← Chapters

ပုန်းစရာ နေရာမရှိ

Vol. 57 Ch. 924

ပုန်းစရာ နေရာမရှိ

Vol. 57 Ch. 924

ချန်လွေ့က သွေးရောင်လက်စွပ်၏ ပြင်းထန်သော အရောင်ကို ကြည့်ကာ တိတ်တိတ်လေး အံ့အားသင့်နေမိ၏။ ထို”အံ့အားသင့်စရာ” ကို အမှန်တကယ် မျှော်လင့်မထားခဲ့။

အရင်က ငါ တစ်ဖနီကို ရှာတွေ့ဖို့အတွက် သွေးရောင်လက်စွပ်ကို သုံးခဲ့ပေမဲ့ လူသားလောကက ကြီးလွန်းတယ်။ ပြီးတော့ အရောင်ကလည်း သိပ်ပြီးတော့ မပြောင်းလဲဘူး။ အခု ငါက တိုက်တိုက်ဆိုင်ဆိုင်ပဲ တစ်ဖနီကို ကမ်းပါးဖြူမှာ ရှာတွေ့သွားတယ်။

သူက နတ်ဆိုးတစ်ယောက်လေ။ တကယ်ကြီး သိဒ္ဓိ ကျောင်းတော်ရဲ့ ဗဟိုချက်ကို ရောက်နေတာလား။ သူက အကျဉ်းချ ခံထားရတာများလား။ ဒါမှမဟုတ် သူရှာနေတဲ့ လူသားလောကက အမေက...

“မင်း ဘာတွေ့လိုက်တာလဲ။” သူ့စိတ်ထဲတွင် ဖိုက်သွန်၏ အသံ ထွက်ပေါ်လာပြီး စိတ်ခံစားချက် အပြောင်းအလဲကို သိသိသာသာ ခံစားမိလိုက်ပုံရသည်။

ချန်လွေ့ အလျင်အမြန် တွေးတောပြီး အမှန်အတိုင်း ပြောရန် ဆုံးဖြတ်လိုက်သည်။ “ကျုပ် ရှာနေတဲ့ လူတစ်ယောက် ရှိတယ်။ သူက သိဒ္ဓိအလင်းတောင်မှာ ရှိနေနိုင်တယ်။ သူ့ကို ကျုပ် ခံစားမိတယ်။ ဖြစ်နိုင်ရင် သူ့ကို ခေါ်သွားချင်တယ်။”

“မင်းရဲ့ ပထမဆုံး တာဝန်က အလင်းနတ်ဘုရား ကျောင်းပဲ။” ဖိုက်သွန်က ချန်လွေ့ အမှန်အတိုင်း ပြောနေကြောင်း အာရုံခံမိသည်။ “တာဝန် ပြီးမြောက်နိုင်ရင် မင်းရဲ့ တောင်းဆိုချက်ကို ငါ သဘောတူပေး နိုင်တယ်။ ဒါပေမဲ့ တာဝန်မပြီးခင် တခြား ဘာကိုမှ အာရုံမစိုက်နဲ့။”

“သိပါပြီ။”

ချန်လွေ့သည် ဖိုက်သွန်နှင့် စိတ်ဝိညာဉ်ချင်း ဆက်သွယ် နေစဉ် ကိုယ်ခန္ဓာလှုပ်ရှားမှုများ လုံးဝ မရပ်တန့်ခဲ့ပေ။ သူက ဦးညွှတ်ရင်း ဖြည်းဖြည်းချင်း ရှေ့သို့ လျှောက်သွားသော ယုံကြည်သူများ နောက်သို့ လိုက်ခဲ့သည်။ လမ်း တလျှောက်လုံးနှင့် လေထဲတွင်ပင် တစ်ခုနှင့်တစ်ခု ချိတ်ဆက်နေသော မှော်စက်ဝိုင်း အမျိုးမျိုးကို သူ ခံစားမိနေသည်။ လုံခြုံရေးက သိသိသာသာ ပိုမို၍ တင်းကျပ်နေပုံရသည်။

၃နာရီခန့် ကြာပြီးနောက် ရှေ့မှ စစ်ဆေးရေးဂိတ်တစ်ခုသို့ ရောက်လာသည်။ ထိုအချိန် လက်စွပ်အရောင်က အနည်းငယ် ပိုပြင်းလာပြီး ဦးတည်ရာ မှန်ကန်ကြောင်း ဖော်ပြနေ၏။

ထိုစစ်ဆေးရေးဂိတ်တွင် စည်းကမ်းထိန်းသိမ်းရန် အလင်း စစ်သည်တော် အဖွဲ့များစွာ ရှိသည်။ ယုံကြည်သူများသည် စစ်ဆေးရေးဂိတ်ကို ဖြတ်ကျော်ရန် တန်းစီနေကြ၏။ ထိုအခြေအနေသည် ချန်လွေ့၏ မှတ်ဉာဏ်ထဲမှ လမ်းကြေး ကောက်ခံသောဂိတ်နှင့် တစ်နည်းတစ်ဖုံ ဆင်တူနေခဲ့သည်။

ချန်လွေ့၏ အမြင်အရ နောက်ဆုံးတစ်ခေါက် ပေါလ်နှင့်အတူ လာခဲ့စဉ် ထိုကဲ့သို့သော ‘လမ်းကြေး ကောက်ခံရေးဂိတ်’ မရှိခဲ့ပေ။ ၎င်းမှာ လမ်းကြောင်း ကွာခြားခြင်းကြောင့် ဖြစ်နိုင်၏။ သူသည် ယခင်တစ်ခေါက်က စစ်သည်တော်များ၏ သီးသန့်လမ်းကြောင်းမှ သွားခဲ့သည်။

ထိုစစ်ဆေးရေးဂိတ်၏ လုပ်ဆောင်ချက်မှာ ကိုးကွယ်မှု တံဆိပ်ပြားကို သိဒ္ဓိအလင်းမြို့တွင် နေထိုင်ခွင့်ရသည့် သိဒ္ဓိအလင်း တံဆိပ်ပြားတစ်ခုနှင့် လဲလှယ်ရန် ဖြစ်ပြီး ၎င်းမှာ ‘ယာယီမှတ်ပုံတင်ကတ်’ နှင့် တူညီပေသည်။

ချန်လွေ့သည် အဖွဲ့နောက် လိုက်ကာ စစ်ဆေးရေးဂိတ် ရှေ့သို့ ရောက်ရှိလာပြီး ကိုးကွယ်မှု တံဆိပ်ပြားကို စစ်ဆေးနေသော ဘုန်းတော်ကြီးအား ပေးလိုက်သည်။ ဘုန်းတော်ကြီးက တံဆိပ်ကိုယူပြီး သူ့ကို တစ်ချက်ကြည့်ကာ သိဒ္ဓိအလင်း တံဆိပ်ပြား တစ်ခု ပေးလိုက်၏။

ချန်လွေ့က ဘုန်းတော်ကြီးရှေ့တွင် သိဒ္ဓိအလင်း တံဆိပ်ပြား အမျိုးအစားများစွာ ရှိနေပြီး အနည်းငယ် ကွာခြားမှုများ ရှိနေကြောင်း သေချာ သတိထားမိသည်။ ၎င်းမှာ ကိုးကွယ်မှု တံဆိပ်ပြားကို ရရှိစဉ်က လှူဒါန်းခဲ့သော ငွေပမာဏနှင့် ဆက်စပ်နေခြင်း ရှိမရှိ သူတွေးလိုက်မိသည်။ သူ မေးမြန်းချင်ခဲ့သော်လည်း ဘုန်းတော်ကြီးက လက်ဝှေ့ယမ်းပြီး နောက်မှ ရှည်လျားသောလူတန်းကို လက်ညှိုးထိုးပြကာ အမြန်သွားရန်နှင့် နောက်မှ ယုံကြည်သူများကို အချိန် ကြာကြာ စောင့်မနေစေရန် ပြောခဲ့သည်။

ချန်လွေ့က ရွေးချယ်စရာမရှိဘဲ သိဒ္ဓိအလင်း တံဆိပ်ပြား နှင့်အတူ ရှေ့သို့ ဆက်လျှောက်သွားခဲ့သည်။ သူသည် ခြေလှမ်းတိုင်းတွင် ဆုတောင်းခြင်း မရှိသော ယုံကြည်သူများ ကြားထဲသို့ ဖြည်းဖြည်းချင်း ရောနှောကာ သိဒ္ဓိအလင်းမြို့ ဘက်သို့ လျှောက်သွားခဲ့သည်။

ခဏအကြာ ကြီးမားသော ခံတပ်ကြီးတစ်ခု ရှေ့သို့ ရောက်ရှိလာခဲ့သည်။ ယုံကြည်သူများသည် ဥမင်များမှ တစ်ဆင့် ဝင်ရောက်ကြပြီး ခံတပ်အဝင်ဝတွင် အလင်း စစ်သည်တော် အများအပြားကို တပ်စွဲထားကြသည်။

“သိဒ္ဓိအလင်း တံဆိပ်ပြားကို မြင့်မြင့်မြှောက်ပြီး ခံတပ်ရဲ့ ဥမင်ထဲကို ဝင်ပါ။”

ယုံကြည်သူများက ရရှိထားသော သိဒ္ဓိအလင်း တံဆိပ်ပြားကို ရှေ့တွင် မြှောက်ကိုင်ကာ ခံတပ်ကို တစ်ယောက်ချင်းစီ ဖြတ်သန်းသွားကြသည်။ ချန်လွေ့ အလှည့်ရောက်သောအခါ အလင်းစစ်သည်တော် တစ်ဦးက တံဆိပ်ကို ကြည့်ကာ “အရေးကြီး ပုဂ္ဂိုလ် ဥမင်” ဟုခေါ်သော အခြားဥမင်တစ်ခုသို့ သွားရန် ယဉ်ကျေးစွာ အချက်ပြခဲ့သည်။

ထိုဥမင်တွင် လူ အတော်လေး နည်းပါးပုံရသည်။ ချန်လွေ့ အနည်းငယ် ထူးဆန်းသည်ဟု ခံစားရသော်လည်း စစ်သည်တော်၏ တောင်းဆိုချက်ကို လိုက်နာကာ ဥမင်ဘက်သို့ လျှောက်သွားခဲ့၏။

ချန်လွေ့အပြင် ထိုဥမင်မှ သွားသောသူများမှာ လူငယ်တစ်ဦးနှင့် သတ်လက်ပိုင်းအရွယ် အမျိုးသမီး တစ်ဦးသာ ရှိသည်။

ခဏမျှ လျှောက်ပြီးနောက် ချန်လွေ့က တစ်ခုခု မှားနေကြောင်း သတိပြုမိလိုက်သည်။ ဥမင်သည် အဆုံးမရှိသကဲ့သို့ ဖြစ်နေပြီး ပတ်ဝန်းကျင်ရှိ စွမ်းအား မတည်ငြိမ်မှုများက ပတ်နေသော မှော်စက်ဝိုင်းတစ်ခု ဖြစ်ကြောင်း ဖော်ပြနေ၏။

ချန်လွေ့ ရပ်တန့်လိုက်ပြီး မျက်မှောင်အနည်းငယ် ကြုံ့လိုက်သည်။ ငါ ဖော်ထုတ်ခံလိုက် ရတာလား။ ဖြစ်နိုင်တယ်။ ဘယ်နေရာကနေ ဟာကွက် ဖြစ်သွားတာလဲ။ ဧကန္တ... ။ သူက လက်ထဲက သိဒ္ဓိအလင်း တံဆိပ်ပြား ကို ကြည့်လိုက်သည်။

ထိုအချိန်တွင် အလင်းရောင်များ တောက်ပလာပြီး အလင်းစစ်သည်တော်အဖွဲ့တစ်ဖွဲ့က နေရာအနှံ့ ပေါ်လာကာ လူ(၃)ယောက်ကို ဝိုင်းရံလိုက်၏။ အသေအချာပင် ထို “အရေးကြီးပုဂ္ဂိုလ်ဥမင်”တွင် အထူး”ဧည့်ခံခြင်း”တစ်မျိုး ရှိနေလေသည်။

“ဆာ။ ကျွန်မက အလင်းနတ်ဘုရားကို ယုံကြည်သူ တစ်ယောက်ပါ။ ကျွန်မရဲ့ ပိုင်ဆိုင်မှု အားလုံးကို ဘုရားကျောင်းဆီ လှူခဲ့တယ်။ ဘာလုပ်ကြမလို့လဲ။” ရှေ့မှ သက်လတ်ပိုင်းအရွယ် အမျိုးသမီးက ကြောက်လန့်တကြား ပြောလိုက်သည်။

စစ်သည်တော်ခေါင်းဆောင်က နတ်ဆိုးဧကရာဇ်အဆင့် အလယ်ပိုင်းသို့ ရောက်ရှိနေပြီး နတ်ဘုရားကျောင်း စစ်သည်တော် ဖြစ်လောက်သည်။ သူက လှောင်ပြုံးပြုံးပြီး ပြောလိူက်၏။ “ယုတ်မာတဲ့ ဘာသာရေးဂိုဏ်းသားတွေ၊ အမြင့်မြတ်ဆုံး အလင်းနတ်ဘုရားရဲ့ ယုံကြည်မှုအောက်မှာ လိမ်ညာမှုတွေ၊ ဟန်ဆောင်မှုတွေက အချည်းနှီးပဲ။ မင်းတို့ရဲ့ ကိုးကွယ်မှု တံဆိပ်ပြားကနေ ပြန်ရလာတဲ့ အချက်အလက်က အရာအားလုံးကို ရှင်းပြပြီးသားပဲ။ ကမ်းပါးဖြူကို ဝင်ရောက်ပြီးတော့ ကိုးကွယ်မှုတံဆိပ်ပြားက အလင်း နတ်ဘုရားကို ယုံကြည်မှု နည်းနည်းလေးတောင် မပြခဲ့ဘူး။ သေချာတယ်။ မင်းတို့က ကမ်းပါးဖြူထဲကို ခိုးဝင်လာတဲ့ သူလျှိုတွေပဲ။”

ကိုးကွယ်မှုတံဆိပ်ပြားတွင် ထိုသို့ လုပ်ဆောင်ချက်လည်း ရှိနေသည်။ ထိုအခါမှသာ ချန်လွေ့က ‘လမ်းကြေးဂိတ်’ ၏ အစစ်အမှန် အကြောင်းရင်းကို သိရှိခဲ့ရသည်။

သတ်လက်ပိုင်းအရွယ်အမျိုးသမီးနှင့် လူငယ်လေးက သရုပ်မှန် ပေါ်သွားကြောင်း သိသွားသည်နှင့် တပြိုင်နက်တည်း

အော်ဟစ်ကာ လာရာလမ်းအတိုင်း နောက်လှည့် ပြေးကြသည်။

ထိုသူနှစ်ဦး၏ စွမ်းအားမှာ မသေးလှပေ။ သူတို့သည် အလင်းတန်းနှစ်ခုကဲ့သို့ လှုပ်ရှားကာ လမ်းတစ်လျှောက် ပိတ်ဆို့နေသော အလင်းစစ်သည်တော်များကို ချေမှုန်းပစ်ခဲ့ ကြသည်။

ရှေ့မှ မှော်စက်ဝိုင်း တောက်ပလာပြီး နတ်ဘုရားကျောင်း စစ်သည်တော်၏ ပုံရိပ်က အလင်းတန်းနှစ်ခု၏ ရှေ့တွင် ပေါ်လာသည်။ ဓားရှည်ကို လှည့်လိုက်ရာ အလင်းတန်းများ ရုတ်တရက် ထွက်လာပြီး မြေပြင်ပေါ်သို့ ပြုတ်ကျသွားသော ပုံနှစ်ခုအဖြစ် ပြောင်းလဲသွားကာ လေးကန်သော အမူအရာများ ဖြစ်နေကြသည်။

သူတို့နှစ်ဦးက အလျင်အမြန် တုံ့ပြန်ခဲ့ကြသည်။ သူတို့က စစ်သည်တော်၏ ပြိုင်ဘက်များ မဟုတ်ကြောင်း သိပြီးနောက် တစ်ဖက်လူ လှုပ်ရှားခြင်းမပြုခင် လျှို့ဝှက်ပညာရပ်တစ်ခုကို ချက်ချင်း အသက်သွင်းလိုက်၏။ ၎င်းတို့၏ မျက်နှာ အမူအရာများ ရုတ်တရက် မီးခိုးရောင် ပြောင်းသွားပြီး နှုတ်ခမ်းထောင့်မှ အမည်းရောင်သွေးများ စီးကျလာကာ တကိုယ်လုံး လျင်မြန်စွာ ပုပ်သိုးသွားတော့သည်။

“ဆာ-ရှာ့ခ်။”

အလင်းစစ်သည်တော်များ ရောက်ရှိလာပြီး ရှာ့ခ်က လက်မြှောက်ပြသည်။ “ဘာမှမလိုဘူး။ ကမ်းပါးဖြူထဲ ခိုးဝင်လာတဲ့ သူလျှိုအများစုဟာ အကြောက်တရား မရှိတဲ့ စစ်သည်တွေပဲ။ ဒီအဆိပ်က အသက်ကို ဖျက်ဆီးရုံသာမက ဝိညာဉ်ကိုလည်း ချေမှုန်းနိုင်တယ်။”

ရုတ်တရက် နတ်ဘုရား‌ကျောင်း စစ်သည်တစ်ဦးက တစ်ခုခုကို သတိရသွားပြီး တုန်လှုပ်စွာဖြင့် ပြောလိုက်သည်။ “နောက်တစ်ယောက် ဘယ်ရောက်သွားပြီလဲ။”

အလင်းစစ်သည်တော်များက တစ်ဦးနှင့် တစ်ဦး ကြည့်လိုက်ကြသည်။ ဟုတ်တယ်။ မုတ်ဆိတ်မွေးထူထူနဲ့ လူကြီး ဘယ်ရောက်သွားလဲ။

ရှာ့ခ် အပါအဝင် အလင်းစစ်သည်တော် အများအပြား ရှိနေသည့် ထိုမှော်စက်ဝိုင်း၌ ‘မုတ်ဆိတ်မွေးထူထူနှင့်လူကြီး’ မည်သို့ ပျောက်ကွယ် သွားသည်ကို မည်သူမျှ သတိမပြုမိခဲ့ပေ။

“သူတော်စင်အဆင့် ပုန်းကွယ်ပညာရပ် ဖြစ်ရင်တောင် မှော်စက်ဝိုင်းကနေ တိတ်တဆိတ် ထွက်သွားလို့ မရဘူး။ ဒီလူက မှော်စက်ဝိုင်းရဲ့သခင် မဟုတ်ဘူး ဆိုရင်ပေါ့။” ရှာ့ခ်က လေးနက်စွာဖြင့် ပြောလိုက်သည်။ “ဒါမှမဟုတ်... သူ့ရဲ့ စွမ်းအားက ငါတို့ရဲ့ သိမြင်နိုင်စွမ်းကို ကျော်လွန်နေပြီး ပုံမှန်သူတော်စင် အဆင့်ကိုတောင် ကျော်လွန်နေလို့ပဲ။ ချက်ချင်းပဲ ရှေ့က ကာကွယ်ရေးကို သတိပေးချက်ပို့ပြီး ဒီအကြောင်းကို ကောင်းကင်မိုးကြိုးခန်းမက ဆာ-ပါဆာလီဆီ အစီရင်ခံလိုက်။”

ထိုစစ်သည်တော် ရှာ့ခ်၏ ဆုံးဖြတ်ချက်က အမှန်ပင် ကောင်းမွန်သည်။ ချန်လွေ့ ယခင်က ရပ်တန့်ခဲ့စဉ် မှော်စက်ဝိုင်း၏ ဖွဲ့စည်းပုံများကို အကြမ်းအားဖြင့် သိရှိခဲ့ပြီဖြစ်ရာ စစ်သည်တော်များနှင့် ပတ်သက်၍ မည်သည့်အရာမှ လုပ်ဆောင်ရန် မလိုအပ်တော့ပေ။ သူတို့က သူလျှိုနှစ်ဦးအပေါ် အာရုံစိုက်နေစဉ်တွင် သူသည် ခဏအတွင်း မှော်စက်ဝိုင်းမှ ထွက်ခွာသွားခဲ့သည်။

ခုနက ဖြစ်ရပ်များ ကြုံပြီးနောက် ချန်လွေ့က ပေါ့တန်တန် မတွက်တော့ပေ။ သူက [ရုပ်ဖျက်ခြင်း]နှင့် နေရာ ပြောင်းရွေ့ခြင်း စွမ်းရည်များကို အပြည့်အဝ အသုံးပြုပြီး အနေအထားနဲ့ ပုံပန်းသဏ္ဌာန်တွေကို အဆက်မပြတ် ပြောင်းလဲရင်း အဆင့်အတော်များများကို အောင်မြင်စွာ ဖြတ်ကျော်ခဲ့သည်။ နောက်ဆုံး သိဒ္ဓိအလင်းတောင်၏ ခြေရင်းနားမှ သိဒ္ဓိအလင်းမြို့ကို ရောက်လာခဲ့သည်။

သိဒ္ဓိအလင်းမြို့သည် လူ့လောကတွင် အကျော်ကြားဆုံး မြို့များထဲမှ တစ်မြို့ဖြစ်ပြီး နဂါးလင်းလက်မြို့တော်၊ ကျက်သရေပြာမြို့တော်နှင့် ငွေလကောင်းကင်မြို့တော်တို့ ကဲ့သို့ နာမည်ကျော်ကြားပေသည်။

သိဒ္ဓိအလင်းမြို့တွင် နေထိုင်သူများသည် နတ်ဘုရားနှင့် အနီးစပ်ဆုံးသော ကိုင်းရှိုင်းများ ဖြစ်ကြသည်။ နတ်ဘုရား၏ စောင့်ရှောက်မှု စွမ်းအားအောက်တွင် သူတို့၏ သက်တမ်းနှင့် ခန္ဓာကိုယ်အခြေအနေသည် သာမန်လူထက် မြင့်မားသည်။ သူတို့သည် ဘုရားကျောင်းမှ စီစဉ်သော လှုပ်ရှားမှု အမျိုးမျိုးတွင် ပါဝင်နိုင်ပြီး ဒဏ္ဍာရီလာ အရေးပါသော ပုဂ္ဂိုလ်များကို တွေ့မြင်နိုင်ကာ ဒဏ္ဍာရီလာ”အံ့သြဖွယ်ရာများ” ကိုပင် မျက်မြင်တွေ့ရှိ နိုင်ကြသည်။ အလင်းနတ်ဘုရားကို ယုံကြည်သူများအတွက် သိဒ္ဓိအလင်းမြို့သို့ ဝင်ရောက် နိုင်ခြင်းက အမြင့်ဆုံးသော ဂုဏ်ယူစရာပင်။

သိဒ္ဓိအလင်းမြို့တွင် လူဦးရေ ကန့်သတ်ချက် တင်းကြပ် ပေသည်။ နှစ်အနည်းငယ် ကြာတိုင်း လူသစ် အနည်းငယ်ကိုသာ ခေါ်ယူသည်။ ထိုလုပ်ငန်းစဉ်က ကျယ်ပြန့်သော ပြန်လည်သုံးသပ်မှု လိုအပ်သည်။ အလွန်တရာ သဒ္ဓါတရား ထက်သန်သည့် ယုံကြည်သူများသာ သိဒ္ဓိအလင်းမြို့သို့ ဝင်ရောက်နိုင်ပြီး ၎င်းမှာ တစ်သန်းတွင် တစ်ဦးဟု မှတ်ယူနိုင်ပေသည်။

ပုံမှန်အားဖြင့် သိဒ္ဓိအလင်းမြို့သည် နေ့စဉ် ဝတ်ပြု ခရီးသွားများစွာကို ကြိုဆိုလေ့ ရှိသော်လည်း ဝတ်ပြု ခရီးသွားများသည် သိဒ္ဓိအလင်းမြို့တွင် ၅ရက်သာ နေထိုင်ခွင့်ရှိသည်။

သိဒ္ဓိအလင်းတောင် နယ်မြေတွင် တစ်နေရာရာ၌ ဖြစ်စေ၊ မြေပြင်၌ ဖြစ်စေ၊ အထူးသဖြင့် သိဒ္ဓိအလင်းမြို့၏ ကာကွယ်ရေးမှော်ပညာများသည် ချန်လွေ့ရောက်လာစဉ် ကထက် အဆပေါင်းများစွာ ပိုမိုအားကောင်းနေ၏။ သူ အင်အားသုံး၍ ဖြတ်ကျော်ရန် စီစဉ်ခြင်း မဟုတ်ပါက သိဒ္ဓိအလင်းမြို့မှ သိဒ္ဓိအလင်းတောင်သို့ ပြောင်းရွှေ့ခြင်းဖြင့် ဖြတ်ကျော်ရန် လုံးဝမဖြစ်နိုင်ပေ။

မြို့တံခါးကို ချောမွေ့စွာ ဖြတ်ကျော်ရန် [တိတ်တဆိတ်] စွမ်းရည်ကို အသုံးပြုပြီးနောက် ချန်လွေ့က မျက်မှောင်ကြုံ့ လိုက်သည်။ သူသည် သိဒ္ဓိအလင်းမြို့ကို ကောင်းကောင်း ရင်းနှီးပြီးသား ဖြစ်သည်။ ထိုနေရာတွင် လူများစွာ ရှိနေသောကြောင့် ပုန်းအောင်းရန် မခက်ခဲပေ။ သို့သော် ယုံကြည်သူတိုင်းက သိဒ္ဓိအလင်းတံဆိပ်ပြားကို ဆွဲထားကြ၏။ ထိုတံဆိပ်ပြားသည် ယခင်ခံတပ်၌ကဲ့သို့ အထူးစစ်ဆေးခြင်း အာနိသင် ရှိနေနိုင်ပြီး အလင်းနတ်ဘုရားကို ယုံကြည်မှု မရှိသော ဘာသာရေးဂိုဏ်းသားများ ပုန်းကွယ်၍ မရအောင် ဖြစ်နိုင်စေသည်။

ခံတပ်တွင် သူ ဖော်ထုတ်ခံရခြင်းက တခြားသူများ၏ သိဒ္ဓိအလင်း တံဆိပ်ပြားကို ရယူခြင်းက အသုံးမဝင်ကြောင်း ပြသနေသည်။ ဖိုက်သွန်၏အသံ ထွက်ပေါ်လာ၏။ “အလင်း စစ်သည်တော် လုပ်ကြည့်ပါလား။”

ချန်လွေ့သည် ချက်ချင်းပင် သာမန် အလင်းစစ်သည်တော် တစ်ယောက်အဖြစ် ပြောင်းလဲပြီး ယုံကြည်သူ အချို့ကို စစ်ဆေး မေးမြန်းဟန် ဆောင်ခဲ့သည်။ ဟာကွက် မပေါ်သော်လည်း ခဏအကြာ ချန်လွေ့သည် နောက်သို့ လိုက်နေသူများ ရှိနေကြောင်း တွေ့ရှိခဲ့သည်။ အလင်း စစ်သည်တော်များ အရပ်မျက်နှာပေါင်းစုံမှ စုဆုံလာကြ၏။

ချန်လွေ့၏ စွမ်းအားသည် ထိုစစ်သည်တော်များထက် အများကြီး သာလွန်သောကြောင့် သူတို့ကို စုဝေးခွင့် မပေးခဲ့ပေ။ သူ့ခန္ဓာကိုယ် တုန်ခါသွားပြီး လိုက်လံသူများထံမှ လွတ်မြောက်သွားခဲ့သည်။ အလှည့်အပတ် အများအပြား ပြုလုပ်ပြီးနောက် အလုံခြုံဆုံးသော လူနေအိမ်ဝင်းထဲသို့ ပုန်းအောင်းခဲ့သော်လည်း သူက ပို၍ပင် မျက်မှောင်ကျုံ့ သွားခဲ့သည်။ အခု ကမ်းပါးဖြူရဲ့ ကာကွယ်ရေးက အတော်လေး ကြောက်စရာကောင်းတယ်။ ပေါလ်နှင့်အတူ လာတုန်းကနဲ့ မတူတော့ဘူး။ အထူးသဖြင့် သူလျှိုတွေကို ဖော်နိုင်တဲ့ ယုံကြည်မှုကို အန္တိမလက်နက် အနေနဲ့ အသုံးပြုတဲ့ ‘အသိအမှတ်ပြုပစ္စည်း’ပဲ။ အသွင်ပြောင်း ပညာရပ်လိုမျိုး စွမ်းရည်နဲ့ ရောနှောဝင်ရောက်ဖို့က မဖြစ်နိုင်သလောက်ပဲ။

ချန်လွေ့က ထိုကဲ့သို့ ကာကွယ်မှု အများအပြား ပြုလုပ်ထားရခြင်းက သူ့ကြောင့်ဆိုသည်ကို မသိခဲ့ပေ။ နှင်းဒဲလက်ပန်းပင် အခိုးခံရပြီးတဲ့နောက် ကျောင်းတော်မှ အဆင့်မြင့်အရာရှိ အကုန်လုံး ဒေါသထွက်ခဲ့ကြသည်။ ထို့နောက် မရဏနက် နောက်လိုက်များက နေရာအနှံ့ ကျောင်းတော်များကို မကြာခဏ တိုက်ခိုက်ကြတာကြောင့် ကျောင်းတော်က သိဒ္ဓိအလင်းတောင်တွင် ကြီးမားတဲ့ ကာကွယ်ရေးစနစ်တစ်ခုကို တည်ဆောက်ရန် အတော်လေး ကြိုးစားခဲ့ပြီး သူလျှိုများ ခိုးဝင်လာခြင်းကို ကာကွယ်ရန် ဖြစ်သည်။

နောက်ပိုင်းတွင် ထိုကဲ့သို့ ကာကွယ်ရေး စနစ်သည် နေရာအမျိုးမျိုးရှိ အလင်းခန်းမ အဓိကနေရာများသို့ တဖြည်းဖြည်း ပျံ့နှံ့သွားမည် ဖြစ်သည်။ ဘေးကင်းလုံခြုံမှုကို သေချာစေခြင်းအပြင် ကျောင်းတော် ဝန်ထမ်းများ၏ ယုံကြည်မှုနှင့် သန့်ရှင်းစင်ကြယ်မှုကိုလည်း ပိုမိုအားကောင်း လာစေမည် ဖြစ်သည်။

“တခြားနည်းလမ်းမရှိဘူး။ ဒီနေရာက အစောင့်တွေရဲ့ စွမ်းအားက စိတ်မကူးနိုင်လောက်အောင်ပဲ။။ ဒီလိုမျိုး ဆက်သွားရင် သိဒ္ဓိအလင်းတောင်ကိုတောင် ဝင်နိုင်မှာ မဟုတ်ဘူး။” ဖိုက်သွန်က ခဏစဉ်းစားလိုက်သည်။ “အခု ဒီကိုရောက်လာပြီ ဆိုမှတော့ ဒီအတိုင်းပဲ ပြန်သွားလို့ မဖြစ်ဘူးပေါ့...။ တည်ကြက်လုပ်တဲ့ နည်းဗျူဟာက အကြံကောင်း ဖြစ်လောက်တယ်။။”

ချန်လွေ့ ခေါင်းညိတ်လိုက်၏။ သူ ခုနက ပုန်းအောင်းသော နေရာများကို ရွှေ့ပြောင်းနေစဉ် သွေးရောင်လက်စွပ် ပြသည့်အတိုင်း တစ်ဖနီ၏ လမ်းကြောင်းကို ကြည့်နေခဲ့သည်။ ပြသနေတာက တစ်ဖနီမှာ သိဒ္ဓိအလင်းမြို့ထဲ၌ မဟုတ်ဘဲ သိဒ္ဓိအလင်းတောင်ပေါ်မှာ ရှိနေခြင်းပင်။

သိဒ္ဓိအလင်းတောင်နဲ့ နီးလာလေလေ ကာကွယ်ရေးက ပိုတင်းကျပ်လာလေလေပဲ။ အခုအခြေအနေကို ကြည့်ပြီး ခန့်မှန်းရရင် [တိတ်တဆိတ်] စွမ်းရည်ရှိရင်တောင် အရင်ကလို သတိမပြုမိဘဲ ခိုးဝင်ဖို့ မဖြစ်နိုင်တော့ဘူး။ ပြင်းထန်တဲ့ တိုက်ပွဲအတွက် အသင့်ပြင် ထားရတော့မယ် ထင်တယ်။

All Chapters