← Chapters

အဆုံးသတ်ခြင်

Vol. 017 Ch. 1687

အဆုံးသတ်ခြင်

Vol. 017 Ch. 1687

ယနေ့ ရီဖူရှင်း ခေါ်လာသော အင်အားသည် ကောင်းကင်အာဏာစက်ပြည်ထောင်ထက် အပြတ်အသတ် သာလွန်ပေသည်။ မည်သို့ဆိုစေ အင်အားစုသုံးခုပေါင်းထားခြင်း မဟုတ်ပါလား။

ပုံမှန်အားဖြင့် သူသည် ရွှေရောင်နတ်ပြည်ထောင်ကို ထည့်မတွက်ခဲ့ပေ။ ရွှေရောင်နတ်ပြည်ထောင်သည် အထက်ကောင်းကင်ဘုံ၌ တည်ရှိခြင်းဖြစ်သည်။ သူတို့က ကောင်းကင်အာဏာစက်ဘုံ၌ ရှိနေမည်ဟု သူက ထင်မည်နည်း။

ရွှေရောင်နတ်ပြည်ထောင်မှ လူများရှိနေမည်ဟု ကောင်းကင်အာဏာစက်ပြည်ထောင်အရှင်သည်ပင် မထင်ထားပေ။ ရွှေရောင်နတ်ပြည်ထောင်သည်လည်း အနာဂတ်ကို တွက်ဆနိုင်စွမ်းမရှိပေ။

ဖြစ်နိုင်ဖွယ်ကား တစ်ခုတည်းသာရှိသည်။ ရွှေရောင်နတ်ပြည်ထောင်သည် ကောင်းကင်အာဏာစက်ပြည်ထောင်တွင် အခွင့်အရေးကို စောင့်နေခြင်းဖြစ်သည်။ ဤနည်းဖြင့် ရီဖူရှင်းတို့ လာရောက်တိုက်ခိုက်သည်နှင့် တိုက်ဆိုင်သွားခြင်းဖြစ်ရပေမည်။

ရွှေရောင်နတ်ပြည်ထောင်သာ ရီဖူရှင်းတို့ လာရောက်တိုက်ခိုက်မည်ကို ကြိုသိလျှင် ပိုမိုများပြားသောလူများဖြင့် စောင့်နေပေလိမ့်မည်။

မှန်သည်၊ ရီဖူရှင်းက ထိပ်သီးအင်အားစုလေးခုကို စည်းရုံးနိုင်မည်ဟု မည်သူမှ မထင်ထားခဲ့။ ထိုအင်အားစုသည် မည်သည့်အင်အားစုကိုမဆို ဖျက်ဆီးနိုင်စွမ်းရှိနေသည်။

ထိပ်သီးတန်ခိုးရှင်သုံးဦးသည် သူ့အား သတ်ရန် ကောင်းကင်အာဏာစက်ဘုံ၌ အခွင့်အရေးကို ချောင်းနေခဲ့ကြ၏။

သိသာစွာပင် ဤက ရွှေရောင်နတ်ပြည်ထောင်အရှင်၏ညွန်ကြားမှု ဖြစ်ရပေမည်။

သူ၏မျိုးဆက်နှစ်ဦး ရီဖူရှင်းလက်ထဲတွင် အသတ်ခံရပြီးနောက်တွင် သူသည် နတ္တိတော်ဝင်နန်းတော်၏ကြားဝင်ဖြန်ဖြေမှုဖြင့်ပင် လက်မလျှော့လိုပေ။ ထို့ကြောင့် သူက ရီဖူရှင်းကို သတ်ဖြတ်ရန် သူ့လူအချို့အား ကောင်းကင်အာဏာစက်ပြည်ထောင်သို့ စေလွှတ်ထားခဲ့သည်။

အခြေအနေကား ရီဖူရှင်းခန့်မှန်းထားခဲ့သည့်အတိုင်းဖြစ်၏။ နတ်ဘုရားအကြွင်းအကျန်နယ်မြေပဋိပက္ခတွင် နတ္တိတော်ဝင်နန်းတော်၏စကားများကြောင့် ထိပ်သီးအင်အားစုများသည် ရီဖူရှင်းကို လွတ်လွတ်လပ်လပ် မတိုက်ခိုက်နိုင်ခဲ့ကြ။

မည်သို့ဆိုစေ နတ္တိတော်ဝင်နန်းတော်သည် အရှင်ဒွန်ဟောင်၏အုပ်ချုပ်မှုအောက်တွင်ရှိသည်ကို လူတိုင်းသိကြပေသည်။

ရွှေရောင်နတ်ပြည်ထောင်သည်လည်း ထင်တိုင်း မကျဲရဲပေ။ နတ္တိတော်ဝင်နန်းတော်က သတိပေးမှု ပြုလုပ်ထား၏။ သူက ထိုအချက်ကို ဂရုပြုရန် လိုပေသည်။ သို့သော်လည်း သူ့သားများ၏သေဆုံးခြင်းကို မည်သို့ ခွင့်လွှတ်ကြေအေးပေးနိုင်မည်နည်း။

ရွှေရောင်နတ်ပြည်ထောင်အရှင်သည် မည်သို့သောသူဖြစ်သနည်း။ စကားအချို့မျှဖြင့် သူက ရီဖူရှင်းကို မည်သို့ လွှတ်ပေးရမည်နည်း။

သူ့သားများ အလဟသ သေဆုံးသွားရမည်လား။

ထို့ကြောင့် သူ့လူများကို ကောင်းကင်အာဏာစက်ပြည်ထောင်သို့ စေလွှတ်ထား၏။ ရီဖူရှင်းနှင့် ကောင်းကင်အာဏာစက်ပြည်ထောင်တို့အကြား မီးသည် တစ်နေ့နေ့တွင် ထတောက်ပေမည်။ အချိန်ကျလာသောအခါ သူတို့က ရီဖူရှင်းကို အပြတ်ရှင်းရန် ကြံစည်ကြပေမည်။

ဤနည်းဖြင့် ရီဖူရှင်း၏သေဆုံးခြင်းသည် ရွှေရောင်နတ်ပြည်ထောင်နှင့် သက်ဆိုင်တော့မည်မဟုတ်ပေ။

ယနေ့တွင် ရီဖူရှင်း လာရောက်တိုက်ခိုက်ခဲ့သည်။ ရီဖူရှင်းက ကောင်းကင်အာဏာစက်ပြည်ထောင်ကို လာရောက်တိုက်ခိုက်လျှင် ခုခံသူ ရှိရပေမည်။ ရီဖူရှင်းကို သည်နေရာတွင် သတ်ဖြတ်လိုက်သည်နှင့် အနာဂတ်ပြဿနာများမှာလည်း စိတ်ပူစရာမလိုတော့။

သို့သော်လည်း ရီဖူရှင်း ရောက်လာသောအခါ ထိုအင်အားစုသည် ကြောက်မက်ဖွယ်ကောင်းအောင် အင်အားကြီးမားလွန်းသည်။ ထိပ်သီးတန်ခိုးရှင်သုံးဦးသည်ပင် အနည်းငယ်မျှ အခွင့်အရေးမရှိခဲ့။ သူတို့သည် သိုသိပ်လျှို့ဝှက်စွာ နေခဲ့ကြသည်။ ရိထျန်းယွီသေဆုံးသွားချိန်တွင်ပင် သူတို့ ထွက်မလာခဲ့။ တစ်ဘက်လူက အမှုမဲ့အမှတ်မဲ့ဖြစ်နေချိန်ကို ချောင်းနေခဲ့ကြ၏။

ရီဖူရှင်းကို သတ်ဖြတ်လိုက်သည်နှင့် မဟာမိတ်အင်အားစုလည်း ပြိုလဲသွားပေလိမ့်မည်။ ထိုသို့ဖြစ်သွားလျှင် ကောင်းကင်အာဏာစက်ဘုံမှ မည်သူမှ သူတို့ကို တားဆီးရဲတော့မည် မဟုတ်ပေ။

ရွှေရောင်နတ်ပြည်ထောင်သည် မည်မျှ အင်အားကြီးမားသနည်း။ အထက်ကောင်းကင်ဘုံတွင် ရွှေရောင်နတ်ပြည်ထောင်သည် နတ်နန်းတော်ပြီးလျှင် အင်အားအကြီးဆုံးဖြစ်သည်။ နတ်နန်းတော်သည် ပြင်ပလောကမှ ကိစ္စရပ်များကို ဝင်မပါတော့ရာ ရွှေရောင်နတ်ပြည်ထောင်သည် အင်အားအကြီးဆုံးဖြစ်လာသည်။ ထိုအချက်ကို ကိုက်ရှီက နတ်နန်းတော်အပြင်ဘက်၌ ရီဖူရှင်းကို အတင့်ရဲစွာ တိုက်ခိုက်ခဲ့ခြင်းဖြင့် သိသာစေနိုင်သည်။

ရွှေရောင်နတ်ပြည်ထောင်၌ အရှင်ဒွန်ဟောင်၏အမိန့်တော်ဖြင့် စစ်သူကြီးတာဝန်ထမ်းခဲ့သူများ ရှိပေသည်။ ယခုထိ ရွှေရောင်နတ်ပြည်ထောင်ကို အန္တရာယ်ပေးနိုင်သော အင်အားစုမရှိပေ။

ကောင်းကင်အာဏာစက်ပြည်ထောင်သည် သူ့ဘုံကို အုပ်စိုးစဉ်ကပင် ရွှေရောင်နတ်ပြည်ထောင်သည် သူတို့အား ဖိနှိပ်နိုင်သည်ဟု ဆိုကြသည်။

စိတ်မကောင်းစရာကား သူတို့၏ချက်ကောင်းကို စောင့်ကာ ရိုက်ချသည့်အကွက်မှာ မအောင်မြင်ခဲ့ခြင်းပင်။ အာကာသရတနာတစ်ခုက ရီဖူရှင်း၏အသက်ကို ကယ်တင်သွားခဲ့သည်။

အကယ်၍ သူ့ခန္ဓာကိုယ်ပေါ်တွင် ချပ်ဝတ်ရတနာကိုသာ ဝတ်ဆင်ထားပါက ထိုချပ်ဝတ်သည် မည်မျှ ကောင်းမွန်ပါစေ ရီဖူရှင်းအနေဖြင့် သေဘေးမှ လွတ်မည်မဟုတ်ပေ။ လမ်းစဉ်၏စွမ်းအားသည် ချပ်ဝတ်ကို ဖောက်ထွင်းကာ သတ်ဖြတ်နိုင်ပေသည်။ မည်မျှ ထက်မြက်သော ဝိညာဉ်လက်နက်ဖြစ်ပါစေ၊ ထိပ်သီးရန်ဟောင်တစ်ပါးကို ကာကွယ်ရန် မဖြစ်နိုင်ပေ။

သို့သော်လည်း ရီဖူရှင်း၏လေဟာနယ်ရတနာခန်းမသည် ထိုတိုက်ခိုက်မှုကို ကောင်းမွန်စွာ တားဆီးနိုင်ခဲ့၏။

သို့တိုင်အောင် ရီဖူရှင်းသည် ဒဏ်ရာအနည်းအကျဉ်းတော့ ရရှိခဲ့သေး၏။

“နဝမအဆင့်နတ်ဝင်ရိုးနဲ့ အဌမအဆင့်နတ်ဝင်ရိုးနှစ်ယောက်...”

ရီဖူရှင်းက တစ်ဘက်လူများကို ကြည့်လိုက်သည်။ ဤသို့သော အင်အားကား အမှန်တကယ် ဂရုမပြု၍ မရပေ။

ဘုန်း...

ရုတ်တရက် ကောင်းကင်နှင့်မြေပြင်သည် အလွန်လေးလံသွားခဲ့ကာ တန်ခိုးရှင်များသည် လှုပ်ရှားရန် ခက်ခဲလာကြသည်။ ထည်ဝါကြီးမြတ်သော နတ်ဆင်ကြီးသည် ကောင်းကင်ထက်မှ နင်းခြေလာ၏။ ပြင်းထန်သော အရှိန်အဝါသည် တစ်လောကလုံးကို ဖိနှိပ်ထားဟန်ရသည်။ သူက ကောင်းကင်ထက်ကိုတက်ကာ နဝမအဆင့်နတ်ဝင်ရိုးပိုင်ရှင်ကို နင်းလိုက်သည်။

ယခုအချိန်တွင် သူသည် နန်းတော်အပြင်နှင့်အတွင်းကို ဖိနှိပ်ခြင်းအား ဂရုမစိုက်နိုင်တော့။ နဝမအဆင့်နတ်ဝင်ရိုးသည် ကြီးမားသော အန္တရာယ်ဖြစ်ရာ သူ့အနေဖြင့် အမြန်လှုပ်ရှားရန် လိုပေသည်။

“သွား...” သူက ပြတ်သားစွာ အမိန့်ပေးသည်။

ထိုစကားက မိစ္ဆာကလန်များနှင့် နတ်ဘုရားဂိတ်မှ တန်ခိုးရှင်များကို ဘေးလွတ်ရာသို့ ဖယ်ခိုင်းခြင်းဖြစ်သည်။

သူ့အနေဖြင့် မည်သည့်စကားမှ ထပ်ပြောစရာမလိုတော့။ ကြောက်မက်ဖွယ်ရာ လေလှိုင်းတစ်ခု ရိုက်ခတ်သွားကာ သူတို့အနေဖြင့် တစ်ခါတည်း အဝေးကို လွင့်စင်သွားကြတော့သည်။

ရီဖူရှင်းသည် လေဟာနယ်ရတနာခန်းမထဲတွင်ဖြစ်ကာ ပြင်းထန်သော မုန်တိုင်းကြောင့် သူသည်လည်း အဝေးကို လွင့်သွားရသည်။

နတ်ဆင်အင်ပါယာက မတိုက်ခိုက်ခင် လူတိုင်းကို အဝေးသို့ ဖယ်ထုတ်လိုက်ခြင်းဖြစ်သည်။ မဟုတ်လျှင် သူ၏ခြေတစ်လှမ်းက ထိုနေရာတွင်ရှိနေသောလူတိုင်းအား သေစေနိုင်ပေသည်။

နန်းတော်ဝင်းကြီးထဲတွင် ဧရာမနတ်ဆင်ခြေရာကြီးကျဆင်းလာသည်တွင် တစ်လောကလုံး ပြိုဆင်းလာသည်နှင့် ဆင်တူလွန်းလှသည်။ အဆုံးမဲ့သော မုန်တိုင်းများ ဖြစ်ပေါ်လာကာ ရှိရှိသမျှသော အဆောက်အဦများမှာ အမှုန်အမွှားများအဖြစ်သို့ ပြောင်းလဲပျောက်ကွယ်ကြရ၏။

တခဏချင်းတွင် နန်းတော်ကြီး၏ခမ်းနားထည်ဝါမှုမှာ တစ်ဝက်ခန့် အပျက်အစီးပုံအဖြစ်သို့ ပြောင်းလဲသွား၏။

အဝေးတစ်နေရာတွင် ကောင်းကင်အာဏာစက်ပြည်ထောင်နန်းတော်မှ တိုက်ပွဲကို ကြည့်နေသူများအားလုံး တုန်လှုပ်နေကြသည်။ ဤနေ့ ဤရက် ရောက်လာမည်ဟု သူတို့ လုံးဝ မထင်ထားခဲ့ကြ။

တစ်စုံတစ်ယောက်သည် ပြည်ထောင်ကို ဖျက်ဆီးလို၏။

ရွှေရောင်နတ်ပြည်ထောင်၏နတ်စစ်သူကြီးသည် နတ်ဘုရားတစ်ပါးအလား အသွင်ပြောင်းသွားသည်။ သူ့ခန္ဓာကိုယ်သည် ရောင်စုံရောင်ဝါများ တောက်ပလာ၏။

ရီဖူရှင်းသည် ထိုသေသွင်းသေကွက်၌ မသေဆုံးခဲ့ခြင်းမှာ အလွန်ကံကောင်းလှသည်ဟု လူတိုင်းက တွေးမိကြသည်။

ရီဖူရှင်းသည်ပင် တိတ်တခိုး သက်ပြင်းချရသည်။ ကံကောင်းစွာ သူသည် နတ်ဘုရားအကြွင်းအကျန်နယ်မြေ၌ ရတနာများစွာ ရရှိခဲ့ပြီး သက်စောင့်လက်နက်အချို့ကို လေ့လာထားခဲ့သည်။ မဟုတ်လျှင် နမဝအဆင့်ရန်ဟောင်ကို ရင်ဆိုင်ရာ၌ သေလမ်းမှလွဲ၍ တခြားမရှိပေ။

မည်သို့ဆိုစေ၊ ထိုမျှ အဆင့်မြင့်မားသော ရန်ဟောင်တစ်ပါး ကောင်းကင်အာဏာစက်ပြည်ထောင်အတွင်း၌ ရှိနေမည်ဟု မည်သူ တွေးထင်မည်နည်း။

ကျယ်လောင်သောအသံနှင့်အတူ ရွှေရောင်မုန်တိုင်းတစ်ခုသည် နန်းတော်၏ပင်မနေရာမှ ရိုက်ခတ်လာခဲ့၏။ ထိုအခိုက်တွင် တခြားမပျက်စီးသေးသော နန်းတော်များအားလုံးမှာ ပြိုကျပျက်စီးသွားကြတော့သည်။

ရီဖူရှင်းက စစ်မြေပြင်ကို ကြည့်လိုက်သည်။ တစ်ဘက်ရန်သူမှာ နဝမအဆင့်ရန်ဟောင်ဖြစ်သော်လည်း နတ်ဆင်အင်ပါယာကား သူ၏ခွန်အားဖြင့် ဖိနှိပ်ရန် ပြဿနာမရှိပေ။

“သူတို့ကို မလွတ်စေနဲ့...” ရီဖူရှင်းက ကောင်းကင်အာဏာစက်ပြည်ထောင်မှ တန်ခိုးရှင်များကို ကြည့်ကာ ပြောသည်။ ရွှေရောင်နတ်ပြည်ထောင်မှ စွမ်းအားမြင့်တန်ခိုးရှင်သုံးဦးဖြင့်ပင် ရီဖူရှင်းတို့ဘက်မှ အဆမတန် အင်အားသာလွန်နေပေသေးသည်။ ထို့အပြင် ပြည်ထောင်အရှင်ကို ဝိုင်းဝန်းတိုက်ခိုက်နေသော ထိပ်သီးတန်ခိုးရှင်သုံးဦးလည်း ရှိပေသေးသည်။

ယခု သူတို့မှာ အရှုံးမှတပါး တခြားမရှိတော့ရာ ထွက်ပြေးခြင်းသည်သာ တစ်ခုတည်းသော နည်းလမ်းဖြစ်သည်။ အသက်ရှင်နေသမျှကာလလုံးတွင် သူတို့ လက်စားချေရန် အခွင့်အရေးရှိပေသည်။

သို့သော်လည်း သိသိသာသာ ရီဖူရှင်းက သူတို့ကို အလွန်ပေးမည့်ပုံမရှိပေ။

“ကျုပ်မှာ ဝိညာဉ်လက်နက် အကာအကွယ်ရှိတယ်။ စိတ်မပူနဲ့...” ရီဖူရှင်းက ပြောသည်။

“ကောင်းတယ်...”

မိစ္ဆာအင်ပါယာများနှင့် ကောင်းကင်နတ်တံခါးမှ ရန်ဟောင်တို့သည် တချိန်တည်းတွင် စတင်တိုက်ခိုက်ကြ၏။ ဆက်တိုက်ပင် နန်းတော်၏ပတ်ပတ်လည်မှ မိစ္ဆာအင်ပါယာများနှင့် ကောင်းကင်မိစ္ဆာများ ပေါ်ပေါက်လာကြသည်။ သူတို့က ရီဖူရှင်း၏ကြိုတင်ညွန်ကြားမှုအတိုင်း ကောင်းကင်အာဏာစက်ပြည်ထောင်မှ တန်ခိုးရှင်များ ထွက်ပြေးလွတ်မြောက်ခြင်းမရှိအောင် ဝိုင်းရံကြသည်။

ခွန်ပန်မိစ္ဆာအကြီးအကဲနှင့် ရွှေအတောင်ပံနတ်ငှက်အကြီးအကဲတို့သည် အဌမဆင့် ရန်ဟောင်နှစ်ဦးကို တိုက်ခိုက်ကြပြီး ဟွားကျန့်ချန်သည် ရီဖူရှင်းဘေးတွင် ဆက်လက်စောင့်ကြည့်နေ၏။ ရီဖူရှင်းက သူတို့ကို အစွမ်းကုန်တိုက်ခိုက်ရန် ပြောသော်လည်း သူ့ဘေးတွင် တစ်ဦးမှ ကျန်မနေရန်တော့ မဖြစ်နိုင်ပေ။

တိုက်ပွဲသည် ကောင်းကင်အာဏာစက်ပြည်ထောင်၏အထက်ကောင်းကင်၌ ပြင်းထန်စွာ ဖြစ်ပွား၏။

ကောင်းကင်အာဏာစက်ပြည်ထောင်သည် အလွန်နက်ရှိုင်းသော နောက်ခံသမိုင်းရှိသည်။ သူတို့တွင် များစွာသော ရန်ဟောင်များရှိပြီး လူတိုင်းမှာ သန်မာကြသည်။ ထိပ်သီးအင်အားစုများ၏ပူးပေါင်းခြင်းကြောင့်သာမဟုတ်ပါက ကောင်းကင်အာဏာစက်ပြည်ထောင်ကို အနိုင်ရရန် မဖြစ်နိုင်ပေ။

သို့သော်လည်း တိုက်ပွဲသည် ပြင်းထန်လာသည်မှာ သေချာ၏။ ယခင်က ကောင်းကင်အာဏာစက်ပြည်ထောင်နှင့် ခရမ်းရင့်ကောင်းကင်နန်းတော်တို့ ကောင်းကင်နတ်တံခါးကို ဝိုင်းဝန်းတိုက်ခိုက်ခဲ့စဉ်ကကဲ့သို့ ရီဖူရှင်းသည် ရန်သူကို အလွတ်ပေးမည်မဟုတ်ပေ။

“ဆရာကြီးဟွား... ခင်ဗျားလည်း သွားတိုက်ခိုက်ပါ။ ခင်ဗျား ရန်သူတွေကို မသတ်ဖြတ်ချင်ဘူးလား” ရီဖူရှင်းက ဟွားကျန့်ချန်ကို ပြောသည်။

ဟွားကျန့်ချန်ကား ကောင်းကင်နတ်တံခါး၏ခေါင်းဆောင်ဖြစ်သည်။ ပုံမှန်အားဖြင့် သူသည် တိုက်ပွဲတွင် ပါဝင်လိုသော်လည်း ရီဖူရှင်းနှင့် ဂူတုံးလျှိုတို့မှာ ကာကွယ်ပေးရမည့်သူများဖြစ်နေသည်။

“စိတ်ချပါ။ ကျွန်တော်တို့က အန္တရာယ်ကြုံလာရင် နတ်ရတနာကို ဆင့်ခေါ်ပြီး အကာအကွယ်ယူလို့ရတယ်” ရီဖူရှင်းက ပြောသည်။

“ကောင်းပြီ...” ရီဖူရှင်းက ပြောလျှင် ဟွားကျန့်ချန်သည် တိုက်ပွဲထဲသို့ လှမ်းသွားလိုက်သည်။

ရွှေရောင်နတ်ပြည်ထောင်မှ ရန်ဟောင်သုံးပါး ပါဝင်တိုက်ခိုက်လျှင်ပင် တစ်ဘက်သတ်ဆန်နေဆဲဖြစ်သည်။

“ ဒီတစ်ခါတော့ သွားပြီ” အဝေးတွင် မရေမတွက်နိုင်သောလူများသည် တိုက်ပွဲကို ကြည့်ရှုနေကြ၏။ သူတို့မှာ ကြီးစွာ စိတ်လှုပ်ရှားနေကြသည်။

ကောင်းကင်အာဏာစက်ပြည်ထောင်သည် နှစ်ပေါင်းများစွာ သည်ဘုံကို အုပ်စိုးခဲ့သည်။ ယနေ့တွင်ကား သူတို့မှာ အမှန်တကယ် အဆုံးသတ်ရပြီဖြစ်သည်။

ရီဖူရှင်းပြောသကဲ့သို့ ကောင်းကင်အာဏာစက်ပြည်ထောင်သည် ပျက်စီးရပြီဖြစ်သည်။

ယခုမှ ရန်ဟောင်အဆင့်သို့ တက်လာသောလူငယ်တစ်ယောက်လက်ထဲတွင် ကောင်းကင်အာဏာစက်ပြည်ထောင် ပျက်စီးရမည်ဟု မည်သူက ထင်မှတ်မည်နည်း။ သူကား နာမည်ကျော်ကြားလာသည်မှာပင် သိပ်မကြာသေးပေ။

***

All Chapters