရောင်အောက်တွင် တဖြည်းဖြည်း ပြိုလဲစပြုလာသည်။ ထိုအချိန်တွင် မရဏနက်နောက်လိုက်တို့သည် တစ်ခုခုကို စတေးလိုက်ပုံရပြီး သင်္ဘောများမှ အားကောင်းသော အမှောင်ထုနှင့် ပျက်စီးခြင်း အငွေ့အသက်တို့ ပါဝင်သော သွေးမြူက သင်္ဘောများထံမှ ပျံ့နှံ့လာတော့သည်။
သွေးမြူများကို အလင်းရောင် ထိုးလိုက်သောအခါ မီးနှင့်တွေ့သော နှင်းဖတ်ကဲ့သို့ တစ်ခုပြီးတစ်ခု ပျောက်ကွယ် သွားကြသည်။ သို့သော် သွေးမြူ၏‘ထုထည်’က အလွန်ကြီးမားပြီး အဆုံးမရှိပုံရသောကြောင့် အလင်းရောင် တဖြည်းဖြည်း မှိန်ဖျော့လာခဲ့သည်။
ဝတ်ရုံဝတ် အမျိုးသားက သရဖူကို မြင့်မြင့်ကိုင်ထားပြီး မန္တန်ရွတ်သံက ပိုမိုကျယ်လောင်လာ၏။ သူက ခန္ဓာကိုယ်ကို ကြားခံအဖြစ် အသုံးပြုနေပြီး ခန္ဓာကိုယ်က ဖောက်ထွင်း မြင်လာရကာ အလင်းများက သွေးမြူပေါ်သို့ ပျံ့နှံ့သွားသည်။
ဝတ်ရုံဝတ် အမျိုးသားက ပြိုလဲလုနီးပါး ဖြစ်နေပုံရပြီး သရဖူကိုင်ထားသောလက်က အနည်းငယ် တုန်ခါသွား ခဲ့သည်။ သူ၏ လက်မောင်းက စတင်၍ ပြိုလဲလာပြီး သရဖူအလင်းရောင်လည်း အားနည်းသွား၏။
ထိုအချိန် ဆူးများရှိသော သရဖူက ရုတ်တရက် လှုပ်ရှားသွားခဲ့သည်။ ၎င်းသည် ဝတ်ရုံဝတ် အမျိုးသား၏ လက်မှ ရုတ်တရက် လွတ်မြောက်သွားပြီး အခြားတစ်ဖက်သို့ ပျံသန်းသွားခဲ့သည်။
အမှန်တကယ် ချန်လွေ့ဘက်သို့ ဖြစ်နေ၏။
ဆူးရှိသရဖူ၏ အလင်းရောင်နှင့် ဦးတည်ဘက်ကြောင့် ချန်လွေ့၏ နေရာကို နှစ်ဖက်စလုံးက ချက်ချင်း သတိပြုမိ သွားကြသည်။ ဝတ်ရုံဝတ် အမျိုးသား အံ့အားသင့်သွားပြီး သရဖူကို လိုက်ဖမ်းတော့မည် အချိန်တွင် မယုံနိုင်စရာ မြင်ကွင်းတစ်ခု ဖြစ်ပွားခဲ့သည်။
ဆူးရှိသရဖူက ပခုံးပေါ်တွင် ထူးဆန်းသော ကြက်သွန်နီ ရှိနေသော ဆံပင်ရွှေရောင်လူတစ်ယောက်၏ လက်ထဲသို့ ပျံဝင်သွားခဲ့သည်။ နောက်စက္ကန့်တွင် သရဖူ၏အလင်းက ရုတ်တရက် တောက်ပလာခဲ့သည်။
ထိုအလင်းရောင်သည် ယခင်က ဝတ်ရုံဝတ် အမျိုးသား၏ လက်ထဲတွင် ရှိစဉ်ကထက် ၁၀ဆ ပိုမိုအားကောင်းသည်။ ပင်လယ်ပြင်တစ်ခုလုံးက နေ့အလင်းရောင်ကဲ့သို့ တောက်ပ နေတော့သည်။