အစ်မမော့ ထွက်ခွာသွားခြင်း
Vol. 8 Ch. 106
ရှင်းရှန့်က ရိုးသားစွာ လေးစားအားကျစွာ ပြောသည်၊ "သခင်လေးက တကယ်ကို အံ့ဩဖို့ကောင်းတာပဲ၊ နဝမအဆင့်နယ်ပယ်မှာတင် ဒီလောက်အစွမ်းထက်တဲ့အစီအရင်တစ်ခုကို ထုတ်ဖော်နိုင်ခဲ့တယ်ပေါ့။"
တကယ်တော့ ငါလည်း အားအကုန်သုံးလိုက်ရတာပဲ။ တစ်ချက်က အကန့်အသတ်ပဲ။ ချင်ဖုန်း ခက်ခက်ခဲခဲထရပ်လိုက်သည်၊ "ဒါက ဒီလိုပါပဲ။ အဲ့ဒီလှုပ်ရှားမှုရဲ့အစွမ်းအစကို နတ်သိုင်းသုံးတဲ့သိုင်းသမားတစ်ယောက်နဲ့ နှိုင်းယှဉ်ကြည့်ရင် ဘယ်အဆင့်လောက်ရှိမယ်ထင်လဲ။"
ရှင်းရှန့် တစ်ခဏစဉ်းစားပြီး ပြန်ဖြေသည်၊ "ကျွန်တော့်ရဲ့ ခုနကအာရုံခံမှုသာမှန်ခဲ့ရင် အဲ့ဒီရိုက်ချက်က သိုင်းသဘောတရားဒုတိယအလွှာနဲ့ သတ္တမအဆင့်သိုင်းသမားတစ်ယောက်ရဲ့ အားအကုန်ထုတ်သုံးထားတဲ့တိုက်ခိုက်မှုနဲ့ ညီမျှသင့်တယ်။"
ဒီလောက်ကြီးမားတဲ့အစွမ်း ဟုတ်လား။
ချင်ဖုန်း၏နှလုံးသားထဲတွင် စိတ်လှုပ်ရှားမှုတစ်ခု ခံစားလိုက်ရပြီး အတော်အတန်ကျေနပ်သွားသည်။ အနည်းဆုံးတော့ ဤလှုပ်ရှားမှုနှင့်အတူ သူတန်ပြန်တိုက်ခိုက်နိုင်စွမ်းတစ်ခုခုတော့ ရှိနေပြီ။
သို့သော် သူတစ်ကြိမ်သာအသုံးပြုနိုင်ပြီး ထို့နောက်ထွက်ပြေးရမည်ဖြစ်သောကြောင့် နောင်တရစရာပင်။
ထို့အပြင် အစွမ်းမထုတ်ဖော်မီ ပြင်ဆင်ချိန်အလွန်ကြာရှည်ခြင်းဆိုသည့် အားနည်းချက်ကိုလည်း လက်ရှိတွင် ထိထိရောက်ရောက်မဖြေရှင်းနိုင်သေးပေ။
"အင်းလေ၊ ခရီးလမ်းက ရှည်လျားပြီး ခက်ခဲလှပါဘိ၊" ချင်ဖုန်း သက်ပြင်းချလိုက်သည်။
ညအချိန်ဖြစ်သောကြောင့် မှိန်ဖျော့သောအလင်းရောင်က ချင်ဖုန်း၏ခြေထောက်အောက်မှအစီအရင်ကို မီးသွေးခေါင်းအား မမြင်တွေ့စေခဲ့ပေ။ ထို့ကြောင့် သူမေးသည်၊ "ခုနက ခြံဝင်းတစ်ခုလုံးကို အစီအရင်အဖြစ်ပြောင်းလဲနေခဲ့တာလား။"
မီးသွေးခေါင်း၏ပင်ကိုယ်အယူအဆတွင် အစီအရင်များတည်ဆောက်ခြင်းမှာ ကြီးမားသောဧရိယာလိုအပ်သည်။
ချင်ဖုန်း ခေါင်းခါလိုက်ပြီး သူ့ကိုအနီးသို့လာရန် အချက်ပြလိုက်သည်။ "ဒါက မိုးကြိုးဖြူအစီအရင်ပဲ။"
မီးသွေးခေါင်းသည် ဆယ်လက်မခန့်သာရှိသော စက်ဝိုင်းပုံအစီအရင်ကို အလွန်အံ့ဩတကြီးကြည့်လိုက်သည်။ "ကျွန်တော်မူလက အစီအရင်တစ်ခုရဲ့အရွယ်အစားကို အနည်းဆုံးပေနဲ့တိုင်းတာသင့်တယ်လို့ ထင်ခဲ့တာ။ ခုနကအဲ့ဒီလှုပ်ရှားမှုရဲ့အစွမ်းအစက ဒီလောက်သေးငယ်တဲ့အစီအရင်တစ်ခုပဲ လိုအပ်လိမ့်မယ်လို့ မမျှော်လင့်ထားခဲ့ဘူး။"
ချင်ဖုန်း ခေါင်းညိတ်လိုက်သည်၊ "မိုးကြိုးဖြူက စာပေချီနဲ့အသက်သွင်းရတာ၊ အစီအရင်ရဲ့အရွယ်အစားနဲ့မသက်ဆိုင်ဘူး။ အဓိကက စာပေချီဘယ်လောက်ထည့်သွင်းနိုင်သလဲဆိုတာပဲ။"
ဤစကားများထွက်ပေါ်လာသည်နှင့် ချင်ဖုန်း၏စိတ်ထဲတွင် ဉာဏ်အလင်းတစ်ချက် လက်ခနဲဖြစ်သွားသည်။
ဘေးကကြည့်သူက ပိုမြင်တယ်၊ မီးသွေးခေါင်း၏မေးခွန်းက သူ့ကိုသတိပေးလိုက်သည်။
မိုးကြိုးဖြူအစီအရင်မှာ အရွယ်အစားလိုအပ်ချက်မရှိသောကြောင့် သူအစီအရင်ကို လက်တွင်ဆောင်နိုင်သောတစ်ခုခုပေါ်တွင် ကြိုတင်ပုံဖော်ရေးဆွဲထားနိုင်သည်။ ဤသို့ဆိုလျှင် သူအစွမ်းမထုတ်ဖော်မီ ပြင်ဆင်ချိန် လှုပ်ရှားမှုများ မလိုအပ်တော့ပေ။
"ငါသဘောပေါက်သွားပြီ။"
"ဘာကိုသဘောပေါက်သွားတာလဲ။" ရှင်းရှန့် ရှုပ်ထွေးသွားသည်။
ချင်ဖုန်း ပြန်မဖြေဘဲ ချင်းအာ၏အခန်းဆီသို့ စိတ်အားထက်သန်စွာ ပြေးထွက်သွားသည်။
ထိုနေရာတွင်ပင် ရှင်းရှန့်မှာ ကြောင်တောင်တောင်ဖြင့် ကျန်ရစ်ခဲ့သည်။
နောက်တစ်နေ့ မိုးမလင်းမီမှာပင် ပုံမှန်အားဖြင့်နံနက်စောစောလေ့ကျင့်တတ်သော ချင်အန်းပင် ခြံဝင်းထဲသို့မလာသေးပေ။
သို့သော် ချင်ဖုန်းမှာမူ နေရာယူထားနှင့်ပြီဖြစ်သည်။
တစ်ညတာအနားယူပြီးနောက် သူ၏ခန္ဓာကိုယ်ထဲမှစာပေချီများ ပြန်လည်ပြည့်ဝလာသောကြောင့် မနေ့ညကသူ့စိတ်ထဲပေါ်လာခဲ့သောစိတ်ကူးကို စမ်းသပ်ကြည့်လိုသည်။
ချင်ဖုန်း ချင်းအာချုပ်ပေးထားသောလက်အိတ်များကို ထုတ်ယူပြီး ဖြည်းညှင်းစွာဝတ်ဆင်လိုက်သည်။
လက်အိတ်များ၏အတွင်းပိုင်းတွင် စုတ်တံဖြင့်ရေးဆွဲထားသော ရှုပ်ထွေးသည့်စက်ဝိုင်းပုံစံများရှိနေပြီး ၎င်းမှာ မိုးကြိုးဖြူအစီအရင်အတိအကျပင်။
Fullmetal Alchemist မှ နိုင်ငံတော်ဓာတ်ခွဲပညာရှင် ရွိုင်းမက်စတန်(Japan Anime ဇာတ်လမ်း) သူ၏လက်အိတ်များပေါ်တွင် ဓာတ်ပြောင်းအစီအရင်တစ်ခုထွင်းထုပြီး မီးလျှံဓာတ်ခွဲပညာ၏အံ့ဩဖွယ်စွမ်းအားကို ထုတ်လွှင့်နိုင်ခဲ့လျှင် ချင်ဖုန်းလည်း ထိုနည်းတူစွာလုပ်ဆောင်နိုင်သည်။
ထို့ကြောင့် ချင်ဖုန်းမှာ သဘာဝအတိုင်းပင် ထိုပုံစံအတိုင်းလိုက်နာနိုင်ပြီး လက်အိတ်များပေါ်တွင်အစီအရင်ကိုပုံဖော်ကာ မိုးကြိုးဖြူကိုထုတ်လွှင့်နိုင်သည်။
"ပြောရမယ်ဆိုရင် ချင်းအာ၊ ဒီကောင်မလေးရဲ့လက်ရာက တကယ်ကောင်းတာပဲ။ လက်အိတ်တွေဝတ်ထားရတာ တော်တော်ချောမွေ့တယ်၊" ချင်ဖုန်း သက်ပြင်းချလိုက်ပြီးနောက် သူ၏မျက်နှာ တည်ကြည်သွားသည်။
သူအသက်ပြင်းပြင်းရှူလိုက်ပြီး လက်အိတ်များပေါ်မှအစီအရင်ထဲသို့ စာပေချီကို စတင်စီးဝင်စေလိုက်သည်။
နောက်ဆက်တွဲအခြေအနေမှာ မနေ့ညကအတိုင်းပင်။ စာပေချီများ အစီအရင်ထဲသို့ဆက်တိုက်ဆွဲငင်ခံနေရပြီး တောက်ပသောမျက်စိကျိန်းလောက်သည့်အဖြူရောင်အလင်းတစ်ခု အစီအရင်မှထုတ်လွှင့်နေသည်။
အခုဖြစ်နေပြီ။
ချင်ဖုန်း၏မျက်လုံးများ ရုတ်တရက်ကျယ်ပြန့်သွားပြီး သူ၏လက်ဖဝါးကိုဖြန့်ကာ သူ၏ညာဘက်လက်ညှိုးကို သူတိုက်ခိုက်လိုသောဦးတည်ရာသို့ ညွှန်ပြလိုက်သည်။
မိုးကြိုးဖြူသည် အဖြူရောင်မျဉ်းကြောင်းတစ်ခုအဖြစ်သို့ပြောင်းလဲသွားပြီး ကောင်းကင်ဘက်သို့ ထိုးတက်သွားသည်။
အဖြူရောင်အလင်း လက်ခနဲဖြစ်သွားပြီး ချက်ချင်းပင်ပျောက်ကွယ်သွားသည်။
အောင်မြင်သွားပြီ။
ချင်ဖုန်း၏ခန္ဓာကိုယ်ထဲမှစာပေချီများ နောက်တစ်ကြိမ်ကုန်ဆုံးသွားပြီး သူမြေပြင်ပေါ်တွင်ထိုင်ချလိုက်ရာ သူ၏မျက်နှာမှာ စိတ်လှုပ်ရှားမှုနှင့်ဝမ်းမြောက်မှုတို့ဖြင့် ပြည့်နှက်နေသည်။
အကယ်၍မိုးကြိုးဖြူလှုပ်ရှားမှုကို ကောင်းမွန်စွာအသုံးပြုနိုင်မည်ဆိုလျှင် ရန်သူများနှင့်ကြုံတွေ့သည့်အခါ သူတို့ကိုသေချာပေါက် အငိုက်ဖမ်းတိုက်ခိုက်နိုင်မည်ဖြစ်သည်။
"ငါက သူများနောက်ကွယ်မှာပဲ ပုန်းအောင်းနိုင်တဲ့ အသုံးမကျတဲ့ကောင် မဟုတ်တော့ဘူး။" ချင်ဖုန်း လက်သီးဆုပ်လိုက်သည်။
ခဏအကြာတွင် သူထပ်ပြောသည်၊ "ဖြစ်နိုင်လောက်ပါတယ်။"
မိုးလင်းပြီးနောက် ချင်ဖုန်း စိတ်အလွန်ကြည်လင်နေသဖြင့် ဆန်ပြုတ်သုံးပန်းကန်သောက်သုံးပြီးနောက် လန်နင်ရွှမ်နှင့်အတူ မြူခိုးနက်တောရှိရာဘက်သို့ ဦးတည်ထွက်ခွာခဲ့သည်။
အစ်မမော့ကို ရက်ပေါင်းများစွာမတွေ့ရသောကြောင့် သူ သူမကိုအလွန်သတိရနေသည်။ ဟုတ်ပါတယ်၊ သူ၏စစ်မှန်သောရည်ရွယ်ချက်မှာ နောက်ထပ်အသက်ကယ်ပင်ကိုယ်အစစ်အမှန်အနှစ်သာရတစ်ခု တောင်းခံရန်ဖြစ်သည်။
လမ်းခရီးတွင် လန်နင်ရွှမ် စိုးရိမ်စွာမေးသည်၊ "သခင်လေး၊ မနေ့ညက ချင်အိမ်တော်မှာ မိုးကြိုးဖြူပေါ်လာခဲ့တယ်။ သခင်လေးဘက်မှာ တစ်ခုခုများဖြစ်ခဲ့သေးလား။"
အစ်မလန်က ငါမိုးကြိုးဖြူကိုအသုံးပြုခဲ့တာကို မသိဘူးကိုး။ ချင်ဖုန်း မျက်ခုံးပင့်လိုက်ပြီး ခေါင်းခါကာပြောသည်၊ "မနေ့ညက ငါလည်းအဲ့ဒီမိုးကြိုးဖြူကိုတွေ့ခဲ့တယ်။ တကယ်ကိုအံ့ဩဖို့ကောင်းတယ်။ အဲ့ဒီအချိန်တုန်းက မီးသွေးခေါင်း ငါနဲ့အတူရှိနေခဲ့ပြီး ကြောက်လန့်တကြားနဲ့မြေပြင်ပေါ်မှာထိုင်ချကာ မိုးကြိုးဖြူကိုသာမန်လူတွေလုပ်ဆောင်နိုင်မှာမဟုတ်ဘူး၊ နတ်ဘုရားအတတ်ပညာတစ်ခုဖြစ်ရမယ်လို့ အာမေဋိတ်ပြုနေခဲ့တာ။"
"ကျွန်မလည်း ဒီလိုအတတ်ပညာမျိုးကိုလုပ်ဆောင်နိုင်တဲ့သူက သေချာပေါက်သာမန်လူတစ်ယောက်မဟုတ်ဘူးလို့ ထင်ပါတယ်။ ကံမကောင်းစွာနဲ့ပဲ ကျွန်မကိုယ်တိုင်မျက်မြင်မတွေ့ခဲ့ရဘူး။"
လန်နင်ရွှမ် မီးသွေးခေါင်းဘယ်သူလဲဆိုတာကို သဘာဝအတိုင်းသိရှိပြီး သူမ၏မျက်နှာအမူအရာ ထူးဆန်းနေလျက်ပြောသည်၊
"အစ်ကိုရှင်းက သရဲနဲ့မိစ္ဆာတစ်အုပ်လုံးနဲ့ရင်ဆိုင်ရရင်တောင် မျက်နှာအမူအရာမပြောင်းဘဲ ရှေ့တိုးတိုက်ခိုက်နိုင်တဲ့သူပါ။ သူဘယ်လိုလုပ် သာမန်မိုးကြိုးလောက်နဲ့ ကြောက်လန့်နေမှာလဲ။ လျှို့ဝှက်စွာအတတ်ပညာတွေသုံးရဲတဲ့သူနဲ့ပတ်သက်လို့တော့ သူကအရေးမပါတဲ့လူတစ်ယောက်ဖြစ်ရမယ်၊ ပြောပလောက်အောင်မဟုတ်တဲ့သူပေါ့။ နောက်တစ်ခေါက်အခွင့်အရေးသာရှိခဲ့ရင် ကျွန်မအဲ့ဒီလူကို သေချာပေါက်ဖမ်းမိမှာပါ။ သခင်လေး စိတ်ချပါ။"
"ငါစိတ်မချနိုင်ဘူး။ မင်းတကယ်ပဲငါ့ကိုဖမ်းမိခဲ့ရင် အနေရခက်သွားလိမ့်မယ်။"
ချင်ဖုန်း ချောင်းဟန့်လိုက်ပြီး အချိန်မီအကြောင်းအရာပြောင်းလိုက်သည်။
မြူခိုးနက်တောအနီးတွင် မမျှော်လင့်ထားသောမြင်ကွင်းတစ်ခု ဖြစ်ပေါ်လာသည်။ လူများအရင်ကကြောက်ရွံ့စွာပြောဆိုလေ့ရှိသော ကြောက်မက်ဖွယ်အန္တရာယ်ရှိသည့်နေရာမှ တစ်စုံတစ်ယောက် တောင်တန်းများထဲမှထွက်လျှောက်လာနေသည်။
ဘာဖြစ်နေတာလဲ။
သားရဲငယ်လေးတွေရဲ့ဗိုက်ဆာသံတွေက နောက်ထပ်မကြောက်စရာကောင်းတော့လို့လား၊ ဒါမှမဟုတ် အစ်မမော့ရဲ့အမည်းရောင်မြူခိုးတွေက ကောင်းကောင်းအလုပ်မလုပ်တော့လို့လား။
ချင်ဖုန်းကို ပို၍ပင်အံ့ဩစေသောအရာမှာ ကြီးမားမြင့်မားသောမြွေခေါင်းချောက် ပျောက်ကွယ်သွားခြင်းပင်။
အစ်မမော့ လူ့ပုံစံနောက်တစ်ခါပြောင်းသွားတာလား။
သိလိုစိတ်ဖြင့် ချင်ဖုန်း ကိုယ်လုံးကိုယ်ထည်တောင့်တင်းသောလူငယ်တစ်ဦးကိုတားဆီးကာ အခြေအနေကိုမေးမြန်းစုံစမ်းလိုက်ရာ သူ၏မျက်နှာအမူအရာ ပြောင်းလဲသွားသည်။
အဖြစ်မှန်မှာ လွန်ခဲ့သောသုံးရက်က မြူခိုးနက်တောထဲမှမြွေခေါင်းချောက် ပျောက်ကွယ်သွားပြီး ထိုနှင့်အတူ မြေကြီးတုန်ခါလောက်သောသားရဲဟိန်းသံများလည်း ပျောက်ကွယ်သွားခဲ့သည်။
ထိုမျှသာမက တောင်တန်းများနှင့်တောအုပ်များကိုဖုံးလွှမ်းထားသော အမည်းရောင်မြူခိုးမှာလည်း ညတိုင်းမပျံ့နှံ့တော့ပေ။
လူအများအပြားက တောအုပ်ထဲမှအင်အားကြီးမားသောမိစ္ဆာတစ်ကောင် အခြားနေရာသို့ထွက်ခွာသွားပြီဟု ခန့်မှန်းနေကြသည်။
သားရဲကောင်များအမဲလိုက်၍အသက်မွေးဝမ်းကျောင်းပြုသော သာမန်ပြည်သူများသည် တောအုပ်အစွန်အဖျားများကို သတိကြီးစွာစူးစမ်းရှာဖွေခဲ့ကြသော်လည်း မည်သည့်အန္တရာယ်မျှမကြုံတွေ့ခဲ့ကြပေ။ နောက်ဆုံးတွင် သူတို့သတ္တိမွေးကာ တောအုပ်ထဲသို့ဝင်ရောက်ခဲ့ကြသည်။
ထို့ကြောင့် လက်ရှိမြင်ကွင်း ပေါ်ထွက်လာခြင်းဖြစ်သည်။
ထိုလူကိုကျေးဇူးတင်ပြီးနောက် ချင်ဖုန်း အတွေးထဲနစ်မြုပ်သွားသည်။
အကယ်၍အဖြူရောင်သတ္တဝါငယ်လေး မြူခိုးနက်တောထဲတွင် ရှိနေသေးမည်ဆိုလျှင် အစ်မမော့ ဤလူများကိုတောအုပ်ထဲသို့ ဘယ်တော့မှဝင်ခွင့်ပြုမည်မဟုတ်ပေ။
အစ်မမော့နဲ့သားရဲငယ်လေး တကယ်ပဲထွက်ခွာသွားကြပြီလား။
မဖြစ်သင့်ဘူး။
"အစ်မမော့ အဲ့ဒီတုန်းကပြောခဲ့တာက သူနဲ့အကောင်ငယ်လေး ဒီမှာနေတာက နောက်ဆုံးပုဂ္ဂိုလ်ရဲ့အမေရဲ့ညွှန်ကြားချက်ကြောင့်တဲ့။ ပြီးတော့ ဒီမှာသူမရဲ့ကျင့်ကြံမှုကိုအရှိန်မြှင့်ပေးနိုင်တဲ့ ဖျော့တော့တဲ့ဩဇာစက်ကွင်းတစ်ခုရှိတယ်၊ အဲ့ဒါကအကောင်ငယ်လေးအတွက်လည်း အကျိုးရှိတယ်။ တစ်နည်းအားဖြင့်ပြောရရင် အတင်းအကျပ်မလုပ်မချင်း အစ်မမော့နဲ့သားရဲငယ်လေးက ဒီရတနာမြေကို ဘယ်တော့မှစွန့်ခွာမှာမဟုတ်ဘူး။ တစ်ခုခုမမျှော်လင့်တာများ ဖြစ်သွားတာလား။"
ချင်ဖုန်း အနည်းငယ်စိုးရိမ်လာသည်။ အစ်မမော့ မြွေမိစ္ဆာတစ်ကောင်ဖြစ်သော်လည်း သူမ၏နှလုံးသားမှာ မဆိုးရွားပေ။ အကြိမ်ပေါင်းများစွာတွေ့ဆုံပြီးနောက် သူသူမကိုသူငယ်ချင်းတစ်ယောက်အဖြစ် သတ်မှတ်ထားသည်။
ပြီးတော့ အဲ့ဒီချစ်စရာကောင်းတဲ့သတ္တဝါငယ်လေး၊ သူ့ကိုလည်း သူအလွန်နှစ်သက်သည်။
ချင်ဖုန်း သူတို့ဘာမှမဖြစ်ရန် ရိုးသားစွာမျှော်လင့်နေသည်။
"လွန်ခဲ့တဲ့သုံးရက်တုန်းက ငါချီယွမ်မြို့မှာရှိနေခဲ့တာ။ အစ်မမော့ထွက်ခွာသွားတာက ချီယွမ်မြို့ကဒုက္ခနဲ့များဆိုင်နေမလား။ မဟုတ်ဘူး၊ မဖြစ်သင့်ဘူး။ မြို့ကိုကျူးကျော်မှုက အစောပိုင်းကဖြစ်ခဲ့တာ။ သူမတကယ်ပဲအဲ့ဒါကြောင့်ထွက်ပြေးချင်ခဲ့ရင် ကျင့်ယန်မြို့မှာမြေငလျင်လှုပ်တာကို ခံစားမိတဲ့အချိန်ကတည်းက ဖြစ်သင့်တယ်။ သူမအကောင်ငယ်လေးနဲ့အတူ ထွက်ခွာသွားသင့်တယ်။"
ချင်ဖုန်း ဆက်လက်ခန့်မှန်းနေသော်လည်း သဲလွန်စတစ်ခုမျှရှာမတွေ့နိုင်ဘဲ သူ၏မျက်ခုံးများ တွန့်ချိုးနေသည်။
ဤသည်ကိုမြင်လျှင် ဘေးမှလန်နင်ရွှမ်က စိုးရိမ်တကြီးမေးသည်၊ "သခင်လေး၊ ခင်ဗျားအဆင်ပြေရဲ့လား။"
ချင်ဖုန်း ခေါင်းခါလိုက်သည်၊ "ပြန်ကြစို့။"
အစ်မမော့မရှိဘဲ မြူခိုးနက်တောထဲသို့ဝင်ရန် မလိုအပ်တော့ပေ။
နှစ်ဦးသားထွက်ခွာမည်အပြုတွင် ချင်ဖုန်း ချောက်ကမ်းပါး၏ရှင်းလင်းစွာပျောက်ဆုံးနေသောအပိုင်းကို နောက်တစ်ကြိမ်လှည့်ကြည့်လိုက်သည်။
သူ၏နှလုံးသားထဲတွင် အစ်မမော့နှင့်အကောင်ငယ်လေး ဘေးကင်းလုံခြုံပါစေဟု သူဆုတောင်းနေမိသည်။