သိဒ္ဓိအမွေအနှစ်
Vol. 57 Ch. 935
ချန်လွေ့က လက်ထဲရှိ သရဖူကို ကြည့်ရင်း အံ့အားသင့် သွားသည်။
ဝတ်ရုံဝတ် အမျိုးသားက ဆူးရှိသရဖူကို အသက်သွင်း လိုက်သောအခါ သူ၏ စိတ်ထဲတွင် တစ်စုံတစ်ရာသော စွမ်းအား၏ခေါ်သံကို ခံစားလိုက်ရသကဲ့သို့ ခွန်အား အငွေ့အသက် တစ်ခုကို ခံစားလိုက်ရသည်။ ခဏအကြာ ဆူးရှိသရဖူက သူ၏ လက်ထဲသို့ ရှင်းပြမရနိုင်ဘဲ ရောက်ရှိ လာခဲ့သည်။
သူ့လက်ထဲသို့ သရဖူ အလိုလို ကျရောက်လာသည့် ခံစားမှုက စတင်လွှတ်တင်ရန်အတွက် အသင့်တော်ဆုံး လွှတ်တင်စက် (သို့မဟုတ် သယ်ဆောင်သူ) ကို ရှာဖွေ နေသော ဒုံးကျည်တစ်စင်းနှင့် တူနေသည်။ ယခင် ဝတ်ရုံဝတ် အမျိုးသားသည် ‘လွှတ်တင်ခြင်း’ ၏ စွမ်းအားကို မခံနိုင်ခဲ့ပေ။ ထို့ကြောင့် ၎င်းသည် ချန်လွေ့၏ တည်ရှိမှုကို ခံစားမိပြီးနောက် သရဖူသည် ‘ချစ်သူဟောင်း’ ကို ချက်ချင်း စွန့်လွှတ်ကာ ချန်လွေ့ကို အလိုအလျောက် ရွေးချယ်ခဲ့လေသည်။
ထို့နောက် ချက်ချင်းပင် သရဖူမှ အလွန် အားကောင်းသော အလင်းဒြပ်စင် စွမ်းအားတစ်ခု ထွက်ပေါ်လာပြီး ချန်လွေ့၏ ခန္ဓာကိုယ်ထဲသို့ ပေါင်းစပ် ဝင်ရောက်သွားကာ ဓာတ်ကူပစ္စည်း တစ်မျိုး ဖြစ်လာ စေခဲ့သည်။ ချန်လွေ့သည် အကန့်အသတ်အထိ သန့်စင်ပြီးသွားသော ခန္ဓာကိုယ်ထဲမှ ကြယ်စွမ်းအားက နည်းလမ်းအသစ်ဖြင့် ပြန်လည် သန့်စင်သွားသော ပိုမိုသန့်စင်ပြီး အားကောင်းသော စွမ်းအားများ ထုတ်လွှတ်နေပြီးနောက် ဆူးပါသရဖူထံသို့ ပြန်ရောက်သွား သည်ကိုသာ ခံစားလိုက်ရ၏။ သရဖူသည် ယခင်က မကြုံဖူးသော တောက်ပသော အလင်းရောင်ကို စတင် ထုတ်လွှတ် ခဲ့လေသည်။
ဘေးနားရှိ အဆိပ်နဂါးပင် မျက်စိကျိန်းစရာကောင်းသော အလင်းကို တိုက်ရိုက်မကြည့်နိုင်ဘဲ ခုခံရန်အတွက် တိုင်းပြည်စွမ်းအားကို အလိုလို ထုတ်လိုက်မိသည်။ ထိုအတောအတွင်း မျက်စိကွယ်လု နီးပါးဖြစ်နေသော ချွဲကျိသည် စုပ်ခွက်အဖြစ် ပြောင်းလဲသွားပြီး သခင်၏ပခုံးကို သေချာစွာ စုပ်ကပ်ထားတော့သည်။
အလင်းရောင်က ဝေးကွာသော ပင်လယ်ပြင်ဆီသို့ ပြန့်ကျဲသွား၏။ ဖြတ်သန်းသွားသော နေရာတိုင်းတွင် သွေးမြူများသည် အသက်ရှိသတ္တဝါအချို့၏ အော်ဟစ်သံ ကဲ့သို့ ‘ဇက်...ဇက်...’ ထပ်နေသော အသံများကို ထွက်ပေါ်လာကြပြီး နောက်သို့ပြန်လှိမ့်ကာ ပျောက်ကွယ် သွားကြလေသည်။
သိဒ္ဓိကျောင်းတော်အဖွဲ့ဝင်များသည် သူတို့၏ ဒဏ်ရာများ ပြန်လည်ကောင်းမွန်နှုန်း ရုတ်တရက် အကြိမ်များစွာ တိုးလာကြောင်း ခံစားလိုက်ရပြီး အားလုံး အံ့အားသင့် သွားကြသည်။
ပြိုလဲလုနီးပါး ဖြစ်နေသော ဝတ်ရုံဝတ် အမျိုးသား၏ လက်မောင်းများက ထိုအလင်း၏အစွမ်းဖြင့် တဖြည်းဖြည်း ပြန်လည်ကောင်းမွန်လာခဲ့သည်။ စိတ်ကူး၍ မရနိုင်သော ကုသခြင်းစွမ်းအားကို ခံစားရသော ဝတ်ရုံဝတ် အမျိုးသားက စိတ်မဝင်စားဘဲ မနေနိုင်ခဲ့ပေ။ သူက ဆူးသရဖူရဲ့ စွမ်းအားကို ဒီလောက် အတိုင်းအတာအထိ ထုတ်နိုင်ခဲ့တယ်။ ဒီလူရဲ့ တကယ့်စွမ်းအားက...
မဟုတ်ဘူး။ ပိုပြီးတော့ တိတိကျကျ ပြောရမယ် ဆိုရင် ဒီလူရဲ့ ခန္ဓာအမျိုးအစားက...
ချန်လွေ့က ၎င်းတို့ကို ဂရုမစိုက်ခဲ့ပေ။ သူ၏ အာရုံစိုက်မှု အားလုံးမှာ ဆူးရှိသရဖူနှင့် ခန္ဓာကိုယ်အတွင်းရှိ စွမ်းအားတို့ ရောနှောနေသည့် ထူးခြားသော ခံစားချက်ပေါ်တွင်သာ ရှိနေခဲ့သည်။ ထိုအရာက သွေးမျိုးဆက် အဆက်အသွယ် တစ်မျိုး ဖြစ်ပုံရသည်။ စိတ်ဝိညာဉ်စွမ်းအားနှင့် ဝိညာဉ် စွမ်းအားတို့သည် သရဖူ၏ မတူညီသော စွမ်းအား အောက်တွင် တိုးတက်မှုတစ်မျိုး ရရှိခဲ့သည်။ ပို၍အံ့သြစရာ ကောင်းသည်မှာ ခန္ဓာကိုယ်အတွင်းရှိ မူလက မရှင်းမလင်း ဖြစ်နေသော ဖန်ဆင်းခြင်းဇစ်မြစ်ပင် အနည်းငယ် ပို၍ ရှင်းလင်း လာခဲ့သည်။
မမျှော်လင့်ထားစွာပင် သရဖူတွင် ထိုကဲ့သို့ မှော်ဆန်သော အကျိုးသက်ရောက်မှု ရှိနေခဲ့သည်။ ချန်လွေ့က ဝမ်းသာပီတိ ဖြစ်နေခဲ့သည်။ သူက အမြန်စဉ်းစားပြီး [အထူးစိစစ်မှု]ကို အသုံးပြုလိုက်၏။ လုပ်ငန်းစဉ်က လျင်မြန်စွာ ပြောင်းလဲ သွားခဲ့သည်။ ၁၊ ၂၊ ၃... မျက်စိတစ်မှိတ်အတွင်း တဝက်ကျော်ကို ခွဲခြမ်းစိတ်ဖြာ ပြီးသွားခဲ့သည်။
“[အထူးစိစစ်မှု]” က ချန်လွေ့ကို အဆောင်ပစ္စည်း ၇ခုနှင့် ကျက်သရေမျှော်စင်ကဲ့သို့သော ပစ္စည်းကောင်းများကို ရရှိစေခဲ့သော်လည်း အများစုက “ခေါင်းမာ”ပြီး “အတွေးပြောင်းလဲ”ရန် အချိန်အကြာကြီး လိုအပ်သည်။ သို့သော် သူ့ရှေ့မှ ဆူးပါသရဖူက စိတ်မကူးနိုင် လောက်အောင် ချောမွေ့နေခဲ့သည်။ ထိုအရာက ဖောက်ပြန်သူနဲ့ မိန်းမ၊ အဲ... လူမိုက်နဲ့ ကံဆိုးသူ အမျိုးသမီးတို့ ညှိသွား သလိုမျိုးပင်။
ချန်လွေ့သည် ထိုကဲ့သို့ ပြီးပြည့်စုံသော ပေါင်းစပ်မှုမှာ [ကျက်သရေအလင်းခန္ဓာ] နှင့် တစ်ခုခု ဆက်စပ်မှုရှိပြီး သရဖူက သူ့ထံသို့ အလိုအလျောက် ရောက်ရှိလာခြင်း၏ အစစ်အမှန် အကြောင်းပြချက်ဖြစ်လိမ့်မည်ဟု ရေးရေးလေး ခန့်မှန်းမိသည်။
သင်္ဘော ၃စီးပေါ်ရှိ မရဏနက် နောက်လိုက်များသည် တစ်ခုခု လွဲနေကြောင်း မြင်သောအခါ အစွမ်းထက်သော အစောင့်အရှောက်များစွာက ပျံသန်း ထွက်လာကြကာ ထိုမမျှော်လင့်သော ‘ရန်သူ’ ကို တိုက်ခိုက်ချင်နေ ကြသည်။ ထိုအချိန် ‘အန္တရာယ်မရှိသော’ အလင်းရောင်နှင့် လိုက်လျော ညီထွေ ဖြစ်နေပြီ ဖြစ်သော ဆရာသခင် ချွဲကျိကောင်က သူတို့ကို ချက်ချင်းနှုတ်ဆက်လိုက်၏။ ရာဘာကဲ့သို့ ၁၀မီတာအထိ ဆန့်ထွက်နေသော ဖောက်ထွင်း မြင်ရသည့် လက်သီးကို အကြိမ်အနည်းငယ် လှုပ်ယမ်းလိုက်ရာ လူသားလောကတွင် လေးစားခံရသော ‘သူတော်စင်အဆင့် အစွမ်းထက်ပုဂ္ဂိုလ်’များ ချေမှုန်းခံလိုက်ရလေသည်။
တိုင်းပြည်အဆင့် အလတ်ပိုင်းသို့ ရောက်ရှိတော့မည့် ဒိုဒိုအတွက်မူ ထိုစစ်သည်တော်များသည် ဆရာသခင် ချွဲကျိကောင်၏ တကယ့်ခန့်ညားသော ပုံစံအတွက် နောက်ခံ မျှသာ ဖြစ်သည်။
ဒိုဒို၏ လုပ်ရပ်က ချန်လွေ့၏ မျှော်လင့်ထားသည့် အတိုင်းပင်။ သူက ဆူးရှိသရဖူကို ခွဲခြမ်းစိတ်ဖြာရာတွင် အေးအေးဆေးဆေး အာရုံစိုက်နေခဲ့သည်။ ခဏအကြာ ခွဲခြမ်း စိတ်ဖြာခြင်း ပြီးစီးသွား၏။
သရဖူ၏ မူလ အစိမ်းဖျော့ရောင်က အဖြူရောင် ကျောက်စိမ်းကဲ့သို့ ကြည်လင်သော အရောင်သို့ ပြောင်းလဲ သွားခဲ့သည်။ ပုံသဏ္ဌာန်မှာ ပို၍လေးနက်ပြီး ခမ်းနားထည်ဝါ လာကာ ထုတ်လွှတ်သောအလင်းရောင်ကလည်း ပိုမို၍ စင်ကြယ်ပြီး နူးညံ့လာခဲ့သည်။
ချန်လွေ့သည် ၎င်းကို ခေါင်းပေါ်သို့ ပေါ့ပေါ့ပါးပါး တင်လိုက်သည်။ ထက်မြက်ပုံရသော ဆူးများက ချန်လွေ့၏ ခေါင်းကို ထိတွေ့သောအခါ ဆံပင်ထဲတွင် စွဲမြဲနေသော နိမိတ်ပုံရိပ်များအဖြစ် ပြောင်းလဲသွားခဲ့ပြီး အနည်းငယ်မျှပင် မသက်မသာ ခံစားရခြင်းမရှိဘဲ ရှင်ဘုရင်၏ သရဖူကဲ့သို့ ဖြစ်နေသည်။ သူ၏ ခန္ဓာကိုယ်တစ်ခုလုံးသည် သန့်ရှင်းပြီး မြင့်မြတ်သော ထူးခြားသည့် စိတ်နေသဘောထားဖြင့် ဖုံးအုပ်ထားလေသည်။
ထိုပေါင်းစပ်မှုက အလှဆင်ခြင်းမျှသာ မဟုတ်ပေ။ ချန်လွေ့သည် စိတ်ဝိညာဉ်စွမ်းအားသည် အနည်းဆုံး နှစ်ဆတိုးလာပြီး ခန္ဓာကိုယ်အတွင်းရှိ ကြယ်စွမ်းအားသည် ယခင်က ပြင်းထန်သော လေ့ကျင့်မှုအောက်တွင် ပို၍ သန့်စင်ပြီး ခိုင်မာလာသည်ကို ခံစားမိသည်။ အဆန်းကြယ်ဆုံးမှာ ဝိညာဉ် အမှတ်အသားတွင် ဖန်တီးခြင်း ဇစ်မြစ်၏ စွမ်းအားနှင့် ပတ်သက်သော ထူးခြားသော အတွေးအမြင်အသစ်တစ်ခု ရှိနေခြင်းပင်။
ဇစ်မြစ်ဥပဒေသသည် လျို့ဝှက်ဆန်းကြယ်ဆုံး စွမ်းအား ဖြစ်သည်။ ချန်လွေ့သည် ပြည့်စုံသော ဖျက်ဆီးခြင်း ဇစ်မြစ်ဥပဒေသကို လျင်မြန်စွာ ကျွမ်းကျင်နိုင်ခဲ့ရသည့် အကြောင်းအရင်းမှာ [အထူးစိစစ်မှု] နှင့် လေ့ကျင့်ရေး ကွင်းပြင်တို့၏ လုပ်ဆောင်ချက်များအပြင် အသူရာ၏ ပျက်စီးခြင်းက အရေးအကြီးဆုံး အကြောင်းပြချက် ဖြစ်၏။
သို့သော်လည်း ဖန်တီးခြင်းဇစ်မြစ်မှာ ထိုကဲ့သို့ မဟုတ်ပေ။ အသူရာ ကဲ့သို့ ‘ဖန်တီးခြင်းခန္ဓာ’ အားသာချက် မရှိသဖြင့် ကိုယ်ပိုင်နားလည်မှု အပေါ်တွင်သာ အားကိုးရမည် ဖြစ်သည်။ ယခင်က တိုးတက်မှုရရှိရန် ခက်ခဲခဲ့သဖြင့် အနှစ်သာရများကို မည်သည့်အခါမျှ နားမလည်နိုင်ခဲ့ပေ။ မမျှော်လင့်ဘဲနှင့် ယနေ့ သူက ပထမဆုံး ခြေလှမ်းကို လှမ်းနိုင်ခဲ့သည်။ သေးငယ်သော ခြေလှမ်းတစ်ခုသာ ဖြစ်သော်လည်း မပြီးပြည့်စုံသော ဖန်တီးခြင်း ဇစ်မြစ် တစ်စိတ်တစ်ပိုင်းသာ ဖြစ်သောလည်း အလွန်အမင်း အဖိုးတန်သော အစတစ်ခုပင် ဖြစ်လေသည်။
စူပါစနစ်၏ စွမ်းရည်သစ်ပင်ပေါ်တွင် အစွမ်းအသစ် ၂ခု ပေါ်လာခဲ့သည်။
[ကောင်းကင်ကုသ] - လျို့ဝှက်အန္တရာယ်များ မရှိစေဘဲ အစွမ်းအထက်ဆုံး ကုသခြင်း။ စိတ်ဝိညာဉ်နှင့် ခန္ဓာကိုယ်၏ ဒဏ်ရာများကို အခြေခံအားဖြင့် ပြုပြင်ပေးပြီး အသစ်ပြန်ဖြစ်ခြင်း စွမ်းအားကို တိုးမြှင့်ပေးသည်။ တစ်နာရီလျှင် တစ်ကြိမ် အသုံးပြုနိုင်၏။ (ပစ်မှတ်များစွာကို အသေမှတ်နိုင်သည်။)
[ကောင်းကင်ကောင်းချီး] - သိဒ္ဓိစွမ်းအားကို ဆွဲဆောင်ခြင်း၊ မကောင်းဆိုးဝါး စွမ်းအားအကုန်လုံးကို ဖယ်ရှားခြင်း၊ ကိုယ်ခန္ဓာကို သန့်စင်ပြီး ပြောင်းလဲခြင်း။ တစ်နာရီလျှင် တစ်ကြိမ် အသက်သွင်းနိုင်သည်။ (သန့်စင်ခြင်း သို့မဟုတ် ပြောင်းလဲခြင်းပုံစံကို ရွေးချယ်နိုင်သည်။ ပစ်မှတ် များစွာကို အသေမှတ်နိုင်သည်။)
[ကောင်းကင်ကောင်းချီး]မှာ အလင်းမှလွဲ၍ အခြား စွမ်းအားများကို ချုပ်ထန်းရန် ရည်ရွယ်ထားပြီး ပုံရိပ်ယောင်နှင့် အဆိပ်ကဲ့သို့သော အားလျော့မှုများစွာကို ပြီးနိုင်စွမ်းရှိသည်။ အခြားသူများအတွက် အလွန်အားကောင်းသော ကျွမ်းကျင်မှု ဖြစ်နိုင်သော်လည်း စူပါစနစ်ကို ပိုင်ဆိုင်ထားသော သူ့အတွက်မူ အနည်းငယ် မလိုအပ်ပေ။
[ကောင်းကင်ကုသ]သည် သေချာပေါက် S-အဆင့် ကျွမ်းကျင်မှု ဖြစ်သည်။ [ကုသမှု] ကို ယေဘုယျအားဖြင့် အလင်းဒြပ်စင်နှင့် ရေဒြပ်စင်ဟူ၍ အမျိုးအစား ၂မျိုး ခွဲခြားထားသည်။ ရေဒြပ်စင်သည် အတော်လေး နူးညံ့သော်လည်း အာနိသင်က အလင်းဒြပ်စင်ထက် သိသိသာသာ နိမ့်ကျသည်။ သို့သော် မည်သည့်အရာဖြစ်စေ နိယာမအရ ခန္ဓာကိုယ်၏ အလားအလာကို ကြိုတင်နှိုးဆွ၍ ဒဏ်ရာကို ကုစားခြင်းသာ ဖြစ်သည်။ ယေဘုယျအားဖြင့် ကုသခြင်း မှော်ပညာကို အသုံးပြုခံရပြီးတိုင်း အနည်းဆုံး သုံးလေးငါးရက် နားရမည်။ အသုံးပြုသည့် အကြိမ်ရေ အလွန်များပါက ခန္ဓာကိုယ် အပြည့်အဝ ပြန်လည်၍ မကောင်းမွန်လာခင် အလားအလာကို ထပ်မံနှိုးဆွခြင်းက ခန္ဓာကိုယ်ကို အမြဲတမ်း လျို့ဝှက်ဒဏ်ရာများ ဖြစ်စေပြီး ကြီးမားသော ထာဝရ အတွင်းဒဏ်ရာများကို ဖြစ်စေနိုင် ပေသည်။
တစ်နည်းအားဖြင့် [ကုသမှု]ကလည်း သတ်ဖြတ်ခြင်း နည်းလမ်းတစ်ခု ဖြစ်သည်။
ဆေးရည်၏ ဘေးထွက်ဆိုးကျိုးက ပိုမို၍ နည်းပါး သော်လည်း ရှောင်လွှဲ၍မရနိုင်ပေ။ အဆင့်နှင့် သန့်စင်မှု မြင့်မားလေလေ ဘေးထွက်ဆိုးကျိုး နည်းပါးလေလေ ဖြစ်သည်။ ဥပမာအားဖြင့် စူပါစနစ်မှ ထုတ်လုပ်သည့် ၁၀၀% သန့်စင်သော ဆေးရည်ပင်။ ထို့ကြောင့် ဆေးရည်နှင့် ကုသခြင်းမှော်ပညာ နှစ်မျိုးလုံးတွင် ‘ကန့်သတ်ချိန်’ ရှိသည်။ ထိုအချိန်အတွင်း ထပ်ခါတလဲလဲ အသုံးပြုပါက အာနိသင် သိသိသာသာ လျော့နည်းသွားမည် ဖြစ်ပြီး လျို့ဝှက် အန္တရာယ်များ ဖြစ်လာနိုင်စေသည်။
ယခုတွင် ထို[ကောင်းကင်ကုသ]တွင် လုံးဝ လျှို့ဝှက် အန္တရာယ်များ မရှိသည့်အပြင် ဝိညာဉ်ပြုပြင်ခြင်း၊ [အသစ်ပြန်ဖြစ်ခြင်း] အစရှိသည့် အဆင့်မြင့် စွမ်းရည် များလည်း ပါရှိနေသည်။ သူငယ်ချင်း အများအပြား ရှိသော ချန်လွေ့အတွက် အဖွဲ့လိုက်ခရီးသွားခြင်းနှင့် တိုက်ခိုက်ခြင်း အတွက် ရှိကိုရှိရမည့် အစွမ်းတစ်ခုပင်။
ချန်လွေ့သည် ဆူးသရဖူကို ခွဲခြမ်းစိတ်ဖြာနေစဉ်တွင် စိတ်အားထက်သန်နေသော ပါ့ဂ်လီအိုက သင်္ဘော ၃စီးမှ မရဏနက်နောက်လိုက်များကို အလွယ်တကူ ကိုင်တွယ် ဖြေရှင်းခဲ့ပြီး ချွဲကျိကောင်ကို အစွမ်းပြခွင့် မပေးတော့ပေ။ အထူး-အစွမ်းထက်ပုဂ္ဂိုလ် တစ်ယောက် အနေဖြင့် ပါ့ဂ်လီအိုက သာမန်လူများကို တစ်ခုခုလုပ်ရန် ရွံရှာသော်လည်း စတင် တိုက်ခိုက်ရဲသူများကို မသက်ညှာတတ်ပေ။
သင်္ဘော ၃စီးသည် မျက်စိတစ်မှိတ် အတွင်း ပျက်စီးယိုယွင်းလာပြီး အော်ဟစ်သံများ ဆက်တိုက်ထွက်ပေါ် နေသည်။ ခဏအကြာ လူများနှင့် သင်္ဘောအားလုံး အစိမ်းရောင် မြူများအဖြစ် ပြောင်းလဲကာ ပျံ့လွင့်သွားသည်။ ပါ့ဂ်လီအို၏ အဆိပ်သည် ဥပဒေသစွမ်းအားနှင့် ပေါင်းစပ်ပြီး ဖြစ်သဖြင့် သူ၏ မည်သည့် လှုပ်ရှားမှုနှင့်မဆို အလွန် ပြင်းထန်သော အဆိပ်ကို ထုတ်လွှတ်နိုင်သည်။ ဖိုက်သွန် ‘ပြောနေကျ’ အရှိန်အဝါနှင့် နှိုင်းယှဉ်၍ မရသော်လည်း အထူး-အစွမ်းထက်ပုဂ္ဂိုလ်များထဲတွင် ပါ့ဂ်လီအီုက အတော်ဆုံး အဆိပ်ဥပဒေသ ဆရာသခင်များထဲမှ တစ်ဦးဖြစ်ပေသည်။
ထိုမြင်ကွင်းက သိဒ္ဓိကျောင်းတော်ရှိ လူတိုင်းကို ကြောက်ရွံ့တုန်လှုပ်စေခဲ့သည်။ သူတို့ကို ပျက်စီးလုနီးပါး အနိုင်ကျင့်ခဲ့သော သင်္ဘော၃စီးက ထိုသူ၏ လက်အမူအရာ ဖြင့်ပင် သုတ်သင်ခံလိုက်ရလေသည်။
ယခင်တိုက်ပွဲကြောင့် အကျိုးအပဲ့များ ပြည့်နေသော သင်္ဘောကြီးသည် နောက်ဆုံးတွင် ပြိုလဲစပြုလာသည်။ သိဒ္ဓိကျောင်းတော် ယုံကြည်သူများသည် လူအင်အားကို အလျင်အမြန် စုစည်းကာ အရေးပေါ်သင်္ဘောငယ်ပေါ်သို့ တက်ရောက်ကြသည်။ ထိုလူအများစုက ကောင်းစွာ လေ့ကျင့်ထားသော ကျက်သရေဆောင် စစ်သည်တော်များ ဖြစ်သောကြောင့် စနစ်တကျရှိပြီး ဖရိုဖရဲမဖြစ်ပေ။
ဝတ်ရုံဝတ် အမျိုးသားက ဖြည်းဖြည်းချင်း ပျံသန်းလာကာ ချန်လွေ့၏ရှေ့ ၆ မီတာခန့်အကွာတွင် ရပ်တန့်လိုက်သည်။ သူ၏ အနေအထားက အနည်းငယ်နိမ့်ပြီး လေးစားမှုရှိသော အမူအရာကို ပြသနေ၏။
“အကူအညီအတွက် ကျေးဇူးတင်ပါတယ်။” ဝတ်ရုံဝတ် အမျိုးသားက အနည်းငယ် ဦးညွှတ်ကာ ခေါင်းပေါ်ရှိ ဦးဆောင်းကို ချွတ်လိုက်သည်။ “သိဒ္ဓိကျောင်းတော်က ဂရာလင်စမော ဆာ-၃ယောက်ကိုအရိုအသေ ပြုပါတယ်။””
ထိုသူက မျက်နှာပိန်ပိန်နှင့် သတ်လက်ပိုင်း အမျိုးသား တစ်ဦး ဖြစ်သည်။ သူ၏ စွမ်းအားမှာ နတ်ဆိုး အရှင်သခင် အဆင့်ဖြစ်ပြီး “ဂရာလင်”ဟူသော စကားလုံးက လူသား လောကတွင် နာမည်ကျော် တည်ရှိမှုတစ်ခု ဖြစ်သည်။ တိုက်ခိုက်ရေး စွမ်းအားကြောင့် မဟုတ်ဘဲ သူ၏ သရုပ်ဖြစ်သော သိဒ္ဓိကျောင်းတော်မှ အဓိက ရေဖျန်းဘုန်းတော်ကြီး ၃ပါးထဲမှ တစ်ပါးဖြစ်၍ပင်။
သိဒ္ဓိကျောင်းတော်၏ ရာထူးအဆင့်ဆင့်မှာ အမြင့်ဆုံးမှ အနိမ့်ဆုံးစဉ်ရလျှင် ပုပ်ရဟန်းမင်းကြီး၊ ဂိုဏ်းချုပ်၊ ရေဖျန်းဘုန်းတော်ကြီး၊ ဂိုဏ်းအုပ်အချုပ်၊ ဂိုဏ်းအုပ်၊ သင်းအုပ်ဆရာ၊ ဂိုဏ်းထောက်၊ ဘရင်ဂျီဘုန်းတော်ကြီး သို့မဟုတ် သီလရှင် ဟူ၍ ဖြစ်သည်။
သိဒ္ဓိအလင်းတောင်၏ ခေါင်းဆောင်ကြီး ၃ဦးဖြစ်သော ဗန်တီ-စ်၊ ဂိုဏ်းချုပ် ပါစ်မီရာ နှင့် ယူဒိုရာတို့အပြင် ရေဖျန်းဘုန်းတော်ကြီး ၃ဦးတို့က သိဒ္ဓိကျောင်းတော် အပြင်ဘက်ဘက် အာဏာအရှိဆုံး ဖြစ်သည်။ ခုံသမာဓိ တရားသူကြီးချုပ် စီးရက်စ် နှင့် ရှေးသူရဲကောင်း ခေါင်းဆောင် ပါဆာလီတို့သာ သူတို့ကို ယှဉ်နိုင်သည်။
ချန်လွေ့ ထိုနှစ်က နှင်းဒဲလက်ပန်းကို ခိုးယူခဲ့စဉ်တွင် နှင်းဖုံးတောင်ထွတ် စင်မြင့်တွင် ရေဖျန်းဘုန်းတော်ကြီး ၃ဦးနှင့် ခဏတာ တိုက်ခိုက်ခဲ့ရသည်။ ထိုကဲ့သို့ အခြေအနေမျိုးတွင် ‘ပြန်လည်ဆုံဆည်း’ ရမည်ဟု ချန်လွေ့ မမျှော်လင့်ခဲ့ပေ။ ထို့အပြင် ထိုရေဖျန်းဘုန်းတော်ကြီးက ပင်လယ်ပြင်တွင် မရဏနောက်လိုက်များ အလိုက်ခံနေရမည်ကို ပို၍ပင် မမျှော်လင့်ထားခဲ့ပေ။
အမှန်တကယ်၌ ချန်လွေ့နှင့် အခြားသူများက အကူအညီ ပေးခဲ့ခြင်း မဟုတ်ပေ။ ဆူးသရဖူ မတော်တဆမှု ကြောင့်သာ မဟုတ်လျှင် သူတို့က ဖြတ်သားဖြတ်လာသာ ဖြစ်နေပြီး တိုက်ပွဲကိုပင် တမင်ကြည့်နေခဲ့ကြသူများ ဖြစ်ကြသည်။ သို့သော် ဂရာလင်က နှိမ့်ချသော အမူအရာ ဖြစ်နေဆဲ ဖြစ်သည်။ ထိုအရာက ဒိုဒိုနှင့် ပါ့ဂ်လီအိုတို့ ပြသထားသော စွမ်းအားနှင့် ဆက်နွှယ်နေပေသည်။
ဂရာလင်၏ ရည်ရွယ်ချက်မှာ ကျေးဇူးတင်ရုံမျှ မဟုတ်ကြောင်း ချန်လွေ့ သိသည်။ အရေးအကြီးဆုံးမှာ သူ၏ခေါင်းပေါ်ရှိ ဆူးသရဖူပင် ဖြစ်သည်။ ထိုအချိန်တွင် သူသည် ဂရာလင်၏ သရုပ်ကို မသိချင်ဟန်ဆောင်ကာ အနည်းငယ် ခေါင်းညိတ် လိုက်၏။
ဂရာလင်က ထိုဆံပင်ရွှေရောင် အမျိုးသားမှာ (လူနှစ်ဦးနှင့် ပိုးကောင်တစ်ကောင်) ခေါင်းဆောင်ဖြစ်ပြီး သူ၏ မြင်သာသော စွမ်းအားမှာ စစ်သည်အဆင့်သာ ဖြစ်ကြောင်း ချက်ချင်း သိမြင်ခဲ့သည်။ သူအံ့အားသင့်သွားပြီး ဦးညွှတ်လိုက်၏။ “ဆာ့ရဲ့ နာမည်ကို မေးပါရစေ။”
“ငါက ဖြတ်သွားဖြတ်လာပါ...” ချန်လွေ့က နာမည်ကို မပြောပြချင်ခဲ့ပေ။
ဂရာလင် ဆက်မမေးတော့ပေ။ အဖြူရောင်ကျောက်စိမ်း အဖြစ် ပြောင်းလဲသွားသော သရဖူကို ကြည့်ကာ သူ၏ မျက်လုံးများသည် ပို၍ပင် ထူးဆန်းလာခဲ့သည်။ နောက်ဆုံး သူက ပြောလိုက်၏။ “ဒါက သိဒ္ဓိအမွေအနှစ် ဆူးသရဖူပါ...”
“အိုး...” ချန်လွေ့က နတ်မိမယ်နဂါးကဲ့သို့ ပေါ့ပေါ့ပါးပါး ပြန်ဖြေလိုက်သည်။ သူက ထိုရတနာသရဖူကို သိမ်းရန် စီစဉ်ထားသည်မှာ သိသာလှပေသည်။
သိဒ္ဓိအမွေအနှစ် ဖြစ်တော့ကော ဘာဖြစ်လဲ။ မင်းတို့ရဲ့ အသိုက်ဟောင်း ဘုရားကျောင်းမှာ ထားထားတဲ့ လေတံဆိပ်ကိုတောင် ငါ့မိန်းမ ခြေထောက်အောက်မှာ ဝတ်ထားတာ။