← Chapters

“အကြီးအကဲ” ရောက်ရှိလာခြင်း

Vol. 57 Ch. 922

“အကြီးအကဲ” ရောက်ရှိလာခြင်း

Vol. 57 Ch. 922

ညအချိန် -

မိုးကြိုးအကျဉ်းထောင်ဝယ်-

နဂါးနီ ဒီမာယာရိုက ထိုင်ခုံကိုမှီကာ သမ်းဝေလိုက်ပြီး လက်ထဲရှိ ဖျော်ရည်ကို တစ်ငုံ သောက်လိုက်၏။ ပိုသောက်လေလေ ငြီးငွေ့လေလေ ဖြစ်လာပြီး သောက်လက်စ ဖျော်ရည်တစ်ဝက်ကို အခန်းထောင့်ရှိ မီတာ၂၀ အကွာအဝေး အတိအကျရှိ အမှိုက်ပုံးထဲသို့ ပစ်ထည့်လိုက်သည်။ ၎င်းမှာ မိုးကြိုးအကျဉ်းထောင်၏ အန္တိမ အစောင့်အရှောက်အတွက် ဖျော်ဖြေရေးများထဲမှ တစ်ခု ဖြစ်လေသည်။

မိုးကြိုးအကျဉ်းထောင်သည် ရိုးရိုးထောင်မဟုတ်ဘဲ မြို့တွင်းရှိ အနောက်တောင်ဘက်ထောင့်တွင် တည်ရှိသော သူတော်စင်အဆင့် အစွမ်းထက် ပုဂ္ဂိုလ်များကို အထူး ချုပ်နှောင်ထားရန် တည်ဆောက်ထားသော ထောင်ဖြစ်၏။ ၎င်းကို လက်ရွေးစင် ဗိုလ်ခြေများသာမက နဂါးစစ်သည်တော် ဗိုလ်ခြေကလည်း စောင့်ကြပ်ကြသည်။ မှော်စက်ဝိုင်းကလည်း ဖောက်ထွင်း၍ မရနိုင်ဟု ပြောကြလေသည်။

အကျဉ်းချခံရသူ အများစုက သူတော်စင် အဆင့် အစွမ်းထက် ပုဂ္ဂိုလ်များ ဖြစ်သော်လည်း လုံးဝနီးပါး ဘေးကင်းလုံခြုံသောကြောင့် အစောင့်များ အတွက် အမှန်တကယ် လွယ်ကူသောအလုပ် ဖြစ်သည်။ သို့သော် သက်တမ်းရှည်ကြာပြီး လွတ်လပ်မှုကို နှစ်သက်သော နဂါးများအတွက် ၎င်းမှာ လုံးဝစိတ်ပျက်စရာ အလုပ်တစ်ခုပင်။

သူတို့ အကြိုက်ဆုံး နဂါးသစ်သီးဝိုင်ကို တစ်နေ့လုံး သောက်မရပေ။ သူတို့ အကြိုက်ဆုံး သလင်းကျောက် ဒင်္ဂါးပုံထဲ၌ ပိုက်ဆံရေချိုးခြင်း ပြုလုပ်၍ မရပေ။ မိန်းမလှများ အဝတ်လဲသည်ကိုလည်း ခိုးကြည့်၍ မရပေ။ နဂါးကိုယ်ခန္ဓာ အဖြစ် ပြောင်းလဲပြီး ကောင်းကင်တွင် သက်သောင့်သက်သာ တောင်ပံဖြန့်၍ပင် မရပေ။ ကန့်သတ်ချက်များ များပြား လွန်းလှသည်။

လက်ရှိ ကံမကောင်းသည့် နေ့များနှင့် နှိုင်းယှဉ်ပါက နဂါးတောင်ကြားရှိ ပျော်ရွှင်သောဘဝသည် နဂါးနတ်ဘုရားနှင့် တူသော ပျော်ရွှင်မှုပင် ဖြစ်လေသည်။ စိတ်ပျက်စရာမှာ နောက်ထပ် နဂါးတစ်ကောင် လာရောက်တာဝန်ယူရန် ၃လ လိုသေးရာ မိနစ်တိုင်းက နှိပ်စက်မှုတစ်ခု ဖြစ်နေခြင်းပင်။

ရုတ်တရက် ဒီမာယာရို တုန်လှုပ်သွားသည်။ သူ ထိုင်ရာမှ ရုတ်တရက် ထရပ်လိုက်သည်။ အကြောင်းမှာ သူနှင့် နဂါးထွင်းစာကြားရှိ ဆက်သွယ်မှုများ အားလုံး ချက်ချင်း ပြတ်တောက်သွားသည်ကို သေသေချာချာ ခံစားမိ သောကြောင့် ဖြစ်သည်။ အန္တိမ အစောင့်အရှောက်သည် မိုကြိုးအကျဉ်းထောင် ဗဟိုချက်ရှိ နဂါးထွင်းစာများနှင့် ချိတ်ဆက်ထားသော အထူး ‘ဝိညာဉ်ရောင်ပြန်ဟပ်ခြင်း’ တစ်ခု ရှိသည်။ သူသည် ထွင်းစာအခင်းအကျင်းတွင် ပေါ်ပေါက်လာနိုင်သော မူမမှန်သည့် အရာအားလုံးကို ခံစားနိုင်၏။ ဗဟိုချက်နေရာရှိ နဂါးထွင်းစာစွမ်းအားက အလွန်အင်း အင်အားကြီးလှသည်။ အထူး အစွမ်းထက် ပုဂ္ဂိုလ်သည်ပင် တိတ်တဆိတ် မဖျက်ဆီးနိုင်ပေ။ ယခုတွင် ချိတ်ဆက်မှုများအားလုံး အမှန်တကယ် ပြတ်တောက် သွားခဲ့သည်။ ဆိုလိုသည်မှာ နဂါးထွင်းစာ အခင်းအကျင်းက ချိုးဖောက်ခံရလိုက်ရခြင်းပင်။

မျက်စိတစ်မှိတ်အတွင်း အရာအားလုံးကို တိတ်တဆိတ် ချိုးဖောက်လိုက်တာလား။ ဒါက အင်အားသုံးပြီး လုပ်လို့ရတဲ့ ကိစ္စ မဟုတ်ဘူး။ ဒီလူက နဂါးထွင်းစာ ပညာရပ်မှာ အတော်လေး နက်ရှိုင်းတဲ့ အဆင့်ကို ရောက်နေတာ ဖြစ်ရမယ်။ နဂါးတောင်ကြားရဲ့ မဟာအကြီးအကဲ မာရီယာတောင် ဒီအဆင့်ကို ရောက်နိုင်မယ် မထင်ဘူး။

ဒါနဲ့ အပြင်မှာ ‌တော်တော် တိတ်ဆိတ်နေတဲ့ ပုံပဲ။ ဒီလိုတိတ်ဆိတ်နေတာက အကာအကွယ်တွေအားလုံးလည်း ...။ ဒီမာယာရို ချွေးအေးများ စို့သွားခဲ့သည်။

“အိုး။ နဂါးထွင်းစာ ပျောက်သွားတာကို မင်း သတိထားမိ တယ်ပေါ့။ ဝိညာဉ်ရောင်ပြန်ဟပ်တာကို သုံးခဲ့တာလား။” နောက်မှ ထူးဆန်းသော အသံတစ်ခု ထွက်ပေါ်လာရာ ဒီမာယာရို၏ ဆံပင်များ ထောင်လာပြီး တစ်ကိုယ်တစ်ခုလုံး မီးတောက်များ လောင်ကျွမ်းသွားတော့၏။ ချစ်ချစ်တောက် အနီရောင်အလင်းက ခန်းမတစ်ခုလုံးကို လင်းထိန်သွား စေသည်။ ချက်ချင်းပင် သူက အင်အားအပြည့်ဖြင့် ထိုးနှက်လိုက်၏။

မီးတောက်က ချက်ချင်း စုစည်းသွားပြီး အန္တရာယ်မဲ့သော မီးလျှံကဲ့သို့ပင် လက်ချောင်းထိပ်တွင် ရွေ့လျားနေသည့် လက်သီးအရွယ်အစား မီးလုံးငယ်လေးအဖြစ် ပြောင်းလဲ သွားသည်။ လက်ချောင်းတစ်ချောင်းဖြင့် အသာလေးတို့ လိုက်သည်နှင့် မည်သည်မှ မရှိတော့ပေ။

ဒီမာယာရို၏ နှလုံးသား ရုတ်တရက် နစ်မွန်းသွားသည်။ သူက နဂါးလူငယ်မျိုးဆက်၏ အကောင်းဆုံးများထဲမှ တစ်ဦးဖြစ်ပြီး တိုင်းပြည်အဆင့်ထဲသို့ ရောက်ရှိတော့မည် ဖြစ်သည်။ သို့သော် သူ့ရှေ့မှ ရန်သူပြသခဲ့သော စွမ်းအားက တိုင်းပြည်အဆင့်ထက် များစွာကျော်လွန်နေသည်။ သူ လုံးဝ ယှဉ်ပြိုင်နိုင်ခြင်းမရှိပေ။

“ကောင်လေး။ စိတ်မပူပါနဲ့။ မင်းကို နာကျင်အောင် မလုပ်ပါဘူး။” ထိုလူက နှာခေါင်းတစ်ခုတည်း ဖော်ထားတဲ့ မျက်နှာဖုံးတစ်ခုကို ဝတ်ထားသည်ဖြစ်ရာ မျက်နှာကို ရှင်းရှင်းလင်းလင်း မမြင်ရပေ။ “ပြီးတော့ ငါ အပြင်မှာ ဘယ်သူ့ကိုမှ မသတ်ခဲ့ဘူး။ ဒီနေရာက လှုပ်ရှားမှုတွေကို သူတို့ မသိအောင်လို့ အနီးအနားက နဂါးထွင်းစာကို ပုံရိပ်ယောင် အစီအရင်အဖြစ် ပြောင်းလိုက်တာပဲ။”

“ခွင့်လွှတ်ပါ။ အကြီးအကဲရဲ့ နာမည်ကို သိပါရစေ။” ဒီမာယာရိုက စမ်းသပ်သဘောဖြင့် မေးလိုက်၏။ နဂါးများသာ ထိုနဂါးထွင်းစာမျိုးကို ဖန်တီးနိုင်ပြီး ထိုသူသည် အကြီးအကဲ အဆင့် အစွမ်းထက်ပုဂ္ဂိုလ်တစ်ယောက် ဖြစ်လောက်သည်။

အကြီးအကဲအများစုသည် အကြီးအကဲ ကောင်စီကဲ့သို့ တစ်ခုခု မရှိလျှင် ပုံမှန်အားဖြင့် တံခါးပိတ် လေ့ကျင့်မှုများ ပြုလုပ်ကြသည်။ နဂါးတောင်ကြားရှိ ဧရာမနဂါးသည်ပင် အကြီးအကဲ အားလုံးကို မမြင်ဖူးကြပေ။ အထူးသဖြင့် ငယ်ရွယ်သော မျိုးဆက်များပင်။

“ဟဲ..ဟဲ။ အများကြီး မမေးနဲ့။ ကောင်လေး။ ငါ့ကို ပီလင်မိသားစုက အန်ဒါလူလေး တာဝန်ပေးလို့ ဆမ်မြူရယ်လို့ ခေါ်တဲ့ နဂါးစီးနင်းသူတစ်ယောက်ကို လာတွေ့တာ။ စကား နည်းနည်းလောက် ပြောမလို့။”

ထိုမျက်နှာဖုံးစွပ်ထားသောလူက ချန်လွေ့ပင် ဖြစ်သည်။ ဒီမာယာရိုက သူ့အသက်ထက် အနည်းဆုံး ထောင်နဲ့ချီပြီး ကြီးပေသည်။ ‘ကောင်လေး’ ဟူသော နာမည်က အမှန်တကယ် လှည့်စားနေခြင်း ဖြစ်သည်။ သို့သော် ဒီမာယာရိုက သံသယမရှိဘဲ ရုတ်တရက် တစ်ခုခုကို သဘောပေါက်သွားပုံရသည်။ “အန်ဒါလူလေး ဖြစ်နေတာကိုး။ ဒါကြောင့်လား... အာ။ အကြီးအကဲ မပြောချင်ရင်လည်း ကျုပ် ထပ်ပြီးတော့ မမေးတော့ပါဘူး။”

ချန်လွေ့က မိုကြိုးအကျဉ်းထောင်သို့ ခရီးစဉ်အတွက် ဖိုက်သွန်အား အလွယ်တကူ ဆွဲဆောင်ခဲ့သည်။ အမှန်တကယ်၌ ဖိုက်သွန်သည် အကြောင်းပြချက်များကို လုံးဝဂရုမစိုက်ပေ။ သူက အာရုံခံများကို ပိတ်ထားသည့် ဆောင်းခိုအခြေအနေသို့ ဝင်ရောက်ရန်သာ ရွေးချယ်ခဲ့သည်။ မည်သို့ပင် ဆိုစေကာမူ သူတို့သည် လက်အောက်ခံ-သခင် စာချုပ် ချုပ်ဆို ထားကြသည်။ နှစ်ဦးနှစ်ဖက်ကြား အင်အားကွာခြားချက်ကို ကြည့်လျှင်လျှင် သူသည် စာချုပ်ကို မဖျက်သိမ်းသရွေ့ ချန်လွေ့က သူကို သစ္စာဖောက်၍ မရနိုင်။ ၎င်းမှာ ဖိုက်သွန် စိတ်ချရန် အရေးအပါဆုံး အကြောင်းရင်းပင် ဖြစ်လေသည်။

အမှန်တကယ်၌ ဖိုက်သွန်၏ အမြင်အရ နတ်ဘုရားများနှင့် နီးစပ်သော အထူးအစွမ်းထက် ပုဂ္ဂိုလ်များ၏ သာမန် စွမ်းအားနှင့် နှိုင်းယှဉ်လျှင် သာမန်လူများက မသက်ဆိုင်သော ပုရွက်ဆိတ်လေးများသာ ဖြစ်ပေသည်။ စွမ်းအားမှလွဲ၍ ကျန်သောအရာ မည်သည်ကိုမှ စိတ်ထဲထားရန် မလိုပေ။ မကျေနပ်မှုများ၊ အသေးအဖွဲများက ရယ်စရာမျှသာ ဖြစ်၏။ ထိုအရာက နတ်ဘုရားတစ်ပိုင်း အဆင့်ရှိ အထူး အစွမ်းထက် ပုဂ္ဂိုလ်များ၏ ပုံမှန် စိတ်နေသဘောထား ဖြစ်လေသည်။

“နဂါးနီ ကောင်လေး။ မင်းနာမည် ဘယ်လိုခေါ်လဲ။”

တစ်ဖက်လူက မိမိကို နဂါးနီမှန်း ချက်ချင်း သိသွားသည်ကို ကြားလိုက်သောအခါ ဒီမာယာရိုက သံသယ မရှိတော့ပေ။ “ဒီမာယာရိုက အကြီးအကဲကို နှုတ်ဆက် ပါတယ်။”

“ဒီမာယာရို၊ ဒါဆို အန်ဒါလူလေး ခဏခဏ ပြောနေတဲ့ နဂါးစီးနင်းသူဆီ ငါ့ကို ခေါ်သွားပေး။”

“အကြီးအကဲ။ ဒီဘက်ကို ကြွပါ။” ဒီမာယာရိုက ချက်ချင်းပင် ချန်လွေ့ကို လမ်းပြကာ ခေါ်သွားလိုက်သည်။

ဒီမာယာရို၏ ဌာနက မိုကြိုးအကျဉ်းထောင်၏ နောက်ဆုံး အဆင့်ဖြစ်ပြီး မှော်စက်ဝိုင်းဖြင့် ကာကွယ်ထားသော လှောင်အိမ်နယ်မြေဖြစ်ပြီး အစောင့်အရှောက်များ မရှိကြပေ။

မိုးကြိုးအကျဉ်းထောင်က အမှန်တကယ်၌ ကြီးမားသော အကျဉ်းချ မှော်ကွန်ချာတစ်ခု ဖြစ်သည်။ အကျဉ်းထောင် တစ်ခုစီသည် ခွဲခြားထားသော မှော်စက်ဝိုင်းတစ်ခု ဖြစ်ပြီး တစ်ခုနှင့်တစ်ခု ချိတ်ဆက်နေသည်။ ပုံမှန် အစွမ်းထက် ပုဂ္ဂိုလ်တစ်ဦးက ထိုနေရာတွင် အကျဉ်းချခံရသည်နှင့် လွတ်မြောက်ရန် ခက်ခဲပေလိမ့်မည်။

ထောင်အတွင်း၌ မိုးကြိုးများ ဝိုင်းရံထားသော အစီအရင် တစ်ခု ရှိပြီး အတွင်းရှိ အရာများကို မမြင်နိုင်ပေ။ ၎င်းနှင့် မရင်းနှီးသူများသည် အကျဉ်းသားများကို မည်သည့် နေရာတွင် ထားရှိသည်ကို မသိကြပေ။

ဒီမာယာရိုက ချန်လွေ့ကို အစီအရင် တစ်ခုထဲသို့ ခေါ်ဆောင်သွားသည်။ ၎င်းမှာ လှောင်အိမ်တစ်ခု ဖြစ်သည်။

“အကြီးအကဲ။ ဒီနေရာပါ။ ခုနက အစီအရင်က အတွင်းက ပုံရိပ်တွေ၊အသံတွေ အားလုံးကို ပိတ်ဆို့ထားနိုင်တာကြောင့် အကြီးအကဲ စိတ်ချလက်ချ မေးခွန်းတွေ မေးလို့ရပါတယ်။”

ချန်လွေ့က လှောင်အိမ်ထဲတွင် ဆမ်မြူရယ်ကို တွေ့လိုက်၏။ သူသည် လူသေတစ်ယောက် ကဲ့သို့ပင် မြေပေါ်တွင် လဲလျောင်းနေ၏။

ဆမ်မြူရယ်၏ ခန္ဓာကိုယ်တွင် ထိတ်လန့်ဖွယ်ရာ အမာရွတ် များစွာရှိနေသည်။ သူသည် အခွံလွတ်တစ်ခုကဲ့သို့ ဖြစ်နေပြီး ခွန်အားများ ဆုံးရှုံးနေပုံရသည်။ အနည်းငယ် ပွင့်နေသော မျက်လုံးများနှင့် ဖျော့တော့တော့ အသက်ရှူသံသာ မရှိခဲ့လျှင် သူသွားပြီဟု ထင်မိမည် ဖြစ်သည်။

ချန်လွေ့ မျက်မှောင်ကြုတ်လိုက်၏။ “သူ့ဒဏ်ရာက... ဘာဖြစ်တာလဲ။”

ဒီမာယာရိုက အလျင်အမြန် ရှင်းပြသည်။ “အကြီးအကဲ။ အထင်မလွဲပါနဲ့။ ကျုပ်က နဂါးစီးနင်းသူကို တိုက်ခိုက်ခဲ့တာ မဟုတ်ပါဘူး။ သူ့ကို တပ်မှူး ဖာဂရစ် ဖမ်းလာတုန်းက ဒဏ်ရာအပြင်းအထန် ရခဲ့ပြီးသော ဒုတိယမင်းသား ဂါဖီးလ်က သူ့လက်ခြေတွေကို ရိုက်ချိုးဖို့ ရွှေစစ်သည်တော် ထရင်နစ်ကို‌ စေလွှတ်ခဲ့တာပါ..”

ချန်လွေ့၏ မျက်လုံးများတွင် ဒေါသနှင့် အေးစက်သော အလင်းရောင်များ လင်းလက်သွား၏။ “တံခါးဖွင့်လိုက်။”

ဒီမာယာရိုက သတ်ဖြတ်ချင်စိတ်ကို ခံစားလိုက်ရပြီး တုန်လှုပ်သွားခဲ့သည်။ သူသည် မှော်‌သော့ကို အမြန်ထုတ်ကာ လှောင်အိမ်တံခါးကို ဖွင့်ပြီး ခေါင်းညိတ် လိုက်သည်။ “အကြီးအကဲ။ လွတ်လပ်စွာ နေပါ။ ကျုပ် အပြင်ထွက်ပြီး အခန်းကို စောင့်ရှောက်ထားပါ့မယ်။ ဘယ်သူ့ကိုမှ ဝင်ခွင့်မပြုပါဘူး။”

နဂါးနီက ဉာဏ်ကောင်းပေသည်။ ဆမ်မြူရယ်၏ ပြင်းထန်သော ဒဏ်ရာကြောင့် အကြီးအကဲ မပျော်ကြောင်း သူသိသည့်အတွက် ချက်ချင်း ထွက်သွားရန် ရွေးချယ်ခဲ့သည်။ အကြီးအကဲက ထောင်မှ လွတ်မြောက်လိုသည်ဖြစ်စေ၊ အခြား တစ်မျိုးမျိုး ဖြစ်စေ၊ သူ၏ စွမ်းအားဖြင့် တားဆီးနိုင်မည် မဟုတ်သောကြောင့် ကူညီပေးခြင်းက ပိုကောင်းသည်။

ဒီမာယာရို ထွက်သွားပြီးနောက် ချန်လွေ့က လှောင်အိမ် ထဲသို့ အလျင်အမြန် ဝင်သွားလိုက်သည်။ ထိတ်လန့်ဖွယ်ရာ ဒဏ်ရာများကို ကြည့်ရင်း သူ့မျက်လုံးများမှ လူသတ်လိုစိတ် ပို၍ ပို၍ ပြင်းထန်လာခဲ့သည်။ သူသည် ဆမ်မြူရယ်၏ ကျိုးနေသော အရိုးကို ချက်ချင်း ပြင်ဆင်ပေးပြီး အနာကျက်ရန် ဆေးရည်များနှင့် ဆေးများကို ထုတ်ကာ အတွင်းရော အပြင်ပါ လိမ်းပေးလိုက်၏။ [သရုပ်ခွဲမျက်လုံး] ၏ အကူအညီဖြင့် အရိုးများ ပြင်ဆင်နေစဉ် ဆမ်မြူရယ်သည် နာကျင်မှုကြောင့် ချွေးအေးများ ထွက်လာသော်လည်း အံကြိတ်ကာ တိတ်ဆိတ်စွာ နေခဲ့သည်။

ဆေးရည် အာနိသင်ကြောင့် ဆမ်မြူရယ်၏ မျက်နှာက နောက်ဆုံးတွင် ပို၍ သွေးရောင်များ ပေါ်လာသော်လည်း အတွင်းဒဏ်ရာနှင့် အသက်ဓာတ် ချက်ချင်း မကောင်းနိုင်ပေ။ သူက တိုးတိုးလေး ပြောလိုက်၏။ “အကြီးအကဲ။ ကျေးဇူးတင်ပါတယ်။”

ဆမ်မြူရယ်က ဒီမာယာရို ခုနက ပြောနေသည်ကို ကြားခဲ့ပြီး နဂါးတောင်ကြား၏ အကြီးအကဲတစ်ဦးအဖြစ် မှတ်ယူထားခဲ့ပုံရသည်။

ချန်လွေ့သည် မိစ္ဆာမျက်ဆံ နှင့် [အထူးစိစစ်မှု]ဖြင့် စစ်ဆေးကြည့်ရာ ဖိုက်သွန်က ဆောင်းခိုနေကြောင်း တွေ့ရှိခဲ့သည်။ ဘေးကင်းလုံခြုံရေးအတွက် သူက အမှတ်အသားကို မိစ္ဆာမျက်ဆံ စွမ်းအားဖြင့် ဂရုတစိုက် ပတ်ထားလိုက်၏။ ထို့နောက် သူက ပြောလိုက်သည်။ “မင်းနဲ့ ခမ့်လော့မိသားစုက ဒီလို အခြေအနေမျိုးကို ဘယ်လိုလုပ် ရောက်သွားတာလဲ။”

ဆမ်မြူရယ်သည် ရင်းနှီးသော အသံကြောင့် တုန်လှုပ်သွား၏။ သူ၏မျက်လုံးများတွင် မယုံကြည်နိုင်သော အမူအရာတစ်ခုရှိနေသည်။ “အရှင်...”

“ငါပါ ဆမ်မြူရယ်။” ချန်လွေ့က မျက်နှာဖုံးကို ချွတ်ပြီး ‘အာသာ’၏ တကယ့်မျက်နှာကို ဖော်ပြလိုက်၏။

“အရှင်မင်းသား။ အရှင်မင်းသာ တကယ် ရောက်လာတာကိုး။” ဆမ်မြူရယ် အလွန်စိတ်လှုပ်ရှားကာ ထရပ်ရန် ရုန်းကန်လိုက်သော်လည်း ချန်လွေ့က သူ့ကို တားမြစ်လိုက်သည်။

“မင်းရဲ့ ဒဏ်ရာက အတော်လေး ပြင်းတယ်။ လှဲပြီး နားနေ။ ဒါက ငါ့ အမိန့်ပဲ။”

ဆမ်မြူရယ်က ခပ်မဲ့မဲ့ ပြုံးလိုက်၏။ “ကျုပ် အမြဲတမ်း အရှင်မင်းသားရဲ့ ခြေရာကို လိုက်ချင်ခဲ့တာပါ၊ ဒါပေမဲ့ အရှင်မင်းသားက အရေးကြီးဆုံး အချိန်တိုင်း ကျုပ်ဆီကို ရောက်လာခဲ့တယ်။”

“ဘာတွေဖြစ်ခဲ့တာလဲဆိုတာ အရင်ပြောဦး။”

“ကျုပ်ရဲ့ ဖခင် ကာလိုကနေ စခဲ့တာပါ။” ဆမ်မြူရယ်က ရှက်ရွံ့စွာ သက်ပြင်းချလိုက်သည်။ “ကျုပ်က တတိယ မင်းသား ဂါဖီးလ်ရဲ့ ဖိနှိပ်ခြင်းနဲ့ နှိပ်စက်ခြင်းကို ခံခဲ့ရပြီးတော့ အရှင်မင်းသားက အရှင့်ရဲ့ သတင်းကို မဖော်ထုတ်ဖို့ အမိန့်ပေးခဲ့တယ်။ တောင်းပန်ပါတယ်...။ ဒါပေမဲ့ အဖေက နောက်ဆုံးတော့ မခံနိုင်တော့ဘဲနဲ့... စတုတ္ထမင်းသား လုခ်ဆီက ငါးစာကို ဟပ်ခဲ့တယ်။”

“မင်းနဲ့ မင်းအဖေ တောင်းပန်စရာမလိုပါဘူး။ မိသားစုကို ထောက်ပံ့ဖို့ဆိုတာက အပြင်ကလူတွေ ထင်ထားတာထက် အများကြီး ပိုခက်ခဲတယ်။ ပြီးတော့ ဒီလောက်နှစ်တွေ အကြာကြီးရှိနေပြီ...” ချန်လွေ့က ခေါင်းခါလိုက်ပြီး “ဒါဆို ပေါင်းပြီးစွပ်စွဲတာတာ ဂါဖီးလ်ရဲ့ အကြံအစည်လား။”

“ဟုတ်ပါတယ်။ ကျုပ်ရဲ့အဖေက မိသားစုတစ်ခုလုံးကို ထောက်ပံ့ဖို့ အစွမ်းကုန် ကြိုးစားခဲ့ပြီး ဘဏ္ဍာရေး အတွင်းရေးမှူးအဖြစ် နှစ်ပေါင်းများစွာ လုပ်ခဲ့တာ။ လုံးဝ ‘သန့်ရှင်း’တယ်လို့တော့ ပြောလို့မရပေမဲ့ ကုန်သည်ကြီးများ အသင်း ပြောခဲ့သလို ဆိုးဆိုးဝါးဝါးတော့ မဟုတ်ပါဘူး။ တကယ်တော့ အဲဒီ အသိုင်းအဝိုင်းမှာ သန့်ရှင်းတဲ့သူဆိုတာ မရှိပါဘူး။ တစ်နည်းအားဖြင့် ပြောရရင် သန့်ရှင်းတဲ့သူတွေက အဲဒီ အသိုင်းအဝိုင်းထဲကို လုံးဝဝင်လို့မရဘူး။ ဒါက ဂါဖီးလ်ရဲ့ လှည့်ကွက်ပါ။ ဒါပေမဲ့ ဒီတစ်ခါ ကျုပ်အဖေက တကယ်ကို အရေးကြီးတဲ့ ခြေလှမ်းအမှားတစ်ခုကို လှမ်းလိုက်မိတယ်။ အရင်တုန်းကဆိုရင် ကုန်စည်ပြပွဲအတွင်းမှာ ဆိုရင်တောင် အရှင်မင်းကြီး လက်ဇ်က ဒီလိုမျိုး ပြင်းထန်တဲ့ တုံ့ပြန်မှု ရှိမှာ မဟုတ်ဘူး။ ပြီးတော့ အရှင်မင်းကြီးရဲ့ ဉာဏ်ပညာနဲ့ဆိုရင် တစ်ခုခု မသင်္ကာစရာ ဖြစ်နေတာကို သတိမထားမိဘူးဆိုတာ မဖြစ်နိုင်ဘူး။ ဒီဆုံးဖြတ်ချက်ချရတဲ့ အကြောင်းရင်းကတော့ အဖေက စတုတ္ထမင်းသားလုခ်ကို ထောက်ခံဖို့ ရွေးချယ် ခဲ့တာကို အတော်လေး မကျေနပ်လို့ပဲ။ အဲဒါကြောင့် သူက ဒီအခွင့်အရေးကို ယူခဲ့တာ...”

ချန်လွေ့ ခေါင်းညိတ်လိုက်၏။ နဂါးဧကရာဇ် ပါဂရစ်ဇ်က ထိုကိစ္စမှာ တော်ဝင်မိသားစု၏ အတွင်းရေးပဋိပက္ခနှင့် ဆက်စပ်နေကြောင်း အရင်ကတည်းက သိရှိခဲ့ပြီး လက်ဇ် နှင့် ဆက်သွယ်ထားလောက်သည်။ ဂါဖီးလ်က ခမ့်လော့ မိသားစုကို နှစ်ပေါင်းများစွာ ဖိနှိပ်ခဲ့သည်။ လက်ဇ်သည် ထိုအချက်ကို သေချာ သိရှိပြီး ပုံမှန်အားဖြင့် လျစ်လျူရှုမည် သို့မဟုတ် ကိစ္စများကို လျှော့ပေါ့ပေးမည် ဖြစ်သည်။ ယခုတစ်ခေါက် ကာလိုအပေါ် ရက်ရက်စက်စက် ပြုမူခြင်းက အခြေအနေကို အခွင့်ကောင်းယူခြင်းသာ ဖြစ်ပေ၏။

လက်ဇ်၏ မူလ အခင်းအကျင်းအရ ခမ့်လော့မိသားစုသည် မင်းသားများနှင့် အခြေအနေတစ်ခုလုံးကြားတွင် ‘ချိန်ညှိ’ ပေးနိုင်မည့် အလွန်ကောင်းမွန်သော အနေအထားတွင် ရှိနေသင့်သည်။ ယခုအခါ ကာလိုသည် မိသားစု ဒုက္ခကို ပြောင်းပြန်လှန်ရန် စတုတ္ထမင်းသား လုခ်ဘက်သို့ လှည့်သွားခဲ့ရာ ထိုဟန်ချက်ကို ဖျက်ဆီးလိုက်ခြင်းနှင့် ညီမျှသည်။ ထို့ကြောင့် မဟာလက်ဇ်က ခမ့်လော့ မိသားစုကို အပြင်းအထန် ထိခိုက်စေပြီး ၎င်းမှာ နာကျင်စရာ သတိပေးချက် တစ်ခုလည်း ဖြစ်ပေသည်။

ချန်လွေ့သည် နတ်ဆိုးဘုံတွင် လေ့ကျင့်ခဲ့သည် ဖြစ်ရာ နိုင်ငံရေးအသိဉာဏ် အလွန်နက်ရှိုင်းသော ဝါရင့်တစ်ဦး ဖြစ်နေပြီဖြစ်သည်။ အားလုံးက ငါထင်ထားတဲ့ အတိုင်းဆိုရင် ကာလိုနဲ့ ခမ့်လော့မိသားစုက “အန္တရာယ်”ကျရောက်နေတာ မဟုတ်လောက်ဘူး။ မုန်တိုင်းပြီးရင် နောက်ပိုင်းမှာ ပြန်ပြီး အသုံးချခံရနိုင်မယ့် အခွင့်အရေး ရှိတယ်။ တကယ်လို့ ကာလိုက ခေါင်းမာပြီးတော့ ခမ့်လော့မိသားစုက အရင်ကလို “ချိန်ညှိပေးတဲ့” နေရာမှာ မနေနိုင်ရင်တော့ မဟာလက်ဇ်က ခမ့်လော့မိသားစုကို စွန့်ပစ်လိုက်မှာပဲ။

“မင်း ဂါဖီးလ် ကို လုပ်ကြံဖို့ ကြိုးစားခဲ့တယ်။ တကယ် ဘာတွေ ဖြစ်ခဲ့တာလဲ။”

“ကျုပ်ရဲ့ ပန်းတိုင်က နဂိုက တော်ဝင်နန်းတော်ပဲ။ အဲဒါက ဂါဖီးလ်ရဲ့ ဆိုးရွားတဲ့ အကြံအစည်လည်း ဖြစ်နေတယ်။ သူက ကျုပ်ကို အဲဒီနေရာ ဆွဲဆောင်ဖို့ ထောင်ချောက်ဆင်ထားပြီး အဖေ့ကို ကယ်ဖို့အတွက် မဟာလက်ဇ်ကို ကျုပ် ခြိမ်းခြောက်ဖို့ ဒါမှမဟုတ် လုပ်ကြံဖို့ ကြိုးစားနေတယ်ဆိုတဲ့ ပုံရိပ်ယောင်ကို ဖန်တီးခဲ့တာပါ။ နောက်တော့ ကျုပ် သိသွားပြီး အချိန်မီ ဆုတ်ခွာနိုင်ခဲ့တယ်။”

ချန်လွေ့သည် ‘ရေနယ်နိမိတ်’မှ လင်းချုံသည် မတော်တဆ ကျားဖြူခန်းမထဲသို့ မှားဝင်မိခဲ့သော ဇာတ်လမ်းကို သတိရလိုက်၏။ ၎င်းမှ, ဂါဖီးလ်၏ လှည့်ကွက်နှင့် အတူတူပင် ဖြစ်သည်။ ကံကောင်း ထောက်မစွာပင် ဆမ်မြူရယ်က လင်းချုံ မဟုတ်ခဲ့ပေ။ ဒါပေမဲ့ ဂါဖီးလ်ကို လုပ်ကြံတဲ့ကိစ္စက ဘာဖြစ်သွားတာလဲ။

“ကျုပ်က ရှီအွန်နန်းတော်ရဲ့ ဥယျာဉ်ဆီကို ဂရုတစိုက် ပြန်ဆုတ်ခွာလာတုန်းမှာပဲ အဲဒီ လူယုတ်မာ ဂါဖီးလ်က အရှင်မ ဗာရိုနီကာကို အတင်းအကျပ် နှောင့်ယှက်ဖို့ ကြိုးစားနေတာ မြင်လိုက်ရတယ်။”

ချန်လွေ့၏ ဝိညာဉ်က ‘ဗာရိုနီကာ’ ဟူသော နာမည်ကို ကြားလိုက်သောအခါ ရုတ်တရက် တုန်လှုပ်သွား၏။ သူ့စိတ်ထဲတွင် ဝမ်းနည်းမှုနှင့် နူးညံ့မှု ရောနှောနေသော နက်ရှိုင်းလှပသည့် မျက်လုံးတစ်စုံ ပေါ်လာလေသည်။

ဂါဖီးလ်က အတင်းအကျပ် နှောင့်ယှက်ချင်တာလား။

ချန်လွေ့၏ ဝိညာဉ်ထဲတွင် ရှင်းပြမရသော ဒေါသတစ်ခု ပေါ်လာပြီး ဂါဖီးလ်ကို အပိုင်းပိုင်း ခွဲပစ်ချင်စိတ် ပေါ်လာသည်။

“စိတ်မပူပါနဲ့ အရှင်မင်းသား။ ကျုပ် ဂါဖီးလ်ကို ချက်ချင်း တားဆီးလိုက်ပါတယ်။ အရှင်မ ဗာရိုနီကာလည်း မထိခိုက် ခဲ့ပါဘူး။ ကျုပ် ဒုတိယမင်းသားကို ရိုက်နှက်ခဲ့ရုံတင်မက... သူ့ဗိုက်ထဲကို [အရုဏ်ဦးကွယ်ပျောက်] နဲ့ တိတ်တဆိတ် ဝင်ရောက် တိုက်ခိုက်ခဲ့သေးတယ်။ အနာကျက်သွားရင်တောင် ယောက်ျား တစ်ယောက်အနေနဲ့ သူ့ရဲ့ သိက္ခာကို ပြန်ရဖို့ ခက်ခဲပါလိမ့်မယ်။ ဒုတိယမင်းသားက အခုချိန်ထိ ဒါကို သတိမထား မိသေးဘူးလို့ ထင်ပါတယ်။ မဟုတ်ရင် ကျုပ်ရဲ့ ခြေလက်တွေကို ချိုးခိုင်းရုံလောက်ပဲ ဖြစ်မှာ မဟုတ်ဘူး။

ဆမ်မြူရယ်က ဂုဏ်ယူနေပုံရပြီး သူ့ရဲ့ ပြင်းထန်တဲ့ ဒဏ်ရာကို ဂရုမစိုက်ပုံ မရပေ။ ထိုအစား ဗာရိုနီကာ ဘေးကင်းလုံခြုံရေးနှင့် ဂါဖီးလ်ကို ပရိယာယ်သုံးနိုင်ခဲ့သည့် အတွက် ထိုက်တန်သည်ဟု ခံစားနေရသည်။

ချန်လွေ့သည် အသက်ပြင်းပြင်း ရှူကာ စိတ်ငြိမ်အောင် ထားလိုက်ပြီး ဆမ်မြူရယ်က မည်သည်ကြောင့် ဂါဖီးလ် ကို ‘လုပ်ကြံ’ခဲ့ကြောင်း ရုတ်တရက် နားလည်လိုက်သည်။

ထိုကဲ့သို့ သစ္စာရှိမှုကြောင့် ချန်လွေ့က ငိုရမည်လား၊ ရယ်ရမည်လား၊ သက်ပြင်းချရမည်လား မသိတော့ပေ။

All Chapters